ေခတ္သစ္ဂ်ပန္အား ပညာေရးျဖင့္ တည္ေဆာက္ခဲ့သူ

Posted on

ေရးသားသူ – သန္႔ဦး (အာကာသႏွင့္ စၾကဝဠာ)

၁၉ ရာစု အေစာပိုင္းကာလက ဂ်ပန္ႏိုင္ငံဟာ မဖြံ႔ၿဖိဳးေသးတဲ့ ႏိုင္ငံငယ္ေလးတစ္ခုပါ။ ဆာမူ႐ိုင္း ဓါးသမားေတြ၊ မိသားစုေတြ နဲ႔ တိုက္ခိုက္ေနၾကဆဲ ကာလေပါ့..။ ဂ်ပန္ဧကရာဇ္ အင္ပါယာ ဟာလည္း ေျပာင္းလဲမႈေတြ စလုပ္ေနစဥ္ကာလ ျဖစ္ပါတယ္။ ဒတ္ခ်္ နယ္ခ်ဲ႕ ကိုလိုနီမ်ားလည္း ေရာက္ရွိလို႔ေနပါတယ္။

ယူကီခ်ီ ဖူကူဇာဝါ (Yukichi Fukuzawa) ဟာ ၁၈၃၅ ခုႏွစ္မွာ အဆင့္နိမ့္တဲ့ ဆာမူ႐ိုင္းမိသားစုမွ ေမြးဖြားခဲ့တဲ့ သာမန္ျပည္သူတစ္ဦးျဖစ္ပါတယ္။ အသက္ (၅) ႏွစ္အရြယ္မွာ ဟန္ (ခန္းဂ်ီး) စာေပ ေရးဖတ္နည္းမ်ားကို သင္ၾကားခဲ့ရၿပီး အသက္ ၁၄ ႏွစ္မွာေတာ့ အဆင့္ျမင့္တဲ့ ဂ်ပန္စာေပ ေရးသားနည္းမ်ားကို သင္ၾကားခဲ့ရပါတယ္။ ဒါဟာ.. ဂ်ပန္တို႔ရဲ႕ ေရွး ထံုးစံ စာသင္ၾကားနည္းပါပဲ။

အသက္ ၁၉ ႏွစ္မွာ ဒတ္ခ်္ ကိုလိုနီေတြရွိတဲ့ နာကာဆာကီသို႔ အကိုျဖစ္သူႏွင့္အတူ သြားေရာက္ကာ ဒတ္ခ်္ စာသင္ေက်ာင္းကို တက္ေရာက္ခဲ့ပါတယ္။ ဒတ္ခ်္ ဘာသာစကားကို သံုးႏွစ္ၾကာ တတ္ေရာက္ခဲ့ၿပီး ကြ်မ္းကြ်မ္းက်င္က်င္ ေျပာႏိုင္လာတဲ့အတြက္ ဇာတိေျမမွာ ဘာသာရပ္ ဆရာ ျပန္လုပ္ခဲ့ပါတယ္။ ဒါေပမယ့္.. သူ႔အေတြးေတြထဲမွာေတာ့ အေနာက္ႏိုင္ငံက ပညာေရးစနစ္နဲ႔ ယဥ္ေက်းမႈေတြကို ေလ့လာခ်င္တဲ့စိတ္မ်ား ကိန္းေအာင္းေနခဲ့ပါတယ္။

ဒီလိုနဲ႔ တစ္ေန႔မွာ ဂ်ပန္ႏိုင္ငံကို အေမရိကန္ နဲ႔ ဥေရာပမွ ကုန္တင္သေဘၤာမ်ား ဆိုက္ကပ္လာခဲ့ၿပီး အေနာက္တိုင္း ယဥ္ေက်းမႈ (Western civilization) ကို ေလ့လာခ်င္တဲ့ ဖူကူဇာဝါဟာလည္း သေဘၤာဆိပ္ကမ္းရွိရာၿမိဳ႕သို႔ ေရာက္လာခဲ့ပါေတာ့တယ္..။ ဟိုေရာက္ေတာ့.. ဥေရာပသားေတြေရာ အေမရီကန္ေတြပါ ဒတ္ခ်္လိုမေျပာၾကပဲ.. အဂၤလိပ္လိုသာ ေျပာၾကတဲ့အတြက္ ဖူကူဇာဝါဟာ အဂၤလိပ္စာကိုပါ ႀကိဳးစားသင္ယူခဲ့ပါတယ္။

၁၈၆၀ ခုႏွစ္မွာေတာ့ ဖူကူဇာဝါဟာ အေမရိကန္ကို ေရာက္ရွိခဲ့ၿပီး ၁၈၆၂ မွာ ဥေရာပကိုလည္း ဆက္လက္ ခရီးဆက္ခဲ့ပါတယ္။  ဂ်ပန္ျပန္ေရာက္တဲ့အခါ သူေတြ႕ရွိခဲ့တဲ့ အေနာက္ႏိုင္ငံမ်ားရဲ႕ သေဘာသဘာဝနဲ႔ ပညာေရးစနစ္မ်ားအေၾကာင္းကို စာအုပ္မ်ားေရးသားထုတ္ေဝခဲ့ပါတယ္။ ဒါ့အျပင္.. ဂ်ပန္ – အဂၤလိပ္ အဘိဓါန္ကိုလည္း ေရးသားခဲ့ၿပီး သူ႔ရဲ႕ ဒတ္ခ်္ဘာသာသင္ေက်ာင္းကိုလည္း ကိုင္အို (Keio) တကၠသိုလ္အျဖစ္ ေျပာင္းလဲခဲ့ပါတယ္။

ဖူကူဇာဝါ အဓိကေျပာင္းလဲခဲ့တာကေတာ့ ပညာေရးစနစ္ပါပဲ။ သူ႔ရဲ႕စာအုပ္မ်ားမွာ အေနာက္ႏိုင္ငံရဲ႕ စာသင္နည္းစနစ္မ်ား၊ မူလတန္း-အလယ္တန္း-အထက္တန္း ခြဲျခားထားပံု မ်ားကို ေရးသားခဲ့ၿပီး.. ဂ်ပန္ပညာေရးကို ေခတ္မွီ ပညာေရးျဖစ္ေအာင္ ျပဳျပင္ေျပာင္းလဲဖို႔ကိုလည္း တိုက္တြန္းအားေပးခဲ့ပါတယ္။ ဂ်ပန္အစိုးရက ပညာေရးဌာနထဲ ဝင္ေရာက္ဖို႔ ကမ္းလွမ္းခဲ့ေပမယ့္.. ျငင္းဆန္ခဲ့ၿပီး.. သူဝါသနာပါရာ ပညာေရးလုပ္ငန္းကိုပဲ သက္ဆံုးတိုင္ ဆက္လက္လုပ္ကိုင္ခဲ့ပါေတာ့တယ္။

ဖူကူဇာဝါရဲ႕ ပညာေရးေျပာင္းလဲေရးမူဝါဒမ်ားကို အစိုးရက လိုက္နာက်င့္သံုးခဲ့တဲ့အတြက္.. ဂ်ပန္ႏိုင္ငံဟာ စက္မႈႏိုင္ငံအျဖစ္ကို အာရွႏိုင္ငံမ်ားထဲမွာ ဦးစြာေျပာင္းလဲႏိုင္ခဲ့ၿပီး.. ေခတ္မွီတိုးတက္တဲ့ ႏိုင္ငံတစ္ခုအျဖစ္ ရပ္တည္ႏိုင္ခဲ့ပါေတာ့တယ္..။ ဒါေၾကာင့္လည္း ဖူကူဇာ၀ါအား ေခတ္သစ္ဂ်ပန္ႏုိင္ငံကို ထူေထာင္ခဲ့သူ ဖခင္ႀကီးတစ္ဦးအျဖစ္ အသိအမွတ္ျပဳၾကျခင္းျဖစ္ပါတယ္။ (ဂ်ပန္ယန္းေငြစကၠဴ တစ္ေသာင္းတန္မွာ ယူကီခ်ီ ဖူကူဇာဝါ ရဲ႕ပံုကို ဂုဏ္ျပဳ ႐ိုက္ႏွိပ္ထားတာျဖစ္ပါတယ္။)

အနာဂတ္ပညာေရးအတြက္..
သန္႔ဦး (အာကာသႏွင့္ စၾကဝဠာ)

——————-

 ခေတ်သစ်ဂျပန်အား ပညာရေးဖြင့် တည်ဆောက်ခဲ့သူ (unicode)

ရေးသားသူ – သန့်ဦး (အာကာသနှင့် စကြဝဠာ)

၁၉ ရာစု အစောပိုင်းကာလက ဂျပန်နိုင်ငံဟာ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံငယ်လေးတစ်ခုပါ။ ဆာမူရိုင်း ဓါးသမားတွေ၊ မိသားစုတွေ နဲ့ တိုက်ခိုက်နေကြဆဲ ကာလပေါ့..။ ဂျပန်ဧကရာဇ် အင်ပါယာ ဟာလည်း ပြောင်းလဲမှုတွေ စလုပ်နေစဉ်ကာလ ဖြစ်ပါတယ်။ ဒတ်ခ်ျ နယ်ချဲ့ ကိုလိုနီများလည်း ရောက်ရှိလို့နေပါတယ်။

ယူကီချီ ဖူကူဇာဝါ (Yukichi Fukuzawa) ဟာ ၁၈၃၅ ခုနှစ်မှာ အဆင့်နိမ့်တဲ့ ဆာမူရိုင်းမိသားစုမှ မွေးဖွားခဲ့တဲ့ သာမန်ပြည်သူတစ်ဦးဖြစ်ပါတယ်။ အသက် (၅) နှစ်အရွယ်မှာ ဟန် (ခန်းဂျီး) စာပေ ရေးဖတ်နည်းများကို သင်ကြားခဲ့ရပြီး အသက် ၁၄ နှစ်မှာတော့ အဆင့်မြင့်တဲ့ ဂျပန်စာပေ ရေးသားနည်းများကို သင်ကြားခဲ့ရပါတယ်။ ဒါဟာ.. ဂျပန်တို့ရဲ့ ရှေး ထုံးစံ စာသင်ကြားနည်းပါပဲ။

အသက် ၁၉ နှစ်မှာ ဒတ်ခ်ျ ကိုလိုနီတွေရှိတဲ့ နာကာဆာကီသို့ အကိုဖြစ်သူနှင့်အတူ သွားရောက်ကာ ဒတ်ခ်ျ စာသင်ကျောင်းကို တက်ရောက်ခဲ့ပါတယ်။ ဒတ်ခ်ျ ဘာသာစကားကို သုံးနှစ်ကြာ တတ်ရောက်ခဲ့ပြီး ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်လာတဲ့အတွက် ဇာတိမြေမှာ ဘာသာရပ် ဆရာ ပြန်လုပ်ခဲ့ပါတယ်။ ဒါပေမယ့်.. သူ့အတွေးတွေထဲမှာတော့ အနောက်နိုင်ငံက ပညာရေးစနစ်နဲ့ ယဉ်ကျေးမှုတွေကို လေ့လာချင်တဲ့စိတ်များ ကိန်းအောင်းနေခဲ့ပါတယ်။

ဒီလိုနဲ့ တစ်နေ့မှာ ဂျပန်နိုင်ငံကို အမေရိကန် နဲ့ ဥရောပမှ ကုန်တင်သင်္ဘောများ ဆိုက်ကပ်လာခဲ့ပြီး အနောက်တိုင်း ယဉ်ကျေးမှု (Western civilization) ကို လေ့လာချင်တဲ့ ဖူကူဇာဝါဟာလည်း သင်္ဘောဆိပ်ကမ်းရှိရာမြို့သို့ ရောက်လာခဲ့ပါတော့တယ်..။ ဟိုရောက်တော့.. ဥရောပသားတွေရော အမေရီကန်တွေပါ ဒတ်ခ်ျလိုမပြောကြပဲ.. အင်္ဂလိပ်လိုသာ ပြောကြတဲ့အတွက် ဖူကူဇာဝါဟာ အင်္ဂလိပ်စာကိုပါ ကြိုးစားသင်ယူခဲ့ပါတယ်။

၁၈၆၀ ခုနှစ်မှာတော့ ဖူကူဇာဝါဟာ အမေရိကန်ကို ရောက်ရှိခဲ့ပြီး ၁၈၆၂ မှာ ဥရောပကိုလည်း ဆက်လက် ခရီးဆက်ခဲ့ပါတယ်။  ဂျပန်ပြန်ရောက်တဲ့အခါ သူတွေ့ရှိခဲ့တဲ့ အနောက်နိုင်ငံများရဲ့ သဘောသဘာဝနဲ့ ပညာရေးစနစ်များအကြောင်းကို စာအုပ်များရေးသားထုတ်ဝေခဲ့ပါတယ်။ ဒါ့အပြင်.. ဂျပန် – အင်္ဂလိပ် အဘိဓါန်ကိုလည်း ရေးသားခဲ့ပြီး သူ့ရဲ့ ဒတ်ခ်ျဘာသာသင်ကျောင်းကိုလည်း ကိုင်အို (Keio) တက္ကသိုလ်အဖြစ် ပြောင်းလဲခဲ့ပါတယ်။

ဖူကူဇာဝါ အဓိကပြောင်းလဲခဲ့တာကတော့ ပညာရေးစနစ်ပါပဲ။ သူ့ရဲ့စာအုပ်များမှာ အနောက်နိုင်ငံရဲ့ စာသင်နည်းစနစ်များ၊ မူလတန်း-အလယ်တန်း-အထက်တန်း ခွဲခြားထားပုံ များကို ရေးသားခဲ့ပြီး.. ဂျပန်ပညာရေးကို ခေတ်မှီ ပညာရေးဖြစ်အောင် ပြုပြင်ပြောင်းလဲဖို့ကိုလည်း တိုက်တွန်းအားပေးခဲ့ပါတယ်။ ဂျပန်အစိုးရက ပညာရေးဌာနထဲ ဝင်ရောက်ဖို့ ကမ်းလှမ်းခဲ့ပေမယ့်.. ငြင်းဆန်ခဲ့ပြီး.. သူဝါသနာပါရာ ပညာရေးလုပ်ငန်းကိုပဲ သက်ဆုံးတိုင် ဆက်လက်လုပ်ကိုင်ခဲ့ပါတော့တယ်။

ဖူကူဇာဝါရဲ့ ပညာရေးပြောင်းလဲရေးမူဝါဒများကို အစိုးရက လိုက်နာကျင့်သုံးခဲ့တဲ့အတွက်.. ဂျပန်နိုင်ငံဟာ စက်မှုနိုင်ငံအဖြစ်ကို အာရှနိုင်ငံများထဲမှာ ဦးစွာပြောင်းလဲနိုင်ခဲ့ပြီး.. ခေတ်မှီတိုးတက်တဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ပါတော့တယ်..။ ဒါကြောင့်လည်း ဖူကူဇာဝါအား ခေတ်သစ်ဂျပန်နိုင်ငံကို ထူထောင်ခဲ့သူ ဖခင်ကြီးတစ်ဦးအဖြစ် အသိအမှတ်ပြုကြခြင်းဖြစ်ပါတယ်။ (ဂျပန်ယန်းငွေစက္ကူ တစ်သောင်းတန်မှာ ယူကီချီ ဖူကူဇာဝါ ရဲ့ပုံကို ဂုဏ်ပြု ရိုက်နှိပ်ထားတာဖြစ်ပါတယ်။)

အနာဂတ်ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ)

Leave a Reply