သံုးနွစ္ဆက္တိုက္ သစ္သီးေတြသာ စားခဲ့ၿပီးတဲ့ေနာက္ မယံုႏုိင္စရာေျပာင္းလဲ သြားတဲ့စံုတြဲ

Posted on

သူတို႕စံုတြဲဟာ (၃)နွစ္ဆက္တိုက္ သစ္သီးသစ္ဥေတြကိုသာ စားေသာက္ျပီးတဲ့ေနာက္ မွာေတာ့ သူတို႔ရဲ့ ခႏၶာကိုယ္ဟာ ထူးထူးျခားျခားေျပာင္းလဲလာခဲ့ပါတယ္။ ကိုယ္အေလးခ်ိန္ပံုမွန္ထိန္းသိမ္းလာနိုင္ၾကျပီး ပိုမိုနုနယ္လာတဲ့ အျပင္က်န္းမာေပ်ာ္ရႊင္တဲ့ လူေနမႈဘဝတစ္ခုကို တည္ေဆာက္ႏုိင္ခဲ့ၾကပါတယ္။

Tina Stoklosa ဟာ ပိုလန္နိုင္ငံသူ ဗိသုကာပညာရွင္တစ္ဦးျဖစ္ျပီး အသက္(၃၉)နွစ္ အရြယ္ရွိၿပီျဖစ္ပါတယ္။ သူမဟာ သစ္သီးသစ္ဥေတြစားေသာက္ျခင္းရဲ့ အက်ိဳးေက်းဇူးကိုပိုလန္နိုင္ငံ ၊ဝါေဆာျမိဳ႕ မွာရွိစဥ္ကတည္းက ခရစ္စမတ္အၾကိဳစားေသာက္ပြဲတစ္ခုကေန စတင္သတိထားမိပါ တယ္။ သစ္သီးသစ္ဥေတြကိုစားေသာက္ျပီး တစ္လၾကာျပီးတဲ့အခ်ိန္တိုင္း သူမရဲ့ ခႏၶာကိုယ္ဟာ ေကာင္းမြန္တဲ့ေျပာင္းလဲျခင္းေတြကို တစ္စတစ္စ ဖြံျဖိဳးလာေၾကာင္း သတိျပဳ မိခဲ့ပါတယ္။

ေနာက္ပိုင္းမွာသူမဟာ Baliကိုေျပာင္းေရြ႔လာခဲ့ျပီး အင္တာနက္ လူမူကြန္ ယက္ေတြကတစ္ဆင့္ သူမရဲ့သစ္သီးသစ္ဥေတြကိုပဲစားေသာက္တဲ့ ေနထိုင္မႈပံုစံကို မ်ွေဝခဲ့ပါတယ္။ အင္စတာဂရမ္အေကာင့္ကပဲ သူမနဲ႔စရိ္ုက္ခ်င္းတူတဲ့ သစ္သီးသစ္ဥေတြ ကိုသာစားေသာက္တဲ့ ဘယ္ဂ်ီယံနိုင္ငံသား Simon(၂၆)နွစ္နဲ႔ေတြ႔ဆံုခဲ့ပါတယ္။ ေနာက္ပိုင္းမွာ ဝါသနာတူသူတို႕နွစ္ဦးဟာ ခ်စ္ၾကိဳက္သြားၾကျပီး ေပ်ာ္ရႊင္စရာ ဘဝခရီး ေလးကုိဆက္ခဲ့ၾကပါတယ္။

သစ္သီးသစ္ဥေတြဟာ သူမရဲ့ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ ဗီတာမင္ေတြကိုျဖည့္ဆည္းေပးတာေၾကာင့္ ခဏတာအတြင္း အားအင္ေတြ ျပည့္လာခဲ့တယ္လို႔ဆိုပါတယ္။ ဒါေၾကာင့္သူမရဲ့ ေန႔စဥ္လူမႈဘဝေတြကို ျဖတ္သန္းရာ မွာ ေကာင္းေကာင္းအကူအညီေပးတယ္လို႔ ခံစားမိတာေၾကာင့္ သစ္သီးသစ္ဥေတြကိုပဲ တစ္ပတ္ေလာက္ စမ္းစားၾကည့္ဖို႔ဆံုးျဖတ္ခဲ့ပါတယ္။ ရက္သတၱပတ္တစ္ခုကုန္ဆံုးတိုင္း လည္းသူမဟာ နဂိုရွိရင္းစြဲထက္ ပိုမိုနုငယ္လာျပီး အထူးတလည္ ဝိတ္ခ်စရာမလိုပဲ ခႏၶာကိုယ္ဟာ က်စ္လစ္လာခဲ့ပါတယ္။

ဒီလိုနဲ႔ေနာက္(၂)နွစ္ခန္႔အၾကာမွာေတာ့ သူမဟာ သစ္သီးသစ္ဥေတြကိုပဲစားေသာက္ေနထိုင္တဲ့ သူမရဲ့ဘဝပံုစံကို အေရွတိုင္းကေရေျမ သဘာဝနဲ႔နွီးႏြယ္ဖို႔ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ အင္ဒိုနီးရွားနိုင္ငံ၊ ဘာလီကၽြန္းကိုေျပာင္းေရြ လာခဲ့ပါတယ္။ ယခင္က ေနထိုင္မႈပံုစံေၾကာင့္ အခ်ိဳးမက်တဲ့ခႏၶာကိုယ္ကို ပိုင္ဆိုင္ခဲ့ေပမဲ့ ယခုအခါမွာေတာ့ ေမာ္ဒယ္တစ္ေယာက္လိုက်စ္လစ္တဲ့ ခႏၶာကိုယ္ကိုပိုင္ဆိုင္ေနျပီလည္း ျဖစ္ပါတယ္။ ဘာလီကၽြန္းမွာရွိေနစဥ္ကာလမွာပဲ သူမဟာအင္စတာဂရမ္ကတစ္ဆင့္ သူမနဲ႔ ဝါသနာတူခ်စ္သူ Simon Beun(၂၆)နွစ္နဲ႔ေတြ႕ဆံုခဲ့ပါတယ္။ Simonဟာ ဘယ္ဂ်ီယံနိုင္ငံ၊ Izegemဇာတိျဖစ္ျပီး သစ္သီးသစ္ဥေတြကိုသာ စားေသာက္ေနထိုင္သူ ျဖစ္ပါတယ္။

ယခုအခါမွာေတာ့ Simonတို႔စံုတြဲဟာ ေစ့စပ္ေၾကာင္းလမ္းျပီးလည္း ျဖစ္ပါတယ္။ သူတို႔စံုတြဲဟာ အရသာခ်ိဳၿမိန္တဲ့ သစ္သီးေတြကိုသာ အမ်ားအားျဖင့္စားေသာက္ၾက ျပီး တစ္ေန႔ကို(၂၀၀၀)ကေန(၄၀၀၀)ကယ္လိုရီ ရွိတဲ့သစ္သီးေတြကိုစားေသာက္ၾကပါ တယ္။ သူတို႔ဟာ ေသာက္ေရအျဖစ္ အုန္းေရကိုေသာက္သံုးၾကပါတယ္။ ဒီသစ္သီးဝလံ ေတြကိုစားေသာက္ေနတဲ့ နွစ္အတြင္းမွာလည္း သူတို႔ဟာ အိပ္ရာထရင္ သြားတိုက္တဲ့ အျပဳအမႈကိုေတာင္မလုပ္ရေတာ့ပါဘူး။ သစ္သီေတြကထြက္တဲ့ အမ်ွင္ေတြကပဲ သူတို႔ရဲ့သြားကိုသန္႔ရွင္းေစခဲ့လုိ႔ျဖစ္ပါတယ္။

ဒါအျပင္ သစ္သီးေတြကို ကာလၾကာစားသံုးျခင္းျဖင့္ စိတ္ဖိစီးမႈအေတာ္ေလ်ာ့ပါးသြားသလို ေနထိုင္မေကာင္းေတာင္ မျဖစ္ေတာ့ပါဘူးလို႔ Tena က သစ္သီးသစ္ဥေတြကိုစားေသာက္ျခင္းျဖင့္ ရရွိတဲ့ အက်ိဳးေက်းဇူးေတြကို ထုတ္ေဖာ္ေျပာဆိုထားတာပါ။ ဒါအျပင္ ယခင္က သူမဟာ ဆယ္ေက်ာ္သက္အရြယ္မွာ အခ်ိဳးမက်တဲ့ ခႏၶာကိုယ္ကိုပိုင္ဆိုင္ျပီး သာမန္ထက္ေပါင္ခ်ိန္ပိုမ်ားေနခဲ့ပါတယ္။ လုပ္ငန္းခြင္၊လူေနမႈပံုစံ၊အစားအေသာက္ စားေသာက္တဲ့ပံုစံ မမွန္ကန္တာေၾကာင့္ သူမရဲ့ ရုပ္သြင္ျပင္ဟာ စိတ္ပ်က္စရာျဖစ္ခဲ့တယ္လို႔ဆိုပါတယ္။

“ေအာင္ျမင္တဲ့ ဗိသုကာ ပညာရွင္တစ္ေယာက္ရဲ့ ဘဝကိုပိုင္ဆိုင္ခဲ့ေပမဲ့ ကၽြန္မကေတာ့ အထီးက်န္ေနခဲ့ရတာပါ။ ကၽြန္မရဲ့ အသြင္အျပင္ေၾကာင့္ အမ်ိဳးသားေတြရဲ့ ေရွာင္ဖယ္ျခင္းကိုခံခဲ့ရကာကၽြန္မအသက္ (၃၆)နွစ္အရြယ္ထိ တစ္ေယာက္တည္း ဘဝနဲ႔ပဲရပ္တည္ခဲ့ရပါတယ္။ ဒီအေျခအေနကို ေျပာင္းလဲဖို႔နည္းမ်ိဳးစံုကိုသံုးေပမဲ့ အခ်ည္းအနွီးပါပဲ၊ ေနာက္ဆံုးေတာ့ သဘာဝကေနပဲ ျပန္လည္ရွာေတြ႔ခဲ့တာပါ။”

သူမရဲ့ တစ္ေန႔တာအျဖစ္ နံနက္ပိုင္းမွာ အသီးေဖ်ာ္ရည္တစ္ခြက္ (၆၀၀ကယ္လိုရီပါဝင္ပါတယ္)ကို ေသာက္ပါတယ္။ ေန႔လည္စာအျဖစ္ ငွက္ေပ်ာ္သီး(၇)လံုးအထိပါတဲ့ စားဖြယ္စံုအမ်ိဳးမ်ိဳးဖန္တီးျပီးစားပါတယ္။(ကယ္လိုရီ ၇၃၅ ပါဝင္ပါတယ္)။ျပီးေတာ့ ေထာပတ္သီးေဖ်ာ္ရည္တစ္ဝက္ကို ေသာက္ပါတယ္။(ကယ္လိုရီ ၁၁၀)ပါဝင္ပါတယ္။ အဆာေျပအေနနဲ႔ စြံပလြံသီး ၁၃၃ ကယ္လိုရီေလာက္ စားေသာက္ပါတယ္။ ညစာအျဖစ္ကေတာ့ လိေမၼာ္သီးေဖ်ာ္ရည္(၂)ခြက္ကိုေသာက္သံုးပါတယ္။(၃၀၀ ကယ္လိုရီပါဝင္ပါတယ္။)။ ေထာပတ္သီးေဖ်ာ္ရည္တစ္ခြက္(၂၂၀ကယ္လိုရီ)ကို ေသာက္သံုးပါတယ္။ စုစုေပါင္းအေနနဲ႔သူမဟာ တစ္ေန႔ကို သစ္သီးသစ္ဥ(၂၀၉၈ ကယ္လိုရီ)ကိုပံုမွန္စား ေသာက္ခဲ့တာပဲျဖစ္ပါတယ္။

“ကၽြန္မကဆယ္ေက်ာ္သက္အရြယ္မတိုင္ခင္တည္းက ပိန္ပိန္ပါးပါး အမ်ိဳူသမီးျဖစ္ခင္တာပါ။ ဒါေပမဲ့ ကၽြန္မရဲ့ေနထိုင္မႈပံုစံေတြေၾကာင့္ ရည္မွန္းထားသလို ေတာ့ မျဖစ္ခဲ့ရပါဘူး။ ယခင္က (၁၃) stone ကေန ယခုအခါေတာ့ (၅) stone အေလးခ်ိန္သာရွိပါေတာ့တယ္။ ဒီလိုျဖစ္လာဖို႔လည္း အထူးတလည္ ေလ့က်င့္ခန္းလုပ္ခဲ့ ရတာမရွိပါဘူး။ အဲအတြက္လည္း ကၽြန္မရဲ့အသက္ေမြးဝမ္းေၾကာင္း အေျခအေနက အခ်ိန္ေပးလို႔မရပါဘူး။ အားကစား မလုပ္လို႔ဝလာတယ္လို႔ေတာ့ မထင္ပါဘူး။

ကၽြန္မဆို လမ္းေလ်ာက္တဲ့ ေလ့က်င့္ခန္းေတာင္ ပံုမွန္မလုပ္ပါဘူး။ အ့ံၾသစရာပါပဲ သစ္သီးသစ္ဥ ေတြ ပံုမွန္စားေသာက္တာနဲ႔တင္ အခုလိုက်န္းမာက်စ္လစ္တဲ့ ခႏၶာကိုယ္ကို ပိုင္ဆိုင္နိုင္ ခဲ့တာေလ။လြန္ခဲ့တဲ့ (၃)နွစ္ကေန ယေန႔အထိ ဒိခႏၶာကိုယ္ဟာ မေျပာင္းလဲခဲ့ပါဘူးလို႔ Tina က သူအေတြ႔အၾကံဳကိုေဝမ်ွခဲ့ပါတယ္။ သူမဆိုလိုခ်င္တာက သူမအဖို႕ေတာ့ ေလ့က်င့္ခန္းလုပ္တာနဲ႔စာရင္ အစားအေသာက္နဲ႔ ခႏၶာကိုယ္အေလးခ်ိန္ကို ထိန္းတဲ့ နည္းကပိုမိုထိေရာက္တယ္လို႔ ဆိုလိုခ်င္တာပါ။

Simon ကေတာ့ ကၽြန္ေတာ္သူမကို စတင္သတိထားမိတာကေတာ့ အစားအေသာက္ဆိုင္ရာ Fruitarian (သစ္သီးကိုသာစားသံုးသူ)တစ္ဦးအေနနဲ႔ပါ။ သူမရဲ့ စားေသာက္မႈေလ့က်င့္ခန္းေတြဟာ တကယ္ကို ထိေရာက္ျပီး အျခားေသာ နည္းစနစ္ေတြနဲ႔ကြဲလြဲေနတာေၾကာင့္ စိတ္ဝင္တစ္စား ေစာင့္ၾကည့္ျဖစ္ပါတယ္။ ကၽြန္ေတာ္ကလည္း Fruitarian(သစ္သီးကိုသာစားသံုးတဲ့ သူ)တစ္ေယာက္ျဖစ္ပါတယ္။ ကၽြန္ေတာ္ ေက်ာင္းေနာက္ဆံုးနွစ္မွာ မာရသြန္ျပိဳင္ပြဲဝင္ ေတာ့လည္း သူမရဲ့နည္းစနစ္ေတြဟာ တကယ္ကို အက်ိဳးမ်ားခဲ့ပါတယ္။ ဒါေၾကာင့္ အင္စတာဂရမ္ကေနပဲ သူမရဲ့နည္းစနစ္ေတြကို အတုယူေလ့က်င့္ဖို႔ေရာက္လာရာကေန ကၽြန္ေတာ္သူမကို လက္ထပ္ဖို႔ဆံုးျဖတ္ခဲ့တာပါလို႔ ေျပာၾကားခဲ့ပါတယ္။

သူတို႕စံုတြဲရဲ့ အဆိုအရေတာ့ သစ္သီးဝလံေတြကို အစဥ္တစ္စိုက္စားသံုးျခင္းဟာ အကန္႔အသတ္မရွိတဲ့ ေကာင္းက်ိဳးေတြကိုရရွိေနျပီး ယေန႔ေခတ္လူသားေတြ ၾကံဳေတြ႕ေနရတဲ့ ေရာဂါဆိုး ေတြကို ထိထိေရာက္ေရာက္ကာကြယ္ေပးနိုင္တယ္လို႔ အခိုင္အမာဆိုၾကပါတယ္။ သဘာဝနဲ႔နီးကပ္လာေလေလ လူေတြရဲ့က်န္းမာေပ်ာ္ရႊင္မႈဟာ ပိုမိုျပည့္ဝလာေလ ျဖစ္ပါတယ္။

နုပ်ိဳျခင္းရဲ့ လ်ိဳ႕ဝွက္ခ်က္ဟာစိတ္လို႔ေျပာၾကပါတယ္။ စိတ္ရဲ့ေပ်ာ္ရႊင္မႈဟာ အခ်ိန္အတိုင္းအတာ အထိရွိနိုင္္ျပီး မလြဲမေသြ အဟာရျဖည့္တင္းေပးဖို႔လိုပါတယ္။ ဒီအတြက္ သဘာဝထဲကို စိတ္ကိုလူေရာနွစ္ထားဖို႔လိုပါတယ္။ ခဏတာဆိုတာထက္ ထာဝရဆိုပိုေကာင္းပါတယ္။ ကၽြန္ေတာ္တို႕ကေတာ့ သဘာဝတရားရဲ့ ထုတ္ကုန္ေတြ နဲ႔ပဲ က်န္တဲ့ သက္တမ္းကို ျဖတ္သန္းဖို႔စည္းစားထားပါတယ္လို႔ Simon ကေျပာဆိုခဲ့ ပါတယ္။

Tina နဲ႔ Simon တို႔စံုတြဲဟာ YouTube ကတစ္ဆင့္ အေရွေတာင္အာရွတစ္ခြင္မွာ သူတို႔ရဲ့ သစ္သီးဝလံစားေသာက္မႈဆိုင္ရာ နည္းစနစ္ေတြကို သူတို႔ ေရာက္ရွိေနတဲ့ သဘာဝရႈခင္းနဲ႔တြဲဖက္ျပီး အခ်ိန္နဲ႔တစ္ေျပးညီေဖာ္ျပေနပါတယ္။ ဒါအျပင္ Tinaက ကၽြန္မတို႔ဟာ သစ္သီးဝလံေတြကို နီးစပ္ရာေစ်းနဲ႔ မားကတ္ေတြမွာ အလိုရွိသေလာက္ဝယ္ူနိုင္ေနျပီပဲျဖစ္ပါတယ္။ ဒါေပမဲ့ သဘာဝနည္းအတိုင္း မဟုတ္တဲ့ အျခားေသာပံုစံမ်ိဳးကေနထုတ္လုပ္ထားတဲ့ သစ္သီးေတြကိုေတာ့ မဝယ္မိေအာင္ အထူးဂရုျပဳရပါမယ္။

သစ္သီးေတြကိုပဲ နွစ္နဲ႔ခ်ီျပီးစားသံုးမယ္ဆိုရင္ေတာ့ စားသုံးသူရဲ႕ အသား အေရဟာ ျမင္သူတကာတိုင္း နွစ္ခါျပန္ၾကည့္ရမယ့္အသားအေရမ်ိဳးျဖစ္လာျပီး အမ်ားၾကားထဲ ထင္ေပၚေနပါလိမ့္မယ္။ ဆိုလိုခ်င္တာက အသားပိုျဖဴလာမယ္၊မဲလာမယ္ လို႔ေတာ့မဟုတ္ပါဘူး။ သူမကဆက္လက္ျပီး သင့္မွာ ေရာဂါတစ္ခု ဒါမွမဟုတ္ လိုအပ္တဲ့ အေလးခ်ိန္ထက္ လြန္ေနမယ္ဆိုရင္ေတာ့ ဘာအသားမွမစားပဲ သစ္သီး၊ သစ္ဥေတြကိုပဲ ရက္(၃၀)ေလာက္စားေသာက္ၾကည့္ဖို႔ အၾကံေပးပါရေစ။ ေျပာင္းလဲလာတဲ့ ခႏၶာကိုယ္အေနအထားကို မွန္ထဲမွာျပန္ၾကည့္ရင္း သိလာပါလိမ့္မယ္။

ေရာဂါပိုးမႊား အမ်ားစုဟာ တိရိစာၦန္ေတြရဲ့အသား၊ ဝမ္းတြင္းအစိတ္အပိုင္းေတြထဲမွာပဲ ရွိနိုင္ပါတယ္။ ဒါေတြကို လူသားေတြက ခ်က္ျပဳတ္စားေသာက္ၾကေပမဲ့ အခ်ိဳ႕ေသာဘရေဘးျဖစ္ေစ တဲ့ပိုးမႊားေတြက အျမင့္္ဆံုးအပူခ်ိန္ေတြမွာေတာင္ အသက္ရွင္ေနနိုင္တယ္ဆိုတာ သိပၸံဆိုင္ရာေတြ႔ရွိခ်က္ေတြမွာ ေဖာ္ျပျပီးျဖစ္ပါတယ္။ ေနာက္ဆံုးအေနနဲ႔ေျပာျပခ်င္တာ က သစ္သီးသစ္ဥေတြကိုပဲ အျမဲတမ္းစားေသာက္ဖို႔ဆိုတာကေတာ့ မလြယ္ပါဘူး။နည္း နည္းခ်င္း လုပ္ယူမယ္ဆိုရင္ေတာ့ ျဖစ္နိုင္ပါတယ္။ ဒါဟာမမွားတဲ့ ေရြးခ်ယ္မႈျဖစ္ျပီး ဒီနည္းသာ ကမာၻၾကီးကိုစြဲထင္သြားရင္ေတာ့ ပိုမိုလွပတဲ့ လူေဘာင္ေလာကကို တည္ေဆာက္နိုင္မွာပဲ ျဖစ္ပါတယ္လို႔ အၾကံျပဳ ေျပာဆိုထားပါတယ္။

VIDEO

——————–

သုံးနှစ်ဆက်တိုက် သစ်သီးတွေသာ စားခဲ့ပြီးတဲ့နောက် မယုံနိုင်စရာပြောင်းလဲ သွားတဲ့စုံတွဲ (unicode)

သူတို့စုံတွဲဟာ (၃)နှစ်ဆက်တိုက် သစ်သီးသစ်ဥတွေကိုသာ စားသောက်ပြီးတဲ့နောက် မှာတော့ သူတို့ရဲ့ ခန္ဓာကိုယ်ဟာ ထူးထူးခြားခြားပြောင်းလဲလာခဲ့ပါတယ်။ ကိုယ်အလေးချိန်ပုံမှန်ထိန်းသိမ်းလာနိုင်ကြပြီး ပိုမိုနုနယ်လာတဲ့ အပြင်ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝတစ်ခုကို တည်ဆောက်နိုင်ခဲ့ကြပါတယ်။

Tina Stoklosa ဟာ ပိုလန်နိုင်ငံသူ ဗိသုကာပညာရှင်တစ်ဦးဖြစ်ပြီး အသက်(၃၉)နှစ် အရွယ်ရှိပြီဖြစ်ပါတယ်။ သူမဟာ သစ်သီးသစ်ဥတွေစားသောက်ခြင်းရဲ့ အကျိုးကျေးဇူးကိုပိုလန်နိုင်ငံ ၊ဝါဆောမြို့ မှာရှိစဉ်ကတည်းက ခရစ်စမတ်အကြိုစားသောက်ပွဲတစ်ခုကနေ စတင်သတိထားမိပါ တယ်။ သစ်သီးသစ်ဥတွေကိုစားသောက်ပြီး တစ်လကြာပြီးတဲ့အချိန်တိုင်း သူမရဲ့ ခန္ဓာကိုယ်ဟာ ကောင်းမွန်တဲ့ပြောင်းလဲခြင်းတွေကို တစ်စတစ်စ ဖွံဖြိုးလာကြောင်း သတိပြု မိခဲ့ပါတယ်။

နောက်ပိုင်းမှာသူမဟာ Baliကိုပြောင်းရွေ့လာခဲ့ပြီး အင်တာနက် လူမူကွန် ယက်တွေကတစ်ဆင့် သူမရဲ့သစ်သီးသစ်ဥတွေကိုပဲစားသောက်တဲ့ နေထိုင်မှုပုံစံကို မျှဝေခဲ့ပါတယ်။ အင်စတာဂရမ်အကောင့်ကပဲ သူမနဲ့စရ်ိုက်ချင်းတူတဲ့ သစ်သီးသစ်ဥတွေ ကိုသာစားသောက်တဲ့ ဘယ်ဂျီယံနိုင်ငံသား Simon(၂၆)နှစ်နဲ့တွေ့ဆုံခဲ့ပါတယ်။ နောက်ပိုင်းမှာ ဝါသနာတူသူတို့နှစ်ဦးဟာ ချစ်ကြိုက်သွားကြပြီး ပျော်ရွှင်စရာ ဘဝခရီး လေးကိုဆက်ခဲ့ကြပါတယ်။

သစ်သီးသစ်ဥတွေဟာ သူမရဲ့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်တွေကိုဖြည့်ဆည်းပေးတာကြောင့် ခဏတာအတွင်း အားအင်တွေ ပြည့်လာခဲ့တယ်လို့ဆိုပါတယ်။ ဒါကြောင့်သူမရဲ့ နေ့စဉ်လူမှုဘဝတွေကို ဖြတ်သန်းရာ မှာ ကောင်းကောင်းအကူအညီပေးတယ်လို့ ခံစားမိတာကြောင့် သစ်သီးသစ်ဥတွေကိုပဲ တစ်ပတ်လောက် စမ်းစားကြည့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ရက်သတ္တပတ်တစ်ခုကုန်ဆုံးတိုင်း လည်းသူမဟာ နဂိုရှိရင်းစွဲထက် ပိုမိုနုငယ်လာပြီး အထူးတလည် ဝိတ်ချစရာမလိုပဲ ခန္ဓာကိုယ်ဟာ ကျစ်လစ်လာခဲ့ပါတယ်။

ဒီလိုနဲ့နောက်(၂)နှစ်ခန့်အကြာမှာတော့ သူမဟာ သစ်သီးသစ်ဥတွေကိုပဲစားသောက်နေထိုင်တဲ့ သူမရဲ့ဘဝပုံစံကို အရှေတိုင်းကရေမြေ သဘာဝနဲ့နှီးနွယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းကိုပြောင်းရွေ လာခဲ့ပါတယ်။ ယခင်က နေထိုင်မှုပုံစံကြောင့် အချိုးမကျတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခဲ့ပေမဲ့ ယခုအခါမှာတော့ မော်ဒယ်တစ်ယောက်လိုကျစ်လစ်တဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်နေပြီလည်း ဖြစ်ပါတယ်။ ဘာလီကျွန်းမှာရှိနေစဉ်ကာလမှာပဲ သူမဟာအင်စတာဂရမ်ကတစ်ဆင့် သူမနဲ့ ဝါသနာတူချစ်သူ Simon Beun(၂၆)နှစ်နဲ့တွေ့ဆုံခဲ့ပါတယ်။ Simonဟာ ဘယ်ဂျီယံနိုင်ငံ၊ Izegemဇာတိဖြစ်ပြီး သစ်သီးသစ်ဥတွေကိုသာ စားသောက်နေထိုင်သူ ဖြစ်ပါတယ်။

ယခုအခါမှာတော့ Simonတို့စုံတွဲဟာ စေ့စပ်ကြောင်းလမ်းပြီးလည်း ဖြစ်ပါတယ်။ သူတို့စုံတွဲဟာ အရသာချိုမြိန်တဲ့ သစ်သီးတွေကိုသာ အများအားဖြင့်စားသောက်ကြ ပြီး တစ်နေ့ကို(၂၀၀၀)ကနေ(၄၀၀၀)ကယ်လိုရီ ရှိတဲ့သစ်သီးတွေကိုစားသောက်ကြပါ တယ်။ သူတို့ဟာ သောက်ရေအဖြစ် အုန်းရေကိုသောက်သုံးကြပါတယ်။ ဒီသစ်သီးဝလံ တွေကိုစားသောက်နေတဲ့ နှစ်အတွင်းမှာလည်း သူတို့ဟာ အိပ်ရာထရင် သွားတိုက်တဲ့ အပြုအမှုကိုတောင်မလုပ်ရတော့ပါဘူး။ သစ်သီတွေကထွက်တဲ့ အမျှင်တွေကပဲ သူတို့ရဲ့သွားကိုသန့်ရှင်းစေခဲ့လို့ဖြစ်ပါတယ်။

ဒါအပြင် သစ်သီးတွေကို ကာလကြာစားသုံးခြင်းဖြင့် စိတ်ဖိစီးမှုအတော်လျော့ပါးသွားသလို နေထိုင်မကောင်းတောင် မဖြစ်တော့ပါဘူးလို့ Tena က သစ်သီးသစ်ဥတွေကိုစားသောက်ခြင်းဖြင့် ရရှိတဲ့ အကျိုးကျေးဇူးတွေကို ထုတ်ဖော်ပြောဆိုထားတာပါ။ ဒါအပြင် ယခင်က သူမဟာ ဆယ်ကျော်သက်အရွယ်မှာ အချိုးမကျတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ပြီး သာမန်ထက်ပေါင်ချိန်ပိုများနေခဲ့ပါတယ်။ လုပ်ငန်းခွင်၊လူနေမှုပုံစံ၊အစားအသောက် စားသောက်တဲ့ပုံစံ မမှန်ကန်တာကြောင့် သူမရဲ့ ရုပ်သွင်ပြင်ဟာ စိတ်ပျက်စရာဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

“အောင်မြင်တဲ့ ဗိသုကာ ပညာရှင်တစ်ယောက်ရဲ့ ဘဝကိုပိုင်ဆိုင်ခဲ့ပေမဲ့ ကျွန်မကတော့ အထီးကျန်နေခဲ့ရတာပါ။ ကျွန်မရဲ့ အသွင်အပြင်ကြောင့် အမျိုးသားတွေရဲ့ ရှောင်ဖယ်ခြင်းကိုခံခဲ့ရကာကျွန်မအသက် (၃၆)နှစ်အရွယ်ထိ တစ်ယောက်တည်း ဘဝနဲ့ပဲရပ်တည်ခဲ့ရပါတယ်။ ဒီအခြေအနေကို ပြောင်းလဲဖို့နည်းမျိုးစုံကိုသုံးပေမဲ့ အချည်းအနှီးပါပဲ၊ နောက်ဆုံးတော့ သဘာဝကနေပဲ ပြန်လည်ရှာတွေ့ခဲ့တာပါ။”

သူမရဲ့ တစ်နေ့တာအဖြစ် နံနက်ပိုင်းမှာ အသီးဖျော်ရည်တစ်ခွက် (၆၀ဝကယ်လိုရီပါဝင်ပါတယ်)ကို သောက်ပါတယ်။ နေ့လည်စာအဖြစ် ငှက်ပျော်သီး(၇)လုံးအထိပါတဲ့ စားဖွယ်စုံအမျိုးမျိုးဖန်တီးပြီးစားပါတယ်။(ကယ်လိုရီ ၇၃၅ ပါဝင်ပါတယ်)။ပြီးတော့ ထောပတ်သီးဖျော်ရည်တစ်ဝက်ကို သောက်ပါတယ်။(ကယ်လိုရီ ၁၁၀)ပါဝင်ပါတယ်။ အဆာပြေအနေနဲ့ စွံပလွံသီး ၁၃၃ ကယ်လိုရီလောက် စားသောက်ပါတယ်။ ညစာအဖြစ်ကတော့ လိမ္မော်သီးဖျော်ရည်(၂)ခွက်ကိုသောက်သုံးပါတယ်။(၃၀၀ ကယ်လိုရီပါဝင်ပါတယ်။)။ ထောပတ်သီးဖျော်ရည်တစ်ခွက်(၂၂ဝကယ်လိုရီ)ကို သောက်သုံးပါတယ်။ စုစုပေါင်းအနေနဲ့သူမဟာ တစ်နေ့ကို သစ်သီးသစ်ဥ(၂၀၉၈ ကယ်လိုရီ)ကိုပုံမှန်စား သောက်ခဲ့တာပဲဖြစ်ပါတယ်။

“ကျွန်မကဆယ်ကျော်သက်အရွယ်မတိုင်ခင်တည်းက ပိန်ပိန်ပါးပါး အမျိူသမီးဖြစ်ခင်တာပါ။ ဒါပေမဲ့ ကျွန်မရဲ့နေထိုင်မှုပုံစံတွေကြောင့် ရည်မှန်းထားသလို တော့ မဖြစ်ခဲ့ရပါဘူး။ ယခင်က (၁၃) stone ကနေ ယခုအခါတော့ (၅) stone အလေးချိန်သာရှိပါတော့တယ်။ ဒီလိုဖြစ်လာဖို့လည်း အထူးတလည် လေ့ကျင့်ခန်းလုပ်ခဲ့ ရတာမရှိပါဘူး။ အဲအတွက်လည်း ကျွန်မရဲ့အသက်မွေးဝမ်းကြောင်း အခြေအနေက အချိန်ပေးလို့မရပါဘူး။ အားကစား မလုပ်လို့ဝလာတယ်လို့တော့ မထင်ပါဘူး။

ကျွန်မဆို လမ်းလျောက်တဲ့ လေ့ကျင့်ခန်းတောင် ပုံမှန်မလုပ်ပါဘူး။ အံ့ဩစရာပါပဲ သစ်သီးသစ်ဥ တွေ ပုံမှန်စားသောက်တာနဲ့တင် အခုလိုကျန်းမာကျစ်လစ်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင် ခဲ့တာလေ။လွန်ခဲ့တဲ့ (၃)နှစ်ကနေ ယနေ့အထိ ဒိခန္ဓာကိုယ်ဟာ မပြောင်းလဲခဲ့ပါဘူးလို့ Tina က သူအတွေ့အကြုံကိုဝေမျှခဲ့ပါတယ်။ သူမဆိုလိုချင်တာက သူမအဖို့တော့ လေ့ကျင့်ခန်းလုပ်တာနဲ့စာရင် အစားအသောက်နဲ့ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းတဲ့ နည်းကပိုမိုထိရောက်တယ်လို့ ဆိုလိုချင်တာပါ။

Simonကတော့ ကျွန်တော်သူမကို စတင်သတိထားမိတာကတော့ အစားအသောက်ဆိုင်ရာ Fruitarian (သစ်သီးကိုသာစားသုံးသူ)တစ်ဦးအနေနဲ့ပါ။ သူမရဲ့ စားသောက်မှုလေ့ကျင့်ခန်းတွေဟာ တကယ်ကို ထိရောက်ပြီး အခြားသော နည်းစနစ်တွေနဲ့ကွဲလွဲနေတာကြောင့် စိတ်ဝင်တစ်စား စောင့်ကြည့်ဖြစ်ပါတယ်။ ကျွန်တော်ကလည်း Fruitarian(သစ်သီးကိုသာစားသုံးတဲ့ သူ)တစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော် ကျောင်းနောက်ဆုံးနှစ်မှာ မာရသွန်ပြိုင်ပွဲဝင် တော့လည်း သူမရဲ့နည်းစနစ်တွေဟာ တကယ်ကို အကျိုးများခဲ့ပါတယ်။ ဒါကြောင့် အင်စတာဂရမ်ကနေပဲ သူမရဲ့နည်းစနစ်တွေကို အတုယူလေ့ကျင့်ဖို့ရောက်လာရာကနေ ကျွန်တော်သူမကို လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တာပါလို့ ပြောကြားခဲ့ပါတယ်။

သူတို့စုံတွဲရဲ့ အဆိုအရတော့ သစ်သီးဝလံတွေကို အစဉ်တစ်စိုက်စားသုံးခြင်းဟာ အကန့်အသတ်မရှိတဲ့ ကောင်းကျိုးတွေကိုရရှိနေပြီး ယနေ့ခေတ်လူသားတွေ ကြုံတွေ့နေရတဲ့ ရောဂါဆိုး တွေကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်တယ်လို့ အခိုင်အမာဆိုကြပါတယ်။ သဘာဝနဲ့နီးကပ်လာလေလေ လူတွေရဲ့ကျန်းမာပျော်ရွှင်မှုဟာ ပိုမိုပြည့်ဝလာလေ ဖြစ်ပါတယ်။

နုပျိုခြင်းရဲ့ လျို့ဝှက်ချက်ဟာစိတ်လို့ပြောကြပါတယ်။ စိတ်ရဲ့ပျော်ရွှင်မှုဟာ အချိန်အတိုင်းအတာ အထိရှိနိုင်ပြီး မလွဲမသွေ အဟာရဖြည့်တင်းပေးဖို့လိုပါတယ်။ ဒီအတွက် သဘာဝထဲကို စိတ်ကိုလူရောနှစ်ထားဖို့လိုပါတယ်။ ခဏတာဆိုတာထက် ထာဝရဆိုပိုကောင်းပါတယ်။ ကျွန်တော်တို့ကတော့ သဘာဝတရားရဲ့ ထုတ်ကုန်တွေ နဲ့ပဲ ကျန်တဲ့ သက်တမ်းကို ဖြတ်သန်းဖို့စည်းစားထားပါတယ်လို့ Simon ကပြောဆိုခဲ့ ပါတယ်။

Tina နဲ့ Simon တို့စုံတွဲဟာ YouTube ကတစ်ဆင့် အရှေတောင်အာရှတစ်ခွင်မှာ သူတို့ရဲ့ သစ်သီးဝလံစားသောက်မှုဆိုင်ရာ နည်းစနစ်တွေကို သူတို့ ရောက်ရှိနေတဲ့ သဘာဝရှုခင်းနဲ့တွဲဖက်ပြီး အချိန်နဲ့တစ်ပြေးညီဖော်ပြနေပါတယ်။ ဒါအပြင် Tinaက ကျွန်မတို့ဟာ သစ်သီးဝလံတွေကို နီးစပ်ရာဈေးနဲ့ မားကတ်တွေမှာ အလိုရှိသလောက်ဝယ်ူနိုင်နေပြီပဲဖြစ်ပါတယ်။ ဒါပေမဲ့ သဘာဝနည်းအတိုင်း မဟုတ်တဲ့ အခြားသောပုံစံမျိုးကနေထုတ်လုပ်ထားတဲ့ သစ်သီးတွေကိုတော့ မဝယ်မိအောင် အထူးဂရုပြုရပါမယ်။

သစ်သီးတွေကိုပဲ နှစ်နဲ့ချီပြီးစားသုံးမယ်ဆိုရင်တော့ စားသုံးသူရဲ့ အသား အရေဟာ မြင်သူတကာတိုင်း နှစ်ခါပြန်ကြည့်ရမယ့်အသားအရေမျိုးဖြစ်လာပြီး အများကြားထဲ ထင်ပေါ်နေပါလိမ့်မယ်။ ဆိုလိုချင်တာက အသားပိုဖြူလာမယ်၊မဲလာမယ် လို့တော့မဟုတ်ပါဘူး။ သူမကဆက်လက်ပြီး သင့်မှာ ရောဂါတစ်ခု ဒါမှမဟုတ် လိုအပ်တဲ့ အလေးချိန်ထက် လွန်နေမယ်ဆိုရင်တော့ ဘာအသားမှမစားပဲ သစ်သီး၊ သစ်ဥတွေကိုပဲ ရက်(၃၀)လောက်စားသောက်ကြည့်ဖို့ အကြံပေးပါရစေ။ ပြောင်းလဲလာတဲ့ ခန္ဓာကိုယ်အနေအထားကို မှန်ထဲမှာပြန်ကြည့်ရင်း သိလာပါလိမ့်မယ်။

ရောဂါပိုးမွှား အများစုဟာ တိရိစ္ဆာန်တွေရဲ့အသား၊ ဝမ်းတွင်းအစိတ်အပိုင်းတွေထဲမှာပဲ ရှိနိုင်ပါတယ်။ ဒါတွေကို လူသားတွေက ချက်ပြုတ်စားသောက်ကြပေမဲ့ အချို့သောဘရဘေးဖြစ်စေ တဲ့ပိုးမွှားတွေက အမြင့်ဆုံးအပူချိန်တွေမှာတောင် အသက်ရှင်နေနိုင်တယ်ဆိုတာ သိပ္ပံဆိုင်ရာတွေ့ရှိချက်တွေမှာ ဖော်ပြပြီးဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ပြောပြချင်တာ က သစ်သီးသစ်ဥတွေကိုပဲ အမြဲတမ်းစားသောက်ဖို့ဆိုတာကတော့ မလွယ်ပါဘူး။နည်း နည်းချင်း လုပ်ယူမယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ ဒါဟာမမှားတဲ့ ရွေးချယ်မှုဖြစ်ပြီး ဒီနည်းသာ ကမ္ဘာကြီးကိုစွဲထင်သွားရင်တော့ ပိုမိုလှပတဲ့ လူဘောင်လောကကို တည်ဆောက်နိုင်မှာပဲ ဖြစ်ပါတယ်လို့ အကြံပြု ပြောဆိုထားပါတယ်။

Leave a Reply