လြန္ခဲ့တဲ့ နွစ္ေပါင္း (၁၃၀၀၀) ခန္႔က ဘီယာခ်က္ရာေနရာကို ရွာေဖြေတြ႔ရွိ

Posted on

ဘီယာ အေဖ်ာ္ယမကာေတြကို လူသားတုိ႔ ဘယ္အခ်ိန္ကတည္းက ေသာက္သုံးခဲ့ၾကပါသလဲ။ အေစာဆုံးခုိင္ခုိင္မာမာေတြ႔ရွိရတဲ့ မွတ္တမ္းကေတာ့ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၅၅၀၀(ဘီစီ ၃၅၀၀) ခန္႔က အီရန္ႏုိင္ငံ ဇာဂရုိေတာင္တန္းေတြေပၚမွာ ျဖစ္တယ္လုိ႔ ညႊန္ျပခဲ့ပါတယ္။ ဒါေပမယ့္ အခုေတြ႔ရွိမႈကေတာ့ ဘီယာ အေဖ်ာ္ယမကာေတြကို အဲဒီထက္ႏွစ္ေပါင္းေထာင္ခ်ီေစာၿပီး လူသားေတြဟာ ေသာက္သုံးေနခဲ့တယ္လုိ႔ ဆုိႏုိင္ပါတယ္။

ဘီယာကဲ့သို႔ေသာ အေဖ်ာ္ယမကာကို လြန္ခဲ့တဲ့ နွစ္ေပါင္း(၁၃၀၀၀)ကတည္းက လူအမ်ားစုရံုးရာ ပြဲလမ္းသဘင္ေတြမွာ လူသားတို႔ေသာက္သံုးခဲ့တာျဖစ္ပါတယ္။ ဒီေရွး ဘီယာခ်က္စက္ရံုေဟာင္းကို အစၥေရးနိုင္ငံရဲ့တတိယအၾကီးဆံုးျမိဳ႕ေတာ္ျဖစ္တဲ့ Haifaျမိဳ႕ေတာင္ပိုင္းမွာ ရွိတဲ့ Raqefet လိုဏ္ဂူအတြင္းကေနရွာေဖြေတြ႕ရွိခဲ့ပါတယ္။ ေက်ာက္သားကိုထြင္းေဖာက္ျပီး ငရုတ္ဆံုသ႑ာန္ျပဳလုပ္ထားတဲ့ အဲဒီေရွးယမကာ ခ်က္လုပ္တဲ့ေနရာက ယစ္မ်ိဳးႏြယ္ဝင္ အရည္ေတြကို ယင္းေခတ္အခါက စစ္ေအာင္နိုင္ေရးအခမ္းအနား၊ ကိုးကြယ္ယံုၾကည္မႈဆိုင္ရာ ပြဲေတာ္ေတြမွာ လူသားေတြေသာက္သံုးခဲ့ၾကပါတယ္။ ေရွးေဟာင္းသုေသသနပညာရွင္ေတြ ကေတာ့ ဒီလိုဏ္ဂူအတြင္းကေန တူးေဖာ္ေတြ႔ရွိတဲ့ေနရာကို ကမာၻၾကီးရဲ့ ေရွးအက်ဆံုးေသာ ယမကာခ်က္လုပ္တဲ့စက္ရံုအျဖစ္သတ္မွတ္နိုင္တယ္လို႔အခိုင္အမာေျပာဆိုထားပါတယ္။

အစၥေရးနိုင္ငံရဲ့ ေျမာက္ပိုင္းမွာတည္ရွိတဲ့ Haifaျမိဳ႕ရဲ့ေတာင္ပိုင္း Raqefet လိုဏ္ဂူ အတြင္းမွာ ေတြ႕ရွိရတဲ့ ေရွးေခတ္ဘီယာခ်က္စက္ ရံုအျဖစ္ယူဆနိုင္တဲ့ ဒီေက်ာက္သားတြင္းေပါက္ေတြရွိတဲ့ အရပ္ဟာ Natufian လူမ်ိဳးႏြယ္စုေတြ အေျခခ် ေနထိုင္ခဲ့တာျဖစ္ပါတယ္။ Natufian လူမ်ိဳးႏြယ္စုေတြရဲ့ ရုပ္အေလာင္းအခ်ိဳ႕ကိုေတာင္ ဒီလိုဏ္ဂူထဲမွာ ျမဳပ္နွံသျဂိဳလ္ထားခဲ့တာျဖစ္ပါတယ္။ Mediterranean ပင္လယ္အေရွ့ ပိုင္းေဒသ မွာစုေပါင္းအမဲလိုက္ၾကတဲ့ Natufian လူမ်ိဳးႏြယ္စုေတြဟာ သူတို႔ရဲ့ အထင္ကရ ပြဲေတာ္ေတြမွာ ဒီအထူးျပဳလုပ္ထားတဲ့ ယမကာေတြကို မထင္မွတ္ ပဲေတြ႔ရွိရာကေန မွီဝဲခဲ့ၾကတာျဖစ္ပါလိမ့္မယ္လို႕ ေရွးသုေသသနပညာရွင္ေတြက မွတ္ခ်က္ခ်ထားခဲ့ၾကပါတယ္။

လြန္ခဲ့နွစ္(၁၄၅၀၀ကေန ၁၁၅၀၀ကာလၾကားက အုပ္စုလိုက္အမဲလိုက္တဲ့ ဓေလ့ရွိၾကတဲ့ Natufian လူမ်ိဳးႏြယ္စု၊ အႏြယ္ဝင္ေတြကို ယေန႔ေခတ္မွာေတာ့ အစၥေရးနိုင္ငံ၊ လက္ဘႏြန္နိုင္ငံ၊ ဆီးရီးယားနိုင္ငံေတြမွာ ေတြ႔ရွိရပါတယ္။ ဒီလူမ်ိဳးေတြ ဟာ ယခင္က ေျခသလံုးအိမ္တိုင္ဘဝနဲ႔ေနထိုင္ခဲ့ရာမွ ေနာက္ပို္င္းကာလေတြမွာေတာ့ ကိုယ္ပိုင္ေနအိမ္ေတြ၊ သီးနွံစိုက္ခင္းေတြကို ဖန္တီးျပီး ေနရာတစ္ခုတည္းမွာပဲ မိမိတို႔ အုပ္စုအလိုက္ အေျခခ်ေနထိုင္လာခဲ့ၾကပါတယ္။ ေနာက္ပိုင္းမွာ တစ္ျဖည္းျဖည္း အသိဥာဏ္ဖြံျဖိဳးလာတဲ့ Natufian လူမ်ိဳးႏြယ္စုေတြဟာ သီးနွံသစ္ဥေတြ အခ်ဥ္ေဖာက္ ရာကေနျဖစ္လာတဲ့ယမကာကေနမထင္မွတ္ပဲေတြ႔ရွိရာကေနေနာက္ပိုင္းမွ ာဒီယမကာ ေသာက္သံုးမႈကို မိရိုးဖလာဓေလ့အျဖစ္ လက္ခံက်င့္သံုးခဲ့ၾကပံုေပၚပါတယ္။

သိပၸံပညာ ရွင္ေတြကေတာ့ Natufian လူမ်ိဳးႏြယ္စုေတြဟာ ဒီယမကာခ်က္လုပ္ရာမွာ အဆင့္ (၃) ဆင့္ကိုအသံုးျပဳျပီး ခ်က္လုပ္ခဲ့တာလို႔ အေျဖေပးခဲ့ၾကပါတယ္။ ပထမအဆင့္အေနနဲ႔ Natufian ေတြဟာ မုေယာစပါး(သို႔)ဂ်ံဳေစ့ကေနရတဲ့ ကစီဓာက္ေတြကို အရည္ေပ်ာ္ ေအာင္ျပဳလုပ္ၾကပါတယ္။ ဒုတိယ အဆင့္အေနနဲ႔ကေတာ့ စပါးေစ့ေတြကို ေရစိမ္ျပီး အေညွာင့္ ေပါက္ေအာင္ျပဳလုပ္ပါတယ္။ ျပီးေနာက္ေရကိုသြန္ပစ္ျပီး အဲဒီစပါးေစ့ေတြ ကိုအေျခာက္လွမ္းပါတယ္။ ေနာက္ဆံုးမွာေတာ့ အထက္မွာေဖာ္ျပခဲ့တဲ့ အရာေတြကို ေရာစပ္ျပီး ေက်ာက္သားဆံုေတြထည့္ကာ ထုေထာင္းျခင္း၊အပူေပးျခင္းတို႔ကို ျပဳလုပ္ပါတယ္။ ေနာက္ဆံုးမွာေတာ့ ဒီအရည္ေပ်ာ္ေနျပီျဖစ္တဲ့ အေရာအေနွာေတြကို အခ်ဥ္ ေဖာက္ေအာင္ ရက္အတန္ၾကာေအာင္ထားျပီး ယမကာအျဖစ္ဖန္တီးပါေတာ့တယ္။

အထက္မွာေဖာ္ျပခဲ့တဲ့နည္းေတြကိုပဲ Natufian ေတြသံုးခဲ့ၾကပါလိမ့္မယ္။ ကုန္ၾကမ္းကေတာ့ အျခားသစ္သီး၊ သစ္ဥေတြပါဝင္ေကာင္းလည္းပါဝင္ပါလိမ့္မယ္။ ေနာက္ထပ္ ယမကာခ်က္လုပ္တဲ့ ပံုစံတစ္ခုလည္းရွိေကာင္း ရွိနိုင္ေသးတာပါပဲ။ ေသခ်ာတာ ကေတာ့ Natufian လူမ်ိဳးႏြယ္စုေတြဟာ ကမာၻ႔ ပထမဆံုးဘီယာခ်က္လုပ္ငန္းကို အေကာင္ အထည္ေဖာ္ခဲ့တဲ့ သူေတြျဖစ္ပါတယ္လို႔ Haifa တကၠသိုလ္က ေရွးေဟာင္းသုေသသန ပညာေလ့လာေရးပညာ ပါေမာကၡ Dani Nadel က AFP သတင္းဌာနနဲ႔ေတြ႔ဆံုစဥ္မွာ ေျပာျပခဲ့ပါတယ္။ သူကပဲဆက္လက္ျပီး ဒီဂူထဲမွာ Natufian လူမ်ိဳးႏြယ္စုေတြသာ ေနထိုင္ခဲ့တာကိုေတာ့ တူးေဖာ္ရရွိတဲ့ရုပ္ၾကြင္းေတြ နဲ႔ သူတို႔အသံုးျပဳခဲ့တဲ့ ပစၥည္း၊ လက္နက္အခ်ိဳ႕ေၾကာင့္ သိရျခင္းျဖစ္ပါတယ္။

Natufian ေတြဟာ စိုက္ပ်ိဳးေရးလုပ္ငန္းေတြမွာ အေတာ္ေလးခရီးေရာက္ခဲ့တာျဖစ္ျပီး ပန္မ်ိဳးစိတ္အခ်ိဳ႕နဲ႔ အပင္မ်ိဳးစိတ္ အခ်ိဳ႕ကိုေတာင္ ဒီဂူထဲမွာ စိုက္ပ်ိဳးခဲ့ၾကပါတယ္။ ဒါအျပင္ အသီးအရြက္ေတြကို ေရာစပ္အခ်ဥ္ ေဖာက္ျပီး မူးယစ္ေစတဲ့ အျခားအရည္တစ္မ်ိဳးကိုလည္း ဖန္တီးနိုင္ခဲ့ပါေသးတယ္။ ဒီအတြက္ေတာ့ လိုအပ္တဲ့ အေထာက္အကူပစၥည္းေတြ ရွာေဖြေတြ႔ရွိျခင္းေတာ့ မရွိေသးပါဘူးလို႔ ေျပာျပခဲ့ပါတယ္။ ေဒါက္တာ Nadel ကပဲ Natufian ေတြဖန္တီးထားတဲ့ ဘီယာဟာ ယေန႔ေခတ္ဘီယာ ေတြလို အခ်ဥ္ေဖာက္ျပီးဖန္တီးတာ မွန္ေပမဲ့ ျပင္းအားေလ်ာ့နည္းပါတယ္။ သူတို႔အဖြဲ႕ ရွာေဖြေတြ႕ရွိတဲ့ Raqefetေက်ာက္ဂူမ်က္နွာျပင္က တြင္းေတြဟာေရွးေခတ္က Natufian ေတြရဲ့ ေရွးဘီယာခ်က္စက္ရံုျဖစ္တဲ့အခ်က္ဟာ အေထာက္အထား ခိုင္လံု တာေၾကာင့္ ေရွးေဟာင္းသုေသသနဆိုင္ရာ ဂ်ာနယ္ေတြမွာေတာင္ ေခါင္းၾကီးသတင္း အျဖစ္ပါဝင္လာခဲ့ပါတယ္။

အေသးဆံုးေက်ာက္တံုး(၂)တံုးမွာထြင္းထုထားတဲ့ ေက်ာက္ဆံုနွစ္ခုဟာ အေညွာက္ေဖာက္ထားတဲ့ စပါးေစ့ေတြကိုသိုေလွာင္ဖို႔အသံုးျပဳျပီး အၾကီးဆံုးေသာေက်ာက္ဆံုကိုေတာ့ အေစ့အဆံအေရာအေနွာေတြကိုထုေထာင္းဖို႔၊ အပူေပးဖို႕၊အခ်ဥ္ေဖာက္ဖို႔ အသံုးျပဳပါတယ္။ ဒီေက်ာက္သားတြင္းေတြထဲကအခ်ိဳ႕ဟာ ၄၀-၆၀ cmအထိက်ယ္ျပီး (၁) ေပကေန(၂)ေပၾကား အနက္ရွိပါတယ္။ ဒီေနရာမွာပဲ Natufian လူမ်ိဳးႏြယ္စုေတြရဲ့ ရုပ္အေလာင္းေတြကို တူးေဖာ္ေတြ႕ရွိတာေၾကာင့္ ယင္းအခါက ယမကာတိုက္ေကၽြးတဲ့ ဓေလ့ဟာ အျခားေသာ လူမူေရးဆိုင္ရာကိစၥရပ္ေတြမွာပါ အေရးပါတဲ့ ပံုေပၚေနပါတယ္လို႕ Dr Nadelကဆိုပါတယ္။

အဂၤလန္နိုင္ငံ၊ စတန္းဖိုဒ္ တကၠသိုလ္ကေလ့လာေရးပညာရွင္ေတြ ကေတာ့ လြန္ခဲ့တဲ့ နွစ္မ်ားစြာအၾကာကတည္းက အဆင့္ဆင့္ေျပာင္းလဲလာတဲ့ အနွံအေစ့ ကေနဘီယာခ်က္လုပ္မႈ နည္းစနစ္ေတြအေၾကာင္းစာတမ္းတစ္ေစာင္ ျပဳစုဖူး တာေၾကာင့္ ယခုေတြ႔ရွိခ်က္နဲ႔ အံဝင္ခြင္က်ရွိတယ္လို႔ သတ္မွတ္ရမွာပါ။ ဒီေတြ႔ရွိခ်က္ ေတြေၾကာင့္ ေရွးယခင္ကတည္းက အရက္ထုတ္လုပ္ရာမွာ သစ္သီး၊သစ္ဥ၊သစ္ဆံေတြ မလိုအပ္ခဲ့တဲ့အေၾကာင္း အေထာက္အထားကုိေတြ႔ရပါတယ္။ ယင္းကာလေတြက စိုက္ပ်ိဳးေရးလုပ္ငန္းေတြဟာ ဒီယမကာေတြကို မူတည္ျပီးအဆင့္ဆင့္စိုက္ပ်ိဳးလာခဲ့ တဲ့အေနအထားကိုေတြ႔ေနရပါတယ္။

ဘာေၾကာင့္လဲဆိုေတာ့ ဒီယမကာေတြဟာ ေရွးေခတ္လူမ်ိဳးေတြရဲ့ ဓေလ့ထံုးစံ၊မိရိုးဖလာယံုၾကည္မႈေတြနဲ႔ ဆက္စပ္ေနလို႔လည္း ျဖစ္ပါတယ္လို႔ စတန္းဖိုဒ္တကၠသိုလ္က ေရွးေဟာင္းသုေသသနေလ့လာေရး အဖြဲ႔ေခါင္း ေဆာင္ တရုတ္လူမ်ိဳး Li Liu ကသူရဲ့ယူဆခ်က္ကို ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ Natufian လူမ်ိဳးႏြယ္စုေတြရဲ့ ပထမဆံုးေပါင္မုန္႔ကို ေဂ်ာ္ဒန္နိုင္ငံ အေရွပိုင္းမွာေတြ႔ရွိခဲ့ျပီး သက္တမ္းအားျဖင့္ ႏွစ္ေပါင္း ၁၁၆၀၀ ကေန ၁၄၆၀၀အတြင္းရွိမယ္ လို႔ မွတ္တမ္းေတြကေဖာ္ျပခဲ့ေပမဲ့ ဘီယာကေတာ့ လြန္ခဲ့တဲ့နွစ္ေပါင္း ၁၁၇၀၀ ကေန ၁၃၇၀၀ အတြင္းေပၚေပါက္ခဲ့တာျဖစ္ပါတယ္။

Neolithic ေခတ္ကတည္းကလူသားေတြဟာ ဒီအေဖ်ာ္ယမကာေတြကို မိရိုးဖလာ ဓေလ့အျဖစ္အသံုးျပဳရာကတစ္ဆင့္ အက်ိဳးဆက္အေနနဲ႔ စိုက္ပ်ိဳးေရးလုပ္ငန္းေတြ တိုးတက္ခ်ဲ႔ထြင္လာခဲ့ၾကပါတယ္။ ဒီယမကာဖန္တီးထုတ္လုပ္မႈ အေလ့အထဟာ အစၥေရးနိုင္ငံအတြင္းရွိ Mount Carmel နဲ႔ Galilee ေဒသဝန္းက်င္မွာ အဓိကထြန္းကား ခဲ့တာျဖစ္ျပီး ဒီေနရာကေနတစ္ဆင့္ ကမာၻအရပ္ရပ္ကို ပ်႔ံနွံ႔ခဲ့တာျဖစ္နိုင္တယ္လို႔ ပညာရွင္ေတြက ယူဆေနၾကပါတယ္။Natufian လူမ်ိဳးႏြယ္စုေတြဟာ အထက္ပါေဒသ ေတြမွာအခ်ိန္အၾကာၾကီး စိုးမိုးထားခဲ့ၾကျပီး ယမကာထုတ္လုပ္နိုင္တဲ့ အပင္မ်ိဳးေစ့ ေတြကုိေတာင္ ထိန္းသိမ္းထားခဲ့တဲ့အထိ ျဖစ္ခဲ့ပါတယ္။

ယခုအခါမွာေတာ့ Natufian လူမ်ိဳးႏြယ္ေတြဟာ အေရွအလယ္ပိုင္းေဒသတြင္း ကြဲလြဲတဲ့ မ်ိဳးႏြယ္စုေတြအျဖစ္ ရွိေနၾကတုန္းပါပဲ။ အထူးသျဖင့္ ကၽြန္ေတာ္တို႔အစၥေရးနိုင္ငံနဲ႔ Natufian လူမ်ိဳးႏြယ္စုေတြ၊ သူတို႔ရဲ့ယမကာ လုပ္ငန္းေတြဟာ အမ်ားၾကီး နွီးႏြယ္ေနတာပါ။ မွတ္တမ္းေတြ၊ ေတြ႔ရွိ ခ်က္ေတြအရေတာ့ ယခုတူးေဖာ္ေတြ႔ရွိတဲ့ ေရွးယမကာထုတ္လုပ္မႈေတြဟာ Natufian လူမ်ိဳးႏြယ္စုေတြရဲ့ ယဥ္ေက်းမႈနဲ႔ လူမူအသိုက္အဝိုင္းထဲ အေတာ္ေလးအေရးပါေနတာ ေတြ႔ေနရပါတယ္လို႔ Dr Nadelက သူရဲ့အျမင္ကို ေျပာၾကားခဲ့ပါတယ္။

သုတဇုန္

———————

လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၃၀၀၀) အကြာက ဘီယာချက်ရာနေရာကို ရှာဖွေတွေ့ရှိ (unicode)

ဘီယာ အဖျော်ယမကာတွေကို လူသားတို့ ဘယ်အချိန်ကတည်းက သောက်သုံးခဲ့ကြပါသလဲ။ အစောဆုံးခိုင်ခိုင်မာမာတွေ့ရှိရတဲ့ မှတ်တမ်းကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၅၀၀(ဘီစီ ၃၅၀၀) ခန့်က အီရန်နိုင်ငံ ဇာဂရိုတောင်တန်းတွေပေါ်မှာ ဖြစ်တယ်လို့ ညွှန်ပြခဲ့ပါတယ်။ ဒါပေမယ့် အခုတွေ့ရှိမှုကတော့ ဘီယာ အဖျော်ယမကာတွေကို အဲဒီထက်နှစ်ပေါင်းထောင်ချီစောပြီး လူသားတွေဟာ သောက်သုံးနေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ဘီယာကဲ့သို့သော အဖျော်ယမကာကို လွန်ခဲ့တဲ့ နှစ်ပေါင်း(၁၃၀၀၀)ကတည်းက လူအများစုရုံးရာ ပွဲလမ်းသဘင်တွေမှာ လူသားတို့သောက်သုံးခဲ့တာဖြစ်ပါတယ်။ ဒီရှေး ဘီယာချက်စက်ရုံဟောင်းကို အစ္စရေးနိုင်ငံရဲ့တတိယအကြီးဆုံးမြို့တော်ဖြစ်တဲ့ Haifaမြို့တောင်ပိုင်းမှာ ရှိတဲ့ Raqefet လိုဏ်ဂူအတွင်းကနေရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကျောက်သားကိုထွင်းဖောက်ပြီး ငရုတ်ဆုံသဏ္ဍာန်ပြုလုပ်ထားတဲ့ အဲဒီရှေးယမကာ ချက်လုပ်တဲ့နေရာက ယစ်မျိုးနွယ်ဝင် အရည်တွေကို ယင်းခေတ်အခါက စစ်အောင်နိုင်ရေးအခမ်းအနား၊ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ပွဲတော်တွေမှာ လူသားတွေသောက်သုံးခဲ့ကြပါတယ်။ ရှေးဟောင်းသုသေသနပညာရှင်တွေ ကတော့ ဒီလိုဏ်ဂူအတွင်းကနေ တူးဖော်တွေ့ရှိတဲ့နေရာကို ကမ္ဘာကြီးရဲ့ ရှေးအကျဆုံးသော ယမကာချက်လုပ်တဲ့စက်ရုံအဖြစ်သတ်မှတ်နိုင်တယ်လို့အခိုင်အမာပြောဆိုထားပါတယ်။

အစ္စရေးနိုင်ငံရဲ့ မြောက်ပိုင်းမှာတည်ရှိတဲ့ Haifaမြို့ရဲ့တောင်ပိုင်း Raqefet လိုဏ်ဂူ အတွင်းမှာ တွေ့ရှိရတဲ့ ရှေးခေတ်ဘီယာချက်စက် ရုံအဖြစ်ယူဆနိုင်တဲ့ ဒီကျောက်သားတွင်းပေါက်တွေရှိတဲ့ အရပ်ဟာ Natufian လူမျိုးနွယ်စုတွေ အခြေချ နေထိုင်ခဲ့တာဖြစ်ပါတယ်။ Natufian လူမျိုးနွယ်စုတွေရဲ့ ရုပ်အလောင်းအချို့ကိုတောင် ဒီလိုဏ်ဂူထဲမှာ မြုပ်နှံသဂြိုလ်ထားခဲ့တာဖြစ်ပါတယ်။ Mediterranean ပင်လယ်အရှေ့ ပိုင်းဒေသ မှာစုပေါင်းအမဲလိုက်ကြတဲ့ Natufian လူမျိုးနွယ်စုတွေဟာ သူတို့ရဲ့ အထင်ကရ ပွဲတော်တွေမှာ ဒီအထူးပြုလုပ်ထားတဲ့ ယမကာတွေကို မထင်မှတ် ပဲတွေ့ရှိရာကနေ မှီဝဲခဲ့ကြတာဖြစ်ပါလိမ့်မယ်လို့ ရှေးသုသေသနပညာရှင်တွေက မှတ်ချက်ချထားခဲ့ကြပါတယ်။

လွန်ခဲ့နှစ်(၁၄၅၀ဝကနေ ၁၁၅၀ဝကာလကြားက အုပ်စုလိုက်အမဲလိုက်တဲ့ ဓလေ့ရှိကြတဲ့ Natufian လူမျိုးနွယ်စု၊ အနွယ်ဝင်တွေကို ယနေ့ခေတ်မှာတော့ အစ္စရေးနိုင်ငံ၊ လက်ဘနွန်နိုင်ငံ၊ ဆီးရီးယားနိုင်ငံတွေမှာ တွေ့ရှိရပါတယ်။ ဒီလူမျိုးတွေ ဟာ ယခင်က ခြေသလုံးအိမ်တိုင်ဘဝနဲ့နေထိုင်ခဲ့ရာမှ နောက်ပ်ိုင်းကာလတွေမှာတော့ ကိုယ်ပိုင်နေအိမ်တွေ၊ သီးနှံစိုက်ခင်းတွေကို ဖန်တီးပြီး နေရာတစ်ခုတည်းမှာပဲ မိမိတို့ အုပ်စုအလိုက် အခြေချနေထိုင်လာခဲ့ကြပါတယ်။ နောက်ပိုင်းမှာ တစ်ဖြည်းဖြည်း အသိဥာဏ်ဖွံဖြိုးလာတဲ့ Natufian လူမျိုးနွယ်စုတွေဟာ သီးနှံသစ်ဥတွေ အချဉ်ဖောက် ရာကနေဖြစ်လာတဲ့ယမကာကနေမထင်မှတ်ပဲတွေ့ရှိရာကနေနောက်ပိုင်းမှ ာဒီယမကာ သောက်သုံးမှုကို မိရိုးဖလာဓလေ့အဖြစ် လက်ခံကျင့်သုံးခဲ့ကြပုံပေါ်ပါတယ်။

သိပ္ပံပညာ ရှင်တွေကတော့ Natufian လူမျိုးနွယ်စုတွေဟာ ဒီယမကာချက်လုပ်ရာမှာ အဆင့် (၃) ဆင့်ကိုအသုံးပြုပြီး ချက်လုပ်ခဲ့တာလို့ အဖြေပေးခဲ့ကြပါတယ်။ ပထမအဆင့်အနေနဲ့ Natufian တွေဟာ မုယောစပါး(သို့)ဂျုံစေ့ကနေရတဲ့ ကစီဓာက်တွေကို အရည်ပျော် အောင်ပြုလုပ်ကြပါတယ်။ ဒုတိယ အဆင့်အနေနဲ့ကတော့ စပါးစေ့တွေကို ရေစိမ်ပြီး အညှောင့် ပေါက်အောင်ပြုလုပ်ပါတယ်။ ပြီးနောက်ရေကိုသွန်ပစ်ပြီး အဲဒီစပါးစေ့တွေ ကိုအခြောက်လှမ်းပါတယ်။ နောက်ဆုံးမှာတော့ အထက်မှာဖော်ပြခဲ့တဲ့ အရာတွေကို ရောစပ်ပြီး ကျောက်သားဆုံတွေထည့်ကာ ထုထောင်းခြင်း၊အပူပေးခြင်းတို့ကို ပြုလုပ်ပါတယ်။ နောက်ဆုံးမှာတော့ ဒီအရည်ပျော်နေပြီဖြစ်တဲ့ အရောအနှောတွေကို အချဉ် ဖောက်အောင် ရက်အတန်ကြာအောင်ထားပြီး ယမကာအဖြစ်ဖန်တီးပါတော့တယ်။

အထက်မှာဖော်ပြခဲ့တဲ့နည်းတွေကိုပဲ Natufian တွေသုံးခဲ့ကြပါလိမ့်မယ်။ ကုန်ကြမ်းကတော့ အခြားသစ်သီး၊ သစ်ဥတွေပါဝင်ကောင်းလည်းပါဝင်ပါလိမ့်မယ်။ နောက်ထပ် ယမကာချက်လုပ်တဲ့ ပုံစံတစ်ခုလည်းရှိကောင်း ရှိနိုင်သေးတာပါပဲ။ သေချာတာ ကတော့ Natufian လူမျိုးနွယ်စုတွေဟာ ကမ္ဘာ့ ပထမဆုံးဘီယာချက်လုပ်ငန်းကို အကောင် အထည်ဖော်ခဲ့တဲ့ သူတွေဖြစ်ပါတယ်လို့ Haifa တက္ကသိုလ်က ရှေးဟောင်းသုသေသန ပညာလေ့လာရေးပညာ ပါမောက္ခ Dani Nadel က AFP သတင်းဌာနနဲ့တွေ့ဆုံစဉ်မှာ ပြောပြခဲ့ပါတယ်။ သူကပဲဆက်လက်ပြီး ဒီဂူထဲမှာ Natufian လူမျိုးနွယ်စုတွေသာ နေထိုင်ခဲ့တာကိုတော့ တူးဖော်ရရှိတဲ့ရုပ်ကြွင်းတွေ နဲ့ သူတို့အသုံးပြုခဲ့တဲ့ ပစ္စည်း၊ လက်နက်အချို့ကြောင့် သိရခြင်းဖြစ်ပါတယ်။

Natufian တွေဟာ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အတော်လေးခရီးရောက်ခဲ့တာဖြစ်ပြီး ပန်မျိုးစိတ်အချို့နဲ့ အပင်မျိုးစိတ် အချို့ကိုတောင် ဒီဂူထဲမှာ စိုက်ပျိုးခဲ့ကြပါတယ်။ ဒါအပြင် အသီးအရွက်တွေကို ရောစပ်အချဉ် ဖောက်ပြီး မူးယစ်စေတဲ့ အခြားအရည်တစ်မျိုးကိုလည်း ဖန်တီးနိုင်ခဲ့ပါသေးတယ်။ ဒီအတွက်တော့ လိုအပ်တဲ့ အထောက်အကူပစ္စည်းတွေ ရှာဖွေတွေ့ရှိခြင်းတော့ မရှိသေးပါဘူးလို့ ပြောပြခဲ့ပါတယ်။ ဒေါက်တာ Nadel ကပဲ Natufian တွေဖန်တီးထားတဲ့ ဘီယာဟာ ယနေ့ခေတ်ဘီယာ တွေလို အချဉ်ဖောက်ပြီးဖန်တီးတာ မှန်ပေမဲ့ ပြင်းအားလျော့နည်းပါတယ်။ သူတို့အဖွဲ့ ရှာဖွေတွေ့ရှိတဲ့ Raqefetကျောက်ဂူမျက်နှာပြင်က တွင်းတွေဟာရှေးခေတ်က Natufian တွေရဲ့ ရှေးဘီယာချက်စက်ရုံဖြစ်တဲ့အချက်ဟာ အထောက်အထား ခိုင်လုံ တာကြောင့် ရှေးဟောင်းသုသေသနဆိုင်ရာ ဂျာနယ်တွေမှာတောင် ခေါင်းကြီးသတင်း အဖြစ်ပါဝင်လာခဲ့ပါတယ်။

အသေးဆုံးကျောက်တုံး(၂)တုံးမှာထွင်းထုထားတဲ့ ကျောက်ဆုံနှစ်ခုဟာ အညှောက်ဖောက်ထားတဲ့ စပါးစေ့တွေကိုသိုလှောင်ဖို့အသုံးပြုပြီး အကြီးဆုံးသောကျောက်ဆုံကိုတော့ အစေ့အဆံအရောအနှောတွေကိုထုထောင်းဖို့၊ အပူပေးဖို့၊အချဉ်ဖောက်ဖို့ အသုံးပြုပါတယ်။ ဒီကျောက်သားတွင်းတွေထဲကအချို့ဟာ ၄၀-၆၀ cmအထိကျယ်ပြီး (၁) ပေကနေ(၂)ပေကြား အနက်ရှိပါတယ်။ ဒီနေရာမှာပဲ Natufian လူမျိုးနွယ်စုတွေရဲ့ ရုပ်အလောင်းတွေကို တူးဖော်တွေ့ရှိတာကြောင့် ယင်းအခါက ယမကာတိုက်ကျွေးတဲ့ ဓလေ့ဟာ အခြားသော လူမူရေးဆိုင်ရာကိစ္စရပ်တွေမှာပါ အရေးပါတဲ့ ပုံပေါ်နေပါတယ်လို့ Dr Nadelကဆိုပါတယ်။

အင်္ဂလန်နိုင်ငံ၊ စတန်းဖိုဒ် တက္ကသိုလ်ကလေ့လာရေးပညာရှင်တွေ ကတော့ လွန်ခဲ့တဲ့ နှစ်များစွာအကြာကတည်းက အဆင့်ဆင့်ပြောင်းလဲလာတဲ့ အနှံအစေ့ ကနေဘီယာချက်လုပ်မှု နည်းစနစ်တွေအကြောင်းစာတမ်းတစ်စောင် ပြုစုဖူး တာကြောင့် ယခုတွေ့ရှိချက်နဲ့ အံဝင်ခွင်ကျရှိတယ်လို့ သတ်မှတ်ရမှာပါ။ ဒီတွေ့ရှိချက် တွေကြောင့် ရှေးယခင်ကတည်းက အရက်ထုတ်လုပ်ရာမှာ သစ်သီး၊သစ်ဥ၊သစ်ဆံတွေ မလိုအပ်ခဲ့တဲ့အကြောင်း အထောက်အထားကိုတွေ့ရပါတယ်။ ယင်းကာလတွေက စိုက်ပျိုးရေးလုပ်ငန်းတွေဟာ ဒီယမကာတွေကို မူတည်ပြီးအဆင့်ဆင့်စိုက်ပျိုးလာခဲ့ တဲ့အနေအထားကိုတွေ့နေရပါတယ်။

ဘာကြောင့်လဲဆိုတော့ ဒီယမကာတွေဟာ ရှေးခေတ်လူမျိုးတွေရဲ့ ဓလေ့ထုံးစံ၊မိရိုးဖလာယုံကြည်မှုတွေနဲ့ ဆက်စပ်နေလို့လည်း ဖြစ်ပါတယ်လို့ စတန်းဖိုဒ်တက္ကသိုလ်က ရှေးဟောင်းသုသေသနလေ့လာရေး အဖွဲ့ခေါင်း ဆောင် တရုတ်လူမျိုး Li Liu ကသူရဲ့ယူဆချက်ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ Natufian လူမျိုးနွယ်စုတွေရဲ့ ပထမဆုံးပေါင်မုန့်ကို ဂျော်ဒန်နိုင်ငံ အရှေပိုင်းမှာတွေ့ရှိခဲ့ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၁၆၀၀ ကနေ ၁၄၆၀ဝအတွင်းရှိမယ် လို့ မှတ်တမ်းတွေကဖော်ပြခဲ့ပေမဲ့ ဘီယာကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၁၇၀၀ ကနေ ၁၃၇၀၀ အတွင်းပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

Neolithic ခေတ်ကတည်းကလူသားတွေဟာ ဒီအဖျော်ယမကာတွေကို မိရိုးဖလာ ဓလေ့အဖြစ်အသုံးပြုရာကတစ်ဆင့် အကျိုးဆက်အနေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ တိုးတက်ချဲ့ထွင်လာခဲ့ကြပါတယ်။ ဒီယမကာဖန်တီးထုတ်လုပ်မှု အလေ့အထဟာ အစ္စရေးနိုင်ငံအတွင်းရှိ Mount Carmel နဲ့ Galilee ဒေသဝန်းကျင်မှာ အဓိကထွန်းကား ခဲ့တာဖြစ်ပြီး ဒီနေရာကနေတစ်ဆင့် ကမ္ဘာအရပ်ရပ်ကို ပျံ့နှံ့ခဲ့တာဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ယူဆနေကြပါတယ်။Natufian လူမျိုးနွယ်စုတွေဟာ အထက်ပါဒေသ တွေမှာအချိန်အကြာကြီး စိုးမိုးထားခဲ့ကြပြီး ယမကာထုတ်လုပ်နိုင်တဲ့ အပင်မျိုးစေ့ တွေကိုတောင် ထိန်းသိမ်းထားခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။

ယခုအခါမှာတော့ Natufian လူမျိုးနွယ်တွေဟာ အရှေအလယ်ပိုင်းဒေသတွင်း ကွဲလွဲတဲ့ မျိုးနွယ်စုတွေအဖြစ် ရှိနေကြတုန်းပါပဲ။ အထူးသဖြင့် ကျွန်တော်တို့အစ္စရေးနိုင်ငံနဲ့ Natufian လူမျိုးနွယ်စုတွေ၊ သူတို့ရဲ့ယမကာ လုပ်ငန်းတွေဟာ အများကြီး နှီးနွယ်နေတာပါ။ မှတ်တမ်းတွေ၊ တွေ့ရှိ ချက်တွေအရတော့ ယခုတူးဖော်တွေ့ရှိတဲ့ ရှေးယမကာထုတ်လုပ်မှုတွေဟာ Natufian လူမျိုးနွယ်စုတွေရဲ့ ယဉ်ကျေးမှုနဲ့ လူမူအသိုက်အဝိုင်းထဲ အတော်လေးအရေးပါနေတာ တွေ့နေရပါတယ်လို့ Dr Nadelက သူရဲ့အမြင်ကို ပြောကြားခဲ့ပါတယ်။

Leave a Reply