ဘရူႏုိင္း ႏုိင္ငံအေၾကာင္း သိေကာင္းစရာ

Posted on

ဘရူနိင္း ႏုိင္ငံသည္ေဘာ္နီရိုကၽြန္းေၿမာက္ဖက္ကမ္းေၿခရွိ အေရွ ့ေတာင္ အာရွနိင္ငံတနိင္ငံၿဖစ္သည္ ။ ဧရိယာစတုရန္းမိုင္ ၂၂၂၆ – မိုင္သာရွိၿပီး  လူဦးေရမွာလည္း ၄၁၇၂၀၀ သာရွိၿပီး ဘုရင္အုပ္ခ်ဳပ္ သည့္ နိင္ငံငယ္ ေလးၿဖစ္သည္ ။ လူဦးေရ အမ်ားစုမွာ မေလးလူမ်ဳိး ၆၅% ႏွင့္ တရုတ္လူမ်ဳိး ၁၀% တုိ႔ျဖစ္ၿပီး အျခားလူမ်ဳိးမ်ားလည္းေနထုိင္သည္။ အမ်ားစုမွာ အစၥလမ္ ဘာသာ၀င္မ်ားၿဖစ္ၿပီး ၇၈ % ရွိကာ ၊ ခရစ္ယာန္ ၈% ႏွင့္ ဗုဒြဘာသာ၀င္ ၇ % ၿဖစ္သည္ ။ ၿမိဳ ့ေတာ္မွာ “Bandar Seri Begawan ” ၿဖစ္ၿပီး ဘရူႏုိင္းပင္လယ္ေအာ္အနီး ဘရူႏုိင္းျမစ္ေၾကာင္းတစ္ေလွ်ာက္တြင္ တည္ရွိသည့္ ၿမဳိ႕ျဖစ္သည္။

မေလးဘာသာစကားမွာ ရံုးသံုး ဘာသာစကားၿဖစ္သည္ ။ဘရူနိင္းနိင္ငံသည္အေရွ ့ေတာင္အာရွ ကၽြန္းဆြယ္တြင္ၿဗိတိသွ်တို ့၏ ေနာက္ဆံုး က်န္ရွိသည့္ ကိုလိုနီၿဖစ္သည္ ။ ၁၉၈၄ – ခုႏွစ္အခ်ိန္ေရာက္မွျဗိတိသ်ွထံမွ လြတ္ေရး႐ရွိခဲ့သည့္ႏုိင္ငံျဖစ္သည္ ။ ယေန ့အခ်ိန္တြင္ ဘရူနိင္းႏုိင္ငံသည္ ကမ္းလြန္ေရနံမွရရွိသည့္၀င္ေငြၿဖင့္ ခ်မ္းသာၾကြယ္၀သည့္ ႏုိင္ငံတႏုိင္ငံျဖစ္ေနေပၿပီ။ ကုလသမဂၢအဖြဲ ့၀င္နိင္ငံ ၊ ဓနသဟာရအဖြဲ ့၀င္နိင္ငံ ႏွင့္ အေရွ ့ေတာင္အာရွအဖြဲ ့၀င္နိင္ငံ တနိင္ငံၿဖစ္သည္ ။ ႏုိင္ငံ၏ တရား၀င္အမည္မွာ မွာ Negara Brunei Darussalam  ၿဖစ္သည္ ။

သမိုင္း

ဤေဒသတြင္ေအဒီ ၈ – ရာစုအခ်ိန္မွစ၍  ယဥ္ေက်းမွဳတည္ရွိခဲ့ၿပီး ေအဒီ ၁၄ – ရာစု အခ်ိန္က ဂ်ာဗားဘုရင္ Majapahit ၏ လက္ေအာက္ခံေဒသၿဖစ္ခဲ့သည္ ။  ၁၆ – ရာစု တြင္ဤေဒသအား ဆူလတန္ဘုရင္မ်ားမွသိမ္းပိုက္ အုပ္ခ်ဳပ္ခဲ့ၾကသည္ ။ ၁၈၈၈ – ခုႏွစ္တြင္ၿဗိတိသွ် အပိုင္ ၿဖစ္လာခဲ့ကာဘရူနိင္းသည္ မေလးရွား၏ ၿပည္နယ္တခုၿဖစ္ခဲ့သည္ ။ ၁၉၀၆ – ခုႏွစ္တြင္ဤေဒသရွိ ဆူလတန္ဘုရင္အား ၿဗိတိသွ်တို ့မွ အသိအမွတ္ၿပဳခဲ့ေသာ္လည္း  ဘုရင္မွာသာမန္ၾသဇာမွ်သာရွိခဲ့သည္ ။

၁၉၆၃ -ခုႏွစ္တြင္ မေလးရွားနိင္ငံ၏  ဖက္ဒရယ္ၿပည္နယ္ အၿဖစ္ပူးေပါင္းရန္ ဖိတ္ေခၚခဲ့ေသာ္လဲ က်န္ရွိေနခဲ့ကာၿဗိတိသွ် အပိုင္အၿဖစ္ဆက္ရွိေနခဲ့သည္ ။ ၁၉၈၄- ခုႏွစ္ဇြန္န၀ါရီလအခ်ိန္ေရာက္မွ ဘူရူနိင္းနိင္ငံသည္ ၿဗိတိသွ်ထံမွ လြတ္လပ္ေရးရရွိခဲ့သည္ ။ လြတ္လပ္ေရးရရွိၿပီးေနာက္နိင္ငံအား ဆူလတန္ဘုရင္ Muda Hassanal Bolkiah မွ ႏုိင္ငံကိုအုပ္ခ်ဳပ္ခဲ့သည္ ။ ဘရူးႏုိင္းဘုရင္ Hassanal Bolkiah သည္ ယေန ့ကမာၻေပၚတြင္ ဒုတိယ နန္းသက္အရွည္ဆုံးဘုရင္ၿဖစ္ၿပီး ၁၉၆၈ – ၾသဂုတ္လအခ်ိန္ မွစ၍ ဘရူးနိင္းဘုရင္ဘြဲ ့ကိုရယူခဲ့သူျဖစ္သည္ ။

အုပ္ခ်ဳပ္ေရး

၂၀၀၄ – ခုႏွစ္မွစ၍ ဘရူနိင္းနိင္ငံသည္ ဒီမိုကေရစီသို ့ေလွ်ာက္လွမ္းေနသည့္ ႏုိင္ငံၿဖစ္ေသာ္လည္းဖြဲ ့စည္းပံု အေၿခခံဥပေဒအရ ၾသဇာအာဏာ အားလံုးကို ဘုရင္မွခ်ဳပ္ကိုင္ထားသည္ ။ ႏုိင္ငံေရးႏွင့္ အစိုးရ ႏုိင္ငံေရးအေနျဖင့္ ဘုရင္ဦးေဆာင္ေသာ အစၥလာမ္ဘာသာေရးအေျခခံ အုပ္ခ်ဳပ္ေရးစနစ္ျဖစ္သည္။ အစိုးရအေနျဖင့္လည္း ဘုရင့္မိသားစု၊ ေဆြမ်ိဳးအသိုင္းအဝိုင္းမ်ားမွ အာဏာကိုအဓိကခ်ဳပ္ကိုင္ထားသည္။ ၿဗိတိသၽွ ဥေပဒမ်ားရွိေသာလည္း အစၥလာမ္ဘာသာေရး ဥပေဒကပိုမို လႊမ္းမိုးသည္။ လႊတ္ေတာ္ ရွိေသာ္လည္း ေ႐ြးေကာက္ပြဲ က်င္းပျခင္း မရွိေပ။ ဘ႐ူႏိုင္းႏိုင္ငံ၏ ေနာက္ဆုံး ေ႐ြးေကာက္ပြဲကို ၁၉၆၂ ခုႏွစ္တြင္ က်င္းပခဲ့ျခင္း ျဖစ္သည္။

၁၉၅၉ ခုႏွစ္ ဘ႐ူႏိုင္းႏိုင္ငံ ဖြဲ႕စည္းပုံအေျခခံဥပဒအရ ဘုရင္မွာ ႏိုင္ငံေခါင္းေဆာင္ျဖစ္ၿပီး အာဏာအရပ္ရပ္ကို ခ်ဳပ္ကိုင္ထားရွိသည္။ ဘုရင္သည္ ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္၊ ဘ႑ာေရးဝန္ႀကီး ႏွင့္ ကာကြယ္ေရးဝန္ႀကီး ေနရာမ်ားကိုပါ ရယူထားရွိသည္။ ဘ႐ူႏိုင္းႏိုင္ငံသည္ ၁၉၈၄ ခုႏွစ္ ၁၉၈၄ ခုႏွစ္ ဇန္နဝါရီလ ၇ ရက္ေန႔တြင္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း သို႔ ဝင္ေရာက္ခဲ့ၿပီး ၁၉၈၄ ခုႏွစ္ စက္တင္ဘာလ ၂၁ ရက္ေန႔တြင္ ကမာၻ႔ ကုလသမဂၢအဖြဲ႕ႀကီး သို႔ ဝင္ေရာက္ခဲ့သည္။

ပထ၀ီ၀င္

ဘ႐ူႏိုင္းသည္ ေဘာ္နီယိုကၽြန္း အေရွ႕ေျမာက္ကမ္းေျခတြင္ ေတာင္တ႐ုတ္ ပင္လယ္ကို မ်က္ႏွာမူလ်က္ တည္ရွိသည္။ ႏိုင္ငံသည္ တစ္ေျပးတစ္ဆက္တည္းမရွိ။ က်ဥ္းေျမာင္း ရွည္လ်ားသည့္နယ္ေျမႏွစ္ခု ကြဲေန၍ ၎တို႔ၾကားတြင္ မေလးရွားႏိုင္ငံ၏ ဆရာဝက္ျပည္နယ္က ျခားထားသည္။ ေျမာက္လတၱီတြဒ္ ၄ ဒီဂရီႏွင့္ ၅ ဒီဂရီၾကားတြင္ ရွိ၍အီေကြတာရာသီဥတုရရွိသည္။ ေဆာင္းဥတုဟူ၍မရွိ၊ တစ္ႏွစ္ပတ္လုံးပူေႏြး စိုစြတ္သည္။ ႏိုင္ငံအတြင္းပိုင္းမ်ားသည္ ေတာင္ထူထပ္သည္။

အထူးသျဖင့္ အေရွ႕ဘက္ပိုင္းတြင္ အၿမဲစိမ္း မိုးသစ္ေတာမ်ား ေပါက္ေရာက္သည္။ ကမ္း႐ိုးတန္း တစ္ေလၽွာက္ အခ်ိဳ႕ေနရာမ်ားႏွင့္ ျမစ္ေခ်ာင္းမ်ားတစ္ေလၽွာက္တြင္ ဒီေရာက္ေတာမ်ား ေပါက္ေရာက္သည္။ လူဦးေရနည္းေသာ ႏိုင္ငံျဖစ္၍ သဘာဝသစ္ေတာမ်ားစြာ က်န္ေသးသည္။ ႏိုင္ငံဧရိယာ၏ ၇၈ ရာခိုင္ႏႈန္းကို သစ္ေတာမ်ား ဖုံးအုပ္ထားဆဲဟုခန္႔မွန္းၾကသည္။ ဘရူႏုိင္းႏုိင္ငံ ၏ အျမင့္ဆုံးေနရာမွာ မေလးရွားနယ္စပ္အနီးရွိ Bukit Pagon ေတာင္ျဖစ္ၿပီး အျမင့္ေပ ၆၀၆၉ေပ ျမင့္သည္။

စီးပြားေရး

ေရနံကို ၁၉၂၉ ခုႏွစ္တြင္ စတင္ေတြ႕ရွိ၍ ထုတ္လုပ္ခဲ့သည္။ ၁၉၆၀ ျပည့္လြန္ ႏွစ္မ်ားတြင္ ကမ္းလြန္ပင္လယ္ျပင္မွလည္းေရနံႏွင့္ သဘာဝဓာတ္ေငြ႕သိုက္မ်ား ေတြ႕ရွိ၍ ထုတ္လုပ္လာသည္။ ႏိုင္ငံ၏ ဝင္ေငြကိုေရနံမွပင္ရရွိသည္။ အျခားစီးပြားေရးလုပ္ငန္းဟူ၍ ေျပာပေလာက္ေအာင္ မရွိ။ ႂကြယ္ဝၿပီးလူဦးေရးနည္းေသာ ႏိုင္ငံျဖစ္၍ လူေနမႈ အဆင့္အတန္းျမင့္မားသည္။ တိုင္းသူျပည္သားမ်ာသည္ ဝင္ေငြခြန္ ေဆာင္စရာမလို။ အခမဲ့ ပညာသင္ၾကားေရးႏွင့္ အခမဲ့ ေဆးကုသခြင့္လည္းရရွိသည္။ ထုိ႔အျပင္ အစားအစာႏွင့္ အိမ္လုိအပ္ခ်က္မ်ားကိုလည္း ႏုိင္ငံေတာ္မွ ျဖည့္ဆည္းေပးသည္။

ဘ႐ူႏိုင္ငံဘုရင္သည္လည္း ေဒၚလာ ၂၅ဘီလ်ံခ်မ္းသာကာ ကမၻာ့အႂကြယ္ဝဆုံးသူမ်ားတြင္ တစ္ေယာက္အပါအဝင္ျဖစ္သည္။ အဖုိးတန္ဇိမ္ခံကားေပါင္း ၂၅၀၀ခန္႔ ပိုင္ဆုိင္ၿပီး ထုိအထဲတြင္ လန္ေဘာ္ဂီနီ ၂၀စီး ၊ ေပၚေရွး ၁၆၀စီး ၊ ရုိးရြိဳက္ ၁၃၀စီး ၊ ဖာရာရီ ၃၆၀စီး ၊ ဂ်ာဂြာ ၁၇၀စီး ၊ BMA ၁၈၀စီး ၊ ဘန္တေလ ၃၆၀စီး ၊ မာစီးဒီး ၅၃၀စီး ႏွင့္ အျခားကားမ်ားအျပင္ ေရႊအစစ္ျဖင့္ၿပဳလုပ္ထားေသာ ရုိးရြဳိက္တစ္စီးကိုလည္း ပုိင္ဆုိင္ေသးသည္။ အခန္းေပါင္း ၁၇၈၈ပါရွိသည့္ နန္းေတာ္ႀကီးကို ပုိင္ဆုိင္သူျဖစ္သည္။ ဘရူႏုိင္းသတင္းစာကုိလည္း ဘုရင့္မိသားစုကသာ ပုိင္ဆုိင္သည္။

အထက္တြင္ ဆိုခဲ့သည့္အတိုင္းဘ႐ူႏိုင္း၏ စီးပြားေရးသည္ ေရနံတစ္ခုတည္း အေပၚတြင္သာမွီခိုအားထားလ်က္ရွိသည္။ ေရနံသည္ ကုန္ခန္းတတ္ေသာပစၥည္းျဖစ္သည္။ ယခုလက္ရွိေရနံႏွင့္ သဘာဝဓာတ္ေငြ႕သိုက္မ်ားသည္ လာမည့္ႏွစ္ေပါင္း ၃၀ – ၄၀ ခန္႔တြင္ ကုန္ခန္းသြားဖြယ္ရာရွိသည္ဟုခန္႔မွန္းၾကသည္။ လာမည့္ မ်ိဳးဆက္သစ္မ်ားအတြက္ ႀကိဳတင္ ျပင္ဆင္ရန္လိုအပ္လာသည္။

ယခု ေလာေလာဆယ္တြင္မူခရီးသြားလုပ္ငန္းႏွင့္ ေရထြက္ပစၥည္း ထုတ္လုပ္သည့္ လုပ္ငန္းကိုတိုးခ်ဲ႕ ရန္စီစဥ္လ်က္ ရွိသည္ဟုသိရသည္။ အေရွ႕တီေမာႏိုင္ငံ၏ ေရနံရွာေဖြေရးလုပ္ငန္းတြင္လည္းရင္းႏွီးျမႇပ္ႏွံရန္ စီစဥ္လ်က္ရွိသည္။ ႏိုင္ငံမွ ထြက္ရွိေသာေရနံကို ျပည္တြင္းသုံးရန္အတြက္ အနည္းငယ္ ခ်က္လုပ္ၿပီး ျပည္ပသို႔ ေရနံစိမ္းတင္ပို႔သည္။ သဘာဝဓာတ္ေငြ႕လည္းထြက္ရွိရာသဘာဝဓာတ္ေငြ႕ရည္ စက္႐ုံတည္ေထာင္ထား၍ ထြက္ရွိလာေသာသဘာဝဓာတ္ေငြ႕ရည္ကိုဂ်ပန္ႏိုင္ငံသို႔ တင္ပို႔သည္။

ႏိုင္ငံအတြင္း ကီလိုမီတာ ၂၈၀၀ (မိုင္ ၁ ၇၀၀) ရွည္လ်ားေသာ လမ္းမႀကီးမ်ားျဖင့္ ခ်ိတ္ဆက္ထားရွိသည္။ ကီလိုမီတာ ၁၃၅ (၈၄ မိုင္) ရွိေသာ မူအာရာၿမိဳ႕မွ ခူအာလာ ဘယ္အစ္ၿမိဳ႕အထိ ဆက္သြယ္ထားေသာ အေဝးေျပးလမ္းမကို အသြားအျပန္ ႏွစ္လမ္းအျဖစ္ အဆင့္ျမႇင့္တင္ခဲ့သည္။

ဘ႐ူႏိုင္းႏိုင္ငံသို႔ ေလေၾကာင္း၊ ေရေၾကာင္းႏွင့္ ကုန္းေၾကာင္းမ်ားျဖင့္ ေရာက္ရွိႏိုင္သည္။ ဘ႐ူႏိုင္း အျပည္ျပည္ဆိုင္ရာ ေလဆိပ္သည္ ႏိုင္ငံသို႔ ဝင္ထြက္ရာအဓိက အေပါက္ျဖစ္သည္။ ဘ႐ူႏိုင္းေတာ္ဝင္ ေလေၾကာင္းလိုင္း သည္ ႏိုင္ငံေတာ္ အလံတင္ ေလေၾကာင္းလိုင္း ျဖစ္သည္။ ေရေၾကာင္းမွ ဆိုလၽွင္လည္း မေလရွား လဘူအန္ မွ လာေရာက္ႏိုင္သည္။ မူအာရာေဒသတြင္ ဘ႐ူႏိုင္းႏိုင္ငံ၏ အဓိက ဆိပ္ကမ္း တည္ရွိသည္။

ဘရူႏုိင္း လူဦးေရ ၂ေယာက္လွ်င္ ကား ၁ စီးက် ပိုင္ဆိုင္ၾကသည္။ ဘ႐ူႏိုင္းႏိုင္ငံသည္ အျခားသယ္ယူပို႔ေဆာင္ေရး စနစ္ မရွိျခင္း၊ ဝင္ေငြခြန္ေဆာင္ရမႈ နည္းပါးျခင္းႏွင့္ ဆီေဈး နည္းျခင္းတို႔ေၾကာင့္ ကမၻာတြင္ ကားပိုင္ဆိုင္မႈ ရာခိုင္ႏႈန္း အမ်ားဆုံးႏိုင္ငံ ျဖစ္သည္။ ႏုိင္ငံသားတစ္္ဦး၏ ႏွစ္စဥ္ပ်မ္းမွ်၀င္ေငြမွာ အေမရိကန္ေဒၚလာ ၇၆၇၄၃ ျဖစ္ၿပီး ၂၀၁၇ခုႏွစ္စာရင္းအရ ကမာၻ႔အခ်မ္းသာဆုံးႏုိင္ငံစာရင္းတြင္ နံပါတ္ ၄ေနရာမွ ရပ္တည္လွ်က္ရွိသည္။

Academy
Myanmar Wikipedia

———————

ဘရူနိုင်း နိုင်ငံအကြောင်း သိကောင်းစရာ (unicode)

ဘရူနိင်း နိုင်ငံသည်ဘော်နီရိုကျွန်းမြောက်ဖက်ကမ်းခြေရှိ အရှေ့တောင် အာရှနိင်ငံတနိင်ငံဖြစ်သည် ။ ဧရိယာစတုရန်းမိုင် ၂၂၂၆ – မိုင်သာရှိပြီး  လူဦးရေမှာလည်း ၄၁၇၂၀၀ သာရှိပြီး ဘုရင်အုပ်ချုပ် သည့် နိင်ငံငယ် လေးဖြစ်သည် ။ လူဦးရေ အများစုမှာ မလေးလူမျိုး ၆၅% နှင့် တရုတ်လူမျိုး ၁၀% တို့ဖြစ်ပြီး အခြားလူမျိုးများလည်းနေထိုင်သည်။ အများစုမှာ အစ္စလမ် ဘာသာဝင်များဖြစ်ပြီး ၇၈ % ရှိကာ ၊ ခရစ်ယာန် ၈% နှင့် ဗုဒွဘာသာဝင် ၇ % ဖြစ်သည် ။ မြို့တော်မှာ “Bandar Seri Begawan ” ဖြစ်ပြီး ဘရူနိုင်းပင်လယ်အော်အနီး ဘရူနိုင်းမြစ်ကြောင်းတစ်လျှောက်တွင် တည်ရှိသည့် မြို့ဖြစ်သည်။

မလေးဘာသာစကားမှာ ရုံးသုံး ဘာသာစကားဖြစ်သည် ။ဘရူနိင်းနိင်ငံသည်အရှေ့တောင်အာရှ ကျွန်းဆွယ်တွင်ဗြိတိသျှတို့၏ နောက်ဆုံး ကျန်ရှိသည့် ကိုလိုနီဖြစ်သည် ။ ၁၉၈၄ – ခုနှစ်အချိန်ရောက်မှဗြိတိသျှထံမှ လွတ်ရေးရရှိခဲ့သည့်နိုင်ငံဖြစ်သည် ။ ယနေ့အချိန်တွင် ဘရူနိင်းနိုင်ငံသည် ကမ်းလွန်ရေနံမှရရှိသည့်ဝင်ငွေဖြင့် ချမ်းသာကြွယ်ဝသည့် နိုင်ငံတနိုင်ငံဖြစ်နေပေပြီ။ ကုလသမဂ္ဂအဖွဲ့ဝင်နိင်ငံ ၊ ဓနသဟာရအဖွဲ့ဝင်နိင်ငံ နှင့် အရှေ့တောင်အာရှအဖွဲ့ဝင်နိင်ငံ တနိင်ငံဖြစ်သည် ။ နိုင်ငံ၏ Official name မှာ Negara Brunei Darussalam  ဖြစ်သည် ။

သမိုင်း

ဤဒေသတွင်အေဒီ ၈ – ရာစုအချိန်မှစ၍  ယဉ်ကျေးမှုတည်ရှိခဲ့ပြီး အေဒီ ၁၄ – ရာစု အချိန်က ဂျာဗားဘုရင် Majapahit ၏ လက်အောက်ခံဒေသဖြစ်ခဲ့သည် ။  ၁၆ – ရာစု တွင်ဤဒေသအား ဆူလတန်ဘုရင်များမှသိမ်းပိုက် အုပ်ချုပ်ခဲ့ကြသည် ။ ၁၈၈၈ – ခုနှစ်တွင်ဗြိတိသျှ အပိုင် ဖြစ်လာခဲ့ကာဘရူနိင်းသည် မလေးရှား၏ ပြည်နယ်တခုဖြစ်ခဲ့သည် ။ ၁၉၀၆ – ခုနှစ်တွင်ဤဒေသရှိ ဆူလတန်ဘုရင်အား ဗြိတိသျှတို့မှ အသိအမှတ်ပြုခဲ့သော်လည်း  ဘုရင်မှာသာမန်ဩဇာမျှသာရှိခဲ့သည် ။

၁၉၆၃ -ခုနှစ်တွင် မလေးရှားနိင်ငံ၏  ဖက်ဒရယ်ပြည်နယ် အဖြစ်ပူးပေါင်းရန် ဖိတ်ခေါ်ခဲ့သော်လဲ ကျန်ရှိနေခဲ့ကာဗြိတိသျှ အပိုင်အဖြစ်ဆက်ရှိနေခဲ့သည် ။ ၁၉၈၄- ခုနှစ်ဇွန်နဝါရီလအချိန်ရောက်မှ ဘူရူနိင်းနိင်ငံသည် ဗြိတိသျှထံမှ လွတ်လပ်ရေးရရှိခဲ့သည် ။ လွတ်လပ်ရေးရရှိပြီးနောက်နိင်ငံအား ဆူလတန်ဘုရင် Muda Hassanal Bolkiah မှ နိုင်ငံကိုအုပ်ချုပ်ခဲ့သည် ။ ဘရူးနိုင်းဘုရင် Hassanal Bolkiah သည် ယနေ့ကမ္ဘာပေါ်တွင် ဒုတိယ နန်းသက်အရှည်ဆုံးဘုရင်ဖြစ်ပြီး ၁၉၆၈ – ဩဂုတ်လအချိန် မှစ၍ ဘရူးနိင်းဘုရင်ဘွဲ့ကိုရယူခဲ့သူဖြစ်သည် ။

အုပ်ချုပ်ရေး

၂၀၀၄ – ခုနှစ်မှစ၍ ဘရူနိင်းနိင်ငံသည် ဒီမိုကရေစီသို့လျှောက်လှမ်းနေသည့် နိုင်ငံဖြစ်သော်လည်းဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဩဇာအာဏာ အားလုံးကို ဘုရင်မှချုပ်ကိုင်ထားသည် ။ နိုင်ငံရေးနှင့် အစိုးရ နိုင်ငံရေးအနေဖြင့် ဘုရင်ဦးဆောင်သော အစ္စလာမ်ဘာသာရေးအခြေခံ အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ အစိုးရအနေဖြင့်လည်း ဘုရင့်မိသားစု၊ ဆွေမျိုးအသိုင်းအဝိုင်းများမှ အာဏာကိုအဓိကချုပ်ကိုင်ထားသည်။ ဗြိတိသျှ ဥပေဒများရှိသောလည်း အစ္စလာမ်ဘာသာရေး ဥပဒေကပိုမို လွှမ်းမိုးသည်။ လွှတ်တော် ရှိသော်လည်း ရွေးကောက်ပွဲ ကျင်းပခြင်း မရှိပေ။ ဘရူနိုင်းနိုင်ငံ၏ နောက်ဆုံး ရွေးကောက်ပွဲကို ၁၉၆၂ ခုနှစ်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

၁၉၅၉ ခုနှစ် ဘရူနိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒအရ ဘုရင်မှာ နိုင်ငံခေါင်းဆောင်ဖြစ်ပြီး အာဏာအရပ်ရပ်ကို ချုပ်ကိုင်ထားရှိသည်။ ဘုရင်သည် နိုင်ငံတော် ဝန်ကြီးချုပ်၊ ဘဏ္ဍာရေးဝန်ကြီး နှင့် ကာကွယ်ရေးဝန်ကြီး နေရာများကိုပါ ရယူထားရှိသည်။ ဘရူနိုင်းနိုင်ငံသည် ၁၉၈၄ ခုနှစ် ၁၉၈၄ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် အရှေ့တောင်အာရှနိုင်ငံများအသင်း သို့ ဝင်ရောက်ခဲ့ပြီး ၁၉၈၄ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီး သို့ ဝင်ရောက်ခဲ့သည်။

ပထဝီဝင်

ဘရူနိုင်းသည် ဘော်နီယိုကျွန်း အရှေ့မြောက်ကမ်းခြေတွင် တောင်တရုတ် ပင်လယ်ကို မျက်နှာမူလျက် တည်ရှိသည်။ နိုင်ငံသည် တစ်ပြေးတစ်ဆက်တည်းမရှိ။ ကျဉ်းမြောင်း ရှည်လျားသည့်နယ်မြေနှစ်ခု ကွဲနေ၍ ၎င်းတို့ကြားတွင် မလေးရှားနိုင်ငံ၏ ဆရာဝက်ပြည်နယ်က ခြားထားသည်။ မြောက်လတ္တီတွဒ် ၄ ဒီဂရီနှင့် ၅ ဒီဂရီကြားတွင် ရှိ၍အီကွေတာရာသီဥတုရရှိသည်။ ဆောင်းဥတုဟူ၍မရှိ၊ တစ်နှစ်ပတ်လုံးပူနွေး စိုစွတ်သည်။ နိုင်ငံအတွင်းပိုင်းများသည် တောင်ထူထပ်သည်။

အထူးသဖြင့် အရှေ့ဘက်ပိုင်းတွင် အမြဲစိမ်း မိုးသစ်တောများ ပေါက်ရောက်သည်။ ကမ်းရိုးတန်း တစ်လျှောက် အချို့နေရာများနှင့် မြစ်ချောင်းများတစ်လျှောက်တွင် ဒီရောက်တောများ ပေါက်ရောက်သည်။ လူဦးရေနည်းသော နိုင်ငံဖြစ်၍ သဘာဝသစ်တောများစွာ ကျန်သေးသည်။ နိုင်ငံဧရိယာ၏ ၇၈ ရာခိုင်နှုန်းကို သစ်တောများ ဖုံးအုပ်ထားဆဲဟုခန့်မှန်းကြသည်။ ဘရူနိုင်းနိုင်ငံ ၏ အမြင့်ဆုံးနေရာမှာ မလေးရှားနယ်စပ်အနီးရှိ Bukit Pagon တောင်ဖြစ်ပြီး အမြင့်ပေ ၆၀၆၉ပေ မြင့်သည်။

စီးပွားရေး

ရေနံကို ၁၉၂၉ ခုနှစ်တွင် စတင်တွေ့ရှိ၍ ထုတ်လုပ်ခဲ့သည်။ ၁၉၆၀ ပြည့်လွန် နှစ်များတွင် ကမ်းလွန်ပင်လယ်ပြင်မှလည်းရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်များ တွေ့ရှိ၍ ထုတ်လုပ်လာသည်။ နိုင်ငံ၏ ဝင်ငွေကိုရေနံမှပင်ရရှိသည်။ အခြားစီးပွားရေးလုပ်ငန်းဟူ၍ ပြောပလောက်အောင် မရှိ။ ကြွယ်ဝပြီးလူဦးရေးနည်းသော နိုင်ငံဖြစ်၍ လူနေမှု အဆင့်အတန်းမြင့်မားသည်။ တိုင်းသူပြည်သားမျာသည် ဝင်ငွေခွန် ဆောင်စရာမလို။ အခမဲ့ ပညာသင်ကြားရေးနှင့် အခမဲ့ ဆေးကုသခွင့်လည်းရရှိသည်။ ထို့အပြင် အစားအစာနှင့် အိမ်လိုအပ်ချက်များကိုလည်း နိုင်ငံတော်မှ ဖြည့်ဆည်းပေးသည်။

ဘရူနိုင်ငံဘုရင်သည်လည်း ဒေါ်လာ ၂၅ဘီလျံချမ်းသာကာ ကမ္ဘာ့အကြွယ်ဝဆုံးသူများတွင် တစ်ယောက်အပါအဝင်ဖြစ်သည်။ အဖိုးတန်ဇိမ်ခံကားပေါင်း ၂၅၀ဝခန့် ပိုင်ဆိုင်ပြီး ထိုအထဲတွင် လန်ဘော်ဂီနီ ၂ဝစီး ၊ ပေါ်ရှေး ၁၆ဝစီး ၊ ရိုးရွိုက် ၁၃ဝစီး ၊ ဖာရာရီ ၃၆ဝစီး ၊ ဂျာဂွာ ၁၇ဝစီး ၊ BMA ၁၈ဝစီး ၊ ဘန်တလေ ၃၆ဝစီး ၊ မာစီးဒီး ၅၃ဝစီး နှင့် အခြားကားများအပြင် ရွှေအစစ်ဖြင့်ပြုလုပ်ထားသော ရိုးရွိုက်တစ်စီးကိုလည်း ပိုင်ဆိုင်သေးသည်။ အခန်းပေါင်း ၁၇၈၈ပါရှိသည့် နန်းတော်ကြီးကို ပိုင်ဆိုင်သူဖြစ်သည်။ ဘရူနိုင်းသတင်းစာကိုလည်း ဘုရင့်မိသားစုကသာ ပိုင်ဆိုင်သည်။

အထက်တွင် ဆိုခဲ့သည့်အတိုင်းဘရူနိုင်း၏ စီးပွားရေးသည် ရေနံတစ်ခုတည်း အပေါ်တွင်သာမှီခိုအားထားလျက်ရှိသည်။ ရေနံသည် ကုန်ခန်းတတ်သောပစ္စည်းဖြစ်သည်။ ယခုလက်ရှိရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်များသည် လာမည့်နှစ်ပေါင်း ၃၀ – ၄၀ ခန့်တွင် ကုန်ခန်းသွားဖွယ်ရာရှိသည်ဟုခန့်မှန်းကြသည်။ လာမည့် မျိုးဆက်သစ်များအတွက် ကြိုတင် ပြင်ဆင်ရန်လိုအပ်လာသည်။

ယခု လောလောဆယ်တွင်မူခရီးသွားလုပ်ငန်းနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းကိုတိုးချဲ့ ရန်စီစဉ်လျက် ရှိသည်ဟုသိရသည်။ အရှေ့တီမောနိုင်ငံ၏ ရေနံရှာဖွေရေးလုပ်ငန်းတွင်လည်းရင်းနှီးမြှပ်နှံရန် စီစဉ်လျက်ရှိသည်။ နိုင်ငံမှ ထွက်ရှိသောရေနံကို ပြည်တွင်းသုံးရန်အတွက် အနည်းငယ် ချက်လုပ်ပြီး ပြည်ပသို့ ရေနံစိမ်းတင်ပို့သည်။ သဘာဝဓာတ်ငွေ့လည်းထွက်ရှိရာသဘာဝဓာတ်ငွေ့ရည် စက်ရုံတည်ထောင်ထား၍ ထွက်ရှိလာသောသဘာဝဓာတ်ငွေ့ရည်ကိုဂျပန်နိုင်ငံသို့ တင်ပို့သည်။

နိုင်ငံအတွင်း ကီလိုမီတာ ၂၈၀၀ (မိုင် ၁ ၇၀၀) ရှည်လျားသော လမ်းမကြီးများဖြင့် ချိတ်ဆက်ထားရှိသည်။ ကီလိုမီတာ ၁၃၅ (၈၄ မိုင်) ရှိသော မူအာရာမြို့မှ ခူအာလာ ဘယ်အစ်မြို့အထိ ဆက်သွယ်ထားသော အဝေးပြေးလမ်းမကို အသွားအပြန် နှစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခဲ့သည်။

ဘရူနိုင်းနိုင်ငံသို့ လေကြောင်း၊ ရေကြောင်းနှင့် ကုန်းကြောင်းများဖြင့် ရောက်ရှိနိုင်သည်။ ဘရူနိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် နိုင်ငံသို့ ဝင်ထွက်ရာအဓိက အပေါက်ဖြစ်သည်။ ဘရူနိုင်းတော်ဝင် လေကြောင်းလိုင်း သည် နိုင်ငံတော် အလံတင် လေကြောင်းလိုင်း ဖြစ်သည်။ ရေကြောင်းမှ ဆိုလျှင်လည်း မလေရှား လဘူအန် မှ လာရောက်နိုင်သည်။ မူအာရာဒေသတွင် ဘရူနိုင်းနိုင်ငံ၏ အဓိက ဆိပ်ကမ်း တည်ရှိသည်။

ဘရူနိုင်း လူဦးရေ ၂ယောက်လျှင် ကား ၁ စီးကျ ပိုင်ဆိုင်ကြသည်။ ဘရူနိုင်းနိုင်ငံသည် အခြားသယ်ယူပို့ဆောင်ရေး စနစ် မရှိခြင်း၊ ဝင်ငွေခွန်ဆောင်ရမှု နည်းပါးခြင်းနှင့် ဆီဈေး နည်းခြင်းတို့ကြောင့် ကမ္ဘာတွင် ကားပိုင်ဆိုင်မှု ရာခိုင်နှုန်း အများဆုံးနိုင်ငံ ဖြစ်သည်။ နိုင်ငံသားတစ်ဦး၏ နှစ်စဉ်ပျမ်းမျှဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၇၆၇၄၃ ဖြစ်ပြီး ၂၀၁၇ခုနှစ်စာရင်းအရ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံစာရင်းတွင် နံပါတ် ၄နေရာမှ ရပ်တည်လျှက်ရှိသည်။

Academy
Myanmar Wikipedia

Leave a Reply