ကမ္ဘာတလွှား ကံအဆိုးဆုံး လူသားများ

Posted on

အခက်အခဲတွေ ဒုက္ခတွေနဲ့ ဆက်တိုက်ကြုံလာတဲ့အခါ လူတွေကကံမကောင်းဘူး၊ ကံဆိုးနေတယ် စသည်ဖြင့် ညည်းတွားတတ်ကြပါတယ်။ ဒီအရာတွေဟာ အခုမျှဝေပေးမဲ့ ကမ္ဘာပေါ်မှာ ကံအဆိုးဆုံးသူတွေနဲ့ယှဉ်လိုက်ရင် မဖြစ်စလောက်အရာလေးတွေဖြစ်သွားမှာပါ။ ဒီစာရင်းမှာပါရှိတဲ့ ကံဆိုးသူတွေရဲ့ အဖြစ်အပျက်ဟာတကယ်ကိုအံ့သြစရာ ဖြစ်နေပြီး သာမန်လူတစ်ယောက်အဖို့ ကြုံတွေ့ဖို့ဆိုတာမဖြစ်နိုင်လောက်ပါဘူး။

(၇)တစ်ရွာလုံးထီပေါက်ပေမဲ့ တစ်ဦးတည်းကျန်ခဲ့တဲ့သူ

စပိန်နိုင်ငံမှာတော့ ခရစ်စမတ်ကာလရောက်တဲ့အခါတိုင်းမှာ El Gordo ထီကိုဖွင့်လှစ် ကံစမ်းပေးလေ့ရှိပြီး ကံထူးတဲ့သူတွေဟာ မြင့်မားတဲ့ ငွေကြေးကိုပိုင်ဆိုင်ခွင့်ရကြပါတယ် El Gordoဆိုတဲ့ စပိန်စကားဟာ The Fat One လို့အဓိပ္ပါယ်ရပြီး ထီပေါက်တဲ့သူတွေဟာသူဌေးလောင်းတစ်ဦးအဖြစ် ချက်ချင်းပြောင်းလဲသွားနိုင်ပါတယ်။ စပိန်နိုင်ငံမှာရှိတဲ့ Sodeto အမည်ရှိတဲ့ကျေးရွာငယ်လေးဟာ ကံအလွန်ကောင်းခဲ့ပြီး တစ်ရွာလုံးနီးပါး El Gordoထီကိုဆွတ်ခူးခဲ့ကြပါတယ်။ ရွာမှာရှိတဲ့ အိမ်ထောင်စု(၇၀) လောက် ထီဆုကြီးတွေကိုကံစမ်းနိုင်ခဲ့ကြတာဖြစ်ပြီး တစ်ဦးသောအဘိုးအိုတစ်ယောက် ကလွဲပြီးအကုန် သူဌေးလောင်းတွေဖြစ်ခဲ့ပါတယ်။

ထီနံပါတ်စဉ်(၅၈၂၆၈) ကနေစပြီး ထွက်ပ်ါခဲ့တဲ့ El Gordo ထီးကံထူးမှုကြောင့် တစ်ရွာလုံးစုစုပေါင်း စတာလင်ပေါင်(၉၅၀) သန်းလောက်ရရှိခဲ့တာပါ။ Sodeto ရွာငယ်လေးဟာ အလွန်ချို့တဲ့ပြီး တောင်သူလယ်သမားနဲ့၊ လက်လုပ်လက်စားအများစု နေထိုင်ကြပါတယ်။ သူတို့အားလုံး သန်းကြွယ်သူဌေး တွေဖြစ်သွားခဲ့ပြီး Costis Mitsotakis အမည်ရတဲ့ဆင်းရဲတဲ့အဘိုးအိုတစ်ယောက်သာ ကံအလွန်ဆိုးစွာနဲ့ ကျန်ရစ်ခဲ့ပါတယ်။ ဖြစ်ပုံကတော့ မြို့ကနေ ကျန်ရှိတဲ့ ထီလက်မှတ် တွေကို လိုက်လံရောင်းချတဲ့ ထီသည်တွေဟာ တစ်ရွာလုံးကိုလိုက်လံရောင်းချခဲ့ပေမဲ့ Costis Mitsotakisရဲ့အိမ်ကို ရောင်းချဖို့ အမူမဲ့အမှတ်မဲ့ ကျန်ခဲ့တာပါ။ကမ္ဘာကျော်ခဲ့တဲ့ ကံဆိုးမှုဖြစ်ခဲ့ပါတယ်။

(၆) ကျည်တစ်တောင့်ရဲ့ သမိုင်း

ကံဆိုတာအမြဲကောင်းနေမှာမဟုတ်သလို အမြဲလည်းဆိုးမနေတဲ့အကြောင်းကို သက် သေပြခဲ့သူကတော့ Henry Zeigland ဆိုတဲ့အမျိုးသားတစ်ယောက်ဖြစ်ပါတယ်။ သူဟာ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရပေမဲ့ ကံအားလျော်စွာ အသက်သေဆုံးခဲ့ခြင်း မရှိပေမဲ့ သူကိုပစ်ခတ်စဉ်က မထိလိုက်တဲ့ သေနတ်ကျည်ဆံကြောင့်ပဲ ပြန်လည်သေဆုံးခဲ့ရပါတယ်။ ဖြစ်စဉ်ကတော့ ၁၈၈၃ခုနှစ်မှာ ဟင်နရီဟာ သူချစ်သူ မိန်းကလေးနဲ့လမ်းခွဲခဲ့ပါတယ်။ ဟင်နရီဖက်ကစတင်လမ်းခွဲခဲ့တဲ့ဖြစ်စဉ်မှာ မိန်းကလေး အနေနဲ့ကိုယ့်ကိုယ်ကို သတ်သေလောက်တဲ့ အထိဖြစ်ခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကို အစအဆုံးသိနေတဲ့ မိန်းကလေးရဲ့အကိုဟာ ဟင်နရီကိုသတ်ဖြတ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ တစ်ခုသော ညနေခင်းအချိန်မှာ ဟင်နရီဟာ သူ့နေအိမ်ခြံဝင်းထဲမှာ ရှိနေတုန်း ချစ်သူ ဟောင်းရဲ့အကိုရောက်ရှိလာပြီး သေနတ်နဲ့ပစ်ခတ်ခဲ့ပါတယ်။ သေနတ်ကျည်ဆံဟာ ဟင်နရီရဲ့မျက်နှာကိုရှပ်သာထိခဲ့ပြီးဘေးက သစ်ပင်ကိုမှန်ခဲ့ပါတယ်။

ချက်ချင်းဆိုသလို ဟင်နရီကလည်း အမှန်တကယ် မျက်နှာကိုသေနတ် ထိမှန်သလို သေချင်ယောင်ဆောင်နေခဲ့ပါတယ်။ လာရောက်လုပ်ကြံသူလည်း ဟင်နရီ သေပြီအထင်နဲ့ မိမိကိုယ်ကိုပြန်လည်အဆုံးစီရင်ခဲ့တာမို့ ဟင်နရီဟာ ကံအကောင်းဆုံး လူအဖြစ် သတ်မှတ်ခံခဲ့ရပါတော့တယ်။ နောက်နှစ်များစွာကြာတဲ့အခါမှာတော့ ဟင်နရီ ကခြံဝင်းထဲမှာရှိနေတဲ့သစ်ပင်(အခင်းဖြစ်စဉ်ကကျည်ဆံစိုက်ဝင်နေတဲ့)ကိုလမ်းမလွတ်တဲ့အတွက်ဖြတ်တောက် ရန်ဆုံးဖြတ်ခဲ့ပါတယ်။ ဟင်နရီဟာ ဒိုင်းနမိုက်အချို့ကိုအသုံး ပြုပြီးဒီသစ်ပင်ကို လှဲဖို့ကြိုးစားခဲ့ပါတယ်။ ဒိုင်းနမိုက်ပေါက်ကွဲအားကြောင့် သစ်ပင်မှာ နှစ်များစွာက စိုက်နေတဲ့ ကျည်ဆံဟာသေနတ်ကပစ်လွှတ်လိုက်တဲ့ အရှိန်အတိုင်း အနီး မှာရှိတဲ့ ဟင်နရီရဲ့ဦးခေါင်းကို တိုက်ရိုက်မှန်ခဲ့ပါတယ်။ဟင်နရီဟာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကံအဆိုးဆုံး လူအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတော့တယ်။

(၅) အမွှေးအထူဆုံးလူသား

စစ်တမ်းတွေအရတော့ အမျိုးသမီးတွေဟာ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေး ထူပျောတဲ့အမျိုးသားတွေကိုပဲ ယောင်္ကျားပီသတယ်လို့သတ်မှတ်ပြီး ချစ်ခင်စွဲလန်းကြပါတယ်။ ဒါပေမဲ့ ဒါဟာ ကမ္ဘာ့အမွှေးအမျှင်အထူဆုံး လူသားအဖြစ်သတ်မှတ် ခံထားရတဲ့ Yu Zhenhuan အတွက်တော့မမှန်ခဲ့ပါဘူး။ Yu Zhenhuan ရဲ့ခန္ဓာကိုယ်ရဲ့ (၉၆)ရာခိုင်နှုန်း လောက်ဟာအမွှေးအမျှင်တွေနဲ့ဖုံးလွှမ်းနေပြီး ဖြစ်တောင့်ဖြစ်ခဲ ကံဆိုးတာလို့ပဲ ခေါင်းစဉ် တပ်ရပါတော့မယ်။Yu ဟာ အမွှေးအမျှင်တွေကြောင့် အကြားအာရုံကို အနှောက်အယှက်ပေးနေတာကြောင့် သူ့ရဲ့နား အနီးမှာရှိတဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားဖို့ ခွဲစိတ်မှုတွေတောင်ပြုလုပ်ခဲ့ရပါတယ်။ အနက်ရောင်ပွယောင်းနေတဲ့ အမွှေးအမျှင်တွေဟာ Yu ရဲ့ပိန်ပိန်ရှည်ရှည် ခန္ဓာကိုယ်ရဲ့ နေရာမလပ်ပေါက်ရောက်နေပြီး လက်ဖဝါး၊ခြေဖဝါးတွေအထိတောင် ပေါက်ရောက်နေခဲ့ ပါတယ်။

အရေပြားဆိုင်ရာဆရာဝန်တွေကတော့ ဒါဟာမျိုးရိုးလိုက်တဲ့ရောဂါလို့ ပဲခေါင်း စဉ်တပ်ခဲ့ပြီး အသေးစိတ်လေ့လာမှုတွေအရ Yuအရေပြားရဲ့ 1sq.cm(0.16sq.inch)ကို အမွှေးကြမ်း (၄၁)ပင်နှုန်းပေါက်နေပါတယ်။ Yu ဟာသူရဲ့ဓာက်ပုံတွေကိုအင်တာနက် စာမျက်နှာတွေမှာ သူရဲ့ Hairboy ဆိုတဲ့အကောင့်ကနေတင်ထားရင်းနဲ့ လူသိများထင် ရှားလာတာပါ။Yu Zhenhuan ဟာ သူနဲ့ လက်ထပ်နိုင်မယ့် အမျိုးသမီးကို လိုက်လံရှာဖွေလျက်ရှိပြီး ယခုအခါမှာတော့ သူ့ကိုချစ်မယ့်မိန်းမလှလေးတစ်ယောက်ကို တွေ့ရှိသွားပြီဖြစ်ပါတယ်။

(၄) အမေရိကန်က ကံအဆိုးဆုံးအမျိုးသမီး

အမေရိကန်နိုင်ငံက Melanie Martinez အမည်ရှိတဲ့ အမျိုးသမီးဟာ ဟာရီကိန်းမုန် တိုင်းဒဏ်ကြောင့် နေအိမ်လေးလုံးအထိ ဆုံးရှုံးခဲ့ရပြီး ကံဆိုးလွန်းတဲ့ အမျိုးသမီးအဖြစ် ဒီစာရင်းထဲမှာပါလာပါတယ်။ ၁၉၆၅ ခုနှစ်ကတိုက်ခတ်ခဲ့တဲ့Betsy ဟာရီကိန်း မုန်တိုင်း၊ ၁၉၈၅ ခုနှစ်ကတိုက်ခတ်ခဲ့တဲ့ Juan ဟာရီကိန်းမုန်တိုင်း၊ ၁၉၉၈ခုနှစ်ကတိုက်ခတ်ခဲ့တဲ့ George ဟာရီကိန်းမုန်တိုင်း၊၂၀၀၅ခုနှစ်ကတိုက်ခတ်ခဲ့တဲ့ Katrina မုန်တိုင်း တွေဟာ နေရာဒေသမတူညီပဲ တိုက်ခတ်ခဲ့ပေမယ့် မုန်တိုင်းတစ်ခါတိုက်တိုင်းမှာ သူမရဲ့အိမ်တစ်လုံးဆုံးရှုံးခဲ့ရပါတယ်။ မုန်တိုင်းတွေက သူမရှိတဲ့နေရာကိုလိုက် တိုက်နေသလားလို့တောင် ထင်မှတ်ရတာပါ။ ဒါအပြင် Louisianaမှာရေကြီးတော့လည်း ဒုက္ခသည်စာရင်းမှာ သူမနာမည်ပါဝင်လာခဲ့ပါသေးတယ်။ ဒါပေမဲ့ ကျောင်းကား မောင်းတဲ့ဒရိုင်ဘာတစ်ယောက်ရဲ့ကျေးဇူးနဲ့ သူမဟာရုပ်သံစီးရီးတစ်ခု ကနေရှားရှား ပါးပါးမုန်တိုင်းခံရတဲ့ အမျိုးသမီးအဖြစ်ဖော်ပြခံခဲ့ရပါတယ်။

ဒီအစီစဉ်ကတာဝန်ရှိသူတွေကျေးဇူးနဲ့တောင် New Orleans ပြည်နယ် Braithwaiteမြို့မှာရှိတဲ့ သူမရဲ့နေအိမ်အစုတ်လေးဟာ အမေရိကန် ဒေါ်လာ ၂၀၀၀၀ ဖိုးအထိ အကုန်အကျခံကာ ပြင်ဆင်ပေးခဲ့ခြင်းကိုခံခဲ့ရပါတယ်။ ဒါကြောင့်သူမရဲ့နေအိမ်ဟာ မီးဖိုချောင်အသစ်၊ဗီဒိုအသစ်၊ အခြားအသုံးအဆောင် တွေအပြင် ၅၀ လက်မရှိတဲ့ TVတစ်လုံးတောင် ဇိမ်ခံပစ္စည်းအနေနဲ့ ပါဝင်လာခဲ့ပါတယ်။ ဒါပေမဲ့သြဂုတ်လ(၂၉)ရက်နေ့၊ ဗုဒ္ဓဟူးနေ့ Kartina ဟာရီကိန်းမုန်တိုင်း(၇)ကြိမ်မြောက်၊နှစ်ပတ်လည်နေ့ မှာတော့ Isaac အမည်ရတဲ့ အင်အားပြင်းထန်တဲ့ ဟာရီကိန်းမုန်တိုင်း ဟာ Melanie Martinezနေထိုင်တဲ့ Braithwaite မြို့လေးကိုဝင်ရောက်တိုတ်ခတ်ခဲ့ တာကြောင့် သူမရဲ့နေအိမ်အသစ်လေးဟာ ပျက်စီးခဲ့ရပြန်ပါတယ်။ Martinez နဲ့သူမ မိသားစုဟာ အသက်ကယ်လှေတစ်စီးရဲ့ ကယ်ဆယ်မှုကိုခံခဲ့ရပြီး သူမတို့မှာပိုင်ဆိုင်တာဆိုလို့ ကြောင်(၅)ကောင်နဲ့ ခွေး(၃)ကောင်သာရှိပါတော့တယ်။ Martinez အနေနဲ့ ကတော့ (၅)ကြိမ်မြောတ် ဟာရီကိန်းမုန်တိုင်းဒဏ်ကိုခံခဲ့ရပြီး ငါးကြိမ်မြောတ် အိုးမဲ့အိမ်မဲ့ ဖြစ်ရတဲ့အခြေအနေပါ။

(၃) ဗြိတိန်နိုင်ငံက ကံအဆိုးဆုံးလူသား

ဘေးဒုက္ခထူပြောလှတဲ့ အင်္ဂလန်နိုင်ငံက John Lyne ဆိုတဲ့ ပုဂ္ဂိုလ်ကတော့ ကံအဆိုးဆုံး သောအင်္ဂလန်နိုင်ငံသားအဖြစ် နာမည်ကျော်ပါတယ်။ သူ့သက်တမ်းတစ်လျောတ် မိုးကြိုးပစ်ခံရခြင်း၊ ကားမောင်းလာစဉ်တောင်ပေါ်ကနေကျောက်တုံး၊ ကျောက်ခဲ ပြုတ်ကျ ခြင်း၊ ကားတိုက်ခံရမှု(၃)ကြိမ်အပါအဝင် ဆိုးရွားတဲ့ယာဉ်တိုက်မှု(၁၆)ကြိမ် အထိကြုံတွေ့ခဲ့ရပါတယ်။ ဒါ့အပြင်ကျောက်ခွဲစက် ကနေ လွှင့်စင်ထွက်လာတဲ့ ကျောက်ခဲက Johnရဲ့ မျက်နှာကို လာမှန်ခဲ့တာကြောင့်လည်း သွားရှစ်ချောင်းကျိုးခဲ့ရပါသေးတယ်။ သူဘဝ တစ်လျောက်လုံး ဒီလိုမတော်တဆမှုတွေနဲ့အမြဲကြုံတွေ့နေခဲ့ရပါတယ်။ John ဟာ လယ်သမားမိသားစုကနေမွေးဖွားခဲ့ပြီး မွေးချင်းငါးယောက်ရှိပါတယ်။ ဆင်းဆင်းရဲရဲနဲ့ရောဂါဘ ယထူပျောတဲ့ Johnဟာ ငယ်စဉ်ကပင်အလွန်ချူချာပြီး အသက်သေဆုံးဖို့ အကြိမ်ကြိမ် ဖြစ်ခဲ့ပေမဲ့ နောက်ဆုံးမှာလွတ်မြောက်ခဲ့ပါတယ်။

သူဟာ မွေးရာပါအဆုတ်ဝေဒနာသည် ဖြစ်ပြီးဟော်မုန်းအားနည်းတဲ့ ရောဂါသည်ဖြစ်ပါတယ်။ John Lyneဟာ(၁၈)လသားအ ရွယ်ကတည်းက ပိုးသတ်ဆေးပုလင်းကို သောက်စရာထင်မှတ်ပြီး သောက်သုံးခဲ့ပါတယ် ။ ဒါပေမဲ့ ဆေးရုံအရောက်မြန်ခဲ့ပြီး ဆရာဝန်တွေက သူအစားအိမ်ထဲကဆိပ်တွေ ကိုစုပ်ထုတ်တဲ့ နည်းနဲ့ ကုသပေးခဲ့တာမို့ အသက်ရှင်ခွင့်ရခဲ့ရရှာတာပါ။ သူအရွယ်ရောက်တဲ့အချိန်မှာလည်း သစ်ပင်အောက်မှာထိုင်နေရင်း သစ်ပင်ဟာ သူ့လက်မောင်းပေါ်ကျိုး ကျခဲ့တာကြောင့် ဆေးရုံမှာတက်ရောက်ကုသဖို့ လူနာတင်ကားနဲ့ခေါ်ဆောင်ခြင်းကို ခံခဲ့ရပါတယ်။ ကံဆိုးစွာနဲ့ပဲ John Lyneကိုတင်ဆောင်တဲ့ လူနာတင်ယာဉ်ဟာ ထပ်မံ ယာဉ်တိုက်မှုဖြစ်ခဲ့ရပြီး သူရဲ့ ကျန်တဲ့လက်မောင်းပါ ကျိုးခဲ့ရပါတယ်။ ဒီအဖြစ်တွေဟာ အနောက်တိုင်းက သတ်မှတ်ထားတဲ့ ကံဆိုးတဲ့(၁၃)ရက်၊သောကြာနေ့မှာဖြစ်ပါ် ခဲ့ပါတယ်။ အခြားသူတွေအတွက်ဒါဟာ စိတ်ကူးယဉ်စရာ လွဲချော်မှုဖြစ်ပေမဲ့ John Lyne အတွက်တော့ အမှန်တစ်ကယ်ကြုံတွေ့ခဲ့ရတာပါ။

(၂) အင်ဒိုနီးရှားက သစ်ပင်လူသား

အင်ဒိုနီးရှားနိုင်ငံသား Dede Koswaraဟာ ယခင်ကတော့ ကျန်းမာသန်စွမ်းတဲ့ ကာယ လုပ်သားတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ ကျန်ခဲ့တဲ့ (၁၀)နှစ်လောက်ကမှ သူဟာ အင်ဒိုနီးရှားနိုင်ငံက သစ်တောထဲမှာ မတော်တဆလဲကျခဲ့ပြီး သူရဲ့ဒူးမှာအနာတရ ဖြစ်ခဲ့ ပါတယ်။ ဒီဒဏ်ရာရဲ့နားကနေ သေးငယ်တဲ့ ကြွက်နိ့တစ်ခု ပေါက်လာခဲ့ပါတယ်။ ဒီကြွက်နို့ဟာ တစ်စတစ်စ ပွားလာခဲ့ပြီး နောက်ဆုံးမှာတော့ သူရဲ့လက်နဲ့ခြေထောက် တွေအထိဆိုးရွားတဲ့ ကြွက်နို့အုံကြီးကိုဖြစ်စေခဲ့ပါတော့တယ်။ အစပိုင်းမှာ Dede Koswara လည်း ဆေးမြီးတိုတွေနဲ့ကုသခဲ့ပေမဲ့ တစ်နေ့ထက်တစ်နေ့ပိုဆိုးလာခဲ့ပြီး နောက်ဆုံးမှာ ပုံမှာတွေ့ရတဲ့အတိုင်း လှုပ်ရှားသွားလာခြင်းမပြုနိုင်အောင် ဖြစ်ခဲ့ရပါ တယ်။ ဒီကြွက်နို့တွေဟာ Dede Koswaraရဲ့ ခန္ဓာကိုယ်အားအင်တွေကို စုပ်ယူနေသလို ဖြစ်နေပြီး ကြောက်မက်ဖွယ်ရာ အသားစိုင်တွေပမာ လူမြင်မကောင်းအောင် ဖြစ်နေရ တာပါ။

Dede Koswara ဟာ အကျဉ်းသားတစ်ယောက်လိုဖြစ်နေပြီး ဘယ်ကိုမှသွားလာ နိုင်ခြင်းမရှိပါဘူး။ ဒီထူးဆန်းတဲ့ရောဂါကြီးကြောင့် Dede Koswaraဟာ သူရဲ့ မင်္ဂလာပွဲကိုတောင်ဖျတ်သိမ်းခဲ့ရပြီး သူရဲ့အသက်မွေးဝမ်းကြောင်းနဲ့လွတ်လပ်ခွင့်တွေအကုန် ဆုံးရှုံးခဲ့ပါတယ်။ ဂျာဗားကျွန်းရဲ့ သစ်ပင်လူသားဆိုပြီး ကမ္ဘာကသိကြတဲ့ Dede Koswaraရဲ့ တစ်နေ့တစ်ခြားပွားများလာတဲ့ ကြွက်နို့တွေဟာ papillomavirus ကြောင့် ဖြစ်ပြီး လူသားတွေရဲ့ အရေပြားမှာဖြစ်ဖို့ အတော်ခက်ခဲတယ်လို့ အရေပြားဆရာဝန်တွေက မှတ်ချက်ပြုကြပါတယ်။ ဒါအပြင် အင်ဒိုနီးရှားနိုင်ငံက နာမည် ကျော်ခွဲစိတ်ကုဆရာဝန်တွေက Dede Koswaraရဲ့ (၁၃)ပေါင်လောက်လေးတဲ့ ကြွက်နို့ တွေကို Electric လွှကိုအသုံးပြုပြီး ဖြတ်တောက်ကုသပေးခဲ့ပေမဲ့ ဒီကြွက်နို့တွေဟာ ပြန်ပေါက်လာခဲ့ပါတယ်။ Dede Koswaraအတွက် မျှော်လင့်ချက်ကုန်ဆုံးသလောက် ဖြစ်ခဲ့ရပြီး အဆိုးဆုံးသော ကံတရားရဲ့စီရင်ခြင်းကို ခံရတာလို့ပဲသတ်မှတ်ကြရမှာပါ။ သူဟာ ၂၀၁၆ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်နေ့မှာ သေဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

(၁) Dog Retrieves Dynamite

ဒီအဖြစ်ပျက်ကတော့ အမေရိကန်ပြည်ထောင်စုရဲ့ မြောက်ပိုင်းဒေသတစ်ခုရဲ့ တစ်ခုသော ဆောင်းတွင်းကာလမှာ ဖြစ်ခဲ့ တာပါ။ Harry Jenkins နဲ့ သူ့သူငယ်ချင်းနှစ်ဦးတို့ဟာ အားလပ်ရက်ကို ရေခဲပြင်ငါးဖမ်းထွက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့်သူ့အချစ်တော် Labrador ခွေးလေးကိုခေါ်ဆောင်ပြီး Minnesota မြို့အနီးက Akeley ရေကန်ကိုထွက်လာခဲ့ပါ တယ်။ ဒီကန်ဟာ ဆောင်းတွင်းကာလမှာ ကန်ရေပြင်တစ်ခုလုံး ရေခဲနေတာဖြစ်ပြီး ရေခဲပြင်ငါးဖမ်းဖို့ အကောင်းဆုံးနေရာဖြစ်ပါတယ်။ ဒီကန်ဟာ(၁၀)မိုင်လောက် အကျယ်ရှိပြီး အားလုံးရေခဲနေတာကြောင့် ရေခဲပြင်ငါးဖမ်းလာသူတွေဟာ သူတို့ပိုင် ကားတွေကို ကန်ရဲ့ရေခဲပြင်ထက်မှာပဲ ရပ်နားကြပါတယ်။ Harry Jenkins နဲ့ သူ့လူတွေ ဟာ ရေခဲပြင်ငါးဖမ်းနည်းပြုလုပ်ရန်အတွက် ကန်ရေပြင်ကို ဖုံးလွှမ်းနေတဲ့ ရေခဲထုကို ခွဲထုတ်ရန် ဒိုင်းနမိုက်ချောင်းကို အသုံးပြုရန်ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့်ငါးမျှားမဲ့ နေရာတစ်ခုကို သတ်မှတ်ပြီး ယင်းနေရာကို ဒိုင်းနမိုက်ချောင်းကိုမီးရှိုပြီး ပစ်ချခဲ့ပါတယ်။

ဒီအချိန်မှာပဲ Harry Jenkinsရဲ့ အချစ်တော်ခွေးလေးဟာ ဒိုင်းနမိုက်ချောင်းကို သူအတွက် အစာကို သူ့သခင်ကပေးတယ် အမှတ်နဲ့ သွားရောက်ကိုက်ချီပြီး Harry Jenkins တို့လူစုထံ ပြန်လာခဲ့ပါတယ်။ အားလုံး အံ့သြသင့်ထိတ်လန့်ခဲ့ပြီး လူစုခွဲပြီး ထွက်ပြေးရပါတော့တယ်။ ကံဆိုးစွာနဲ့ပဲ ဒိုင်းနမိုက်ကိုတ်ချီလာတဲ့ ခွေးလေးဟာ Harry Jenkinsရဲ့ကားဆီကိုပဲ ပြန်သွားခဲ့ပြီး ကားအနီးကိုရောက်တဲ့အခါ ဒိုင်းနမိုက်ဟာ ပေါက် ကွဲပါတော့တယ်။ Harry Jenkinsရဲ့ခွေးလေးဟာ ပွဲချင်းပြီးသေဆုံးခဲ့ရပြီး ဒိုင်းနမိုက် ပေါက်ကွဲမှုကြောင့် ကားရဲ့ဘေးနားကရေခဲထုဟာ အက်ကွဲကြောင်းတစ်ခုဖြစ်လာပြီး ကားရဲ့အလေးချိန်ကြောင့်လည်း ကားဟာ ရေခဲပြင်အောက်က ရေပြင်ထဲထိုးကျသွား ခဲ့ပါတယ်။ ဒီလို Harry Jenkinsရဲ့တိုက်တိုက်ဆိုင်ဆိုင်ကံဆိုးမှုကြောင့် အချစ်တော်ခွေး လေးကိုဆုံးရှုံးခဲ့ရတဲ့အပြင် သူရဲ့ကားကိုပါအဆစ်ပါသွားခဲ့ရပါတယ်။ ကားအာမခံလုပ် ထားပေမဲ့ Harry Jenkins ဖြစ်ရပ်ဟာ အာမခံစည်းမျဉ်းတွေနဲ့မညီညွတ်တာကြောင့် အာမခံကုမ္ပဏီရဲ့ ငြင်းပယ်ခြင်းကိုခံခဲ့ရပါတယ်။ တော်တော်ကံဆိုးတဲ့ ဖြစ်ရပ်တစ်ခုလို့ပဲ ဆိုရမှာပါ။

သုတဇုန်

Leave a Reply