နွစ္ေပါင္း(၄၀၀၀)ေက်ာ္ သက္တမ္းရွိ အီဂ်စ္ပိရမစ္ႀကီးတစ္ခုကို ဖြင့္လုိက္တဲ့အခါ

Posted on

ေရွးေခတ္အီဂ်စ္ေတြရဲ့ ျမင့္မားတဲ့ယဥ္ေက်းမႈ အဆင္တန္ဆာေတြ ျခယ္မႈန္းထားတဲ့ ဒီသခ်ိဳင္းဂူေဟာင္းကိုေတာ့ ၁၉၄၀ခုနွစ္ေလာက္ကတည္းက စတင္ေတြ႔ရွိခဲ့တာျဖစ္ပါတယ္။ က်န္ခဲ့တဲ့ရာစုနွစ္ရဲ့ ေလးပံုသံုးပံုကာလတည္းက တည္ေဆာက္ခဲ့တဲ့ အီဂ်စ္ဂူသခ်ိဳင္းတစ္ခုကို အီဂ်စ္ေရွးေဟာင္းပစၥည္းေလ့လာရွာေဖြေရး ေက်ာင္းသားအဖြဲ႔ကစတင္ေတြ႔ရွိခဲ့ပါ တယ္။

ဒီသခၤ်ဳိင္းဂူဟာ ေရွးအီဂ်စ္လူအဖြဲ႔အစည္းက အထက္တန္းမ်ိဳးႏြယ္ေတြထဲက ပုဂၢိဳလ္တစ္ဦးရဲ့ဂူျဖစ္ပံုရျပီး ယင္းကာလကအဆင့္ျမင့္ဆံုးေသာ လက္ရာေတြနဲ႔ လွလွပပ ပံုေဖာ္တည္ေဆာက္တာကိုေတြ႕ရပါတယ္။ ယေန႔အခ်ိန္မွာေတာ့ အမ်ားျပည္သူေလ့လာ ၾကည့္ရႈနိုင္ရန္ အီဂ်စ္အစိုးရက ဖြင့္လွစ္ျပသဖို႔ဆံုးျဖတ္ခဲ့ပါတယ္။

ဒီဂူသခ်ိဳင္းဟာ မွာေရွးေခတ္အီဂ်စ္ေတြရဲ့ အဆင့္အတန္းျမင့္မားတဲ့ ေဖာ္က်ဴးမႈေတြကို လာေရာက္ေလ့လာသူေတြ ျမင္ေတြ႕ရမွာပါ။ ဒီဂူကို လြန္ခဲ့တဲ့ႏွစ္ေပါင္း ၇၀ေလာက္ကတည္းက ေတြ႔ရွိခဲ့တာျဖစ္ေပမယ့္ လိုအပ္တဲ့သုေသသနျပဳမႈေတြ၊အတည္ျပဳခ်က္ေတြရယူေနရျပီး ေဒသတြင္း အေျခအေနနဲ႔ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ယေန႔အခ်ိန္မွသာ ဖြင့္လွစ္နိုင္ခဲ့တာျဖစ္တယ္လို႔ အီဂ်စ္ယဥ္ေက်းမႈနဲ႔ေရွးေဟာင္းအနု ပညာလက္ရာမ်ားထိန္းသိမ္းေစာင့္ေရွာက္ေရးဝန္ၾကီး Khaled El Anany ကလာေရာက္ သတင္းယူတဲ့မီဒီယာေတြကို ရွင္းလင္းေျပာဆိုခဲ့တာပါ။

ဝန္ၾကီးကပဲ ဆက္လက္ျပီး ကၽြန္ေတာ္တို႔အေနနဲ႔ ဒီေနရာကို လြန္ခဲ့တဲ့ (၂)နွစ္၊(၃)နွစ္ေလာက္ ကတည္းကဖြင့္ဖို႔စီစဥ္ခဲ့ေပမဲ့ တစ္ျခားျပတိုက္ေတြကို ဖြင့္လွစ္ေနခဲ့ရတာေၾကာင့္ ဒီဘက္ကို အာရံုအျပည့္အဝမစိုက္နိုင္ခဲ့ပါဘူး။ ကၽြန္ေတာ္တို႕ဖြင့္လွစ္ခဲ့ျပီး ျဖစ္တဲ့ Sohag’s ျပတိုက္ဆိုရင္ ယခုလိုဖြင့္လွစ္ျပသဖို႔ နွစ္(၃၀)ေလာက္အခ်ိန္ယူ ျပင္ဆင္ခဲ့ ရပါတယ္။

ယေန႔မွာေတာ့ ကၽြန္ေတာ္တို႔အေနနဲ႔နွစ္ကာလမ်ားစြာ ဖြင့္လွစ္ဖို႔ျပင္ဆင္ခဲ့ရတဲ့ဒီျပတိုက္ကို ေအာင္ျမင္စြာဖြင့္လွစ္ေပးနိုင္ျပီျဖစ္ျပီး ယခုလို နိုင္ငံတကာက သံတမန္ ေတြနဲ႔ ျပည္တြင္း၊ျပည္ပမီဒီယာေတြကိုဖိတ္ၾကားျပီး သတင္းစာရွင္းလင္းပြဲျပဳလုပ္ရျခင္း ျဖစ္တယ္လို႔ ေျပာၾကားခဲ့တာပါ။

ဒီသခၤ်ဳိင္းဂူဟာ ေသဆံုးသူရဲ့ ေခါင္းတလားကုိေတာ့ ေျမၾကီး အတြင္းျမဳပ္နွံသျဂိဳလ္ထားတဲ့ Saqqara အမ်ိဳးအစား ပိရမစ္ျဖစ္ျပီး နဲ႔တစ္ေခတ္တစ္ခါက အီဂ်စ္သမိုင္းမွာထင္ရွားခဲ့တဲ့ ျမိဳ႕ျပတစ္ခုျဖစ္တဲ့ Memphis ဆိုတဲ့ စကားလံုးေတြအရ ဒီသခ်ိဳင္းဂူရဲ့ သက္တမ္းဟာ အနည္းဆံုးနွစ္(၄၀၀၀)ေလာက္ ရွိေနျပီျဖစ္ျပီး ၂၃၀၀ ဘီစီ ပတ္ဝန္းက်င္ကတည္ေဆာက္ခဲ့တာ ျဖစ္နိုင္တယ္လို႔ ပညာရွင္ ေတြကသတ္မွတ္ၾကပါတယ္။ ဒါအျပင္ ဒီသခ်ိဳင္းမွာျမဳပ္နွံထားသူဟာ Mehu ဆိုတဲ့ အမ်ိဳး သားျဖစ္ျပီး သူဟာ (၆) ဆက္ေျမာက္အီဂ်စ္မင္းဆက္ ရဲ့ ထိပ္တန္း မွဴးမက္တစ္ဦးျဖစ္ပံုေပၚပါတယ္။

ဒါအျပင္ သခ်ိဳင္းဂူနံရံမွာရွိတဲ့ အေသးစိတ္ျခယ္သ မႈေတြေၾကာင့္ Mehu ဟာအသက္ရွိစဥ္က (၄၈) ခုထက္မနည္းေသာ ဆုတံဆိပ္ေတြကို ပိုင္ဆိုင္ခဲ့သူ ျဖစ္ေၾကာင္း ပညာရွင္ေတြက ခန္႔မွန္းေျပာဆိုၾကပါတယ္။ သူဟာ Vizer (ထိပ္တန္းအမက္)တစ္ဦးျဖစ္ျပီး တရားစီရင္ေရးနယ္ပယ္မွာလည္း ထိပ္တန္း တရားသူၾကီးတစ္ဦးလည္းျဖစ္ပါတယ္။

ဒါေပမဲ့ အီဂ်စ္မင္းဆက္ရဲ့ (၆)ဆက္ေျမာက္ ဘုရင္ျဖစ္တဲ့ Teti ရဲ့ အထူးအားထားရတဲ့အမက္ျဖစ္ျပီး နန္းေတာ္အတြင္းမွာလည္း အဓိက စီမံခန္႕ခြဲအုပ္ခ်ဳပ္တဲ့သူလည္းျဖစ္ေၾကာင္း အီဂ်စ္ေရွးေဟာင္း သုေသသနပညာ ရွင္ Zahi Hawassေတြ႔ ရွိခ်က္ကို ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ယခုဖြင့္လွစ္ထားရွိတဲ့ Mehu ရဲ့သခ်ိဳင္းဟာ(၂၆၄၉-၂၁၅၀ Bc)ကာလတုန္းကအီဂ်စ္ျပည္ရဲ့ အနုသုခုမလက္ရာ မ်ားစြာ ကိုယေန႔တိုင္ထိန္းသိမ္းထားဆဲျဖစ္ေၾကာင္းကို သခ်ိဳင္းဂူအတြင္းကနံရံေတြမွာ ျခယ္မႈန္းထားတဲ့ လက္ရာေတြက သက္ေသခံေနပါတယ္။ဒါအျပင္ က်ယ္ဝန္းတဲ့ တံတိုင္းပါရွိျပီး အေရာင္ေလးေရာင္စပ္တန္ဆာဆင္ထားတဲ့ အခန္းမ်ားစြာကိုလည္း ဒီသခ်ိဳင္းဂူအတြင္း မွာပါရွိပါတယ္။

ဒါအျပင္ Mehu သခ်ိဳင္းရဲ့နံရံေတြမွာျခယ္သထားတဲ့ သေကၤတေတြဟာ ေရွးေဟာင္းအီဂ်စ္ေတြရဲ့ ေနထိုင္မႈပံုစံေတြျဖစ္တဲ့ သတၳဳတူးျခင္း၊ ေကာက္ပဲသီးႏွံမ်ားကိုရိတ္သိမ္းျခင္း၊ သေဘၤာမ်ားတည္ေဆာက္ျခင္း၊ ပုိက္ကိုအသံုး ျပဳျပီးငါးဖမ္းနည္း၊ အစားအေသာက္ျပင္ဆင္ျခင္းေတြကို ေဖာ္ျပေနပါတယ္။ ေရွးေဟာင္း အီဂ်စ္ေတြရဲ့ အမဲလိုက္ရာ ကၽြမ္းက်င္လိမၼာျပီး သူရသတၱိနဲ႔ျပည့္ဝမႈေတြကိုလည္း ဒီနံရံ ေတြမွာရွိတဲ့ ပံုရိပ္ေတြနဲ႔ေဖာ္က်ဴးထားတာကိုလည္းေတြ႔ရပါတယ္။

အ့ံၾသစရာေကာင္း တာကေတာ့ ေရွးအီဂ်စ္ေတြဟာ အထိမ္းအမွတ္ပြဲေတာ္ေတြ ျပဳလုပ္ေလ့ရွိျပီး ဒီပြဲေတာ္ေတြမွာ ဆန္းျပားတဲ့ကကြက္ေတြနဲ႔ အသံုးေတာ္ခံတဲ့ ကေျခသည္ေတြလည္းရွိခဲ့ေၾကာင္း ကို အဲဒီMehu သခ်ိဳင္းျပတိုက္နံရံေတြကေန ေဖာ္ျပလ်က္ရွိေနတာပါ။

ဒီသခ်ိဳင္းမွာေတြ႔ရွိတဲ့တရားဝင္အခ်က္အလက္ေတြအရ Mehu ဟာသူရဲ့သားျဖစ္သူ Meren Ra၊သူရဲ့ေျမးျဖစ္သူ Heteb Khaတို႔နဲ႔အတူ ျမဳပ္ႏွံသျဂိဳလ္ျခင္းခံခဲ့ရပါတယ္။ ေရွး ေဟာင္းပညာရွင္ေတြရဲ့ အေသးစိတ္ေလ့လာခ်က္ေတြအရ ေသးငယ္တဲ့ အကန္႔တစ္ခု တြင္းျမဳပ္နွံထားတဲ့ Merye-ankh (ေရွးအီဂ်စ္ဘုန္းေတာ္ၾကီးေတြရဲ့ အေဆာင္ပစၥည္း ) တစ္ခုကို ဒီသခ်ိဳင္းထဲတူးေဖာ္ရရွိခဲ့ပါတယ္။

ဘဝရဲ့ေသာ့ခ်က္လို႔အဓိပၸါယ္သက္ေရာက္ တဲ့အေဆာင္ဟာ ေနရာဌာနတစ္ခုကို အဓမၼဝင္ေရာက္တိုက္ခိုက္ခဲ့ျပီးေနာက္ သံုးရတဲ့ အေဆာင္ျဖစ္တာေၾကာင့္ Mehu ဟာဒီသခ်ိဳင္းရဲ့ ပိုင္ရွင္အစစ္အမွန္မဟုတ္ပဲ ပိုင္ရွင္လက္ ထဲကေနအဓမၼသိမ္းယူထားတာျဖစ္တယ္လို႔ ပညာရွင္ေတြကယူဆၾကပါတယ္။ အီဂ်စ္နိုင္ငံရဲ့ ပိရမစ္ျမိဳ႕ေတာ္ ဂုိင္ဇာဧရိယာရဲ့ အျပင္ဘက္မွာတည္ရွိေနတဲ့ ဒီ Saqqara ဧရိယာ ဟာဖြင့္လွစ္တဲ့အခ်ိန္ကတည္းက လာေရာက္ေလ့လာသူ အေတာ္ေလးမ်ားျပားခဲ့ ပါတယ္။

Mehuသခ်ိဳင္းတည္ရွိရာ Saqqara ဧရိယာဟာ ၁၉၇၉ ခုနွစ္ေလာက္ကတည္းက ထိန္းသိမ္း ရမဲ့ ကမာၻအေမြအနွစ္ ေနရာအျဖစ္ UNESCOက အသိအမွတ္ျပဳထားခဲ့ျပီးလည္းျဖစ္ပါ တယ္။ အီဂ်စ္သက္ဦးဆံပိုင္ဘုရင္ေတြမဟုတ္တဲ့ ယင္းကာလက အထင္ကရပုဂိၢဳလ္အမ်ားစုကုိျမဳပ္နွံရာ သခ်ိဳင္းေဟာင္းၾကီးဟာ လြန္ခဲ့တဲ့နွစ္ေပါင္း(၄၀၀၀)ခန္႔အၾကာက စီးဆင္းခဲ့တဲ့ အီဂ်စ္ေတြရဲ့ လူေနမူစရိုက္ကို မီးေမာင္းထိုးျပေပးေနတဲ့ ေနရာတစ္ခုလည္းျဖစ္ပါတယ္။

VIDEO

————————-

နှစ်ပေါင်း(၄၀၀၀)ကျော် သက်တမ်းရှိ အီဂျစ်ပိရမစ်ကြီးတစ်ခုကို ဖွင့်လှစ်လိုက်တဲ့အခါ (unicode)

ရှေးခေတ်အီဂျစ်တွေရဲ့ မြင့်မားတဲ့ယဉ်ကျေးမှု အဆင်တန်ဆာတွေ ခြယ်မှုန်းထားတဲ့ ဒီသချိုင်းဂူဟောင်းကိုတော့ ၁၉၄ဝခုနှစ်လောက်ကတည်းက စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ကျန်ခဲ့တဲ့ရာစုနှစ်ရဲ့ လေးပုံသုံးပုံကာလတည်းက တည်ဆောက်ခဲ့တဲ့ အီဂျစ်ဂူသချိုင်းတစ်ခုကို အီဂျစ်ရှေးဟောင်းပစ္စည်းလေ့လာရှာဖွေရေး ကျောင်းသားအဖွဲ့ကစတင်တွေ့ရှိခဲ့ပါ တယ်။ ဒိသင်္ချိုင်းဂူဟာ ရှေးအီဂျစ်လူအဖွဲ့အစည်းက အထက်တန်းမျိုးနွယ်တွေထဲက ပုဂ္ဂိုလ်တစ်ဦးရဲ့ဂူဖြစ်ပုံရပြီး ယင်းကာလကအဆင့်မြင့်ဆုံးသော လက်ရာတွေနဲ့ လှလှပပ ပုံဖော်တည်ဆောက်တာကိုတွေ့ရပါတယ်။ ယနေ့အချိန်မှာတော့ အများပြည်သူလေ့လာ ကြည့်ရှုနိုင်ရန် အီဂျစ်အစိုးရက ဖွင့်လှစ်ပြသဖို့ဆုံးဖြတ်ခဲ့ပါတယ်။

ဒီဂူသချိုင်းဟာ မှာရှေးခေတ်အီဂျစ်တွေရဲ့ အဆင့်အတန်းမြင့်မားတဲ့ ဖော်ကျူးမှုတွေကို လာရောက်လေ့လာသူတွေ မြင်တွေ့ရမှာပါ။ ဒီဂူကို လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀လောက်ကတည်းက တွေ့ရှိခဲ့တာဖြစ်ပေမယ့် လိုအပ်တဲ့သုသေသနပြုမှုတွေ၊အတည်ပြုချက်တွေရယူနေရပြီး ဒေသတွင်း အခြေ အနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ယနေ့အချိန်မှသာ ဖွင့်လှစ်နိုင်ခဲ့တာဖြစ်တယ်လို့ အီဂျစ်ယဉ်ကျေးမှုနဲ့ရှေးဟောင်းအနု ပညာလက်ရာများထိန်းသိမ်းစောင့်ရှောက်ရေးဝန်ကြီး Khaled El Anany ကလာရောက် သတင်းယူတဲ့မီဒီယာတွေကို ရှင်းလင်းပြောဆိုခဲ့တာပါ။

ဝန်ကြီးကပဲ ဆက်လက်ပြီး ကျွန်တော်တို့အနေနဲ့ ဒီနေရာကို လွန်ခဲ့တဲ့ (၂)နှစ်၊(၃)နှစ်လောက် ကတည်းကဖွင့်ဖို့စီစဉ်ခဲ့ပေမဲ့ တစ်ခြားပြတိုက်တွေကို ဖွင့်လှစ်နေခဲ့ရတာကြောင့် ဒီဘက်ကို အာရုံအပြည့်အဝမစိုက်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ဖွင့်လှစ်ခဲ့ပြီး ဖြစ်တဲ့ Sohag’s ပြတိုက်ဆိုရင် ယခုလိုဖွင့်လှစ်ပြသဖို့ နှစ်(၃၀)လောက်အချိန်ယူ ပြင်ဆင်ခဲ့ ရပါတယ်။ ယနေ့မှာတော့ ကျွန်တော်တို့အနေနဲ့နှစ်ကာလများစွာ ဖွင့်လှစ်ဖို့ပြင်ဆင်ခဲ့ရတဲ့ဒီပြတိုက်ကို အောင်မြင်စွာဖွင့်လှစ်ပေးနိုင်ပြီဖြစ်ပြီး ယခုလို နိုင်ငံတကာက သံတမန် တွေနဲ့ ပြည်တွင်း၊ပြည်ပမီဒီယာတွေကိုဖိတ်ကြားပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ရခြင်း ဖြစ်တယ်လို့ ပြောကြားခဲ့တာပါ။

ဒီသင်္ချိုင်းဂူဟာ သေဆုံးသူရဲ့ ခေါင်းတလားကိုတော့ မြေကြီး အတွင်းမြုပ်နှံသဂြိုလ်ထားတဲ့ Saqqara အမျိုးအစား ပိရမစ်ဖြစ်ပြီး နဲ့တစ်ခေတ်တစ်ခါက အီဂျစ်သမိုင်းမှာထင်ရှားခဲ့တဲ့ မြို့ပြတစ်ခုဖြစ်တဲ့ Memphis ဆိုတဲ့ စကားလုံးတွေအရ ဒီသချိုင်းဂူရဲ့ သက်တမ်းဟာ အနည်းဆုံးနှစ်(၄၀၀၀)လောက် ရှိနေပြီဖြစ်ပြီး ၂၃၀၀ ဘီစီ ပတ်ဝန်းကျင်ကတည်ဆောက်ခဲ့တာ ဖြစ်နိုင်တယ်လို့ ပညာရှင် တွေကသတ်မှတ်ကြပါတယ်။ ဒါအပြင် ဒီသချိုင်းမှာမြုပ်နှံထားသူဟာ Mehu ဆိုတဲ့ အမျိုး သားဖြစ်ပြီး သူဟာ (၆) ဆက်မြောက်အီဂျစ်မင်းဆက် ရဲ့ ထိပ်တန်း မှူးမက်တစ်ဦးဖြစ်ပုံပေါ်ပါတယ်။

ဒါအပြင် သချိုင်းဂူနံရံမှာရှိတဲ့ အသေးစိတ်ခြယ်သ မှုတွေကြောင့် Mehu ဟာအသက်ရှိစဉ်က (၄၈) ခုထက်မနည်းသော ဆုတံဆိပ်တွေကို ပိုင်ဆိုင်ခဲ့သူ ဖြစ်ကြောင်း ပညာရှင်တွေက ခန့်မှန်းပြောဆိုကြပါတယ်။ သူဟာ Vizer (ထိပ်တန်းအမက်)တစ်ဦးဖြစ်ပြီး တရားစီရင်ရေးနယ်ပယ်မှာလည်း ထိပ်တန်း တရားသူကြီးတစ်ဦးလည်းဖြစ်ပါတယ်။ ဒါပေမဲ့ အီဂျစ်မင်းဆက်ရဲ့ (၆)ဆက်မြောက် ဘုရင်ဖြစ်တဲ့ Teti ရဲ့ အထူးအားထားရတဲ့အမက်ဖြစ်ပြီး နန်းတော်အတွင်းမှာလည်း အဓိက စီမံခန့်ခွဲအုပ်ချုပ်တဲ့သူလည်းဖြစ်ကြောင်း အီဂျစ်ရှေးဟောင်း သုသေသနပညာ ရှင် Zahi Hawassတွေ့ ရှိချက်ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ယခုဖွင့်လှစ်ထားရှိတဲ့ Mehu ရဲ့သချိုင်းဟာ(၂၆၄၉-၂၁၅၀ Bc)ကာလတုန်းကအီဂျစ်ပြည်ရဲ့ အနုသုခုမလက်ရာ များစွာ ကိုယနေ့တိုင်ထိန်းသိမ်းထားဆဲဖြစ်ကြောင်းကို သချိုင်းဂူအတွင်းကနံရံတွေမှာ ခြယ်မှုန်းထားတဲ့ လက်ရာတွေက သက်သေခံနေပါတယ်။ဒါအပြင် ကျယ်ဝန်းတဲ့ တံတိုင်းပါရှိပြီး အရောင်လေးရောင်စပ်တန်ဆာဆင်ထားတဲ့ အခန်းများစွာကိုလည်း ဒီသချိုင်းဂူအတွင်း မှာပါရှိပါတယ်။ ဒါအပြင် Mehu သချိုင်းရဲ့နံရံတွေမှာခြယ်သထားတဲ့ သင်္ကေတတွေဟာ ရှေးဟောင်းအီဂျစ်တွေရဲ့ နေထိုင်မှုပုံစံတွေဖြစ်တဲ့ သတ္ထုတူးခြင်း၊ ကောက်ပဲသီးနှံများကိုရိတ်သိမ်းခြင်း၊ သင်္ဘောများတည်ဆောက်ခြင်း၊ ပိုက်ကိုအသုံး ပြုပြီးငါးဖမ်းနည်း၊ အစားအသောက်ပြင်ဆင်ခြင်းတွေကို ဖော်ပြနေပါတယ်။ ရှေးဟောင်း အီဂျစ်တွေရဲ့ အမဲလိုက်ရာ ကျွမ်းကျင်လိမ္မာပြီး သူရသတ္တိနဲ့ပြည့်ဝမှုတွေကိုလည်း ဒီနံရံ တွေမှာရှိတဲ့ ပုံရိပ်တွေနဲ့ဖော်ကျူးထားတာကိုလည်းတွေ့ရပါတယ်။

အံ့ဩစရာကောင်း တာကတော့ ရှေးအီဂျစ်တွေဟာ အထိမ်းအမှတ်ပွဲတော်တွေ ပြုလုပ်လေ့ရှိပြီး ဒီပွဲတော်တွေမှာ ဆန်းပြားတဲ့ကကွက်တွေနဲ့ အသုံးတော်ခံတဲ့ ကခြေသည်တွေလည်းရှိခဲ့ကြောင်း ကို အဲဒီMehu သချိုင်းပြတိုက်နံရံတွေကနေ ဖော်ပြလျက်ရှိနေတာပါ။ ဒီသချိုင်းမှာတွေ့ရှိတဲ့တရားဝင်အချက်အလက်တွေအရ Mehu ဟာသူရဲ့သားဖြစ်သူ Meren Ra၊သူရဲ့မြေးဖြစ်သူ Heteb Khaတို့နဲ့အတူမြုပ်နှံသဂြိုလ်ခြင်းခံခဲ့ရပါတယ်။ ရှေး ဟောင်းပညာရှင်တွေရဲ့ အသေးစိတ်လေ့လာချက်တွေအရ သေးငယ်တဲ့ အကန့်တစ်ခု တွင်းမြုပ်နှံထားတဲ့ Merye-ankh (ရှေးအီဂျစ်ဘုန်းတော်ကြီးတွေရဲ့ အဆောင်ပစ္စည်း ) တစ်ခုကို ဒီသချိုင်းထဲတူးဖော်ရရှိခဲ့ပါတယ်။

ဘဝရဲ့သော့ချက်လို့အဓိပ္ပါယ်သက်ရောက် တဲ့အဆောင်ဟာ နေရာဌာနတစ်ခုကို အဓမ္မဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် သုံးရတဲ့ အဆောင်ဖြစ်တာကြောင့် Mehu ဟာဒီသချိုင်းရဲ့ ပိုင်ရှင်အစစ်အမှန်မဟုတ်ပဲ ပိုင်ရှင်လက် ထဲကနေအဓမ္မသိမ်းယူထားတာဖြစ်တယ်လို့ ပညာရှင်တွေကယူဆကြပါတယ်။ အီဂျစ်နိုင်ငံရဲ့ ပိရမစ်မြို့တော် ဂိုင်ဇာဧရိယာရဲ့ အပြင်ဘက်မှာတည်ရှိနေတဲ့ ဒီ Saqqara ဧရိယာ ဟာဖွင့်လှစ်တဲ့အချိန်ကတည်းက လာရောက်လေ့လာသူ အတော်လေးများပြားခဲ့ ပါတယ်။

Mehuသချိုင်းတည်ရှိရာ Saqqara ဧရိယာဟာ ၁၉၇၉ ခုနှစ်လောက်ကတည်းက ထိန်းသိမ်း ရမဲ့ ကမ္ဘာအမွေအနှစ် နေရာအဖြစ် UNESCOက အသိအမှတ်ပြုထားခဲ့ပြီးလည်းဖြစ်ပါ တယ်။ အီဂျစ်သက်ဦးဆံပိုင်ဘုရင်တွေမဟုတ်တဲ့ ယင်းကာလက အထင်ကရပုဂ္ဂိုလ်အများစုကိုမြုပ်နှံရာ သချိုင်းဟောင်းကြီးဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၄၀၀၀)ခန့်အကြာက စီးဆင်းခဲ့တဲ့ အီဂျစ်တွေရဲ့ လူနေမူစရိုက်ကို မီးမောင်းထိုးပြပေးနေတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

Leave a Reply