ထူးထူးျခားျခား အသုံး၀င္တဲ့ တီထြင္မႈ (၁၃)မ်ဳိး

Posted on

ယေန႔ေခတ္မွာေတာ့ အေသးစားစက္ကိရိယာေတြကို အမ်ားအျပားတီထြင္လာၾကျပီး အဲဒီပစၥည္းေတြထဲကအခ်ိဳ႕ကေတာ့ လူေတြရဲ့ေန႔စဥ္ျဖတ္သန္းေနရတဲ့ ဘဝေတြကို ပိုမို အဆင္ေျပေအာင္ျပဳလုပ္ေပးပါတယ္။ ဒီအေသးစားပစၥည္းေတြကိုတီထြင္ဖန္တီးေနမႈေတြက ဘယ္ေတာ့မွျပီးဆံုးသြားမွာ မဟုတ္ပါဘူး။ ဒီေနရာမွာမ်ွေဝေပးခ်င္တာကေတာ့ လူသားေတြေန႔စဥ္ၾကံဳေတြ႔ေနရ တဲ့ အခက္အခဲေတြကို အေကာင္းဆံုးေျဖရွင္းေပးေနတဲ့ အေသးစားစက္ကိရိယာ ေတြအနက္က(၁၃) မ်ိဳးရဲ့အေၾကာင္းပဲျဖစ္ပါတယ္။

(၁၃)လူမ်က္နွာပံုပါတဲ့ ခရီးေဆာင္အိတ္

ဒီ Luggage ကို ျမင္လိုက္တည္းက သင္တစ္ခုခုခံစားသြားရမွာပါ။ အျခားခရီးေဆာင္အိတ္ ေတြနဲ႔ျခားနားတဲ့ဒီအိတ္ဟာ ျမင္သာထင္သာရွိတာေၾကာင့္ ခရီးေဆာင္အိတ္အမ်ားၾကီး ၾကားမွာရွိေနရင္လည္း အလြယ္တစ္ကူရွာေဖြနိုင္ပါတယ္။ လူသြားလူလာမ်ားတဲ့ ကားဂိတ္ေတြ၊ ေလဆိပ္ေတြ၊ သေဘၤာဆိပ္ေတြမွာလည္း သင့္အိတ္ကို အျခားသူတစ္ဦးက အမွတ္တမဲ့ အလစ္သုတ္သြားခဲ့ရင္ေတာင္ သက္ဆိုင္ရာရဲ့ အလ်ွင္ အျမန္ျပန္လည္ရွာေဖြေပးျခင္းကိုရရွိမွာပါ။ ဒါအျပင္ ခရီးသည္ေတြၾကားျဖစ္တတ္တဲ့ အိတ္မွားယူသြားျခင္း ျပသာနာကိုလည္း အေကာင္းဆံုးကာကြယ္ျပီးသား ျဖစ္မွာပါ။

(၁၂) ကုန္ပစၥည္း(Brand) အတု/အစစ္ကိုခြဲျခားေပးတဲ့ ကိရိယာ

Entrupy လို႔အမည္ရတဲ့ ဒီကိရိယာေလးဟာ  လူအသံုး အေဆာင္ပစၥည္းေတြရဲ့ (brand) အမ်ိဳးအစားကိုခြဲျခားေပးနို္င္ပါတယ္။ လူေတြသတိ မထားမိေလာက္တဲ့ အေသးစိတ္ဆံုးေသာ အစိတ္အပိုင္းေတြအထိ ခြဲျခမ္းစိတ္ျဖာ ေပးတဲ့ Entrupyဟာ တန္ဖိုးအရွိဆံုးေသာ တီထြင္မႈျဖစ္ပါတယ္။ ဒီကိရိ္ယာေလးဟာ Louis Vuitton, Chanel,Diorz, Gucci, Parda, Burberry စတဲ့နာမည္ေက်ာ္ Brand (၁၆)မ်ိဳးေလာက္ကို (၁၅) စကၠန္႔အတြင္း (၉၈.၅)ရာခိုင္ႏူန္းအထိမွန္ကန္ေအာင္ စိစစ္ေပးနိုင္ပါတယ္။

(၁၁) မီးပူတုိက္ေပးတဲ့စက္

အဝတ္အထည္ေတြကို ေလ်ွာ္ဖြတ္ျပီး ေျခာက္ေသြ႔ေအာင္ျပဳလုပ္ရတဲ့ အလုပ္၊ မီးပူတိုက္ရတဲ့အလုပ္ေတြဟာ အခ်ိန္ အေတာ္ေလးကုန္ပါတယ္။ ဒါေပမဲ့ Foldimate ဆိုတဲ့ စက္ကေတာ့ ဒီအခက္ ခဲကိုေျဖရွင္းျပီးသားျဖစ္ပါလိမ့္မယ္။ အလုပ္အရမ္းမ်ားတဲ့ တစ္ကိုယ္ေရတစ္ကာယ သမားေတြအတြက္ ကေတာ့ဒီစက္ဟာ အဝတ္ေလ်ွာ္ျခင္း၊ ေလ်ွာ္ျပီးသားအဝတ္ေတြကိုေျခာက္ေသြ႔ေအာင္ျပဳလုပ္ျခင္း၊ ေသသပ္တဲ့ မီးပူထိုးေပးျခင္းေတြကို ျပဳလုပ္ေပးတာေၾကာင့္ အလြန္အသံုးတည့္ပါတယ္။

(၁၀) 3D ေဘာ့ပင္

3Doodler လို႔အမည္ေပးထားတဲ့ေဘာ့ပင္ဟာ အသံုးျပဳရတာလြယ္ကူပါတယ္။ ဒီေဘာ့ပင္ကိုအသံုးျပဳျပီး 3D ပံုေတြကိုလြယ္ကူစြာဖန္တီးနိုင္ကာ မ်က္နွာျပင္ေနရာမေရြး ေရးျခစ္ နိုင္ပါတယ္။ 3Dေ ဘာ့ပင္ဟာ သာမန္မေတာက္ပတဲ့ပံု၊ ထြင္းေဖာက္ျမင္ရတဲ့ပံု၊ ေတာက္ပ ေခ်ာမြတ္ေနတဲ့ပံုေတြကို ေဘာ့ပင္မွာပါတဲ့ အေရာင္စဥ္/အေရာင္စပ္(၆၅)မ်ိဳးကိုအသံုးျပဳ ျပီး ဖန္တီးနိုင္ပါတယ္။3Dေဘာ့ပင္ဟာ အပူခ်ိန္နဲ႔ထိေတြ႔ပါက ပ်က္စီးတတ္တာမို႕ ေဘာ့ပင္ရဲ့ အတြင္းပိုင္းက အျမဲတမ္းေအးေနတဲ့ နည္းပညာတစ္ရပ္ကို အသံုးျပဳဖန္တီး ထားပါတယ္။

(၉) တေရးငုိက္လုိ႔ရတဲ့ တဲ-Nap Tent

ဒီပစၥည္းကိုေတာ့ တစ္ေနကုန္လုပ္ငန္းခြင္မွာလုပ္ကိုင္ေနသူေတြ အဆင္ေျပေစရန္ တီထြင္ထားတာပါ။ ေန႔လည္ဘက္လုပ္ငန္းခြင္ ေခတၱရပ္နားထားခ်ိန္ေတြမွာ တစ္ေရး တစ္ေမာ အိပ္မဲ့သူေတြအတြက္ အလြန္အဆင္ေျပပါတယ္။ Nap Tent ေတြဟာ သင္ခဏတာရရွိတဲ့ တန္ဖိုးရွိတဲ့နားေနခ်ိန္ေလးအတြင္းမွာ ပတ္ဝန္းက်င္ရဲ့ စူးရွတဲ့ အလင္းေရာင္ေတြ၊ ဆူညံသံေတြကို အေကာင္းဆံုးလ်စ္လ်ဴရႈေစထားနိုင္ပါတယ္။ ဒီပစၥည္းဟာ သင့္ရဲ့ကိုယ္ပိုင္ အခန္းငယ္ေလးတစ္ခု ပမာျဖစ္ေနျပီး ဒီအထဲမွာ သင္ရဲ့ ဖုန္းကိုအသံုးျပဳျပီး ရုပ္ရွင္ၾကည့္မယ္ဆိုရင္လည္း အဆင္ေျပပါတယ္။

(၈) Digitsole

Digitsole ေတြဟာ အသံုးျပဳသူရဲ့ ရွဴးဖိနပ္ဖေနာင့္အတြင္းပိုင္းေတြထဲကိုထည့္ျပီး အသံုးျပဳရတဲ့ စက္ကိရိယာ အေသးစားေလးေတြပါ။  ေျခဖ်ားေလး ေတြကို အျမဲေႏြးေနေစျပီး ခႏၶာကိုယ္ရဲ့ ေသြးလည္ပတ္မႈ အားေကာင္းေအာင္ ျပဳလုပ္ေပးတဲ့ ပစၥည္းျဖစ္ပါတယ္။ Digitsoleေတြကုိေတာ့ အသံုးျပဳသူရဲ့ ဖုန္းကေနတစ္ဆင့္ ထိန္းခ်ဳပ္ နို္င္ျပီး ပံုမွန္အားသြင္းေပးဖို႔ေတာ့လိုအပ္ပါတယ္။ Digitsoleေတြကို အသံုးျပဳျပီး မိမိသြားခဲ့တဲ့ လမ္းေၾကာင္းေတြကို မွတ္ထားနိုင္တဲ့အျပင္ ခႏၶာကိုယ္ထဲမွာရွိတဲ့ ကယ္လိုရီ ဘယ္ေလာက္ ေလာင္ကၽြမ္းသြားသလဲဆိုတာကိုပါ ေဖာ္ျပေပးနိုင္ပါတယ္။

(၇) အပူထုတ္ေပးတဲ့ဆြယ္တာ

Polar Seal ကုမၸဏီကထုတ္လုပ္ခဲ့တဲ့ အတြင္းပိုင္းကေန အပူစြမ္းအင္ထုတ္လုပ္ေပးနိုင္ တဲ့ဆြယ္တာအက်ီေတြဟာ ေဆာင္းတြင္းဘက္ အားကစားလုပ္တဲ့သူေတြအတြက္ အလြန္ပဲျပည့္စံုပါတယ္။ ပံုမွာျပထားတဲ့ အတုိင္း ဆြယ္တာ ရဲ့ ဘယ္ဘက္လက္ေနရာမွာ ဒီအပူခ်ိန္ထိန္းညိွေပးတဲ့ ခလုတ္ပါဝင္ျပီး ဘယ္ေလာက္ပဲေအးတဲ့ရာသီဥတုျဖစ္ပါေစ ၊ လုိခ်င္တဲ့အပူခ်ိန္ကုိ ညွိႏုိင္ေစပါတယ္။

(၆) သိပၸံပိုက္ဆံအိတ္

ဒီပိုက္ဆံအိတ္ကိုပိုင္ဆိုင္တဲ့သူကေတာ့ ေပ်ာက္ဆံုးမွာမပူရေတာ့ပါဘူး။ ေသသပ္လွပတဲ့ဒီဇိုင္းရွိတဲ့ ဒီ Walletေတြ ဟာ သင္အထားမွားတဲ့အခါမွာလည္း သူရွိတဲ့ေနရာကို အခ်က္ျပေနမွာပါ။ ဒါ့အျပင္တစ္စံုတစ္ဦးက သင့္ရဲ့ပိုက္ဆံအိတ္ကို သင္မသိေအာင္ဖြင့္ပါက အဲဒီသူရဲ့ပံုကို ဒီပိုက္ဆံအိတ္က လ်ိဳ႕ဝွက္မွတ္တမ္းတင္ထားပါလိမ့္မယ္။ ဒါအျပင္ Volterman လုိ႔ေခၚတဲ့ ဒီပိုက္ဆံ အိတ္ကို အသံုးျပဳျပီး ဖုန္းေတြရဲ့ ဓာက္အားကိုျပန္လည္ျဖည့္တင္းနိုင္ပါေသးတယ္။

(၅) ေရေအာက္မွာ အသက္ရွူနိုင္တဲ့မ်က္ႏွာဖံုး

Tribord လို႔ေခၚတဲ့ ေရငုပ္မ်က္ႏွာဖံုးဟာ ေရေအာက္မွာအသက္ရွဴနိုင္တဲ့အျပင္ ေရေအာက္ျမင္ကြင္းကိုလည္း ရွင္းရွင္းလင္းလင္းျမင္နိုင္ပါတယ္။ ဒီမ်က္နွာဖံုးဟာ အလြယ္တစ္ကူေခါတ္သိမ္းလို႔ရေအာင္ဒီဇိုင္းထုတ္ထားတဲ့အျပင္ ေရေအာက္အသက္ ရွဴပိုတ္ကိုလည္း ေရမဝင္ႏုိင္ေအာင္ ဖန္တီးထားပါတယ္။

(၄) Foldable Chair Backpack

ဒီကုလားထိုင္ဟာ အလြယ္တကူေခါက္ၿပီး ေက်ာပိုးအိတ္သဖြယ္ လြယ္သြားလို႔ရပါတယ္။ အထူးသျဖင့္ အတူခရီးသြားတဲ့ခ်စ္သူေတြ၊ ပန္းျခံေတြထဲမွာ ေအးေအးလူလူစာဖတ္ခ်င္တဲ့သူေတြ၊ ေတးဂီတပြဲကိုမတ္တပ္ရပ္သြားေရာက္ေအးေပးသူေတြ အတြက္အထူး သင့္ေတာ္ပါတယ္။ ဒီကုလားထိုင္ကိုေတာ့ ၾကာရွည္ခံတဲ့ Polyester ေတြနဲ႔ရက္လုပ္ထား တာျဖစ္ျပီး အေလးခ်ိန္ကလည္း (၃.၅)ေပါင္သာေလးပါတယ္။

(၃) အလင္းေရာင္ထုတ္လႊတ္ေပးတဲ့ ဂ်ာကင္

ဒီအလင္းေရာင္ထုတ္ေပးနိုင္တဲ့ဂ်ာကင္ဟာ ေလဒဏ္၊ ေရဒဏ္ကုိ ကာကြယ္ေပးနိုင္ရံုသာမက အေမွာင္ထဲမွာ (၁၂)နာရီၾကာေအာင္ေတာက္ပေနနိုင္ပါတယ္။ ညအခ်ိန္တာဝန္ထမ္း ေဆာင္ေနတဲ့ယာဥ္ထိန္းရဲေတြ၊ စည္ပင္ဝန္ထမ္းေတြ၊ အျမန္လမ္းမၾကီးဆိုင္ရာဝန္ထမ္းေတြအတြက္ သင့္ေလ်ာ္ပါတယ္။ ဒီဂ်ာကင္ဟာ အားသြင္းစရာမလိုပဲ အလင္းေရာင္ပံုမွန္ရရွိရံုနဲ႔ အားျပန္လည္ျပည့္ေစပါတယ္။

(၂) အရက္အလြန္အကၽြံေသာက္တာကို တားဆီးေပးမဲ့စက္

အရက္အလြန္အကြ်ံေသာက္တတ္မိမွာကုိ စုိးရိမ္တတ္တဲ့သူေတြ ေဆာင္ထားသင့္တဲ့စက္ျဖစ္ပါတယ္။ DrinkPay လို႔အမည္ရတဲ့ ဒီကိရိယာအေသးစားစက္ဟာ အသက္ရွဴသံကိုအေျခခံျပီး ခႏၶာကိုယ္ထဲမွာ Alcoholပါဝင္မႈဟာ ပံုမွန္ထက္မ်ားေနပါက အခ်က္ျပမွာျဖစ္ပါတယ္ ။ ဖုန္းနဲ႔ခ်ိတ္ဆက္အသံုးျပဳရတဲ့ DrinkPay ရဲ့ သတိေပးခ်က္ကိုအေလးမထားပါက သူမွာပါဝင္တဲ့ နည္းပညာက သုံးစြဲသူရဲ႕ ATM ကဒ္ကို (၁၂)နာရီၾကာေအာင္ ပိတ္ထားလုိက္မွာျဖစ္ပါတယ္။

(၁) ကိုယ္အေလးခ်ိန္ကို ထိန္းခ်ဳပ္ေပးတဲ့မွန္

အားကစားသမားေတြအတြက္အထူးသင့္ေလ်ာ္တဲ့ ကိရိယာပါပဲ။ ဒီမွန္ဟာ လူခႏၶာကိုယ္ ကို Scan ဖတ္လိုက္ျပီး သူနဲ႔ဆက္စပ္အသံုးျပဳရတဲ့ ဖုန္း(သို႔)ကြန္ပ်ဴတာမ်က္နွာျပင္မွာ ကာယကံရွင္ရဲ့ 3D ပံုရိပ္ဟာေပၚလာပါတယ္။ ဒီပံုရိပ္ဟာ ခႏၶာကိုယ္ရဲ့ ဘယ္အစိတ္အပိုင္းေတြဟာ ေနာက္ဆံုးအေနနဲ႔ေျပာင္းလဲခဲ့ေၾကာင္း၊ မည္သည့္ၾကြက္သားအစိတ္ အပိုင္းဟာ ၾကီးထြားလာေၾကာင္း၊ ဆက္လက္ေလ့က်င့္ရန္လိုအပ္တဲ့ ခႏၶာကိုယ္ရဲ့ အစိတ္အပိုင္းေတြအေၾကာင္းကို အေသးစိတ္ေဖာ္ျပေပးပါတယ္။

Ref:
Bright Side

———————

ထူးထူးခြားခြား အသုံးဝင်တဲ့ တီထွင်မှု (၁၃)မျိုး (unicode)

ယနေ့ခေတ်မှာတော့ အသေးစားစက်ကိရိယာတွေကို အများအပြားတီထွင်လာကြပြီး အဲဒီပစ္စည်းတွေထဲကအချို့ကတော့ လူတွေရဲ့နေ့စဉ်ဖြတ်သန်းနေရတဲ့ ဘဝတွေကို ပိုမို အဆင်ပြေအောင်ပြုလုပ်ပေးပါတယ်။ ဒီအသေးစားပစ္စည်းတွေကိုတီထွင်ဖန်တီးနေမှုတွေက ဘယ်တော့မှပြီးဆုံးသွားမှာ မဟုတ်ပါဘူး။ ဒီနေရာမှာမျှဝေပေးချင်တာကတော့ လူသားတွေနေ့စဉ်ကြုံတွေ့နေရ တဲ့ အခက်အခဲတွေကို အကောင်းဆုံးဖြေရှင်းပေးနေတဲ့ အသေးစားစက်ကိရိယာ တွေအနက်က(၁၃) မျိုးရဲ့အကြောင်းပဲဖြစ်ပါတယ်။

(၁၃)လူမျက်နှာပုံပါတဲ့ ခရီးဆောင်အိတ်

ဒီ Luggage ကို မြင်လိုက်တည်းက သင်တစ်ခုခုခံစားသွားရမှာပါ။ အခြားခရီးဆောင်အိတ် တွေနဲ့ခြားနားတဲ့ဒီအိတ်ဟာ မြင်သာထင်သာရှိတာကြောင့် ခရီးဆောင်အိတ်အများကြီး ကြားမှာရှိနေရင်လည်း အလွယ်တစ်ကူရှာဖွေနိုင်ပါတယ်။ လူသွားလူလာများတဲ့ ကားဂိတ်တွေ၊ လေဆိပ်တွေ၊ သင်္ဘောဆိပ်တွေမှာလည်း သင့်အိတ်ကို အခြားသူတစ်ဦးက အမှတ်တမဲ့ အလစ်သုတ်သွားခဲ့ရင်တောင် သက်ဆိုင်ရာရဲ့ အလျှင် အမြန်ပြန်လည်ရှာဖွေပေးခြင်းကိုရရှိမှာပါ။ ဒါအပြင် ခရီးသည်တွေကြားဖြစ်တတ်တဲ့ အိတ်မှားယူသွားခြင်း ပြသာနာကိုလည်း အကောင်းဆုံးကာကွယ်ပြီးသား ဖြစ်မှာပါ။

(၁၂) ကုန်ပစ္စည်း(Brand) အတု/အစစ်ကိုခွဲခြားပေးတဲ့ ကိရိယာ

Entrupy လို့အမည်ရတဲ့ ဒီကိရိယာလေးဟာ  လူအသုံး အဆောင်ပစ္စည်းတွေရဲ့ (brand) အမျိုးအစားကိုခွဲခြားပေးန်ိုင်ပါတယ်။ လူတွေသတိ မထားမိလောက်တဲ့ အသေးစိတ်ဆုံးသော အစိတ်အပိုင်းတွေအထိ ခွဲခြမ်းစိတ်ဖြာ ပေးတဲ့ Entrupyဟာ တန်ဖိုးအရှိဆုံးသော တီထွင်မှုဖြစ်ပါတယ်။ ဒီကိရိ်ယာလေးဟာ Louis Vuitton, Chanel,Diorz, Gucci, Parda, Burberry စတဲ့နာမည်ကျော် Brand (၁၆)မျိုးလောက်ကို (၁၅) စက္ကန့်အတွင်း (၉၈.၅)ရာခိုင်နူန်းအထိမှန်ကန်အောင် စိစစ်ပေးနိုင်ပါတယ်။

(၁၁) မီးပူတိုက်ပေးတဲ့စက်

အဝတ်အထည်တွေကို လျှော်ဖွတ်ပြီး ခြောက်သွေ့အောင်ပြုလုပ်ရတဲ့ အလုပ်၊ မီးပူတိုက်ရတဲ့အလုပ်တွေဟာ အချိန် အတော်လေးကုန်ပါတယ်။ ဒါပေမဲ့ Foldimate ဆိုတဲ့ စက်ကတော့ ဒီအခက် ခဲကိုဖြေရှင်းပြီးသားဖြစ်ပါလိမ့်မယ်။ အလုပ်အရမ်းများတဲ့ တစ်ကိုယ်ရေတစ်ကာယ သမားတွေအတွက် ကတော့ဒီစက်ဟာ အဝတ်လျှော်ခြင်း၊ လျှော်ပြီးသားအဝတ်တွေကိုခြောက်သွေ့အောင်ပြုလုပ်ခြင်း၊ သေသပ်တဲ့ မီးပူထိုးပေးခြင်းတွေကို ပြုလုပ်ပေးတာကြောင့် အလွန်အသုံးတည့်ပါတယ်။

(၁၀) 3D ဘော့ပင်

3Doodler လို့အမည်ပေးထားတဲ့ဘော့ပင်ဟာ အသုံးပြုရတာလွယ်ကူပါတယ်။ ဒီဘော့ပင်ကိုအသုံးပြုပြီး 3D ပုံတွေကိုလွယ်ကူစွာဖန်တီးနိုင်ကာ မျက်နှာပြင်နေရာမရွေး ရေးခြစ် နိုင်ပါတယ်။ 3Dေ ဘာ့ပင်ဟာ သာမန်မတောက်ပတဲ့ပုံ၊ ထွင်းဖောက်မြင်ရတဲ့ပုံ၊ တောက်ပ ချောမွတ်နေတဲ့ပုံတွေကို ဘော့ပင်မှာပါတဲ့ အရောင်စဉ်/အရောင်စပ်(၆၅)မျိုးကိုအသုံးပြု ပြီး ဖန်တီးနိုင်ပါတယ်။3Dဘော့ပင်ဟာ အပူချိန်နဲ့ထိတွေ့ပါက ပျက်စီးတတ်တာမို့ ဘော့ပင်ရဲ့ အတွင်းပိုင်းက အမြဲတမ်းအေးနေတဲ့ နည်းပညာတစ်ရပ်ကို အသုံးပြုဖန်တီး ထားပါတယ်။

(၉) တရေးတမောအိပ်နိုင်တဲ့ တဲ-Nap Tent

ဒီပစ္စည်းကိုတော့ တစ်နေကုန်လုပ်ငန်းခွင်မှာလုပ်ကိုင်နေသူတွေ အဆင်ပြေစေရန် တီထွင်ထားတာပါ။ နေ့လည်ဘက်လုပ်ငန်းခွင် ခေတ္တရပ်နားထားချိန်တွေမှာ တစ်ရေး တစ်မော အိပ်မဲ့သူတွေအတွက် အလွန်အဆင်ပြေပါတယ်။ Nap Tent တွေဟာ သင်ခဏတာရရှိတဲ့ တန်ဖိုးရှိတဲ့နားနေချိန်လေးအတွင်းမှာ ပတ်ဝန်းကျင်ရဲ့ စူးရှတဲ့ အလင်းရောင်တွေ၊ ဆူညံသံတွေကို အကောင်းဆုံးလျစ်လျူရှုစေထားနိုင်ပါတယ်။ ဒီပစ္စည်းဟာ သင့်ရဲ့ကိုယ်ပိုင် အခန်းငယ်လေးတစ်ခု ပမာဖြစ်နေပြီး ဒီအထဲမှာ သင်ရဲ့ ဖုန်းကိုအသုံးပြုပြီး ရုပ်ရှင်ကြည့်မယ်ဆိုရင်လည်း အဆင်ပြေပါတယ်။

(၈) Digitsole

Digitsole တွေဟာ အသုံးပြုသူရဲ့ ရှူးဖိနပ်ဖနောင့်အတွင်းပိုင်းတွေထဲကိုထည့်ပြီး အသုံးပြုရတဲ့ စက်ကိရိယာ အသေးစားလေးတွေပါ။  ခြေဖျားလေး တွေကို အမြဲနွေးနေစေပြီး ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှု အားကောင်းအောင် ပြုလုပ်ပေးတဲ့ ပစ္စည်းဖြစ်ပါတယ်။ Digitsoleတွေကိုတော့ အသုံးပြုသူရဲ့ ဖုန်းကနေတစ်ဆင့် ထိန်းချုပ် န်ိုင်ပြီး ပုံမှန်အားသွင်းပေးဖို့တော့လိုအပ်ပါတယ်။ Digitsoleတွေကို အသုံးပြုပြီး မိမိသွားခဲ့တဲ့ လမ်းကြောင်းတွေကို မှတ်ထားနိုင်တဲ့အပြင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကယ်လိုရီ ဘယ်လောက် လောင်ကျွမ်းသွားသလဲဆိုတာကိုပါ ဖော်ပြပေးနိုင်ပါတယ်။

(၇) အပူထုတ်ပေးတဲ့ဆွယ်တာ

Polar Seal ကုမ္ပဏီကထုတ်လုပ်ခဲ့တဲ့ အတွင်းပိုင်းကနေ အပူစွမ်းအင်ထုတ်လုပ်ပေးနိုင် တဲ့ဆွယ်တာအကျီတွေဟာ ဆောင်းတွင်းဘက် အားကစားလုပ်တဲ့သူတွေအတွက် အလွန်ပဲပြည့်စုံပါတယ်။ ပုံမှာပြထားတဲ့ အတိုင်း ဆွယ်တာ ရဲ့ ဘယ်ဘက်လက်နေရာမှာ ဒီအပူချိန်ထိန်းညှိပေးတဲ့ ခလုတ်ပါဝင်ပြီး ဘယ်လောက်ပဲအေးတဲ့ရာသီဥတုဖြစ်ပါစေ ၊ လိုချင်တဲ့အပူချိန်ကို ညှိနိုင်စေပါတယ်။

(၆) သိပ္ပံပိုက်ဆံအိတ်

ဒီပိုက်ဆံအိတ်ကိုပိုင်ဆိုင်တဲ့သူကတော့ ပျောက်ဆုံးမှာမပူရတော့ပါဘူး။ သေသပ်လှပတဲ့ဒီဇိုင်းရှိတဲ့ ဒီ Walletတွေ ဟာ သင်အထားမှားတဲ့အခါမှာလည်း သူရှိတဲ့နေရာကို အချက်ပြနေမှာပါ။ ဒါ့အပြင်တစ်စုံတစ်ဦးက သင့်ရဲ့ပိုက်ဆံအိတ်ကို သင်မသိအောင်ဖွင့်ပါက အဲဒီသူရဲ့ပုံကို ဒီပိုက်ဆံအိတ်က လျို့ဝှက်မှတ်တမ်းတင်ထားပါလိမ့်မယ်။ ဒါအပြင် Volterman လို့ခေါ်တဲ့ ဒီပိုက်ဆံ အိတ်ကို အသုံးပြုပြီး ဖုန်းတွေရဲ့ ဓာက်အားကိုပြန်လည်ဖြည့်တင်းနိုင်ပါသေးတယ်။

(၅) ရေအောက်မှာ အသက်ရှူနိုင်တဲ့မျက်နှာဖုံး

Tribord လို့ခေါ်တဲ့ ရေငုပ်မျက်နှာဖုံးဟာ ရေအောက်မှာအသက်ရှူနိုင်တဲ့အပြင် ရေအောက်မြင်ကွင်းကိုလည်း ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။ ဒီမျက်နှာဖုံးဟာ အလွယ်တစ်ကူခေါတ်သိမ်းလို့ရအောင်ဒီဇိုင်းထုတ်ထားတဲ့အပြင် ရေအောက်အသက် ရှူပိုတ်ကိုလည်း ရေမဝင်နိုင်အောင် ဖန်တီးထားပါတယ်။

(၄) Foldable Chair Backpack

ဒီကုလားထိုင်ဟာ အလွယ်တကူခေါက်ပြီး ကျောပိုးအိတ်သဖွယ် လွယ်သွားလို့ရပါတယ်။ အထူးသဖြင့် အတူခရီးသွားတဲ့ချစ်သူတွေ၊ ပန်းခြံတွေထဲမှာ အေးအေးလူလူစာဖတ်ချင်တဲ့သူတွေ၊ တေးဂီတပွဲကိုမတ်တပ်ရပ်သွားရောက်အေးပေးသူတွေ အတွက်အထူး သင့်တော်ပါတယ်။ ဒီကုလားထိုင်ကိုတော့ ကြာရှည်ခံတဲ့ Polyester တွေနဲ့ရက်လုပ်ထား တာဖြစ်ပြီး အလေးချိန်ကလည်း (၃.၅)ပေါင်သာလေးပါတယ်။

(၃) အလင်းရောင်ထုတ်လွှတ်ပေးတဲ့ ဂျာကင်

ဒီအလင်းရောင်ထုတ်ပေးနိုင်တဲ့ဂျာကင်ဟာ လေဒဏ်၊ ရေဒဏ်ကို ကာကွယ်ပေးနိုင်ရုံသာမက အမှောင်ထဲမှာ (၁၂)နာရီကြာအောင်တောက်ပနေနိုင်ပါတယ်။ ညအချိန်တာဝန်ထမ်း ဆောင်နေတဲ့ယာဉ်ထိန်းရဲတွေ၊ စည်ပင်ဝန်ထမ်းတွေ၊ အမြန်လမ်းမကြီးဆိုင်ရာဝန်ထမ်းတွေအတွက် သင့်လျော်ပါတယ်။ ဒီဂျာကင်ဟာ အားသွင်းစရာမလိုပဲ အလင်းရောင်ပုံမှန်ရရှိရုံနဲ့ အားပြန်လည်ပြည့်စေပါတယ်။

(၂) အရက်အလွန်အကျွံသောက်တာကို တားဆီးပေးမဲ့စက်

အရက်အလွန်အကျွံသောက်တတ်မိမှာကို စိုးရိမ်တတ်တဲ့သူတွေ ဆောင်ထားသင့်တဲ့စက်ဖြစ်ပါတယ်။ DrinkPay လို့အမည်ရတဲ့ ဒီကိရိယာအသေးစားစက်ဟာ အသက်ရှူသံကိုအခြေခံပြီး ခန္ဓာကိုယ်ထဲမှာ Alcoholပါဝင်မှုဟာ ပုံမှန်ထက်များနေပါက အချက်ပြမှာဖြစ်ပါတယ် ။ ဖုန်းနဲ့ချိတ်ဆက်အသုံးပြုရတဲ့ DrinkPay ရဲ့ သတိပေးချက်ကိုအလေးမထားပါက သူမှာပါဝင်တဲ့ နည်းပညာက သုံးစွဲသူရဲ့ ATM ကဒ်ကို (၁၂)နာရီကြာအောင် ပိတ်ထားလိုက်မှာဖြစ်ပါတယ်။

(၁) ကိုယ်အလေးချိန်ကို ထိန်းချုပ်ပေးတဲ့မှန်

အားကစားသမားတွေအတွက်အထူးသင့်လျော်တဲ့ ကိရိယာပါပဲ။ ဒီမှန်ဟာ လူခန္ဓာကိုယ် ကို Scan ဖတ်လိုက်ပြီး သူနဲ့ဆက်စပ်အသုံးပြုရတဲ့ ဖုန်း(သို့)ကွန်ပျူတာမျက်နှာပြင်မှာ ကာယကံရှင်ရဲ့ 3D ပုံရိပ်ဟာပေါ်လာပါတယ်။ ဒီပုံရိပ်ဟာ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းတွေဟာ နောက်ဆုံးအနေနဲ့ပြောင်းလဲခဲ့ကြောင်း၊ မည်သည့်ကြွက်သားအစိတ် အပိုင်းဟာ ကြီးထွားလာကြောင်း၊ ဆက်လက်လေ့ကျင့်ရန်လိုအပ်တဲ့ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေအကြောင်းကို အသေးစိတ်ဖော်ပြပေးပါတယ်။

Ref:
Bright Side

Leave a Reply