ဥာဏ္ေကာင္းၿပီး ထက္ျမက္ေစမည့္ ထိပ္တန္းနည္းလမ္းမ်ား

Posted on

ေရးသားသူ – နန္းညႊန္႔ဦး

၁။ အသစ္အဆန္းမ်ားကို ေလ့လာပါ။

ဘဝတစ္ေလွ်ာက္လံုး ပညာရပ္အသစ္ေတြကို ေလ့လာေနတာဟာ ဘဝရဲ႕ ေနာက္ပိုင္းအခ်ိန္ေတြအထိ ဦးေႏွာက္ကို ထက္ျမက္ေနေစပါတယ္။ ဦးေႏွာက္ကို စိန္ေခၚၿပီး ေလ့လာတာဟာ သင္ယူႏိုင္စြမ္းကို လႈံ႕ေဆာ္ျခင္း၊ ဦးေႏွာက္အာ႐ံုေၾကာ ထိခိုက္ပ်က္စီးတဲ့ ေရာဂါျဖစ္ႏိုင္ေျခ ေလ်ာ့နည္းျခင္းနဲ႔ ဦးေႏွာက္ရဲ႕ လုပ္ငန္းေဆာင္တာကို ေကာင္းမြန္ေစျခင္းဆိုတ့ဲ အက်ဳိးေက်းဇူးေတြကို ရရွိေစပါတယ္။

၂။ ပံုမွန္အားကစားလုပ္ပါ။

အားကစားဟာ က်န္းက်န္းမာမာ၊ က်က္သေရရွိရွိ အိုမင္းႏိုင္ေအာင္ အေထာက္အကူျပဳေပးပါတယ္။ အားကစားကို ပံုမွန္ျပဳလုပ္တာဟာ ဦးေႏွာက္နဲ႔ အာ႐ံုေၾကာ ထိခိုက္ပ်က္စီးတဲ့ ေရာဂါျဖစ္ႏိုင္ေခ်ကို ေလွ်ာ့ခ်ႏိုင္႐ံုသာမက အယ္လ္ဇိုင္းမားေရာဂါ ျဖစ္ႏိုင္ေျခကိုပါ ေႏွးေကြးေစပါတယ္။

အားကစားဟာ စြမ္းအားပမာဏ၊ စိတ္ခံစားမႈ၊ အိပ္ေပ်ာ္ျခင္းနဲ႔ ဦးေႏွာက္က်န္းမာေရးအဆင့္ေတြကို တိုးျမင့္ေစပါတယ္။ ပံုမွန္အားကစား ျပဳလုပ္တာဟာ စိတ္ဓာတ္က်ျခင္းနဲ႔ စိတ္ပူပင္ေသာကကို ေလ်ာ့က်ေစကာ ဥာဏ္ရည္ထက္ျမက္ေစပါတယ္။

၃။ အေပါင္းအသင္းမ်ားႏွင့္ ေပ်ာ္ေပ်ာ္ေနပါ။

မိတ္ေဆြသူငယ္ခ်င္းေတြေၾကာင့္ အေတြ႕အႀကံဳဖလွယ္ႏိုင္ျခင္း၊ အသစ္အဆန္း ေလ့လာႏိုင္ျခင္း၊ ေပ်ာ္ရႊင္ျခင္း၊ စိန္ေခၚမႈေတြကို ရင္ဆိုင္ႏိုင္ျခင္းနဲ႔ ယံုၾကည္မႈ ရွိျခင္းဆိုတဲ့ အရာေတြကို ရရွိေစပါတယ္။ မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔ ေပါ့ေပါ့ပါးပါးေနၿပီး ရယ္ေမာတာဟာ ဦးေႏွာက္ရဲ႕ လုပ္ငန္းေဆာင္တာေတြကို ေကာင္းမြန္ေစပါတယ္။

၄။ က်န္းမာေရးအသိရွိပါ။

ကိုယ့္က်န္းမာေရးကို ဂ႐ုစိုက္ဖို႔ အေရးႀကီးပါတယ္။ က်န္းမာေရးနဲ႔ ပတ္သက္ၿပီး တစ္စံုတစ္ရာ လဲြမွားေနတယ္လို႔ထင္ရင္ ဆရာဝန္နဲ႔ ျပသပါ။ ဆရာဝန္ကို ကိုယ့္က်န္းမာေရးအေၾကာင္း ပြင့္ပြင့္လင္းလင္း ေဆြးေႏြးတာဟာ ဆရာဝန္အေနနဲ႔ တိက်ေသခ်ာတဲ့ ဆံုးျဖတ္ခ်က္ကို ခ်မွတ္ႏိုင္မွာပါ။

၅။ ၿငိမ္ၿငိမ္ေနပါ။

လူ႔ အဖဲြ႕အစည္းထဲမွာေနရင္း စိတ္ေတြ ႐ႈပ္ေထြးလာတဲ့အခါ အနားယူဖုိ႔ အခ်ိန္နည္းနည္းယူၿပီး ၿငိမ္ၿငိမ္ေနပါ။ ဦးေႏွာက္ဟာ သတင္းအခ်က္အလက္ေတြကို နက္နက္နဲနဲ စီစဥ္ႏိုင္ဖို႔ အခ်ိန္လိုပါတယ္။ စိတ္ဖိစီးၿပီး ေမာပန္းေနရတဲ့ ဘဝေနထိုင္မႈပံုစံဟာ ကိုယ္က်န္းမာေရးနဲ႔ စိတ္ခ်မ္းသာမႈအေပၚ ထိခိုက္ေစႏိုင္ ပါတယ္။ ထို႔ေၾကာင့္ စိတ္ဖိစီးၿပီး ပင္ပန္းေနခ်ိန္မွာ အသက္ျပင္းျပင္းရွဴ ၿပီး အနားယူပါ။

၆။ ေဆးလိပ္၊ အရက္ႏွင့္ မူးယစ္ေဆးဝါးေရွာင္ပါ။

ေဆးလိပ္၊ အရက္နဲ႔ မူးယစ္ေဆးဝါးတို႔လို စိတ္ကို ေျပာင္းလဲေစတဲ့အရာေတြဟာ ဦးေႏွာက္ရဲ႕ လုပ္ငန္းေဆာင္တာ၊ အာရုံစူးစိုက္အားေတြကို ေလ်ာ့က်ေစပါတယ္။ ဒီေနရာေတြဟာ မွတ္ဥာဏ္ကိုပါ ခ်ဳိ႕တဲ့သြားေစပါတယ္။

၇။ ေငြေရးေၾကးေရးဆိုင္ရာ ပန္းတိုင္ထားရွိပါ။

ဘ႑ာေရးဆုိင္ရာ စိတ္ခ်ရမႈအတြက္ အစီအစဥ္ခ်မွတ္ထားတာဟာ ဦးေႏွာက္ရဲ႕ လုပ္ငန္းေဆာင္တာေတြကို ေကာင္းမြန္ေစတဲ့ နည္းလမ္းေကာင္းပါ။ ဝင္ေငြနဲ႔ ထြက္ေငြကို ခ်ိန္ဆသံုးစဲြရင္း တစ္လတာဝင္ေငြရဲ႕ ငါးရာခိုင္ႏႈန္း၊ ၁၀ ရာခိုင္ႏႈန္းကို စုေဆာင္းထားတာဟာ ဘဝရဲ႕ ေနာက္ပိုင္းကာလေတြအတြက္ အဆင္ေျပေစပါတယ္။

နန္းညႊန္႔ဦး

——————–

ဥာဏ်ကောင်းပြီး ထက်မြက်စေမည့် ထိပ်တန်းနည်းလမ်းများ (unicode)

ရေးသားသူ – နန်းညွှန့်ဦး

၁. အသစ်အဆန်းများကို လေ့လာပါ။

ဘဝတစ်လျှောက်လုံး ပညာရပ်အသစ်တွေကို လေ့လာနေတာဟာ ဘဝရဲ့ နောက်ပိုင်းအချိန်တွေအထိ ဦးနှောက်ကို ထက်မြက်နေစေပါတယ်။ ဦးနှောက်ကို စိန်ခေါ်ပြီး လေ့လာတာဟာ သင်ယူနိုင်စွမ်းကို လှုံ့ဆော်ခြင်း၊ ဦးနှောက်အာရုံကြော ထိခိုက်ပျက်စီးတဲ့ ရောဂါဖြစ်နိုင်ခြေ လျော့နည်းခြင်းနဲ့ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေခြင်းဆိုတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

၂. ပုံမှန်အားကစားလုပ်ပါ။

အားကစားဟာ ကျန်းကျန်းမာမာ၊ ကျက်သရေရှိရှိ အိုမင်းနိုင်အောင် အထောက်အကူပြုပေးပါတယ်။ အားကစားကို ပုံမှန်ပြုလုပ်တာဟာ ဦးနှောက်နဲ့ အာရုံကြော ထိခိုက်ပျက်စီးတဲ့ ရောဂါဖြစ်နိုင်ချေကို လျှော့ချနိုင်ရုံသာမက အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကိုပါ နှေးကွေးစေပါတယ်။

အားကစားဟာ စွမ်းအားပမာဏ၊ စိတ်ခံစားမှု၊ အိပ်ပျော်ခြင်းနဲ့ ဦးနှောက်ကျန်းမာရေးအဆင့်တွေကို တိုးမြင့်စေပါတယ်။ ပုံမှန်အားကစား ပြုလုပ်တာဟာ စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ပူပင်သောကကို လျော့ကျစေကာ ဥာဏ်ရည်ထက်မြက်စေပါတယ်။

၃. အပေါင်းအသင်းများနှင့် ပျော်ပျော်နေပါ။

မိတ်ဆွေသူငယ်ချင်းတွေကြောင့် အတွေ့အကြုံဖလှယ်နိုင်ခြင်း၊ အသစ်အဆန်း လေ့လာနိုင်ခြင်း၊ ပျော်ရွှင်ခြင်း၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ခြင်းနဲ့ ယုံကြည်မှု ရှိခြင်းဆိုတဲ့ အရာတွေကို ရရှိစေပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပေါ့ပေါ့ပါးပါးနေပြီး ရယ်မောတာဟာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။

၄. ကျန်းမာရေးအသိရှိပါ။

ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖို့ အရေးကြီးပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ လွဲမှားနေတယ်လို့ထင်ရင် ဆရာဝန်နဲ့ ပြသပါ။ ဆရာဝန်ကို ကိုယ့်ကျန်းမာရေးအကြောင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာဟာ ဆရာဝန်အနေနဲ့ တိကျသေချာတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်မှာပါ။

၅. ငြိမ်ငြိမ်နေပါ။

လူ့ အဖွဲ့အစည်းထဲမှာနေရင်း စိတ်တွေ ရှုပ်ထွေးလာတဲ့အခါ အနားယူဖို့ အချိန်နည်းနည်းယူပြီး ငြိမ်ငြိမ်နေပါ။ ဦးနှောက်ဟာ သတင်းအချက်အလက်တွေကို နက်နက်နဲနဲ စီစဉ်နိုင်ဖို့ အချိန်လိုပါတယ်။ စိတ်ဖိစီးပြီး မောပန်းနေရတဲ့ ဘဝနေထိုင်မှုပုံစံဟာ ကိုယ်ကျန်းမာရေးနဲ့ စိတ်ချမ်းသာမှုအပေါ် ထိခိုက်စေနိုင် ပါတယ်။ ထို့ကြောင့် စိတ်ဖိစီးပြီး ပင်ပန်းနေချိန်မှာ အသက်ပြင်းပြင်းရှူ ပြီး အနားယူပါ။

၆. ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးဝါးရှောင်ပါ။

ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေးဝါးတို့လို စိတ်ကို ပြောင်းလဲစေတဲ့အရာတွေဟာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ၊ အာရုံစူးစိုက်အားတွေကို လျော့ကျစေပါတယ်။ ဒီနေရာတွေဟာ မှတ်ဥာဏ်ကိုပါ ချို့တဲ့သွားစေပါတယ်။

၇. ငွေရေးကြေးရေးဆိုင်ရာ ပန်းတိုင်ထားရှိပါ။

ဘဏ္ဍာရေးဆိုင်ရာ စိတ်ချရမှုအတွက် အစီအစဉ်ချမှတ်ထားတာဟာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေတဲ့ နည်းလမ်းကောင်းပါ။ ဝင်ငွေနဲ့ ထွက်ငွေကို ချိန်ဆသုံးစွဲရင်း တစ်လတာဝင်ငွေရဲ့ ငါးရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်းကို စုဆောင်းထားတာဟာ ဘဝရဲ့ နောက်ပိုင်းကာလတွေအတွက် အဆင်ပြေစေပါတယ်။

နန်းညွှန့်ဦး

Leave a Reply