ကမာၻ႔ၾသဇာအရွိဆုံး အမ်ဳိးသမီး (သုိ႔) ဂ်ာမနီရဲ႕အဓိပတိ ၀န္ႀကီးခ်ဳပ္

Posted on

ေရးသားသူ – ေမာင္ေခတ္(The Voice)

အမည္အျပည့္အစံုမွာ အန္ဂလာေဒၚ႐ိုသီ မာကယ္လ္ (Angela Dorothea Merkel) ျဖစ္သည္။ ၁၉၅၄ ခုႏွစ္ ဇူလိုင္လ ၁၇ ရက္ေန႔တြင္ ေမြးဖြားသည္။ ဂ်ာမနီႏိုင္ငံ၏ ႏိုင္ငံေရးသမား တစ္ဦးျဖစ္ၿပီး လက္ရွိ ဂ်ာမနီႏိုင္ငံတြင္ အဓိပတိအျဖစ္ တာဝန္ ထမ္းေဆာင္လ်က္ ရွိသည္။ သူမသည္ ခရစ္ယာန္ ဒီမိုကရက္တစ္ ယူနီယံ (CDU) ၏ ေခါင္းေဆာင္ တစ္ဦးလည္းျဖစ္သည္။

ယခင္က သိပၸံသုေတသန ပညာရွင္ တစ္ဦးျဖစ္ၿပီး Physical Chemistry ဘာသာရပ္တြင္ ေဒါက္တာဘြဲ႔ကို ရရွိသူ တစ္ဦးလည္း ျဖစ္သည္။ ၁၉၈၉ ခုႏွစ္မွ ႏိုင္ငံေရး ေလာကအတြင္း ေျခခ်ခဲ့သည္။ ၁၉၉၀ ျပည့္ႏွစ္တြင္ အေရွ႕ ဂ်ာမနီႏိုင္ငံ အစိုးရအဖြဲ႔တြင္ ေျပာေရးဆိုခြင့္ရွိသူ တစ္ဦးအျဖစ္ စတင္ တာဝန္ထမ္းေဆာင္ခဲ့သည္။ ၂၀ဝ၅ ခုႏွစ္က ဂ်ာမနီႏိုင္ငံ၌ က်င္းပသည့္ ေ႐ြးေကာက္ပြဲတြင္ CDU က တင္သြင္းသည့္ ပထမဆံုး အမ်ိဳးသမီး ဝန္ႀကီးခ်ဳပ္(အဓိပတိ) ျဖစ္လာခဲ့ရသည္။

ငယ္စဥ္ဘ၀

မာကယ္လ္ကို ၁၉၅၄ ခုႏွစ္တြင္ ဂ်ာမနီႏိုင္ငံ ဟမ္းဘတ္ၿမိဳ႕တြင္ ေမြးဖြားသည္။ ဖခင္မွာ ေဟာ့စ္ကာ့စ္နာ ျဖစ္သည္။ ဘာလင္သား ဘုန္းေတာ္ႀကီး တစ္ဦးလည္း ျဖစ္သည္။ မိခင္မွာ ဟာလင္းျဖစ္ၿပီး ဒန္းဇစ္သူျဖစ္ကာ အဂၤလိပ္ႏွင့္ လက္တင္စာျပသည့္ ဆရာမ တစ္ဦးျဖစ္သည္။ မာကယ္လ္တြင္ ေမြးခ်င္း ႏွစ္ေယာက္ ရွိသည္။ ေမာင္ျဖစ္သူ မားကပ္စ္ကာ့စ္နာသည္ ႐ူပေဗဒ ပညာရွင္ တစ္ဦးျဖစ္ၿပီး ညီမျဖစ္သူ အိုင္ရင္းကာ့စ္နာမွ ဆရာဝန္ တစ္ဦးျဖစ္သည္။

အေရွ႕ ဂ်ာမနီတြင္ ႀကီးျပင္းလာရသူ ျဖစ္သျဖင့္ မာကယ္လ္သည္ ဆိုရွယ္လစ္ပါတီ (Social Unity Party) အဖြဲ႔ဝင္ တစ္ဦးလည္း ျဖစ္ခဲ့သည္။ ေက်ာင္းသူ ဘဝတြင္ ႐ုရွားစကားကို ေကာင္းစြာ သင္ယူခဲ့ရသျဖင့္ ကြ်မ္းက်င္စြာ ေျပာဆိုႏိုင္သည္။ ေက်ာင္းၿပီးသည့္ အခါတြင္လည္း ႐ုရွားစကားႏွင့္ သခ်ၤာဘာသာရပ္တို႔တြင္ ထူးခြ်န္စြာ ေအာင္ျမင္ခဲ့သည္။ Leipzig တကၠသိုလ္မွ ေက်ာင္းၿပီးသည္။ ထို တကၠသိုလ္တြင္ ၁၉၇၃ ခုႏွစ္မွ ၁၉၇၈ ခုႏွစ္အထိ ႐ူပေဗဒ ဘာသာရပ္ကို တက္ေရာက္ သင္ၾကားခဲ့သည္။

၁၉၈၉ ခုႏွစ္တြင္ ဘာလင္ တံတိုင္းႀကီး ၿပိဳက် ပ်က္စီးသြားၿပီးေနာက္ မာကယ္လ္ တစ္ေယာက္ ဒီမိုကေရစီ လႈပ္ရွားမႈမ်ားတြင္ ဝင္ေရာက္ ပါဝင္ခဲ့သည္။ ပါတီသစ္ျဖစ္သည့္ Democratic Awakening ႏွင့္ ပူးေပါင္းခဲ့သည္။ အေရွ႕ဂ်ာမနီတြင္ ပထမဆံုး ေ႐ြးေကာက္ပြဲ က်င္းပခ်ိန္တြင္ Lothar de Maiziere အစိုးရ၏ ေျပာေရးဆိုခြင့္ရွိသူ တစ္ဦး ျဖစ္လာသည္။ ၁၉၉၀ ျပည့္ႏွစ္တြင္ Democratic Awakening ပါတီသည္ အေရွ႕ဂ်ာမနီ CDU ပါတီႏွင့္ ပူးေပါင္း လိုက္ေသာေၾကာင့္ CDU ပါတီဝင္ ျဖစ္လာခဲ့ရသည္။

ႏိုင္ငံေရးသမား ဘဝအစ

မာကယ္လ္သည္ ၁၉၉၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲတြင္ ဝင္ေရာက္ ေ႐ြးေကာက္ခံသည္။ ကက္ဘိနက္တြင္ အမ်ိဳးသမီးႏွင့္ လူငယ္ဆိုင္ရာ ဝန္ႀကီး ျဖစ္လာသည္။ ဝန္ႀကီးခ်ဳပ္ ဟဲလ္မြတ္ခိုးလ္ လက္ေအာက္တြင္ တာဝန္ ထမ္းေဆာင္ခဲ့ရျခင္း ျဖစ္သည္။ ၁၉၉၄ ခုႏွစ္တြင္ ပတ္ဝန္းက်င္ႏွင့္ ႏ်ဴကလီးယား လံုၿခံဳေရးဝန္ႀကီးအျဖစ္ ရာထူးတိုးေပးျခင္း ခံရသည္။ ႏိုင္ငံေရးလုပ္ငန္းမ်ားကို ထဲထဲဝင္ဝင္ ပါဝင္ ေဆာင္႐ြက္ခြင့္ ရလာသည့္သေဘာ ျဖစ္သည္။ ခိုးလ္၏ အစိုးရအဖြဲ႔တြင္ အသက္ အငယ္ဆံုး အမ်ိဳးသမီးဝန္ႀကီး ျဖစ္သျဖင့္ ဝန္ႀကီးခ်ဳပ္ ခိုးလ္က “ေကာင္မေလး”ဟု ခ်စ္စႏိုး ေခၚေလ့ရွိသည္။

ေခါင္းေဆာင္ေနရာ ေရာက္လာ

၁၉၉၈ ခုႏွစ္ ေ႐ြးေကာက္ပြဲတြင္ ခိုးလ္အစိုးရအဖြဲ႔သည္ ႐ံႈးနိမ့္သြားခဲ့သည္။ မာကယ္လ္သည္ CDU ပါတီ၏ အေထြေထြ အတြင္းေရးမွဴးအျဖစ္ ေ႐ြးေကာက္ တင္ေျမႇာက္ျခင္း ခံလိုက္ရသည္။ ၁၉၉၉ ခုႏွစ္ ျပည္နယ္ ခုနစ္ခုတြင္ ဝင္ေရာက္ ယွဥ္ၿပိဳင္ရာ ေျခာက္ခုတြင္ အႏိုင္ ရရွိခဲ့သည္။ သို႔ေသာ္ ၂၀ဝ၅ ခုႏွစ္ ႏိုဝင္ဘာ ၂၂ ရက္ေန႔မွ ဝန္ႀကီးခ်ဳပ္ ျဖစ္လာခဲ့ရသည္။

ကိုယ္ေရးဘဝ

၁၉၇၇ ခုႏွစ္၊ အသက္ ၂၃ ႏွစ္တြင္ မာကယ္လ္သည္ ႐ူပေဗဒေက်ာင္းသား တစ္ဦးျဖစ္သူ အူးရစ္ မာကယ္လ္ႏွင့္ လက္ထပ္ခဲ့သည္။ ထို႔ေၾကာင့္ အန္ဂလာ မာကယ္ ျဖစ္လာခဲ့ရသည္။ ၁၉၈၂ ခုႏွစ္တြင္ သူတို႔ အိမ္ေထာင္ေရး တစ္ခန္း ရပ္သြားသည္။ တရားဝင္ ကြာရွင္းခဲ့ၾကသည္။ လက္ရွိ ခင္ပြန္းမွာ Quantum Chemist ပါေမာကၡတစ္ဦး ျဖစ္သူ Joachim Sauer ျဖစ္သည္။

သူတို႔ႏွစ္ဦး ၁၉၈၁ ခုႏွစ္မွ ေတြ႔ခဲ့ၾကျခင္းျဖစ္ၿပီး ၁၉၉၈ ခုႏွစ္ ဒီဇင္ဘာလ ၃၀ ရက္ေန႔တြင္ တိုးတိုးတိတ္တိတ္ လက္ထပ္ခဲ့ၾကသည္။ သူတို႔တြင္ သားသမီး တစ္ဦးမွ် မရခဲ့ၾကေပ။ သို႔ေသာ္ ခင္ပြန္းျဖစ္သူ Sauer တြင္ ယခင္ အိမ္ေထာင္ႏွင့္ သား ႏွစ္ဦး ထြန္းကားခဲ့သည္။ မာကယ္လ္သည္ ေဘာလံုး အလြန္ ဝါသနာပါသည္။ Bundestag အစည္းအေဝး တက္ေနသည့္ ကာလတြင္ပင္ ေဘာလံုးပြဲ ထုတ္လႊင့္ခ်က္ကို နားေထာင္ေနသူ ျဖစ္သည္။ ဂ်ာမနီ ေဘာလံုးပြဲမ်ားကိုလည္း တက္ေရာက္ ၾကည့္႐ႈ အားေပးေလ့ ရွိသည္။

၂၀၁၄ ခုႏွစ္ ဇန္နဝါရီ ၆ ရက္ေန႔က ဆြစ္ဇာလန္ ႏိုင္ငံတြင္ စကိတ္စီးစဥ္ လဲက်ၿပီး တင္ပါးဆံု႐ိုး အက္ သြားခဲ့သည္။ မာကယ္လ္သည္ ၁၉၉၅ ခုႏွစ္တြင္ ေခြးလိုက္ခံရၿပီးကတည္းက ေခြး ေၾကာက္တတ္သည္။ ၂၀ဝ၇ ခုႏွစ္တြင္ ႐ုရွားသမၼတ ပူတင္သည္ မာကယ္လ္ကို လာေတြ႔စဥ္က သူ၏ လာဘရာေဒါ ေခြးကို သတင္း မီဒီယာ ေတြ႔ဆံုပြဲကို ေခၚလာခဲ့သျဖင့္ ျပႆနာ တက္ခဲ့ရသည္။ ေနာက္မွ ပူတင္က မာကယ္လ္ ေခြး ေၾကာက္တတ္မွန္း မသိသျဖင့္ ေခၚလာမိခဲ့ျခင္းျဖစ္ေၾကာင္း၊ ေၾကာက္ေအာင္ ေခ်ာက္ေစလိုသည့္ ဆႏၵမရွိေၾကာင္း ထုတ္ေျပာသည္။ သို႔ေသာ္ မာကယ္လ္က ပူတင္ သတင္းစာ ရွင္းလင္းပြဲကို ေခြးေခၚလာျခင္းမွာ သူ႔ကိုယ္သူ ေယာက်ာ္းပီသေၾကာင္း ျပသလို၍ျဖစ္ေၾကာင္း၊ သူက သူ႔အားနည္းခ်က္ကို လူ သိမည္ စိုးရိမ္ေသာေၾကာင့္ျဖစ္ေၾကာင္း မာကယ္လ္က ေဝဖန္ခဲ့သည္။

၂၀၀၇ ခုႏွစ္တြင္ မာကယ္သည္ ဥေရာပ ေကာင္စီ၏ ဥကၠ႒ အျဖစ္ ေဆာင္႐ြက္ခဲ့ၿပီး ဂ်ီအိတ္ အဖြဲ႕အား ဦးေဆာင္ခဲ့သည္။ သူမသည္ လစ္စဘြန္းစာခ်ဳပ္ ႏွင့္ ဘာလင္ ေၾကျငာစာတမ္း တို႔တြင္ အဓိက ေနရာမွ ပါဝင္ပတ္သက္ခဲ့သည္။သူမ၏ သက္တမ္းအတြင္း အဓိက ကိုင္တြင္ ေျဖရွင္းေသာ ႏိုင္ငံတြင္းဆိုင္ရာ ေပၚလစီမ်ားမွာ က်န္းမာေရးဆိုင္ရာ ေစာင့္ေရွာက္မႈ ျပဳျပင္ျခင္းႏွင့္ အနာဂတ္စြမ္းအင္ ထုတ္လုပ္မႈဆိုင္ရာ ျပႆနာမ်ား ျဖစ္သည္။

မာကယ္လ္သည္ သိပၸံပညာရွင္ တစ္ဦးျဖစ္သလို အမ်ိဳးသမီး ႏိုင္ငံေရးသမား တစ္ဦးလည္း ျဖစ္သည္ႏွင့္အညီ ၿဗိတိန္ ဝန္ႀကီးခ်ဳပ္ေဟာင္း မာဂရက္ သက္ခ်ာႏွင့္ ႏိႈင္းယွဥ္ျခင္း ခံရသူလည္း ျဖစ္သည္။ မာဂရက္ သက္ခ်ာကို “Iron Lady”ဟု တင္စား ေခၚေဝၚၾကသလို သူ႔ကိုလည္း “Iron Frau”ဟု တင္စား ေခၚေဝၚခဲ့ၾကသည္။ မာကယ္လ္ကို ဂ်ာမန္ေတြက Mutti ဟုလည္း ေခၚၾကသည္။ Mutti သည္ ဂ်ာမန္လို အေမဆိုသည့္ သေဘာျဖစ္သည္။ သူ႔ကို သံမဏိ ဝန္ႀကီးခ်ဳပ္ဆိုသည့္ သေဘာျဖင့္ “Iron Chancellor”ဟုလည္း ေခၚေဝၚ သံုးစြဲၾကေၾကာင္း ေတြ႔ရသည္။

သူမသည္ ဂ်ာမနီႏိုင္ငံ၏ ပထမဆံုး အမ်ိဳးသမီး ဝန္ႀကီးခ်ဳပ္ ျဖစ္သလို အေရွ႕ဂ်ာမနီဘက္မွ တက္လာသည့္ ႏိုင္ငံေရးသမား တစ္ဦးလည္းျဖစ္သည္။ သို႔ေသာ္ သူ႔ကို ေမြးဖြားခဲ့သည္မွာ အေနာက္ဂ်ာမနီတြင္ျဖစ္သည္။ ဒုတိယ ကမၻာစစ္ အၿပီးတြင္ ဂ်ာမနီႏိုင္ငံ၏ အငယ္ဆံုး အမ်ိဳးသမီး ဝန္ႀကီးခ်ဳပ္ ျဖစ္လာခဲ့ရၿပီး ပညာရွင္ တစ္ဦးလည္း ျဖစ္ခဲ့သည္။ သူ႔ ယခင္ တိုင္းျပည္ကို အုပ္ခ်ဳပ္ခဲ့သူမ်ားသည္ ဥပေဒ ပညာရွင္၊ စီးပြားေရး ပညာရွင္၊ သမိုင္း ပညာရွင္ႏွင့္ စစ္တပ္ အရာရွိမ်ား ျဖစ္ေသာ္လည္း သူက ႐ူပေဗဒ ပညာရွင္ တစ္ဦး ျဖစ္ေနသည္မွာ ထူးျခားသည္ဟု ဆိုရမည္။

(မာကယ္သည္ forbes မဂၢဇင္း၏ ကမာၻ႔ၾသဇာအရွိဆုံးအမ်ဳိးသမီး ၁၀၀ တြင္ နံပါတ္ ၁ အျဖစ္ ၂၀၁၁ခုႏွစ္မွ ၂၀၁၇ခုႏွစ္အထိ ၇ႏွစ္ဆက္တုိက္ ဗုိလ္စြဲထားသူလည္းျဖစ္သည္)

ေမာင္ေခတ္
The Voice Journal

———————–

ကမ္ဘာ့ဩဇာအရှိဆုံး အမျိုးသမီး (သို့) ဂျာမနီရဲ့အဓိပတိ ဝန်ကြီးချုပ် (unicode)

ရေးသားသူ – မောင်ခေတ်(The Voice)

အမည်အပြည့်အစုံမှာ အန်ဂလာဒေါ်ရိုသီ မာကယ်လ် (Angela Dorothea Merkel) ဖြစ်သည်။ ၁၉၅၄ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် မွေးဖွားသည်။ ဂျာမနီနိုင်ငံ၏ နိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး လက်ရှိ ဂျာမနီနိုင်ငံတွင် အဓိပတိအဖြစ် တာဝန် ထမ်းဆောင်လျက် ရှိသည်။ သူမသည် ခရစ်ယာန် ဒီမိုကရက်တစ် ယူနီယံ (CDU) ၏ ခေါင်းဆောင် တစ်ဦးလည်းဖြစ်သည်။

ယခင်က သိပ္ပံသုတေသန ပညာရှင် တစ်ဦးဖြစ်ပြီး Physical Chemistry ဘာသာရပ်တွင် ဒေါက်တာဘွဲ့ကို ရရှိသူ တစ်ဦးလည်း ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ နိုင်ငံရေး လောကအတွင်း ခြေချခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် အရှေ့ ဂျာမနီနိုင်ငံ အစိုးရအဖွဲ့တွင် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂ဝဝ၅ ခုနှစ်က ဂျာမနီနိုင်ငံ၌ ကျင်းပသည့် ရွေးကောက်ပွဲတွင် CDU က တင်သွင်းသည့် ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်(အဓိပတိ) ဖြစ်လာခဲ့ရသည်။

ဘဝအစ

မာကယ်လ်ကို ၁၉၅၄ ခုနှစ်တွင် ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့တွင် မွေးဖွားသည်။ ဖခင်မှာ ဟော့စ်ကာ့စ်နာ ဖြစ်သည်။ ဘာလင်သား ဘုန်းတော်ကြီး တစ်ဦးလည်း ဖြစ်သည်။ မိခင်မှာ ဟာလင်းဖြစ်ပြီး ဒန်းဇစ်သူဖြစ်ကာ အင်္ဂလိပ်နှင့် လက်တင်စာပြသည့် ဆရာမ တစ်ဦးဖြစ်သည်။ မာကယ်လ်တွင် မွေးချင်း နှစ်ယောက် ရှိသည်။ မောင်ဖြစ်သူ မားကပ်စ်ကာ့စ်နာသည် ရူပဗေဒ ပညာရှင် တစ်ဦးဖြစ်ပြီး ညီမဖြစ်သူ အိုင်ရင်းကာ့စ်နာမှ ဆရာဝန် တစ်ဦးဖြစ်သည်။

အရှေ့ ဂျာမနီတွင် ကြီးပြင်းလာရသူ ဖြစ်သဖြင့် မာကယ်လ်သည် ဆိုရှယ်လစ်ပါတီ (Social Unity Party) အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ခဲ့သည်။ ကျောင်းသူ ဘဝတွင် ရုရှားစကားကို ကောင်းစွာ သင်ယူခဲ့ရသဖြင့် ကျွမ်းကျင်စွာ ပြောဆိုနိုင်သည်။ ကျောင်းပြီးသည့် အခါတွင်လည်း ရုရှားစကားနှင့် သင်္ချာဘာသာရပ်တို့တွင် ထူးချွန်စွာ အောင်မြင်ခဲ့သည်။ Leipzig တက္ကသိုလ်မှ ကျောင်းပြီးသည်။ ထို တက္ကသိုလ်တွင် ၁၉၇၃ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ ရူပဗေဒ ဘာသာရပ်ကို တက်ရောက် သင်ကြားခဲ့သည်။

၁၉၈၉ ခုနှစ်တွင် ဘာလင် တံတိုင်းကြီး ပြိုကျ ပျက်စီးသွားပြီးနောက် မာကယ်လ် တစ်ယောက် ဒီမိုကရေစီ လှုပ်ရှားမှုများတွင် ဝင်ရောက် ပါဝင်ခဲ့သည်။ ပါတီသစ်ဖြစ်သည့် Democratic Awakening နှင့် ပူးပေါင်းခဲ့သည်။ အရှေ့ဂျာမနီတွင် ပထမဆုံး ရွေးကောက်ပွဲ ကျင်းပချိန်တွင် Lothar de Maiziere အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦး ဖြစ်လာသည်။ ၁၉၉၀ ပြည့်နှစ်တွင် Democratic Awakening ပါတီသည် အရှေ့ဂျာမနီ CDU ပါတီနှင့် ပူးပေါင်း လိုက်သောကြောင့် CDU ပါတီဝင် ဖြစ်လာခဲ့ရသည်။

နိုင်ငံရေးသမား ဘဝအစ

မာကယ်လ်သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဝင်ရောက် ရွေးကောက်ခံသည်။ ကက်ဘိနက်တွင် အမျိုးသမီးနှင့် လူငယ်ဆိုင်ရာ ဝန်ကြီး ဖြစ်လာသည်။ ဝန်ကြီးချုပ် ဟဲလ်မွတ်ခိုးလ် လက်အောက်တွင် တာဝန် ထမ်းဆောင်ခဲ့ရခြင်း ဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် ပတ်ဝန်းကျင်နှင့် နျူကလီးယား လုံခြုံရေးဝန်ကြီးအဖြစ် ရာထူးတိုးပေးခြင်း ခံရသည်။ နိုင်ငံရေးလုပ်ငန်းများကို ထဲထဲဝင်ဝင် ပါဝင် ဆောင်ရွက်ခွင့် ရလာသည့်သဘော ဖြစ်သည်။ ခိုးလ်၏ အစိုးရအဖွဲ့တွင် အသက် အငယ်ဆုံး အမျိုးသမီးဝန်ကြီး ဖြစ်သဖြင့် ဝန်ကြီးချုပ် ခိုးလ်က “ကောင်မလေး”ဟု ချစ်စနိုး ခေါ်လေ့ရှိသည်။

ခေါင်းဆောင်နေရာ ရောက်လာ

၁၉၉၈ ခုနှစ် ရွေးကောက်ပွဲတွင် ခိုးလ်အစိုးရအဖွဲ့သည် ရှုံးနိမ့်သွားခဲ့သည်။ မာကယ်လ်သည် CDU ပါတီ၏ အထွေထွေ အတွင်းရေးမှူးအဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံလိုက်ရသည်။ ၁၉၉၉ ခုနှစ် ပြည်နယ် ခုနစ်ခုတွင် ဝင်ရောက် ယှဉ်ပြိုင်ရာ ခြောက်ခုတွင် အနိုင် ရရှိခဲ့သည်။ သို့သော် ၂ဝဝ၅ ခုနှစ် နိုဝင်ဘာ ၂၂ ရက်နေ့မှ ဝန်ကြီးချုပ် ဖြစ်လာခဲ့ရသည်။

ကိုယ်ရေးဘဝ

၁၉၇၇ ခုနှစ်၊ အသက် ၂၃ နှစ်တွင် မာကယ်လ်သည် ရူပဗေဒကျောင်းသား တစ်ဦးဖြစ်သူ အူးရစ် မာကယ်လ်နှင့် လက်ထပ်ခဲ့သည်။ ထို့ကြောင့် အန်ဂလာ မာကယ် ဖြစ်လာခဲ့ရသည်။ ၁၉၈၂ ခုနှစ်တွင် သူတို့ အိမ်ထောင်ရေး တစ်ခန်း ရပ်သွားသည်။ တရားဝင် ကွာရှင်းခဲ့ကြသည်။ လက်ရှိ ခင်ပွန်းမှာ Quantum Chemist ပါမောက္ခတစ်ဦး ဖြစ်သူ Joachim Sauer ဖြစ်သည်။

သူတို့နှစ်ဦး ၁၉၈၁ ခုနှစ်မှ တွေ့ခဲ့ကြခြင်းဖြစ်ပြီး ၁၉၉၈ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် တိုးတိုးတိတ်တိတ် လက်ထပ်ခဲ့ကြသည်။ သူတို့တွင် သားသမီး တစ်ဦးမျှ မရခဲ့ကြပေ။ သို့သော် ခင်ပွန်းဖြစ်သူ Sauer တွင် ယခင် အိမ်ထောင်နှင့် သား နှစ်ဦး ထွန်းကားခဲ့သည်။ မာကယ်လ်သည် ဘောလုံး အလွန် ဝါသနာပါသည်။ Bundestag အစည်းအဝေး တက်နေသည့် ကာလတွင်ပင် ဘောလုံးပွဲ ထုတ်လွှင့်ချက်ကို နားထောင်နေသူ ဖြစ်သည်။ ဂျာမနီ ဘောလုံးပွဲများကိုလည်း တက်ရောက် ကြည့်ရှု အားပေးလေ့ ရှိသည်။

၂၀၁၄ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့က ဆွစ်ဇာလန် နိုင်ငံတွင် စကိတ်စီးစဉ် လဲကျပြီး တင်ပါးဆုံရိုး အက် သွားခဲ့သည်။ မာကယ်လ်သည် ၁၉၉၅ ခုနှစ်တွင် ခွေးလိုက်ခံရပြီးကတည်းက ခွေး ကြောက်တတ်သည်။ ၂ဝဝ၇ ခုနှစ်တွင် ရုရှားသမ္မတ ပူတင်သည် မာကယ်လ်ကို လာတွေ့စဉ်က သူ၏ လာဘရာဒေါ ခွေးကို သတင်း မီဒီယာ တွေ့ဆုံပွဲကို ခေါ်လာခဲ့သဖြင့် ပြဿနာ တက်ခဲ့ရသည်။ နောက်မှ ပူတင်က မာကယ်လ် ခွေး ကြောက်တတ်မှန်း မသိသဖြင့် ခေါ်လာမိခဲ့ခြင်းဖြစ်ကြောင်း၊ ကြောက်အောင် ချောက်စေလိုသည့် ဆန္ဒမရှိကြောင်း ထုတ်ပြောသည်။ သို့သော် မာကယ်လ်က ပူတင် သတင်းစာ ရှင်းလင်းပွဲကို ခွေးခေါ်လာခြင်းမှာ သူ့ကိုယ်သူ ယောက်ျားပီသကြောင်း ပြသလို၍ဖြစ်ကြောင်း၊ သူက သူ့အားနည်းချက်ကို လူ သိမည် စိုးရိမ်သောကြောင့်ဖြစ်ကြောင်း မာကယ်လ်က ဝေဖန်ခဲ့သည်။

၂၀၀၇ ခုနှစ်တွင် မာကယ်သည် ဥရောပ ကောင်စီ၏ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ပြီး ဂျီအိတ် အဖွဲ့အား ဦးဆောင်ခဲ့သည်။ သူမသည် လစ်စဘွန်းစာချုပ် နှင့် ဘာလင် ကြေငြာစာတမ်း တို့တွင် အဓိက နေရာမှ ပါဝင်ပတ်သက်ခဲ့သည်။သူမ၏ သက်တမ်းအတွင်း အဓိက ကိုင်တွင် ဖြေရှင်းသော နိုင်ငံတွင်းဆိုင်ရာ ပေါ်လစီများမှာ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု ပြုပြင်ခြင်းနှင့် အနာဂတ်စွမ်းအင် ထုတ်လုပ်မှုဆိုင်ရာ ပြဿနာများ ဖြစ်သည်။

မာကယ်လ်သည် သိပ္ပံပညာရှင် တစ်ဦးဖြစ်သလို အမျိုးသမီး နိုင်ငံရေးသမား တစ်ဦးလည်း ဖြစ်သည်နှင့်အညီ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း မာဂရက် သက်ချာနှင့် နှိုင်းယှဉ်ခြင်း ခံရသူလည်း ဖြစ်သည်။ မာဂရက် သက်ချာကို “Iron Lady”ဟု တင်စား ခေါ်ဝေါ်ကြသလို သူ့ကိုလည်း “Iron Frau”ဟု တင်စား ခေါ်ဝေါ်ခဲ့ကြသည်။ မာကယ်လ်ကို ဂျာမန်တွေက Mutti ဟုလည်း ခေါ်ကြသည်။ Mutti သည် ဂျာမန်လို အမေဆိုသည့် သဘောဖြစ်သည်။ သူ့ကို သံမဏိ ဝန်ကြီးချုပ်ဆိုသည့် သဘောဖြင့် “Iron Chancellor”ဟုလည်း ခေါ်ဝေါ် သုံးစွဲကြကြောင်း တွေ့ရသည်။

သူမသည် ဂျာမနီနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်သလို အရှေ့ဂျာမနီဘက်မှ တက်လာသည့် နိုင်ငံရေးသမား တစ်ဦးလည်းဖြစ်သည်။ သို့သော် သူ့ကို မွေးဖွားခဲ့သည်မှာ အနောက်ဂျာမနီတွင်ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ် အပြီးတွင် ဂျာမနီနိုင်ငံ၏ အငယ်ဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာခဲ့ရပြီး ပညာရှင် တစ်ဦးလည်း ဖြစ်ခဲ့သည်။ သူ့ ယခင် တိုင်းပြည်ကို အုပ်ချုပ်ခဲ့သူများသည် ဥပဒေ ပညာရှင်၊ စီးပွားရေး ပညာရှင်၊ သမိုင်း ပညာရှင်နှင့် စစ်တပ် အရာရှိများ ဖြစ်သော်လည်း သူက ရူပဗေဒ ပညာရှင် တစ်ဦး ဖြစ်နေသည်မှာ ထူးခြားသည်ဟု ဆိုရမည်။

(မာကယ်သည် forbes မဂ္ဂဇင်း၏ ကမ္ဘာ့ဩဇာအရှိဆုံးအမျိုးသမီး ၁၀၀ တွင် နံပါတ် ၁ အဖြစ် ၂၀၁၁ခုနှစ်မှ ၂၀၁၇ခုနှစ်အထိ ၇နှစ်ဆက်တိုက် ဗိုလ်စွဲထားသူလည်းဖြစ်သည်)

မောင်ခေတ်
The Voice Journal

Leave a Reply