ရေသယံဇာတတွေကို ကာကွယ်မယ့် စွမ်းအားရှင် စက်ရုပ်ဂျယ်လီငါး

Posted on

သိပ္ပံပညာရဲ့ တီထွင်မှုပုံစံအသစ်ဖြစ်တဲ့ Robotic Jellyfish တွေကို သမုဒ္ဒရာကြမ်းပြင် အောက်မှာရှိတဲ့ ရေသယံဇာတတွေကို ထိန်းသိမ်းဖို့ရည်ရွယ်ချက်နဲ့ သိပ္ပံပညာရှင်တွေ ကဖန်တီးခဲ့ပြီပဲဖြစ်ပါတယ်။ အဲဒီ Jellyfish တွေကို Hydraulic tentacles(လက်တံ) ရှစ်ခုလောက်တပ်ဆင်ထားပြီး ရေနက်ထဲမှာ ထိန်းချုပ်၊ ရွေ့လျားနိုင်ပါတယ်။ အဲဒီ Robotic Jellyfish တွေဟာ ပင်လယ်သမုဒ္ဒရာအောက်ကြမ်းပြင်အတွင်းပိုင်းထိ ရောက်ရှိနိုင်ပြီး ပျက်စီး၊ပြိုကွဲလွယ်တဲ့ အပင်နဲ့ သတ္တဝါငယ်တွေအပါအဝင် များစွာသော ရေသယံဇာတတွေကို ထိန်းသိမ်းစောင့်ရှောက် နိုင်ပါတယ်။

ပျော့ပြောင်းတဲ့ အခွံရှိတဲ့ Robotic Jellyfish တွေမှာ ဆီလီကွန်နဲ့ပြုလုပ်ထားတဲ့ လက်တံရှစ်ခုလောက်ပါဝင်ပြီး ဒီလက်တံတွေကပဲ လှုပ်ရှားမှု၊ ဖိညှစ်မှု၊ ကုပ်တွယ်မှု စတဲ့ သက်ရှိတွေရဲ့ ဟန်အမူအရာတိုင်းဆောင်ရွက်ပါတယ်။ ဒီငါးတွေကို Jellybots လို့လည်း ခေါ်ဆိုနိုင်ပြီး ပင်လယ်သမုဒ္ဒရာအောက်ကြမ်းပြင်ရဲ့ ပတ်ဝန်းကျင်အနေအထားကို စောင့်ကြည့်၊ မှတ်သား၊ စစ်ဆေးနိုင်တဲ့ဂုဏ်သတ္တိတွေရှိပါတယ်။ ဒါ့အပြင်ဒီငါးတွေဟာ ရေငွေ့ကို သူတို့မှာပါရှိတဲ့ သေးငယ်တဲ့အပေါက်တွေကညှစ်ထုတ်နိုင်ပြီး တကယ့်ဂျယ်ရီ ငါးအစစ်တွေလိုပဲ ရေအောက်မှာကာလကြာ တည်ရှိနိုင်ပါတယ်။

သိပ္ပံပညာရှင်တွေ ကတော့ Robotic Jellyfish တွေဟာ တစ်နေ့တာကာလအတွင်း ရေအောက်သယံဇာတ တွေကို ပျက်စီးဆုံးပါးမှုနည်းအောင် ဆောင်ရွက်နိုင်မယ်လို့ယုံကြည်ကြပါတယ်။ Robotic Jellyfish တွေဟာ သူတို့မှာပါရှိတဲ့ ဆီလီကွန် လက်တန်(၈)ခုကို အသုံးပြုပြီး သူရဲ့ ခန္ဓာကိုယ်ကို ရှုံလိုက်၊ ပွလိုက်အနေအထားနဲ့ ရေကူးခတ်ကြပါတယ်။ ဒါ့အပြင် ဖောက်ထွင်းပြီးမြင်နိုင်တဲ့ Robotic Jellyfishရဲ့အရေပြားအောက်မှာ ရှိလာနိုင်တဲ့ ရေငွေ့ တွေကို ပါရှိတဲ့ အပေါက်ငယ်လေးတွေက တစ်ဆင့်စွန့်ထုတ်ရာမှာလည်း ဒီလက်တန်တွေက အကူအညီပေးပါတယ်။ နောက်ပိုင်းမှာတော့ Robotic Jellyfish တွေကို သန္တာကျောက်တန်းတွေအတွင်းထည့်သွင်းပြီး မလိုလားအပ်တဲ့ ပျက်ဆီးဆုံးရှုံးတွေ ကနေကာကွယ်ဖို့ သိပ္ပံပညာရှင်တွေက ရည်ရွယ်ထားကြတာပါ။

Robotic Jellyfish တွေရဲ့ ဖန်တီးထားတဲ့ရည်ရွယ်ချက်ကတော့ရိုးရှင်းပြီး ပင်လယ်ရေအောက်မှာရှိတဲ့ နူးညံ့တဲ့ အပင်နဲ့ သတ္တဝါမျိုးစိတ်တွေကို လေ့လာစောင့်ရှောက်ဖို့ပဲဖြစ်ပါတယ်။ ဒါအပြင် အဲဒီ Robotic Jellyfish တွေကို နည်းပညာဆိုင်ရာမြှင့်တင်မှုတွေပြုလုပ်ပြီးတဲ့နောက်မှာ ပင်လယ်သမုဒ္ဒရာကြမ်းပြင်ရဲ့ အသေးစိတ်အချက်အလက်တွေ အချိန်နှင့်တစ်ပြေးညီ ပေးပို့နိုင်အောင် လည်းရည်မှန်းထားပါတယ်။ Robotic Jellyfish တွေရဲ့ အဓိကစွမ်းအားကိုတော့ ဟိုက်ဒရောလစ်စနစ်သုံး ဆီလီကွန်လက်တန် (၈)ခုကနေအဓိကဆောင်ရွက်ပေးပြီး ဒီလက်တန်တွေ ရေတွေနဲ့ ပြည့်လာပါက Jellyfishရဲ့ ခန္ဓာကိုယ်ကို ရှုံလိုက်ပွလိုက် လုပ်ပြီးရေကို အပြင်ဘက်ကိုပြန်လည် စွန့်ထုတ်ပါတယ်။

ရေအောက်မှာရှိစဉ်ကာလ အတွင်းမှာ Robotic Jellyfishဟာ အထက်ပါဖြစ်စဉ်တွေကို ဆက်တိုက်ပြုလုပ်ပြီး ရေကူးခတ်ခြင်း နဲ့ရေအောက်မှာရွေလျားခြင်းတို့ကို ပြုလုပ်ပါတယ်။ Robotic Jellyfish တွေကိုတီထွင်သူတွေထဲကတစ်ဦးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု Florida Atlantic တက္ကသိုလ်က Dr. Erik Engeberg ကတော့

“ကျွန်တော်တို့ ပင်လယ်ရေအောက်လေ့လာရေးလုပ်ငန်းစဉ်တွေနဲ့အတူ တစ်ဆက်တည်း သိရှိလာ တာကတော့ ရေအောက်သန္တာကျောက်တန်းအပါအဝင် ဆုတ်ယုတ်ပျက်ဆီးနေတဲ့ ရေအောက်အပင်နဲ့ သတ္တဝါမျိုးစိတ်တွေကိုထိန်းသိမ်းကာကွယ်ရမယ့် လုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ဖြစ်ပါတယ်။ ဒီကိစ္စအတွက် ကျွန်တော်တို့ နှစ်အတန်ကြာအဖြေရှာပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ကို အကောင်းဆုံးအကူ အညီပေးနိုင်မဲ့ Robotic Jellyfish တွေကိုတီထွင်နိုင်ခဲ့ပါတယ်။ ဒီစက်ရုပ်ပြည်ကြီးငါး တွေရဲ့ပုံစံဟာ Aurelia aurita ငါးတွေကို အခြေခံပြီး သူတို့ရဲ့သားလောင်းအဆင့် ပုံသဏ္ဍန်ကို တုပပြီးထုတ်လုပ်ခဲ့တာပါ။

ဒါဟာအခြားသော ရေအောက်ဆိုင်ရာ လေ့လာရေးစက်တွေနဲ့ အနည်းငယ်ကွဲပြားပေမဲ့ ကျွန်တော်တို့ရဲ့ နည်းပညာဆိုင်ရာ ပစ္စည်းတွေကို အစီစဉ်တစ်ကျ ထည့်သွင်းပြီးလေ့လာနိုင်ပါတယ်။ဟိုက်ဒရောလစ်စနစ် နဲ့တွန်းအားပေးတဲ့ pumpနှစ်ခုက Robotic Jellyfishရဲ့ရေကူးခတ်ရာလမ်းကြောင်းကို အကူအညီပေးပြီးဒီ pump နှစ်ခုကပဲ Robotic Jellyfishရဲ့ကိုယ်တွင်းဝင်လာတဲ့ ရေတွေကို စုပ်ထုတ်ပေးပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဒီpump တွေအလုပ် မလုပ်နိုင်တဲ့အခါမှာတော့ Jellyfishမှာပါရှိတဲ့ လက်တန်တွေကပဲသဘာဝအတိုင်း လျှပ်စစ်တွန်းအား၊ကျုံအားတစ်ခုကို ဖန်တီးကာ ရေနဲ့လေကို အထုတ်အသွင်းပြုလုပ် ပေးပါတယ်။ ဒါဟာ Jellyfish တွေရဲ့ သဘာဝနဲ့သွားရောက်ဆင်တူပါတယ်” လို့ ရှင်းပြခဲ့ပါတယ်။

Dr.Engeberg ကပဲ “ကျွန်တော်တို့ဖန်တီးထားတဲ့ Jellyfishတွေဟာ မူရင်းငါးမျိုးစိတ် တွေကိုပဲ အခြေခံထားပြီး ၊အဲဒီငါးမျိုးစိတ်တွေဟာ အခြားသောရေနေသတ္တဝါများ နည်းတူ ကျန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း အရေအတွက် အလွန်ပွားများလာတာကို တွေ့ရပါတယ်။Jellyfishတွေဟာ ပင်လယ်ရေအောက်လေ့လာရေး အတွက်အလွန် သင့်တော်တဲ့အချက်ကတော့ ရေကူးတဲ့နေရာမှာ အခြားငါးတွေထက် ပိုမိုကျွမ်းကျင် ကြလို့ပါ။သူတို့ရဲ့ ဖွဲ့စည်းပုံတွေကလည်း ကျွန်တော်တို့အတွက်တုပပြီးလုပ်ယူရာမှာ အဆင်ပြေစေပါတယ်။” လို့ ဆိုပါတယ်။

ရေအောက်လေ့လာရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာလည်း အဲဒီJellyfishတွေဟာ ရေအောက်မှာတည်ရှိတဲ့ နူးညံ့ပျက်ဆီးလွယ်တဲ့ Ecosystem(သက်ရှိပတ်ဝန်းကျင်အဖွဲ့) ကို အလွယ်တစ်ကူရှာတွေ့နိုင်ပါတယ်။  ဒီလိုရှာတွေ့ခဲ့ရင်တော့ Jellyfishကိုယ်ထည်မှာတပ်ဆင်ထားတဲ့ အလိုအလျောက် ထိန်းချုပ်တဲ့ကိရိယာတွေကတစ်ဆင့် မထင်မှတ်ထားတဲ့ ပျက်စီးမှုတွေကို ကာကွယ် ဟန့်တားနိုင်ပါတယ်။ Jellyfishတွေရဲ့မူလသဘာဝကိုက ရေပေါ်မှာ ပေါ်နိုင်ပေမယ့် Robotic Jellyfish တွေအတွက်ကတော့ အလိုအလျောက်လှုပ်ရှားနိုင်တဲ့ ဟိုက်ဒရော လစ်စနစ်သုံးကိရိယာတွေကို သုံးပြီး ကြာရှည်ကူးခတ်နိုင်အောင်စီမံထားပါတယ်။ ရေအောက်သုသေသနလုပ်ငန်းတွေမှာ စမ်းသပ်သုံးစွဲဖို့ ပထမဆုံး Robotic Jellyfish (၅)ကောင်ကိုတော့ 3D Printing နည်းပညာကို သုံးပြီးထုတ်လုပ်ထားပါတယ်။ ဒီစက်ရုပ်ငါးတွေရဲ့ ရေယက်တစ်ခုနဲ့တစ်ခု အကွာအဝေးဟာမူလ Jellyfish တွေထက် ကျဉ်းမြောင်းပါတယ်။

အနာဂတ်မှာတော့ Robotic Jellyfishတွေကို ပင်လယ်ကြမ်းပြင် တစ်လျောက် ကူးခတ်စေပြီး သူတို့သွားရာလမ်းကြောင်းမှာ ရှိတဲ့ ယိုယွင်းလာနိုင်တဲ့ ရေသယံဇာတတွေကို အသေးစိတ်အခြေနေကနေ ပြန်လည်ပြင်ဆင်နိုင်တဲ့အထိ နည်းပညာကိုမြှင့်တင်နိုင်မယ်လို့ Robotic Jellyfish ဖန်တီးသူတွေက အခိုင်အမာ ဆိုကြပါတယ်။ သိပ္ပံနည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုဖြစ်တဲ့ Robotic Jellyfish တီထွင်မှုဟာ တစ်နေ့တစ်ခြား ပြုန်းတီးမှုများလာတဲ့ ရေသယံဇာတကို အသေးစိတ်က အစပြုပြင်ထိန်းသိမ်းပေးနိုင်မှာဖြစ်လို့ တန်ဖိုးရှိတဲ့ တီထွင်မှုအဖြစ် ဗဟုသုတ အနေနဲ့ မျှဝေလိုက်ရပါတယ်။

VIDEO

သုတဇုန်

Leave a Reply