စိတ္ခ်မ္းသာသူေတြေနထုိင္ရာ လူဦးေရအထူထပ္ဆုံး ကြ်န္းကေလး

Posted on

ဒီကြ်န္းေလးရဲ႕နာမည္ကေတာ့ ဆန္တာခရုဒီေလာ့ေတး (Santa Cruz del Islote) ျဖစ္ၿပီး  ကုိလံဘီယာကမ္းရုိးတန္း ကာရစ္ဘီယံပင္လယ္ထဲက ဆန္ဘာနားဒုိးကြ်န္းစုထဲမွာတည္ရွိတဲ့ ကြ်န္းေလးျဖစ္ပါတယ္။ တစ္ကြ်န္းလုံးမွ အက်ယ္အ၀န္းအားျဖင့္ ၂.၄ဧက ပဲ ရွိေပမယ့္ ေနထုိင္သူေပါင္းကေတာ့ ၁၂၀၀ ခန္႔ရွိေနပါတယ္။ ဒါဟာ လူေနသိပ္သည္းပါတယ္ဆုိတဲ့ မတ္ဟတ္တန္ထက္ ၄ဆ ပုိမ်ားတဲ့လူေနထူထပ္မႈပါ။ (မတ္ဟတ္တန္က တစ္မုိင္ပတ္လည္ကုိ လူေပါင္း ၇ေသာင္းေက်ာ္ေနထုိင္ပါတယ္ )

ဆန္တာခရု ကေတာ့ မတ္မတ္တန္နဲ႔ တူေပမယ့္ ေနထုိင္မႈစနစ္ကေတာ့ အရမ္းကြာျခားလြန္းပါတယ္။ ဒီေနရာမွာ ေရခ်ဳိမရႏုိင္ပါဘူး ။ ၿပီးေတာ့ လွ်ပ္စစ္ကလည္း တစ္ရက္မွ ၄နာရီပဲလာပါတယ္။ ဒါေတာင္ မီးစက္တစ္လုံးနဲ႔ ေပးထားရလုိ႔ျဖစ္ပါတယ္။ မီစက္ရပ္တဲ့အခါမ်ဳိးမွာေတာ့ေနစြမ္းအင္သုံး ဆုိလာျပားေတြကိုအသုံးျပဳၾကပါတယ္။ ေရအတြက္ကိုေတာ့ ကြ်န္းေပၚမွာရွိတဲ့ ကန္ထဲကုိ ကိုလံဘီယာေရတပ္ကေန သေဘၤာနဲ႔ သုံးပတ္ တစ္ခါ လာျဖည့္ေပးေလ့ရွိပါတယ္။ ေရက ေရႊလုိတန္ဖုိးရွိပါတယ္။ ဒါေပမယ့္ ဘယ္သူမွ လုိတာထက္ပိုယူေလ့မရွိၾကပါဘူး။

ဒီေနရာမွာလူေတြစေနခဲ့တာ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၁၅၀ ေလာက္ကတည္းက ျဖစ္ပါတယ္။ ဒီကြ်န္းနဲ႔ ၅၀ ကီလုိမီတာေလာက္ေ၀းတဲ့ Baru ၿမဳိ႕က ငါးဖမ္းသမားသမားတစ္စုဟာ ငါးဖမ္းထြက္ရင္း ဒီကြ်န္းနားကုိ ေရာက္ရွိလာၾကပါတယ္။ ညမုိးခ်ဳပ္သြားတဲ့အတြက္ ဒီကြ်န္းေပၚမွာပဲ စခန္းခ်ဖုိ႔ ဆုံးျဖတ္လုိက္ၿပီး စခန္းခ်ၾကပါတယ္။ အဲဒီမွာ ထူးျခားခ်က္တစ္ခုကိုေတြ႔သြားပါတယ္။ အဲဒါကေတာ့ စြတ္စုိတဲ့ရာသီဥတုျဖစ္ေနေပမယ့္ ဒီကြ်န္းမွာ ျခင္မရွိတာပါ။ အဲဒီကစလုိ႔ ဒီကြ်န္းကို မၾကာခဏလာရင္း အၿမဲေနတဲ့သူေတြရွိလာခဲ့တာျဖစ္ပါတယ္။

ယေန႔မွာေတာ့ ေဘာလုံးကြင္းတစ္ကြင္းခြဲခန္႔သာက်ယ္တဲ့ ဒီကြ်န္းမွာ အိမ္ေပါင္း ၁၂၀ေက်ာ္အျပင္ ေစ်းဆုိင္ႏွစ္ဆုိင္ ၊ အရက္ဘားတစ္ခု ၊ ေက်ာင္းတစ္ေကာင္း ၊ စားေသာက္ဆုိင္တစ္ဆုိင္ ပါရွိေနၿပီျဖစ္ၿပီး ကမာၻ႔လူဦးေရအထူထပ္ဆုံး ကြ်န္းျဖစ္လာခဲ့ပါတယ္။ ေနစရာအလြန္က်ဥ္းေျမာင္းတဲ့အတြက္ ပင္လယ္ထဲကို နည္းနည္းစီခ်ဲ႔ေနရပါတယ္။ အိမ္ေတြအထပ္ကိုျမွင့္လုိက္ရင္ လူေနထူထပ္မႈကိုေလွ်ာ့ခ်ႏုိင္မွာျဖစ္ေပမယ့္ ဒီမွာရွိတဲ့အိမ္အမ်ားစုကေတာ့ တစ္ထပ္စီသာ ျဖစ္ပါတယ္။ ဒါ့အျပင္ အိမ္ေတြၾကားထဲက အလြတ္ထားတဲ့ေနရာေတြေပၚကိုလည္း ဘယ္သူမွ က်ဴးေက်ာ္ျခင္းမရွိၾကပါဘူး။

လမ္း ၄ လမ္း ၊ အကြက္ ၁၀ ကြက္ခန္႔ရွိၿပီး ကားမရွိ ၊ ဆုိင္ကယ္မရွိ ။ ရွိတဲ့ေက်ာင္းမွာ ဆရာ ၁၇ ေယာက္ရွိၿပီး စာသင္တဲ့ကေလးေပါင္း ၁၇၀ ခန္႔ရွိပါတယ္။ မိသားစုတုိင္းမွာ အနည္းဆုံးေလွတစ္စီးစီရွိပါတယ္။ ကြ်န္းေပၚမွာေနထုိင္ၾကသူေတြျဖစ္ေပမယ့္ အမႈိက္ကို စည္းကမ္းမဲ့စြန္႔ပစ္ေလ့မရွိပါဘူး။ အျခားကြ်န္းတစ္ကြ််န္းေပၚက အမႈိက္စြန္႔ပစ္ရာေနရာကို ေလွနဲ႔သြားစြန္႔ပစ္ၾကပါတယ္။

ဒီကြ်န္းမွာေနထိုင္သူအမ်ားစုဟာ ငါးဖမ္းသမားေတြျဖစ္ၿပီး အခ်ဳိ႕ကေတာ့ အနီးအနားမွာရွိတဲ့ ဟုိတယ္ေတြ အပန္းေျခစခန္းေတြက ၀န္ထမ္းေတြျဖစ္ပါတယ္။ သူတုိ႔ရဲ႕အဓိက၀င္ေငြကေတာ့ ခရီးသြားလာသူေတြအေပၚ နဲ႔ လက္မႈပစၥည္းေရာင္းခ်ရတဲ့အေပၚမွာ မွီခုိေနရပါတယ္။ ဒီကြ်န္းနားက Mucra ဟာ အေကာင္းစားအပန္းေျဖစခန္းတစ္ခုျဖစ္ၿပီး အဲဒီကြ်န္းကို ခရီးသည္ေထာင္ေပါင္းမ်ားစြာဟာ ႏွစ္စဥ္ လာေရာက္ေလ့ရွိပါတယ္။ ခရီးသြားေတြဟာ ဒီကြ်န္းမွာ ငါးဖမ္းတာ ၊ ေရကူးေရငုပ္တာ ၊ ေရငုပ္ရင္း ေရေအာက္သဘာ၀အလွေတြၾကည့္ရႈ႕တာေတြကုိ ျပဳလုပ္ေလ့ရွိပါတယ္။

အက်ပ္အတည္းေတြၾကားက လူေနထူထပ္တဲ့ကြ်န္းမွာေနထုိင္ၾကရေပမယ့္ ဘယ္သူမွကြ်န္းကို စြန္႔မသြားၾကပါဘူး။ သူတုိ႔အတြက္ ဒီကြ်န္းေလာက္ေနလုိ႔ေကာင္းတဲ့ေနရာမရွိဘူးလုိ႔ ဆုိၾကေလ့ရွိပါတယ္။ ကြ်န္းမွာေနထုိင္သူေတြဟာ စည္းလုံးၾကသလုိ ႏွစ္လုိဖြယ္စိတ္ထားေတြရွိၾကပါတယ္။ ဒီကြ်န္းမွာ တစ္ႏွစ္ေနလုိ႔ ရာဇ၀တ္မႈ တစ္မႈျဖစ္ခဲပါတယ္။ မိသားစုလုိေနထုိင္ၾကတဲ့အတြက္ ဘယ္အိမ္မွလည္း တံခါးေသာ့ခတ္ေလ့မရွိပဲ အၿမဲေဟာင္းေလာင္းထားေလ့ရွိပါတယ္။ လူႀကီးေတြဟာမက ကေလးေတြဟာလည္း ယဥ္ေက်းၿပီး စည္းကမ္းေတြကို လုိက္နာၾကၿပီး ဆရာေတြရဲ႕စကားကိုလည္း နားေထာင္ၾကပါတယ္။

မီးစက္က မီးကိုေတာ့ ည၇နာရီကေန  ၁၁နာရီအထိေပးပါတယ္။ ဒီအခ်ိန္ကေတာ့ သူတုိ႔အတြက္ တီဗီၾကည့္ခ်ိန္ျဖစ္ၿပီး ဇာတ္လမ္းႀကဳိက္တဲ့သူက ဇာတ္လမ္း ၊ ေဘာပြဲ ႀကဳိက္တဲ့သူကေဘာပြဲ အစု အစုေတြနဲ႔ ၾကည့္ေလ့ရွိၾကပါတယ္။ မီးစက္အတြက္ က်သင့္တဲ့ကုန္က်စရိတ္ကိုေတာ့ အားလုံးစုေပါင္းၿပီး က်ခံၾကပါတယ္။ ပင္လယ္ထဲက ကြ်န္းျဖစ္ေပမယ့္ တခါတရံေရတက္တာမ်ဳိးကလြဲလုိ႔ သဘာ၀ေဘး ျပင္းျပင္းထန္ထန္ ခံရေလ့မရွိပါဘူး။

Juvenal Julio ဟာ ဒီကြ်န္းေပၚမွာေနထိုင္တဲ့ ေရငုပ္နည္းျပတစ္ေယာက္ျဖစ္ၿပီး ကြ်န္းလူႀကီးလည္းျဖစ္ပါတယ္။ သူက “ကြ်န္ေတာ္က်န္ရွိတဲ့ သက္တမ္းကုိလည္း ဒီကြ်န္းေပၚမွာပဲ ကုန္ဆုံးသြားခ်င္ပါတယ္ ၊ ဒီေလာက္စိတ္ခ်မ္းသာစရာဘ၀ကို ဘယ္မွာမွရႏုိင္မွာ မဟုတ္ပါဘူး” လုိ႔ ဆုိပါတယ္။ ဒါေပမယ့္ သူေသရင္ေတာ့ ဒီကြ်န္းကေန သူစြန္႔ခြာရမွာျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ကြ်န္းမွာေျမမရွိတဲ့ အတြက္ သခၤ်ဳိင္းလည္းမရွိတာေၾကာင့္ ဒီကြ်န္းအေနာက္ဘက္က ကြ်န္းမွာ သြားေရာက္ျမဳပ္ႏွံရမွာျဖစ္လုိ႔ပါ။

VIDEO

——————————-

စိတ်ချမ်းသာသူတွေနေထိုင်ရာ လူဦးရေအထူထပ်ဆုံး ကျွန်းကလေး (unicode)

ဒီကျွန်းလေးရဲ့နာမည်ကတော့ ဆန်တာခရုဒီလော့တေး (Santa Cruz del Islote) ဖြစ်ပြီး  ကိုလံဘီယာကမ်းရိုးတန်း ကာရစ်ဘီယံပင်လယ်ထဲက ဆန်ဘာနားဒိုးကျွန်းစုထဲမှာတည်ရှိတဲ့ ကျွန်းလေးဖြစ်ပါတယ်။ တစ်ကျွန်းလုံးမှ အကျယ်အဝန်းအားဖြင့် ၂.၄ဧက ပဲ ရှိပေမယ့် နေထိုင်သူပေါင်းကတော့ ၁၂၀၀ ခန့်ရှိနေပါတယ်။ ဒါဟာ လူနေသိပ်သည်းပါတယ်ဆိုတဲ့ မတ်ဟတ်တန်ထက် ၄ဆ ပိုများတဲ့လူနေထူထပ်မှုပါ။ (မတ်ဟတ်တန်က တစ်မိုင်ပတ်လည်ကို လူပေါင်း ၇သောင်းကျော်နေထိုင်ပါတယ် )

ဆန်တာခရု ကတော့ မတ်မတ်တန်နဲ့ တူပေမယ့် နေထိုင်မှုစနစ်ကတော့ အရမ်းကွာခြားလွန်းပါတယ်။ ဒီနေရာမှာ ရေချိုမရနိုင်ပါဘူး ။ ပြီးတော့ လျှပ်စစ်ကလည်း တစ်ရက်မှ ၄နာရီပဲလာပါတယ်။ ဒါတောင် မီးစက်တစ်လုံးနဲ့ ပေးထားရလို့ဖြစ်ပါတယ်။ မီစက်ရပ်တဲ့အခါမျိုးမှာတော့နေစွမ်းအင်သုံး ဆိုလာပြားတွေကိုအသုံးပြုကြပါတယ်။ ရေအတွက်ကိုတော့ ကျွန်းပေါ်မှာရှိတဲ့ ကန်ထဲကို ကိုလံဘီယာရေတပ်ကနေ သင်္ဘောနဲ့ သုံးပတ် တစ်ခါ လာဖြည့်ပေးလေ့ရှိပါတယ်။ ရေက ရွှေလိုတန်ဖိုးရှိပါတယ်။ ဒါပေမယ့် ဘယ်သူမှ လိုတာထက်ပိုယူလေ့မရှိကြပါဘူး။

ဒီနေရာမှာလူတွေစနေခဲ့တာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀ လောက်ကတည်းက ဖြစ်ပါတယ်။ ဒီကျွန်းနဲ့ ၅၀ ကီလိုမီတာလောက်ဝေးတဲ့ Baru မြို့က ငါးဖမ်းသမားသမားတစ်စုဟာ ငါးဖမ်းထွက်ရင်း ဒီကျွန်းနားကို ရောက်ရှိလာကြပါတယ်။ ညမိုးချုပ်သွားတဲ့အတွက် ဒီကျွန်းပေါ်မှာပဲ စခန်းချဖို့ ဆုံးဖြတ်လိုက်ပြီး စခန်းချကြပါတယ်။ အဲဒီမှာ ထူးခြားချက်တစ်ခုကိုတွေ့သွားပါတယ်။ အဲဒါကတော့ စွတ်စိုတဲ့ရာသီဥတုဖြစ်နေပေမယ့် ဒီကျွန်းမှာ ခြင်မရှိတာပါ။ အဲဒီကစလို့ ဒီကျွန်းကို မကြာခဏလာရင်း အမြဲနေတဲ့သူတွေရှိလာခဲ့တာဖြစ်ပါတယ်။

ယနေ့မှာတော့ ဘောလုံးကွင်းတစ်ကွင်းခွဲခန့်သာကျယ်တဲ့ ဒီကျွန်းမှာ အိမ်ပေါင်း ၁၂၀ကျော်အပြင် ဈေးဆိုင်နှစ်ဆိုင် ၊ အရက်ဘားတစ်ခု ၊ ကျောင်းတစ်ကောင်း ၊ စားသောက်ဆိုင်တစ်ဆိုင် ပါရှိနေပြီဖြစ်ပြီး ကမ္ဘာ့လူဦးရေအထူထပ်ဆုံး ကျွန်းဖြစ်လာခဲ့ပါတယ်။ နေစရာအလွန်ကျဉ်းမြောင်းတဲ့အတွက် ပင်လယ်ထဲကို နည်းနည်းစီချဲ့နေရပါတယ်။ အိမ်တွေအထပ်ကိုမြှင့်လိုက်ရင် လူနေထူထပ်မှုကိုလျှော့ချနိုင်မှာဖြစ်ပေမယ့် ဒီမှာရှိတဲ့အိမ်တိုင်းကတော့ တစ်ထပ်စီသာ ဖြစ်ပါတယ်။ ဒါ့အပြင် အိမ်တွေကြားထဲက အလွတ်ထားတဲ့နေရာတွေပေါ်ကိုလည်း ဘယ်သူမှ ကျူးကျော်ခြင်းမရှိကြပါဘူး။

လမ်း ၄ လမ်း ၊ အကွက် ၁၀ ကွက်ခန့်ရှိပြီး ကားမရှိ ၊ ဆိုင်ကယ်မရှိ ။ ရှိတဲ့ကျောင်းမှာ ဆရာ ၁၇ ယောက်ရှိပြီး စာသင်တဲ့ကလေးပေါင်း ၁၇၀ ခန့်ရှိပါတယ်။ မိသားစုတိုင်းမှာ အနည်းဆုံးလှေတစ်စီးစီရှိပါတယ်။ ကျွန်းပေါ်မှာနေထိုင်ကြသူတွေဖြစ်ပေမယ့် အမှိုက်ကို စည်းကမ်းမဲ့စွန့်ပစ်လေ့မရှိပါဘူး။ အခြားကျွန်းတစ်ကျွ်န်းပေါ်က အမှိုက်စွန့်ပစ်ရာနေရာကို လှေနဲ့သွားစွန့်ပစ်ကြပါတယ်။

ဒီကျွန်းမှာနေထိုင်သူအများစုဟာ ငါးဖမ်းသမားတွေဖြစ်ပြီး အချို့ကတော့ အနီးအနားမှာရှိတဲ့ ဟိုတယ်တွေ အပန်းခြေစခန်းတွေက ဝန်ထမ်းတွေဖြစ်ပါတယ်။ သူတို့ရဲ့အဓိကဝင်ငွေကတော့ ခရီးသွားလာသူတွေအပေါ် နဲ့ လက်မှုပစ္စည်းရောင်းချရတဲ့အပေါ်မှာ မှီခိုနေရပါတယ်။ ဒီကျွန်းနားက Mucra ဟာ အကောင်းစားအပန်းဖြေစခန်းတစ်ခုဖြစ်ပြီး အဲဒီကျွန်းကို ခရီးသည်ထောင်ပေါင်းများစွာဟာ နှစ်စဉ် လာရောက်လေ့ရှိပါတယ်။ ခရီးသွားတွေဟာ ဒီကျွန်းမှာ ငါးဖမ်းတာ ၊ ရေကူးရေငုပ်တာ ၊ ရေငုပ်ရင်း ရေအောက်သဘာဝအလှတွေကြည့်ရှု့တာတွေကို ပြုလုပ်လေ့ရှိပါတယ်။

အကျပ်အတည်းတွေကြားက လူနေထူထပ်တဲ့ကျွန်းမှာနေထိုင်ကြရပေမယ့် ဘယ်သူမှကျွန်းကို စွန့်မသွားကြပါဘူး။ သူတို့အတွက် ဒီကျွန်းလောက်နေလို့ကောင်းတဲ့နေရာမရှိဘူးလို့ ဆိုကြလေ့ရှိပါတယ်။ ကျွန်းမှာနေထိုင်သူတွေဟာ စည်းလုံးကြသလို နှစ်လိုဖွယ်စိတ်ထားတွေရှိကြပါတယ်။ ဒီကျွန်းမှာ တစ်နှစ်နေလို့ ရာဇဝတ်မှု တစ်မှုဖြစ်ခဲပါတယ်။ မိသားစုလိုနေထိုင်ကြတဲ့အတွက် ဘယ်အိမ်မှလည်း တံခါးသော့ခတ်လေ့မရှိပဲ အမြဲဟောင်းလောင်းထားလေ့ရှိပါတယ်။ လူကြီးတွေဟာမက ကလေးတွေဟာလည်း ယဉ်ကျေးပြီး စည်းကမ်းတွေကို လိုက်နာကြပြီး ဆရာတွေရဲ့စကားကိုလည်း နားထောင်ကြပါတယ်။

မီးစက်က မီးကိုတော့ ည၇နာရီကနေ  ၁၁နာရီအထိပေးပါတယ်။ ဒီအချိန်ကတော့ သူတို့အတွက် တီဗီကြည့်ချိန်ဖြစ်ပြီး ဇာတ်လမ်းကြိုက်တဲ့သူက ဇာတ်လမ်း ၊ ဘောပွဲ ကြိုက်တဲ့သူကဘောပွဲ အစု အစုတွေနဲ့ ကြည့်လေ့ရှိကြပါတယ်။ မီးစက်အတွက် ကျသင့်တဲ့ကုန်ကျစရိတ်ကိုတော့ အားလုံးစုပေါင်းပြီး ကျခံကြပါတယ်။ ပင်လယ်ထဲက ကျွန်းဖြစ်ပေမယ့် တခါတရံရေတက်တာမျိုးကလွဲလို့ သဘာ၀ဘေး ပြင်းပြင်းထန်ထန် ခံရလေ့မရှိပါဘူး။

Juvenal Julio ဟာ ဒီကျွန်းပေါ်မှာနေထိုင်တဲ့ ရေငုပ်နည်းပြတစ်ယောက်ဖြစ်ပြီး ကျွန်းလူကြီးလည်းဖြစ်ပါတယ်။ သူက “ကျွန်တော်ကျန်ရှိတဲ့ သက်တမ်းကိုလည်း ဒီကျွန်းပေါ်မှာပဲ ကုန်ဆုံးသွားချင်ပါတယ် ၊ ဒီလောက်စိတ်ချမ်းသာစရာဘဝကို ဘယ်မှာမှရနိုင်မှာ မဟုတ်ပါဘူး” လို့ ဆိုပါတယ်။ ဒါပေမယ့် သူသေရင်တော့ ဒီကျွန်းကနေ သူစွန့်ခွာရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်းမှာမြေမရှိတဲ့ အတွက် သင်္ချိုင်းလည်းမရှိတာကြောင့် ဒီကျွန်းအနောက်ဘက်က ကျွန်းမှာ သွားရောက်မြုပ်နှံရမှာဖြစ်လို့ပါ။

 

Leave a Reply