ရာဇ၀င္ထဲက သခြားသီး စားလုိ႔ ဒုကၡ မ်ားခဲ့တဲ့ ဘုရင္ ႏွစ္ပါး

Posted on

ဒီတစ္ခါေတာ့ ၿမန္မာ့ သမုိင္းထဲက သခြားသီး စားလုိ႔ ဒုကၡ မ်ားခဲ့တဲ့ ဘုရင္ ႏွစ္ပါး အေႀကာင္းကုိ ဗဟုသုတ အၿဖစ္ေၿပာၿပခ်င္ပါတယ္။ တစ္ပါး ကေတာ့ ပုဂံေခတ္ က သိန္းခုိမင္း (သကၠရာဇ္ ၂၆၃ မွ ၂၇၉ ခုႏွစ္ ) ၿဖစ္ပါတယ္။

တစ္ေန႔ သိန္းခုိမင္း ဟာ အမဲလုိက္ရင္း ေနာက္လုိက္ေနာက္ပါ မ်ားနဲ႔ လူခ်င္း ကြဲသြားခဲ့ ပါတယ္။ ေမာလည္းေမာ ေရ လည္း အလြန္ ငတ္လွ ခ်ိန္မွာ လူသူ မေတြ႔ရတဲ့ သခြားခင္း တစ္ခင္းကုိေတြ႔ပါတယ္။ ၀မ္းသာ အားရနဲ႔ သခြားခင္း ထဲ၀င္ ကာ သခြားသီး မ်ားကုိ အားရ ပါးရ စားပစ္ပါတယ္။

ဒါကုိ ယာရွင္ က ေတြ႔ၿပီး ဘုရင္ဟု မထင္ သူခုိး ဟု ထင္ကာ တူရြင္း နဲ႔ ခုတ္တာေႀကာင့္ ေနရာ မွာ တင္ ပြဲခ်င္း ၿပီး သြားပါတယ္။ အေဖာ္ကြဲ သြားေသာ ေနာက္လုိက္ ေနာက္ပါ မ်ား ေရာက္ လာမွ ၿပည့္ရွင္မင္း ကုိ သတ္ မိေႀကာင္း သိပါတယ္။ အဲဒီေခတ္ က ဘုရင္ကုိ သတ္ရင္ ဘုရင္ၿဖစ္ ဆုိတဲ့ ထုံးစံေႀကာင့္ ယာရွင္ဟာ ဘုရင္ ၿဖစ္ သြားပါတယ္။ ေတာင္သူႀကီးမင္း ေခၚ ေညာင္ဦးေစာရဟန္းမင္း ဆုိတဲ့ အမည္နဲ႔ပါ။

သခြားသီးေႀကာင့္ ဒုကၡ မ်ား ခဲ့တဲ့ ေနာက္မင္း တစ္ပါး ကေတာ့ ေသေတာ့ မေသပါ သုိ႔ ေသာ္ ယာရွင္ နဲ႔ နပန္း လုံးလုိက္ ရပါတယ္။ သူကေတာ့ အေလာင္းမင္းတရားႀကီး ဦးေအာင္ေဇယ် ရဲ႕သားေတာ္ႀကီးေနာင္ေတာ္ႀကီး ေခၚ ဒီပဲယင္း မင္း ၿဖစ္ပါတယ္။

ေနာင္ေတာ္ႀကီး ဟာ ဘုရင္ၿဖစ္ေသာ္လည္း မ၀ံ့ႀကြား တတ္ပဲ ႏွိမ့္ခ်ေသာ မာနၿဖင့္ ရုိးရုိးစား ရုိးရုိးေန တတ္ သူၿဖစ္ပါတယ္။ ရံဖန္ ရံခါ မိမိ ၏ ေနာက္လုိက္ မ်ားႏွင့္ မန္က်ည္းေတာ ၊ မန္က်ည္းပင္ ေအာက္ မ်ား၌ ဆား ၊ ငါးပိ စသည္တုိ႔ႏွင့္ မန္းက်ည္းသီး မ်ားကုိ ေထာင္းထု စားေသာက္ေနေလ့ ရွိပါတယ္။

မူးမတ္ မ်ားက “ထုိသုိ႔ စားၿခင္းကုိ ေရွာင္ႀကဥ္ေတာ္ မႈပါ ၊ ဂုဏ္ႏွင့္ မေလ်ာ္ပါ” ဟု ေလွ်ာက္တဲ့ အခါ “ငါ ဒီလုိ မန္က်ည္းသီး စားၿခင္း ဟာ တုိင္းၿပည္ကုိ တစ္စုံ တစ္ရာ ၀န္ေလးပါ သေလာ” ဟုၿပန္ေမးပါတယ္။ “တုိင္းၿပည္ ၌ ကား ၀န္မေလးပါ” ဟု မူးမတ္တုိ႔ ကေလွ်ာက္သည့္ အခါ “တုိင္းၿပည္ ၀န္ေလး သည့္ ကိစၥ ကို ငါေရွာင္ အံ ၊ ၀န္မေလး သည့္ ကိစၥကုိ ကား မတားၿမစ္ လုိႀကပါႏွင့္ ၊ ငါႀကဳိက္တတ္သည္ ကုိ စားပါရေစ” ဟု အခြင့္ပန္ ၿပန္ေၿပာပါတယ္။

ေနာင္ေတာ္ႀကီးမင္း ဟာ ေရႊဘုိ ႏွင့္ စစ္ကုိင္း ႏွစ္ရပ္လုံး တြင္ေၿပာင္း၍ စံေလ့ ရွိပါတယ္။ ၿမင္းေကာင္းလည္း ရွိတာေႀကာင့္ “ငါ စစ္ကုိင္းသြားဦး မည္ ၊ ေရႊဘုိ သြားဦးမည္ ” ဟု မိန္႔ကာ ၿမင္းစီး ၍ ရုတ္တရက္ ထြက္ေတာ္မူ တတ္ပါတယ္။ ေနာက္လုိက္ေနာက္ပါ တုိ႔မွာ ကပ်ာ ကသီၿမင္းၿပင္ ၍ လုိက္ေသာ္ မမီသည္ က မ်ားပါတယ္။

တစ္ခါေသာ္ စစ္ကုိင္း မွ ေရႊဘုိသို႔ အၿပန္ ေနာက္လုိက္ေနာက္ပါ တုိ႔မွာ ေ၀းလံစြာ က်န္ရစ္ၿပီး ေရႊဘုိ မွ ၁၄ မုိင္ အကြာ ေခၚေတာ အရပ္ သုိ႔ေရာက္လာပါတယ္။ သခြားခင္း တစ္ခင္း ကုိေတြ႔၍ ဆာေလာင္ေနသည္ ႏွင့္ ၿမင္းကို ယာခင္း အၿပင္ဘက္တြင္ ခ်ိတ္ကာ ယာရွင္ေယာက်္ား ထံ သခြားသီး စားပါရေစ ဟု ေကာင္းမြန္စြာေတာင္း၏။ ယာရွင္ ကလည္း မင္းၿဖစ္ေႀကာင္း မသိဘဲ “အလုိရွိသမွ် စားေလ ၊ အပင္ ၊ အႏြယ္ ၊ အကင္း တို႔ကိုကား မပ်က္ေစႏွင့္ ” ဟု ဆုိပါ တယ္။

ေနာင္ေတာ္ႀကီးကာ သခြားသီး ကုိ ၿဖတ္၍ မဆြတ္ ပဲ ဆြဲ၍ ဆြတ္ သၿဖင့္ အပြင့္ ၊ အကင္း တုိ႔ အတန္ငယ္ ပ်က္ သြားပါတယ္။ ယာရွင္ၿမင္ေသာ္ “နင္က စားရုံ စား ၊ မဖ်က္ပါႏွင့္ ဟု ငါေၿပာလ်က္ ဖ်က္ ရသေလာ ” ဟု ေဒါသၿဖစ္ကာ သတ္မည္ ပုတ္မည္ ၿပဳပါတယ္။ ေနာင္ေတာ္ႀကီး ကလည္း တစ္စုံတစ္ရာ အမ်က္မထြက္ပဲ “နင္ေယာက်္ားေကာင္း ဆုိေသာ္ သတ္ႀကအံ႔” ဟု ဆုိ၍ ႏွစ္ေယာက္ သားလုံးေထြး သတ္ပုတ္ႀကပါတယ္။

က်န္းမာ သန္စြမ္းေသာ ေနာင္ေတာ္ ႀကီးအား ယာရွင္ မႏုိင္ပါေလ ၊ အခါခါေအာက္က်၏ ။ အတန္ႀကာေသာ္ ယာရွင္လည္း ေမာလွတာေႀကာင့္ ဘာမွ မတတ္ႏုိင္ပဲ ဘယ္လုိလူလဲ ေတြးကာ ထုိင္ႀကည့္ေနရ ပါတယ္။ ေနာင္ေတာ္ႀကီးကား ၿပံဳးၿပဳံးရယ္ရယ္ ႏွင့္ သခြားသီး စားၿမဲစားေနပါတယ္။

ထုိစဥ္ ယာရွင္ ၏ မိန္းမ ထမင္းပုိ႔ေရာက္လာတာ ကို ေနာင္ေတာ္ႀကီး ေတြ႔ေတာ့ “ေယာက္ဖ ၊ ငါလည္း ထမင္းစား ပါရေစ” ဟု ခြင့္ေတာင္းရာ ယာရွင္လည္း ေဒါသ ထြက္ေနတာေႀကာင့္ “မစားရဘူး ၊ နင့္ကုိ မေကြ်းႏုိင္” ဟု ဆုိပါတယ္။ ယာရွင္ မိန္းမက မိမိေယာက်္ားအား လက္ကုတ္ကာ “ယာ အၿပင္ဘက္မွာ ေရႊ ကေတာင္ႏွင့္ ၿမင္းေကာင္း တစ္စီး ခ်ိတ္ထား သည္ကုိ ငါေတြ႔ခဲ့သည္။ လူသာမည မဟုတ္ ၊ မင္းၿဖစ္ပုံရသည္ ၊ ေတြ႔ကရာ မေၿပာႏွင့္” ဟု တီးတုိးေၿပာပါတယ္။

ေနာက္လုိက္ေနာက္ပါ တုိ ႔မီလာ၍ ေရွ႕ေတာ္တြင္ ဒူးေထာက္ႀကမွ မင္းၿဖစ္ေႀကာင္း သိရွိကာ ေႀကာက္လန္႔ ကုန္ၿပီး ရွိခုိးေတာင္းပန္ပါတယ္။ ေနာင္ေတာ္ဘုရား လည္း ျပံဳးရယ္လ်က္ ” သင္တို႔က ေတာင္းပန္ရန္ မရွိ ၊ သင့္ သခြား ကိုလည္း ငါ စားရသည္။ သတ္ပုတ္ၾကသည္ မွာလည္း သေဘာ တူျဖစ္သည္။ ငါကား မင္းျဖစ္ သည္ မွန္၏။ သို႔ေသာ္ မေၾကာက္လင့္။ ယခု သင္ ၏ သခြား မ်ားသည္ အလြန္ အရသာရွိ၏။ ငါ စံရာ ေရႊဘိုသို႔ တစ္ခါ ေလာက္ လာေရာက္ ဆက္ပါဘိ ” ဟု မိန္႔ေတာ္မူပါတယ္။

လ အတန္ၾကာေသာ္ ယာရွင္ သည္ ေကာင္းနိုး ရာရာ သခြားသီး မ်ားကို ဆြတ္ခူး ထမ္းေဆာင္လ်က္ ေရႊဘို သို႔ သြားေရာက္၍ ေနာင္ေတာ္ ႀကီးဘုရား အား ဆက္သေလ၏။ ေနာင္ေတာ္ ဘုရား လည္း ယာရွင္ကို မေမ့ ဘဲ အလုိရွိရာ ကုိေတာင္းေစတဲ့ အခါ သူႀကီးရဲ႕အာဏာျပမႈကို မၾကာခဏခံေနရတဲ့ ယာရွင္က ” သူႀကီး ၏ အာဏာ မွ လြတ္လိုပါသည္ ” ဟုေလွ်ာက္ တင္ ပါတယ္။

” ဤ အတြက္ကား ရစိမ့္မည္ ၊ အျခား အလိုရွိသည္ ကိုလည္း ေတာင္းဦးေလာ့ ” ဟု မိန္႔ေသာ္ လည္း ဤ တစ္ခုကိုရလ်ွင္ ေက်နပ္ေသာ ယာရွင္သည္ မည္သည့္ဆုကိုမွ ထပ္၍ မေတာင္းေတာ့ တာေႀကာင့္ သူႀကီး အာဏာ မွ လြတ္ေစမည့္ စာခြ်န္လႊာကို လက္မွတ္ ထုိးကာ ယာရွင္ ရဲ႕ေက်းဇူး ကို ဆပ္လုိက္ပါေတာ့တယ္။

ဇာတ္လမ္းက ဒီမွာမၿပီးေသးပါဘူး။ ေနာင္ေတာ္ႀကီးဘုရားနတ္ရြာစံၿပီး ႏွစ္အတန္ၾကာၿပီးတဲ့ေနာက္ ဘုိးေတာ္ဘုရား(ဗဒုံမင္း)လက္ထက္မွာ မင္းႀကီးဟာ ယာရွင္ရဲ႕ ယာဘက္ကုိေရာက္ပါတယ္။ ေရာက္တဲ့အခါမွာ ေနာင္ေတာ္ရဲ႕လက္ေရးနဲ႔ စာခြ်န္လႊာကိုေတြ႔ၿပီး အမွတ္တရသိမ္းခ်င္လုိ႔ ယာရွင္ထံကေနေတာင္းပါတယ္။ ယာရွင္က မေပးပဲ အေၾကာက္အကန္ျငင္းပါတယ္။

ေနာက္ဆုံးမွာ ဘုိးေတာ္ဘုရားက ယာရွင္ အား “ငါလည္းဘုရင္ပါပဲကြယ္ ၊ ဒီလုိအမိန္႔မ်ဳိးငါျပန္ေရးပါမယ္ ၊ ေနာင္ေတာ့္ရဲ႕စာခြ်န္လႊာေတာ့ငါ့ကိုျပန္ေပးလုိက္ပါ” လုိ႔ မိန္႔ေတာ့မွ ယာရွင္က သေဘာတူပါတယ္။ မင္းႀကီးေရးေပးခဲ့တဲ့ စာခြ်န္လႊာေၾကာင့္ ယာရွင္ဟာ တစ္သက္လုံး သူႀကီးရဲ႕ဆင့္ေခၚမႈကင္းလြတ္ခြင့္ရၿပီး ေအးခ်မ္းစြာေနသြားရပါတယ္။

ကိုးကား
ျမန္မာ႔ဂုဏ္ရည္ ရာဇ၀င္ဖတ္စာ – အမ်ိဳးသားပညာ၀န္ ဦးဖုိးက်ား
ၿမန္မာ့သမုိင္းထဲက အထင္ကရ ဇာတ္ေကာင္မ်ား – ေမာင္ႀကည္သန္႔
ၿမန္မာ့စြယ္စုံက်မ္း

———————–

ရာဇဝင်ထဲက သခွားသီး စားလို့ ဒုက္ခ များခဲ့တဲ့ ဘုရင် နှစ်ပါး (unicode)

ဒီတစ်ခါတော့ မြန်မာ့ သမိုင်းထဲက သခွားသီး စားလို့ ဒုက္ခ များခဲ့တဲ့ ဘုရင် နှစ်ပါး အကြောင်းကို ဗဟုသုတ အဖြစ်ပြောပြချင်ပါတယ်။ တစ်ပါး ကတော့ ပုဂံခေတ် က သိန်းခိုမင်း (သက္ကရာဇ် ၂၆၃ မှ ၂၇၉ ခုနှစ် ) ဖြစ်ပါတယ်။

တစ်နေ့ သိန်းခိုမင်း ဟာ အမဲလိုက်ရင်း နောက်လိုက်နောက်ပါ များနဲ့ လူချင်း ကွဲသွားခဲ့ ပါတယ်။ မောလည်းမော ရေ လည်း အလွန် ငတ်လှ ချိန်မှာ လူသူ မတွေ့ရတဲ့ သခွားခင်း တစ်ခင်းကိုတွေ့ပါတယ်။ ဝမ်းသာ အားရနဲ့ သခွားခင်း ထဲဝင် ကာ သခွားသီး များကို အားရ ပါးရ စားပစ်ပါတယ်။

ဒါကို ယာရှင် က တွေ့ပြီး ဘုရင်ဟု မထင် သူခိုး ဟု ထင်ကာ တူရွင်း နဲ့ ခုတ်တာကြောင့် နေရာ မှာ တင် ပွဲချင်း ပြီး သွားပါတယ်။ အဖော်ကွဲ သွားသော နောက်လိုက် နောက်ပါ များ ရောက် လာမှ ပြည့်ရှင်မင်း ကို သတ် မိကြောင်း သိပါတယ်။ အဲဒီခေတ် က ဘုရင်ကို သတ်ရင် ဘုရင်ဖြစ် ဆိုတဲ့ ထုံးစံကြောင့် ယာရှင်ဟာ ဘုရင် ဖြစ် သွားပါတယ်။ တောင်သူကြီးမင်း ခေါ် ညောင်ဦးစောရဟန်းမင်း ဆိုတဲ့ အမည်နဲ့ပါ။

သခွားသီးကြောင့် ဒုက္ခ များ ခဲ့တဲ့ နောက်မင်း တစ်ပါး ကတော့ သေတော့ မသေပါ သို့ သော် ယာရှင် နဲ့ နပန်း လုံးလိုက် ရပါတယ်။ သူကတော့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ရဲ့သားတော်ကြီးနောင်တော်ကြီး ခေါ် ဒီပဲယင်း မင်း ဖြစ်ပါတယ်။

နောင်တော်ကြီး ဟာ ဘုရင်ဖြစ်သော်လည်း မဝံ့ကြွား တတ်ပဲ နှိမ့်ချသော မာနဖြင့် ရိုးရိုးစား ရိုးရိုးနေ တတ် သူဖြစ်ပါတယ်။ ရံဖန် ရံခါ မိမိ ၏ နောက်လိုက် များနှင့် မန်ကျည်းတော ၊ မန်ကျည်းပင် အောက် များ၌ ဆား ၊ ငါးပိ စသည်တို့နှင့် မန်းကျည်းသီး များကို ထောင်းထု စားသောက်နေလေ့ ရှိပါတယ်။

မူးမတ် များက “ထိုသို့ စားခြင်းကို ရှောင်ကြဉ်တော် မှုပါ ၊ ဂုဏ်နှင့် မလျော်ပါ” ဟု လျှောက်တဲ့ အခါ “ငါ ဒီလို မန်ကျည်းသီး စားခြင်း ဟာ တိုင်းပြည်ကို တစ်စုံ တစ်ရာ ဝန်လေးပါ သလော” ဟုပြန်မေးပါတယ်။ “တိုင်းပြည် ၌ ကား ဝန်မလေးပါ” ဟု မူးမတ်တို့ ကလျှောက်သည့် အခါ “တိုင်းပြည် ဝန်လေး သည့် ကိစ္စ ကို ငါရှောင် အံ ၊ ဝန်မလေး သည့် ကိစ္စကို ကား မတားမြစ် လိုကြပါနှင့် ၊ ငါကြိုက်တတ်သည် ကို စားပါရစေ” ဟု အခွင့်ပန် ပြန်ပြောပါတယ်။

နောင်တော်ကြီးမင်း ဟာ ရွှေဘို နှင့် စစ်ကိုင်း နှစ်ရပ်လုံး တွင်ပြောင်း၍ စံလေ့ ရှိပါတယ်။ မြင်းကောင်းလည်း ရှိတာကြောင့် “ငါ စစ်ကိုင်းသွားဦး မည် ၊ ရွှေဘို သွားဦးမည် ” ဟု မိန့်ကာ မြင်းစီး ၍ ရုတ်တရက် ထွက်တော်မူ တတ်ပါတယ်။ နောက်လိုက်နောက်ပါ တို့မှာ ကပျာ ကသီမြင်းပြင် ၍ လိုက်သော် မမီသည် က များပါတယ်။

တစ်ခါသော် စစ်ကိုင်း မှ ရွှေဘိုသို့ အပြန် နောက်လိုက်နောက်ပါ တို့မှာ ဝေးလံစွာ ကျန်ရစ်ပြီး ရွှေဘို မှ ၁၄ မိုင် အကွာ ခေါ်တော အရပ် သို့ရောက်လာပါတယ်။ သခွားခင်း တစ်ခင်း ကိုတွေ့၍ ဆာလောင်နေသည် နှင့် မြင်းကို ယာခင်း အပြင်ဘက်တွင် ချိတ်ကာ ယာရှင်ယောက်ျား ထံ သခွားသီး စားပါရစေ ဟု ကောင်းမွန်စွာတောင်း၏။ ယာရှင် ကလည်း မင်းဖြစ်ကြောင်း မသိဘဲ “အလိုရှိသမျှ စားလေ ၊ အပင် ၊ အနွယ် ၊ အကင်း တို့ကိုကား မပျက်စေနှင့် ” ဟု ဆိုပါ တယ်။

နောင်တော်ကြီးကာ သခွားသီး ကို ဖြတ်၍ မဆွတ် ပဲ ဆွဲ၍ ဆွတ် သဖြင့် အပွင့် ၊ အကင်း တို့ အတန်ငယ် ပျက် သွားပါတယ်။ ယာရှင်မြင်သော် “နင်က စားရုံ စား ၊ မဖျက်ပါနှင့် ဟု ငါပြောလျက် ဖျက် ရသလော ” ဟု ဒေါသဖြစ်ကာ သတ်မည် ပုတ်မည် ပြုပါတယ်။ နောင်တော်ကြီး ကလည်း တစ်စုံတစ်ရာ အမျက်မထွက်ပဲ “နင်ယောက်ျားကောင်း ဆိုသော် သတ်ကြအံ့” ဟု ဆို၍ နှစ်ယောက် သားလုံးထွေး သတ်ပုတ်ကြပါတယ်။

ကျန်းမာ သန်စွမ်းသော နောင်တော် ကြီးအား ယာရှင် မနိုင်ပါလေ ၊ အခါခါအောက်ကျ၏ ။ အတန်ကြာသော် ယာရှင်လည်း မောလှတာကြောင့် ဘာမှ မတတ်နိုင်ပဲ ဘယ်လိုလူလဲ တွေးကာ ထိုင်ကြည့်နေရ ပါတယ်။ နောင်တော်ကြီးကား ပြုံးပြုံးရယ်ရယ် နှင့် သခွားသီး စားမြဲစားနေပါတယ်။

ထိုစဉ် ယာရှင် ၏ မိန်းမ ထမင်းပို့ရောက်လာတာ ကို နောင်တော်ကြီး တွေ့တော့ “ယောက်ဖ ၊ ငါလည်း ထမင်းစား ပါရစေ” ဟု ခွင့်တောင်းရာ ယာရှင်လည်း ဒေါသ ထွက်နေတာကြောင့် “မစားရဘူး ၊ နင့်ကို မကျွေးနိုင်” ဟု ဆိုပါတယ်။ ယာရှင် မိန်းမက မိမိယောက်ျားအား လက်ကုတ်ကာ “ယာ အပြင်ဘက်မှာ ရွှေ ကတောင်နှင့် မြင်းကောင်း တစ်စီး ချိတ်ထား သည်ကို ငါတွေ့ခဲ့သည်။ လူသာမည မဟုတ် ၊ မင်းဖြစ်ပုံရသည် ၊ တွေ့ကရာ မပြောနှင့်” ဟု တီးတိုးပြောပါတယ်။

နောက်လိုက်နောက်ပါ တို့မီလာ၍ ရှေ့တော်တွင် ဒူးထောက်ကြမှ မင်းဖြစ်ကြောင်း သိရှိကာ ကြောက်လန့် ကုန်ပြီး ရှိခိုးတောင်းပန်ပါတယ်။ နောင်တော်ဘုရား လည်း ပြုံးရယ်လျက် ” သင်တို့က တောင်းပန်ရန် မရှိ ၊ သင့် သခွား ကိုလည်း ငါ စားရသည်။ သတ်ပုတ်ကြသည် မှာလည်း သဘော တူဖြစ်သည်။ ငါကား မင်းဖြစ် သည် မှန်၏။ သို့သော် မကြောက်လင့်။ ယခု သင် ၏ သခွား များသည် အလွန် အရသာရှိ၏။ ငါ စံရာ ရွှေဘိုသို့ တစ်ခါ လောက် လာရောက် ဆက်ပါဘိ ” ဟု မိန့်တော်မူပါတယ်။

လ အတန်ကြာသော် ယာရှင် သည် ကောင်းနိုး ရာရာ သခွားသီး များကို ဆွတ်ခူး ထမ်းဆောင်လျက် ရွှေဘို သို့ သွားရောက်၍ နောင်တော် ကြီးဘုရား အား ဆက်သလေ၏။ နောင်တော် ဘုရား လည်း ယာရှင်ကို မမေ့ ဘဲ အလိုရှိရာ ကိုတောင်းစေတဲ့ အခါ ယာရှင်က ” သူကြီး ၏ အာဏာ မှ လွတ်လိုပါသည် ” ဟုလျှောက် တင် ပါတယ်။

” ဤ အတွက်ကား ရစိမ့်မည် ၊ အခြား အလိုရှိသည် ကိုလည်း တောင်းဦးလော့ ” ဟု မိန့်သော် လည်း ဤ တစ်ခုကိုရလျှင် ကျေနပ်သော ယာရှင်သည် မည်သည့်ဆုကိုမှ ထပ်၍ မတောင်းတော့ တာကြောင့် သူကြီး အာဏာ မှ လွတ်စေမည့် စာချွန်လွှာကို လက်မှတ် ထိုးကာ ယာရှင် ရဲ့ကျေးဇူး ကို ဆပ်လိုက်ပါတော့တယ်။

ဇာတ်လမ်းက ဒီမှာမပြီးသေးပါဘူး။ နောင်တော်ကြီးဘုရားနတ်ရွာစံပြီး နှစ်အတန်ကြာပြီးတဲ့နောက် ဘိုးတော်ဘုရား(ဗဒုံမင်း)လက်ထက်မှာ မင်းကြီးဟာ ယာရှင်ရဲ့ ယာဘက်ကိုရောက်ပါတယ်။ ရောက်တဲ့အခါမှာ နောင်တော်ရဲ့လက်ရေးနဲ့ စာချွန်လွှာကိုတွေ့ပြီး အမှတ်တရသိမ်းချင်လို့ ယာရှင်ထံကနေတောင်းပါတယ်။ ယာရှင်က မပေးပဲ အကြောက်အကန်ငြင်းပါတယ်။

နောက်ဆုံးမှာ ဘိုးတော်ဘုရားက ယာရှင် အား “ငါလည်းဘုရင်ပါပဲကွယ် ၊ ဒီလိုအမိန့်မျိုးငါပြန်ရေးပါမယ် ၊ နောင်တော့်ရဲ့စာချွန်လွှာတော့ငါ့ကိုပြန်ပေးလိုက်ပါ” လို့ မိန့်တော့မှ ယာရှင်က သဘောတူပါတယ်။ မင်းကြီးရေးပေးခဲ့တဲ့ စာချွန်လွှာကြောင့် ယာရှင်ဟာ တစ်သက်လုံး သူကြီးရဲ့ဆင့်ခေါ်မှုကင်းလွတ်ခွင့်ရပြီး အေးချမ်းစွာနေသွားရပါတယ်။
ကိုးကား
မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ – အမျိုးသားပညာဝန် ဦးဖိုးကျား
မြန်မာ့သမိုင်းထဲက အထင်ကရ ဇာတ်ကောင်များ – မောင်ကြည်သန့်
မြန်မာ့စွယ်စုံကျမ်း

Leave a Reply