ဆန္မာရီႏုိ ႏုိင္ငံငယ္ေလး အေၾကာင္း သိေကာင္းစရာ

Posted on

ဆန္မာရီနိုနိုင္ငံဟာ ဗာတီကန္စီစတီးလိုပဲ အီတလီနိုင္ငံအတြင္းမွာတည္ရွိေနတဲ့ ႏုိင္ငံငယ္ေလးပဲျဖစ္ပါတယ္။ ေတာင္ထူထပ္တဲ့ေဒသျဖစ္ျပီး နာမည္ေက်ာ္ကၽြန္သူရဲ ေကာင္း စပါတာကတ္ေရာမစစ္တပ္ကို အေျခခ်ေတာ္လွန္ခဲ့တဲ့ Apennine ေတာင္ရဲ့ အေရွ့ေျမာက္ဘက္မွာတည္ရွိတဲ့ Italian ကၽြန္းဆြယ္မွာတည္ရွိပါတယ္။ ဆန္မာရီနိုနိုင္ငံ ရဲ့တရားဝင္အမည္ကေတာ့ ဆန္မာရီနိုသမၼတနိုင္ငံျဖစ္ျပီး ဒီနိုင္ငံရဲ့သာယာလွပတဲ့ သဘာဝပတ္ဝန္းက်င္ အေနအထားေၾကာင့္ လူသိမ်ားပါတယ္။ ဆန္မာရီနိုနိုင္ငံရဲ့ တရား ဝင္ရံုးသံုးစာကေတာ့ အီတလီဘာသာစကားပဲျဖစ္ပါတယ္။

၂၀၁၇ခုႏွစ္မွာ ေကာက္ခံတဲ့ စာရင္းေတြအရ ဆန္မာရီနိုနိုင္ငံရဲ့ လူဦးေရဟာ ၃၃၅၃၇ ဦးရွိျပီး လူဦးေရရဲ႕ ၉၉%ဟာ ခရစ္ယာန္ဘာသာ၀င္မ်ားျဖစ္ၾကပါတယ္။ ႏုိင္ငံဧရိယာကေတာ့ ၂၄စတုရန္းမုိင္သာ က်ယ္ဝန္းပါတယ္။ ဒါအျပင္ ဆန္မာရီႏုိႏုိင္ငံဟာ ကမာၻေပၚမွာ ပဥၥမေျမာက္ အေသးဆံုးနိုင္ငံျဖစ္ျပီး ဥေရာပမွာေတာ့ ဗာတီကန္စီးတီးနဲ႔ မိုနာကို ႏုိင္ငံျပီးရင္ တတိယေျမာက္ အေသးဆံုးနိုင္ငံျဖစ္ပါတယ္။ ဆန္မာရီနိုနိုင္ငံရဲ့ ျမိဳ႔ေတာ္အမည္ကို ဆန္မာရီနိုလို႔ နိုင္ငံတကာက သိၾကျပီး ေဒသခံေတြ ကေတာ့ Citta လို႔ေခၚဆိုၾကပါတယ္။

ဆန္မာရီနိုျမိဳ႕ေတာ္ရဲ့ ထင္ရွားတဲ့ေနရာကေတာ့ Palazzo Pubblico ျမိဳ႕ေတာ္ခမ္းမ ျဖစ္ျ္ပီး အစိုးရအဖြဲ႔ ရံုးစိုက္ရာ အေဆာက္အအံုလည္းျဖစ္ပါတယ္။ အဲဒီအေဆာက္အအံု ဒီဇိုင္းကိုေတာ့ ေခတ္သစ္ေရာမနိုင္ငံသား၊ ဗိသုကာပညာရွင္တစ္ဦးျဖစ္တဲ့ Francesco Azzurri ကဒီဇိုင္းေရးဆြဲေပးခဲ့ျပီး (၁၈၈၄-၁၈၉၄)ခုနွစ္အတြင္း အျပီးေဆာက္လုပ္ခဲ့ပါတယ္။

Basilica of the Saint ကိုေတာ့ (၁၈၂၆)ခုနွစ္အတြင္းကတည္ေဆာက္ခဲ့တာျဖစ္ျပီး အီတလီနိုင္ငံ၊ ဘိုေလာ့နာျမိဳ႔က ဗိသုကာပညာရွင္ Antonio Serra ကဒီဇိုင္းထုတ္ေရး ဆြဲေပးခဲ့ပါတယ္။ ယခုျမင္ေတြ႔ရတဲ့ အေဆာက္အအံုဟာ (၅)ရာစုေလာက္က ေရာမခရစ္ယာန္ဘုရားရွိခိုး ေက်ာင္းပံုစံတည္ေဆာက္ထားတဲ့ အေဆာက္အအံုေဟာင္းကို ျဖိဳခ်ျပီး အသစ္ျပန္လည္ တည္ေဆာက္ခဲ့တာ လည္းျဖစ္ပါတယ္။

Mounte Titano ကေတာ့ Apennines ေတာင္ရဲ့အဆက္ေတာင္တန္းျဖစ္ျပီး ဆန္မာရီနို နိုင္ငံရဲ့ အျမင့္ဆံုးအပိုင္းျဖစ္ပါတယ္။ အဲဒီေတာင္ထိပ္ဟာ ပင္လယ္ေရမ်က္နွာ ျပင္အထက္ ေပေပါင္း(၂၄၂၅)ေပအျမင့္ရွိျပီး ျမိဳ႕ေတာ္ Citta အေရွပိုင္းနဲ႔ နီးနီးကပ္ကပ္ တည္ရွိေနပါတယ္။ ဆန္မာရီနို နိုင္ငံမွ ာေျမျပန္႔လြင္ျပင္ဆိုတာ လံုးဝမရွိပဲ ေနရာတိုင္း ဟာ ေတာင္ကုန္း၊ေတာင္တန္းေတြနဲ႔ ျပည့္နွက္ေနပါတယ္။ San Marino သမုိင္းစင္တာ နဲ႔ Titano ေတာင္ကို ၂၀၀၈ ခုနွစ္မွာေတာ့ UNESCO အဖြဲ႔က ထိန္းသိမ္း ေစာင့္ေရွာက္ရမည့္ ကမာၻအေမြအနွစ္ေဒသအျဖစ္သတ္မွတ္ခဲ့ပါတယ္။ ဒီေဒသဟာ ၅၅ hectares (၁၃၆ ဧက) က်ယ္ဝန္းျပီး Mount Titano အပါအဝင္၊ (၁၃)ရာစု ေလာက္ ကတည္းက ျမိဳ႔ျပနိုင္ငံအျဖစ္တည္ေဆာက္ခဲ့တဲ့ ျမိဳ႕ေတာ္ေဟာင္းရဲ့ ယဥ္ေက်းမႈဆိုင္ရာ အေမြအနွစ္၊ ထိန္းသိမ္းရာေနရာေတြလည္း ပါဝင္ပါတယ္။

ဆန္မာရီနိုနိုင္ငံရဲ့ အျခားေက်ာ္ၾကားတဲ့ ေနရာကေတာ့ Monte Titanoရဲ့ ေတာင္ထိပ္ သံုးခုေပၚမွာတည္ေဆာက္ထားတဲ့ ေမ်ွာ္စင္သံုးခု(Three Tower of San Marino) ပဲ ျဖစ္ပါတယ္။ အဲဒီေမ်ွာ္စင္(၃)ခုကိုေတာ့ ဆန္မာရီနိုနိုင္ငံရဲ့အလံနဲ႔ မ်ိဳးႏြယ္စုဆိုင္ရာ အေဆာင္အေယာင္ေတြနဲ႔ ျခယ္မႈန္းထားပါတယ္။ Guaita ကေတာ့ အဲဒီေမ်ွာ္စင္(၃)ခုအနက္က သက္တမ္းအရင့္ဆံုးနဲ႔ အထင္ရွားဆံုး ေမ်ွာ္စင္ျဖစ္ပါတယ္။ အဲဒီေမ်ွာ္စင္ကို (၁၁)ရာစုေလာက္ကတည္းကတည္ေဆာက္ခဲ့ ျပီး ေထာင္အျဖစ္ ခဏတာသံုးစြဲခဲ့ပါေသးတယ္။

Cesta ကေတာ့ Monte Titano ရဲ့ အျမင့္ဆံုးေတာင္ထြတ္မွာတည္ေဆာက္ထားတာ ျဖစ္ပါတယ္။ (၁၃)ရာစုေလာက္က တည္ေဆာက္ခဲ့တာျဖစ္ျပီး ေရာမခံတပ္ တစ္ခုအေနနဲ႔လည္းထင္ရွားပါတယ္။ Montale ကေတာ့ ေမ်ွာ္စင္(၃)ခုအနက္ အငယ္ဆံုးျဖစ္ျပီး (၁၄)ရာစုအတြင္းက လူခ်မ္းသာတစ္ဦးက ကိုယ္ပိုင္အေဆာက္အအံုအေနနဲ႔ တည္ေဆာက္ခဲ့ပါတယ္။ ယခုခ်ိန္ထိ ပုဂၢလိက သာပိုင္ဆိုင္တာေၾကာင့္ အျခားေမ်ွာ္စင္နွစ္ခုလို ဖြင့္လွစ္ျပသ ျခင္းေတာ့မရွိပါဘူး။

ဆန္မာရီႏုိရဲ့ ထင္ရွားတဲ့အမွတ္အသားတစ္ခုကေတာ့ ေနရာက်ဥ္းက်ဥ္းေလးတစ္ခု တည္းမွာ ေရွးေဟာင္းေက်ာက္ဆစ္လက္ရာေပါင္း(၁၀၀)ေက်ာ္နဲ႔ အတူတည္ရွိေနတဲ့ Lady of Liberty ရုပ္တုျဖစ္ျပီး ၿမိဳ႔ေတာ္ခန္းမရဲ့ အေရွဘက္မွာတည္ရွိပါတယ္။ အဲဒီရုပ္တုဟာ Monte Titano မွာရွိတဲ့ ေမ်ွာ္စင္(၃)ခုကို ထိပ္ပိုင္းမွာ အေသးစားပံုေဖာ္ထားတဲ့ သရဖူကိုေဆာင္းထားပါတယ္။

ဆန္မာရီနိုနိုင္ငံကိုေရွးအက်ဆံုးေသာ ဖြဲ႕စည္းပံုအေျခခံဥပေဒဆိုင္ရာ အခ်ဳပ္အျခာ အာဏာပိုင္ဆိုင္တဲ့ နိုင္ငံအျဖစ္ သတ္မွတ္ၾကပါတယ္။ ဆန္မာရီနိုနိုင္ငံရဲ့ အေျခခံဥပေဒ ကိုခ်မွတ္ခဲ့သူေတြကေတာ့ Monastic Community(ခရစ္ယာန္ဘုန္းေတာ္ၾကီး အသိုင္း အဝိုင္း) ကေနခ်မွတ္ခဲ့တာျဖစ္ျပီး ေအဒီ၃၀၁ ခုနွစ္၊ စက္တင္ဘာ(၃)ရက္ေန႔အတည္ျပဳခဲ့ တာျဖစ္တယ္လို႔  Marinus of Arba က မွတ္ တမ္းတင္ေရးထိုးထားခဲ့ပါတယ္။ ယင္းကာလကထုတ္ျပန္ခဲ့တဲ့ အေျခခံဥပေဒကို ယေန႔အခ်ိန္ထိ ဆန္မာရီနိုနိုင္ငံမွာ က်င့္သံုးလ်က္ရွိေနျပီး ကမာၻေပၚမွာ ေရွးအက်ဆံုး ေသာ ဖြဲ႕စည္းပံုအေျခခံဥပေဒ ျပဌာန္းျပီးအုပ္ခ်ဳပ္တဲ့ နိုင္ငံအျဖစ္ မွတ္တမ္းတင္ျခင္း ကိုခံခဲ့ရပါတယ္။ (၁၆၀၀)ျပည့္နွစ္မွာေတာ့ အခ်ိဳ႕ေသာေခတ္ကာလနဲ႔ ကြဲလြဲတဲ့ ဥပေဒဆိုင္ရာ အဆိုျပဳခ်က္ေတြကို ျပန္လည္ျပင္ဆင္ ထုတ္ျပန္ခဲ့ပါတယ္။

ဆန္မာရီနိုနိုင္ငံဟာ ေတာင္တန္းေဒသျဖစ္တာနဲ႔အညီ သံလြင္ပင္၊ ထင္းရွဴးပင္၊ ဝက္သစ္ခ်ပင္၊ Ash(ေငြျပာေရာင္ အေခါက္ရွိတဲ့ သစ္ပင္ၾကီးတစ္မ်ိဳး) အပင္ေတြကို သာေတြ႔ရွိနိုင္ပါတယ္။  ဒါ့အျပင္ ဆန္မာရီနိုရဲ့ ေတာင္တန္းေတြမွာ ေပြးသတၱဝါ၊ ျဖဴေကာင္၊ ေျမေခြး၊ badger (ဦးေခါင္းတြင္အနက္စင္းပါရွိျပီးညဘက္တြင္ တြင္းတူးေန ထိုင္ေလ့ရွိတဲ့ နို႔တိုက္သတၱဝါတစ္မ်ိဳး၊ ဖ်ံနီညိဳ၊ hares လို႔ခၚတဲ့ ေတာယုန္အေကာင္ၾကီးမ်ိဳး ေတြရွင္သန္ေနထိုင္ၾကတာကိုလည္းေတြ႔ရပါတယ္။ ဆန္မာရီနိုနိုင္ငံအတြင္းမွာ မ်ားစြာေသာျမစ္ငယ္ေတြ၊ ေရစီးေၾကာင္းတစ္ေလ်ာက္ ျဖတ္သန္းစီးဆင္းေနတာကို လည္းျမင္ေတြ႔ရမွာျဖစ္ပါတယ္။

Ausa၊ Marano၊နဲ႔ ဆန္မာရီနို ျမစ္ေတြကေတာ့ ဒီႏုိင္ငံရဲ့ထင္ရွားတဲ့ ျမစ္ေတြျဖစ္ၾကပါတယ္။ ဆန္မာရီနိုင္ငံသားေတြကိုေတာ့ Sammarinese ေတြလို႔ေခၚဆိုၾကျပီး အီတာလ်ံ အႏြယ္ ဝင္မ်ိဳးေဆြေတြကပဲ ဆင္းသက္လာခဲ့ၾကသူေတြျဖစ္ပါတယ္။

Torta Tre Monti ဆိုတဲ့ရိုးရာအစားအစာကေတာ့ ဆန္မာရီနိုနိုင္ငံရဲ့ထင္ရွားတဲ့ Monte Titano ေတာင္ထိပ္က ေမ်ွာ္စင္သံုးခုကိုရည္ရြယ္ျပီးျပဳလုပ္ထားပါတယ္။ ဒီအစား အစာဟာ ဆန္မာရီနိုလူမ်ိဳးေတြရဲ့ ရိုးရာအစားအစာျဖစ္ျပီး ေဝဖာေတြကိုအသံုးျပဳျပီး ေမ်ွာ္စင္သ႑ာန္ျပဳလုပ္ထားျပီး ေခ်ာကလက္၊သစ္အယ္သီး၊ မလိုင္စတာေတြကို အခ်ိဳး က်ထည့္သြင္းျပီး စားခ်င္စဖြယ္ ကိတ္တစ္ခုအသြင္ဖန္တီးထားတာပါ။

ဆန္မာရီနိုနိုင္ငံရဲ့ GDP ကေတာ့ နိုင္ငံသားတစ္ဦးခ်င္းစီအေနနဲ႔ တစ္နွစ္ကို ပ်ွမ္းမ်ွအေမရိကန္ ေဒၚလာ ၅၅၄၄၉ ရရိွေနပါတယ္။ ဒီပမာဏဟာ ဥေရာပတိုက္က ဖြံျဖိဳးျပီးနိုင္ငံျဖစ္တဲ့ ဒိန္းမတ္နိုင္ငံနဲ႔ ေတာင္ႏိႈင္းယွဥ္နိုင္တဲ့ အေရအတြက္ျဖစ္ၿပီး ဆန္မာရီႏုိဟာ ကမာၻ႔အခ်မ္းသာဆုံးႏုိင္ငံေတြထဲက တစ္ႏုိင္ငံျဖစ္ပါတယ္။ ဆန္မာရီႏုိနိုင္ငံရဲ့အဓိက စီးပြားေရးလုပ္ငန္းေတြကေတာ့ ဘဏ္လုပ္ငန္း၊လ်ွပ္စစ္ပစၥည္း ထုတ္လုပ္တဲ့လုပ္ငန္း၊ ေၾကြထည္၊ ေျမထည္ထုတ္လုပ္တဲ့လုပ္ငန္း၊တို႔ျဖစ္ပါတယ္။

ဒါအျပင္ ကမာၻထိပ္တန္း ဝိုင္အရက္၊ဒိန္ခ်ဥ္/ဒိန္ခဲ ထုတ္လုပ္တဲ့ နိုင္ငံလည္းျဖစ္ပါတယ္။  ဆန္မာရီနိုနိုင္ငံရဲ့ စာပို႔တံဆိပ္ေခါင္းထုတ္လုပ္ေရာင္းခ်တဲ့လုပ္ငန္းဟာ နာမည္ေက်ာ္ျပီး နိုင္ငံတြင္းမွာလည္း သက္တမ္းရွည္ၾကာျပီျဖစ္တဲ့ ခိုင္မာတဲ့ စာသယ္သူပို႔ေဆာင္ေရးစနစ္တစ္ခုကို အေကာင္အထည္ေဖာ္ထားနိုင္ပါတယ္။ အထူးသျဖင့္ ဆန္မာရီနိုနိုင္ငံရဲ့ေရွးက်တဲ့ တံဆိပ္ေခါင္းေတြဟာ ကမာၻအရပ္ရပ္က စာပို႔တံဆိပ္ ေခါင္းစုေဆာင္းသူေတြကိုစြဲေဆာင္ထားနိုင္ တာေၾကာင့္ ဆန္မာရီနိုနိုင္ငံရဲ့အဓိက နိုင္ငံျခားဝင္ေငြကို စာပို႕တံဆိပ္ေခါင္းထုတ္လုပ္တဲ့ လုပ္ငန္းကေနရရွိေနတာပဲျဖစ္ပါတယ္။

ဆန္မာရီနိုနိုင္ငံဟာ ပထမကမာၻစစ္ေရာ၊ ဒုတိယ ကမာၻစစ္ကာလအတြင္းမွာ စစ္ေဘးဒဏ္ကို မခံခဲ့ရပါဘူး။ ဒါအျပင္ ဒုတိယကမာၻစစ္ ကာလအတြင္းက စစ္ေဘးဒဏ္ခံ အီတလီနဲ႔ ဂ်ဴးလူမ်ိဳး(၁၀၀၀၀၀)ေက်ာ္ေလာက္ကို နိုင္ငံတြင္း ကယ္ဆယ္ေပးနိုင္ခဲ့ပါတယ္။ အဲဒီပမာဏဟာ ဆန္မာရီနိုနိုင္ငံရဲ့ လူဦးေရရဲ့(၁၀)ဆျဖစ္ေနေပမဲ့ ဆန္မာရီနိုနိုင္ငံကေတာ့ ေခ်ာေခ်ာေမြ႔ေမြ႔ပဲ အကူအညီ ေပးနိုင္ခဲ့ပါတယ္။

ထူးထူးျခားျခားပဲ ၁၉၄၀ ခုနွစ္မွာ နယူးေယာက္သတင္းစာက ဆန္မာရီနိုနိုင္ငံဟာ ျဗိတိန္နိုင္ငံအေပၚစစ္ေၾကျငာခဲ့တယ္လို႔ေဖာ္ျပခဲ့ဖူးပါတယ္။ ယင္းကာလက အီတလီဟာ အာဏာရွင္ မူဆိုလီနီရဲ့ ၾသဇာေအာက္မွာရွိတာမို႔ အီတလီအင္ပါယာအတြင္းမွာလိုျဖစ္ေနတဲ့ ဆန္မာရီနိုနိုင္ငံအေပၚ မွားယြင္း ျပီးေဖာ္ျပခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ ေနာက္ပိုင္းမွာ ဆန္မာရီနိုနိုင္ငံရဲ့အစိုးရအဖြဲ႔ က မိမိတို႔မွာျငိမ္းခ်မ္းေရးသမားမ်ား၊အလယ္လတ္ဝါဒီမ်ားျဖစ္ျပီး စစ္ေၾကျငာျခင္းမရွိပါဟု ၿဗိတိန္ အစိုးရထံ စာေရးသား ေျဖရွင္းခဲ့ရပါေသးတယ္။

ဆန္မာရီနိုနိုင္ငံဟာ ကမာၻေပၚ မွာစစ္အင္အား အနည္းပါးဆံုးေသာနိုင္ငံငယ္ျဖစ္ျပီး နိုင္ငံေတာ္ရဲ့လံုျခံဳေရးကို အီတလီ နိုင္ငံက တာဝန္ယူထားေပးရတဲ့ နိုင္ငံျဖစ္ပါတယ္။ အထက္မွာေဖာ္ျပခဲ့တဲ့ စိတ္ဝင္စားစရာအခ်က္အလက္ေတြနဲ႔ လွပတဲ့ သဘာဝပတ္ဝန္း က်င္ေတြေၾကာင့္ ဆန္မာရီနိုနိုင္ငံကို နွစ္စဥ္ ကမာၻလွည့္ခရီးသည္(၃)သန္းေလာက္ လာေရာက္လည္ပတ္ၾကပါတယ္။

သုတဇုန္

————————

ဆန်မာရီနို နိုင်ငံငယ်လေး အကြောင်း သိကောင်းစရာ (unicode)

ဆန်မာရီနိုနိုင်ငံဟာ ဗာတီကန်စီစတီးလိုပဲ အီတလီနိုင်ငံအတွင်းမှာတည်ရှိနေတဲ့ နိုင်ငံငယ်လေးပဲဖြစ်ပါတယ်။ တောင်ထူထပ်တဲ့ဒေသဖြစ်ပြီး နာမည်ကျော်ကျွန်သူရဲ ကောင်း စပါတာကတ်ရောမစစ်တပ်ကို အခြေချတော်လှန်ခဲ့တဲ့ Apennine တောင်ရဲ့ အရှေ့မြောက်ဘက်မှာတည်ရှိတဲ့ Italian ကျွန်းဆွယ်မှာတည်ရှိပါတယ်။ ဆန်မာရီနိုနိုင်ငံ ရဲ့တရားဝင်အမည်ကတော့ ဆန်မာရီနိုသမ္မတနိုင်ငံဖြစ်ပြီး ဒီနိုင်ငံရဲ့သာယာလှပတဲ့ သဘာဝပတ်ဝန်းကျင် အနေအထားကြောင့် လူသိများပါတယ်။ဆန်မာရီနိုနိုင်ငံရဲ့ တရား ဝင်ရုံးသုံးစာကတော့ အီတလီဘာသာစကားပဲဖြစ်ပါတယ်။

၂၀၁၇ခုနှစ်မှာ ကောက်ခံတဲ့ စာရင်းတွေအရ ဆန်မာရီနိုနိုင်ငံရဲ့ လူဦးရေဟာ ၃၃၅၃၇ ဦးရှိပြီး လူဦးရေရဲ့ ၉၉%ဟာ ခရစ်ယာန်ဘာသာဝင်များဖြစ်ကြပါတယ်။ နိုင်ငံဧရိယာကတော့ ၂၄စတုရန်းမိုင်သာ ကျယ်ဝန်းပါတယ်။ ဒါအပြင် ဆန်မာရီနိုနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပဥ္စမမြောက် အသေးဆုံးနိုင်ငံဖြစ်ပြီး ဥရောပမှာတော့ ဗာတီကန်စီးတီးနဲ့ မိုနာကို နိုင်ငံပြီးရင် တတိယမြောက် အသေးဆုံးနိုင်ငံဖြစ်ပါတယ်။ ဆန်မာရီနိုနိုင်ငံရဲ့ မြို့တော်အမည်ကို ဆန်မာရီနိုလို့ နိုင်ငံတကာက သိကြပြီး ဒေသခံတွေ ကတော့ Citta လို့ခေါ်ဆိုကြပါတယ်။

ဆန်မာရီနိုမြို့တော်ရဲ့ ထင်ရှားတဲ့နေရာကတော့ Palazzo Pubblico မြို့တော်ခမ်းမ ဖြစ်ျ္ပီး အစိုးရအဖွဲ့ ရုံးစိုက်ရာ အဆောက်အအုံလည်းဖြစ်ပါတယ်။ အဲဒီအဆောက်အအုံ ဒီဇိုင်းကိုတော့ ခေတ်သစ်ရောမနိုင်ငံသား၊ ဗိသုကာပညာရှင်တစ်ဦးဖြစ်တဲ့ Francesco Azzurri ကဒီဇိုင်းရေးဆွဲပေးခဲ့ပြီး (၁၈၈၄-၁၈၉၄)ခုနှစ်အတွင်း အပြီးဆောက်လုပ်ခဲ့ပါတယ်။

Basilica of the Saint ကိုတော့ (၁၈၂၆)ခုနှစ်အတွင်းကတည်ဆောက်ခဲ့တာဖြစ်ပြီး အီတလီနိုင်ငံ၊ ဘိုလော့နာမြို့က ဗိသုကာပညာရှင် Antonio Serra ကဒီဇိုင်းထုတ်ရေး ဆွဲပေးခဲ့ပါတယ်။ ယခုမြင်တွေ့ရတဲ့ အဆောက်အအုံဟာ (၅)ရာစုလောက်က ရောမခရစ်ယာန်ဘုရားရှိခိုး ကျောင်းပုံစံတည်ဆောက်ထားတဲ့ အဆောက်အအုံဟောင်းကို ဖြိုချပြီး အသစ်ပြန်လည် တည်ဆောက်ခဲ့တာ လည်းဖြစ်ပါတယ်။

Mounte Titano ကတော့ Apennines တောင်ရဲ့အဆက်တောင်တန်းဖြစ်ပြီး ဆန်မာရီနို နိုင်ငံရဲ့ အမြင့်ဆုံးအပိုင်းဖြစ်ပါတယ်။ အဲဒီတောင်ထိပ်ဟာ ပင်လယ်ရေမျက်နှာ ပြင်အထက် ပေပေါင်း(၂၄၂၅)ပေအမြင့်ရှိပြီး မြို့တော် Citta အရှေပိုင်းနဲ့ နီးနီးကပ်ကပ် တည်ရှိနေပါတယ်။ ဆန်မာရီနို နိုင်ငံမှ ာမြေပြန့်လွင်ပြင်ဆိုတာ လုံးဝမရှိပဲ နေရာတိုင်း ဟာ တောင်ကုန်း၊တောင်တန်းတွေနဲ့ ပြည့်နှက်နေပါတယ်။ San Marino သမိုင်းစင်တာ နဲ့ Titano တောင်ကို ၂၀၀၈ ခုနှစ်မှာတော့ UNESCO အဖွဲ့က ထိန်းသိမ်း စောင့်ရှောက်ရမည့် ကမ္ဘာအမွေအနှစ်ဒေသအဖြစ်သတ်မှတ်ခဲ့ပါတယ်။ ဒီဒေသဟာ ၅၅ hectares (၁၃၆ ဧက) ကျယ်ဝန်းပြီး Mount Titano အပါအဝင်၊ (၁၃)ရာစု လောက် ကတည်းက မြို့ပြနိုင်ငံအဖြစ်တည်ဆောက်ခဲ့တဲ့ မြို့တော်ဟောင်းရဲ့ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်၊ ထိန်းသိမ်းရာနေရာတွေလည်း ပါဝင်ပါတယ်။

ဆန်မာရီနိုနိုင်ငံရဲ့ အခြားကျော်ကြားတဲ့ နေရာကတော့ Monte Titanoရဲ့ တောင်ထိပ် သုံးခုပေါ်မှာတည်ဆောက်ထားတဲ့ မျှော်စင်သုံးခု(Three Tower of San Marino) ပဲ ဖြစ်ပါတယ်။ အဲဒီမျှော်စင်(၃)ခုကိုတော့ ဆန်မာရီနိုနိုင်ငံရဲ့အလံနဲ့ မျိုးနွယ်စုဆိုင်ရာ အဆောင်အယောင်တွေနဲ့ ခြယ်မှုန်းထားပါတယ်။ Guaita ကတော့ အဲဒီမျှော်စင်(၃)ခုအနက်က သက်တမ်းအရင့်ဆုံးနဲ့ အထင်ရှားဆုံး မျှော်စင်ဖြစ်ပါတယ်။ အဲဒီမျှော်စင်ကို (၁၁)ရာစုလောက်ကတည်းကတည်ဆောက်ခဲ့ ပြီး ထောင်အဖြစ် ခဏတာသုံးစွဲခဲ့ပါသေးတယ်။

Cesta ကတော့ Monte Titano ရဲ့ အမြင့်ဆုံးတောင်ထွတ်မှာတည်ဆောက်ထားတာ ဖြစ်ပါတယ်။ (၁၃)ရာစုလောက်က တည်ဆောက်ခဲ့တာဖြစ်ပြီး ရောမခံတပ် တစ်ခုအနေနဲ့လည်းထင်ရှားပါတယ်။ Montale ကတော့ မျှော်စင်(၃)ခုအနက် အငယ်ဆုံးဖြစ်ပြီး (၁၄)ရာစုအတွင်းက လူချမ်းသာတစ်ဦးက ကိုယ်ပိုင်အဆောက်အအုံအနေနဲ့ တည်ဆောက်ခဲ့ပါတယ်။ ယခုချိန်ထိ ပုဂ္ဂလိက သာပိုင်ဆိုင်တာကြောင့် အခြားမျှော်စင်နှစ်ခုလို ဖွင့်လှစ်ပြသ ခြင်းတော့မရှိပါဘူး။

ဆန်မာရီနိုရဲ့ ထင်ရှားတဲ့အမှတ်အသားတစ်ခုကတော့ နေရာကျဉ်းကျဉ်းလေးတစ်ခု တည်းမှာ ရှေးဟောင်းကျောက်ဆစ်လက်ရာပေါင်း(၁၀၀)ကျော်နဲ့ အတူတည်ရှိနေတဲ့ Lady of Liberty ရုပ်တုဖြစ်ပြီး မြို့တော်ခန်းမရဲ့ အရှေဘက်မှာတည်ရှိပါတယ်။ အဲဒီရုပ်တုဟာ Monte Titano မှာရှိတဲ့ မျှော်စင်(၃)ခုကို ထိပ်ပိုင်းမှာ အသေးစားပုံဖော်ထားတဲ့ သရဖူကိုဆောင်းထားပါတယ်။

ဆန်မာရီနိုနိုင်ငံကိုရှေးအကျဆုံးသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အချုပ်အခြာ အာဏာပိုင်ဆိုင်တဲ့ နိုင်ငံအဖြစ် သတ်မှတ်ကြပါတယ်။ ဆန်မာရီနိုနိုင်ငံရဲ့ အခြေခံဥပဒေ ကိုချမှတ်ခဲ့သူတွေကတော့ Monastic Community(ခရစ်ယာန်ဘုန်းတော်ကြီး အသိုင်း အဝိုင်း) ကနေချမှတ်ခဲ့တာဖြစ်ပြီး အေဒီ၃၀၁ ခုနှစ်၊ စက်တင်ဘာ(၃)ရက်နေ့အတည်ပြုခဲ့ တာဖြစ်တယ်လို့  Marinus of Arba က မှတ် တမ်းတင်ရေးထိုးထားခဲ့ပါတယ်။ ယင်းကာလကထုတ်ပြန်ခဲ့တဲ့ အခြေခံဥပဒေကို ယနေ့အချိန်ထိ ဆန်မာရီနိုနိုင်ငံမှာ ကျင့်သုံးလျက်ရှိနေပြီး ကမ္ဘာပေါ်မှာ ရှေးအကျဆုံး သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းပြီးအုပ်ချုပ်တဲ့ နိုင်ငံအဖြစ် မှတ်တမ်းတင်ခြင်း ကိုခံခဲ့ရပါတယ်။ (၁၆၀၀)ပြည့်နှစ်မှာတော့ အချို့သောခေတ်ကာလနဲ့ ကွဲလွဲတဲ့ ဥပဒေဆိုင်ရာ အဆိုပြုချက်တွေကို ပြန်လည်ပြင်ဆင် ထုတ်ပြန်ခဲ့ပါတယ်။

ဆန်မာရီနိုနိုင်ငံဟာ တောင်တန်းဒေသဖြစ်တာနဲ့အညီ သံလွင်ပင်၊ ထင်းရှူးပင်၊ ဝက်သစ်ချပင်၊ Ash(ငွေပြာရောင် အခေါက်ရှိတဲ့ သစ်ပင်ကြီးတစ်မျိုး) အပင်တွေကို သာတွေ့ရှိနိုင်ပါတယ်။  ဒါ့အပြင် ဆန်မာရီနိုရဲ့ တောင်တန်းတွေမှာ ပွေးသတ္တဝါ၊ ဖြူကောင်၊ မြေခွေး၊ badger (ဦးခေါင်းတွင်အနက်စင်းပါရှိပြီးညဘက်တွင် တွင်းတူးနေ ထိုင်လေ့ရှိတဲ့ နို့တိုက်သတ္တဝါတစ်မျိုး၊ ဖျံနီညို၊ hares လို့ခါ်တဲ့ တောယုန်အကောင်ကြီးမျိုး တွေရှင်သန်နေထိုင်ကြတာကိုလည်းတွေ့ရပါတယ်။ ဆန်မာရီနိုနိုင်ငံအတွင်းမှာ များစွာသောမြစ်ငယ်တွေ၊ ရေစီးကြောင်းတစ်လျောက် ဖြတ်သန်းစီးဆင်းနေတာကို လည်းမြင်တွေ့ရမှာဖြစ်ပါတယ်။

Ausa၊ Marano၊နဲ့ ဆန်မာရီနို မြစ်တွေကတော့ ဒီနိုင်ငံရဲ့ထင်ရှားတဲ့ မြစ်တွေဖြစ်ကြပါတယ်။ ဆန်မာရီနိုင်ငံသားတွေကိုတော့ Sammarinese တွေလို့ခေါ်ဆိုကြပြီး အီတာလျံ အနွယ် ဝင်မျိုးဆွေတွေကပဲ ဆင်းသက်လာခဲ့ကြသူတွေဖြစ်ပါတယ်။

Torta Tre Monti ဆိုတဲ့ရိုးရာအစားအစာကတော့ ဆန်မာရီနိုနိုင်ငံရဲ့ထင်ရှားတဲ့ Monte Titano တောင်ထိပ်က မျှော်စင်သုံးခုကိုရည်ရွယ်ပြီးပြုလုပ်ထားပါတယ်။ ဒီအစား အစာဟာ ဆန်မာရီနိုလူမျိုးတွေရဲ့ ရိုးရာအစားအစာဖြစ်ပြီး ဝေဖာတွေကိုအသုံးပြုပြီး မျှော်စင်သဏ္ဍာန်ပြုလုပ်ထားပြီး ချောကလက်၊သစ်အယ်သီး၊ မလိုင်စတာတွေကို အချိုး ကျထည့်သွင်းပြီး စားချင်စဖွယ် ကိတ်တစ်ခုအသွင်ဖန်တီးထားတာပါ။

ဆန်မာရီနိုနိုင်ငံရဲ့ GDP ကတော့ နိုင်ငံသားတစ်ဦးချင်းစီအနေနဲ့ တစ်နှစ်ကို ပျှမ်းမျှအမေရိကန် ဒေါ်လာ ၅၅၄၄၉ ရရှိနေပါတယ်။ ဒီပမာဏဟာ ဥရောပတိုက်က ဖွံဖြိုးပြီးနိုင်ငံဖြစ်တဲ့ ဒိန်းမတ်နိုင်ငံနဲ့ တောင်နှိုင်းယှဉ်နိုင်တဲ့ အရေအတွက်ဖြစ်ပြီး ဆန်မာရီနိုဟာ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။ ဆန်မာရီနိုနိုင်ငံရဲ့အဓိက စီးပွားရေးလုပ်ငန်းတွေကတော့ ဘဏ်လုပ်ငန်း၊လျှပ်စစ်ပစ္စည်း ထုတ်လုပ်တဲ့လုပ်ငန်း၊ ကြွေထည်၊ မြေထည်ထုတ်လုပ်တဲ့လုပ်ငန်း၊တို့ဖြစ်ပါတယ်။ ဒ

ါအပြင် ကမ္ဘာထိပ်တန်း ဝိုင်အရက်၊ဒိန်ချဉ်/ဒိန်ခဲ ထုတ်လုပ်တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။  ဆန်မာရီနိုနိုင်ငံရဲ့ စာပို့တံဆိပ်ခေါင်းထုတ်လုပ်ရောင်းချတဲ့လုပ်ငန်းဟာ နာမည်ကျော်ပြီး နိုင်ငံတွင်းမှာလည်း သက်တမ်းရှည်ကြာပြီဖြစ်တဲ့ ခိုင်မာတဲ့ စာသယ်သူပို့ဆောင်ရေးစနစ်တစ်ခုကို အကောင်အထည်ဖော်ထားနိုင်ပါတယ်။ အထူးသဖြင့် ဆန်မာရီနိုနိုင်ငံရဲ့ရှေးကျတဲ့ တံဆိပ်ခေါင်းတွေဟာ ကမ္ဘာအရပ်ရပ်က စာပို့တံဆိပ် ခေါင်းစုဆောင်းသူတွေကိုစွဲဆောင်ထားနိုင် တာကြောင့် ဆန်မာရီနိုနိုင်ငံရဲ့အဓိက နိုင်ငံခြားဝင်ငွေကို စာပို့တံဆိပ်ခေါင်းထုတ်လုပ်တဲ့ လုပ်ငန်းကနေရရှိနေတာပဲဖြစ်ပါတယ်။

ဆန်မာရီနိုနိုင်ငံဟာ ပထမကမ္ဘာစစ်ရော၊ ဒုတိယ ကမ္ဘာစစ်ကာလအတွင်းမှာ စစ်ဘေးဒဏ်ကို မခံခဲ့ရပါဘူး။ ဒါအပြင် ဒုတိယကမ္ဘာစစ် ကာလအတွင်းက စစ်ဘေးဒဏ်ခံ အီတလီနဲ့ ဂျူးလူမျိုး(၁၀၀၀၀၀)ကျော်လောက်ကို နိုင်ငံတွင်း ကယ်ဆယ်ပေးနိုင်ခဲ့ပါတယ်။ အဲဒီပမာဏဟာ ဆန်မာရီနိုနိုင်ငံရဲ့ လူဦးရေရဲ့(၁၀)ဆဖြစ်နေပေမဲ့ ဆန်မာရီနိုနိုင်ငံကတော့ ချောချောမွေ့မွေ့ပဲ အကူအညီ ပေးနိုင်ခဲ့ပါတယ်။

ထူးထူးခြားခြားပဲ ၁၉၄၀ ခုနှစ်မှာ နယူးယောက်သတင်းစာက ဆန်မာရီနိုနိုင်ငံဟာ ဗြိတိန်နိုင်ငံအပေါ်စစ်ကြေငြာခဲ့တယ်လို့ဖော်ပြခဲ့ဖူးပါတယ်။ ယင်းကာလက အီတလီဟာ အာဏာရှင် မူဆိုလီနီရဲ့ ဩဇာအောက်မှာရှိတာမို့ အီတလီအင်ပါယာအတွင်းမှာလိုဖြစ်နေတဲ့ ဆန်မာရီနိုနိုင်ငံအပေါ် မှားယွင်း ပြီးဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဆန်မာရီနိုနိုင်ငံရဲ့အစိုးရအဖွဲ့ က မိမိတို့မှာငြိမ်းချမ်းရေးသမားများ၊အလယ်လတ်ဝါဒီများဖြစ်ပြီး စစ်ကြေငြာခြင်းမရှိပါဟု ဗြိတိန် အစိုးရထံ စာရေးသား ဖြေရှင်းခဲ့ရပါသေးတယ်။

ဆန်မာရီနိုနိုင်ငံဟာ ကမ္ဘာပေါ် မှာစစ်အင်အား အနည်းပါးဆုံးသောနိုင်ငံငယ်ဖြစ်ပြီး နိုင်ငံတော်ရဲ့လုံခြုံရေးကို အီတလီ နိုင်ငံက တာဝန်ယူထားပေးရတဲ့ နိုင်ငံဖြစ်ပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ စိတ်ဝင်စားစရာအချက်အလက်တွေနဲ့ လှပတဲ့ သဘာဝပတ်ဝန်း ကျင်တွေကြောင့် ဆန်မာရီနိုနိုင်ငံကို နှစ်စဉ် ကမ္ဘာလှည့်ခရီးသည်(၃)သန်းလောက် လာရောက်လည်ပတ်ကြပါတယ်။

 

Leave a Reply