ကမာၻတလႊား ထင္ရွားေက်္ာၾကား ရုပ္တုမ်ား

Posted on

ေရးသားသူ – ေမာင္သာ(ေရွးေဟာင္းသုေတသန)

လူသားမ်ားသည္ ပန္းခ်ီ၊ပန္းပု၊ အဆို ၊အက အစရွိသည့္ အႏုပညာကို ခံစားတတ္သည့္ ဗီဇစိတ္ေၾကာင့္ သမိုင္းမတင္မီ ကာလမ်ားကတည္းကပင္ ရည္ရြယ္ခ်က္မ်ိဳးစုံျဖင့္ အရြယ္မ်ိဳးစုံ ရုပ္ထုမ်ားကို ဖန္တီး ထုလုပ္ခဲ့ၾကသည္။လြန္ခဲ့သည့္ ႏွစ္ေပါင္း ၃၂၀၀၀ ခန္႕က ထုလုပ္ခဲ့ေသာ ျခေသၤ့ လူသားဟု အမည္ေပးထားသည့္ အျမင့္ ၂၉ ဒသမ ၆ စင္တီမီတာ (၁၁ ဒသမ ခုနစ္ လက္မ) ရွိေသာ ရုပ္ထုအား လူသားတို႕၏ ပထမဆုံး လက္ရာ ပန္းပုရုပ္ထု ဟု ယူဆ ၾကသည္။ကမၻာ့ အံ့ဖြယ္ ခုနစ္သြယ္ စာရင္း တြင္ ရုပ္ထု ႏွစ္ခုပါ၀င္သည္။မ်က္ေမွာက္ေခတ္တြင္ ရုပ္ထုမ်ားကို ဘာသာေရး ဆိုင္ရာ နတ္ဘုရားမ်ား၊သမိုင္း၀င္ မွတ္တမ္းမ်ား၊ လူသားတို႕ အေပၚ လႊမ္းမိုးခဲ့ေသာ ပုဂၢိဳလ္မ်ား၊ အထိမ္းအမွတ္၊ သေကၤတမ်ား စသည္ျဖင့္ အသြင္ မ်ိဳးစုံ ထုလုပ္ၾက ကာ ကမၻာ့ ေနရာ အႏွံ႕တြင္ စိုက္ထူထားၾကေပသည္။

၁၀။ ကမၻာေက်ာ္ ေရသူမ

ဒိန္းမတ္ ႏိုင္ငံၿမိဳ႕ေတာ္ ကိုပင္ေဟဂင္ ဆိပ္ကမ္းမွ ေက်ာက္ေဆာင္တစ္ခုေပၚတြင္ ေရသူမ ရုပ္ထု တစ္ခုက လွပစြာ ထိုင္လ်က္ရွိေနသည္။ထုိေနရာသို႕ ပထမဆုံးအႀကိမ္ ေရာက္ရွိလာၾကသူတိုင္း ထို ေရသူမ ရုပ္ထု ကို ၾကည့္ကာ အံ့အား သင့္ၾက ရသည္။ ေရသူမ ရုပ္ထုသည္ ၁ ဒသမ ၂၅ မီတာ ခန္႕ျမင့္ လ်က္ ၁၇၅ ကီလို ဂရမ္အေလးခ်ိန္ရွိသည္။ ယင္းေရသူမ ရုပ္ထုငယ္အား အက္ဒ္ဗတ္ အာရစ္ဆန္ ဆိုသူက ဒီဇိုင္းေရးဆြဲ ထုလုပ္ခဲ့ၿပီး ၁၉၁၃ ခုႏွစ္တြင္ ေရသူမ ေလး ျပဇာတ္တစ္ပုဒ္ကို အမွတ္ရစိမ့္ေသာငွာ ယခုေနရာတြင္ စိုက္ထူထားခဲ့သည္။

ေရသူမရုပ္ထုေလး၏ ဦးေခါင္းသည္ အႀကိမ္ မ်ားစြာ ေပ်ာက္ဆုံးခဲ့ေသာ္လည္း ေပ်ာက္ဆုံးခဲ့သည့္ အႀကိမ္တိုင္းတြင္ သူမ၏ ဦးေခါင္းကို ျပန္လည္ ရရွိ တပ္ဆင္ေပး ႏိုင္ခဲ့ သည္။ ကိုပင္ေဟဂင္ အာဏာပိုင္မ်ားက ထို ေရသူမ ရုပ္ထုအား လက္သရမ္းသူမ်ား၏ ဖ်က္ဆီးမႈမွ ကာကြယ္ရန္ ႏွင့္ ကမၻာ လွည့္ ခရီး သည္မ်ား ရုပ္ထုအေပၚသို႕ တက္ေရာက္ၾကျခင္းကို ကာကြယ္ရန္ ဆိပ္ကမ္းနယ္ေျမမွ အျခားတစ္ေနရာသို႕ ေရႊ႕ ေျပာင္းမည္ ဟု ေၾကညာခဲ့သည္။

၉။ ဒီလို႕စ္ ျခေသၤ့မ်ား (Lions of Delos)

ဂရိႏိုင္ငံ၏ အေရးႀကီးေသာ ေရွးေဟာင္းသုေတသန နယ္ေျမ တစ္ခုျဖစ္သည့္ ဒီလို႕စ္ကၽြန္း၊ မိုင္ကိုေနာ့စ္ အနီးတြင္ ျခေသၤ့ ရုပ္ထုမ်ားရွိသည္။ယင္းေနရာသည္ ဂရိတို႕၏ ဒ႑ာရီ သမိုင္းတြင္ အေရးအႀကီးဆုံး ေနရာတစ္ခုလည္းျဖစ္သည္။ ဒီလို႕စ္ ကၽြန္းသည္ ဂရိ ဒ႑ာရီ ထဲမွ အပိုလို ႏွင့္ အာတီမီးစ္ တို႕ ေမြးရာေနရာ ျဖစ္မလာမီကပင္ အိုလံပီယာ ဂရိလူမ်ိဳး မ်ား၏ ျမင့္ျမတ္ေသာ အထြတ္ အထိပ္ေနရာတစ္ခုဟု ေထာင္စုႏွစ္ မ်ားစြာကပင္ ယူဆ ထားခဲ့သည္။

အတန္းလိုက္ ထုထား သည့္ ဒီလို႕စ္ ျခေသၤ့ မ်ားသည္ အပိုလို အားရည္စူးကာ ဘီစီ ေျခာက္ရာစု မတိုင္မီ က နာေဆာ့စ္ ျပည္သူမ်ားက ထုလုပ္ခဲ့ျခင္းျဖစ္ သည္။ သလင္း ေက်ာက္ျဖဴျဖင့္ ထုလုပ္ထားေသာ ျခေသၤ့မ်ားသည္ မူလက ၉ ေကာင္မွ ၁၂ ေကာင္အထိရွိခဲ့ေသာ္လည္း ယခုအခါတြင္ ၅ ေကာင္သာ အေကာင္းနီးပါးက်န္ရွိၿပီး သုံးေကာင္က က်ိဳးပဲ့ေနသည္။ ရာသီဥတုဒဏ္ေၾကာင့္ ပ်က္စီးေနသည့္ မူလ ျခေသၤ့ရုပ္ထုမ်ားကိုလည္း ဒီလို႕စ္ ေရွးေဟာင္းသုေတသန ျပတိုက္သို႕ ၁၉၉၉ ခုႏွစ္တြင္ ေျပာင္းေရႊ႕ထားခဲ့သည္။

၈။ မိခင္ရုရွား ရုပ္ထု (Mother Russia Statue)

ထင္ရွား ေၾကာ္ၾကားသည့္ အမိေျမ ေခၚသံ ဟု အမ်ားသိၾကေသာ မိခင္ရုရွ ရုပ္ထု သည္ ရုရွ ႏိုင္ငံ၊ ဗိုဂိုဂရက္ ေဒသမွ မာမာယက္ဗ္ကာဂန္ တြင္ တည္ရွိသည္။ထိုရုပ္ထုသည္ စတာလင္ဂရက္ တိုက္ပြဲ အထိမ္းအမွတ္ ရုပ္ထုလည္းျဖစ္သည္။၁၉၆၇ ခုႏွစ္ တြင္ မိခင္ရုရွ ရုပ္ထုကို ဖြင့္လွစ္ခဲ့စဥ္က ကမၻာေပၚတြင္ အျမင့္ဆုံးရုပ္ထု ျဖစ္ခဲ့သည္။ရုပ္ထု၏ လွံထိပ္ဖ်ားမွ ရုပ္ထု ေအာက္ ခံ ခုံ ထိပ္အထိ အျမင့္ ၈၅ မီတာ(၂၇၉ ေပ) ရွိသည္။ရုပ္ထုသည္ ၅၂ မီတာ(၁၇၀ ေပ) ျမင့္၍ ဓားက ၃၃ မီတာ(၁၀၈ ေပ) ရွည္ သည္။

စတာလင္ဂရက္ တိုက္ပြဲသည္ ရက္ေပါင္း ၂၀၀ ၾကာရွည္ခဲ့သျဖင့္ တိုက္ပြဲျဖစ္ခဲ့သည့္ ရက္အထိမ္းအမွတ္အျဖစ္ ရုပ္ထု စိုက္ထူထားသည့္ ေတာင္ေျခမွ ရုပ္ထု အထိ ေလွကားထစ္ေပါင္း၂၀၀ တိတိ ျပဳလုပ္ထားသည္။ယခုအခါတြင္ ေအာက္ေျခ ပႏၷက္ ေရြ႕လ်ားမႈမ်ားေၾကာင့္ ေျမေအာက္ေရလႊာ ေျပာင္းလဲလာသျဖင့္ မိခင္ရုရွ ရုပ္ထုသည္ အနည္းငယ္ တိမ္းေစာင္းေနေပသည္။

၇။ ေအာ္လမက္ ရုပ္ထု (The Olmec)

ေအာ္လ္မက္ေခတ္ သည္ မကၠဆီကိုႏိုင္ငံ ေတာင္ဘက္ အလယ္ပိုင္း အပူပိုင္း ေျမနိမ့္ေဒသမ်ားတြင္ ေနထိုင္ခဲ့ သည့္ ေရွးေဟာင္း ကိုလံဘီယာ အႀကိဳ ယဥ္ေက်းမႈ ကာလျဖစ္သည္။ယခု လက္ရွိေခတ္တြင္ ဗာရာခရုစ္ ႏွင့္ တာဘက္စ္ကို ျပည္နယ္ ေနရာမ်ား ျဖစ္သည္။ေအာ္လ္မက္ ယဥ္ေက်းမႈသည္ ဘီစီ ၁၄၀၀ မွ ဘီစီ ၄၀၀ အတြင္း တိုးတက္ ျဖစ္ထြန္းခဲ့ရာ ေအာ္လ္မက္ ယဥ္ေက်းမႈ၏ အမ်ားအသိအမွတ္အျပဳဆုံးေသာ သြင္ျပင္လကၡဏာသည္ ေခါင္းေဆာင္း ခေမာက္ေဆာင္းထားသည့္ အလြန္ ႀကီးမားေသာ ဦးေခါင္း ရုပ္ထုမ်ားျဖစ္သည္။

ထိုဦးေခါင္းမ်ားအား ေအာလ္မက္ ယဥ္ေက်းမႈ ကာလအတြင္း စိုးစံခဲ့ေသာ အုပ္ခ်ဳပ္သူမ်ား၏ ရုပ္ထု မ်ားဟု ယူဆၾက သည္။ရုပ္ထုမ်ားသည္ ယခုေခတ္ ေဘာလုံးအားကစားသမားမ်ား ၀တ္ဆင္ထားသည့္ ပုံသြင္ရွိေနၾကသည္။သို႕ေသာ္ မည္သည့္ ဦးေခါင္း ႏွစ္ခုမွ တစ္ခုႏွင့္ တစ္ခု တူညီမႈ မရွိဘဲ ခေမာက္ႏွင့္တူေသာ ေခါင္းေဆာင္းမ်ားကို သိသာကြဲျပားေသာ ပစၥည္း မ်ားျဖင့္ ျပဳလုပ္ ထားသည္။ထိုေနရာတြင္ ဦးေခါင္း ၁၇ ခုကို တူးေဖာ္ ေတြ႕ရွိထားၿပီးျဖစ္သည္။ဦးေခါင္းရုပ္ထုမ်ားသည္ အရြယ္အစား မ်ိဳးစုံျဖစ္ၿပီး ၁ ဒသမ ၄၇ မီတာ ႏွင့္ ၃ ဒသမ ၄ မီတာ အၾကားရွိၾကေပသည္။

၆။ နမ္ရပ္ေတာင္ (Mount Nemrut)

တူရကီ ႏိုင္ငံ အေရွ႕ေတာင္ပိုင္း တြင္ တည္ရွိေသာ ၂၁၃၄ မီတာ(ေပ ၇၀၀၀) ျမင့္သည့္ နမ္ရပ္ေတာင္သည္ အဒီရာ မန္ ၿမိဳ႕ေတာ္ အနီးတြင္ တည္ရွိသည္။ဘီစီ ၆၂ ခုႏွစ္တြင္ ပထမေျမာက္ ဘုရင္ အန္တီယိုခ်ပ္စ္ က ေတာင္ကုန္းတစ္ခု၏ ထိပ္ တြင္ ဂူသခၤ ိ်ဳင္း ဗိမာန္ တစ္ခုကို ႀကီးမားေသာ ရုပ္ထုမ်ားျခံရံလ်က္ တည္ေဆာက္ခဲ့သည္။ယင္းရုပ္ထုမ်ားသည္ ဘုရင္ အန္တီယို ခ်ပ္စ္ ပုံကို ထုထား သည့္ အျမင့္ ၈ မီတာ မွ ၉ မီတာ ( ၂၆ ေပ မွ ေပ ၃၀ အထိ) ျမင့္ေသာ ရုပ္ထုမ်ားျဖစ္ၾကသည္။ျခေသၤ့ ႏွစ္ ေကာင္၊လင္းယုန္ ႏွစ္ေကာင္ ႏွင့္ ဂရိ ႏွင့္ ပါရွန္ နတ္ဘုရား ရုပ္ထုမ်ားလည္း ပါ၀င္သည္။

ရုပ္ထုမ်ားကို ထုလုပ္ၿပီး ေနရာခ်ထားစဥ္ကပင္ ဦးေခါင္းမ်ားကို ကိုယ္လုံးမ်ားမွ ျဖဳတ္ကာ အနီး၀န္းက်င္တြင္ ျပန္႕ႀကဲ ခ်ထားခဲ့သည္။နမ္ရပ္ ေတာင္ထိပ္သည္ အနီး၀န္းက်င္ရွိ အျခားေတာင္စြယ္ ေတာင္တန္းမ်ားအား ျမင္ႏိုင္သည့္ ရႈခင္းေကာင္း မြန္ ေသာ ေနရာျဖစ္သည္။အေရွ႕ဘက္ ေတာင္တန္းမ်ားၾကားမွ ေနထြက္လာခ်ိန္တြင္ ကိုယ္လုံးမဲ့ေနေသာ ဦးေခါင္းမ်ားအား လွပ ေသာ လိမ္ေမာ္ေရာင္ အေသြးမ်ားျဖင့္ ျမင္ရသည္မွာ အထူးစိတ္၀င္စားဖြယ္ ေကာင္းသကဲ့သို႕ ျမင္ရသည့္ ျမင္ကြင္းမ်ား သည္ လည္း ထူးျခား အံ့ၾသဖြယ္ ေကာင္းလွေပသည္။

၅။ ေဒးဗစ္ ရုပ္ထု

ေဒးဗစ္ ရုပ္ထုသည္ ၁၅၀၁ ခုႏွစ္မွ ၁၅၀၄ ခုႏွစ္အတြင္း ပန္းပုေက်ာ္ မိုက္ကယ္ အိန္ဂ်ယ္လို ထုဆစ္ခဲ့ေသာ သူ၏ အေကာင္းဆုံး လက္ရာတစ္ခုျဖစ္သည္။ေက်ာက္ျဖဴ ျဖင့္ ထုဆစ္ထားေသာ ေဒးဗစ္ရုပ္ထုသည္ ၅ ဒသမ ၁၇ မီတာ(၁၇ ေပ) ခန္႕ျမင့္ကာ သမၼာက်မ္းစာထဲမွ ဘုရင္ ေဒးဗစ္၏ ကိုယ္လုံးတီးပုံျဖစ္သည္။ မိုက္ကယ္ အိန္ဂ်လိုသည္ ေဒးဗစ္ရုပ္ထုကို အျခား ပုံမ်ား ႏွင့္ မတူဘဲ ထူးျခားစြာ ထုဆစ္ခဲ့ရာ ယခုအခါတြင္ လူေပါင္းမ်ားစြာ လာေရာက္ၾကည့္ရႈၾကရသည့္ လက္ရာ တစ္ခုအျဖစ္ ထင္ရွားလ်က္ရွိသည္။

မိုက္ကယ္ အိန္ဂ်လို၏ မူလလက္ရာ ေဒးဗစ္ရုပ္ထုအား ပ်က္စီး ယိုယြင္းျခင္းမွ ကာကြယ္ႏိုင္ရန္ ၁၈၇၃ ခုႏွစ္တြင္ အီတလီ ႏိုင္ငံ အကယ္ဒမီယာ ျပတိုက္သို႕ ေျပာင္းေရြ႕ခဲ့သည္။ေဒးဗစ္ရုပ္ထုသည္ မူလက ျပင္သစ္ႏိုင္ငံ ပီယာဇာ ဒယ္လ္လာ ဆစ္ဂႏိုရီယာ(Piazza della Signoria) တြင္ရွိခဲ့သည္။ေဒးဇစ္ရုပ္ထုအား အီတလီသို႕ ေျပာင္းေရြ႕ၿပီးေနာက္ မူလေနရာတြင္ ေဒးဗစ ္ႏွင့္ ပုံစံတူ ရုပ္ထု တစ္ခုကို ထုလုပ္ျပသထားသည္။

၄။ စဖင့္ ရုပ္ထု

အီဂ်စ္ႏိုင္ငံ ၿမိဳ႕ေတာ္ ကိုင္ရို အနီး ဂီဇာ ကုန္းျပင္ျမင့္တြင္ယခုတိုင္ ျမင္ေတြ႕ေနၾကရသည့္ စဖင့္ ရုပ္ထုႀကီးသည္ ကမၻာ ေပၚတြင္ အႀကီးဆုံးႏွင့္ သက္တမ္းအရွည္ၾကာဆုံး ရုပ္ထုႀကီး တစ္ခုျဖစ္သည္။စဖင့္ ရုပ္ထုႀကီးအား ထုဆစ္ခဲ့စဥ္က စဖင့္၏ မ်က္ႏွာ အား မည္သူ၏ မ်က္ႏွာအသြင္ကို ယူခဲ့သည္ ဆိုသည့္ အခ်က္ႏွင့္ မည္သည့္ အခ်ိန္က ထုလုပ္ခဲ့သည္ ၊ မည္သူ႕ အတြက္ ထုလုပ္ခဲ့သည္ ဆိုသည့္ အခ်က္ မ်ားကို ယေန႕တိုင္အျငင္းပြားေနရဆဲပင္ျဖစ္သည္။
စဖင့္ ရုပ္ထုသည္ အနီး၀န္းက်င္ရွိ ပစ္ရမစ္မ်ားထက္ မ်ားစြာ ေသးငယ္ေသာ္လည္း ကမၻာေပၚတြင္ အႀကီးမားဆုံးေသာ ေက်ာက္ထြင္း ရုပ္ထု ျဖစ္သည္။

စဖင့္ ရုပ္ထုႏွင့္ ပတ္သက္၍ အေထာက္အထားမ်ား၊ အျမင္ရႈေထာင့္မ်ား သည္ ႏွစ္ေပါင္းၾကာ ရွည္စြာ ျငင္းခုန္ေနၾကရေသာ္လည္း ေခတ္သစ္ အီဂ်စ္ေဗဒ ပညာရွင္အမ်ားစုက ေရွးက ယူဆခဲ့ၾကသည့္အတိုင္း စဖင့္ရုပ္ထုကို ဘီစီ ၂၅၀၀ ျပည့္ႏွစ္ ၊ ဖာရိုခါဖရီ လက္ထက္တြင္ တြင္ ထုဆစ္ခဲ့သည္ဟု လက္ခံထားၾကသည္။ ဖာရို ခါဖရီသည္ ဂီဇာတြင္ ဒုတိယ ေျမာက္ပစ္ရမစ္ကို ေဆာက္လုပ္ခဲ့သူတစ္ဦးဟုလည္း ယူဆၾကေပသည္။

၃။ ေလဘာတီ ရုပ္ထု (The Statue of Liberty)

ျပင္သစ္ျပည္သူမ်ားက အေမရိကန္ လြတ္လပ္ေရး ေၾကညာစာတမ္းေရး လက္မွတ္ေရးထိုးျခင္း ႏွစ္ ၁၀၀ ျပည့္ အထိမ္း အမွတ္ အျဖစ္လက္ေဆာင္ေပးခဲ့ေသာ ေလဘာတီ ရုပ္ထုသည္ ကမၻာ အႏွံ႕ မသိသူ ရွားလွသည္။ေလဘာတီကၽြန္းေပၚ တြင္ ထားရွိသည့္ အဆိုပါ ရုပ္ထုသည္ အေမရိကန္ ႏိုင္ငံ၏ ထင္ရွားေသာ အမွတ္ လကၡဏာ တစ္ခုလည္း ျဖစ္ေပသည္။ ေလဘာတီ ရုပ္ထုသည္ စတိုလာ ၀တ္ရုံကို ၀တ္ဆင္လ်က္၊သရဖူ ႏွင့္ ဖိနပ္ကို ဆင္ျမန္းထားေသာ အလြန္လွပသည့္ အမ်ိဳးသမီးတစ္ဦး ၏ ပုံသြင္ျဖစ္သည္။

ျပတ္ေတာက္ေနသည့္ သံႀကိဳးမ်ားကို နင္းေခ်ကာ ညာလက္ကို ေျမွာက္လ်က္ မီးတုတ္တစ္ခုကို ကိုင္ ေဆာင္ သယ္သူေနသည့္ အမ်ိဳးသမီး ပုံ ျဖစ္သည္။ ေလဘာတီရုပ္ထုအား ၁၈၈၄ ခုႏွစ္ ၊ ဇူလိုင္လတြင္ ျပင္သစ္ႏိုင္ငံတြင္ျပဳလုပ္ၿပီးစီးခဲ့ၿပီးေနာက္ အေမရိကန္ျပည္ေထာင္စု သို႕ေရာက္ရွိခဲ့သည္။၁၈၈၆ ခုႏွစ္မွသည္ ယေန႕ထိတိုင္ေအာင္ အေမရိကန္ျပည္ေထာင္စုသို႕ ေျပာင္းေရႊ႕ ေရာက္ရွိလာၾကသူ သန္း ေပါင္းမ်ားစြာ တို႕၏ ပထမဆုံး ဖ်တ္ကနဲ ျမင္ေတြ႕ၾကရသည့္ အေမရိကန္ ရုပ္ပုံလႊာ အျဖစ္ ထင္ရွားစြာ ရပ္တည္ေနေပ သည္။

၂။ ရက္ဒီမာ ခရစ္ေတာ္ ရုပ္ထု (Christ the Redeemer)

ဘရာဇီးလ္ ႏိုင္ငံ ၿမိဳ႕ေတာ္ ရီယို ဒီ ဂ်ာနီယို ၿမိဳ႕ရွိ မီတာ ခုနစ္ရာ(ေပ ၂၃၀၀) ျမင့္သည့္ ေကာ္ကိုဗာဒို ေတာင္ထိပ္တြင္ ရက္ဒီမာ ခရစ္ေတာ္ ရုပ္ထုရွိသည္။ေတာင္ထိပ္ေပၚမွ ဂြန္နာဘာရာ ပင္လယ္ေအာ္ အတြင္းပိုင္း ၏ ေျမာက္မွ ေတာင္သို႕ လွပ ေသာ ျမင္ကြင္းကို ျမင္ၾကရသည္။ရက္ဒီမာ ရုပ္ထုသည္ ၃၉ ဒသမ ၆ မီတာ (ေပ ၁၃၀) ျမင့္ကာ မီတာ ၃၀ (၉၈ ေပ) က်ယ္၀န္း လ်က္ ၉ ဒသမ ၅ မီတာ( ၃၁ ေပ) ျမင့္ေသာ ေအာက္ခံ ခုံလုံးရွိသည္။

ရက္ဒီမာသည္ လူရုပ္မ်ားကို ထုလုပ္ထားေသာ ရုပ္ထုမ်ားအနက္ အျမင့္ဆုံးေသာ ရုပ္ထုမ်ား အနက္ တစ္ခုျဖစ္သည္။ ဘိုလီဘီးယား ႏိုင္ငံရွိ ခရစၥတိုဒီ ကြန္ေကာ္ဒီယာ ရုပ္ထု သည္ ရက္ဒီမာထက္ အနည္းငယ္ ပိုျမင့္သည္။ရက္ဒီမာသည္ ခရစ္ ယာန္ ဘာသာ ၀င္တို႕၏ အထိမ္းအမွတ္ လကၡဏာ တစ္ခု ႏွင့္ ဘရာဇီးလ္ ႏိုင္ငံႏွင့္ ၿမိဳ႕ေတာ္ ရီယို မွခရစ္ယာန္ သူေတာ္စင္ တစ္ဦး ၏ ရုပ္ထု ျဖစ္လာခဲ့ေပသည္။

၁။ မိြဳင္ ရုပ္ထုမ်ား (Moai)

ထင္ရွားေက်ာ္ၾကားသည့္ မြိဳင္ သည္ ႀကီးမားေသာ ေက်ာက္တုံးကို ထုဆစ္ထားေသာ ရုပ္ထုမ်ားျဖစ္ၿပီး အီစတာ ကၽြန္း ေပၚတြင္ တည္ရွိသည္။အီစတာကၽြန္းသည္ ကမၻာေပၚတြင္ သီးျခားအျဖစ္ဆုံးကၽြန္းမ်ားအနက္ တစ္ခုျဖစ္သည္။ ေအဒီ ၁၂၅၀ ႏွင့္ ၁၅၀၀ အၾကားတြင္ ထိုကၽြန္း ေပၚသို႕ ကိုလိုနီျပဳရန္ ေရာက္ရွိလာခဲ့ၾကသည့္ ပိုနီရွားမ်ားက ထင္ရွားသည့္ မြိဳင္ ရုပ္ထု မ်ားကို ထု ဆစ္ခဲ့ၾကသည္။

မြိဳင္မ်ားသည္ ကြယ္လြန္ခဲ့ၾကသည့္ ဘိုးဘြားစဥ္ဆက္တို႕ကို ကိုယ္စားျပဳၾကသည့္အျပင္ ေရွးေခတ္က အႀကီးအကဲမ်ား သို႕မဟုတ္ ေရွးေခတ္ကာလမ်ားတြင္ အင္အားႀကီးမားစြာ ေနထိုင္ရပ္တည္ခဲ့မႈမ်ား၏ ျပယုဂ္လည္းျဖစ္သည္။အျမင့္ ဆုံး စိုက္ထူ ထားေသာ မြိဳင္ ရုပ္ထု သည္ ပါရို ဟု အမည္တြင္ကာ ၁၀ မီိတာ(၃၃ ေပ) ျမင့္ကာ အေလးခ်ိန္ ၇၅ တန္ ရွိသည္။အေလးခ်ိန္ ္ ၈၆ တန္ရွိ ၿပီး အၿပီး မသတ္ခဲ့သည့္ ရုပ္ထုသည္ ပါရိုထက္ အနည္းငယ္နိမ့္ကာယင္းရုပ္ထုသာ ၿပီးစီးသည္ အထိ ထုဆစ္ခဲ့မည္ ဆိုပါ က ၂၁ မီတာ( ၆၉ ေပ) ျမင့္ကာ တန္ ၂၇၀ ေလးမည္ဟု ခန္႕မွန္းၾက သည္။

ဥေရာပတိုက္သားမ်ား အီစတာကၽြန္းသို႕ ပထမဆုံးေရာက္ရွိခဲ့စဥ္ မြိဳင္ရုပ္ထုမ်ားသည္ ေတြ႕ရွိခဲ့သည္။သို႕ေသာ္လည္း ရုပ္ထု အမ်ားစုအား လူမ်ိဳးစုမ်ား အခ်င္းခ်င္း ပဋိပကၡမ်ား ျဖစ္ၿပီးၾကခ်ိန္တြင္ ပုံသြန္းခဲ့သည္ဟု လည္း ယူဆၾကသည္။ ယခုအခါ တြင္ မြိဳင္ ရုပ္ထုေပါင္း ငါးဆယ္ေက်ာ္ကို အီစတာကၽြန္းေပၚ ႏွင့္ ျပတိုက္မ်ားတြင္ ျပန္လည္ စိုက္ထူ ျပသ ထားေပသည္။

ကိုးကား
10 Statues of the world

ေမာင္သာ(ေရွးေဟာင္းသုေတသန)
၂၀၁၇ ခုႏွစ္ ဇြန္လထုတ္ သုတအလင္းမဂၢဇင္းမွ


ကမ္ဘာတလွှား ထင်ရှားကျေ်ာကြား ရုပ်တုများ (unicode)

ရေးသားသူ – မောင်သာ(ရှေးဟောင်းသုတေသန)

လူသားများသည် ပန်းချီ၊ပန်းပု၊ အဆို ၊အက အစရှိသည့် အနုပညာကို ခံစားတတ်သည့် ဗီဇစိတ်ကြောင့် သမိုင်းမတင်မီ ကာလများကတည်းကပင် ရည်ရွယ်ချက်မျိုးစုံဖြင့် အရွယ်မျိုးစုံ ရုပ်ထုများကို ဖန်တီး ထုလုပ်ခဲ့ကြသည်။လွန်ခဲ့သည့် နှစ်ပေါင်း ၃၂၀၀၀ ခန့်က ထုလုပ်ခဲ့သော ခြင်္သေ့ လူသားဟု အမည်ပေးထားသည့် အမြင့် ၂၉ ဒသမ ၆ စင်တီမီတာ (၁၁ ဒသမ ခုနစ် လက်မ) ရှိသော ရုပ်ထုအား လူသားတို့၏ ပထမဆုံး လက်ရာ ပန်းပုရုပ်ထု ဟု ယူဆ ကြသည်။ကမ္ဘာ့ အံ့ဖွယ် ခုနစ်သွယ် စာရင်း တွင် ရုပ်ထု နှစ်ခုပါဝင်သည်။မျက်မှောက်ခေတ်တွင် ရုပ်ထုများကို ဘာသာရေး ဆိုင်ရာ နတ်ဘုရားများ၊သမိုင်းဝင် မှတ်တမ်းများ၊ လူသားတို့ အပေါ် လွှမ်းမိုးခဲ့သော ပုဂ္ဂိုလ်များ၊ အထိမ်းအမှတ်၊ သင်္ကေတများ စသည်ဖြင့် အသွင် မျိုးစုံ ထုလုပ်ကြ ကာ ကမ္ဘာ့ နေရာ အနှံ့တွင် စိုက်ထူထားကြပေသည်။

၁၀။ ကမ္ဘာကျော် ရေသူမ

ဒိန်းမတ် နိုင်ငံမြို့တော် ကိုပင်ဟေဂင် ဆိပ်ကမ်းမှ ကျောက်ဆောင်တစ်ခုပေါ်တွင် ရေသူမ ရုပ်ထု တစ်ခုက လှပစွာ ထိုင်လျက်ရှိနေသည်။ထိုနေရာသို့ ပထမဆုံးအကြိမ် ရောက်ရှိလာကြသူတိုင်း ထို ရေသူမ ရုပ်ထု ကို ကြည့်ကာ အံ့အား သင့်ကြ ရသည်။ရေသူမ ရုပ်ထုသည် ၁ ဒသမ ၂၅ မီတာ ခန့်မြင့် လျက် ၁၇၅ ကီလို ဂရမ်အလေးချိန်ရှိသည်။

ယင်းရေသူမ ရုပ်ထုငယ်အား အက်ဒ်ဗတ် အာရစ်ဆန် ဆိုသူက ဒီဇိုင်းရေးဆွဲ ထုလုပ်ခဲ့ပြီး ၁၉၁၃ ခုနှစ်တွင် ရေသူမ လေး ပြဇာတ်တစ်ပုဒ်ကို အမှတ်ရစိမ့်သောငှာ ယခုနေရာတွင် စိုက်ထူထားခဲ့သည်။ရေသူမရုပ်ထုလေး၏ ဦးခေါင်းသည် အကြိမ် များစွာ ပျောက်ဆုံးခဲ့သော်လည်း ပျောက်ဆုံးခဲ့သည့် အကြိမ်တိုင်းတွင် သူမ၏ ဦးခေါင်းကို ပြန်လည် ရရှိ တပ်ဆင်ပေး နိုင်ခဲ့ သည်။ ကိုပင်ဟေဂင် အာဏာပိုင်များက ထို ရေသူမ ရုပ်ထုအား လက်သရမ်းသူများ၏ ဖျက်ဆီးမှုမှ ကာကွယ်ရန် နှင့် ကမ္ဘာ လှည့် ခရီး သည်များ ရုပ်ထုအပေါ်သို့ တက်ရောက်ကြခြင်းကို ကာကွယ်ရန် ဆိပ်ကမ်းနယ်မြေမှ အခြားတစ်နေရာသို့ ရွှေ့ ပြောင်းမည် ဟု ကြေညာခဲ့သည်။

၉။ ဒီလို့စ် ခြင်္သေ့များ (Lions of Delos)

ဂရိနိုင်ငံ၏ အရေးကြီးသော ရှေးဟောင်းသုတေသန နယ်မြေ တစ်ခုဖြစ်သည့် ဒီလို့စ်ကျွန်း၊ မိုင်ကိုနော့စ် အနီးတွင် ခြင်္သေ့ ရုပ်ထုများရှိသည်။ယင်းနေရာသည် ဂရိတို့၏ ဒဏ္ဍာရီ သမိုင်းတွင် အရေးအကြီးဆုံး နေရာတစ်ခုလည်းဖြစ်သည်။ ဒီလို့စ် ကျွန်းသည် ဂရိ ဒဏ္ဍာရီ ထဲမှ အပိုလို နှင့် အာတီမီးစ် တို့ မွေးရာနေရာ ဖြစ်မလာမီကပင် အိုလံပီယာ ဂရိလူမျိုး များ၏ မြင့်မြတ်သော အထွတ် အထိပ်နေရာတစ်ခုဟု ထောင်စုနှစ် များစွာကပင် ယူဆ ထားခဲ့သည်။အတန်းလိုက် ထုထား သည့် ဒီလို့စ် ခြင်္သေ့ များသည် အပိုလို အားရည်စူးကာ ဘီစီ ခြောက်ရာစု မတိုင်မီ က နာဆော့စ် ပြည်သူများက ထုလုပ်ခဲ့ခြင်းဖြစ် သည်။ သလင်း ကျောက်ဖြူဖြင့် ထုလုပ်ထားသော ခြင်္သေ့များသည် မူလက ၉ ကောင်မှ ၁၂ ကောင်အထိရှိခဲ့သော်လည်း ယခုအခါတွင် ၅ ကောင်သာ အကောင်းနီးပါးကျန်ရှိပြီး သုံးကောင်က ကျိုးပဲ့နေသည်။ ရာသီဥတုဒဏ်ကြောင့် ပျက်စီးနေသည့် မူလ ခြင်္သေ့ရုပ်ထုများကိုလည်း ဒီလို့စ်ရှေးဟောင်းသုတေသန ပြတိုက်သို့ ၁၉၉၉ ခုနှစ်တွင် ပြောင်းရွှေ့ထားခဲ့သည်။

၈။ မိခင်ရုရှား ရုပ်ထု (Mother Russia Statue)

ထင်ရှား ကြော်ကြားသည့် အမိမြေ ခေါ်သံ ဟု အများသိကြသော မိခင်ရုရှ ရုပ်ထု သည် ရုရှ နိုင်ငံ၊ ဗိုဂိုဂရက် ဒေသမှ မာမာယက်ဗ်ကာဂန် တွင် တည်ရှိသည်။ထိုရုပ်ထုသည် စတာလင်ဂရက် တိုက်ပွဲ အထိမ်းအမှတ် ရုပ်ထုလည်းဖြစ်သည်။၁၉၆၇ ခုနှစ် တွင် မိခင်ရုရှ ရုပ်ထုကို ဖွင့်လှစ်ခဲ့စဉ်က ကမ္ဘာပေါ်တွင် အမြင့်ဆုံးရုပ်ထု ဖြစ်ခဲ့သည်။ရုပ်ထု၏ လှံထိပ်ဖျားမှ ရုပ်ထု အောက် ခံ ခုံ ထိပ်အထိ အမြင့် ၈၅ မီတာ(၂၇၉ ပေ) ရှိသည်။ရုပ်ထုသည် ၅၂ မီတာ(၁၇၀ ပေ) မြင့်၍ ဓားက ၃၃ မီတာ(၁၀၈ ပေ) ရှည် သည်။

စတာလင်ဂရက် တိုက်ပွဲသည် ရက်ပေါင်း ၂၀၀ ကြာရှည်ခဲ့သဖြင့် တိုက်ပွဲဖြစ်ခဲ့သည့် ရက်အထိမ်းအမှတ်အဖြစ် ရုပ်ထု စိုက်ထူထားသည့် တောင်ခြေမှ ရုပ်ထု အထိ လှေကားထစ်ပေါင်း၂၀၀ တိတိ ပြုလုပ်ထားသည်။ယခုအခါတွင် အောက်ခြေ ပန္နက် ရွေ့လျားမှုများကြောင့် မြေအောက်ရေလွှာ ပြောင်းလဲလာသဖြင့် မိခင်ရုရှ ရုပ်ထုသည် အနည်းငယ် တိမ်းစောင်းနေပေသည်။

၇။ အော်လမက် ရုပ်ထု (The Olmec)

အော်လ်မက်ခေတ် သည် မက္ကဆီကိုနိုင်ငံ တောင်ဘက် အလယ်ပိုင်း အပူပိုင်း မြေနိမ့်ဒေသများတွင် နေထိုင်ခဲ့ သည့် ရှေးဟောင်း ကိုလံဘီယာ အကြို ယဉ်ကျေးမှု ကာလဖြစ်သည်။ယခု လက်ရှိခေတ်တွင် ဗာရာခရုစ် နှင့် တာဘက်စ်ကို ပြည်နယ် နေရာများ ဖြစ်သည်။အော်လ်မက် ယဉ်ကျေးမှုသည် ဘီစီ ၁၄၀၀ မှ ဘီစီ ၄၀၀ အတွင်း တိုးတက် ဖြစ်ထွန်းခဲ့ရာ အော်လ်မက် ယဉ်ကျေးမှု၏ အများအသိအမှတ်အပြုဆုံးသော သွင်ပြင်လက္ခဏာသည် ခေါင်းဆောင်း ခမောက်ဆောင်းထားသည့် အလွန် ကြီးမားသော ဦးခေါင်း ရုပ်ထုများဖြစ်သည်။

ထိုဦးခေါင်းများအား အောလ်မက် ယဉ်ကျေးမှု ကာလအတွင်း စိုးစံခဲ့သော အုပ်ချုပ်သူများ၏ ရုပ်ထု များဟု ယူဆကြ သည်။ရုပ်ထုများသည် ယခုခေတ် ဘောလုံးအားကစားသမားများ ဝတ်ဆင်ထားသည့် ပုံသွင်ရှိနေကြသည်။သို့သော် မည်သည့် ဦးခေါင်း နှစ်ခုမှ တစ်ခုနှင့် တစ်ခု တူညီမှု မရှိဘဲ ခမောက်နှင့်တူသော ခေါင်းဆောင်းများကို သိသာကွဲပြားသော ပစ္စည်း များဖြင့် ပြုလုပ် ထားသည်။ထိုနေရာတွင် ဦးခေါင်း ၁၇ ခုကို တူးဖော် တွေ့ရှိထားပြီးဖြစ်သည်။ဦးခေါင်းရုပ်ထုများသည် အရွယ်အစား မျိုးစုံဖြစ်ပြီး ၁ ဒသမ ၄၇ မီတာ နှင့် ၃ ဒသမ ၄ မီတာ အကြားရှိကြပေသည်။

၆။ နမ်ရပ်တောင် (Mount Nemrut)

တူရကီ နိုင်ငံ အရှေ့တောင်ပိုင်း တွင် တည်ရှိသော ၂၁၃၄ မီတာ(ပေ ၇၀၀၀) မြင့်သည့် နမ်ရပ်တောင်သည် အဒီရာ မန် မြို့တော် အနီးတွင် တည်ရှိသည်။ဘီစီ ၆၂ ခုနှစ်တွင် ပထမမြောက် ဘုရင် အန်တီယိုချပ်စ် က တောင်ကုန်းတစ်ခု၏ ထိပ် တွင် ဂူသင်္ခ ိ်ဳင်း ဗိမာန် တစ်ခုကို ကြီးမားသော ရုပ်ထုများခြံရံလျက် တည်ဆောက်ခဲ့သည်။ယင်းရုပ်ထုများသည် ဘုရင် အန်တီယို ချပ်စ် ပုံကို ထုထား သည့် အမြင့် ၈ မီတာ မှ ၉ မီတာ ( ၂၆ ပေ မှ ပေ ၃၀ အထိ) မြင့်သော ရုပ်ထုများဖြစ်ကြသည်။ခြင်္သေ့ နှစ် ကောင်၊လင်းယုန် နှစ်ကောင် နှင့် ဂရိ နှင့် ပါရှန် နတ်ဘုရား ရုပ်ထုများလည်း ပါဝင်သည်။

ရုပ်ထုများကို ထုလုပ်ပြီး နေရာချထားစဉ်ကပင် ဦးခေါင်းများကို ကိုယ်လုံးများမှ ဖြုတ်ကာ အနီးဝန်းကျင်တွင် ပြန့်ကြဲ ချထားခဲ့သည်။နမ်ရပ် တောင်ထိပ်သည် အနီးဝန်းကျင်ရှိ အခြားတောင်စွယ် တောင်တန်းများအား မြင်နိုင်သည့် ရှုခင်းကောင်း မွန် သော နေရာဖြစ်သည်။အရှေ့ဘက် တောင်တန်းများကြားမှ နေထွက်လာချိန်တွင် ကိုယ်လုံးမဲ့နေသော ဦးခေါင်းများအား လှပ သော လိမ်မော်ရောင် အသွေးများဖြင့် မြင်ရသည်မှာ အထူးစိတ်ဝင်စားဖွယ် ကောင်းသကဲ့သို့ မြင်ရသည့် မြင်ကွင်းများ သည် လည်း ထူးခြား အံ့ဩဖွယ် ကောင်းလှပေသည်။

၅။ ဒေးဗစ် ရုပ်ထု

ဒေးဗစ် ရုပ်ထုသည် ၁၅၀၁ ခုနှစ်မှ ၁၅၀၄ ခုနှစ်အတွင်း ပန်းပုကျော် မိုက်ကယ် အိန်ဂျယ်လို ထုဆစ်ခဲ့သော သူ၏ အကောင်းဆုံး လက်ရာတစ်ခုဖြစ်သည်။ကျောက်ဖြူ ဖြင့် ထုဆစ်ထားသော ဒေးဗစ်ရုပ်ထုသည် ၅ ဒသမ ၁၇ မီတာ(၁၇ ပေ) ခန့်မြင့်ကာ သမ္မာကျမ်းစာထဲမှ ဘုရင် ဒေးဗစ်၏ ကိုယ်လုံးတီးပုံဖြစ်သည်။ မိုက်ကယ် အိန်ဂျလိုသည် ဒေးဗစ်ရုပ်ထုကို အခြား ပုံများ နှင့် မတူဘဲ ထူးခြားစွာ ထုဆစ်ခဲ့ရာ ယခုအခါတွင် လူပေါင်းများစွာ လာရောက်ကြည့်ရှုကြရသည့် လက်ရာ တစ်ခုအဖြစ် ထင်ရှားလျက်ရှိသည်။

မိုက်ကယ် အိန်ဂျလို၏ မူလလက်ရာ ဒေးဗစ်ရုပ်ထုအား ပျက်စီး ယိုယွင်းခြင်းမှ ကာကွယ်နိုင်ရန် ၁၈၇၃ ခုနှစ်တွင် အီတလီ နိုင်ငံ အကယ်ဒမီယာ ပြတိုက်သို့ ပြောင်းရွေ့ခဲ့သည်။ဒေးဗစ်ရုပ်ထုသည် မူလက ပြင်သစ်နိုင်ငံ ပီယာဇာ ဒယ်လ်လာ ဆစ်ဂနိုရီယာ(Piazza della Signoria) တွင်ရှိခဲ့သည်။ဒေးဇစ်ရုပ်ထုအား အီတလီသို့ ပြောင်းရွေ့ပြီးနောက် မူလနေရာတွင် ဒေးဗစ ္နှင့် ပုံစံတူ ရုပ်ထု တစ်ခုကို ထုလုပ်ပြသထားသည်။

၄။ စဖင့် ရုပ်ထု

အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရို အနီး ဂီဇာ ကုန်းပြင်မြင့်တွင်ယခုတိုင် မြင်တွေ့နေကြရသည့် စဖင့် ရုပ်ထုကြီးသည် ကမ္ဘာ ပေါ်တွင် အကြီးဆုံးနှင့် သက်တမ်းအရှည်ကြာဆုံး ရုပ်ထုကြီး တစ်ခုဖြစ်သည်။စဖင့် ရုပ်ထုကြီးအား ထုဆစ်ခဲ့စဉ်က စဖင့်၏ မျက်နှာ အား မည်သူ၏ မျက်နှာအသွင်ကို ယူခဲ့သည် ဆိုသည့် အချက်နှင့် မည်သည့် အချိန်က ထုလုပ်ခဲ့သည် ၊ မည်သူ့ အတွက် ထုလုပ်ခဲ့သည် ဆိုသည့် အချက် များကို ယနေ့တိုင်အငြင်းပွားနေရဆဲပင်ဖြစ်သည်။

စဖင့် ရုပ်ထုသည် အနီးဝန်းကျင်ရှိ ပစ်ရမစ်များထက် များစွာ သေးငယ်သော်လည်း ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ကျောက်ထွင်း ရုပ်ထု ဖြစ်သည်။စဖင့် ရုပ်ထုနှင့် ပတ်သက်၍ အထောက်အထားများ၊ အမြင်ရှုထောင့်များ သည် နှစ်ပေါင်းကြာ ရှည်စွာ ငြင်းခုန်နေကြရသော်လည်း ခေတ်သစ် အီဂျစ်ဗေဒ ပညာရှင်အများစုက ရှေးက ယူဆခဲ့ကြသည့်အတိုင်း စဖင့်ရုပ်ထုကို ဘီစီ ၂၅၀၀ ပြည့်နှစ် ၊ ဖာရိုခါဖရီ လက်ထက်တွင် တွင် ထုဆစ်ခဲ့သည်ဟု လက်ခံထားကြသည်။ ဖာရို ခါဖရီသည် ဂီဇာတွင် ဒုတိယ မြောက်ပစ်ရမစ်ကို ဆောက်လုပ်ခဲ့သူတစ်ဦးဟုလည်း ယူဆကြပေသည်။

၃။ လေဘာတီ ရုပ်ထု (The Statue of Liberty)

ပြင်သစ်ပြည်သူများက အမေရိကန် လွတ်လပ်ရေး ကြေညာစာတမ်းရေး လက်မှတ်ရေးထိုးခြင်း နှစ် ၁၀၀ ပြည့် အထိမ်း အမှတ် အဖြစ်လက်ဆောင်ပေးခဲ့သော လေဘာတီ ရုပ်ထုသည် ကမ္ဘာ အနှံ့ မသိသူ ရှားလှသည်။လေဘာတီကျွန်းပေါ် တွင် ထားရှိသည့် အဆိုပါ ရုပ်ထုသည် အမေရိကန် နိုင်ငံ၏ ထင်ရှားသော အမှတ် လက္ခဏာ တစ်ခုလည်း ဖြစ်ပေသည်။ လေဘာတီ ရုပ်ထုသည် စတိုလာ ဝတ်ရုံကို ဝတ်ဆင်လျက်၊သရဖူ နှင့် ဖိနပ်ကို ဆင်မြန်းထားသော အလွန်လှပသည့် အမျိုးသမီးတစ်ဦး ၏ ပုံသွင်ဖြစ်သည်။ပြတ်တောက်နေသည့် သံကြိုးများကို နင်းချေကာ ညာလက်ကို မြှောက်လျက် မီးတုတ်တစ်ခုကို ကိုင် ဆောင် သယ်သူနေသည့် အမျိုးသမီး ပုံ ဖြစ်သည်။

လေဘာတီရုပ်ထုအား ၁၈၈၄ ခုနှစ် ၊ ဇူလိုင်လတွင် ပြင်သစ်နိုင်ငံတွင်ပြုလုပ်ပြီးစီးခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စု သို့ရောက်ရှိခဲ့သည်။၁၈၈၆ ခုနှစ်မှသည် ယနေ့ထိတိုင်အောင် အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့ ရောက်ရှိလာကြသူ သန်း ပေါင်းများစွာ တို့၏ ပထမဆုံး ဖျတ်ကနဲ မြင်တွေ့ကြရသည့် အမေရိကန် ရုပ်ပုံလွှာ အဖြစ် ထင်ရှားစွာ ရပ်တည်နေပေ သည်။

၂။ ရက်ဒီမာ ခရစ်တော် ရုပ်ထု (Christ the Redeemer)

ဘရာဇီးလ် နိုင်ငံ မြို့တော် ရီယို ဒီ ဂျာနီယို မြို့ရှိ မီတာ ခုနစ်ရာ(ပေ ၂၃၀၀) မြင့်သည့် ကော်ကိုဗာဒို တောင်ထိပ်တွင် ရက်ဒီမာ ခရစ်တော် ရုပ်ထုရှိသည်။တောင်ထိပ်ပေါ်မှ ဂွန်နာဘာရာ ပင်လယ်အော် အတွင်းပိုင်း ၏ မြောက်မှ တောင်သို့ လှပ သော မြင်ကွင်းကို မြင်ကြရသည်။ရက်ဒီမာ ရုပ်ထုသည် ၃၉ ဒသမ ၆ မီတာ (ပေ ၁၃၀) မြင့်ကာ မီတာ ၃၀ (၉၈ ပေ) ကျယ်ဝန်း လျက် ၉ ဒသမ ၅ မီတာ( ၃၁ ပေ) မြင့်သော အောက်ခံ ခုံလုံးရှိသည်။

ရက်ဒီမာသည် လူရုပ်များကို ထုလုပ်ထားသော ရုပ်ထုများအနက် အမြင့်ဆုံးသော ရုပ်ထုများ အနက် တစ်ခုဖြစ်သည်။ ဘိုလီဘီးယား နိုင်ငံရှိ ခရစ္စတိုဒီ ကွန်ကော်ဒီယာ ရုပ်ထု သည် ရက်ဒီမာထက် အနည်းငယ် ပိုမြင့်သည်။ရက်ဒီမာသည် ခရစ် ယာန် ဘာသာ ဝင်တို့၏ အထိမ်းအမှတ် လက္ခဏာ တစ်ခု နှင့် ဘရာဇီးလ် နိုင်ငံနှင့် မြို့တော် ရီယို မှခရစ်ယာန် သူတော်စင် တစ်ဦး ၏ ရုပ်ထု ဖြစ်လာခဲ့ပေသည်။

၁။ မွိုင် ရုပ်ထုများ (Moai)

ထင်ရှားကျော်ကြားသည့် မွိုင် ုသည် ကြီးမားသော ကျောက်တုံးကို ထုဆစ်ထားသော ရုပ်ထုများဖြစ်ပြီး အီစတာ ကျွန်း ပေါ်တွင် တည်ရှိသည်။အီစတာကျွန်းသည် ကမ္ဘာပေါ်တွင် သီးခြားအဖြစ်ဆုံးကျွန်းများအနက် တစ်ခုဖြစ်သည်။ အေဒီ ၁၂၅၀ နှင့် ၁၅၀၀ အကြားတွင် ထိုကျွန်း ပေါ်သို့ ကိုလိုနီပြုရန် ရောက်ရှိလာခဲ့ကြသည့် ပိုနီရှားများက ထင်ရှားသည့် မွိုင် ရုပ်ထု များကို ထု ဆစ်ခဲ့ကြသည်။

မွိုင်များသည် ကွယ်လွန်ခဲ့ကြသည့် ဘိုးဘွားစဉ်ဆက်တို့ကို ကိုယ်စားပြုကြသည့်အပြင် ရှေးခေတ်က အကြီးအကဲများ သို့မဟုတ် ရှေးခေတ်ကာလများတွင် အင်အားကြီးမားစွာ နေထိုင်ရပ်တည်ခဲ့မှုများ၏ ပြယုဂ်လည်းဖြစ်သည်။အမြင့် ဆုံး စိုက်ထူ ထားသော မွိုင် ရုပ်ထု သည် ပါရို ဟု အမည်တွင်ကာ ၁၀ မိတာ(၃၃ ပေ) မြင့်ကာ အလေးချိန် ၇၅ တန် ရှိသည်။အလေးချိန် ္ ၈၆ တန်ရှိ ပြီး အပြီး မသတ်ခဲ့သည့် ရုပ်ထုသည် ပါရိုထက် အနည်းငယ်နိမ့်ကာယင်းရုပ်ထုသာ ပြီးစီးသည် အထိ ထုဆစ်ခဲ့မည် ဆိုပါ က ၂၁ မီတာ( ၆၉ ပေ) မြင့်ကာ တန် ၂၇၀ လေးမည်ဟု ခန့်မှန်းကြ သည်။

ဥရောပတိုက်သားများ အီစတာကျွန်းသို့ ပထမဆုံးရောက်ရှိခဲ့စဉ် မွိုင်ရုပ်ထုများသည် တွေ့ရှိခဲ့သည်။သို့သော်လည်း ရုပ်ထု အများစုအား လူမျိုးစုများ အချင်းချင်း ပဋိပက္ခများ ဖြစ်ပြီးကြချိန်တွင် ပုံသွန်းခဲ့သည်ဟု လည်း ယူဆကြသည်။ ယခုအခါ တွင် မွိုင် ရုပ်ထုပေါင်း ငါးဆယ်ကျော်ကို အီစတာကျွန်းပေါ် နှင့် ပြတိုက်များတွင် ပြန်လည် စိုက်ထူ ပြသ ထားပေသည်။

ကိုးကား
10 Statues of the world

မောင်သာ(ရှေးဟောင်းသုတေသန)
၂၀၁၇ ခုနှစ် ဇွန်လထုတ် သုတအလင်းမဂ္ဂဇင်းမှ

Leave a Reply