သံအမတ္ထံစာေရးတဲ့ ျမန္မာမူလတန္းေက်ာင္းသားေလး ေနာ္ေ၀သေဘၤာေပၚတက္ေရာက္ေလ့လာခြင့္ရ

Posted on

အသက္ ၈ ႏွစ္အရြယ္ ျမန္မာကေလးငယ္တစ္ဦးဟာ ေနာ္ေဝသံအမတ္ႀကီးဆီကို စာေရးသားေပးပို႔ခဲ့ၿပီးေနာက္ ေနာ္ေဝကေန ျမန္မာႏိုင္ငံကိုေရာက္လာတဲ့ သုေတသန သေဘၤာေပၚကို တက္ေရာက္ေလ့လာခြင့္ရရွိခဲ့တယ္လို႔ ေနာ္ေဝသံ႐ံုးက ထုတ္ျပန္ပါတယ္။

သုေတသနလုပ္ငန္းသုံးေရယာဥ္ Dr. Fritdjof Nansen ရဲ႕ ခရီးစဥ္အတြက္ ေနာ္ေဝသံ႐ံုးက လိုအပ္တာေတြ ျပင္ဆင္ေနတုန္းမွာ ေနာ္ေဝသံအမတ္ႀကီးဆီကို လွပေသသပ္စြာ ေခါက္ထားတဲ့ စာတေစာင္ ေရာက္ရွိလာခဲ႔တယ္လို႔ အစခ်ီေဖာ္ျပထားပါတယ္။

ဒီစာကိုေရးသူကေတာ့  ရန္ကုန္ၿမိဳ႕က အသက္ ၈ ႏွစ္အရြယ္ မူလတန္းကေက်ာင္းသား ေဝဟင္ထြန္းထြန္း ေခၚတဲ့ ဝီလ်ံျဖစ္ပါတယ္။

ငါး၊ ငါးမန္းနဲ႔ ဂဏန္းေတြကို စိတ္ဝင္စားတဲ့ ၀ီလ်ံေလးဟာ အဲဒီ ကမ္း႐ိုးတန္းသြား သေဘၤာႀကီးေပၚမွာ ငါးေတြ၊ အႏုၾကည့္မွန္ေျပာင္းေတြ ပါလာမယ္လို႔ မိခင္ဆီကတဆင့္ သိခဲ့ရတယ္လို႔ ဆိုပါတယ္။

ဒါေၾကာင့္အဲဒီ သေဘၤာေပၚကို ေလ႔လာလည္ပတ္ခြင့္ျပဳဖို႔ သံအမတ္ႀကီးဆီကို အဂၤလိပ္ဘာသာနဲ႔ စာေရး ေတာင္းဆိုလာခဲ့တယ္လို႔ သံ႐ံုးရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အဲဒီေနာက္ Dr. Fritdjof Nansen သေဘၤာေပၚမွာ လိုက္ပါလာတဲ့ ေရယာဥ္အမႈထမ္းေတြက ဝီလ်ံနဲ႔ သူ႔ရဲ႕ မိခင္တို႔ကို ေရယာဥ္တပတ္ တာဝန္ယူ လွည့္လည္ျပသေပးမယ္လို႔ အေၾကာင္းျပန္ခဲ့ပါတယ္။

ျမန္မာေက်ာင္းသားေလးကို ေရယာဥ္မႉးႀကီး Aron Håpoldøy ကိုယ္တိုင္ လက္ခံႀကိဳဆိုခဲ႔ၿပီး ေရယာဥ္အရာရွိခ်ဳပ္ ကိုယ္တိုင္ကလည္း ေရယာဥ္တေလွ်ာက္ လိုက္လံျပသေပးရင္း ကေလးငယ္စိတ္တုိင္းက်လွည့္ပတ္ၾကည့္ရႈေစခဲ့ပါတယ္

အနာဂါတ္မွာ သိပၸံပညာရွင္တေယာက္ျဖစ္လာမယ့္ ျမန္မာကေလးငယ္တစ္ေယာက္ကို ကမ္း႐ိုးတန္းသြား Dr. Fritdjof Nansen ေရယာဥ္ေပၚမွာ အခုလို လက္ခံႀကိဳဆိုခြင့္၊ လိုက္လံျပသခြင့္ ရရွိခဲ့လို႔ အထူးဂုဏ္ယူဝမ္းေျမာက္တယ္လို႔ သံ႐ံုးက ထုတ္ျပန္ထားပါတယ္။

ဒီသေဘာၤႀကီးဟာ ျမန္မာႏိုင္ငံကို စက္တင္ဘာ ၁၂ ရက္မွာ ေရာက္လာတာ ျဖစ္ၿပီး ဒါဟာ ၄ ႀကိမ္ေျမာက္ေရာက္လာတာပါ။ ၁၉၇၉၊ ၂၀၁၃နဲ႔ ၂၀၁၅ ခုႏွစ္ေတြတုန္းကလည္း လာေရာက္ခဲ့ၿပီး ျမန္မာ့ပင္လယ္ျပင္က ငါးသယံဇာတနဲ႔ တျခားဇီဝမ်ဳိးကြဲေတြ  အေျခအေနအျပင္ သဘာဝ ပတ္ဝန္းက်င္နဲ႔ သက္ဆိုင္တဲ့ သုေတသန အခ်က္အလက္ေတြကို စုေဆာင္း ေပးခဲ့ပါတယ္။

ဓာတ္ပံု-ေနာ္ေ၀သံ႐ုံး

ပုိင္စုိး
DVB TV News

—————–

သံအမတ်ထံစာရေးတဲ့ မြန်မာမူလတန်းကျောင်းသားလေး နော်ဝေသင်္ဘောပေါ်တက်ရောက်လေ့လာခွင့်ရ (unicode)

အသက် ၈ နှစ်အရွယ် မြန်မာကလေးငယ်တစ်ဦးဟာ နော်ဝေသံအမတ်ကြီးဆီကို စာရေးသားပေးပို့ခဲ့ပြီးနောက် နော်ဝေကနေ မြန်မာနိုင်ငံကိုရောက်လာတဲ့ သုတေသန သင်္ဘောပေါ်ကို တက်ရောက်လေ့လာခွင့်ရရှိခဲ့တယ်လို့ နော်ဝေသံရုံးက ထုတ်ပြန်ပါတယ်။

သုတေသနလုပ်ငန်းသုံးရေယာဉ် Dr. Fritdjof Nansen ရဲ့ ခရီးစဉ်အတွက် နော်ဝေသံရုံးက လိုအပ်တာတွေ ပြင်ဆင်နေတုန်းမှာ နော်ဝေသံအမတ်ကြီးဆီကို လှပသေသပ်စွာ ခေါက်ထားတဲ့ စာတစောင် ရောက်ရှိလာခဲ့တယ်လို့ အစချီဖော်ပြထားပါတယ်။

ဒီစာကိုရေးသူကတော့  ရန်ကုန်မြို့က အသက် ၈ နှစ်အရွယ် မူလတန်းကကျောင်းသား ဝေဟင်ထွန်းထွန်း ခေါ်တဲ့ ဝီလျံဖြစ်ပါတယ်။

ငါး၊ ငါးမန်းနဲ့ ဂဏန်းတွေကို စိတ်ဝင်စားတဲ့ ဝီလျံလေးဟာ အဲဒီ ကမ်းရိုးတန်းသွား သင်္ဘောကြီးပေါ်မှာ ငါးတွေ၊ အနုကြည့်မှန်ပြောင်းတွေ ပါလာမယ်လို့ မိခင်ဆီကတဆင့် သိခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့်အဲဒီ သင်္ဘောပေါ်ကို လေ့လာလည်ပတ်ခွင့်ပြုဖို့ သံအမတ်ကြီးဆီကို အင်္ဂလိပ်ဘာသာနဲ့ စာရေး တောင်းဆိုလာခဲ့တယ်လို့ သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီနောက် Dr. Fritdjof Nansen သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ ရေယာဉ်အမှုထမ်းတွေက ဝီလျံနဲ့ သူ့ရဲ့ မိခင်တို့ကို ရေယာဉ်တပတ် တာဝန်ယူ လှည့်လည်ပြသပေးမယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။

မြန်မာကျောင်းသားလေးကို ရေယာဉ်မှူးကြီး Aron Håpoldøy ကိုယ်တိုင် လက်ခံကြိုဆိုခဲ့ပြီး ရေယာဉ်အရာရှိချုပ် ကိုယ်တိုင်ကလည်း ရေယာဉ်တလျှောက် လိုက်လံပြသပေးရင်း ကလေးငယ်စိတ်တိုင်းကျလှည့်ပတ်ကြည့်ရှုစေခဲ့ပါတယ်

အနာဂါတ်မှာ သိပ္ပံပညာရှင်တယောက်ဖြစ်လာမယ့် မြန်မာကလေးငယ်တစ်ယောက်ကို ကမ်းရိုးတန်းသွား Dr. Fritdjof Nansen ရေယာဉ်ပေါ်မှာ အခုလို လက်ခံကြိုဆိုခွင့်၊ လိုက်လံပြသခွင့် ရရှိခဲ့လို့ အထူးဂုဏ်ယူဝမ်းမြောက်တယ်လို့ သံရုံးက ထုတ်ပြန်ထားပါတယ်။

ဒီသဘောၤကြီးဟာ မြန်မာနိုင်ငံကို စက်တင်ဘာ ၁၂ ရက်မှာ ရောက်လာတာ ဖြစ်ပြီး ဒါဟာ ၄ ကြိမ်မြောက်ရောက်လာတာပါ။ ၁၉၇၉၊ ၂၀၁၃နဲ့ ၂၀၁၅ ခုနှစ်တွေတုန်းကလည်း လာရောက်ခဲ့ပြီး မြန်မာ့ပင်လယ်ပြင်က ငါးသယံဇာတနဲ့ တခြားဇီဝမျိုးကွဲတွေ  အခြေအနေအပြင် သဘာဝ ပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့ သုတေသန အချက်အလက်တွေကို စုဆောင်း ပေးခဲ့ပါတယ်။

ဓာတ်ပုံ-နော်ဝေသံရုံး

ပိုင်စိုး
DVB TV News

 

Leave a Reply