ကမာၻ႔သမိုင္းထဲမွ နာမည္ေက်ာ္ အုပ္စိုးသူေခါင္းေဆာင္ႀကီး ၁၀ ေယာက္

Posted on

ေရးသားသူ – ေကာင္းစည္သူ

ကမာၻ႔သမိုင္းတစ္ေလ်ာက္တြင္ ႏိုင္ငံေဒသအသီးသီးကို အုပ္စုိးခဲ့သူမ်ားသည္ ဘုရင္မ်ား၊ ဧကရာဇ္မ်ား၊ စစ္သူရဲမ်ာ၊ သမၼတမ်ား စသည္ျဖင့္ အမည္နာမအမ်ိဳးမ်ိဳးျဖင့္ မိမိတို႕နယ္ေျမမ်ားက ိုဦးေဆာင္ခဲ့ၾကသည္။ အခ်ိဳ႕ေသာအုပ္စိုးသူမ်ားသည္ ကမၻာႀကီးကိုေအာင္ႏိုင္ခဲ့ သကဲ့ သို႕ အခ်ိဳ႕ကစစ္ပြဲမ်ား၊အၾကမ္းဖက္မႈမ်ား၊ အနိ႒ာရုံမ်ားကိုအဆုံးသတ္ေစႏိုင္ခဲ့သည္။ အခ်ိဳ႕ကလည္း မိမိတို႕ႏိုင္ငံမ်ားကို ေအးခ်မ္း တည္ၿငိမ္ေအာင္ေဆာင္ရြက္ႏိုင္ခဲ့ၾကသကဲ့သို႔ မိမိႏိုင္ငံကိုသာမကကမာၻႀကီးကိုပါ ေျပာင္းလဲခဲ့သူမ်ားလည္းေပၚထြန္းခဲ့သည္။ ထို႔အတူပင္ လူသားမ်ားအား ဒုကၡဆင္းရဲမ်ားစြာ ျဖစ္ေစခဲ့ေသာ ေခါင္းေဆာင္မ်ားလည္း ေပၚထြက္ခဲ့ေပသည္။

၁၀။ ေအာ္ဒီစီးယပ္စ္(Odysseus)

ဂရိလူမ်ိဳးမ်ား၏ ဒ႑ာရီတြင္ ေအာ္ဒီစီးယပ္စ္သည္ ေအာင္ျမင္မႈမ်ားစြာရရွိခဲ့သည့္ အီသာကာ ဘုရင္ႀကီးတစ္ပါးျဖစ္သည္။ ဘုရင္ႀကီး၏ ေအာင္ျမင္မႈမ်ားေၾကာင့္ ေအာ္ဒီစီးယပ္စ္သည္ ဟိုးမား၏ ဂႏၳ၀င္စာမ်ားတြင္ အၿမဲရွင္သန္ေနသည့္ ဘုရင္ႀကီးတစ္ပါး အျဖစ္စာဖြဲ႕ျခင္းခံခဲ့ရကာ ဥာဏ္ပညာထက္ ျမက္မႈႏွင့္ပရိယာယ္ႀကြယ္၀မႈမ်ားက သူ၏ ထူးခၽြန္ေသာ ကာကြယ္ေရးကၽြမ္းက်င္မႈကို ပံ့ပိုးေပးခဲ့သည္။ ေအာ္ဒီစီး ယပ္စ္သည္ ကမၻာေက်ာ္ထရိုဂ်န္စစ္ပြဲတြင္ သစ္သားျမင္းရုပ္ႀကီးတစ္ခုျပဳလုပ္၍ အတြင္းတြင္ စစ္သည္မ်ား ကိုပုန္းခိုေစခဲ့ၿပီး ရန္သူမ်ားကိုလွည့္စားေအာင္ႏိုင္ခဲ့သည္။ ေအာ္ဒီစီးယပ္စ္သည္ ထရိုဂ်န္စစ္ပြဲအတြင္း ျမင္းရုပ္ႀကီးကိုစစ္ေျမျပင္သို႔ ယူေဆာင္ခဲ့ကာသူ၏ အီသာကာ ဘုရင့္ႏိုင္ငံ ေတာ္ႀကီးကို ျပန္လည္ထူေထာင္ ႏိုင္ခဲ့သည္။

၉။ ဒုတိယေျမာက္ဂ်ိဳးဇက္ဘုရင္(Joseph II)

ဒုတိယေျမာက္ဂ်ိဳးဇက္ဘုရင္သည္ ေရာမ အင္ပါရာကို ခရစ္ႏွစ္ ၁၇၆၅ ခုႏွစ္မွ ၁၇၉၀ ျပည့္ႏွစ္အထိ အုပ္ခ်ဳပ္ခဲ့သည္။ဂ်ိဳးဇက္ ကို ျမင့္ျမတ္ေသာ ဘုရင္တစ္ပါးဟု အသိအမွတ္ျပဳၾကၿပီး သမိုင္းတစ္ေလ်ာက္တြင္ ကိုယ္က်ိဳးအတၱမရွိဆုံးေသာ ဘုရင္တစ္ပါးျဖစ္ခဲ့ သည္။ဂ်ိဳးဇက္သည္ မိမိျပည္သူမ်ားအေကာင္းဆုံး အက်ိဳးစီပြားရရွိေရးကိုသာလိုလားခဲ့သည္။ ျပည္သူမ်ားအက်ိဳးအတြက္ ကၽြန္စနစ္ ကို အျပီးတိုင္ဖ်က္သိမ္းခဲ့သည္။ ၁၇၉၀ ျပည့္ႏွစ္ ေဖေဖာ္၀ါရီ လ ၂၀ ရက္တြင္ကြယ္လြန္ခဲ့သည္။

၈။ ပထမ အဲလိဇဘက္ ဘုရင္မ (Queen Elizabeth I)

ပထမ အဲလိဇဘက္ ဘုရင္မႀကီးသည္ အဂၤလန္ႏွင့္ အိုင္ယာလန္တို႔အား ၁၅၅၈ ခုႏွစ္မွ ကြယ္လြန္ခ်ိန္အထိ အုပ္စိုးခဲ့သည္။ ဘုရင္မႀကီးတြင္ အျခားနာမည္ မ်ားရွိေသာ္လည္း အပ်ိဳစင္ ဘုရင္မႀကီးဟုသည့္ အမည္က အထင္ရွားဆုံးျဖစ္သည္။ဘုရင္မႀကီးသည္ အမည္ႏွင့္လိုက္ဖက္စြာ မည္သည့္ အမ်ိဳးသားတစ္ဦးတစ္ေယာက္ပိုမွ မွီခိုျခင္းမျပဳဘဲ ႏိုင္ငံကို ေကာင္းမြန္စြာ အုပ္ခ်ဳပ္သြားခဲ့သည္။ ဘုရင္မႀကီးသည္ ကမၻာေပၚတြင္ ႏိုင္ငံတစ္ခုကို ေအာင္ျမင္စြာ အုပ္ခ်ဳပ္မင္းလုပ္ခဲ့သည့္ စံျပအမ်ိဳးသမီးတစ္ဦးျဖစ္ခဲ့သည္။

ဘုရင္မႀကီး နန္းမစံမီ အခ်ိန္မ်ားက အမ်ိဳးသမီးအမ်ားစုသည္ ထီးနန္းစံကာ ဘုရင္မ လုပ္ရမည့္အလုပ္ကိုမစဥ္းစားရဲခဲ့ၾကပါေခ်။ အဂၤလန္ႏိုင္ငံတြင္ ေနရာ အျမင့္ဆုံးရရွိသူ အမ်ိဳးသမီးမ်ားသည္ ဘုရင္ႀကီးမ်ား၏ မိဖုရားမ်ားအျဖစ္ျဖင့္သာရပ္တည္ခဲ့ၾကရသည္။ ပထမ အဲလိဇဘက္ ဘုရင္မသည္ နန္းတက္လာခ်ိန္တြင္ ဘုရင္မ်ားထက္ပိုမိုေကာင္းမြန္စြာ ႏိုင္ငံကို အုပ္ခ်ဳပ္ႏိုင္ေၾကာင္း သက္ေသျပခဲ့သည္။ အမ်ိဳးသမီးပင္ျဖစ္လင့္ကစား အမ်ိဳးသားမ်ားႏွင့္ ယွဥ္ၿပိဳင္ႏိုင္ေၾကာင္း သက္ေသျပႏိုင္ရန္ စီမံအုပ္ခ်ဳပ္ႏိုင္ခဲ့သည္။

၇။ ခ်ယ္လင္မိန္း(Charlemange)

ခ်ယ္လင္မိန္းသည္ ဖရန္႕(Franks)ဘုရင္အျဖစ္သကၠရာဇ္ ၇၆၈ ခုႏွစ္မွကြယ္လြန္ခ်ိန္အထိဖရန္႕အင္ပါရာကိုအုပ္ခ်ဳပ္ခဲ့သည္။ (ဖရန္႔ႏုိင္ငံသည္ ယခုျပင္သစ္ႏိုင္ငံ အေရွ႕ေျမာက္ဖက္ အစြန္ႏွင့္ ႐ိုင္းျမစ္၏ လက္ယာဘက္ကမ္း တစ္ေလ်ာက္ရွိ ေနရာတြင္တည္ရွိခဲ့သည္)။ သူသည္ရွည္လ်ားေသာ ေအာင္ျမင္မႈမ်ားကို ရယူပိုင္ဆိုင္ခဲ့ကာ ကမၻာ့ ထင္ရွားေသာ အုပ္စိုးသူ တစ္ဦးျဖစ္လာခဲ့သည္။ ခ်ယ္လင္မိန္း သည္ ျပန္႕ႀကဲေနသည့္ ဖရန္႕အင္ပါရာႀကီးကို တစ္စုတည္းျဖစ္ေစရန္ စည္းလုံးႏိုင္ခဲ့ၿပီး ဖရန္႕အင္ပါရာကို တုိးခ်ဲ႕ႏိုင္ခဲ့ၿပီး အင္အားႀကီး မားေစခဲ့သည္။သူ အုပ္ခ်ဳပ္ခဲ့ခ်ိန္သည္ ဥေရာပတြင္ ယဥ္ေက်းမႈႏွင့္ အႏုပညာမ်ား ထြန္းကားခဲ့သည့္ ေခတ္ဆန္းခ်ိန္ျဖစ္ခဲ့သည္။ ထိုဘုရင္ႀကီးသည္ ဘုန္းတန္ခိုး ႀကီးမား၍ ထင္ရွား သေလာက္ အရပ္အေမာင္း ျမင့္မားၿပီးလၽွင္ ႀကံ႕ခိုင္သန္စြမ္း ဖ်တ္လတ္သည္။

ထိုေခတ္အခါက ဘုရင္မ်ားနည္းတူ စာေရး စာဖတ္ျခင္းကို ထိေရာက္စြာ သင္ၾကားဆည္းပူးျခင္း မျပဳခဲ့ ေသာ္လည္း လက္တင္ဘာသာကို ဖတ္ႏိုင္သည္။ ဂရိဘာသာ စကားကို နားလည္သည္။ ေရွးက ေရာမႏိုင္ငံေတာ္အား ဖ်က္ ဆီးခဲ့ေသာ ဂ်ာမန္အ႐ိုင္းလူမ်ိဳးမ်ား၏ အဆက္အႏြယ္ျဖစ္ေသာ္ လည္း အေနာက္ေရာမ ႏိုင္ငံေတာ္ကို ျပန္လည္ထူေထာင္သူ၊ ခရစ္ယာန္သာသနာေစာင့္ဧကရာဇ္တစ္ပါး ျဖစ္ေပသည္။ ခ်ယ္ လင္မိန္းလက္ထက္တြင္ ကက္သလစ္ ဘုရားေက်ာင္းမ်ားမွတစ္ဆင့္ ယဥ္ေက်းမႈအႏုလက္ရာမ်ားသည္ အထြတ္အထိပ္ ေနရာ သို႕ ေရာက္ရွိခဲ့သည္။ အေရွ႕ ေရာမႏိုင္ငံေတာ္ျဖစ္ေသာ ဗိုင္ဇင္းတိုင္ႏိုင္ငံ၏ ဧကရာဇ္ကလည္း ရွားလမိန္းအား (အေနာက္) ေရာမႏိုင္ငံေတာ္၏ ဧကရာဇ္အျဖစ္ အသိအမွတ္ျပဳေလသည္။

၆။ ဂ်င္ဂ်စ္ခန္(Genghis Khan)

ဂ်ာဂ်စ္ခန္(၁၁၆၂-၁၂၂၇) သည္ ကမၻာႀကီး၏ ေနရာအမ်ားစုကို အုပ္စိုးႏိုင္ခဲ့ကာ အာရွတိုက္တြင္ေနထိုင္ႀကသည့္ မ်ိဳးႏြယ္စုမ်ားကို စည္းလုံး ေပးႏိုင္ခဲ့သလုိ မြန္ဂုိအင္ပါယာသည္လည္း နယ္ေျမတစ္ဆက္တည္းက သမုိင္းတေလွ်ာက္ ကမာၻ႔အႀကီးဆုံးအင္ပါယာျဖစ္ခဲ့သည္။ သူသည္ ျမင္းကုန္းႏွီးေပၚမွေန၍ ဓားလြတ္ျဖင့္ ႏိုင္ငံထူေထာင္ခဲ့သူ ျဖစ္ သည္။ သူ႕အတြက္ အားထားရဆုံး ရဲမက္တို႔ကား နာမည္ေက်ာ္ မြန္ဂိုျမင္းစီးသူရဲမ်ား ျဖစ္ေလသည္။ ဂ်င္ဂစ္ခန္သည္ သက္တမ္း တစ္ေလၽွာက္ စစ္မက္ျဖင့္သာ ရင္းႏွီးခဲ့ရကား စစ္ေရးစစ္ရာတြင္ ကၽြမ္းက်င္လွသည္။ သူ၏တပ္မေတာ္ႀကီးမွာ စည္းကမ္းေကာင္း ၍ ဖြဲ႕စည္းပုံစနစ္ က်နသျဖင့္ အထူးခ်ီးက်ဴးဖြယ္ ျဖစ္သည္။

မိမိေအာင္ျမင္ခဲ့ေသာ ႏိုင္ငံမ်ားမွ ကၽြမ္းက်င္သူမ်ားစြာကို မိမိထံတြင္ အမႈထမ္းေစျခင္းျဖင့္ စစ္ပညာမ်ား ဖြံ႕ၿဖိဳးေစကာ စစ္ေအာင္ႏိုင္ေရးအတြက္ အကူအပံ့မ်ားစြာ ရခဲ့သည္။ သူ ကိုယ္တိုင္ ပညာေခါင္းပါးခဲ့ေသာ္လည္း ပညာေရးကို အားေပး သူ ျဖစ္သည္။ ဂ်င္ဂစ္ခန္မင္းႀကီးသည္ ၾကမ္းတမ္းေသာ စစ္သားႀကီးတစ္ဦးျဖစ္ေသာ္လည္း ႏိုင္ငံတစ္ဝန္းလုံးက လက္ခံ ယုံၾကည္ၾကေသာ အယူဝါဒအသီးသီးကို ေလးစားသည္။ ကိုးကြယ္ဆည္းကပ္ခြင့္ႏွင့္ဆိုင္ေသာ အခြင့္အေရးမ်ားကိုလည္း ေပးခဲ့သည္။  သူကြယ္လြန္ေသာအခါ မြန္ဂိုလူမ်ိဳးတို႔တြင္ ႏိုင္ငံျခား ယဥ္ေက်းမႈအစုစုကို လက္ခံသိမ္းသြင္းၿပီးလၽွင္ ယဥ္ေက်းစြာ တိုးတက္ႀကီးပြားေရးအတြက္၌လည္း အေျခတည္မိျခင္း ျဖစ္ ေလသည္။ သူ၏ လက္ငုတ္လက္ရင္းျဖစ္ေသာ ႏိုင္ငံေတာ္ႀကီး ကို သားေတာ္ ၃ ဦးက ခြဲျခမ္း၍ တာဝန္ယူ အုပ္ခ်ဳပ္ၾကသည္။ ကြယ္လြန္ခါနီးတြင္ တ႐ုတ္ႏိုင္ငံေတာင္ပိုင္းကိုပါ သိမ္းယူရန္ သူ႕အား ဆက္ခံမည့္သူမ်ားကို မွာၾကားခဲ့ေသးသည္။
ဂ်င္ဂစ္ခန္၏ ႏိုင္ငံေတာ္ႀကီးကို အေအာင္ျမင္ဆုံး ျပန္လည္ အုပ္ခ်ဳပ္ႏိုင္သူကား သူ၏ေျမး ကူဗလိုင္ခန္မင္းႀကီးေပတည္း။

၅။ ဟစ္တလာ(Hitler)(၁၈၈၉-၁၉၄၅)

ႏိုင္ငံ့ေခါင္းေဆာင္မ်ားအေၾကာင္းေျပာၾကလွ်င္ဟစ္တလာဟူသည့္အမည္ကိုမသိသူအလြန္နည္းပါးေပလိမ့္မည္။ ဟစ္တလာ သည္ဂ်ာမနီႏိုင္ငံတြင္ နာဇီပါတီကို ထူေထာင္ခဲ့ၿပီး ကမၻာ့သမိုင္းတြင္ နာမည္ဆိုးျဖင့္ထင္ရွားေသာအုပ္စိုးသူတစ္ဦးျဖစ္ခဲ့သည္။ဒုတိယ ကမၻာစစ္ႀကီးအတြင္းက လူအေျမာက္အမ်ားကို အစုလိုက္အျပဳံလိုက္သတ္ျဖတ္မႈတြင္တာ၀န္ရွိသူတစ္ဦးျဖစ္ခဲ့ေသာဟစ္တလာသည္ ႀသဇာအာဏာႀကီးမားေသာအုပ္စိုးသူတစ္ဦးလည္းျဖစ္ခဲ့သည္။ဂ်ာမနီႏိုင္ငံတြင္ဟစ္တလာအာဏာရရွိလာခ်ိန္တြင္ႏိုင္ငံ၏အေျခအေနအရပ္ရပ္သည္ဆိုးရြားေသာ အေနအထားတြင္ရွိေနခဲ့သည္။ဟစ္တလာသည္ ဂ်ာမနီႏိုင္ငံတြင္ႀကဳံေတြ႕ေနရသည့္ ျပႆနာ အရပ္ရပ္ ကို ဓားစာခံတစ္ခုတည္း အေပၚပုံခ်ခဲ့သည္။

ယင္းဓားစာခံသည္ ထိုအခ်ိန္က ဂ်ာမနီႏိုင္ငံတြင္ေနထိုင္လ်က္ရွိသည့္ ဂ်ဴးလူမ်ိဳးမ်ားျဖစ္သည္။ ဟစ္တလာသည္ ဂ်ာမနီႏိုင္ငံ တြင္ႀကဳံေတြ႕ေနရသည့္အခက္အခဲျပႆနာအားလုံးသည္ ဂ်ဴးလူမ်ိဳးမ်ား၏အျပစ္ေၾကာင့္ျဖစ္ရသည္ ဟု ဂ်ာမနီျပည္ သူမ်ား ယုံႀကည္ လာေစရန္ေဆာင္ရြက္ခဲ့သည္။ ဂ်ဴးလူမ်ိဳးမ်ားအား အလြန္ထိတ္လန္႔ဖြယ္ေကာင္းလွသည့္အျမစ္ျပတ္သုတ္သင္သည့္ ရက္စက္လြန္း သည့္ လုပ္ငန္းႀကီးကို ေဆာင္ရြက္ခဲ့သည့္တိုင္ ဟစ္တလာသည္ ေအာင္ျမင္မႈရရွိခဲ့သည္။ ဆိုးရြားလွသည့္ စီမံခ်က္ကို ေဆာင္ရြက္ခဲ့ေသာ္လည္း ဟစ္တလာသည္ ကၽြမ္းက်င္ေျပာင္ေျမာက္ စြမ္းရည္ရွိေသာ ေခါင္းေဆာင္တစ္ဦးျဖစ္ခဲ့သည္။

၄။ နပိုလီယံ(Napoleon)

ျပင္သစ္ႏိုင္ငံကို အုပ္ခ်ဳပ္ခဲ့ေသာ ပထမ နပိုလီယံသည္ နပိုလီယံဧကရာဇ္ဟု ထင္ရွားလာခဲ့ၿပီး ျပင္သစ္ႏိုင္ငံ၏ထင္ရွားေသာ စစ္ေရးႏွင့္ ႏိုင္ငံေရးေခါင္းေဆာင္တစ္ဦးျဖစ္လာခဲ့သည္။ နပိုလီယံသည္ ၁၉ ရာစု အေစာပိုင္းတြင္ ဥေရာပတိုက္၏ ႏိုင္ငံေရးကိုႀကီးမား စြာ ႀသဇာလႊမ္းမိုးခဲ့သည္။ သူသည္စစ္ေရးစြမ္းရည္ႏွင့္ ေထာက္လွမ္းေရးနည္းဗ်ဴဟာမ်ားေၾကာင့္ ဥေရာပတိုက္ကို စိုးမိုးႏိုင္ခဲ့ သည္။ အာဏာရၿပီးေနာက္တြင္ တိုင္းျပည္ကို အေရးပါသည့္ ျပဳျပင္ေျပာင္းလဲမႈမ်ား တရစပ္ေဆာင္႐ြက္သည္။ဗဟိုဘဏ္ႏွင့္ တကၠသိုလ္ ကိုတည္ေထာင္ေပးသည္။ အလြန္ထင္ရွားသည့္ ေျပာင္းလဲမႈမွာ နပိုလီယန္ဥပေဒ (Code Napoleon) ျဖစ္သည္။ ယေန႔တိုင္ ဥေရာပႏိုင္ငံမ်ားတြင္ ထိုဥပေဒကို မွီျငမ္းေနစဲျဖစ္သည္။

ျပင္သစ္နယ္နိမိတ္ကို ေက်ာ္ကာ ဥေရာပ ႏိုင္ငံမ်ားကို သိမ္းယူသည္။ တိုက္တိုင္းႏိုင္သျဖင့္ ျပင္သစ္တပ္ကို ယွဥ္ႏိုင္သူမရွိေတာ့ေပ။ ထိုေၾကာင့္ ႏွစ္အနည္းငယ္အတြင္း ဥေရာပ ေျမပုံတြင္ ျပင္သစ္ပိုင္နယ္က်ယ္ျပန္႔လာသည္။၁၈၁၂ ခုႏွစ္တြင္ နပိုလီယံသည္ ရုရွႏိုင္ငံကိုက်ဴးေက်ာ္တိုက္ခိုက္ခဲ့ခ်ိန္အထိ နယ္ေျမႏွင့္ဥစၥာႀကြယ္၀ေသာ ဧကရာဇ္တစ္ပါးျဖစ္ခဲ့ေသာ္လည္း သူ၏ ေအာင္ျမင္မႈမ်ားသည္ ေနာက္ပိုင္းတြင္ တစ္ျဖည္းျဖည္းခ်င္း က်ဆင္းလာခဲ့သည္။ နပိုလီယံထူေထာင္ခဲ့ေသာ ဥပေဒ က်င့္ ထုံးမ်ားသည္ ဥေရာပႏိုင္ငံအမ်ားအျပား၏ အုပ္ခ်ဳပ္ေရးႏွင့္ တရားစီရင္ေရးမူမ်ား၏ အျခခံျဖစ္လာခဲ့သည္။

၃။ အလက္စ္ဇႏၵား (Alexander the Great)

သူ၏ေအာင္ျမင္မႈမ်ားႏွင့္ စစ္ေရးဗ်ဴဟာ ကၽြမ္းက်င္မႈမ်ားေၾကာင့္ အလက္စ္ဇႏၵား(ဘီစီ ၃၅၆-ဘီစီ ၃၂၃)သည္ အသက္ ၂၀ အရြယ္(ဘီစီ ၃၃၅) တြင္ မက္ဆီဒိုးနီးရားဘုရင္ျဖစ္လာခဲ့ကာသမိုင္း တစ္ေလ်ာက္ အေတာ္ဆုံး စစ္ေခါင္းေဆာင္တစ္ဦးအျဖစ္ထင္ ရွားခဲ့သည္။ အလက္စ္ဇႏၵားသည္ မိမိအုပ္စိုးေနခဲ့စဥ္ကာလမ်ားအတြင္း ဂရိ ၿမိဳ႕ျပႏိုင္ငံမ်ားကို စုစည္းႏိုင္ခဲ့ကာ ေအာင္ျမင္မႈအရွိဆုံး အုပ္စိုးသူ ဘုရင္တစ္ပါး ျဖစ္လာခဲ့သည္။ ဘီစီ ၃၃၄ မွစကာ အလက္ဇႏၵား၏ နယ္ပယ္ခ်ဲ႕ထြင္မႈကို မရပ္မနား စတင္ေတာ့သည္။ ေရွးဦးစြာ တပ္အနည္းငယ္ကိုသာ ဂရိတြင္ အေစာင့္အေနျဖင့္ ခ်န္ထားၿပီး စစ္သည္ ၃၅၀၀၀ ျဖင့္ ပါရွန္းအင္ပါယာကို ထိုးစစ္ဆင္သည္။ သို႔ျဖင့္ ပါရွန္းအင္ပါယာ၏ အေနာက္ဖက္မ်က္ႏွာစာ အာရွမိုင္းနားေဒသမ်ားျဖစ္သည့္ ယေန႔ ဆီးရီးယား၊ လက္ဘႏြန္၊ အစၥေရး၊ ပါလက္စတိုင္း၊ ဂါဇာ၊ အီဂ်စ္တို႔မွာ အလက္ဇႏၵား၏ လက္ေအာက္ကို အခ်ိန္တိုအတြင္း က်ေရာက္ၿပီးေနာက္ အီဂ်စ္မွ ရဟန္းမ်ားက သူ႕အား ဖာ႐ိုဘြဲ႕ျဖင့္ ပူေဇာ္ကာ နတ္ဘုရားတစ္ပါးအျဖစ္ သတ္မွတ္ေၾကညာေပးသည္။

မဟာအလက္ဇႏၵား၏ အလြန္ရဲရင့္သည့္ ပင္ကိုယ္စိတ္ျဖစ္သည္။ အႏိုင္တိုက္ရန္ ဆုံးျဖတ္သည္ႏွင့္ မိမိကိုယ္တိုင္ ျမင္းတပ္ကို ဦးေဆာင္ကာ ေရွ႕ဆုံးမွတိုက္ေလ့ရွိသည္။ ထို႔ေၾကာင့္ စစ္သည္တို႔လည္း “မိမိတို႔ဘုရင္သည္ သူမလုပ္ဝံ့ဘဲ ငါတို႔ကို မခိုင္း။” ဟုနားလည္ၿပီး ၎ႏွင့္အတူ တိုက္ပြဲဝင္သည္။ စစ္ပြဲကို ကိုယ္တိုင္ ဦးေဆာင္တိုက္သျဖင့္ မၾကာခဏဆိုသလို ေသေဘးႏွင့္ ႀကဳံေလ့ရွိသည္။ သို႔ေသာ္ စစ္ပြဲတိုင္းကို ကိုယ္တိုင္ဦးေဆာင္ၿမဲျဖစ္သည္။ (စစ္တိုက္ရာတြင္ သူမတူေအာင္ အလြန္အမင္း ရဲရင့္ခက္ထန္ေသာ္လည္း၊ စစ္ပြဲကာလမဟုတ္လၽွင္ ရန္သူႏွင့္ပင္ျဖစ္ေစ မိမိကိုယ္ႏွင့္မျခား ၾကင္နာစြာျဖင့္၊ ေလးစားသမႈေပးကာ ဆက္ဆံတတ္သည္။ အလြန္ဆက္ဆံေရးေျပျပစ္သူအျဖစ္ ရန္သူမ်ားကပင္ ခ်ီးက်ဴးၾကသည္။) သူအုပ္စိုးသည့္ အခ်ိန္မ်ား၌ အလက္စ္ဇႏၵား သည္ ကမၻာႀကီး၏ ေနရာ အမ်ားအျပားကို ေအာင္ ႏိုင္ခဲ့သကဲ့သို႕ အခ်ိဳ႕ေသာ ၿမိဳ႕ေတာ္မ်ားကို လူတစ္ဦးတစ္ေယာက္ကိုမွ မသတ္ျဖတ္ရဘဲ သူ႕ထံအညံ႕ခံေစႏိုင္ခဲ့သည္။ မက္စ္ဆီဒိုးနီးရား ဘုရင္ျဖစ္သူ အလက္စ္ဇႏၵားသည္ ပါရွန္ေဒသတစ္ခုလုံးကို ေအာင္ႏိုင္ခဲ့သည္။ အသက္ ၃၃ ႏွစ္အရြယ္ တြင္ ေဘဘီလုံ(ယခုအီရတ္ႏိုင္ငံ) တြင္ ငွက္ဖ်ားေရာဂါျဖင့္ ကြယ္လြန္ခဲ့သည္။

၂။ ေအဗရာဟင္ လင္ကြန္း(Abraham Lincoln)

ေအဗရာဟင္ လင္ကြန္းသည္ အေမရိကန္ႏိုင္ငံ၏ ၁၆ ဦးေျမာက္ သမၼတျဖစ္သည္။လင္ကြန္းသမၼတျဖစ္ခ်ိန္သည္ အေမ ရိကန္ ျပည္ေထာင္စုအတြင္း ျပည္တြင္းစစ္ျဖစ္ပြားကာ အခက္အခဲမ်ားစြာကို ရုန္းကန္ေနရခ်ိန္ျဖစ္သည္။ လင္ကြန္းသည္ သမၼတ ရာထူးကို လက္ခံေသာအခါ ကၽြန္ပိုင္ထားလိုေသာ ျပည္နယ္ခုနစ္နယ္သည္ ျပည္ေထာင္စုႀကီးမွထြက္ကာ သီးျခားျပည္ေထာင္စုအျဖစ္ ဖြဲ႕စည္းၾက၏။ မ်ားမၾကာမီ ေနာက္ထပ္ျပည္နယ္ေလးခု ခြဲထြက္ျပန္ေလသည္။ တစ္လခန္႔မၽွ ၾကာေသာ္ ေအဗရာဟမ္လင္ကြန္းသည္ တပ္ပ်က္တြင္ ဗိုလ္ခန္႔ျခင္း ခံရဘိ သကဲ့သို႔ ကၽြန္ပိုင္ျပႆနာမ်ားႏွင့္ ရင္ဆိုင္ရေတာ့၏။

သို႔ျဖင့္ စစ္သားစု ေဆာင္းျခင္းကို ျပဳလုပ္ရေလ၏။ ျပည္ေထာင္စုအတြင္းရွိ ျပည္နယ္တို႔သည္ တစ္ဖက္စီ ကြဲသြားၿပီးလၽွင္ ျပည္တြင္းစစ္ပြဲႀကီး ျဖစ္ပြားတိုက္ခိုက္ၾကေလ သည္။ ပထမႏွစ္ႏွစ္တြင္ လင္ကြန္းသည္ ျပည္ေထာင္စုအား မယိမ္း မယိုင္ေအာင္ ထိန္းသိမ္း၍သာေနရ၏။ ထိုအခါကား လင္ကြန္းသည္ လႈိင္းၾကမ္း ေလၾကမ္းကိုခံႏိုင္ေအာင္ ပဲ့ကိုင္၍ေနရေသာ သေဘၤာသူႀကီးႏွင့္ တူေန၏။ ေနာက္ႏွစ္ႏွစ္တြင္မူကား ျပည္ေထာင္အခ်င္းခ်င္း ျပင္းျပင္းထန္ထန္ တိုက္ခိုက္ၾကေလရာ လူသူအေျမာက္အျမား က်ဆုံးရေလသည္။

သို႕ေသာ္လည္း လင္ကြန္း သည္ ျပည္ေထာင္စု စည္းလုံးညီညြတ္မႈကို ထိန္းသိမ္းႏိုင္ခဲ့ကာ အေမရိကန္ျပည္ေထာင္စုႀကီး ေတာင္ႏွင့္ေျမာက္ ႏွစ္ပိုင္းကြဲမည့္ အႏၱရာယ္ကို ေအာင္ျမင္စြာ တားဆီးႏိုင္ခဲ့သည္။ အေမရိကန္ႏိုင္ငံတြင္ ႏွစ္ေပါင္းမ်ားစြာ လက္ခံက်င့္သုံးခဲ့သည့္ ကၽြန္စနစ္ကို ဖ်က္ သိမ္းခဲ့ကာ ကၽြန္စနစ္မွ လြတ္ေျမာက္မႈ ေၾကညာစာတမ္းကို လက္မွတ္ေရးထိုးခဲ့သည္။ အေမရိကန္ႏိုင္ငံကို အုပ္ခ်ဳပ္ခဲ့သည့္ သမၼတမ်ားတြင္ ေအဗရာဟင္လင္ကြန္းကို အႀကီးျမတ္ဆုံး သမၼတႀကီးအျဖစ္ ျပည္သူ အမ်ားစုက သတ္မွတ္ထားၾကသည္။ ထို႕အတူပင္ ေအဗရာဟင္ လင္ကြန္းသည္ ကမာၻ႔သမိုင္းတြင္ စြမ္းရည္ႀကီးမားေသာ ႏိုင္ငံ ေခါင္း ေဆာင္တစ္ဦး ျဖစ္ခဲ့ေပသည္။

၁။ ႀသဂတ္စ္တတ္စ္ဆီဇာ( Augustus Caesar)

ႀသဂတ္စ္တတ္စ္ဟု လူသိမ်ားသည့္ ႀသဂတ္စ္တတ္စ္ဆီဇာသည္ ေရာမအင္ပါယာ၏ ပထမဆုံးဘုရင္ျဖစ္ခဲ့ကာ ဘီစီ ၂၇ ခုႏွစ္မွ ေအဒီ ၁၄ ခုႏွစ္အထိ ေရာမကိုအုပ္ခ်ဳပ္ခဲ့သည္။ ႀသဂတ္စ္တတ္စ္ဘုရင္သည္ ေရာမသားတို႕မရရွိခဲ့ဖူးသည့္ၿငိမ္းေရးႏွင့္ တည္ၿငိမ္ေအးခ်မ္းမႈရွိသည့္ ပက္စ္ ရိုမန္နာ ဟုေခၚေသာ ေခတ္တစ္ေခတ္ကို ထူေထာင္ခဲ့သည္။ ႀသဂတ္စ္တတ္စ္သည္ ယခင္ေရာမဘုရင္အဆက္ အဆက္ မရရွိခဲ့သည့္ ေအာင္ျမင္ မႈကို ရရိွခဲ့ကာ အင္အားႀကီးမားေသာ ေရာမအင္ပါရာႀကီးကို ထူေထာင္္ႏိုင္ခဲ့သည္။ ႀသဂတ္စ္တတ္စ္သည္ ေရာမ၏ အၾကြင္းမဲ့ အာဏာကိုရရွိ ေစရန္ စီမံေဆာင္ရြက္ႏိုင္ခဲ့သည္။သို႕ေသာ္လည္း ႀသဂတ္စ္တတ္စ္သည္ မိမိအရင္ေရာမကို အုပ္စိုးခဲ့သူမ်ားကဲ့သို႕ မိမိမျဖည့္ ဆည္းႏိုင္ေသာ ကတိက၀တ္မ်ားကို အသုံးျပဳ ခဲ့ျခင္းမရွိပါေခ်။ သမိုင္းတြင္ ဩဂတ္စတက္ဆီဇာ ကဲ့သို႔ ျပည္သူ႕အက်ိဳးျပဳ လုပ္ငန္းမ်ားကို ေဆာင္႐ြက္ခဲ့သည့္ အာဏာရွင္မွာ ရွာမွရွားသည္ဟုဆိုရမည္။

ေအာင္ႏိုင္သူ စစ္ဗိုလ္ခ်ဳပ္အျဖစ္သာမက ႏိုင္ငံေရးတြင္လည္း ဂု႐ုတစ္ဆူျဖစ္သည္။ လိုက္ေလ်ာမႈျဖင့္ ျပည္တြင္းမွ မညီၫြတ္မႈမ်ားကို ၿပီးေပ်ာက္ေစခဲ့သည္။  အလြန္အေမၽွာ္အျမင္ရွိ အုပ္ခ်ဳပ္ေရး ပညာရွင္လည္းျဖစ္သည္။ သူ႕လက္ထက္တြင္ ကြန္ယက္မ်ားသဖြယ္ လမ္းမႀကီးမ်ားကို ေဖာက္လုပ္ေပးခဲ့သည္။ ထို႔ေၾကာင့္ပင္ လမ္းအားလုံးသည္ ေရာမသို႔ဦးတည္သည္ ဟူေသာဆို႐ိုးပင္ ျဖစ္ေပၚလာခဲ့သည္။ ေရာမၿမိဳ႕ကိုလည္း ျပည္သူ႕အေဆာက္အဦးမ်ား၊ ဘာသာေရး ဝတ္ေက်ာင္းမ်ား တည္ေဆာက္ေပးျခင္းျဖင့္ သာယာစည္ပင္ေစသည္။ ႏိုင္ငံတြင္း၌ လမ္းမႀကီးမ်ား၊ ေရသြယ္ႁပြန္မ်ား၊ တံတားမ်ားကို ေဆာက္လုပ္ ခဲ့သည္။ ေငြေၾကးစနစ္၊ စာပို႔စနစ္၊ ျပည္နယ္အခ်င္းခ်င္း လြတ္ လပ္စြာ ကုန္သြယ္မႈစနစ္တို႔ကိုလည္း ျပဳျပင္တီထြင္ခဲ့ ေပသည္။

သို႔ေသာ္ ၎တို႔ေနာက္ဆက္ခံသည့္ မင္းမ်ားတြင္ မင္းဆိုးမင္းညစ္မ်ား ပါဝင္လာသျဖင့္ အခ်ိန္တိုအတြင္း မင္းဆက္ျပတ္ခဲ့ေသာ္လည္း ေရာမအင္ပါယာမွာ ႏွစ္ ၂၀၀ နီးပါးထိ မၿပိဳကြဲသည့္အတြက္ ဩဂတ္စတက္ဆီဇာ၏ ေက်းဇူးႀကီးသည္ဟုဆိုႏိုင္သည္။ ဆိုရလၽွင္ ဩဂတ္စတက္ဆီဇာကို မဟာအလက္ဇႏၵား၊ ဂ်င္ဂစ္ခန္၊ နပိုလီယန္ႏွင့္ ေဂ်ာ့ခ္် ဝါရွင္တန္ အစရွိသည့္ တိုင္းျပည္ထူေထာင္သူ၊ နယ္ပယ္သိမ္းသြင္းေရးသမား၊ စစ္ဗိုလ္ခ်ဳပ္မ်ားႏွင့္ ႏႈိင္းယွဥ္ၾကေသာ္လည္း အားလုံးထက္ ဩဂတ္စတက္ဆီဇာ၏ ဩဇာႏွင့္ အက်ိဳးျပဳမႈက ပိုရွည္ၾကာသည္၊ ပိုႀကီးက်ယ္ ခမ္းနားသည္ဟု ဆိုႏိုင္သည္။

ျပည္သူျပည္သားမ်ားအား အုပ္ခ်ဳပ္သူတို႕သည္ သမိုင္းစဥ္ဆက္တစ္ေလ်ာက္ ေပၚထြက္ၿမဲျဖစ္ေပရာ အလြန္မ်ားျပားသည့္ အုပ္ခ်ဳပ္သူမ်ားသည္ ကမၻာသမိုင္းတြင္ေပၚထြက္ခဲ့ၿပီးျဖစ္သကဲ့သို႕ ေနာက္တဆြင္လည္းူ ဆက္လက္ ရွိေနဦးမည္သာျဖစ္ သည္။ ကမၻာ့သမိုင္းတြင္ စြမ္းရည္ထက္ျမက္ ထူးခၽြန္ေသာ အုပ္စိုးသူ မ်ားေပၚထြန္းခဲ့သကဲ့သို႕ ညံ႕ဖ်င္းေသာ အုပ္စိုးသူမ်ားလည္း ေပၚထြက္ လာၿမဲျဖစ္ေပသည္။ မိမိႏိုင္ငံႏွင့္လူမ်ိဳးအက်ိဳးစီးပြားကို ေရွ႕တန္းတင္သည့္ ေခါင္းေဆာင္မ်ားေပၚထြက္ခဲ့သည့္ ႏိုင္ငံမ်ားသည္ ဖြံ႕ၿဖိဳးတိုး တက္လာၿမဲျဖစ္ေၾကာင္းသမိုင္းက သက္ေသျပလ်က္ ရွိေပသည္။

ေမာင္သာ (ေရွးေဟာင္းသုေတသန)
၂၀၁၆ ခုႏွစ္ ဇြန္လထုတ္ သုတစြယ္စုံမဂၢဇင္းမွ

———————–

ကမ္ဘာ့သမိုင်းထဲမှ နာမည်ကျော် အုပ်စိုးသူခေါင်းဆောင်ကြီး ၁၀ ယောက် (unicode)

ရေးသားသူ – ကောင်းစည်သူ

ကမ္ဘာ့သမိုင်းတစ်လျောက်တွင် နိုင်ငံဒေသအသီးသီးကို အုပ်စိုးခဲ့သူများသည် ဘုရင်များ၊ ဧကရာဇ်များ၊ စစ်သူရဲမျာ၊ သမ္မတများ စသည်ဖြင့် အမည်နာမအမျိုးမျိုးဖြင့် မိမိတို့နယ်မြေများက ိုဦးဆောင်ခဲ့ကြသည်။ အချို့သောအုပ်စိုးသူများသည် ကမ္ဘာကြီးကိုအောင်နိုင်ခဲ့ သကဲ့ သို့ အချို့ကစစ်ပွဲများ၊အကြမ်းဖက်မှုများ၊ အနိဋ္ဌာရုံများကိုအဆုံးသတ်စေနိုင်ခဲ့သည်။ အချို့ကလည်း မိမိတို့နိုင်ငံများကို အေးချမ်း တည်ငြိမ်အောင်ဆောင်ရွက်နိုင်ခဲ့ကြသကဲ့သို့ မိမိနိုင်ငံကိုသာမကကမ္ဘာကြီးကိုပါ ပြောင်းလဲခဲ့သူများလည်းပေါ်ထွန်းခဲ့သည်။ ထို့အတူပင် လူသားများအား ဒုက္ခဆင်းရဲများစွာ ဖြစ် စေခဲ့သော ခေါင်းဆောင်များလည်း ပေါ်ထွက်ခဲ့ပေသည်။

၁၀။ အော်ဒီစီးယပ်စ်(Odysseus)

ဂရိလူမျိုးများ၏ ဒဏ္ဍာရီတွင် အော်ဒီစီးယပ်စ်သည် အောင်မြင်မှုများစွာရရှိခဲ့သည့် အီသာကာ ဘုရင်ကြီးတစ်ပါးဖြစ်သည်။ ဘုရင်ကြီး၏ အောင်မြင်မှုများကြောင့် အော်ဒီစီးယပ်စ်သည် ဟိုးမား၏ ဂန္ထဝင်စာများတွင် အမြဲရှင်သန်နေသည့် ဘုရင်ကြီးတစ်ပါး အဖြစ်စာဖွဲ့ခြင်းခံခဲ့ရကာ ဥာဏ်ပညာထက် မြက်မှုနှင့်ပရိယာယ်ကြွယ်ဝမှုများက သူ၏ ထူးချွန်သော ကာကွယ်ရေးကျွမ်းကျင်မှုကို ပံ့ပိုးပေးခဲ့သည်။ အော်ဒီစီး ယပ်စ်သည် ကမ္ဘာကျော်ထရိုဂျန်စစ်ပွဲတွင် သစ်သားမြင်းရုပ်ကြီးတစ်ခုပြုလုပ်၍ အတွင်းတွင် စစ်သည်များ ကိုပုန်းခိုစေခဲ့ပြီး ရန်သူများကိုလှည့်စားအောင်နိုင်ခဲ့သည်။ အော်ဒီစီးယပ်စ်သည် ထရိုဂျန်စစ်ပွဲအတွင်း မြင်းရုပ်ကြီးကိုစစ်မြေပြင်သို့ ယူဆောင်ခဲ့ကာသူ၏ အီသာကာ ဘုရင့်နိုင်ငံ တော်ကြီးကို ပြန်လည်ထူထောင် နိုင်ခဲ့သည်။

၉။ ဒုတိယမြောက်ဂျိုးဇက်ဘုရင်(Joseph II)

ဒုတိယမြောက်ဂျိုးဇက်ဘုရင်သည် ရောမ အင်ပါရာကို ခရစ်နှစ် ၁၇၆၅ ခုနှစ်မှ ၁၇၉၀ ပြည့်နှစ်အထိ အုပ်ချုပ်ခဲ့သည်။ဂျိုးဇက် ကို မြင့်မြတ်သော ဘုရင်တစ်ပါးဟု အသိအမှတ်ပြုကြပြီး သမိုင်းတစ်လျောက်တွင် ကိုယ်ကျိုးအတ္တမရှိဆုံးသော ဘုရင်တစ်ပါးဖြစ်ခဲ့ သည်။ဂျိုးဇက်သည် မိမိပြည်သူများအကောင်းဆုံး အကျိုးစီပွားရရှိရေးကိုသာလိုလားခဲ့သည်။ပြည်သူများအကျိုးအတွက် ကျွန်စနစ် ကို အပြီးတိုင်ဖျက်သိမ်းခဲ့သည်။ ၁၇၉၀ ပြည့်နှစ် ဖေဖော်ဝါရီ လ ၂၀ ရက်တွင်ကွယ်လွန်ခဲ့သည်။

၈။ ပထမ အဲလိဇဘက် ဘုရင်မ (Queen Elizabeth I)

ပထမ အဲလိဇဘက် ဘုရင်မကြီးသည် အင်္ဂလန်နှင့် အိုငာ်လန်တို့အား ၁၅၅၈ ခုနှစ်မှ ကွယ်လွန်ချိန်အထိ အုပ်စိုးခဲ့သည်။ ဘုရင်မကြီးတွင် အခြားနာမည် များရှိသော်လည်း အပျိုစင် ဘုရင်မကြီးဟုသည့် အမည်က အထင်ရှားဆုံးဖြစ်သည်။ဘုရင်မကြီးသည် အမည်နှင့်လိုက်ဖက်စွာ မည်သည့် အမျိုးသားတစ်ဦးတစ်ယောက်ပိုမှ မှီခိုခြင်းမပြုဘဲ နိုင်ငံကို ကောင်းမွန်စွာ အုပ်ချုပ်သွားခဲ့သည်။ ဘုရင်မကြီးသည် ကမ္ဘာပေါ်တွင် နိုင်ငံတစ်ခုကို အောင်မြင်စွာ အုပ်ချုပ်မင်းလုပ်ခဲ့သည့် စံပြအမျိုးသမီးတစ်ဦးဖြစ်ခဲ့သည်။

ဘုရင်မကြီး နန်းမစံမီ အချိန်များက အမျိုးသမီးအများစုသည် ထီးနန်းစံကာ ဘုရင်မ လုပ်ရမည့်အလုပ်ကိုမစဉ်းစားရဲခဲ့ကြပါချေ။ အင်္ဂလန်နိုင်ငံတွင် နေရာ အမြင့်ဆုံးရရှိသူ အမျိုးသမီးများသည် ဘုရင်ကြီးများ၏ မိဖုရားများအဖြစ်ဖြင့်သာရပ်တည်ခဲ့ကြရသည်။ ပထမ အဲလိဇဘက် ဘုရင်မသည် နန်းတက်လာချိန်တွင် ဘုရင်များထက်ပိုမိုကောင်းမွန်စွာ နိုင်ငံကို အုပ်ချုပ်နိုင်ကြောင်း သက်သေပြခဲ့သည်။ အမျိုးသမီးပင်ဖြစ်လင့်ကစား အမျိုးသားများနှင့် ယှဉ်ပြိုင်နိုင်ကြောင်း သက်သေပြနိုင်ရန် စီမံအုပ်ချုပ်နိုင်ခဲ့သည်။

၇။ ချယ်လင်မိန်း(Charlemange)

ချယ်လင်မိန်းသည် ဖရန့်(Franks)ဘုရင်အဖြစ်သက္ကရာဇ် ၇၆၈ ခုနှစ်မှကွယ်လွန်ချိန်အထိဖရန့်အင်ပါရာကိုအုပ်ချုပ်ခဲ့သည်။ (ဖရန့်နိုင်ငံသည် ယခုပြင်သစ်နိုင်ငံ အရှေ့မြောက်ဖက် အစွန်နှင့် ရိုင်းမြစ်၏ လက်ယာဘက်ကမ်း တစ်လျောက်ရှိ နေရာတွင်တည်ရှိခဲ့သည်)။ သူသည်ရှည်လျားသော အောင်မြင်မှုများကို ရယူပိုင်ဆိုင်ခဲ့ကာ ကမ္ဘာ့ ထင်ရှားသော အုပ်စိုးသူ တစ်ဦးဖြစ်လာခဲ့သည်။ ချယ်လင်မိန်း သည် ပြန့်ကြဲနေသည့် ဖရန့်အင်ပါရာကြီးကို တစ်စုတည်းဖြစ်စေရန် စည်းလုံးနိုင်ခဲ့ပြီး ဖရန့်အင်ပါရာကို တိုးချဲ့နိုင်ခဲ့ပြီး အင်အားကြီး မားစေခဲ့သည်။သူ အုပ်ချုပ်ခဲ့ချိန်သည် ဥရောပတွင် ယဉ်ကျေးမှုနှင့် အနုပညာများ ထွန်းကားခဲ့သည့် ခေတ်ဆန်းချိန်ဖြစ်ခဲ့သည်။ ထိုဘုရင်ကြီးသည် ဘုန်းတန်ခိုး ကြီးမား၍ ထင်ရှား သလောက် အရပ်အမောင်း မြင့်မားပြီးလျှင် ကြံ့ခိုင်သန်စွမ်း ဖျတ်လတ်သည်။ ထိုခေတ်အခါက ဘုရင်များနည်းတူ စာရေး စာဖတ်ခြင်းကို ထိရောက်စွာ သင်ကြားဆည်းပူးခြင်း မပြုခဲ့ သော်လည်း လက်တင်ဘာသာကို ဖတ်နိုင်သည်။ ဂရိဘာသာ စကားကို နားလည်သည်။ ရှေးက ရောမနိုင်ငံတော်အား ဖျက် ဆီးခဲ့သော ဂျာမန်အရိုင်းလူမျိုးများ၏ အဆက်အနွယ်ဖြစ်သော် လည်း အနောက်ရောမ နိုင်ငံတော်ကို ပြန်လည်ထူထောင်သူ၊ ခရစ်ယာန်သာသနာစောင့်ဧကရာဇ်တစ်ပါး ဖြစ်ပေသည်။ ချယ် လင်မိန်းလက်ထက်တွင် ကက်သလစ် ဘုရားကျောင်းများမှတစ်ဆင့် ယဉ်ကျေးမှုအနုလက်ရာများသည် အထွတ်အထိပ် နေရာ သို့ ရောက်ရှိခဲ့သည်။ အရှေ့ ရောမနိုင်ငံတော်ဖြစ်သော ဗိုင်ဇင်းတိုင်နိုင်ငံ၏ ဧကရာဇ်ကလည်း ရှားလမိန်းအား (အနောက်) ရောမနိုင်ငံတော်၏ ဧကရာဇ်အဖြစ် အသိအမှတ်ပြုလေသည်။

၆။ ဂျင်ဂျစ်ခန်(Genghis Khan)

ဂျာဂျစ်ခန်(၁၁၆၂-၁၂၂၇) သည် ကမ္ဘာကြီး၏ နေရာအများစုကို အုပ်စိုးနိုင်ခဲ့ကာ အာရှတိုက်တွင်နေထိုင်ကြသည့် မျိုးနွယ်စုများကို စည်းလုံး ပေးနိုင်ခဲ့သလို မွန်ဂိုအင်ပါယာသည်လည်း နယ်မြေတစ်ဆက်တည်းက သမိုင်းတလျှောက် ကမ္ဘာ့အကြီးဆုံးအင်ပါယာဖြစ်ခဲ့သည်။ သူသည် မြင်းကုန်းနှီးပေါ်မှနေ၍ ဓားလွတ်ဖြင့် နိုင်ငံထူထောင်ခဲ့သူ ဖြစ် သည်။ သူ့အတွက် အားထားရဆုံး ရဲမက်တို့ကား နာမည်ကျော် မွန်ဂိုမြင်းစီးသူရဲများ ဖြစ်လေသည်။ ဂျင်ဂစ်ခန်သည် သက်တမ်း တစ်လျှောက် စစ်မက်ဖြင့်သာ ရင်းနှီးခဲ့ရကား စစ်ရေးစစ်ရာတွင် ကျွမ်းကျင်လှသည်။ သူ၏တပ်မတော်ကြီးမှာ စည်းကမ်းကောင်း ၍ ဖွဲ့စည်းပုံစနစ် ကျနသဖြင့် အထူးချီးကျူးဖွယ် ဖြစ်သည်။

မိမိအောင်မြင်ခဲ့သော နိုင်ငံများမှ ကျွမ်းကျင်သူများစွာကို မိမိထံတွင် အမှုထမ်းစေခြင်းဖြင့် စစ်ပညာများ ဖွံ့ဖြိုးစေကာ စစ်အောင်နိုင်ရေးအတွက် အကူအပံ့များစွာ ရခဲ့သည်။ သူ ကိုယ်တိုင် ပညာခေါင်းပါးခဲ့သော်လည်း ပညာရေးကို အားပေး သူ ဖြစ်သည်။ ဂျင်ဂစ်ခန်မင်းကြီးသည် ကြမ်းတမ်းသော စစ်သားကြီးတစ်ဦးဖြစ်သော်လည်း နိုင်ငံတစ်ဝန်းလုံးက လက်ခံ ယုံကြည်ကြသော အယူဝါဒအသီးသီးကို လေးစားသည်။ ကိုးကွယ်ဆည်းကပ်ခွင့်နှင့်ဆိုင်သော အခွင့်အရေးများကိုလည်း ပေးခဲ့သည်။  သူကွယ်လွန်သောအခါ မွန်ဂိုလူမျိုးတို့တွင် နိုင်ငံခြား ယဉ်ကျေးမှုအစုစုကို လက်ခံသိမ်းသွင်းပြီးလျှင် ယဉ်ကျေးစွာ တိုးတက်ကြီးပွားရေးအတွက်၌လည်း အခြေတည်မိခြင်း ဖြစ် လေသည်။ သူ၏ လက်ငုတ်လက်ရင်းဖြစ်သော နိုင်ငံတော်ကြီး ကို သားတော် ၃ ဦးက ခွဲခြမ်း၍ တာဝန်ယူ အုပ်ချုပ်ကြသည်။ ကွယ်လွန်ခါနီးတွင် တရုတ်နိုင်ငံတောင်ပိုင်းကိုပါ သိမ်းယူရန် သူ့အား ဆက်ခံမည့်သူများကို မှာကြားခဲ့သေးသည်။
ဂျင်ဂစ်ခန်၏ နိုင်ငံတော်ကြီးကို အအောင်မြင်ဆုံး ပြန်လည် အုပ်ချုပ်နိုင်သူကား သူ၏မြေး ကူဗလိုင်ခန်မင်းကြီးပေတည်း။

၅။ ဟစ်တလာ(Hitler)(၁၈၈၉-၁၉၄၅)

နိုင်ငံ့ခေါင်းဆောင်များအကြောင်းပြောကြလျှင်ဟစ်တလာဟူသည့်အမည်ကိုမသိသူအလွန်နည်းပါးပေလိမ့်မည်။ ဟစ်တလာ သည်ဂျာမနီနိုင်ငံတွင် နာဇီပါတီကို ထူထောင်ခဲ့ပြီး ကမ္ဘာ့သမိုင်းတွင် နာမည်ဆိုးဖြင့်ထင်ရှားသောအုပ်စိုးသူတစ်ဦးဖြစ်ခဲ့သည်။ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းက လူအမြောက်အများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွင်တာဝန်ရှိသူတစ်ဦးဖြစ်ခဲ့သောဟစ်တလာသည် ဩဇာအာဏာကြီးမားသောအုပ်စိုးသူတစ်ဦးလည်းဖြစ်ခဲ့သည်။ဂျာမနီနိုင်ငံတွင်ဟစ်တလာအာဏာရရှိလာချိန်တွင်နိုင်ငံ၏အခြေအနေအရပ်ရပ်သည်ဆိုးရွားသော အနေအထားတွင်ရှိနေခဲ့သည်။ဟစ်တလာသည် ဂျာမနီနိုင်ငံတွင်ကြုံတွေ့နေရသည့် ပြဿနာ အရပ်ရပ် ကို ဓားစာခံတစ်ခုတည်း အပေါ်ပုံချခဲ့သည်။

ယင်းဓားစာခံသည် ထိုအချိန်က ဂျာမနီနိုင်ငံတွင်နေထိုင်လျက်ရှိသည့် ဂျူးလူမျိုးများဖြစ်သည်။ ဟစ်တလာသည် ဂျာမနီနိုင်ငံ တွင်ကြုံတွေ့နေရသည့်အခက်အခဲပြဿနာအားလုံးသည် ဂျူးလူမျိုးများ၏အပြစ်ကြောင့်ဖြစ်ရသည် ဟု ဂျာမနီပြည် သူများ ယုံကြည် လာစေရန်ဆောင်ရွက်ခဲ့သည်။ ဂျူးလူမျိုးများအား အလွန်ထိတ်လန့်ဖွယ်ကောင်းလှသည့်အမြစ်ပြတ်သုတ်သင်သည့် ရက်စက်လွန်း သည့် လုပ်ငန်းကြီးကို ဆောင်ရွက်ခဲ့သည့်တိုင် ဟစ်တလာသည် အောင်မြင်မှုရရှိခဲ့သည်။ဆိုးရွားလှသည့် စီမံချက်ကို ဆောင်ရွက်ခဲ့ သော်လည်း ဟစ်တလာသည် ကျွမ်းကျင်ပြောင်မြောက် စွမ်းရည်ရှိသော ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည်။

၄။ နပိုလီယံ(Napoleon)

ပြင်သစ်နိုင်ငံကို အုပ်ချုပ်ခဲ့သော ပထမ နပိုလီယံသည် နပိုလီယံဧကရာဇ်ဟု ထင်ရှားလာခဲ့ပြီး ပြင်သစ်နိုင်ငံ၏ထင်ရှားသော စစ်ရေးနှင့် နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့သည်။ နပိုလီယံသည် ၁၉ ရာစု အစောပိုင်းတွင် ဥရောပတိုက်၏ နိုင်ငံရေးကိုကြီးမား စွာ ဩဇာလွှမ်းမိုးခဲ့သည်။ သူသည်စစ်ရေးစွမ်းရည်နှင့် ထောက်လှမ်းရေးနည်းဗျူဟာများကြောင့် ဥရောပတိုက်ကို စိုးမိုးနိုင်ခဲ့ သည်။ အာဏာရပြီးနောက်တွင် တိုင်းပြည်ကို အရေးပါသည့် ပြုပြင်ပြောင်းလဲမှုများ တရစပ်ဆောင်ရွက်သည်။ဗဟိုဘဏ်နှင့် တက္ကသိုလ် ကိုတည်ထောင်ပေးသည်။ အလွန်ထင်ရှားသည့် ပြောင်းလဲမှုမှာ နပိုလီယန်ဥပဒေ (Code Napoleon) ဖြစ်သည်။ ယနေ့တိုင် ဥရောပနိုင်ငံများတွင် ထိုဥပဒေကို မှီငြမ်းနေစဲဖြစ်သည်။

ပြင်သစ်နယ်နိမိတ်ကို ကျော်ကာ ဥရောပ နိုင်ငံများကို သိမ်းယူသည်။ တိုက်တိုင်းနိုင်သဖြင့် ပြင်သစ်တပ်ကို ယှဉ်နိုင်သူမရှိတော့ပေ။ ထိုကြောင့် နှစ်အနည်းငယ်အတွင်း ဥရောပ မြေပုံတွင် ပြင်သစ်ပိုင်နယ်ကျယ်ပြန့်လာသည်။၁၈၁၂ ခုနှစ်တွင် နပိုလီယံသည် ရုရှနိုင်ငံကိုကျူးကျော်တိုက်ခိုက်ခဲ့ချိန်အထိ နယ်မြေနှင့်ဥစ္စာကြွယ်၀သော ဧကရာဇ်တစ်ပါးဖြစ်ခဲ့သော်လည်း သူ၏ အောင်မြင်မှုများသည် နောက်ပိုင်းတွင် တစ်ဖြည်းဖြည်းချင်း ကျဆင်းလာခဲ့သည်။ နပိုလီယံထူထောင်ခဲ့သော ဥပဒေ ကျင့် ထုံးများသည် ဥရောပနိုင်ငံအများအပြား၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမူများ၏ အခြခံဖြစ်လာခဲ့သည်။

၃။ အလက်စ်ဇန္ဒား (Alexander the Great)

သူ၏အောင်မြင်မှုများနှင့် စစ်ရေးဗျူဟာ ကျွမ်းကျင်မှုများကြောင့် အလက်စ်ဇန္ဒား(ဘီစီ ၃၅၆-ဘီစီ ၃၂၃)သည် အသက် ၂၀ အရွယ်(ဘီစီ ၃၃၅) တွင် မက်ဆီဒိုးနီးရားဘုရင်ဖြစ်လာခဲ့ကာသမိုင်း တစ်လျောက် အတော်ဆုံး စစ်ခေါင်းဆောင်တစ်ဦးအဖြစ်ထင် ရှားခဲ့သည်။ အလက်စ်ဇန္ဒားသည် မိမိအုပ်စိုးနေခဲ့စဉ်ကာလများအတွင်း ဂရိ မြို့ပြနိုင်ငံများကို စုစည်းနိုင်ခဲ့ကာ အောင်မြင်မှုအရှိဆုံး အုပ်စိုးသူ ဘုရင်တစ်ပါး ဖြစ်လာခဲ့သည်။ ဘီစီ ၃၃၄ မှစကာ အလက်ဇန္ဒား၏ နယ်ပယ်ချဲ့ထွင်မှုကို မရပ်မနား စတင်တော့သည်။ ရှေးဦးစွာ တပ်အနည်းငယ်ကိုသာ ဂရိတွင် အစောင့်အနေဖြင့် ချန်ထားပြီး စစ်သည် ၃၅၀၀၀ ဖြင့် ပါရှန်းအင်ပါယာကို ထိုးစစ်ဆင်သည်။ သို့ဖြင့် ပါရှန်းအင်ပါယာ၏ အနောက်ဖက်မျက်နှာစာ အာရှမိုင်းနားဒေသများဖြစ်သည့် ယနေ့ ဆီးရီးယား၊ လက်ဘနွန်၊ အစ္စရေး၊ ပါလက်စတိုင်း၊ ဂါဇာ၊ အီဂျစ်တို့မှာ အလက်ဇန္ဒား၏ လက်အောက်ကို အချိန်တိုအတွင်း ကျရောက်ပြီးနောက် အီဂျစ်မှ ရဟန်းများက သူ့အား ဖာရိုဘွဲ့ဖြင့် ပူဇော်ကာ နတ်ဘုရားတစ်ပါးအဖြစ် သတ်မှတ်ကြေညာပေးသည်။

မဟာအလက်ဇန္ဒား၏ အလွန်ရဲရင့်သည့် ပင်ကိုယ်စိတ်ဖြစ်သည်။ အနိုင်တိုက်ရန် ဆုံးဖြတ်သည်နှင့် မိမိကိုယ်တိုင် မြင်းတပ်ကို ဦးဆောင်ကာ ရှေ့ဆုံးမှတိုက်လေ့ရှိသည်။ ထို့ကြောင့် စစ်သည်တို့လည်း “မိမိတို့ဘုရင်သည် သူမလုပ်ဝံ့ဘဲ ငါတို့ကို မခိုင်း။” ဟုနားလည်ပြီး ၎င်းနှင့်အတူ တိုက်ပွဲဝင်သည်။ စစ်ပွဲကို ကိုယ်တိုင် ဦးဆောင်တိုက်သဖြင့် မကြာခဏဆိုသလို သေဘေးနှင့် ကြုံလေ့ရှိသည်။ သို့သော် စစ်ပွဲတိုင်းကို ကိုယ်တိုင်ဦးဆောင်မြဲဖြစ်သည်။ (စစ်တိုက်ရာတွင် သူမတူအောင် အလွန်အမင်း ရဲရင့်ခက်ထန်သော်လည်း၊ စစ်ပွဲကာလမဟုတ်လျှင် ရန်သူနှင့်ပင်ဖြစ်စေ မိမိကိုယ်နှင့်မခြား ကြင်နာစွာဖြင့်၊ လေးစားသမှုပေးကာ ဆက်ဆံတတ်သည်။ အလွန်ဆက်ဆံရေးပြေပြစ်သူအဖြစ် ရန်သူများကပင် ချီးကျူးကြသည်။) သူအုပ်စိုးသည့် အချိန်များ၌ အလက်စ်ဇန္ဒား သည် ကမ္ဘာကြီး၏ နေရာ အများအပြားကို အောင် နိုင်ခဲ့သကဲ့သို့ အချို့သော မြို့တော်များကို လူတစ်ဦးတစ်ယောက်ကိုမှ မသတ်ဖြတ်ရဘဲ သူ့ထံအညံ့ခံစေနိုင်ခဲ့သည်။ မက်စ်ဆီဒိုးနီးရား ဘုရင်ဖြစ်သူ အလက်စ်ဇန္ဒားသည် ပါရှန်ဒေသတစ်ခုလုံးကို အောင်နိုင်ခဲ့သည်။ အသက် ၃၃ နှစ်အရွယ် တွင် ဘေဘီလုံ(ယခုအီရတ်နိုင်ငံ) တွင် ငှက်ဖျားရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

၂။ အေဗရာဟင် လင်ကွန်း(Abraham Lincoln)

အေဗရာဟင် လင်ကွန်းသည် အမေရိကန်နိုင်ငံ၏ ၁၆ ဦးမြောက် သမ္မတဖြစ်သည်။လင်ကွန်းသမ္မတဖြစ်ချိန်သည် အမေ ရိကန် ပြည်ထောင်စုအတွင်း ပြည်တွင်းစစ်ဖြစ်ပွားကာ အခက်အခဲများစွာကို ရုန်းကန်နေရချိန်ဖြစ်သည်။ လင်ကွန်းသည် သမ္မတ ရာထူးကို လက်ခံသောအခါ ကျွန်ပိုင်ထားလိုသော ပြည်နယ်ခုနစ်နယ်သည် ပြည်ထောင်စုကြီးမှထွက်ကာ သီးခြားပြည်ထောင်စုအဖြစ် ဖွဲ့စည်းကြ၏။ များမကြာမီ နောက်ထပ်ပြည်နယ်လေးခု ခွဲထွက်ပြန်လေသည်။ တစ်လခန့်မျှ ကြာသော် အေဗရာဟမ်လင်ကွန်းသည် တပ်ပျက်တွင် ဗိုလ်ခန့်ခြင်း ခံရဘိ သကဲ့သို့ ကျွန်ပိုင်ပြဿနာများနှင့် ရင်ဆိုင်ရတော့၏။

သို့ဖြင့် စစ်သားစု ဆောင်းခြင်းကို ပြုလုပ်ရလေ၏။ ပြည်ထောင်စုအတွင်းရှိ ပြည်နယ်တို့သည် တစ်ဖက်စီ ကွဲသွားပြီးလျှင် ပြည်တွင်းစစ်ပွဲကြီး ဖြစ်ပွားတိုက်ခိုက်ကြလေ သည်။ ပထမနှစ်နှစ်တွင် လင်ကွန်းသည် ပြည်ထောင်စုအား မယိမ်း မယိုင်အောင် ထိန်းသိမ်း၍သာနေရ၏။ ထိုအခါကား လင်ကွန်းသည် လှိုင်းကြမ်း လေကြမ်းကိုခံနိုင်အောင် ပဲ့ကိုင်၍နေရသော သင်္ဘောသူကြီးနှင့် တူနေ၏။ နောက်နှစ်နှစ်တွင်မူကား ပြည်ထောင်အချင်းချင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြလေရာ လူသူအမြောက်အမြား ကျဆုံးရလေသည်။

သို့သော်လည်း လင်ကွန်း သည် ပြည်ထောင်စု စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းနိုင်ခဲ့ကာ အမေရိကန်ပြည်ထောင်စုကြီး တောင်နှင့်မြောက် နှစ်ပိုင်းကွဲမည့် အန္တရာယ်ကို အောင်မြင်စွာ တားဆီးနိုင်ခဲ့သည်။ အမေရိကန်နိုင်ငံတွင် နှစ်ပေါင်းများစွာ လက်ခံကျင့်သုံးခဲ့သည့် ကျွန်စနစ်ကို ဖျက် သိမ်းခဲ့ကာ ကျွန်စနစ်မှ လွတ်မြောက်မှု ကြေညာစာတမ်းကို လက်မှတ်ရေးထိုးခဲ့သည်။ အမေရိကန်နိုင်ငံကို အုပ်ချုပ်ခဲ့သည့် သမ္မတများတွင် အေဗရာဟင်လင်ကွန်းကို အကြီးမြတ်ဆုံး သမ္မတကြီးအဖြစ် ပြည်သူ အများစုက သတ်မှတ်ထားကြသည်။ ထို့အတူပင် အေဗရာဟင် လင်ကွန်းသည် ကမ္ဘာ့သမိုင်းတွင် စွမ်းရည်ကြီးမားသော နိုင်ငံ ခေါင်း ဆောင်တစ်ဦး ဖြစ်ခဲ့ပေသည်။

၁။ ဩဂတ်စ်တတ်စ်ဆီဇာ( Augustus Caesar)

ဩဂတ်စ်တတ်စ်ဟု လူသိများသည့် ဩဂတ်စ်တတ်စ်ဆီဇာသည် ရောမအင်ပါယာ၏ ပထမဆုံးဘုရင်ဖြစ်ခဲ့ကာ ဘီစီ ၂၇ ခုနှစ်မှ အေဒီ ၁၄ ခုနှစ်အထိ ရောမကိုအုပ်ချုပ်ခဲ့သည်။ ဩဂတ်စ်တတ်စ်ဘုရင်သည် ရောမသားတို့မရရှိခဲ့ဖူးသည့်ငြိမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိသည့် ပက်စ် ရိုမန်နာ ဟုခေါ်သော ခေတ်တစ်ခေတ်ကို ထူထောင်ခဲ့သည်။ ဩဂတ်စ်တတ်စ်သည် ယခင်ရောမဘုရင်အဆက် အဆက် မရရှိခဲ့သည့် အောင်မြင် မှုကို ရရှိခဲ့ကာ အင်အားကြီးမားသော ရောမအင်ပါရာကြီးကို ထူထောင်နိုင်ခဲ့သည်။ ဩဂတ်စ်တတ်စ်သည် ရောမ၏ အကြွင်းမဲ့ အာဏာကိုရရှိ စေရန် စီမံဆောင်ရွက်နိုင်ခဲ့သည်။သို့သော်လည်း ဩဂတ်စ်တတ်စ်သည် မိမိအရင်ရောမကို အုပ်စိုးခဲ့သူများကဲ့သို့ မိမိမဖြည့် ဆည်းနိုင်သော ကတိကဝတ်များကို အသုံးပြု ခဲ့ခြင်းမရှိပါချေ။ သမိုင်းတွင် ဩဂတ်စတက်ဆီဇာ ကဲ့သို့ ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့် အာဏာရှင်မှာ ရှာမှရှားသည်ဟုဆိုရမည်။

အောင်နိုင်သူ စစ်ဗိုလ်ချုပ်အဖြစ်သာမက နိုင်ငံရေးတွင်လည်း ဂုရုတစ်ဆူဖြစ်သည်။ လိုက်လျောမှုဖြင့် ပြည်တွင်းမှ မညီညွတ်မှုများကို ပြီးပျောက်စေခဲ့သည်။  အလွန်အမျှော်အမြင်ရှိ အုပ်ချုပ်ရေး ပညာရှင်လည်းဖြစ်သည်။ သူ့လက်ထက်တွင် ကွန်ယက်များသဖွယ် လမ်းမကြီးများကို ဖောက်လုပ်ပေးခဲ့သည်။ ထို့ကြောင့်ပင် လမ်းအားလုံးသည် ရောမသို့ဦးတည်သည် ဟူသောဆိုရိုးပင် ဖြစ်ပေါ်လာခဲ့သည်။ ရောမမြို့ကိုလည်း ပြည်သူ့အဆောက်အဦးများ၊ ဘာသာရေး ဝတ်ကျောင်းများ တည်ဆောက်ပေးခြင်းဖြင့် သာယာစည်ပင်စေသည်။ နိုင်ငံတွင်း၌ လမ်းမကြီးများ၊ ရေသွယ်ပြွန်များ၊ တံတားများကို ဆောက်လုပ် ခဲ့သည်။ ငွေကြေးစနစ်၊ စာပို့စနစ်၊ ပြည်နယ်အချင်းချင်း လွတ် လပ်စွာ ကုန်သွယ်မှုစနစ်တို့ကိုလည်း ပြုပြင်တီထွင်ခဲ့ ပေသည်။

သို့သော် ၎င်းတို့နောက်ဆက်ခံသည့် မင်းများတွင် မင်းဆိုးမင်းညစ်များ ပါဝင်လာသဖြင့် အချိန်တိုအတွင်း မင်းဆက်ပြတ်ခဲ့သော်လည်း ရောမအင်ပါယာမှာ နှစ် ၂၀၀ နီးပါးထိ မပြိုကွဲသည့်အတွက် ဩဂတ်စတက်ဆီဇာ၏ ကျေးဇူးကြီးသည်ဟုဆိုနိုင်သည်။ ဆိုရလျှင် ဩဂတ်စတက်ဆီဇာကို မဟာအလက်ဇန္ဒား၊ ဂျင်ဂစ်ခန်၊ နပိုလီယန်နှင့် ဂျော့ခ်ျ ဝါရှင်တန် အစရှိသည့် တိုင်းပြည်ထူထောင်သူ၊ နယ်ပယ်သိမ်းသွင်းရေးသမား၊ စစ်ဗိုလ်ချုပ်များနှင့် နှိုင်းယှဉ်ကြသော်လည်း အားလုံးထက် ဩဂတ်စတက်ဆီဇာ၏ ဩဇာနှင့် အကျိုးပြုမှုက ပိုရှည်ကြာသည်၊ ပိုကြီးကျယ် ခမ်းနားသည်ဟု ဆိုနိုင်သည်။

ပြည်သူပြည်သားများအား အုပ်ချုပ်သူတို့သည် သမိုင်းစဉ်ဆက်တစ်လျောက် ပေါ်ထွက်မြဲဖြစ်ပေရာ အလွန်များပြားသည့် အုပ်ချုပ်သူများသည် ကမ္ဘာသမိုင်းတွင်ပေါ်ထွက်ခဲ့ပြီးဖြစ်သကဲ့သို့ နောက်တဆွင်လည်းူ ဆက်လက် ရှိနေဦးမည်သာဖြစ် သည်။ ကမ္ဘာ့သမိုင်းတွင် စွမ်းရည်ထက်မြက် ထူးချွန်သော အုပ်စိုးသူ များပေါ်ထွန်းခဲ့သကဲ့သို့ ညံ့ဖျင်းသော အုပ်စိုးသူများလည်း ပေါ်ထွက် လာမြဲဖြစ်ပေသည်။ မိမိနိုင်ငံနှင့်လူမျိုးအကျိုးစီးပွားကို ရှေ့တန်းတင်သည့် ခေါင်းဆောင်များပေါ်ထွက်ခဲ့သည့် နိုင်ငံများသည် ဖွံ့ဖြိုးတိုး တက်လာမြဲဖြစ်ကြောင်းသမိုင်းက သက်သေပြလျက် ရှိပေသည်။

မောင်သာ (ရှေးဟောင်းသုတေသန)
၂၀၁၆ ခုနှစ် ဇွန်လထုတ် သုတစွယ်စုံမဂ္ဂဇင်းမှ

Leave a Reply