ေတာင္ကိုရီးယား ႏုိင္ငံအေၾကာင္း သိေကာင္းစရာ

Posted on

ေရးသားသူ – ဆရာ ေမာင္သာ(ေရွးေဟာင္းသုေတသန)
သုတအလင္း မဂၢဇင္း

` စီးပြားေရးတိုးတက္မႈျမင့္မားကာ စက္မႈလုပ္ငန္းထြန္းကားသည့္ႏိုင္ငံျဖစ္လာခဲ့ၿပီး အလ်င္အျမန္ ခ်မ္းသာၾကြယ္၀ခဲ့သည့္ အာရွႏိုင္ငံေလးခုကို အာရွက်ားေလးေကာင္ သို႕မဟုတ္ အာရွနဂါးေလးေကာင္ဟု တင္စားၾကသည္။ ယင္းႏိုင္ငံမ်ားသည္ ၁၉၆၀ ျပည့္ႏွစ္မွ ၁၉၉၀ ျပည့္ႏွစ္မ်ား အတြင္း ႏွစ္စဥ္ စီးပြားတိုးတက္မႈ ခုနစ္ရာခိုင္ႏႈန္းအထက္ရရွိခဲ့သည္။ ထို႕ေၾကာင့္ စကၤာပူ၊ ထုိင္၀မ္၊ေဟာင္ေကာင္တို႕ႏွင့္အတူ အာရွက်ား၊အာရွ နဂါးတစ္ေကာင္အျဖစ္ သတ္မွတ္ျခင္းခံရသည့္ ေတာင္ကိုရီးယားႏိုင္ငံသည္ အာရွတိုက္၏ စီးပြားေရးအင္အားၾကီးႏိုင္ငံတစ္ႏိုင္ငံျဖစ္လာခဲ့သည္။

ေတာင္ကိုရီးယားႏိုင္ငံ၏အမည္ အျပည့္အစုံသည္ ကိုရီးယား သမၼတႏိုင္ငံ(Republic of Korea)ျဖစ္၍ ဟန္လူမ်ိဳးတို႕၏ မဟာႏိုင္ငံေတာ္ဟု အဓိပၸာယ္ရသည္။ေတာင္ကိုရီးယားႏိုင္ငံသည္ အာရွတိုက္ကုန္းေျမ၏ အေရွ႕ပိုင္း၊ကိုရီးယားကၽြန္းဆြယ္၏ ေတာင္ ပိုင္းတြင္တည္ရွိကာ ေတာင္တန္းမ်ားထူထပ္ၿပီး အပူအေအးမွ်တေသာ ေျမာက္ပိုင္းဇုန္အတြင္းက်ေရာက္ေနကာ ခန္႕မွန္းေျခ လူဦး ေရ ၅၁ ဒသမ ၄ သန္းရွိ၍ ႏိုင္ငံၿမိဳ႕ေတာ္သည္ လူဦးေရ ၁၀ သန္းေနထိုင္သည့္ ဆိုးလ္ျဖစ္သည္။

ေရွးေဟာင္းသုေတသန အေထာက္အထားမ်ားအရ ကိုရီးယားကၽြန္းဆြယ္တြင္ ေက်ာက္ေခတ္ေႏွာင္းပိုင္းမွစ၍ လူမ်ားေန ထိုင္ခဲ့ၾကသည္ဟု ဆိုသည္။သို႕ေသာ္ ကိုရီးယားႏိုင္ငံ၏ သမိုင္းသည္ ခရစ္ေတာ္မေပၚမီ ၂၃၃၃ ခုႏွစ္က စတင္ခဲ့ေၾကာင္း ရာဇ၀င္မ်ား က ဆိုခဲ့သည္။ခရစ္ေတာ္ေပၚၿပီး ၆၆၈ ခုႏွစ္တြင္ ကိုရီးယား ဘုရင့္ႏိုင္ငံေတာ္သုံးခုကို ပူးေပါင္း၍ Goryeo မင္းဆက္မ်ားက ၉၁၈ ခုႏွစ္ မွ ၁၃၉၂ ခုႏွစ္အထိ၊Joseon မင္းဆက္မ်ားက ၁၃၉၂ ခုႏွစ္မွ ၁၉၁၀ ျပည့္ႏွစ္အထိ အုပ္စိုးခဲ့သည္။

ဒုတိယကမၻာစစ္အၿပီးတြင္ ကိုရီးယားႏိုင္ငံသည္ ဆိုဗီယက္ျခမ္း ေျမာက္ပိုင္းႏွင့္ အေမရိကန္ဘက္ျခမ္း ေတာင္ပိုင္းဟု ႏွစ္ ႏိုင္ငံကြဲခဲ့သည္။ ၁၉၄၈ ခုႏွစ္တြင္ အေမရိကန္ဇုန္ ေတာင္ဘက္ျခမ္းတြင္ ေရြးေကာက္ပြဲက်င္းပခဲ့ကာ ကိုရီးယား သမၼတႏိုင္ငံ (ROK) ေပၚထြန္းလာခဲ့သည္။ကုလသမဂၢအဖြဲ႕က ကိုရီးယားသမၼတႏိုင္ငံကို အသိအမွတ္ျပဳခဲ့ၿပီးဆိုဗီယက္တို႕က ေျမာက္ပိုင္းတြင္ ျပိဳင္ဘက္ အစိုးရအဖြဲ႕တစ္ခုကို ဖြဲ႕စည္းခဲ့သည္။၁၉၅၀ ျပည့္ႏွစ္တြင္ ကိုရီးယားေျမာက္ပိုင္းက ေတာင္ပိုင္းကို ၀င္ေရာက္တိုက္ခိုက္ရာမွ သုံးႏွစ္ ၾကာ ကိုရီးယားစစ္ပြဲျဖစ္ပြားခဲ့ကာ အေမရိကန္၊ ဆိုဗီယက္၊တရုတ္ႏွင့္ အျခားႏိုင္ငံမ်ား ပါ၀င္ပတ္သက္ခဲ့ၾကသည္။

ျပည္နယ္ ၁၇ ခုရွိသည့္ ေတာင္ကိုရီးယားႏိုင္ငံသည္ စီးပြားေရး အထူးေကာင္းမြန္တိုးတက္ခဲ့ကာ G 20 အဓိက စီးပြားေရး သို႕ အသြင္ေျပာင္းလာခဲ့ ကာ ၁၉၈၇ ခုႏွစ္တြင္ အရပ္သား အုပ္ခ်ဳပ္မႈစနစ္ကိုက်င့္သုံးခဲ့သည္။ ေတာင္ကိုရီးယားႏိုင္ငံသည္ လူ႕အရင္းအျမစ္ဖြံ႕ၿဖိဳးတိုးတက္မႈတြင္ အဆင့္ ၁၈၊ ကမၻာ့စီးပြားေရးအင္အားေကာင္းမြန္မႈတြင္ အဆင့္ ၁၁၊ ျပည္ပပို႕ကုန္တင္ပို႕မႈတြင္အဆင့္ ငါး၊သြင္းကုန္တင္သြင္းမႈတြင္ အဆင့္ ရွစ္ ေနရာတြင္ရပ္တည္ေနသည္။လွ်ပ္စစ္ပစၥည္း၊ ေမာ္ေတာ္ယာဥ္၊ သေဘၤာ၊ ေရနံထြက္ပစၥည္းႏွင့္ စက္ရုပ္မ်ားကို ျပည္ပသို႕တင္ပို႕မႈသည္ ေတာင္ကိုရီးယားႏိုင္ငံစီးပြားေရး၏ အဓိက ေမာင္းႏွင္အားျဖစ္သည္။

၁၉၆၂ ခုႏွစ္မွ ၁၉၉၄ ခုႏွစ္အတြင္း ေတာင္ကိုရီးယားႏိုင္ငံစီးပြားေရးသည္ႏွစ္စဥ္ပ်မ္းမွ် ၁၀ ရာခိုင္ႏႈန္းႏွင့္ ျပည္ပပို႕ကုန္တန္ဘိုးသည္ ႏွစ္စဥ္ ၂၀ ရာခိုင္ႏႈန္းတိုးတက္ခဲ့သည္။ ေတာင္ကိုရီးယားႏိုင္ငံသည္ ႏိုင္ငံတကာ ဆက္ဆံေရးနယ္ပယ္တြင္ အာဆီယံအေပါင္း၊ ကုလသမဂၢ၊G 20၊ ကမၻာ့ကုန္ သြယ္ေရးအဖြဲ႕၊ေအပက္ စသည့္ အဖြဲ႕အစည္းမ်ားတြင္ တက္ၾကြစြာပါ၀င္လ်က္ရွိေပသည္။

ကိုရီးယား ဟူသည့္ အမည္

ကိုရီးယားဟူသည့္အမည္သည္ Goryeo ဟူသည့္ ေ၀ါဟာရမွ ဆင္းသက္ခဲ့ကာ Goryeo ကို ေရွးေဟာင္းကိုရီးယား Goguryeo မင္းဆက္မ်ားက ငါးရာစုႏွစ္တြင္ စတင္သုံးစြဲခဲ့သည္။ ကိုရီးယားသို႕ ေရာက္ရွိခဲ့သည့္ ပါရွန္လူမ်ိဳးမ်ားက Goryeo ကို ကိုရီးယားဟု အသံထြက္ခဲ့ၾကသည္။ မ်က္ေမွာက္ေခတ္တြင္သုံးစြဲေနသည့္ Korea ဟူသည့္ စာလုံးကို ၁၇ ရာစုတြင္ဒတ္ခ်္အေရွ႕အိႏၵိယ ကုမၸဏီ မွ Hendrick Hamelက သူ၏ ခရီးသြားမွတ္တမ္းတြင္ ပထမဆုံးေရးသားခဲ့သည္။၁၉ ရာစုတြင္ Corea ႏွင့္Korea ဟု ႏွစ္မ်ိဳးေရးသားခဲ့ၾကေသာ္ လည္းကိုရီးယားႏိုင္ငံကို ဂ်ပန္တို႕သိမ္းပိုက္ထားခ်ိန္တြင္ဂ်ပန္တို႕က ႏိုင္ငံအမည္နာမ အကၡရာစဥ္ရာတြင္ ဂ်ပန္၏ ေနာက္တြင္ရွိ ေနေစရန္ ရည္ရြယ္လ်က္ Korea ဟု သုံးစြဲခဲ့သည္ဟု အခ်ိဳ႕က ယုံၾကည္ၾကသည္။

၁၉၄၅ ခုႏွစ္တြင္ဂ်ပန္တို႕ ကိုရီးယားမွ ျပန္လည္ထြက္ခြာခဲ့ၾကၿပီးေနာက္ Korea ဟုသာ ဆက္လက္သုံးစြဲခဲ့ကာ ကိုရီးယား ဘာသာ စကားျဖင့္ မဟာကိုရီးယားလူမ်ိဳးမ်ား(ဟန္)၏ ႏိုင္ငံေတာ္ဟု အဓိပၸာယ္ရသည့္ the Republic of Korea ဟူသည့္ အမည္ ကိုယူခဲ့သည္။ေတာင္ကိုရီးယားႏိုင္ငံသားမ်ားသည္ကိုရီးယားႏိုင္ငံကို ကိုယ္စားျပဳသည့္ စကားလုံးကို Han ဟု သုံးစြဲခဲ့ၿပီး ေျမာက္ကိုရီး ယားႏိုင္ငံသားမ်ားႏွင့္ တရုတ္ႏွင့္ဂ်ပန္သို႕ ေရာက္ရွိေနၾကသည့္ ကိုရီးယားမ်ားက Joseon ဟု သုံးစြဲခဲ့ၾကသည္။

ေရွးေဟာင္းကိုရီးယား

ကိုရီးယားႏိုင္ငံ၏ သမိုင္းသည္ ခရစ္ေတာ္မေပၚမီ ၂၃၃၃ ခန္႔တြင္ Joseon(Old Joseon) ေခၚ Gojoseon မင္းဆက္ကို ထူေထာင္ခ်ိန္မွ စတင္ခဲ့သည္။ Gija Joseon တို႕သည္ ကိုရီးယားေျမာက္ပိုင္း ကၽြန္းဆြယ္ႏွင့္မန္ခ်ဴးရီးယားေဒသ အစိတ္အပိုင္းအခ်ိဳ႕အထိ တိုးခ်ဲ႕ခဲ့ကာ ယင္းတို႕၏ အဆိုအရ ခရစ္ေတာ္ မေပၚမီ ၁၂ ရာစုတြင္ ယင္းတို႕ေဒသကို ထူေထာင္ခဲ့ၾကသည္။သို႕ေသာ္ ယင္းအယူအဆသည္ မ်က္ေမွာက္ေခတ္တြင္အျငင္းပြားဖြယ္မ်ားရွိလာခဲ့သည္။ဘီစီ ၁၀၈ ခုႏွစ္တြင္ ဟန္မင္းဆက္က ၀ီမင္ဂ်ိဳစီယန္(Wiman Josean) တို႕ကို အႏိုင္ရရွိခဲ့ၿပီး ကိုရီးယားေျမာက္ပိုင္းကၽြန္းဆြယ္ေဒသတြင္ အုပ္ခ်ဳပ္ေရးေဒသ ေလးခုကို ထူေထာင္ခဲ့သည္။သို႕ေသာ္ ရာစုႏွစ္ အနည္းငယ္အတြင္း ယင္းေဒသသုံးခုကိုစြန္႕လႊတ္ခဲ့ရကာ အေနာက္ပိုင္းသို႕ ဆုတ္ခြာခဲ့ၾကရသည္။

ကိုရီးယားသမိုင္းတြင္ သမိုင္းမတင္မီႏွင့္ သမိုင္းတင္ၿပီးေခတ္မ်ားအၾကား Buyeo ၊ Okjeo၊ Dongye ႏွင့္ Samhan တို႕ သည္ ကိုရီးယားကၽြန္းဆြယ္တစ္ခုလုံးႏွင့္ မန္ခ်ဴးရီးယားေတာင္ပိုင္းကို သိမ္းပိုက္ခဲ့ၾကၿပီးေနာက္ပိုင္းတြင္ Goguryeo ၊ Baekje ႏွင့္ Silla မင္းဆက္ သုံးဆက္သည္ ေတာင္ကိုရီးယားကၽြန္းဆြယ္ကို ထိန္းခ်ဳပ္ခဲ့ၾကသည္။ယင္းတို႕အနက္ Goguryeo မင္းဆက္သည္ စစ္အင္အားအၾကီးမားဆုံးျဖစ္ခဲ့ကာ ႏွစ္ ၇၀၀ အတြင္း တရုတ္ မင္းဆက္မ်ားႏွင့္ အင္အားၿပိဳင္ဆိုင္ခဲ့သည္။ Goguryeo မင္းဆက္ တြင္ Gwanggaeto the Great ႏွင့္ သူ၏သား Jangsu တို႕ အုပ္စိုးခဲ့သည့္အခ်ိန္ကို ေရႊေရာင္လႊမ္းေသာေခတ္ဟု ဆိုခဲ့ၾကသည္။

ကိုရီးယားကၽြန္းဆြယ္ အားၿပိဳင္မႈမ်ားအျဖစ္ တရုတ္မင္းဆက္မ်ားႏွင့္ စစ္ပြဲမ်ားျဖစ္ပြားခဲ့ရာတြင္ Goguryeo မင္းဆက္မ်ား လက္ထက္တြင္ စစ္ေရးရင္ဆိုင္မႈမ်ား အမ်ားဆုံးျဖစ္ပြားခဲ့သည္။ယင္းတို႕အနက္ Goguryeo Sui စစ္ပြဲသည္ အထင္ရွားဆုံးျဖစ္ကာ စစ္သည္အင္အား တစ္သန္းပါ၀င္ခဲ့သည္ဟုပင္ ဆိုခဲ့ၾကသည္။ Baekje မင္းဆက္သည္ ေရေၾကာင္းကို ကၽြမ္းက်င္၍ ၾကီးမားေသာ ေရတပ္အင္အားကို ပိုင္ဆိုင္ခဲ့ကာ အာရွ အေရွ႕ပိုင္းတြင္ ဗုဒၶဘာသာျပန္႕ပြားေစရန္ ေဆာင္ရြက္ခဲ့သည္။သို႕ေသာ္ Gwanggaeto the Great ကို ရႈံးနိမ့္ခဲ့ကာ အင္အားေလ်ာ့က်ခဲ့သည္။

အေစာပိုင္းကိုရီးယားမင္းဆက္သုံးခုတြင္ Silla သည္ အင္အား အေသးဆုံးျဖစ္ခဲ့သည္။သို႕ေသာ္ Silla တို႕သည္ သကၠရာဇ္ ၆၇၆ခုႏွစ္ တြင္ မင္းဆက္သုံးခုကို စုစည္းကာ ကိုရီးယားႏိုင္ငံ ေတာင္ပိုင္းႏွင့္ေျမာက္ပိုင္းကို ဦးေဆာင္ခဲ့ၿပီး Silla တို႕ ၾသဇာအၾကီးမားဆုံး အခ်ိန္ တြင္ မန္ခ်ဴးရီးယားေဒသ အမ်ားအျပားႏွင့္ ရုရွႏိုင္ငံအေရွ႕ဖ်ားအထိ ထိန္းခ်ဳပ္ထားႏိုင္ခဲ့သည္။

မ်က္ေမွာက္ေခတ္ ကိုရီးယား

၁၉၄၃ ခုႏွစ္ ကိုင္ရို ေၾကညာခ်က္အရ ညီညြတ္ေသာ ကိုရီးယားႏိုင္ငံေတာ္ကို ထူေထာင္ရန္ျဖစ္ေသာ္လည္း ဆိုဗီယက္ႏွင့္ အေမရိကန္တုိ႕အၾကားျဖစ္ပြားခဲ့သည့္ စစ္ေအးတိုက္ပြဲက ကိုရီးယားႏိုင္ငံအတြင္း ၁၉၄၈ ခုႏွစ္တြင္ ေတာင္ႏွင့္ေျမာက္ အစိုးရအဖြဲ႕ ႏွစ္ဖြဲ႕ ျဖစ္ေပၚေစခဲ့သည္။ အေမရိကန္ႏိုင္ငံ၏ ေထာက္ခံအားေပးမႈကိုရရွိထားသည့္ ေတာင္ကိုရီးယားသည္ ကြန္မ်ဴနစ္၀ါဒကို ဆန္႕က်င္ခဲ့ကာ ၁၉၄၈ ခုႏွစ္ ေမလတြင္ Syngman Rhee ဦးေဆာင္သည့္ ကိုရီးယားသမၼတႏိုင္ငံ အစိုးရအဖြဲ႕ကို ဖြဲ႕စည္းခဲ့သည္။ထို႕အတူေျမာက္ ပိုင္း ကိုရီးယားကလည္း ယင္းႏွစ္ စက္တင္ဘာလတြင္ Kim Il-sung ဦးေဆာင္သည့္ ဒီမိုကရက္တစ္ျပည္သူ႕ကိုရီးယား ႏိုင္ငံကို ထူ ေထာင္ခဲ့သည္။

ေအာက္တုိဘာလတြင္ ဆိုဗီယက္ယူနီယမ္က ကင္အီဆြမ္း အစိုးရအဖြဲ႕သည္ ကိုရီးယားေတာင္ပိုင္းႏွင့္ေျမာက္ပိုင္း ႏွစ္ခုလံုး၏ အခ်ဳပ္အျခာ အာဏာကို ပိုင္ဆိုင္ေၾကာင္း ေၾကညာခဲ့သည္။သို႕ေသာ္ ကုလသမဂၢအဖြဲ႕က ကုလသမဂၢ ယာယီေကာ္မရွင္ က က်င္းပခဲ့သည့္ ေရြးေကာက္ပြဲကို မူတည္လ်က္ Syngman Rhee အစိုးရ အဖြဲ႕သည္ တရား၀င္အစိုးရျဖစ္ေၾကာင္းႏွင့္ ကိုရီးယား ႏိုင္ငံအစိတ္အပိုင္းမ်ားကို ထိေရာက္ေသာ အုပ္ခ်ဳပ္မႈႏွင့္ တရားစီရင္မႈကို ေဆာင္ရြက္ႏိုင္ေၾကာင္းေၾကညာခဲ့သည္။

ႏွစ္ဘက္ေခါင္းေဆာင္မ်ားသည္ ႏိုင္ငံေရး ျပိဳင္ဘက္မ်ားအေပၚ ဖိႏွိပ္မႈမ်ားျပဳလုပ္ခဲ့ၾကကာ မိမိတို႕ ထိန္းခ်ဳပ္မႈေအာက္၌သာ ကိုရီးယားႏွစ္ႏိုင္ငံရန္ေပါင္းစည္းရန္ ေဆာင္ရြက္ခဲ့ၾကသည္။ ယင္းအခ်ိန္တြင္ ေတာင္ကိုရီးယားႏိုင္ငံက အေမရိကန္ႏိုင္ငံထံမွ စစ္ေရး အကူအညီေတာင္းခံခဲ့ရာ အေမရိကန္က ျငင္းဆိုခဲ့ေသာ္လည္း ေျမာက္ကိုရီးယားသည္ ဆိုဗီယက္ယူနီယမ္၏ အေထာက္အပံ့ျဖင့္ စစ္ေရးကို ခိုင္မာစြာ အားျဖည့္ႏိုင္ခဲ့သည္။

ကိုရီးယားစစ္ပြဲ

၁၉၅၀ ျပည့္ႏွစ္ ဇြန္လ ၂၅ ရက္ေန႕တြင္ ေျမာက္ကိုရီးယားႏိုင္ငံက ေတာင္ကိုရီးယားႏိုင္ငံကို က်ဴးေက်ာ္ခဲ့ရာမွ ကိုရီးယား စစ္ပြဲ ျဖစ္ပြားခဲ့သည္။ ယင္းစစ္ပြဲသည္ စစ္ေအးကာလအတြင္းပထမဆုံးေသာ အဓိကစစ္ပြဲတစ္ရပ္ျဖစ္ခဲ့ကာ ၁၉၅၃ ခုႏွစ္အထိ ၾကာ ျမင့္ခဲ့သည္။ ကိုရီးယားစစ္ပြဲတြင္ ဆိုဗီယက္ႏွင့္ တရုတ္တို႕က ေျမာက္ကိုရီးယားကို ေထာက္ခံခဲ့ကာ ေနာက္ပိုင္းတြင္ တရုတ္တပ္မ်ား သည္ စစ္ပြဲတြင္ပါ၀င္ခဲ့သည္။စစ္ပြဲအတြင္း ႏွစ္ဘက္အေသအေပ်ာက္စာရင္းသည္ ၁ ဒသမ ၂ သန္းအထိ မ်ားျပားခဲ့ၿပီး ၁၉၅၃ ခုႏွစ္ တြင္ကိုရီးယားကၽြန္းဆြယ္သည္ ႏွစ္ပိုင္းကြဲသြားခဲ့ကာ ႏွစ္ႏိုင္အၾကား စစ္မဲ့ဇုန္ကို ထူေထာင္ခဲ့သည္။ သို႕ေသာ္ ေျမာက္ကိုရီးယား က စစ္ေျပၿငိမ္းစာခ်ဳပ္ကို လက္မွတ္မထိုးခဲ့သျဖင့္ ယေန႕တိုင္ ကိုရီးယားစစ္ပြဲသည္ တရား၀င္ၿပီးဆုံးၿပီးဟု မဆိုႏိုင္ေသးေခ်။

၁၉၆၀ ျပည့္ႏွစ္တြင္ April 19 ေတာ္လွန္ေရးဟု ထင္ရွားသည့္ ေက်ာင္သား အေရးအခင္းျဖစ္ပြားခဲ့ကာ သမၼတ Syngman Rhee ရာထူးမွ ႏႈတ္ထြက္ခဲ့ရသည္။ယင္းအခ်ိန္မွစ၍ ႏိုင္ငံေရး မတည္ျငိမ္မႈမ်ားျဖစ္ေပၚခဲ့ကာ ၁၉၆၁ ခုႏွစ္ ေမလတြင္ ဗိုလ္ခ်ဳပ္ၾကီး ပတ္ခ်ဳံဟီးက အာဏာသိမ္းယူခဲ့သည္။ပတ္ခ်ဳံဟီးသည္ ၁၉၇၉ ခုႏွစ္အထိ အာဏာရယူခဲ့ကာ ႏိုင္ငံေရး ဖိႏွိပ္မႈမ်ားျပဳလုပ္ခဲ့သကဲ့သို႕ ႏိုင္ငံစီးပြားေရးသည္လည္းလ်င္ျမန္စြာ တိုးတက္လာေစရန္ ျပဳလုပ္ခဲ့သည္။သမၼတ ပတ္ခ်ဳံဟီးလက္ထက္တြင္ ေတာင္ကိုရီးယား ႏိုင္ငံ သည္ စက္မႈပစၥည္းအမ်ားအျပားကို ျပည္ပပို႕ကုန္အျဖစ္ တင္ပို႕ႏိုင္ခဲ့သျဖင့္ စီးပြားေရး အလ်င္အျမန္ တိုးတက္ဖြံ႕ၿဖိဳးလာခဲ့သည္။

ပတ္ခ်ဳံဟီးကို စစ္အာဏာရွင္တစ္ဦးအျဖစ္ ေ၀ဖန္ခဲ့ၾကေသာ္လည္း ၁၉၇၂ ခုႏွစ္တြင္ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ အေျခခံဥပေဒ တစ္ ရပ္ကို ေရးဆြဲခဲ့ၿပီး ေျခာက္ႏွစ္ သမၼတသက္တမ္းကို အကန္႕အသတ္မရွိ ရယူႏိုင္ရန္ ရာထူးအာဏာလုပ္ပိုင္ခြင့္မ်ားကို ခ်ဲ႕ထြင္ခဲ့သည္။ ပတ္ခ်ဳံဟီးသည္ ၁၇ ႏွစ္ၾကာ အာဏာရယူခဲ့ခ်ိန္တြင္ ေတာင္ကိုရီးယား ႏိုင္ငံကို ဖြံ႕ၿဖိဳးတိုးတက္ေစခဲ့ကာ စီးပြားေရး ဖြံ႕ၿဖိဳးမႈ အေျခခံ အေဆာက္အအုံမ်ားကို တည္ေထာင္ေပးခဲ့သည္။ ပတ္ခ်ဳံဟီးသည္ ၁၉၇၉ ခုႏွစ္တြင္ လုပ္ၾကံခံခဲ့ရၿပီး ေတာင္ကိုရီးယားႏိုင္ငံသည္ ႏိုင္ငံေရး အၾကပ္အတည္းမ်ားစြာျဖင့္ ရင္ဆိုင္ခဲ့ရကာ ဒီဇင္ဘာလ ၁၂ ရက္တြင္ ဗိုလ္ခ်ဳပ္ႀကီး ခ်န္ဒူး၀မ္က အာဏာသိမ္းခဲ့သည္။

ေမလတြင္ တစ္ႏိုင္ငံလုံးကို စစ္ ဥပေဒ ျဖင့္ အုပ္ခ်ဳပ္ခဲ့ၿပီး တကၠသိုလ္မ်ားကို ပိတ္သိမ္းျခင္း၊ႏိုင္ငံေရး လႈပ္ရွားမႈမ်ားကို တားျမစ္ျခင္း၊သတင္းလြတ္လပ္ခြင့္ကို ခ်ဳပ္ကိုင္ျခင္း မ်ားကို ကန္႕သတ္ခ်ဳပ္ကိုင္ခဲ့သည္။ခ်န္ဒူး၀မ္၏ သမၼတေရြးေကာက္ပြဲကို တစ္ႏိုင္ငံလုံးနီးပါး ဆန္႕က်င္ဆႏၵျပခဲ့ၾကၿပီး ဂြမ္ဂ်ဴးေဒသသို႕ အထူး တပ္ဖြဲ႕မ်ားေစလႊတ္ကာ ဒီမိုကေရစီ လႈပ္ရွားမႈမ်ားကို ႏွိမ္ႏွင္းခဲ့သည္။ခ်န္ဒူး၀မ္သည္ ေတင္ကိုရီးယားႏိုင္ငံကို ၁၉၈၇ ခုႏွစ္အထိ အုပ္ ခ်ဳပ္ခဲ့သည္။
ေတာင္ကိုရီးယားႏိုင္ငံသည္ ၁၉၉၁ ခုႏွစ္တြင္ ကုလသမဂၢ အဖြဲ႕၀င္ႏိုင္ငံတစ္ႏိုင္ငံျဖစ္လာခဲ့သည္။

ကင္ေဒးဂ်ဳံသည္ ၁၉၉၈ ခုႏွစ္တြင္ ေတာင္ကိုရီးယားႏိုင္ငံ၏ အ႒မေျမာက္ သမၼတ ျဖစ္လာခဲ့ၿပီးေနာက္ ၂၀၀၀ ျပည့္ႏွစ္တြင္ သူ၏ ေနေရာင္ေတာက္ပျခင္း မူ၀ါဒ အရ ေျမာက္ကိုရီးယားေခါင္းေဆာင္ႏွင့္ ၿပဳံယမ္းတြင္ ပထမဆုံးအၾကိမ္ေတြ႕ဆုံခဲ့ျခင္းႏွင့္ ဒီမိုကေရစီႏွင့္လူ႕အခြင့္ေရးဆိုင္ရာ ေဆာင္ရြက္မႈမ်ားေၾကာင့္ ၂၀၀၀ ျပည့္ႏွစ္အတြက္ ၿငိမ္းခ်မ္းေရးႏိုဘယ္လ္ဆုကိုရရွိခဲ့သည္။ ေတာင္ကိုရီးယားႏိုင္ငံသည္ ၂၀၁၀ ျပည့္ႏွစ္မွစ၍ ေျမာက္ကိုရီးယား၏ ရန္စမႈမ်ားကို ရင္ဆိုင္ခဲ့ရသည္။၂၀၁၂ ခုႏွစ္တြင္ ပတ္ဂြမ္ဟီးသည္ ေတာင္ကိုရီး ယားႏိုင္ငံ၏ ပထမဆုံး အမ်ိဳးသမီးသမၼတျဖစ္လာခဲ့ကာ ၂၀၁၆ ခုႏွစ္တြင္ ရာထူးမွ ႏႈတ္ထြက္ခဲ့ရသည္။ လက္ရွိသမၼတ မိုေဂ်အင္သည္၂၀၁၇ ခုႏွစ္ ေမလ ၁၀ ရက္တြင္သမၼတတာ၀န္မ်ားကို စတင္ထမ္းေဆာင္ခဲ့ကာ ေျမာက္ကိုရီးယား ႏိုင္ငံ ႏွင့္ ဆက္ဆံေရးတြင္ အထူး ေအာင္ျမင္ခဲ့သည္။

ပထ၀ီ၀င္ႏွင့္ ပတ္၀န္းက်င္

ေတာင္ကိုရီးယားႏိုင္ငံသည္ အာရွတိုက္ကုန္းေျမမွ မိုင္ ၆၈၀ စြန္းထြက္ေနသည့္ ကိုရီးယားကၽြန္းဆြယ္၏ ေတာင္ဘက္ပိုင္း တြင္ တည္ရွိသည္။ေတာင္တန္းမ်ားေပါမ်ားသည့္ ကၽြန္းဆြယ္ေဒသကို အေရွ႕ဘက္တြင္ဂ်ပန္ပင္လယ္ႏွင့္ အေနာက္ဘက္တြင္ ပယ္လယ္၀ါတို႕က ၀န္းရံလ်က္ရွိသည္။ေတာင္ဘက္အဖ်ားတြင္ ကိုရီးယား ေရလက္ၾကားႏွင့္ အေရွ႕ တရုတ္ပင္လယ္တို႕ တည္ရွိ ကာ ႏိုင္ငံအက်ယ္အ၀န္းသည္ ၁၀၀ ၀၃၂ စတုရန္းကီလိုမီတာ(၃၈၆၆၂ ဒသမ ၅၇ စတုရန္းမိုင္) ျဖစ္သည္။

ေတာင္ကိုရီးယားႏိုင္ငံတြင္ လူေနထိုင္ျခင္းမရွိသည့္ ကၽြန္းေပါင္း ၃၀၀၀ သည္ ႏိုင္ငံ အေနာက္ဘက္ႏွင့္ ေတာင္ဘက္ ပင္လယ္ကမ္းရိုးတန္းတြင္တည္ရွိေနၾကကာ ႏိုင္ငံအက်ယ္အ၀န္း၏ ၃၀ ရာခိုင္ႏႈန္းျဖစ္သည္။ေတာင္ကိုရီးယားႏိုင္ငံတြင္ ရာသီ ေလးမ်ိဳးရွိသည့္အနက္ ေဆာင္းရာသီအပူခ်ိန္သည္ အလြန္အေအးဓာတ္ျပင္းထန္ကာ ေရခဲမွတ္ေအာက္ ၄ ဒီဂရီ ဖာရင္ဟိုက္အထိ အပူခ်ိန္က်ဆင္းေလ့ရွိသည္။ေႏြရာသီတြင္ ပ်မ္းမွ်အပူခ်ိန္သည္ ၈၆ ဒီဂရီ ဖာရင္ဟိုက္ျဖစ္သည္။ဇြန္လမွ စက္တင္ဘာလအထိ မိုးရြာသြန္းခ်ိန္တြင္ ပ်မ္းမွ် မိုးေရခ်ိန္သည္ ဆိုးလ္တြင္ ၅၄ လက္မႏွင့္ ဘူဆန္တြင္ ၅၈ လက္မျဖစ္သည္။ စက္မႈလုပ္ငန္းမ်ား ထြန္းကားတိုးတက္သျဖင့္ ပတ္၀န္းက်င္ထိခိုက္မႈမ်ားကို အစားထိုးႏိုင္ရန္ အေမရိကန္ေဒၚလာ ၈၄ ဘီလီ ယံသုံးစြဲမည့္ အစိမ္းေရာင္တိုးပြားေရး ငါးႏွစ္စီမံကိန္းကို ေဆာင္ရြက္ခဲ့ကာ ႏိုင္ငံအတြငး္ အမ်ိဳးသားဥယ်ာဥ္ ၂၀ ထူေထာင္ခဲ့သည္။

အေထြေထြ

ေတာင္ကိုရီးယားႏိုင္ငံသည္ ဒီမိုကေရစီႏိုင္ငံမ်ားနည္းတူ အုပ္ခ်ဳပ္ေရး၊ ဥပေဒျပဳေရးႏွင့္ တရားစီရင္ေရး အာဏာသုံးရပ္ကို က်င့္သုံးသည္။ အုပ္ခ်ဳပ္ေရးႏွင့္ ဥပေဒျပဳေရးအာဏာကို ႏိုင္ငံေတာ္အဆင့္ သတ္မွတ္ ေဆာင္ရြက္၍ ၀န္ႀကီးဌာနမ်ားက ေဒသဆိုင္ရာ အုပ္ခ်ဳပ္မႈကိစၥအ၀၀ကို ေဆာင္ရြက္ၾကသည္။ ေဒသ အာဏာပိုင္အစိုးရမ်ားအား အုပ္ခ်ဳပ္ေရးႏွင့္ ဥပေဒျပဳေရးအာဏာမ်ားခြဲေ၀ အပ္ႏွင္းသည္။တရားစီရင္ေရးအာဏာကို အေျခခံအဆင့္မွ ႏိုင္ငံေတာ္အဆင့္အထိ ထားရွိသည္။အစိုးရအဖြဲ႕သည္ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံအေျခခံဥပေဒ အတိုင္း အုပ္ခ်ဳပ္သည္။

သို႕ေသာ္ ေတာင္ကိုရီးယားႏိုင္ငံ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံအေျခခံဥပေဒကို အၾကိမ္မ်ားစြာ ျပဳျပင္ျပ႒ာန္းခဲ့သည္။၁၉၄၈ ခုႏွစ္တြင္သမၼတကို ျပည္သူမ်ားက တိုက္ရိုက္ေရြးခ်ယ္သည့္စနစ္ကိုက်င့္သုံးခဲ့ေသာ္လည္း၁၉၆၀ ျပည့္ႏွစ္ႏွင့္ ၁၉၈၀ ျပည့္ႏွစ္မ်ားအၾကား စစ္ဘက္ဆိုင္ရာ အုပ္ခ်ဳပ္မႈမ်ားရွိခဲ့သည္။သမၼတသည္ ႏိုင္ငံအၾကီးအကဲျဖစ္၍ ၀န္ႀကီးခ်ဳပ္သည္ အစိုးရအဖြဲ႕ အၾကီးအကဲျဖစ္ကာ ႏိုင္ငံကို သမၼတက ဦးေဆာင္သည့္ စနစ္ကို က်င့္သုံးသည္။

၂၀၁၇ ခုႏွစ္ လူဦးေရစစ္တမ္းမ်ားအရ ေတာင္ကိုရီးယားႏိုင္ငံတြင္ေနထိုင္သူ ၅၁ ဒသမ ၄ သန္းရွိကာ လူဦးေရ သိပ္သည္း ဆသည္ တစ္ စတုရန္မုိင္တြင္ ၁၃၁၃ေယာက္ေနထိုင္သည္။ႏိုင္ငံသား အမ်ားစုသည္ ဆိုးလ္ၿမိဳ႕ေတာ္အပါအ၀င္ၿမိဳ႕ျပမ်ားတြင္ ေနထိုင္ၾကသည္။ ဘူဆန္၊ အင္ခၽြန္း၊ေဒဂူး၊ေဒဂ်ဳံး၊ဂြမ္ဂ်ဴးႏွင့္ အာလ္စန္တို႕သည္ လူဦးေရ သန္းေက်ာ္ေနထိုင္ၾကသည့္ ထင္ရွားေသာ ၿမိဳ႕ၾကီးမ်ားျဖစ္ၾကသည္။ ရုံးသုံးဘာသာစကားမွာ ကုိရီးယားဘာသာစကားျဖစ္ၿပီး ကုိးကြယ္မႈအေနႏွင့္မႈ ဘာသာမရွိ ၅၆.၉%၊ ခရစ္ယာန္ ၂၇.၆% ႏွင့္ ကုိရီးယားဗုဒၶဘာသာ ၁၅.၅% တုိ႔ျဖစ္ၾကသည္။

ႏိုင္ငံအတြင္းေနထိုင္သည့္ ျပည္ပႏိုင္ငံသားမ်ားသည္လည္း ႏွစ္စဥ္တိုးတက္လ်က္ရွိရာ ၂၀၁၆ ခုႏွစ္တြင္ ႏိုင္ငံလူဦးေရ၏ ၂ ဒသမ ၇၅ ရာခိုင္ႏႈန္းျဖစ္သည့္ ၁၄၁၃၇၅၈ ဦးရွိခဲ့သည္။ ယင္းႏိုင္ငံျခားသားမ်ားတြင္ တရုတ္လူမ်ိဳးမ်ားက ၅၆ ဒသမ ၅ ရာခိုင္ႏႈန္းျဖစ္ ၿပီး အေမရိကန္ စစ္သည္ ၂၈၅၀၀ ေက်ာ္ႏွင့္ အဂၤလိပ္လူမ်ိဳး ေက်ာင္းဆရာ ၄၃၀၀၀ ေက်ာ္လည္း ေတာင္ကိုရီးယားတြင္ ေနထိုင္ လ်က္ ရွိၾကသည္။

ေတာင္ကိုရီးယားႏိုင္ငံသည္ ကမၻာေပၚတြင္ ကေလးေမြးဖြားမႈႏႈန္း အနိမ့္ဆုံးႏိုင္ငံျဖစ္သျဖင့္ လူဦးေရေလ်ာ့နည္းက်ဆင္းကာ ႏိုင္ငံလူဦးေရသည္ ၂၀၅၀ ျပည့္ႏွစ္တြင္ ၄၂ ဒသမ ၃ သန္းသာရွိမည္ဟု ခန္႕မွန္းထားသည္။လက္ရွိ ကေလးေမြးဖြားမႈႏႈန္းသည္ ႏွစ္စဥ္ လူဦးေရ ၁၀၀၀ တြင္ ကိုးေယာက္သာျဖစ္သည္။ေတာင္ကိုရီးယားႏိုင္ငံသားမ်ား၏ ပ်မ္းမွ် သက္တမ္းသည္ ၂၀၁၅ ခုႏွစ္တြင္ ၈၂ ဒသမ ၃ ႏွစ္ျဖစ္သည္။ေတာင္ကိုရီးယားႏိုင္ငံ ရင္ဆိုင္ေနရသည့္ ျပႆနာတစ္ရပ္သည္ မိမိကိုယ္မိမိ အဆုံးစီရင္သူမ်ား မ်ားျပား ေနျခင္းျဖစ္ကာ ၂၀၁၅ ခုႏွစ္တြင္ လူတစ္သိန္းတြင္ ၂၄ ဦးက မိမိကိုယ္မိမိ အဆုံးစီရင္ခဲ့ၾကသည္။

ႏိုင္ငံတကာ ဆက္ဆံေရးတြင္ ႏိုင္ငံ ၁၈၈ ႏိုင္ငံႏွင့္ သံတမန္ ဆက္သြယ္မႈျပဳလုပ္ထားကာ ေတာင္ကိုရီးယားႏိုင္ငံသား ဘန္ကီမြန္းသည္ ၂၀၀၇ ခုႏွစ္မွ ၂၀၁၆ ခုႏွစ္အထိ ကုလသမဂၢအဖြဲ႕ အေထြေထြအတြင္းေရးမွဴးခ်ဳပ္တာ၀န္ကို ထမ္းေဆာင္ခဲ့သည္။ ေတာင္ကိုရီးယား တပ္မေတာ္ကို ၾကည္း၊ေရ၊ေလ၊မရိန္းတပ္မ်ားျဖင့္ဖြဲ႕စည္းကာ အရြယ္ေရာက္သူ အမ်ိဳးသားတိုင္း ၂၁ လၾကာ စစ္ ဘက္ ဆိုင္ရာတာ၀န္ကို ထမ္းေဆာင္ၾကရသည္။ ေျမာက္ကိုရီးယားႏိုင္ငံႏွင့္ စစ္ဘက္ဆိုင္ရာ တင္းမာမႈမ်ားရွိခဲ့သျဖင့္ ေတာင္ကိုရီး ယားသည္ ကာကြယ္ေရး အသုံးစရိတ္ကို GDP ၏ ၂ ဒသမ ၆ ရာခိုင္ႏႈန္းအထိ တိုးျမွင့္သုံးစြဲခဲ့ရာ အစိုးရအသုံးစရိတ္၏ ၁၅ ရာခိုင္ႏႈန္း ျဖစ္ေပသည္။

ခရီးသြားလုပ္ငန္းက႑တြင္ ေတာင္ကိုရီးယားႏိုင္ငံသို႔ ၂၀၁၆ ခုႏွစ္အတြင္း လာေရာက္လည္ပတ္သူ ျပည္ပခရီးသြား၁၇ သန္းရွိခဲ့ သည္။ အာရွတိုက္၏ က်ားတစ္ေကာင္ျဖစ္သည့္ ေတာင္ကိုရီးယားႏိုင္ငံသည္ သယံဇာတနည္းပါး၍ ႏိုင္ငံဧရိယာက်ဥ္းေျမာင္းေသာ္ လည္း ေခတ္မီတိုးတက္သည့္ နည္းပညာမ်ား၏ အင္အားျဖင့္ စီးပြားေရး အင္အားၾကီးႏိုင္ငံတစ္ခုအျဖစ္ ဆက္လက္ ရပ္တည္လ်က္ရွိ ေနေပသည္။

 ေမာင္သာ(ေရွးေဟာင္းသုေတသန)
၂၀၁၈ ခုႏွစ္ ၾသဂုတ္လထုတ္ သုတအလင္းမဂၢဇင္းမွ

———————

တောင်ကိုရီးယား နိုင်ငံအကြောင်း သိကောင်းစရာ (unicode)

ရေးသားသူ – ဆရာ မောင်သာ(ရှေးဟောင်းသုတေသန)
သုတအလင်း မဂ္ဂဇင်း

` စီးပွားရေးတိုးတက်မှုမြင့်မားကာ စက်မှုလုပ်ငန်းထွန်းကားသည့်နိုင်ငံဖြစ်လာခဲ့ပြီး အလျင်အမြန် ချမ်းသာကြွယ်ဝခဲ့သည့် အာရှနိုင်ငံလေးခုကို အာရှကျားလေးကောင် သို့မဟုတ် အာရှနဂါးလေးကောင်ဟု တင်စားကြသည်။ ယင်းနိုင်ငံများသည် ၁၉၆၀ ပြည့်နှစ်မှ ၁၉၉၀ ပြည့်နှစ်များ အတွင်း နှစ်စဉ် စီးပွားတိုးတက်မှု ခုနစ်ရာခိုင်နှုန်းအထက်ရရှိခဲ့သည်။ ထို့ကြောင့် စင်္ကာပူ၊ ထိုင်ဝမ်၊ဟောင်ကောင်တို့နှင့်အတူ အာရှကျား၊အာရှ နဂါးတစ်ကောင်အဖြစ် သတ်မှတ်ခြင်းခံရသည့် တောင်ကိုရီးယားနိုင်ငံသည် အာရှတိုက်၏ စီးပွားရေးအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ၏အမည် အပြည့်အစုံသည် ကိုရီးယား သမ္မတနိုင်ငံ(Republic of Korea)ဖြစ်၍ ဟန်လူမျိုးတို့၏ မဟာနိုင်ငံတော်ဟု အဓိပ္ပာယ်ရသည်။တောင်ကိုရီးယားနိုင်ငံသည် အာရှတိုက်ကုန်းမြေ၏ အရှေ့ပိုင်း၊ကိုရီးယားကျွန်းဆွယ်၏ တောင် ပိုင်းတွင်တည်ရှိကာ တောင်တန်းများထူထပ်ပြီး အပူအအေးမျှတသော မြောက်ပိုင်းဇုန်အတွင်းကျရောက်နေကာ ခန့်မှန်းခြေ လူဦး ရေ ၅၁ ဒသမ ၄ သန်းရှိ၍ နိုင်ငံမြို့တော်သည် လူဦးရေ ၁၀ သန်းနေထိုင်သည့် ဆိုးလ်ဖြစ်သည်။

ရှေးဟောင်းသုတေသန အထောက်အထားများအရ ကိုရီးယားကျွန်းဆွယ်တွင် ကျောက်ခေတ်နှောင်းပိုင်းမှစ၍ လူများနေ ထိုင်ခဲ့ကြသည်ဟု ဆိုသည်။သို့သော် ကိုရီးယားနိုင်ငံ၏ သမိုင်းသည် ခရစ်တော်မပေါ်မီ ၂၃၃၃ ခုနှစ်က စတင်ခဲ့ကြောင်း ရာဇဝင်များ က ဆိုခဲ့သည်။ခရစ်တော်ပေါ်ပြီး ၆၆၈ ခုနှစ်တွင် ကိုရီးယား ဘုရင့်နိုင်ငံတော်သုံးခုကို ပူးပေါင်း၍ Goryeo မင်းဆက်များက ၉၁၈ ခုနှစ် မှ ၁၃၉၂ ခုနှစ်အထိ၊Joseon မင်းဆက်များက ၁၃၉၂ ခုနှစ်မှ ၁၉၁၀ ပြည့်နှစ်အထိ အုပ်စိုးခဲ့သည်။

ဒုတိယကမ္ဘာစစ်အပြီးတွင် ကိုရီးယားနိုင်ငံသည် ဆိုဗီယက်ခြမ်း မြောက်ပိုင်းနှင့် အမေရိကန်ဘက်ခြမ်း တောင်ပိုင်းဟု နှစ် နိုင်ငံကွဲခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် အမေရိကန်ဇုန် တောင်ဘက်ခြမ်းတွင် ရွေးကောက်ပွဲကျင်းပခဲ့ကာ ကိုရီးယား သမ္မတနိုင်ငံ (ROK) ပေါ်ထွန်းလာခဲ့သည်။ကုလသမဂ္ဂအဖွဲ့က ကိုရီးယားသမ္မတနိုင်ငံကို အသိအမှတ်ပြုခဲ့ပြီးဆိုဗီယက်တို့က မြောက်ပိုင်းတွင် ပြိုင်ဘက် အစိုးရအဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့သည်။၁၉၅၀ ပြည့်နှစ်တွင် ကိုရီးယားမြောက်ပိုင်းက တောင်ပိုင်းကို ဝင်ရောက်တိုက်ခိုက်ရာမှ သုံးနှစ် ကြာ ကိုရီးယားစစ်ပွဲဖြစ်ပွားခဲ့ကာ အမေရိကန်၊ ဆိုဗီယက်၊တရုတ်နှင့် အခြားနိုင်ငံများ ပါဝင်ပတ်သက်ခဲ့ကြသည်။

ပြည်နယ် ၁၇ ခုရှိသည့် တောင်ကိုရီးယားနိုင်ငံသည် စီးပွားရေး အထူးကောင်းမွန်တိုးတက်ခဲ့ကာ G 20 အဓိက စီးပွားရေး သို့ အသွင်ပြောင်းလာခဲ့ ကာ ၁၉၈၇ ခုနှစ်တွင် အရပ်သား အုပ်ချုပ်မှုစနစ်ကိုကျင့်သုံးခဲ့သည်။ တောင်ကိုရီးယားနိုင်ငံသည် လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုတွင် အဆင့် ၁၈၊ ကမ္ဘာ့စီးပွားရေးအင်အားကောင်းမွန်မှုတွင် အဆင့် ၁၁၊ ပြည်ပပို့ကုန်တင်ပို့မှုတွင်အဆင့် ငါး၊သွင်းကုန်တင်သွင်းမှုတွင် အဆင့် ရှစ် နေရာတွင်ရပ်တည်နေသည်။လျှပ်စစ်ပစ္စည်း၊ မော်တော်ယာဉ်၊ သင်္ဘော၊ ရေနံထွက်ပစ္စည်းနှင့် စက်ရုပ်များကို ပြည်ပသို့တင်ပို့မှုသည် တောင်ကိုရီးယားနိုင်ငံစီးပွားရေး၏ အဓိက မောင်းနှင်အားဖြစ်သည်။၁၉၆၂ ခုနှစ်မှ ၁၉၉၄ ခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံစီးပွားရေးသည်နှစ်စဉ်ပျမ်းမျှ ၁၀ ရာခိုင်နှုန်းနှင့် ပြည်ပပို့ကုန်တန်ဘိုးသည် နှစ်စဉ် ၂၀ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ တောင်ကိုရီးယားနိုင်ငံသည် နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင် အာဆီယံအပေါင်း၊ ကုလသမဂ္ဂ၊G 20၊ ကမ္ဘာ့ကုန် သွယ်ရေးအဖွဲ့၊အေပက် စသည့် အဖွဲ့အစည်းများတွင် တက်ကြွစွာပါဝင်လျက်ရှိပေသည်။

ကိုရီးယား ဟူသည့် အမည်

ကိုရီးယားဟူသည့်အမည်သည် Goryeo ဟူသည့် ဝေါဟာရမှ ဆင်းသက်ခဲ့ကာ Goryeo ကို ရှေးဟောင်းကိုရီးယား Goguryeo မင်းဆက်များက ငါးရာစုနှစ်တွင် စတင်သုံးစွဲခဲ့သည်။ ကိုရီးယားသို့ ရောက်ရှိခဲ့သည့် ပါရှန်လူမျိုးများက Goryeo ကို ကိုရီးယားဟု အသံထွက်ခဲ့ကြသည်။ မျက်မှောက်ခေတ်တွင်သုံးစွဲနေသည့် Korea ဟူသည့် စာလုံးကို ၁၇ ရာစုတွင်ဒတ်ခ်ျအရှေ့အိန္ဒိယ ကုမ္ပဏီ မှ Hendrick Hamelက သူ၏ ခရီးသွားမှတ်တမ်းတွင် ပထမဆုံးရေးသားခဲ့သည်။၁၉ ရာစုတွင် Corea နှင့်Korea ဟု နှစ်မျိုးရေးသားခဲ့ကြသော် လည်းကိုရီးယားနိုင်ငံကို ဂျပန်တို့သိမ်းပိုက်ထားချိန်တွင်ဂျပန်တို့က နိုင်ငံအမည်နာမ အက္ခရာစဉ်ရာတွင် ဂျပန်၏ နောက်တွင်ရှိ နေစေရန် ရည်ရွယ်လျက် Korea ဟု သုံးစွဲခဲ့သည်ဟု အချို့က ယုံကြည်ကြသည်။

၁၉၄၅ ခုနှစ်တွင်ဂျပန်တို့ ကိုရီးယားမှ ပြန်လည်ထွက်ခွာခဲ့ကြပြီးနောက် Korea ဟုသာ ဆက်လက်သုံးစွဲခဲ့ကာ ကိုရီးယား ဘာသာ စကားဖြင့် မဟာကိုရီးယားလူမျိုးများ(ဟန်)၏ နိုင်ငံတော်ဟု အဓိပ္ပာယ်ရသည့် the Republic of Korea ဟူသည့် အမည် ကိုယူခဲ့သည်။တောင်ကိုရီးယားနိုင်ငံသားများသည်ကိုရီးယားနိုင်ငံကို ကိုယ်စားပြုသည့် စကားလုံးကို Han ဟု သုံးစွဲခဲ့ပြီး မြောက်ကိုရီး ယားနိုင်ငံသားများနှင့် တရုတ်နှင့်ဂျပန်သို့ ရောက်ရှိနေကြသည့် ကိုရီးယားများက Joseon ဟု သုံးစွဲခဲ့ကြသည်။

ရှေးဟောင်းကိုရီးယား

ကိုရီးယားနိုင်ငံ၏ သမိုင်းသည် ခရစ်တော်မပေါ်မီ ၂၃၃၃ ခန့်တွင် Joseon(Old Joseon) ခေါ် Gojoseon မင်းဆက်ကို ထူထောင်ချိန်မှ စတင်ခဲ့သည်။ Gija Joseon တို့သည် ကိုရီးယားမြောက်ပိုင်း ကျွန်းဆွယ်နှင့်မန်ချူးရီးယားဒေသ အစိတ်အပိုင်းအချို့အထိ တိုးချဲ့ခဲ့ကာ ယင်းတို့၏ အဆိုအရ ခရစ်တော် မပေါ်မီ ၁၂ ရာစုတွင် ယင်းတို့ဒေသကို ထူထောင်ခဲ့ကြသည်။သို့သော် ယင်းအယူအဆသည် မျက်မှောက်ခေတ်တွင်အငြင်းပွားဖွယ်များရှိလာခဲ့သည်။ဘီစီ ၁၀၈ ခုနှစ်တွင် ဟန်မင်းဆက်က ဝီမင်ဂျိုစီယန်(Wiman Josean) တို့ကို အနိုင်ရရှိခဲ့ပြီး ကိုရီးယားမြောက်ပိုင်းကျွန်းဆွယ်ဒေသတွင် အုပ်ချုပ်ရေးဒေသ လေးခုကို ထူထောင်ခဲ့သည်။သို့သော် ရာစုနှစ် အနည်းငယ်အတွင်း ယင်းဒေသသုံးခုကိုစွန့်လွှတ်ခဲ့ရကာ အနောက်ပိုင်းသို့ ဆုတ်ခွာခဲ့ကြရသည်။

ကိုရီးယားသမိုင်းတွင် သမိုင်းမတင်မီနှင့် သမိုင်းတင်ပြီးခေတ်များအကြား Buyeo ၊ Okjeo၊ Dongye နှင့် Samhan တို့ သည် ကိုရီးယားကျွန်းဆွယ်တစ်ခုလုံးနှင့် မန်ချူးရီးယားတောင်ပိုင်းကို သိမ်းပိုက်ခဲ့ကြပြီးနောက်ပိုင်းတွင် Goguryeo ၊ Baekje နှင့် Silla မင်းဆက် သုံးဆက်သည် တောင်ကိုရီးယားကျွန်းဆွယ်ကို ထိန်းချုပ်ခဲ့ကြသည်။ယင်းတို့အနက် Goguryeo မင်းဆက်သည် စစ်အင်အားအကြီးမားဆုံးဖြစ်ခဲ့ကာ နှစ် ၇၀၀ အတွင်း တရုတ် မင်းဆက်များနှင့် အင်အားပြိုင်ဆိုင်ခဲ့သည်။ Goguryeo မင်းဆက် တွင် Gwanggaeto the Great နှင့် သူ၏သား Jangsu တို့ အုပ်စိုးခဲ့သည့်အချိန်ကို ရွှေရောင်လွှမ်းသောခေတ်ဟု ဆိုခဲ့ကြသည်။

ကိုရီးယားကျွန်းဆွယ် အားပြိုင်မှုများအဖြစ် တရုတ်မင်းဆက်များနှင့် စစ်ပွဲများဖြစ်ပွားခဲ့ရာတွင် Goguryeo မင်းဆက်များ လက်ထက်တွင် စစ်ရေးရင်ဆိုင်မှုများ အများဆုံးဖြစ်ပွားခဲ့သည်။ယင်းတို့အနက် Goguryeo Sui စစ်ပွဲသည် အထင်ရှားဆုံးဖြစ်ကာ စစ်သည်အင်အား တစ်သန်းပါဝင်ခဲ့သည်ဟုပင် ဆိုခဲ့ကြသည်။ Baekje မင်းဆက်သည် ရေကြောင်းကို ကျွမ်းကျင်၍ ကြီးမားသော ရေတပ်အင်အားကို ပိုင်ဆိုင်ခဲ့ကာ အာရှ အရှေ့ပိုင်းတွင် ဗုဒ္ဓဘာသာပြန့်ပွားစေရန် ဆောင်ရွက်ခဲ့သည်။သို့သော် Gwanggaeto the Great ကို ရှုံးနိမ့်ခဲ့ကာ အင်အားလျော့ကျခဲ့သည်။

အစောပိုင်းကိုရီးယားမင်းဆက်သုံးခုတွင် Silla သည် အင်အား အသေးဆုံးဖြစ်ခဲ့သည်။သို့သော် Silla တို့သည် သက္ကရာဇ် ၆၇၆ခုနှစ် တွင် မင်းဆက်သုံးခုကို စုစည်းကာ ကိုရီးယားနိုင်ငံ တောင်ပိုင်းနှင့်မြောက်ပိုင်းကို ဦးဆောင်ခဲ့ပြီး Silla တို့ ဩဇာအကြီးမားဆုံး အချိန် တွင် မန်ချူးရီးယားဒေသ အများအပြားနှင့် ရုရှနိုင်ငံအရှေ့ဖျားအထိ ထိန်းချုပ်ထားနိုင်ခဲ့သည်။
မျက်မှောက်ခေတ် ကိုရီးယား

၁၉၄၃ ခုနှစ် ကိုင်ရို ကြေညာချက်အရ ညီညွတ်သော ကိုရီးယားနိုင်ငံတော်ကို ထူထောင်ရန်ဖြစ်သော်လည်း ဆိုဗီယက်နှင့် အမေရိကန်တို့အကြားဖြစ်ပွားခဲ့သည့် စစ်အေးတိုက်ပွဲက ကိုရီးယားနိုင်ငံအတွင်း ၁၉၄၈ ခုနှစ်တွင် တောင်နှင့်မြောက် အစိုးရအဖွဲ့ နှစ်ဖွဲ့ ဖြစ်ပေါ်စေခဲ့သည်။ အမေရိကန်နိုင်ငံ၏ ထောက်ခံအားပေးမှုကိုရရှိထားသည့် တောင်ကိုရီးယားသည် ကွန်မျူနစ်ဝါဒကို ဆန့်ကျင်ခဲ့ကာ ၁၉၄၈ ခုနှစ် မေလတွင် Syngman Rhee ဦးဆောင်သည့် ကိုရီးယားသမ္မတနိုင်ငံ အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ထို့အတူမြောက် ပိုင်း ကိုရီးယားကလည်း ယင်းနှစ် စက်တင်ဘာလတွင် Kim Il-sung ဦးဆောင်သည့် ဒီမိုကရက်တစ်ပြည်သူ့ကိုရီးယား နိုင်ငံကို ထူ ထောင်ခဲ့သည်။

အောက်တိုဘာလတွင် ဆိုဗီယက်ယူနီယမ်က ကင်အီဆွမ်း အစိုးရအဖွဲ့သည် ကိုရီးယားတောင်ပိုင်းနှင့်မြောက် ပိုင်း နှစ်ခုလုံး၏ အချုပ်အခြာ အာဏာကို ပိုင်ဆိုင်ကြောင်း ကြေညာခဲ့သည်။သို့သော် ကုလသမဂ္ဂအဖွဲ့က ကုလသမဂ္ဂ ယာယီကော်မရှင် က ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို မူတည်လျက် Syngman Rhee အစိုးရ အဖွဲ့သည် တရားဝင်အစိုးရဖြစ်ကြောင်းနှင့် ကိုရီးယား နိုင်ငံအစိတ်အပိုင်းများကို ထိရောက်သော အုပ်ချုပ်မှုနှင့် တရားစီရင်မှုကို ဆောင်ရွက်နိုင်ကြောင်းကြေညာခဲ့သည်။

နှစ်ဘက်ခေါင်းဆောင်များသည် နိုင်ငံရေး ပြိုင်ဘက်များအပေါ် ဖိနှိပ်မှုများပြုလုပ်ခဲ့ကြကာ မိမိတို့ ထိန်းချုပ်မှုအောက်၌သာ ကိုရီးယားနှစ်နိုင်ငံရန်ပေါင်းစည်းရန် ဆောင်ရွက်ခဲ့ကြသည်။ ယင်းအချိန်တွင် တောင်ကိုရီးယားနိုင်ငံက အမေရိကန်နိုင်ငံထံမှ စစ်ရေး အကူအညီတောင်းခံခဲ့ရာ အမေရိကန်က ငြင်းဆိုခဲ့သော်လည်း မြောက်ကိုရီးယားသည် ဆိုဗီယက်ယူနီယမ်၏ အထောက်အပံ့ဖြင့် စစ်ရေးကို ခိုင်မာစွာ အားဖြည့်နိုင်ခဲ့သည်။

ကိုရီးယားစစ်ပွဲ

၁၉၅၀ ပြည့်နှစ် ဇွန်လ ၂၅ ရက်နေ့တွင် မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားနိုင်ငံကို ကျူးကျော်ခဲ့ရာမှ ကိုရီးယား စစ်ပွဲ ဖြစ်ပွားခဲ့သည်။ ယင်းစစ်ပွဲသည် စစ်အေးကာလအတွင်းပထမဆုံးသော အဓိကစစ်ပွဲတစ်ရပ်ဖြစ်ခဲ့ကာ ၁၉၅၃ ခုနှစ်အထိ ကြာ မြင့်ခဲ့သည်။ ကိုရီးယားစစ်ပွဲတွင် ဆိုဗီယက်နှင့် တရုတ်တို့က မြောက်ကိုရီးယားကို ထောက်ခံခဲ့ကာ နောက်ပိုင်းတွင် တရုတ်တပ်များ သည် စစ်ပွဲတွင်ပါဝင်ခဲ့သည်။စစ်ပွဲအတွင်း နှစ်ဘက်အသေအပျောက်စာရင်းသည် ၁ ဒသမ ၂ သန်းအထိ များပြားခဲ့ပြီး ၁၉၅၃ ခုနှစ် တွင်ကိုရီးယားကျွန်းဆွယ်သည် နှစ်ပိုင်းကွဲသွားခဲ့ကာ နှစ်နိုင်အကြား စစ်မဲ့ဇုန်ကို ထူထောင်ခဲ့သည်။ သို့သော် မြောက်ကိုရီးယား က စစ်ပြေငြိမ်းစာချုပ်ကို လက်မှတ်မထိုးခဲ့သဖြင့် ယနေ့တိုင် ကိုရီးယားစစ်ပွဲသည် တရားဝင်ပြီးဆုံးပြီးဟု မဆိုနိုင်သေးချေ။

၁၉၆၀ ပြည့်နှစ်တွင် April 19 တော်လှန်ရေးဟု ထင်ရှားသည့် ကျောင်သား အရေးအခင်းဖြစ်ပွားခဲ့ကာ သမ္မတ Syngman Rhee ရာထူးမှ နှုတ်ထွက်ခဲ့ရသည်။ယင်းအချိန်မှစ၍ နိုင်ငံရေး မတည်ငြိမ်မှုများဖြစ်ပေါ်ခဲ့ကာ ၁၉၆၁ ခုနှစ် မေလတွင် ဗိုလ်ချုပ်ကြီး ပတ်ချုံဟီးက အာဏာသိမ်းယူခဲ့သည်။ပတ်ချုံဟီးသည် ၁၉၇၉ ခုနှစ်အထိ အာဏာရယူခဲ့ကာ နိုင်ငံရေး ဖိနှိပ်မှုများပြုလုပ်ခဲ့သကဲ့သို့ နိုင်ငံစီးပွားရေးသည်လည်းလျင်မြန်စွာ တိုးတက်လာစေရန် ပြုလုပ်ခဲ့သည်။သမ္မတ ပတ်ချုံဟီးလက်ထက်တွင် တောင်ကိုရီးယား နိုင်ငံ သည် စက်မှုပစ္စည်းအများအပြားကို ပြည်ပပို့ကုန်အဖြစ် တင်ပို့နိုင်ခဲ့သဖြင့် စီးပွားရေး အလျင်အမြန် တိုးတက်ဖွံ့ဖြိုးလာခဲ့သည်။

ပတ်ချုံဟီးကို စစ်အာဏာရှင်တစ်ဦးအဖြစ် ဝေဖန်ခဲ့ကြသော်လည်း ၁၉၇၂ ခုနှစ်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တစ် ရပ်ကို ရေးဆွဲခဲ့ပြီး ခြောက်နှစ် သမ္မတသက်တမ်းကို အကန့်အသတ်မရှိ ရယူနိုင်ရန် ရာထူးအာဏာလုပ်ပိုင်ခွင့်များကို ချဲ့ထွင်ခဲ့သည်။ ပတ်ချုံဟီးသည် ၁၇ နှစ်ကြာ အာဏာရယူခဲ့ချိန်တွင် တောင်ကိုရီးယား နိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေခဲ့ကာ စီးပွားရေး ဖွံ့ဖြိုးမှု အခြေခံ အဆောက်အအုံများကို တည်ထောင်ပေးခဲ့သည်။ ပတ်ချုံဟီးသည် ၁၉၇၉ ခုနှစ်တွင် လုပ်ကြံခံခဲ့ရပြီး တောင်ကိုရီးယားနိုင်ငံသည် နိုင်ငံရေး အကြပ်အတည်းများစွာဖြင့် ရင်ဆိုင်ခဲ့ရကာ ဒီဇင်ဘာလ ၁၂ ရက်တွင် ဗိုလ်ချုပ်ကြီး ချန်ဒူးဝမ်က အာဏာသိမ်းခဲ့သည်။

မေလတွင် တစ်နိုင်ငံလုံးကို စစ် ဥပဒေ ဖြင့် အုပ်ချုပ်ခဲ့ပြီး တက္ကသိုလ်များကို ပိတ်သိမ်းခြင်း၊နိုင်ငံရေး လှုပ်ရှားမှုများကို တားမြစ်ခြင်း၊သတင်းလွတ်လပ်ခွင့်ကို ချုပ်ကိုင်ခြင်း များကို ကန့်သတ်ချုပ်ကိုင်ခဲ့သည်။ချန်ဒူးဝမ်၏ သမ္မတရွေးကောက်ပွဲကို တစ်နိုင်ငံလုံးနီးပါး ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး ဂွမ်ဂျူးဒေသသို့ အထူး တပ်ဖွဲ့များစေလွှတ်ကာ ဒီမိုကရေစီ လှုပ်ရှားမှုများကို နှိမ်နှင်းခဲ့သည်။ချန်ဒူးဝမ်သည် တေင်ကိုရီးယားနိုင်ငံကို ၁၉၈၇ ခုနှစ်အထိ အုပ် ချုပ်ခဲ့သည်။
တောင်ကိုရီးယားနိုင်ငံသည် ၁၉၉၁ ခုနှစ်တွင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။

ကင်ဒေးဂျုံသည် ၁၉၉၈ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ၏ အဋ္ဌမမြောက် သမ္မတ ဖြစ်လာခဲ့ပြီးနောက် ၂၀၀၀ ပြည့်နှစ်တွင် သူ၏ နေရောင်တောက်ပခြင်း မူဝါဒ အရ မြောက်ကိုရီးယားခေါင်းဆောင်နှင့် ပြုံယမ်းတွင် ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ခြင်းနှင့် ဒီမိုကရေစီနှင့်လူ့အခွင့်ရေးဆိုင်ရာ ဆောင်ရွက်မှုများကြောင့် ၂၀၀၀ ပြည့်နှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကိုရရှိခဲ့သည်။ တောင်ကိုရီးယားနိုင်ငံသည် ၂၀၁၀ ပြည့်နှစ်မှစ၍ မြောက်ကိုရီးယား၏ ရန်စမှုများကို ရင်ဆိုင်ခဲ့ရသည်။၂၀၁၂ ခုနှစ်တွင် ပတ်ဂွမ်ဟီးသည် တောင်ကိုရီး ယားနိုင်ငံ၏ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်လာခဲ့ကာ ၂၀၁၆ ခုနှစ်တွင် ရာထူးမှ နှုတ်ထွက်ခဲ့ရသည်။ လက်ရှိသမ္မတ မိုဂျေအင်သည်၂၀၁၇ ခုနှစ် မေလ ၁၀ ရက်တွင်သမ္မတတာဝန်များကို စတင်ထမ်းဆောင်ခဲ့ကာ မြောက်ကိုရီးယား နိုင်ငံ နှင့် ဆက်ဆံရေးတွင် အထူး အောင်မြင်ခဲ့သည်။

ပထဝီဝင်နှင့် ပတ်ဝန်းကျင်

တောင်ကိုရီးယားနိုင်ငံသည် အာရှတိုက်ကုန်းမြေမှ မိုင် ၆၈၀ စွန်းထွက်နေသည့် ကိုရီးယားကျွန်းဆွယ်၏ တောင်ဘက်ပိုင်း တွင် တည်ရှိသည်။တောင်တန်းများပေါများသည့် ကျွန်းဆွယ်ဒေသကို အရှေ့ဘက်တွင်ဂျပန်ပင်လယ်နှင့် အနောက်ဘက်တွင် ပယ်လယ်ဝါတို့က ဝန်းရံလျက်ရှိသည်။တောင်ဘက်အဖျားတွင် ကိုရီးယား ရေလက်ကြားနှင့် အရှေ့ တရုတ်ပင်လယ်တို့ တည်ရှိ ကာ နိုင်ငံအကျယ်အဝန်းသည် ၁၀၀ ၀၃၂ စတုရန်းကီလိုမီတာ(၃၈၆၆၂ ဒသမ ၅၇ စတုရန်းမိုင်) ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံတွင် လူနေထိုင်ခြင်းမရှိသည့် ကျွန်းပေါင်း ၃၀၀၀ သည် နိုင်ငံ အနောက်ဘက်နှင့် တောင်ဘက် ပင်လယ်ကမ်းရိုးတန်းတွင်တည်ရှိနေကြကာ နိုင်ငံအကျယ်အဝန်း၏ ၃၀ ရာခိုင်နှုန်းဖြစ်သည်။တောင်ကိုရီးယားနိုင်ငံတွင် ရာသီ လေးမျိုးရှိသည့်အနက် ဆောင်းရာသီအပူချိန်သည် အလွန်အအေးဓာတ်ပြင်းထန်ကာ ရေခဲမှတ်အောက် ၄ ဒီဂရီ ဖာရင်ဟိုက်အထိ အပူချိန်ကျဆင်းလေ့ရှိသည်။နွေရာသီတွင် ပျမ်းမျှအပူချိန်သည် ၈၆ ဒီဂရီ ဖာရင်ဟိုက်ဖြစ်သည်။ဇွန်လမှ စက်တင်ဘာလအထိ မိုးရွာသွန်းချိန်တွင် ပျမ်းမျှ မိုးရေချိန်သည် ဆိုးလ်တွင် ၅၄ လက်မနှင့် ဘူဆန်တွင် ၅၈ လက်မဖြစ်သည်။ စက်မှုလုပ်ငန်းများ ထွန်းကားတိုးတက်သဖြင့် ပတ်ဝန်းကျင်ထိခိုက်မှုများကို အစားထိုးနိုင်ရန် အမေရိကန်ဒေါ်လာ ၈၄ ဘီလီ ယံသုံးစွဲမည့် အစိမ်းရောင်တိုးပွားရေး ငါးနှစ်စီမံကိန်းကို ဆောင်ရွက်ခဲ့ကာ နိုင်ငံအတွင်း အမျိုးသားဥယျာဉ် ၂၀ ထူထောင်ခဲ့သည်။

အထွေထွေ

တောင်ကိုရီးယားနိုင်ငံသည် ဒီမိုကရေစီနိုင်ငံများနည်းတူ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အာဏာသုံးရပ်ကို ကျင့်သုံးသည်။ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးအာဏာကို နိုင်ငံတော်အဆင့် သတ်မှတ် ဆောင်ရွက်၍ ဝန်ကြီးဌာနများက ဒေသဆိုင်ရာ အုပ်ချုပ်မှုကိစ္စအဝဝကို ဆောင်ရွက်ကြသည်။ ဒေသ အာဏာပိုင်အစိုးရများအား အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးအာဏာများခွဲဝေ အပ်နှင်းသည်။တရားစီရင်ရေးအာဏာကို အခြေခံအဆင့်မှ နိုင်ငံတော်အဆင့်အထိ ထားရှိသည်။အစိုးရအဖွဲ့သည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အတိုင်း အုပ်ချုပ်သည်။

သို့သော် တောင်ကိုရီးယားနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အကြိမ်များစွာ ပြုပြင်ပြဋ္ဌာန်းခဲ့သည်။၁၉၄၈ ခုနှစ်တွင်သမ္မတကို ပြည်သူများက တိုက်ရိုက်ရွေးချယ်သည့်စနစ်ကိုကျင့်သုံးခဲ့သော်လည်း၁၉၆၀ ပြည့်နှစ်နှင့် ၁၉၈၀ ပြည့်နှစ်များအကြား စစ်ဘက်ဆိုင်ရာ အုပ်ချုပ်မှုများရှိခဲ့သည်။သမ္မတသည် နိုင်ငံအကြီးအကဲဖြစ်၍ ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ အကြီးအကဲဖြစ်ကာ နိုင်ငံကို သမ္မတက ဦးဆောင်သည့် စနစ်ကို ကျင့်သုံးသည်။

၂၀၁၇ ခုနှစ် လူဦးရေစစ်တမ်းများအရ တောင်ကိုရီးယားနိုင်ငံတွင်နေထိုင်သူ ၅၁ ဒသမ ၄ သန်းရှိကာ လူဦးရေ သိပ်သည်း ဆသည် တစ် စတုရန်မိုင်တွင် ၁၃၁၃ယောက်နေထိုင်သည်။နိုင်ငံသား အများစုသည် ဆိုးလ်မြို့တော်အပါအဝင်မြို့ပြများတွင် နေထိုင်ကြသည်။ ဘူဆန်၊ အင်ချွန်း၊ဒေဂူး၊ဒေဂျုံး၊ဂွမ်ဂျူးနှင့် အာလ်စန်တို့သည် လူဦးရေ သန်းကျော်နေထိုင်ကြသည့် ထင်ရှားသော မြို့ကြီးများဖြစ်ကြသည်။ ရုံးသုံးဘာသာစကားမှာ ကိုရီးယားဘာသာစကားဖြစ်ပြီး ကိုးကွယ်မှုအနေနှင့်မှု ဘာသာမရှိ ၅၆.၉%၊ ခရစ်ယာန် ၂၇.၆% နှင့် ကိုရီးယားဗုဒ္ဓဘာသာ ၁၅.၅% တို့ဖြစ်ကြသည်။

နိုင်ငံအတွင်းနေထိုင်သည့် ပြည်ပနိုင်ငံသားများသည်လည်း နှစ်စဉ်တိုးတက်လျက်ရှိရာ ၂၀၁၆ ခုနှစ်တွင် နိုင်ငံလူဦးရေ၏ ၂ ဒသမ ၇၅ ရာခိုင်နှုန်းဖြစ်သည့် ၁၄၁၃၇၅၈ ဦးရှိခဲ့သည်။ ယင်းနိုင်ငံခြားသားများတွင် တရုတ်လူမျိုးများက ၅၆ ဒသမ ၅ ရာခိုင်နှုန်းဖြစ် ပြီး အမေရိကန် စစ်သည် ၂၈၅၀၀ ကျော်နှင့် အင်္ဂလိပ်လူမျိုး ကျောင်းဆရာ ၄၃၀၀၀ ကျော်လည်း တောင်ကိုရီးယားတွင် နေထိုင် လျက် ရှိကြသည်။

တောင်ကိုရီးယားနိုင်ငံသည် ကမ္ဘာပေါ်တွင် ကလေးမွေးဖွားမှုနှုန်း အနိမ့်ဆုံးနိုင်ငံဖြစ်သဖြင့် လူဦးရေလျော့နည်းကျဆင်းကာ နိုင်ငံလူဦးရေသည် ၂၀၅၀ ပြည့်နှစ်တွင် ၄၂ ဒသမ ၃ သန်းသာရှိမည်ဟု ခန့်မှန်းထားသည်။လက်ရှိ ကလေးမွေးဖွားမှုနှုန်းသည် နှစ်စဉ် လူဦးရေ ၁၀၀၀ တွင် ကိုးယောက်သာဖြစ်သည်။တောင်ကိုရီးယားနိုင်ငံသားများ၏ ပျမ်းမျှ သက်တမ်းသည် ၂၀၁၅ ခုနှစ်တွင် ၈၂ ဒသမ ၃ နှစ်ဖြစ်သည်။တောင်ကိုရီးယားနိုင်ငံ ရင်ဆိုင်နေရသည့် ပြဿနာတစ်ရပ်သည် မိမိကိုယ်မိမိ အဆုံးစီရင်သူများ များပြား နေခြင်းဖြစ်ကာ ၂၀၁၅ ခုနှစ်တွင် လူတစ်သိန်းတွင် ၂၄ ဦးက မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့ကြသည်။

နိုင်ငံတကာ ဆက်ဆံရေးတွင် နိုင်ငံ ၁၈၈ နိုင်ငံနှင့် သံတမန် ဆက်သွယ်မှုပြုလုပ်ထားကာ တောင်ကိုရီးယားနိုင်ငံသား ဘန်ကီမွန်းသည် ၂၀၀၇ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကုလသမဂ္ဂအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သည်။ တောင်ကိုရီးယား တပ်မတော်ကို ကြည်း၊ရေ၊လေ၊မရိန်းတပ်များဖြင့်ဖွဲ့စည်းကာ အရွယ်ရောက်သူ အမျိုးသားတိုင်း ၂၁ လကြာ စစ် ဘက် ဆိုင်ရာတာဝန်ကို ထမ်းဆောင်ကြရသည်။ မြောက်ကိုရီးယားနိုင်ငံနှင့် စစ်ဘက်ဆိုင်ရာ တင်းမာမှုများရှိခဲ့သဖြင့် တောင်ကိုရီး ယားသည် ကာကွယ်ရေး အသုံးစရိတ်ကို GDP ၏ ၂ ဒသမ ၆ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲခဲ့ရာ အစိုးရအသုံးစရိတ်၏ ၁၅ ရာခိုင်နှုန်း ဖြစ်ပေသည်။

ခရီးသွားလုပ်ငန်းကဏ္ဍတွင် တောင်ကိုရီးယားနိုင်ငံသို့ ၂၀၁၆ ခုနှစ်အတွင်း လာရောက်လည်ပတ်သူ ပြည်ပခရီးသွား၁၇ သန်းရှိခဲ့ သည်။ အာရှတိုက်၏ ကျားတစ်ကောင်ဖြစ်သည့် တောင်ကိုရီးယားနိုင်ငံသည် သယံဇာတနည်းပါး၍ နိုင်ငံဧရိယာကျဉ်းမြောင်းသော် လည်း ခေတ်မီတိုးတက်သည့် နည်းပညာများ၏ အင်အားဖြင့် စီးပွားရေး အင်အားကြီးနိုင်ငံတစ်ခုအဖြစ် ဆက်လက် ရပ်တည်လျက်ရှိ နေပေသည်။

မောင်သာ(ရှေးဟောင်းသုတေသန)
၂၀၁၈ ခုနှစ် ဩဂုတ်လထုတ် သုတအလင်းမဂ္ဂဇင်းမှ

One thought on “ေတာင္ကိုရီးယား ႏုိင္ငံအေၾကာင္း သိေကာင္းစရာ

  1. Japan was already a massive industrial economy before World War II, while the others were still poor and relatively agrarian economies in comparison. Japan had begun industrializing as an independent nation in the 1860s, about 100 years before these nations started. People get confused because all of these countries had explosive growth after World War II, but you need to bear in mind that Japan had been industrialized and independent long before these other countries. So Japan is not included generally with the four tigers because of this.

Leave a Reply