အလြမ္းဓါတ္ခံရွိတဲ့ ရုရွားသမၼတပူတင္

Posted on

ပူတင္ဟာ ၁၉၈၀ ေလာက္က ဆိုဗီယက္ၾသဇာခံ အေရွ႕ဂ်ာမဏီကို ရုရွားေထာက္လွမ္းေရး အရာရွိငယ္ဘ၀နဲ႔ ေရာက္ခဲ့တယ္။ ၁၉၈၉ အထိဆိုေတာ့ အဲဒီမွာ ၉ ႏွစ္ေလာက္ေနခဲ့တယ္ဆိုပါေတာ့။ အဲဒီကာလေတြမွာ သူေပ်ာ္ရႊင္ေနခဲ့တယ္။ ဆိုဗီယက္ၾသဇာခံျဖစ္ေပမယ့္ အေရွ႕ဂ်ာမဏီရဲ႕ သပ္ရပ္သန္႔ရွင္းတဲ့ လမ္းမေတြ၊ တပတ္တခါ သူတို႔အိမ္ျပဴတင္းေတြကို တိုက္ခြ်တ္ေဆးေၾကာတတ္တဲ့ အေရွ႕ဂ်ာမဏီသားေတြရဲ႕အေလ့အထကို ပူတင္ သေဘာက်ႏွစ္သက္တယ္။ ၁၉၈၉ မွာ ကြန္ျမဳနစ္အစိုးရကို တြန္းလွန္ေတာ္လွန္တဲ့ လူထုအံုၾကြမႈၾကီးျဖစ္ခဲ့ျပီး အေရွ႕အေနာက္ ျခားထားတဲ့ ဘာလင္တံတိုင္းၾကီးကို ျပည္သူေတြက ျဖိဳခ်လိုက္ၾကတယ္။

KGB ေအးဂ်င့္ ပူတင္ဟာ ဆိုဗီယက္ကို လွမ္းအေၾကာင္းၾကားတယ္။ ၁၉၈၉ နိုဝင္ဘာ ၉ မွာ ဘာလင္တံတိုင္း စပြင့္သြားျပီးေနာက္ လူထုဟာ ပိုျပီးအတင့္ရဲလာတယ္။ သူတို႔ KGB ေတြေရာ၊ အေရွ႕ဂ်ာမဏီေထာက္လွမ္းေရးတပ္ဖြဲ႔၀င္ စတာစီေတြကိုေရာ ျပည္သူေတြက ရန္ျပဳေနျပီ၊ သူတို႔ရဲ႕ ဌာနခ်ဳပ္ ဌာနခြဲေတြကို ၀င္ဖ်က္ဆီးတာေတြ လုပ္ေနျပီ။ ပူတင္က ဆိုဗီယက္က တင့္ကားေတြ ၀င္လာလိမ့္မယ္လို႔ ထင္ထားခဲ့ေပမယ့္ ဘာအကူအညီမွေရာက္လာဘူး။ အဲဒီမွာ သူခ်စ္တဲ့၊ သူေပ်ာ္ပိုက္တဲ့ အေရွ႕ဂ်ာမဏီ ပ်က္သုန္းေတာ့မယ္ဆိုတာ သူရိပ္မိသြားတယ္။ တကယ္ေတာ့ အေရွ႕ဂ်ာမဏီ ဒရက္စ္ဒန္ျမိဳ႕ထဲမွာတင္ ဗဟိုအမိန္႔ကို ေစာင့္ေနတဲ့ ဆိုဗီယက္တင့္ကားေတြ အသင့္ရွိေနပါတယ္။ ေနာက္ေတာ့ အေနာက္ဂ်ာမဏီအဓိပတိ ဟဲလ္မြတ္ရႈိလ္း ဒရက္စ္ဒန္ျမိဳ႕ထဲေရာက္လာရာမွာေတာ့ သူထင္ထားတဲ့အတိုင္း ျဖစ္ေတာ့မယ္ဆိုတာ ေသခ်ာသြားခဲ့တယ္။ အေရွ႕/အေနာက္ ျပန္ေပါင္းထုပ္ေတာ့မယ္ဆိုတာကိုေပါ့။

သူနဲ႔ သူ႔ဇနီးတို႔အတြက္ အိမ္လိုျဖစ္ခဲ့တဲ့၊ သူ႕အတြက္ နတ္ဘံုနတ္နန္းသဖြယ္ျဖစ္ခဲ့တဲ့အေရွ႕ဂ်ာမဏီဆိုတာ မရွိေတာ့ဘူးဆိုတဲ့အသိက သူေရာ ဇနီးအတြက္ပါ ေျခာက္ျခားစရာအိပ္မက္တခုလိုျဖစ္ခဲ့တယ္။ လီနင္ဂရက္(အခု စိန္႔ပီတာစ္ဘာခ္) အျပန္ အေရွ႕ဂ်ာမဏီက မိတ္ေဆြေတြက အဝတ္ေလ်ာ္စက္အေဟာင္းတလံုးကို ခြဲခြာျခင္းလက္ေဆာင္အျဖစ္ ေပးလိုက္တယ္။ ဆိုဗီယက္ျပန္ေရာက္ေတာ့ အဲဒီမွာျဖစ္ပ်က္ေနတဲ့ကိစၥရပ္ေတြအေပၚ သူနားမလည္နိုင္၊ လက္မခံနိုင္ျဖစ္ခဲ့တယ္။ ဟုတ္ပါတယ္ အေဝးမွာအေနၾကာလာေတာ့ ကိုယ့္ရပ္ကိုယ့္ေျမနဲ႔ေတာင္ အသားမက်နိုင္ျဖစ္တတ္ပါတယ္။

အိမ္အျပန္လမ္းတေလ်ာက္ အာဏာ၏မတည္ျမဲျခင္း၊ ျပည္သူ႕အာဏာ လူထုစြမ္းပကား တန္ခိုးထြားလာရင္ ဘယ္အာဏာရွင္မွ မခံနိုင္ေၾကာင္းေတြ စဥ္းစားေတြးေတာလာခဲ့တယ္။ အေရွ႕ဂ်ာမဏီမွာ သူလွ်ဳိလုပ္ခဲ့စဥ္တေလ်ာက္ တိုင္းျပည္တာဝန္ထမ္းေဆာင္ေနျခင္းျဖစ္တယ္လို႔ခံယူခဲ့ေပမယ့္ သူဘာလုပ္ခဲ့တယ္ဆိုတာ လက္ဆုပ္လက္ကိုင္ျပစရာမရွိဘူး။ ဇာတိ လီနင္ဂရက္ျပန္ေရာက္ေတာ့ တကၠစီေမာင္းဖို႔ေတာင္ စဥ္းစားခဲ့မိေသးတယ္။

မိတ္ေဆြေတြေပးလိုက္တဲ့ တပတ္ရစ္အဝတ္ေလ်ာ္စက္သာမက အဆက္အသြယ္ေကာင္းေတြ အေတြ႔အၾကံဳေတြ သူ႔နဲ႔အတူပါလာတယ္ဆိုတာ သိပ္မၾကာခင္ ပူတင္သေဘာေပါက္သြားပါတယ္။ စိန္႔ပီတာစ္ဘာ့ခ္ျပန္ေရာက္ျပီး မၾကာခင္ ဆိုဗီယက္ျပည္ေထာင္စုလည္း ျပိဳကြဲသြားတယ္။ အေျပာင္းအလဲဆိုတာ အင္းအားၾကီးျခင္း၊ အင္အားခ်ိနဲ႔ျခင္းတို႔ေၾကာင့္သာမက စိတ္ခံစားခ်က္ေတြေၾကာင့္လည္း ျဖစ္တတ္တယ္ဆိုတာေတြ ပူတင္ သိသြားတယ္။

ရုရွားနိုင္ငံသစ္ရဲ႕ စီးပြားေရး၊ နိုင္ငံေရးမွာ ေပါက္ေရာက္ေနသူအခ်ဳိ႕ဟာ ပူတင္ ဒရက္စဒန္မွာေနခဲ့တုန္းက အသိအကြ်မ္းေတြ ျဖစ္တယ္။ ပင္ကိုယ္အစြမ္းအစရွိတဲ့ ပူတင္မွာ အဆက္အသြယ္ေကာင္းေတြလည္းရွိေနတာေၾကာင့္ သူ႕ဘဝ တစတစ တိုးတတ္လာျပီး ရုရွားသမၼတ၊ ရုရွားဝန္ၾကီးခ်ဳပ္ ၂ ၾကိမ္ ၂ လီ ျဖစ္လာခဲ့တယ္။ ရုရွာသမၼတအေနနဲ႔ ၂၀၀၆ ဂ်ာမဏီျပန္ေရာက္တုန္းက သူသြားလာစားေသာက္ေနက် ဆိုင္ေတြဆီ အမွတ္တရ သြားခဲ့ပါေသးတယ္။

အစၥေရးနိုင္ငံ တယ္လ္အဗီျမိဳ႕မွာ ပူတင္ကိုငယ္ငယ္က ဂ်ာမန္ဘာသာစကားသင္ေပးခဲ့တဲ့ မီနာေမြဆီဗ္နာယူဒစ္ကာယာ ဆိုတဲ့ ယူကရိန္းဇာတိ ဂ်ဳးအဖြားၾကီးတေယာက္ရွိတယ္။ တေန႔ အဖြားၾကီး တီဗီၾကည့္ေနတုန္း ရုရွားသမၼတ ေဘာရစ္ယယ္လ္ဆင္ေဘးမွာထိုင္ေနတဲ့ ပူတင္ကိုသြားေတြ႔တယ္။ ေသခ်ာေအာင္ တီဗီအနားကပ္ျပီးၾကည့္ေတာ့ ငယ္ငယ္က အားကစားလိုက္စားျပီး ဆံပင္နီေၾကာင္ေၾကာင္ဖို႔ရို႕ဖားရားနဲ႔ မခို႔တယို႔အျပံဳးပိုင္ရွင္ သူ႔တပည့္ေဟာင္းေလး ပူတင္ျဖစ္ေနတယ္။

တခုေသာနံနက္ခင္း ရုရွားသမၼတဗလာဒီျမာပူတင္ အစၥေရးကိုလာမယ္ဆိုတဲ့အေၾကာင္း သတင္းစာမွာ ဖတ္လိုက္ရတယ္။ အဖြားၾကီး ရုရွားသံရုံးကိုသြားျပီး ပူတင္ကို ေတြ႔ျမင္လိုေၾကာင္း၊ သူ႔တပည့္ကို အေဝးကျမင္ရရင္ ေက်နပ္ျပီဆိုတဲ့အေၾကာင္း သြားေျပာတယ္။

ပူတင္ အစၥေရးကိုလာတဲ့အခ်ိန္မွာ အဖြားၾကီးကို ကားတစီးက ဂ်ရုစလင္ King David ဟိုတယ္ကို တင္ေဆာင္ေခၚယူသြားတယ္။ ဒီအျဖစ္အပ်က္ေတြက လြန္ခဲ့တဲ့ ၁၃ နွစ္ ၂၀၀၅ ေလာက္မွာျဖစ္ခဲ့တာပါ။ အဲဒီတုန္းက အစၥေရးေလတပ္ အျငိမ္းစားဝန္ထမ္းျဖစ္တဲ့ အဖြားၾကီး အသက္က ၈၇ နွစ္။ ဟိုတယ္မွာ ဆိုဗီယက္စစ္သူရဲေကာင္းေတြရွိေနတဲ့ၾကားက သူ႔ဆရာမအဖြားၾကီးကို လက္ဖက္ရည္ေသာက္ ဖိတ္လိုက္တယ္။

အဖြားၾကီးကိုေတြ႔ေတာ့ “မီနာေမြဆီဗ္နာ၊ က်ေနာ္ ထိပ္ေျပာင္ေနျပီ”လို႔ ပူတင္က ေျပာတယ္။
“ေအးေလ၊ ငါေတြ႔သားပဲ၊ ဒါနဲ႕ နင္ငါ့ကို ဘယ္လိုလုပ္မွတ္မိသလဲ”လို႔ေမးတယ္။ သူ႔စိတ္ထဲမွာ ကိုယ့္ကိုယ္ကိုအလြန္အမင္းဂရုစိုက္ေသာ၊ ဝတ္စားဆင္ယင္မႈကို အထူးဂရုျပဳေသာ အမ်ဳိးသမီးလို႔အဓိပၸါယ္ရတဲ့ ‘ဖီေဖာ့ခ်္ကာ’ဆိုတဲ့ ရုရွားစကားလံုး ပူတင္ပါးစပ္ကထြက္လာမယ္ ထင္ထားတယ္။ ပူတင္ ခဏ ႏႈတ္ဆိတ္သြားျပီးေနာက္”ရုိးသားေသာ၊ မွ်တေသာ၊ သနားၾကင္နာတတ္ေသာ”ဆိုတဲ့ နာမဝိေသသန သံုးလံုးကို အဖြားၾကီးၾကားလိုက္ရတယ္။ “အဲဒီစကားသံုးလံုးေၾကာင့္ က်မစိတ္ထဲ ထိထိခိုက္ခိုက္ ျဖစ္သြားတယ္”လို႔ အဖြားၾကီးက ေျပာပါတယ္။

အဖြားၾကီးကပူတင္ကို အတိတ္အေၾကာင္းေတြေမး ပူတင္ကအဖြားၾကီးကို အနာဂတ္အေၾကာင္းေမးနဲ႔ ဆရာတပည့္ ၂ေယာက္ စကားေဖာင္ဖြဲ႔ခဲ့ၾကတယ္။ အဲဒီတုန္းက အစၥေရးသမၼတ မိုေရွကတ္ဇက္ဖ္နဲ႔ေတာင္ အဖြားၾကီးကိုမိတ္ဆက္ေပးလိုက္ေသးတယ္။ မိုေရွကတ္ဇက္ဖ္က ပူတင္ငယ္ငယ္တုန္းက ဘယ္လိုေက်ာင္းသားမ်ဳိးလဲလို႔ေမးေတာ့ အဖြားၾကီးက လူေတာ္ကေလးျဖစ္ေၾကာင္း လက္မေထာင္ျပခဲ့တယ္တဲ့။

ပူတင္ ျပန္သြားျပီး ၆ ပတ္ေလာက္အၾကာမွာ ရုရွားသံရုံးက ကိုယ္စားလွယ္ေတြ အဖြားၾကီးဆီေရာက္လာတယ္။ သမၼတၾကီးက တိုက္ခန္းတခန္း ဝယ္ေပးခ်င္တယ္ဆိုတဲ့အေၾကာင္းေျပာေတာ့ အံ့အားသင့္သြားျပီး သူ႕မွာကိုယ္ပိုင္အိမ္ရွိျပီးသားလို႔ အဖြားၾကီးက ေျပာပါေသးတယ္။ တိုက္ခန္း ၂ ခန္းလိုက္ျပျပီး အိပ္ခန္းတခန္းပါ တိုက္ခန္းငယ္ေလး ဝယ္လိုက္တယ္။ ပူတင္နဲ႔ေတြ႔တုန္း အသက္ၾကီးလာျပီျဖစ္လို႔ ေစ်းနီး၊ ဘက္စ္ကားမွတ္တိုင္နီး၊ ေဆးရုံေဆးခန္းနီတဲ့ေနရာမွာ ေနဖို႔ပဲလိုတယ္ဆိုတာ ေျပာခဲ့တယ္။ ဒါေတြကို အဖြားၾကီးက ပူတင္ဝယ္ေပးတဲ့အခန္းမွာ ျပန္ေျပာျပေနတာပါ။

အခု သူမ လီနင္ဂရက္ကို မလြမ္းေတာ့ဘူးတဲ့။ အယင္က အိမ္ေရွ႕လသာေဆာင္ထြက္ျပီး လီနင္ဂရက္ရွိရာအရပ္ကို ေငးေမွ်ာ္ၾကည့္ေလ့ရွိတယ္။ “လီနက္ဂရက္ေန႔ရက္ေတြအေၾကာင္းစဥ္းစားမိရင္ ဝမ္းနည္းလာတယ္”လို႔ သူမက ေျပာတယ္။ လြမ္းေမာမႈေတြျပီးရင္ ဝမ္းနည္းျခင္းကေနာက္က ကပ္ပါလာတာ သဘာဝတရားပဲ ထင္ပါရဲ႕။

ရုရွားမွာ တန္ခိုးအၾကီးဆံုးပုဂၢိဳလ္ျဖစ္တဲ့ ငယ္တပည့္ ပူတင္နဲ႔ ျပန္ေတြ႔ရတာ ေပ်ာ္တယ္လဲမဟုတ္၊ ဂုဏ္ယူတယ္လဲမဟုတ္ဘူးလို႔ မီနာေမြဆီဗ္နာက ေျပာပါတယ္။
“က်မစိတ္ထဲ သူဟာ ေကာင္ကေလးတေယာက္လို႔ပဲထင္ေနျပီး က်မက နုနယ္ပ်ဳိျမစ္တဲ့အရြယ္ ျပန္ေရာက္သြားသလိုခံစားရတယ္၊ က်မစိတ္ေတြ အတိတ္ဆီလႊင့္ေမ်ာသြားတယ္”လို႔ ဆရာတပည့္ ၂ ေယာက္ နွစ္ ၄၀ ေလာက္ၾကာျပီးမွျပန္ေတြ႔ရတဲ့ ခံစားခ်က္ကို အဖြားၾကီးက ေျပာျပတယ္။

ဥကၠာဦး (News Watch Journal)

Ref ; BBC/News Statesman

——————————-

အလွမ်းဓါတ်ခံရှိတဲ့ ရုရှားသမ္မတပူတင်

ပူတင်ဟာ ၁၉၈၀ လောက်က ဆိုဗီယက်ဩဇာခံ အရှေ့ဂျာမဏီကို ရုရှားထောက်လှမ်းရေး အရာရှိငယ်ဘဝနဲ့ ရောက်ခဲ့တယ်။ ၁၉၈၉ အထိဆိုတော့ အဲဒီမှာ ၉ နှစ်လောက်နေခဲ့တယ်ဆိုပါတော့။ အဲဒီကာလတွေမှာ သူပျော်ရွှင်နေခဲ့တယ်။ ဆိုဗီယက်ဩဇာခံဖြစ်ပေမယ့် အရှေ့ဂျာမဏီရဲ့ သပ်ရပ်သန့်ရှင်းတဲ့ လမ်းမတွေ၊ တပတ်တခါ သူတို့အိမ်ပြူတင်းတွေကို တိုက်ချွတ်ဆေးကြောတတ်တဲ့ အရှေ့ဂျာမဏီသားတွေရဲ့အလေ့အထကို ပူတင် သဘောကျနှစ်သက်တယ်။ ၁၉၈၉ မှာ ကွန်မြုနစ်အစိုးရကို တွန်းလှန်တော်လှန်တဲ့ လူထုအုံကြွမှုကြီးဖြစ်ခဲ့ပြီး အရှေ့အနောက် ခြားထားတဲ့ ဘာလင်တံတိုင်းကြီးကို ပြည်သူတွေက ဖြိုချလိုက်ကြတယ်။

KGB အေးဂျင့် ပူတင်ဟာ ဆိုဗီယက်ကို လှမ်းအကြောင်းကြားတယ်။ ၁၉၈၉ နိုဝင်ဘာ ၉ မှာ ဘာလင်တံတိုင်း စပွင့်သွားပြီးနောက် လူထုဟာ ပိုပြီးအတင့်ရဲလာတယ်။ သူတို့ KGB တွေရော၊ အရှေ့ဂျာမဏီထောက်လှမ်းရေးတပ်ဖွဲ့ဝင် စတာစီတွေကိုရော ပြည်သူတွေက ရန်ပြုနေပြီ၊ သူတို့ရဲ့ ဌာနချုပ် ဌာနခွဲတွေကို ဝင်ဖျက်ဆီးတာတွေ လုပ်နေပြီ။ ပူတင်က ဆိုဗီယက်က တင့်ကားတွေ ဝင်လာလိမ့်မယ်လို့ ထင်ထားခဲ့ပေမယ့် ဘာအကူအညီမှရောက်လာဘူး။ အဲဒီမှာ သူချစ်တဲ့၊ သူပျော်ပိုက်တဲ့ အရှေ့ဂျာမဏီ ပျက်သုန်းတော့မယ်ဆိုတာ သူရိပ်မိသွားတယ်။ တကယ်တော့ အရှေ့ဂျာမဏီ ဒရက်စ်ဒန်မြို့ထဲမှာတင် ဗဟိုအမိန့်ကို စောင့်နေတဲ့ ဆိုဗီယက်တင့်ကားတွေ အသင့်ရှိနေပါတယ်။ နောက်တော့ အနောက်ဂျာမဏီအဓိပတိ ဟဲလ်မွတ်ရှိုလ်း ဒရက်စ်ဒန်မြို့ထဲရောက်လာရာမှာတော့ သူထင်ထားတဲ့အတိုင်း ဖြစ်တော့မယ်ဆိုတာ သေချာသွားခဲ့တယ်။ အရှေ့/အနောက် ပြန်ပေါင်းထုပ်တော့မယ်ဆိုတာကိုပေါ့။

သူနဲ့ သူ့ဇနီးတို့အတွက် အိမ်လိုဖြစ်ခဲ့တဲ့၊ သူ့အတွက် နတ်ဘုံနတ်နန်းသဖွယ်ဖြစ်ခဲ့တဲ့အရှေ့ဂျာမဏီဆိုတာ မရှိတော့ဘူးဆိုတဲ့အသိက သူရော ဇနီးအတွက်ပါ ခြောက်ခြားစရာအိပ်မက်တခုလိုဖြစ်ခဲ့တယ်။ လီနင်ဂရက်(အခု စိန့်ပီတာစ်ဘာခ်) အပြန် အရှေ့ဂျာမဏီက မိတ်ဆွေတွေက အဝတ်လျော်စက်အဟောင်းတလုံးကို ခွဲခွာခြင်းလက်ဆောင်အဖြစ် ပေးလိုက်တယ်။ ဆိုဗီယက်ပြန်ရောက်တော့ အဲဒီမှာဖြစ်ပျက်နေတဲ့ကိစ္စရပ်တွေအပေါ် သူနားမလည်နိုင်၊ လက်မခံနိုင်ဖြစ်ခဲ့တယ်။ ဟုတ်ပါတယ် အဝေးမှာအနေကြာလာတော့ ကိုယ့်ရပ်ကိုယ့်မြေနဲ့တောင် အသားမကျနိုင်ဖြစ်တတ်ပါတယ်။

အိမ်အပြန်လမ်းတလျောက် အာဏာ၏မတည်မြဲခြင်း၊ ပြည်သူ့အာဏာ လူထုစွမ်းပကား တန်ခိုးထွားလာရင် ဘယ်အာဏာရှင်မှ မခံနိုင်ကြောင်းတွေ စဉ်းစားတွေးတောလာခဲ့တယ်။ အရှေ့ဂျာမဏီမှာ သူလျှိုလုပ်ခဲ့စဉ်တလျောက် တိုင်းပြည်တာဝန်ထမ်းဆောင်နေခြင်းဖြစ်တယ်လို့ခံယူခဲ့ပေမယ့် သူဘာလုပ်ခဲ့တယ်ဆိုတာ လက်ဆုပ်လက်ကိုင်ပြစရာမရှိဘူး။ ဇာတိ လီနင်ဂရက်ပြန်ရောက်တော့ တက္ကစီမောင်းဖို့တောင် စဉ်းစားခဲ့မိသေးတယ်။

မိတ်ဆွေတွေပေးလိုက်တဲ့ တပတ်ရစ်အဝတ်လျော်စက်သာမက အဆက်အသွယ်ကောင်းတွေ အတွေ့အကြုံတွေ သူ့နဲ့အတူပါလာတယ်ဆိုတာ သိပ်မကြာခင် ပူတင်သဘောပေါက်သွားပါတယ်။ စိန့်ပီတာစ်ဘာ့ခ်ပြန်ရောက်ပြီး မကြာခင် ဆိုဗီယက်ပြည်ထောင်စုလည်း ပြိုကွဲသွားတယ်။ အပြောင်းအလဲဆိုတာ အင်းအားကြီးခြင်း၊ အင်အားချိနဲ့ခြင်းတို့ကြောင့်သာမက စိတ်ခံစားချက်တွေကြောင့်လည်း ဖြစ်တတ်တယ်ဆိုတာတွေ ပူတင် သိသွားတယ်။

ရုရှားနိုင်ငံသစ်ရဲ့ စီးပွားရေး၊ နိုင်ငံရေးမှာ ပေါက်ရောက်နေသူအချို့ဟာ ပူတင် ဒရက်စဒန်မှာနေခဲ့တုန်းက အသိအကျွမ်းတွေ ဖြစ်တယ်။ ပင်ကိုယ်အစွမ်းအစရှိတဲ့ ပူတင်မှာ အဆက်အသွယ်ကောင်းတွေလည်းရှိနေတာကြောင့် သူ့ဘဝ တစတစ တိုးတတ်လာပြီး ရုရှားသမ္မတ၊ ရုရှားဝန်ကြီးချုပ် ၂ ကြိမ် ၂ လီ ဖြစ်လာခဲ့တယ်။ ရုရှာသမ္မတအနေနဲ့ ၂၀၀၆ ဂျာမဏီပြန်ရောက်တုန်းက သူသွားလာစားသောက်နေကျ ဆိုင်တွေဆီ အမှတ်တရ သွားခဲ့ပါသေးတယ်။

အစ္စရေးနိုင်ငံ တယ်လ်အဗီမြို့မှာ ပူတင်ကိုငယ်ငယ်က ဂျာမန်ဘာသာစကားသင်ပေးခဲ့တဲ့ မီနာမွေဆီဗ်နာယူဒစ်ကာယာ ဆိုတဲ့ ယူကရိန်းဇာတိ ဂျုးအဖွားကြီးတယောက်ရှိတယ်။ တနေ့ အဖွားကြီး တီဗီကြည့်နေတုန်း ရုရှားသမ္မတ ဘောရစ်ယယ်လ်ဆင်ဘေးမှာထိုင်နေတဲ့ ပူတင်ကိုသွားတွေ့တယ်။ သေချာအောင် တီဗီအနားကပ်ပြီးကြည့်တော့ ငယ်ငယ်က အားကစားလိုက်စားပြီး ဆံပင်နီကြောင်ကြောင်ဖို့ရို့ဖားရားနဲ့ မခို့တယို့အပြုံးပိုင်ရှင် သူ့တပည့်ဟောင်းလေး ပူတင်ဖြစ်နေတယ်။

တခုသောနံနက်ခင်း ရုရှားသမ္မတဗလာဒီမြာပူတင် အစ္စရေးကိုလာမယ်ဆိုတဲ့အကြောင်း သတင်းစာမှာ ဖတ်လိုက်ရတယ်။ အဖွားကြီး ရုရှားသံရုံးကိုသွားပြီး ပူတင်ကို တွေ့မြင်လိုကြောင်း၊ သူ့တပည့်ကို အဝေးကမြင်ရရင် ကျေနပ်ပြီဆိုတဲ့အကြောင်း သွားပြောတယ်။

ပူတင် အစ္စရေးကိုလာတဲ့အချိန်မှာ အဖွားကြီးကို ကားတစီးက ဂျရုစလင် King David ဟိုတယ်ကို တင်ဆောင်ခေါ်ယူသွားတယ်။ ဒီအဖြစ်အပျက်တွေက လွန်ခဲ့တဲ့ ၁၃ နှစ် ၂၀၀၅ လောက်မှာဖြစ်ခဲ့တာပါ။ အဲဒီတုန်းက အစ္စရေးလေတပ် အငြိမ်းစားဝန်ထမ်းဖြစ်တဲ့ အဖွားကြီး အသက်က ၈၇ နှစ်။ ဟိုတယ်မှာ ဆိုဗီယက်စစ်သူရဲကောင်းတွေရှိနေတဲ့ကြားက သူ့ဆရာမအဖွားကြီးကို လက်ဖက်ရည်သောက် ဖိတ်လိုက်တယ်။

အဖွားကြီးကိုတွေ့တော့ “မီနာမွေဆီဗ်နာ၊ ကျနော် ထိပ်ပြောင်နေပြီ”လို့ ပူတင်က ပြောတယ်။
“အေးလေ၊ ငါတွေ့သားပဲ၊ ဒါနဲ့ နင်ငါ့ကို ဘယ်လိုလုပ်မှတ်မိသလဲ”လို့မေးတယ်။ သူ့စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုအလွန်အမင်းဂရုစိုက်သော၊ ဝတ်စားဆင်ယင်မှုကို အထူးဂရုပြုသော အမျိုးသမီးလို့အဓိပ္ပါယ်ရတဲ့ ‘ဖီဖော့ခ်ျကာ’ဆိုတဲ့ ရုရှားစကားလုံး ပူတင်ပါးစပ်ကထွက်လာမယ် ထင်ထားတယ်။ ပူတင် ခဏ နှုတ်ဆိတ်သွားပြီးနောက်”ရိုးသားသော၊ မျှတသော၊ သနားကြင်နာတတ်သော”ဆိုတဲ့ နာမဝိသေသန သုံးလုံးကို အဖွားကြီးကြားလိုက်ရတယ်။ “အဲဒီစကားသုံးလုံးကြောင့် ကျမစိတ်ထဲ ထိထိခိုက်ခိုက် ဖြစ်သွားတယ်”လို့ အဖွားကြီးက ပြောပါတယ်။

အဖွားကြီးကပူတင်ကို အတိတ်အကြောင်းတွေမေး ပူတင်ကအဖွားကြီးကို အနာဂတ်အကြောင်းမေးနဲ့ ဆရာတပည့် ၂ယောက် စကားဖောင်ဖွဲ့ခဲ့ကြတယ်။ အဲဒီတုန်းက အစ္စရေးသမ္မတ မိုရှေကတ်ဇက်ဖ်နဲ့တောင် အဖွားကြီးကိုမိတ်ဆက်ပေးလိုက်သေးတယ်။ မိုရှေကတ်ဇက်ဖ်က ပူတင်ငယ်ငယ်တုန်းက ဘယ်လိုကျောင်းသားမျိုးလဲလို့မေးတော့ အဖွားကြီးက လူတော်ကလေးဖြစ်ကြောင်း လက်မထောင်ပြခဲ့တယ်တဲ့။

ပူတင် ပြန်သွားပြီး ၆ ပတ်လောက်အကြာမှာ ရုရှားသံရုံးက ကိုယ်စားလှယ်တွေ အဖွားကြီးဆီရောက်လာတယ်။ သမ္မတကြီးက တိုက်ခန်းတခန်း ဝယ်ပေးချင်တယ်ဆိုတဲ့အကြောင်းပြောတော့ အံ့အားသင့်သွားပြီး သူ့မှာကိုယ်ပိုင်အိမ်ရှိပြီးသားလို့ အဖွားကြီးက ပြောပါသေးတယ်။ တိုက်ခန်း ၂ ခန်းလိုက်ပြပြီး အိပ်ခန်းတခန်းပါ တိုက်ခန်းငယ်လေး ဝယ်လိုက်တယ်။ ပူတင်နဲ့တွေ့တုန်း အသက်ကြီးလာပြီဖြစ်လို့ ဈေးနီး၊ ဘက်စ်ကားမှတ်တိုင်နီး၊ ဆေးရုံဆေးခန်းနီတဲ့နေရာမှာ နေဖို့ပဲလိုတယ်ဆိုတာ ပြောခဲ့တယ်။ ဒါတွေကို အဖွားကြီးက ပူတင်ဝယ်ပေးတဲ့အခန်းမှာ ပြန်ပြောပြနေတာပါ။

အခု သူမ လီနင်ဂရက်ကို မလွမ်းတော့ဘူးတဲ့။ အယင်က အိမ်ရှေ့လသာဆောင်ထွက်ပြီး လီနင်ဂရက်ရှိရာအရပ်ကို ငေးမျှော်ကြည့်လေ့ရှိတယ်။ “လီနက်ဂရက်နေ့ရက်တွေအကြောင်းစဉ်းစားမိရင် ဝမ်းနည်းလာတယ်”လို့ သူမက ပြောတယ်။ လွမ်းမောမှုတွေပြီးရင် ဝမ်းနည်းခြင်းကနောက်က ကပ်ပါလာတာ သဘာဝတရားပဲ ထင်ပါရဲ့။

ရုရှားမှာ တန်ခိုးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ငယ်တပည့် ပူတင်နဲ့ ပြန်တွေ့ရတာ ပျော်တယ်လဲမဟုတ်၊ ဂုဏ်ယူတယ်လဲမဟုတ်ဘူးလို့ မီနာမွေဆီဗ်နာက ပြောပါတယ်။
“ကျမစိတ်ထဲ သူဟာ ကောင်ကလေးတယောက်လို့ပဲထင်နေပြီး ကျမက နုနယ်ပျိုမြစ်တဲ့အရွယ် ပြန်ရောက်သွားသလိုခံစားရတယ်၊ ကျမစိတ်တွေ အတိတ်ဆီလွှင့်မျောသွားတယ်”လို့ ဆရာတပည့် ၂ ယောက် နှစ် ၄၀ လောက်ကြာပြီးမှပြန်တွေ့ရတဲ့ ခံစားချက်ကို အဖွားကြီးက ပြောပြတယ်။

ဥက္ကာဦး (News Watch Journal)

Ref ; BBC/News Statesman

Leave a Reply