ႏိုက္ကလပ္္ တံခါးေစာင့္ဘ၀ကေန ကမာၻေက်ာ္မင္းသားတစ္လက္ ျဖစ္လာခဲ့သူ

Posted on

မင္းသားႀကီး Vin Diesel ဟာ ေဟာလီး၀ုဒ္ရဲ႕ ေက်ာ္ၾကားတဲ့ သရုပ္ေဆာင္တစ္ေယာက္မျဖစ္ခင္ကေတာ့ ဘ၀ကိုရုန္းကန္ေနရတဲ့ Mark Sinclair ဆိုတဲ့ လူငယ္တစ္ေယာက္ျဖစ္ခဲ့ပါတယ္။ ၂၀၀၁ ခုႏွစ္မွာမွ သူ႔ဟာ ‘Fast and the Furious’ ဇာတ္ကားထဲမွာ ပါ၀င္သရုပ္ေဆာင္ဖုိ႔ အခြင့္အေရးရခဲ့ကာ ဒီဇာတ္ကားနဲ႔ ေအာင္ျမင္ေက်ာ္ၾကားခဲ့တာျဖစ္ပါတယ္။

မင္းသားႀကီ Vin Diesel ဟာ လက္ရွိအခ်ိန္မွာေတာ့ ပိုင္ဆိုင္မႈ ေဒၚလာ သန္း ၂၀၀ ခန္႔ရွိေနၿပီျဖစ္ၿပီး ကမာၻတစ္၀ွမ္းလံုးမွာ သူ႔ရဲ႕ ပရိတ္သတ္ေတြ အမ်ားအျပားရွိေနၿပီပဲ ျဖစ္ပါတယ္။ သူဟာ အာႏုိး၊ စတားလံုး စတဲ့ ဂႏၱ၀င္မင္းသားႀကီးေတြရဲ႕ ေျခရာကို နင္းႏိုင္တဲ့ အက္ရွင္မင္းသားတစ္ေယာက္ျဖစ္တယ္ဆုိတာကိုေတာ့ ေျပာစရာေတာင္မလုိေတာ့ပါဘူး။ ဒါေပမယ့္ သူ႔ရဲ႕ ဒီလုိ ေအာင္ျမင္မႈရရွိလာတဲ့ အေၾကာင္းအရင္းကို သိရွိသူနည္းပါးလွပါတယ္။

အသက္ ၅၀ အရြယ္ရွိၿပီျဖစ္တဲ့ Vin ဟာ သူ႔ရဲ႕ ဖခင္အရင္းကို ျမင္ေတြ႔ခဲ့ရျခင္းမရွိခဲ့ပါဘူး။ သူ႔ရဲ႕ ဖခင္ဟာ သူ႔ကို မေမြးခင္ကတည္းက ထြက္သြားခဲ့တာျဖစ္ပါတယ္။ သူဟာ ကယ္လီဖုိးနီးယားျပည္နယ္မွာ မိခင္နဲ႔ အာဖရိကန္-အေမရိကန္ ကျပားတစ္ေယာက္ျဖစ္တဲ့ ပေထြးျဖစ္သူတို႔ရဲ႕ လက္ထဲမွာ ႀကီးျပင္းခဲ့ရပါတယ္။ Vin ရဲ႕ ေမြးစားဖခင္ဟာ သရုပ္ေဆာင္နည္းျပတစ္ေယာက္ျဖစ္ၿပီး ျပဇာတ္မန္ေနဂ်ာတစ္ေယာက္လည္း ျဖစ္တာေၾကာင့္ Vin ဟာ ႀကီးျပင္းလာတဲ့အခါမွာ သရုပ္ေဆာင္ပညာကို စိတ္၀င္စားလာခဲ့ပါတယ္။ သူဟာ ငယ္ဘ၀တစ္ေလွ်ာက္လံုး ျပဇာတ္နဲ႔ ရင္းႏွီးကၽြမ္း၀င္မႈရွိခဲ့ၿပီး ေနာက္ဆံုးမွာေတာ့ သူဟာ သရုပ္ေဆာင္ပညာနဲ႔ ဇာတ္ညႊန္းေရးပညာကို ေကာလိပ္မွာ သင္ယူခဲ့ပါတယ္။

ျပသနာေတြအၿမဲဖန္တီးေနသူတစ္ေယာက္ ျဖစ္ခဲ့တာေၾကာင့္ Vin ဟာ ေကာလိပ္ေက်ာင္းကေန ထြက္ကာ ေဟာလိ၀ုဒ္ကိုသြားခဲ့တယ္။ သူအိပ္မက္ထားတဲ့ ေအာင္ျမင္တဲ့သရုပ္ေဆာင္တစ္ေယာက္ျဖစ္ဖုိ႔ေပါ့။ အဲဒီမွာ သူတတ္ႏုိင္သမွ်ႀကဳိးစားခဲ့ေပမယ့္ သရုပ္ေဆာင္ျဖစ္ဖုိ႔ လုံေလာက္တဲ့အရည္အခ်င္းမရွိဘူးဆုိၿပီး ျငင္းပယ္ခံခဲ့ရတယ္။ ဒါနဲ႔စိတ္ဓာတ္အက်ႀကီးက်ၿပီး နယူးေယာက္ကုိျပန္ခဲ့တယ္။ တစ္ေယာက္တည္း ဘာလုပ္ရမွန္းမသိပဲ ျဖစ္ေနခ်ိန္ သူ႔အေမက စာအုပ္တစ္အုပ္ လာေပးတယ္။ အဲဒီစာအုပ္ထဲမွာ ရုပ္ရွင္တုိေလးေတြကို အရည္အေသြးေကာင္းၿပီး ကုန္က်စရိတ္သက္သက္သာသာ နဲ႔ ဘယ္လုိရုိက္ရမလဲ ဆုိတာေရးထားတယ္။

သူဟာ အဲဒီစာအုပ္ကုိဖတ္ၿပီး သူ႔ရဲ႕ ကိုယ္ပိုင္ ဇာတ္လမ္းတိုေလးေတြကို စတင္ရိုက္ကူးခဲ့ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ သူဟာ ခႏၶာကိုယ္ေတာင့္တင္းခိုင္မာေအာင္ ေလ့က်င့္ခန္းေတြလုပ္ၿပီး ႏိုက္ကလပ္ေတြမွာ ရမ္းကားေႏွာက္ယွက္သူေတြကို ဆြဲထုတ္ရတဲ့ တံခါးေစာင့္အျဖစ္ ၀င္ေရာက္လုပ္ကိုင္ခဲ့ပါတယ္။ ႏိုက္ကလပ္ေတြမွာ အလုပ္လုပ္ရင္းနဲ႔ပဲ သူဟာ Vin Diesel ဆိုတဲ့ နာမည္ကို ရရွိခဲ့ပါတယ္။ Vin ဆုိတာကေတာ့ သူ႔ရဲ႕ေမြးစားအေဖရဲ႕ မ်ဳိးရုိးအမည္ Vincent ကယူထားတာျဖစ္ၿပီး Diesel ကေတာ့ အလုပ္မွာ ေလာင္စာတစ္ခုလုိ တက္တက္ၾကြၾကြလုပ္တတ္တဲ့အတြက္ ရခဲ့တာပါ။ ဒီႏွစ္ခုကုိ ေပါင္းၿပီး သူ႔နာမည္က Vin Desel ျဖစ္လာခဲ့တာပါ။

သူဟာ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ႏိုက္ကလပ္ တံခါးေစာင့္ အျဖစ္ လုပ္ကိုင္ခဲ့ပါတယ္။ သူပထမဆုံးဖန္တီးခဲ့တာက Multi-Facial ဆုိတဲ့ဇာတ္လမ္းတုိေလးပါ။ ေဒၚလာ ၃၀၀၀ ပဲကုန္က်ခဲ့ၿပီး Cannes ရုပ္ရွင္ပြဲေတာ္မွာ ျပသခြင့္ရခဲ့တယ္။ ေအာင္ျမင္မႈႀကီးႀကီးမားမား မရခဲ့ေပမယ့္ သူ႔ရဲ႕အရည္အခ်င္းကို ရုပ္ရွင္ေလာကသားတခ်ဳိ႕သိသြားခဲ့တယ္။ အဲဒီေနာက္ Strays ဆုိတဲ့ ရုပ္ရွင္ကားကုိ ကုန္က်စရိတ္ ေဒၚလာ ၅ေသာင္းေလာက္ အကုန္ခံၿပီး သူပဲဒါရုိက္တာ ၊ သူပဲစာေရးဆရာ ၊ သူပဲပရုိဂ်ဴဆာလုပ္ၿပီး ရုိက္ကူးခဲ့တယ္။ ဒီကားကို ၆လ ၾကာေအာင္ႀကဳိးစားပမ္းစားရုိက္ခဲ့ေပမယ့္ ေအာင္ျမင္မႈမရခဲ့ပါဘူး။ ဒါေပမယ့္ လည္း သူစိတ္ဓာတ္မက်ခဲ့ပါဘူး။

တစ္ရက္မွာေတာ့ သူဟာ ဖုန္းေခၚဆုိမႈတစ္ခုကို လက္ခံရရွိခဲ့ပါတယ္။ အဲဒါကေတာ့ သူရုိက္ခဲ့တဲ့ ဇာတ္လမ္းတုိေလးေတြကေန သူ႔ရဲ႕အရည္အခ်င္းကိုသေဘာက်ေနတဲ့ ဒါရုိက္တာႀကီး Steven Spielberg ကေခၚတာျဖစ္ၿပီး မင္းသားႀကီးတြမ္ဟင့္ ၊ မက္ဒီမြန္ တုိ႔နဲ႔အတူ Saving Private Ryan ဇာတ္ကားမွာ သရုပ္ေဆာင္အျဖစ္ ပါ၀င္ဖုိ႔ ကမ္းလွမ္းတာျဖစ္ပါတယ္။ ဂႏၶ၀င္စစ္ကားတစ္ကားျဖစ္တဲ့ ‘Saving Private Ryan’ ဇာတ္ကားမွာ သရုပ္ေဆာင္ခြင့္ တစ္ေနရာရရွိခဲ့ပါတယ္။ မင္းသားႀကီး တြမ္ဟင့္ ရဲ႕နာမည္ေက်ာ္ဒီဇာတ္ကားမွာ Vin က Private Adrian Caparzo အျဖစ္ သရုပ္ေဆာင္ခဲ့ပါတယ္။

၂၀၀၀ ခုႏွစ္မွာေတာ့ Vin ပါ၀င္သရုပ္ေဆာင္ထားတဲ့ ‘Pitch Black’ ဇာတ္ကားနဲ႔ ‘Bolier Room’ ဇာတ္ကားေတြ ထြက္လာခဲ့ေပမယ့္ သူ႔ကိုလူသိပ္မသိခဲ့ေသးပါဘူး။ ၂၀၀၁ ခုႏွစ္ေရာက္တဲ့အခါမွ Vin ဟာ ‘Fast and the Furious’ ဇာတ္ကားထဲမွာ Dominic Toretto အျဖစ္ ပါ၀င္သရုပ္ေဆာင္ခြင့္ရရွိခဲ့ၿပီး ကမာၻ႔အေကာင္းဆံုး သရုပ္ေဆာင္အျဖစ္ ကမာၻတစ္၀ွမ္းလံုးက ပရိတ္သတ္ေတြရဲ႕ အသိမွတ္ျပဳျခင္းကို ခံခဲ့ရပါတယ္။

၂၀၀၂ ခုႏွစ္မွာေတာ့ သူ႔ရဲ႕ ‘XXX’ ဇာတ္ကားထြက္လာခဲ့ၿပီး ဒီဇာတ္ကားဟာလည္း ေအာင္ျမင္ေက်ာ္ၾကားခဲ့ပါတယ္။ သူဟာ အာႏိုး၊ စတားလံုးတို႔လုိမ်ဳိး အက္ရွင္ဟီးရိုးေတြေနရာမွာလည္း သရုပ္ေဆာင္ခဲ့ပါတယ္။ အဲဒီအခ်ိန္ကစၿပီး သူဟာ ဇာတ္ေကာင္စရိုက္မ်ဳိးစံုေနရာမွာ သရုပ္ေဆာင္ခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့ သူဟာ ဇာတ္ကားေကာင္းေပါင္းမ်ားစြာကို ရုိက္ကူးခဲ့ၿပီးၿပီျဖစ္ကာ ပရိတ္သတ္ေတြႀကိဳက္ႏွစ္သက္တဲ့ အက္ရွင္ဟီးရိုးအနည္းငယ္ထဲက တစ္ေယာက္ျဖစ္လာခဲ့ပါၿပီ။

Myit Ma Kha Media Group

———————

နိုက်ကလပ် တံခါးစောင့်ဘဝကနေ ကမ္ဘာကျော်မင်းသားတစ်လက် ဖြစ်လာခဲ့သူ (unicode)

မင်းသားကြီး Vin Diesel ဟာ ဟောလီးဝုဒ်ရဲ့ ကျော်ကြားတဲ့ သရုပ်ဆောင်တစ်ယောက်မဖြစ်ခင်ကတော့ ဘဝကိုရုန်းကန်နေရတဲ့ Mark Sinclair ဆိုတဲ့ လူငယ်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှာမှ သူ့ဟာ ‘Fast and the Furious’ ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ဖို့ အခွင့်အရေးရခဲ့ကာ ဒီဇာတ်ကားနဲ့ အောင်မြင်ကျော်ကြားခဲ့တာဖြစ်ပါတယ်။

မင်းသားကြီ Vin Diesel ဟာ လက်ရှိအချိန်မှာတော့ ပိုင်ဆိုင်မှု ဒေါ်လာ သန်း ၂၀၀ ခန့်ရှိနေပြီဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းလုံးမှာ သူ့ရဲ့ ပရိတ်သတ်တွေ အများအပြားရှိနေပြီပဲ ဖြစ်ပါတယ်။ သူဟာ အာနိုး၊ စတားလုံး စတဲ့ ဂန္တဝင်မင်းသားကြီးတွေရဲ့ ခြေရာကို နင်းနိုင်တဲ့ အက်ရှင်မင်းသားတစ်ယောက်ဖြစ်တယ်ဆိုတာကိုတော့ ပြောစရာတောင်မလိုတော့ပါဘူး။ ဒါပေမယ့် သူ့ရဲ့ ဒီလို အောင်မြင်မှုရရှိလာတဲ့ အကြောင်းအရင်းကို သိရှိသူနည်းပါးလှပါတယ်။

အသက် ၅၀ အရွယ်ရှိပြီဖြစ်တဲ့ Vin ဟာ သူ့ရဲ့ ဖခင်အရင်းကို မြင်တွေ့ခဲ့ရခြင်းမရှိခဲ့ပါဘူး။ သူ့ရဲ့ ဖခင်ဟာ သူ့ကို မမွေးခင်ကတည်းက ထွက်သွားခဲ့တာဖြစ်ပါတယ်။ သူဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာ မိခင်နဲ့ အာဖရိကန်-အမေရိကန် ကပြားတစ်ယောက်ဖြစ်တဲ့ ပထွေးဖြစ်သူတို့ရဲ့ လက်ထဲမှာ ကြီးပြင်းခဲ့ရပါတယ်။ Vin ရဲ့ မွေးစားဖခင်ဟာ သရုပ်ဆောင်နည်းပြတစ်ယောက်ဖြစ်ပြီး ပြဇာတ်မန်နေဂျာတစ်ယောက်လည်း ဖြစ်တာကြောင့် Vin ဟာ ကြီးပြင်းလာတဲ့အခါမှာ သရုပ်ဆောင်ပညာကို စိတ်ဝင်စားလာခဲ့ပါတယ်။ သူဟာ ငယ်ဘဝတစ်လျှောက်လုံး ပြဇာတ်နဲ့ ရင်းနှီးကျွမ်းဝင်မှုရှိခဲ့ပြီး နောက်ဆုံးမှာတော့ သူဟာ သရုပ်ဆောင်ပညာနဲ့ ဇာတ်ညွှန်းရေးပညာကို ကောလိပ်မှာ သင်ယူခဲ့ပါတယ်။

ပြသနာတွေအမြဲဖန်တီးနေသူတစ်ယောက် ဖြစ်ခဲ့တာကြောင့် Vin ဟာ ကောလိပ်ကျောင်းကနေ ထွက်ကာ ဟောလိဝုဒ်ကိုသွားခဲ့တယ်။ သူအိပ်မက်ထားတဲ့ အောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ပေါ့။ အဲဒီမှာ သူတတ်နိုင်သမျှကြိုးစားခဲ့ပေမယ့် သရုပ်ဆောင်ဖြစ်ဖို့ လုံလောက်တဲ့အရည်အချင်းမရှိဘူးဆိုပြီး ငြင်းပယ်ခံခဲ့ရတယ်။ ဒါနဲ့စိတ်ဓာတ်အကျကြီးကျပြီး နယူးယောက်ကိုပြန်ခဲ့တယ်။ တစ်ယောက်တည်း ဘာလုပ်ရမှန်းမသိပဲ ဖြစ်နေချိန် သူ့အမေက စာအုပ်တစ်အုပ် လာပေးတယ်။ အဲဒီစာအုပ်ထဲမှာ ရုပ်ရှင်တိုလေးတွေကို အရည်အသွေးကောင်းပြီး ကုန်ကျစရိတ်သက်သက်သာသာ နဲ့ ဘယ်လိုရိုက်ရမလဲ ဆိုတာရေးထားတယ်။

သူဟာ အဲဒီစာအုပ်ကိုဖတ်ပြီး သူ့ရဲ့ ကိုယ်ပိုင် ဇာတ်လမ်းတိုလေးတွေကို စတင်ရိုက်ကူးခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သူဟာ ခန္ဓာကိုယ်တောင့်တင်းခိုင်မာအောင် လေ့ကျင့်ခန်းတွေလုပ်ပြီး နိုက်ကလပ်တွေမှာ ရမ်းကားနှောက်ယှက်သူတွေကို ဆွဲထုတ်ရတဲ့ တံခါးစောင့်အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ နိုက်ကလပ်တွေမှာ အလုပ်လုပ်ရင်းနဲ့ပဲ သူဟာ Vin Diesel ဆိုတဲ့ နာမည်ကို ရရှိခဲ့ပါတယ်။ Vin ဆိုတာကတော့ သူ့ရဲ့မွေးစားအဖေရဲ့ မျိုးရိုးအမည် Vincent ကယူထားတာဖြစ်ပြီး Diesel ကတော့ အလုပ်မှာ လောင်စာတစ်ခုလို တက်တက်ကြွကြွလုပ်တတ်တဲ့အတွက် ရခဲ့တာပါ။ ဒီနှစ်ခုကို ပေါင်းပြီး သူ့နာမည်က Vin Desel ဖြစ်လာခဲ့တာပါ။

သူဟာ နှစ်ပေါင်းများစွာကြာအောင် နိုက်ကလပ် တံခါးစောင့် အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ သူပထမဆုံးဖန်တီးခဲ့တာက Multi-Facial ဆိုတဲ့ဇာတ်လမ်းတိုလေးပါ။ ဒေါ်လာ ၃၀၀၀ ပဲကုန်ကျခဲ့ပြီး Cannes ရုပ်ရှင်ပွဲတော်မှာ ပြသခွင့်ရခဲ့တယ်။ အောင်မြင်မှုကြီးကြီးမားမား မရခဲ့ပေမယ့် သူ့ရဲ့အရည်အချင်းကို ရုပ်ရှင်လောကသားတချို့သိသွားခဲ့တယ်။ အဲဒီနောက် Strays ဆိုတဲ့ ရုပ်ရှင်ကားကို ကုန်ကျစရိတ် ဒေါ်လာ ၅သောင်းလောက် အကုန်ခံပြီး သူပဲဒါရိုက်တာ ၊ သူပဲစာရေးဆရာ ၊ သူပဲပရိုဂျူဆာလုပ်ပြီး ရိုက်ကူးခဲ့တယ်။ ဒီကားကို ၆လ ကြာအောင်ကြိုးစားပမ်းစားရိုက်ခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ပါဘူး။ ဒါပေမယ့် လည်း သူစိတ်ဓာတ်မကျခဲ့ပါဘူး။

တစ်ရက်မှာတော့ သူဟာ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့ပါတယ်။ အဲဒါကတော့ သူရိုက်ခဲ့တဲ့ ဇာတ်လမ်းတိုလေးတွေကနေ သူ့ရဲ့အရည်အချင်းကိုသဘောကျနေတဲ့ ဒါရိုက်တာကြီး Steven Spielberg ကခေါ်တာဖြစ်ပြီး မင်းသားကြီးတွမ်ဟင့် ၊ မက်ဒီမွန် တို့နဲ့အတူ Saving Private Ryan ဇာတ်ကားမှာ သရုပ်ဆောင်အဖြစ် ပါဝင်ဖို့ ကမ်းလှမ်းတာဖြစ်ပါတယ်။ ဂန္ဓဝင်စစ်ကားတစ်ကားဖြစ်တဲ့ ‘Saving Private Ryan’ ဇာတ်ကားမှာ သရုပ်ဆောင်ခွင့် တစ်နေရာရရှိခဲ့ပါတယ်။ မင်းသားကြီး တွမ်ဟင့် ရဲ့နာမည်ကျော်ဒီဇာတ်ကားမှာ Vin က Private Adrian Caparzo အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။

၂၀၀၀ ခုနှစ်မှာတော့ Vin ပါဝင်သရုပ်ဆောင်ထားတဲ့ ‘Pitch Black’ ဇာတ်ကားနဲ့ ‘Bolier Room’ ဇာတ်ကားတွေ ထွက်လာခဲ့ပေမယ့် သူ့ကိုလူသိပ်မသိခဲ့သေးပါဘူး။ ၂၀၀၁ ခုနှစ်ရောက်တဲ့အခါမှ Vin ဟာ ‘Fast and the Furious’ ဇာတ်ကားထဲမှာ Dominic Toretto အဖြစ် ပါဝင်သရုပ်ဆောင်ခွင့်ရရှိခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး သရုပ်ဆောင်အဖြစ် ကမ္ဘာတစ်ဝှမ်းလုံးက ပရိတ်သတ်တွေရဲ့ အသိမှတ်ပြုခြင်းကို ခံခဲ့ရပါတယ်။

၂၀၀၂ ခုနှစ်မှာတော့ သူ့ရဲ့ ‘XXX’ ဇာတ်ကားထွက်လာခဲ့ပြီး ဒီဇာတ်ကားဟာလည်း အောင်မြင်ကျော်ကြားခဲ့ပါတယ်။ သူဟာ အာနိုး၊ စတားလုံးတို့လိုမျိုး အက်ရှင်ဟီးရိုးတွေနေရာမှာလည်း သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး သူဟာ ဇာတ်ကောင်စရိုက်မျိုးစုံနေရာမှာ သရုပ်ဆောင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ သူဟာ ဇာတ်ကားကောင်းပေါင်းများစွာကို ရိုက်ကူးခဲ့ပြီးပြီဖြစ်ကာ ပရိတ်သတ်တွေကြိုက်နှစ်သက်တဲ့ အက်ရှင်ဟီးရိုးအနည်းငယ်ထဲက တစ်ယောက်ဖြစ်လာခဲ့ပါပြီ။

Myit Ma Kha Media Group

Leave a Reply