ဖိလစ္ပိုင္နိုင္ငံက အမႊာကြ်န္း

Posted on

ဖိလစ္ပုိင္ႏုိင္ငံ Quezon ျပည္နယ္ထဲက ဖိလစ္ပုိင္ကြ်န္းစုထဲမွာ Alabat ဆုိတဲ့ ကြ်န္းငယ္ေလးတစ္ခု ရွိပါတယ္။ ဒီကြ်န္းရဲ႕ထူးျခားခ်က္ကေတာ့ ဒီကၽြန္းငယ္ေလးကိုေရာက္ဖူးတဲ့သူေတြတိုင္းကေတာ့ ပံုစံတူတဲ့ လူသားနွစ္ဦးကို အျမဲလုိလုိေတြ႔ရေလ့ရွိေနတာပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ လူဦးေရ ၁၀၀မွာ ၄ေယာက္ဟာ အမႊာျဖစ္ေနလုိ႔ပါတဲ့။ ဒီေဒသမွာပံုစံ အနည္းငယ္သာ ကြဲလြဲတဲ့ အမႊာ(၇၈)တြဲ၊ ရုပ္ခ်င္းခၽြတ္စြပ္တူတဲ့ အမႊာ(၂၂) တြဲ၊ကိုယ္ခ်င္း ဆက္အမႊာ(၁)တြဲ လက္ရွိမွာစုစုေပါင္းအမႊာေပါင္း(၁၀၁)တြဲရိွေနပါတယ္။

Isaland of Mirror လို႔ ဖိလစ္ပိုင္နိုင္ငံအတြင္းမွထင္ရွားတဲ့ Alabat ေဒသဟာ အမႊာအေရအတြက္ အလြန္မ်ားျပားေနတာမို႔ ေရာက္ရွိလာတဲ့သူေတြအတြက္ အထူးအဆန္းျဖစ္ရပါတယ္။ ဒီေဒသမွာ အမႊာဦးေရအလြန္မ်ားျပားေနရျခင္းဟာ ယခုအခ်ိန္ကာလမွမဟုတ္ဘဲ က်န္ခဲ့တဲ့ ကာလမ်ားစြာထဲက ျဖစ္ခဲ့တာမို႔ Generation Process ေၾကာင့္ျဖစ္တယ္လို႔ ပညာရွင္ေတြကသတ္မွတ္ထားၾကပါတယ္။ ဒီေဒသမွာ ေနာက္ဆံုးဖြားျမင္တဲ့ အမႊာကေတာ့ Gian နဲ႔ Johnတို႔ျဖစ္ၾကျပီး သူတို႔ရဲ့ဓာက္ပံုေတြက ကေလးပုခတ္အတြင္းရွိေနတဲ့ ကာလမွာတင္ ဖိလစ္ပိုင္နိုင္ငံက အင္တာနက္လူမူကြန္ယက္ စာမ်က္နွာေတြမွာပ်ံ႕နွံ႕ေနခဲ့ပါျပီ။

ယေန႔ထက္တိုင္အသက္ရွင္ေနထိုင္ေနတဲ့ အသက္အၾကီး ဆံုးအမႊာကေတာ့ Eudosia နဲ႔ Antoniaအမည္ရဲ့ အသက္(၈၆)နွစ္အရြယ္ရိွေနျပီျဖစ္တဲ့ အမ်ိဳးသမီးေတြျဖစ္ပါတယ္။သူတို႔ႏွစ္ေယာက္စလံုးဟာ ကိုယ္စီေျမးေတြပိုင္ဆိုင္ေနျပီျဖစ္ျပီး တိုက္တိုက္ဆိုင္ဆိုင္ နွစ္ဦးစလံုးဟာ မုဆိုးမေတြျဖစ္ၾကပါတယ္။ ဖိလစ္ပိုင္နိုင္ငံမွာရွိတဲ့ အလြန္ေသးငယ္တဲ့အပူပိုင္းသစ္ေတာအတြင္းမွာရွိတဲ့ ဒီရြာငယ္ေလး ဟာလူဦးေရ အလြန္နည္းပါးေပမဲ့ အမႊာဦးေရအလြန္မ်ားျပားေနတာပဲျဖစ္ပါတယ္။

 

Alabat မွာရွိတဲ့ လူေနအိမ္၊ေက်ာင္းအပါအဝင္ ေနရာအနွံ႔မွာအမႊာကေလးငယ္ေမြးခ်င္းေတြ အမ်ားအျပားေတြ႔ေနရမွာျဖစ္ပါတယ္။ Alabat ဟာတံငါရြာေလးျဖစ္ျပီး ေဒသခံအမ်ားစုဟာ ေရလုပ္ငန္းနဲ႔အသက္ေမြးဝမ္းေၾကာင္းျပဳၾကပါတယ္။ ဒီေဒသမွာ ရွိတဲ့ဆယ္ေက်ာ္သက္ အမ်ားစုကေတာ့ သူတို႔ရဲ့အားလပ္ခ်ိန္ေတြကို နီးစပ္ရာAtimonanျမိဳ႕ကို သြားေရာက္ လည္ပတ္ျပီး အခ်ိန္ေတြကိုကုန္ဆံုးၾကပါတယ္။

လာေရာက္လာသူေတြ အတြက္ေတာ့ ျမင္ကြင္းနွစ္မ်ိဳးျဖစ္ေနေပမယ့္ Alabat ေဒသကအမႊာေတြကေတာ့သူတို႕ရဲ့ ေန႔စဥ္ကိစၥ ေတြကို ေအးခ်မ္းစြာ ေဆာင္ရြက္လ်က္ရွိေနပါတယ္။ အမႊာဆိုတာကေတာ့ေဆးဘက္ဆိုင္ရာ သေဘာတရားအရ အမ်ိဳးသမီးရဲ့မမ်ိဳးဥနွစ္လံုးဟာ အမ်ိဳးသားရဲ့ သုတ္ပိုးတစ္ခုစီနဲ႔ ေပါင္းစပ္ သေႏၶေအာင္ျခင္းျဖစ္ပါတယ္။ ရုပ္ျခင္းခၽြတ္စြပ္တူနဲ႔အမႊာဆိုတာကေတာ့ မမ်ိဳးဥတစ္ခုတည္း ကေန သေႏၶသားႏွစ္ေယာက္ျဖစ္သြားျခင္းပါ။ ဒါဟာ မ်ိဳးရိုးဗီဇနဲ႔သက္ဆိုင္ျပီး ပံုပန္းသြင္ျပင္ အျပင္ လိြင္အမ်ိဳးအစားပါ ေမြးဖြားတဲ့သေႏၶသားေတြဟာ တူညီနိုင္ပါတယ္။

ကိုယ္ခ်င္းဆက္ အမႊာကေတာ့ အမ်ိဳးသမီး သားအိမ္အတြင္းက မမ်ိဳးဥတစ္ခုဟာ သေႏၶေအာင္ျပီးခါမွ ဆက္စပ္လ်က္ရွိတဲ့ သေႏၶသားရဲ့ကိုယ္ အစိတ္အပိုင္းတစ္ခုကေန ေနာက္ထပ္ေနာက္က်တဲ့ သေႏၶသားေအာင္ျခင္းတစ္မ်ိဳးျဖစ္လာရတာေၾကာင့္ျဖစ္ပါတယ္။ ဒီလိုမ်ိဳးရိုးဗီဇဆိုင္ရာ ေျပာင္းလဲ မႈေတြဟာ အမွန္တကယ္တည္ရွိေနေပမဲ့ အခုလိုမ်ိဳးတစ္ေနရာတည္းမွာ အစုလိုက္အျပံဳ လိုက္ေတြ႔ေနရတဲ့ ျဖစ္ရပ္ဟာ ရွားပါးလြန္းတာေၾကာင့္ ဗဟုသုအေနနဲ႔ေဖာ္ျပလိုက္ရပါတယ္။

VIDEO

သုတဇုန္

———————

ဖိလစ်ပိုင်နိုင်ငံက အမွှာကျွန်း (unicode)

ဖိလစ်ပိုင်နိုင်ငံ Quezon ပြည်နယ်ထဲက ဖိလစ်ပိုင်ကျွန်းစုထဲမှာ Alabat ဆိုတဲ့ ကျွန်းငယ်လေးတစ်ခု ရှိပါတယ်။ ဒီကျွန်းရဲ့ထူးခြားချက်ကတော့ ဒီကျွန်းငယ်လေးကိုရောက်ဖူးတဲ့သူတွေတိုင်းကတော့ ပုံစံတူတဲ့ လူသားနှစ်ဦးကို အမြဲလိုလိုတွေ့ရလေ့ရှိနေတာပါပဲ။ ဘာကြောင့်လဲဆိုတော့ လူဦးရေ ၁၀ဝမှာ ၄ယောက်ဟာ အမွှာဖြစ်နေလို့ပါတဲ့။ ဒီဒေသမှာပုံစံ အနည်းငယ်သာ ကွဲလွဲတဲ့ အမွှာ(၇၈)တွဲ၊ ရုပ်ချင်းချွတ်စွပ်တူတဲ့ အမွှာ(၂၂) တွဲ၊ကိုယ်ချင်း ဆက်အမွှာ(၁)တွဲ လက်ရှိမှာစုစုပေါင်းအမွှာပေါင်း(၁၀၁)တွဲရှိနေပါတယ်။

Isaland of Mirror လို့ ဖိလစ်ပိုင်နိုင်ငံအတွင်းမှထင်ရှားတဲ့ Alabat ဒေသဟာ အမွှာအရေအတွက် အလွန်များပြားနေတာမို့ ရောက်ရှိလာတဲ့သူတွေအတွက် အထူးအဆန်းဖြစ်ရပါတယ်။ ဒီဒေသမှာ အမွှာဦးရေအလွန်များပြားနေရခြင်းဟာ ယခုအချိန်ကာလမှမဟုတ်ဘဲ ကျန်ခဲ့တဲ့ ကာလများစွာထဲက ဖြစ်ခဲ့တာမို့ Generation Process ကြောင့်ဖြစ်တယ်လို့ ပညာရှင်တွေကသတ်မှတ်ထားကြပါတယ်။ ဒီဒေသမှာ နောက်ဆုံးဖွားမြင်တဲ့ အမွှာကတော့ Gian နဲ့ Johnတို့ဖြစ်ကြပြီး သူတို့ရဲ့ဓာက်ပုံတွေက ကလေးပုခတ်အတွင်းရှိနေတဲ့ ကာလမှာတင် ဖိလစ်ပိုင်နိုင်ငံက အင်တာနက်လူမူကွန်ယက် စာမျက်နှာတွေမှာပျံ့နှံ့နေခဲ့ပါပြီ။

ယနေ့ထက်တိုင်အသက်ရှင်နေထိုင်နေတဲ့ အသက်အကြီး ဆုံးအမွှာကတော့ Eudosia နဲ့ Antoniaအမည်ရဲ့ အသက်(၈၆)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အမျိုးသမီးတွေဖြစ်ပါတယ်။သူတို့နှစ်ယောက်စလုံးဟာ ကိုယ်စီမြေးတွေပိုင်ဆိုင်နေပြီဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင် နှစ်ဦးစလုံးဟာ မုဆိုးမတွေဖြစ်ကြပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ အလွန်သေးငယ်တဲ့အပူပိုင်းသစ်တောအတွင်းမှာရှိတဲ့ ဒီရွာငယ်လေး ဟာလူဦးရေ အလွန်နည်းပါးပေမဲ့ အမွှာဦးရေအလွန်များပြားနေတာပဲဖြစ်ပါတယ်။

Alabat မှာရှိတဲ့ လူနေအိမ်၊ကျောင်းအပါအဝင် နေရာအနှံ့မှာအမွှာကလေးငယ်မွေးချင်းတွေ အများအပြားတွေ့နေရမှာဖြစ်ပါတယ်။ Alabat ဟာတံငါရွာလေးဖြစ်ပြီး ဒေသခံအများစုဟာ ရေလုပ်ငန်းနဲ့အသက်မွေးဝမ်းကြောင်းပြုကြပါတယ်။ ဒီဒေသမှာ ရှိတဲ့ဆယ်ကျော်သက် အများစုကတော့ သူတို့ရဲ့အားလပ်ချိန်တွေကို နီးစပ်ရာAtimonanမြို့ကို သွားရောက် လည်ပတ်ပြီး အချိန်တွေကိုကုန်ဆုံးကြပါတယ်။

လာရောက်လာသူတွေ အတွက်တော့ မြင်ကွင်းနှစ်မျိုးဖြစ်နေပေမယ့် Alabat ဒေသကအမွှာတွေကတော့သူတို့ရဲ့ နေ့စဉ်ကိစ္စ တွေကို အေးချမ်းစွာ ဆောင်ရွက်လျက်ရှိနေပါတယ်။ အမွှာဆိုတာကတော့ဆေးဘက်ဆိုင်ရာ သဘောတရားအရ အမျိုးသမီးရဲ့မမျိုးဥနှစ်လုံးဟာ အမျိုးသားရဲ့ သုတ်ပိုးတစ်ခုစီနဲ့ ပေါင်းစပ် သန္ဓေအောင်ခြင်းဖြစ်ပါတယ်။ ရုပ်ခြင်းချွတ်စွပ်တူနဲ့အမွှာဆိုတာကတော့ မမျိုးဥတစ်ခုတည်း ကနေ သန္ဓေသားနှစ်ယောက်ဖြစ်သွားခြင်းပါ။ ဒါဟာ မျိုးရိုးဗီဇနဲ့သက်ဆိုင်ပြီး ပုံပန်းသွင်ပြင် အပြင် လွိင်အမျိုးအစားပါ မွေးဖွားတဲ့သန္ဓေသားတွေဟာ တူညီနိုင်ပါတယ်။

ကိုယ်ချင်းဆက် အမွှာကတော့ အမျိုးသမီး သားအိမ်အတွင်းက မမျိုးဥတစ်ခုဟာ သန္ဓေအောင်ပြီးခါမှ ဆက်စပ်လျက်ရှိတဲ့ သန္ဓေသားရဲ့ကိုယ် အစိတ်အပိုင်းတစ်ခုကနေ နောက်ထပ်နောက်ကျတဲ့ သန္ဓေသားအောင်ခြင်းတစ်မျိုးဖြစ်လာရတာကြောင့်ဖြစ်ပါတယ်။ ဒီလိုမျိုးရိုးဗီဇဆိုင်ရာ ပြောင်းလဲ မှုတွေဟာ အမှန်တကယ်တည်ရှိနေပေမဲ့ အခုလိုမျိုးတစ်နေရာတည်းမှာ အစုလိုက်အပြုံ လိုက်တွေ့နေရတဲ့ ဖြစ်ရပ်ဟာ ရှားပါးလွန်းတာကြောင့် ဗဟုသုအနေနဲ့ဖော်ပြလိုက်ရပါတယ်။

Leave a Reply