ႀကီးတဲ့ငါး နဲ ့ ျမန္တဲ့ငါး

Posted on

ေရးသားသူ – ကိုၿဖဳိးကုိကုိႏုိင္

ႏိုကီရာ ဆိုတာ က်ေနာ္တို ့ငယ္ငယ္တုန္းက မက္မက္ေမာေမာ သံုးခဲ့ရတဲ့ ဖုန္းျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ကဆို ႏိုကီရာ က်ဆံုးသြားမယ္ လို ့ဘယ္သူမွ မေတြးရဲေလာက္ပါဘူး။ ဖုန္းေလာက ရဲ ့ဧရာမ ဘီလူးျကီး ႏိုကီရာဟာ ဆံုးျဖတ္ခ်က္ တစ္ခုမွားရံု၊ ၿပိဳင္ဘက္ေတြထက္ အခ်ိန္ အနည္းငယ္ေလး ေနာက္က်သြားရံုနဲ ့ မယံုႏိုင္ဖြယ္ မရႈမလွ ရႈံးနိမ့္ခဲ့ ရပါတယ္။

ကမာၻ ့အခ်မ္းသာဆံုး ဘီလ္ဂိတ္ နိုကီရာကို ဝယ္ယူလိုက္ၿပီး မိုက္ခ႐ိုေဆာ့ လက္ထဲ ေရာက္သြားတာေတာင္ ခုထိ နာလန္ ျပန္မထူ ႏိုင္ေသးပါဘူး။ ဒီရႈံးနိမ့္မႈဟာ စီးပြားေရး ေလာက ၿပိဳင္ဆိုင္မႈမွာ ငါးႀကီးကသာ ငါးေလးကို အၿမဲ စားမယ္ ဆိုတဲ့ အယူအဆ မမွန္ဘူး ဆိုတာကို သက္ေသ ျပခဲ့ပါတယ္။

နည္းပညာ တိုးတက္မႈ ျပင္းထန္လြန္းတဲ့ ဒီေန ့ေခတ္မွာ ကိုယ္က ေစ်းကြက္ အႀကီးဆံုး ရထားတယ္၊ အင္အားႀကီးတယ္ ဆိုၿပီး သက္ေတာင့္ သက္သာ ေနလို ့ မရေတာ့ပါဘူး။ ေခတ္ရဲ ့ ေျပာင္းလဲမႈ ေတြကို မ်က္စိ ေဒါက္ေထာက္ ၾကည့္ၿပီး အခ်ိန္မွီ ေျပာင္းလဲႏိုင္ဖို ့ လိုပါတယ္။ အေျပာင္းအလဲက ျဖစ္ႏိုင္ရင္ ျမန္ေလ ေကာင္းေလ။ နည္းပညာေခတ္မွာ အမွား မလုပ္ရံုနဲ ့ ရွင္သန္လို ့ မရေတာ့ပါဘူး။ အမွန္ေတြ မလုပ္ ရင္လည္း ေသဆံုးႏိုင္သလို ေနာက္က် ရင္လည္း ေသဆံုးသြား ႏိုင္ပါတယ္။

ႏိုကီရာရဲ ့ က်ဆံုးမႈ ေနာက္မွာ Apple ရဲ ့တဖန္ ႏိုးထ ေအာင္ျမင္မႈ နဲ႔ Samsung ရဲ ့ အံ့ၾသဖြယ္ ႀကီးထြားမႈ ျဖစ္လာပါတယ္။ ဒီေနာက္မွာေတာ့ စမတ္ဖုန္း ေလာကရဲ ့ အံ့ၾသဖြယ္ ေနာက္တစ္ခု ေပၚလာပါတယ္။ တ႐ုတ္ကုမၸဏီ ေရွာင္းမီ (Xiaomi) ျဖစ္ပါတယ္။ ေအာက္က စကားက ေရွာင္းမီရဲ ့ တည္ေထာင္သူနဲ ့ စီအီးအို ျဖစ္တဲ့ ေလကၽြင္းရဲ ့ ႏိုကီရာနဲ ့ပတ္သတ္တဲ့ မွတ္ခ်က္ပါ။ ႏိုကီရာ တံဆိပ္ တန္ခိုးႀကီးေနခ်ိန္မွာ ေလကၽြင္းဟာ ေရွာင္းမီကို စေတာင္ မတည္ေထာင္ရ ေသးပါဘူး။

“ကၽြန္ေတာ္ King Soft ကုမၸဏီမွာ အလုပ္ လုပ္ေနတုန္းက ႏိုကီရာ နဲ ့မိုတို႐ိုလာ ဟာ ဖုန္းေလာက မွာ အႀကီးက်ယ္ဆံုး တံဆိပ္ေတြပါ။ နည္းပညာ ေပါက္ကြဲမႈ ျဖစ္လာေတာ့မယ္ ဆိုတာကို သိလာခ်ိန္ ဒီကုမၸဏီ ႏွစ္ခုရဲ ့ သုေတသနနဲ ့ ဖြံ ့ ၿဖိဳးမႈ ဌာန အႀကီးအကဲေတြကို ကၽြန္ေတာ္ ေျပာခဲ့ပါတယ္။ သံုးစြဲသူေတြရဲ ့ ေရရွည္ သစၥာ ရွိမႈရဖို ့ လိုအပ္တဲ့ နည္းပညာသစ္ေတြ ေျပာင္းလဲ ဖန္တီးေပးရမယ္။ သူတို ့ အဆင္မေျပတဲ့ တံု႔ျပန္မႈရွိလာရင္ အျမန္ဆံုး ေျဖရွင္းေပးဖို ့ လိုတယ္ ဆိုတာကို။ သူတို ့ လက္ခံ ရံုသာ လက္ခံတယ္။ လက္ေတြ ့ လုပ္ေဆာင္ခ်က္ ပါမလာ ခဲ့ဘူး။ အဲတုန္းက ကၽြန္ေတာ္ စဥ္းစား ခဲ့တယ္။ ေနာင္တစ္ခ်ိန္ ငါမ်ား ဖုန္းထုတ္ႏိုင္ခဲ့ရင္ သံုးစြဲသူေတြရဲ ့ တံု ့ျပန္မႈနဲ ့ လိုအပ္ခ်က္ေတြကို သူတို ့လို မေႏွးဘဲ ျမန္ေစရမယ္။ တပတ္အတြင္း ေျဖရွင္းေပးမယ္”

ေလကၽြင္းဟာ အေျပာနဲ ့အလုပ္ညီခဲ့ပါတယ္။ သံုးစြဲသူတို ့၏ တံု႔ျပန္မႈေပၚ မူတည္၍ အပတ္စဥ္ ေသာၾကာေန ့တိုင္း ၎ဖုန္းမ်ား၏ အမွားမ်ား ျပင္ျခင္းႏွင့္ လုပ္ေဆာင္ခ်က္ အသစ္မ်ား ထည့္သြင္းျခင္းကို Online မွ တဆင့္ အျမန္ဆံုး (Update) လုပ္ ေျဖရွင္းေပးပါတယ္။

ေရွာင္းမီဟာလည္း စမတ္ဖုန္းေလာကရဲ ့ ဧရာမေတြ ျဖစ္တဲ့ ဟြာေဝး၊ HTC နဲ ့ ဆိုနီတို ့ကို အံ့ၾသဖြယ္ ေက်ာ္ျဖတ္ၿပီး Apple နဲ ့ Samsung ေနာက္ ကမာၻ တတိယ အႀကီးဆံုး စမတ္ဖုန္း ကုမၸဏီ ျဖစ္လာပါတယ္။

အာဆီယံလြတ္လပ္စြာ ကုန္သြယ္မႈမွာ ၿပိဳင္ဆိုင္ရမယ့္ အစစ အရာရာ ေနာက္က်ခဲ့တဲ့ ျမန္မာ လုပ္ငန္းရွင္ ေတြ ကေတာ့ ဒီျဖစ္ရပ္ေတြကေန သင္ခန္းစာ ႏွစ္ခု ယူလို ့ရပါတယ္။

၁။ ႀကီးတဲ့ငါးတိုင္းက ငယ္တဲ့ငါးတိုင္းကို စားႏိုင္မွာ မဟုတ္ေတာ့ဘူး
၂။ ျမန္တဲ့ငါးကသာ ေႏွးတဲ့ငါးေတြကို စားသြား ႏိုင္မယ္ ဆိုတာပါပဲ။

ဒီေတာ့ ခု ငါးႀကီး ျဖစ္ေနလည္း မာန္မတက္ပါနဲ ့။ ငါးေသးေလး ျဖစ္ေနလည္း အားမငယ္ပါနဲ႔။ အိုင္ဒီယာသစ္ ကို ဖန္တီးၿပီး ေခတ္ရဲ့ အေျပာင္းအလဲမွာ အျမန္ဆံုး လိုက္ပါ ႏိုင္ဖို ့သာ အဓိက က်ပါတယ္။ ဒီေခတ္မွာ ငါးႀကီးႀကီးလည္း ေသသြားႏိုင္သလို ငါးေသးေလးလည္း ေအာင္ျမင္ရွင္သန္ ႏိုင္ပါတယ္။

Phyo Ko Ko Naing

—————–

ကြီးတဲ့ငါး နဲ့ မြန်တဲ့ငါး (unicode)

ရေးသားသူ – ကိုဖြိုးကိုကိုနိုင်

နိုကီရာ ဆိုတာ ကျနော်တို့ငယ်ငယ်တုန်းက မက်မက်မောမော သုံးခဲ့ရတဲ့ ဖုန်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကဆို နိုကီရာ ကျဆုံးသွားမယ် လို့ဘယ်သူမှ မတွေးရဲလောက်ပါဘူး။ ဖုန်းလောက ရဲ့ဧရာမ ဘီလူးကြီး နိုကီရာဟာ ဆုံးဖြတ်ချက် တစ်ခုမှားရုံ၊ ပြိုင်ဘက်တွေထက် အချိန် အနည်းငယ်လေး နောက်ကျသွားရုံနဲ့ မယုံနိုင်ဖွယ် မရှုမလှ ရှုံးနိမ့်ခဲ့ ရပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး ဘီလ်ဂိတ် နိုကီရာကို ဝယ်ယူလိုက်ပြီး မိုက်ခရိုဆော့ လက်ထဲ ရောက်သွားတာတောင် ခုထိ နာလန် ပြန်မထူ နိုင်သေးပါဘူး။ ဒီရှုံးနိမ့်မှုဟာ စီးပွားရေး လောက ပြိုင်ဆိုင်မှုမှာ ငါးကြီးကသာ ငါးလေးကို အမြဲ စားမယ် ဆိုတဲ့ အယူအဆ မမှန်ဘူး ဆိုတာကို သက်သေ ပြခဲ့ပါတယ်။

နည်းပညာ တိုးတက်မှု ပြင်းထန်လွန်းတဲ့ ဒီနေ့ခေတ်မှာ ကိုယ်က ဈေးကွက် အကြီးဆုံး ရထားတယ်၊ အင်အားကြီးတယ် ဆိုပြီး သက်တောင့် သက်သာ နေလို့ မရတော့ပါဘူး။ ခေတ်ရဲ့ ပြောင်းလဲမှု တွေကို မျက်စိ ဒေါက်ထောက် ကြည့်ပြီး အချိန်မှီ ပြောင်းလဲနိုင်ဖို့ လိုပါတယ်။ အပြောင်းအလဲက ဖြစ်နိုင်ရင် မြန်လေ ကောင်းလေ။ နည်းပညာခေတ်မှာ အမှား မလုပ်ရုံနဲ့ ရှင်သန်လို့ မရတော့ပါဘူး။ အမှန်တွေ မလုပ် ရင်လည်း သေဆုံးနိုင်သလို နောက်ကျ ရင်လည်း သေဆုံးသွား နိုင်ပါတယ်။

နိုကီရာရဲ့ ကျဆုံးမှု နောက်မှာ Apple ရဲ့တဖန် နိုးထ အောင်မြင်မှု နဲ့ Samsung ရဲ့ အံ့ဩဖွယ် ကြီးထွားမှု ဖြစ်လာပါတယ်။ ဒီနောက်မှာတော့ စမတ်ဖုန်း လောကရဲ့ အံ့ဩဖွယ် နောက်တစ်ခု ပေါ်လာပါတယ်။ တရုတ်ကုမ္ပဏီ ရှောင်းမီ (Xiaomi) ဖြစ်ပါတယ်။ အောက်က စကားက ရှောင်းမီရဲ့ တည်ထောင်သူနဲ့ စီအီးအို ဖြစ်တဲ့ လေကျွင်းရဲ့ နိုကီရာနဲ့ပတ်သတ်တဲ့ မှတ်ချက်ပါ။ နိုကီရာ တံဆိပ် တန်ခိုးကြီးနေချိန်မှာ လေကျွင်းဟာ ရှောင်းမီကို စတောင် မတည်ထောင်ရ သေးပါဘူး။

“ကျွန်တော် King Soft ကုမ္ပဏီမှာ အလုပ် လုပ်နေတုန်းက နိုကီရာ နဲ့မိုတိုရိုလာ ဟာ ဖုန်းလောက မှာ အကြီးကျယ်ဆုံး တံဆိပ်တွေပါ။ နည်းပညာ ပေါက်ကွဲမှု ဖြစ်လာတော့မယ် ဆိုတာကို သိလာချိန် ဒီကုမ္ပဏီ နှစ်ခုရဲ့ သုတေသနနဲ့ ဖွံ့ ဖြိုးမှု ဌာန အကြီးအကဲတွေကို ကျွန်တော် ပြောခဲ့ပါတယ်။ သုံးစွဲသူတွေရဲ့ ရေရှည် သစ္စာ ရှိမှုရဖို့ လိုအပ်တဲ့ နည်းပညာသစ်တွေ ပြောင်းလဲ ဖန်တီးပေးရမယ်။ သူတို့ အဆင်မပြေတဲ့ တုံ့ပြန်မှုရှိလာရင် အမြန်ဆုံး ဖြေရှင်းပေးဖို့ လိုတယ် ဆိုတာကို။ သူတို့ လက်ခံ ရုံသာ လက်ခံတယ်။ လက်တွေ့ လုပ်ဆောင်ချက် ပါမလာ ခဲ့ဘူး။ အဲတုန်းက ကျွန်တော် စဉ်းစား ခဲ့တယ်။ နောင်တစ်ချိန် ငါများ ဖုန်းထုတ်နိုင်ခဲ့ရင် သုံးစွဲသူတွေရဲ့ တုံ့ပြန်မှုနဲ့ လိုအပ်ချက်တွေကို သူတို့လို မနှေးဘဲ မြန်စေရမယ်။ တပတ်အတွင်း ဖြေရှင်းပေးမယ်”

လေကျွင်းဟာ အပြောနဲ့အလုပ်ညီခဲ့ပါတယ်။ သုံးစွဲသူတို့၏ တုံ့ပြန်မှုပေါ် မူတည်၍ အပတ်စဉ် သောကြာနေ့တိုင်း ၎င်းဖုန်းများ၏ အမှားများ ပြင်ခြင်းနှင့် လုပ်ဆောင်ချက် အသစ်များ ထည့်သွင်းခြင်းကို Online မှ တဆင့် အမြန်ဆုံး (Update) လုပ် ဖြေရှင်းပေးပါတယ်။

ရှောင်းမီဟာလည်း စမတ်ဖုန်းလောကရဲ့ ဧရာမတွေ ဖြစ်တဲ့ ဟွာဝေး၊ HTC နဲ့ ဆိုနီတို့ကို အံ့ဩဖွယ် ကျော်ဖြတ်ပြီး Apple နဲ့ Samsung နောက် ကမ္ဘာ တတိယ အကြီးဆုံး စမတ်ဖုန်း ကုမ္ပဏီ ဖြစ်လာပါတယ်။

အာဆီယံလွတ်လပ်စွာ ကုန်သွယ်မှုမှာ ပြိုင်ဆိုင်ရမယ့် အစစ အရာရာ နောက်ကျခဲ့တဲ့ မြန်မာ လုပ်ငန်းရှင် တွေ ကတော့ ဒီဖြစ်ရပ်တွေကနေ သင်ခန်းစာ နှစ်ခု ယူလို့ရပါတယ်။

၁။ ကြီးတဲ့ငါးတိုင်းက ငယ်တဲ့ငါးတိုင်းကို စားနိုင်မှာ မဟုတ်တော့ဘူး
၂။ မြန်တဲ့ငါးကသာ နှေးတဲ့ငါးတွေကို စားသွား နိုင်မယ် ဆိုတာပါပဲ။

ဒီတော့ ခု ငါးကြီး ဖြစ်နေလည်း မာန်မတက်ပါနဲ့။ ငါးသေးလေး ဖြစ်နေလည်း အားမငယ်ပါနဲ့။ အိုင်ဒီယာသစ် ကို ဖန်တီးပြီး ခေတ်ရဲ့ အပြောင်းအလဲမှာ အမြန်ဆုံး လိုက်ပါ နိုင်ဖို့သာ အဓိက ကျပါတယ်။ ဒီခေတ်မှာ ငါးကြီးကြီးလည်း သေသွားနိုင်သလို ငါးသေးလေးလည်း အောင်မြင်ရှင်သန် နိုင်ပါတယ်။

Phyo Ko Ko Naing

Leave a Reply