အားလပ္ခ်ိန္တုိင္း လမ္းႀကဳိလမ္းၾကားမွာ အမႈိက္ေကာက္ေနတဲ့ သန္းၾကြယ္သူေဌး

Posted on

တရုတ္နိုင္ငံအေနာက္ေတာင္ပိုင္း Chongqing ျမိဳ႕မွာေနထိုင္တဲ့ Zhong Congrong ဆိုတဲ့အသက္(၅၂) နွစ္အရြယ္ အမ်ိဳးသားဟာ သန္းၾကြယ္သူေဌးတစ္ဦးျဖစ္ပါတယ္။ ကိုရီးယားနိုင္ငံဖြား တရုတ္နိုင္ငံသားအျဖစ္ခံယူထားတဲ့ Zhong Congrong ဟာ ေအာင္ျမင္တဲ့ စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္အျဖစ္သာမက သူ႔မွာထူးျခားတဲ့ ဝိေသနတစ္ခုကိုလည္း ပိုင္ဆိုင္ထားပါတယ္။ အမိႈက္လိုက္ေကာက္တဲ့ သန္းၾကြယ္သူေဌး ရယ္လို႔ မီဒီယာေတြမွာ ထင္ရွားတဲ့ Zhong Congrong ဟာ သူေနထိုင္ရာျမိဳ႕လမ္းမေပၚေတြမွာရွိတဲ့ အမိႈက္သရိုက္ေတြကို လိုက္လံေကာက္ ေနတဲ့ပံုရိပ္ဟာ ျမင္ရသူေတြကိုအ့ံၾသသင့္စရာ ျဖစ္ေနျပီး အတုယူဖြယ္ရာ စံျပလည္းျဖစ္ ေနပါတယ္။

လူေတြရဲ့လုပ္ရပ္ေၾကာင့္ သဘာဝပတ္ဝန္းက်င္အမ်ားဆံုး ညစ္ညမ္းပ်က္စီးရတဲ့ နိုင္ငံစာရင္းမွာပါဝင္ေနတဲ့ တရုတ္နိုင္ငံအတြက္ေတာ့ သူရဲ့လုပ္ရပ္ ဟာ အေရးေပၚေခါင္ေလာင္းထိုးလိုက္တာျဖစ္တယ္လို႔လည္း မီဒီယာေတြက ေဖာ္ျပေနၾကပါတယ္။ တရုတ္နိုင္ငံဗဟိုအစိုးရကတိုက္ရိုက္အုပ္ခ်ဳပ္ေနတဲ့ ျမိဳ႕ ၾကီး(၄)ျမိဳ႕မွွာတစ္ခု အပါအဝင္ျဖစ္တဲ့ Chongqing(Chungking) ျမိဳ႕ဟာယခင္က အမိႈက္သရိုက္နဲ ႔စြန္႔ပစ္ပစၥည္းေတြေၾကာင့္ ျမိဳ႕ရဲ့ပံုရိပ္ကိုေတာင္ ထိခိုက္တဲ့အေနအထားရွိခဲ့ပါတယ္။

Zhong Congrong ဟာ ယခင္ကေတာ့ အျခားတရုတ္လုပ္ငန္းရွင္ေတြလိုပဲ စီးပြားေရးတစ္ခုကိုပဲ ေဇာက္ခ်လုပ္ကိုင္ခဲ့သူျဖစ္ပါတယ္။ က်န္ခဲ့တဲ့နွစ္အနည္းငယ္ေလာက္ကေတာ့ Zhong Congrongဟာ သူ႔မိသားစုနဲ႔အတူ နွစ္သစ္ကူးပြဲေတာ္ဆင္ႏႊဲဖုိ႔ တရုတ္နိုင္ငံ ေတာင္ပိုင္း Hainan ျပည္နယ္က ကမ္းေျခတစ္ခုကိုေရာက္ရွိခဲ့ပါတယ္။ အဲဒီေနရာမွာ ေတာ့ Congrong ဟာ တကၠသိုလ္ကပါေမာကၡေဟာင္းတစ္ေယာက္ရဲ့ ထူးဆန္းတဲ့ အျပဳအမူတစ္ခုကို သတိထားမိပါတယ္။ အဲဒီပါေမာကၡအိုၾကီးဟာ ကမ္းေျခမွာ တစ္ဦး တည္းအမိႈက္လိုက္ေကာက္ေနတဲ့ ျမင္ကြင္းပါ။ နွစ္သစ္ကူးပြဲေတာ္ျဖစ္တဲ့အတြက္ လူအလြန္စည္ကားျပီး စြန္႔ပစ္အမိႈက္ေတြဟာ ကမ္းေျခတစ္ခုလံုးျပန္႔က်ဲေနခဲ့တာေၾကာင့္ ေနာက္ဆံုးသူကိုယ္တိုင္ဝင္ေရာက္ ကူညီျပီးအမိႈက္ေကာက္ခဲ့ပါတယ္။

တစ္ဆက္တည္းပဲ သူၾကားသိရတဲ့အခ်က္က ပါေမာကၡအိုၾကီး ဟာ ယခုလိုစြန္႔ပစ္အမိႈက္ေတြကို လိုက္လံေကာက္ေနတာဟာ အခုမွမဟုတ္ပဲ လြန္ခဲ့တဲ့ (၄)ႏွစ္ေလာက္ကတည္းကျဖစ္ျပီး စည္းကမ္းမဲ့စြန္႔ပစ္အမိႈက္ေတြဟာ သဘာဝပတ္ဝန္းက်င္ ေဂဟ စနစ္ကိုဆိုးဆိုးရြားရြား ပ်က္စီးေစတယ္လို႔လည္း သူေကာင္းေကာင္းနားလည္သေဘာေပါက္ခဲ့ပါတယ္။ အထူးသျဖင့္တရုတ္နိုင္ငံဟာ ကမာၻေပၚမွာကုန္ထုတ္လုပ္ငန္း အင္အားတစ္နွစ္ထက္တစ္နွစ္ အဆမတန္တိုးခ်ဲ႕တည္ ေဆာက္လ်က္ရွိရာ စြန္႔ပစ္ပစၥည္း စည္းကမ္းမဲ့စြန္႔ပစ္မႈ အလြန္မ်ားလာတာကို လည္းသတိျပဳမိခဲ့ပါတယ္။ ဒီအတုိုင္းဆက္သြားမယ္ဆိုရင္ေတာ့ ဒီစုပံုလာတဲ့ စြန္႔ပစ္ ပစၥည္းအမိႈက္ေတြေၾကာင့္ မလိုလားအပ္တဲ့ေဘးထြက္ဆိုးက်ိဳးေတြဆီကို တစ္ခ်ိန္ခ်ိန္ မွာေရာက္ရွိသြားမယ္လို႔ ထင္ျမင္ယူဆပါတယ္။

ဒါေၾကာင့္ Congrongဟာ သူေနရပ္ကို ျပန္ေရာက္တယ္ဆိုရင္ပဲ တစ္ကိုယ္ေတာ္အမိႈက္ေကာက္တဲ့ လမ္းစဥ္ကိုစတင္ေတာ့ တာပါပဲ။ အစပိုင္းကေတာ့ Congrong ရဲ့လုပ္ရပ္ဟာ အ့ံၾသသင့္စရာေကာင္းတာ ေၾကာင့္ လမ္းသြားလမ္းလာေတြက အထူးဆန္းအေနနဲ႔ပဲ ၾကည့္သြားၾကပါတယ္။ Congrong ရဲ့ လုပ္ရပ္ဟာ နိုင္ငံပိုင္မီဒီယာေတြထက္မွာေတာင္ ေဖာ္ျပျခင္းခံေနရျပီး အခ်ဳိ႕ကအျပဳ သေဘာနဲ႔ ခ်ီးမႊမ္းၾကေပမဲ့ အခ်ိဳ႕ကေတာ့ ဒါဟာCongrong ရဲ့ထြင္လံုးသာ ျဖစ္ျပီး ေငြေၾကးဥစၥာၾကြယ္ဝလာျပီးေနာက္ လူသိမ်ားထင္ရွားလာေအာင္ ဂြင္ဆင္ေနတာ ျဖစ္ေၾကာင္း ေျပာဆိုၾကပါတယ္။ Congrong ကေတာ့ သူကို ခ်ီးမႊမ္းတာပဲျဖစ္ျဖစ္ ကဲ့ရဲ့တာပဲျဖစ္ျဖစ္ ဂရုစိုက္ေျဖရွင္းခဲ့ျခင္းမရွိပဲ သူအလုပ္ကိုပဲ အာရံုစိုက္လုပ္ကိုင္ ေနခဲ့ပါတယ္။

လူေတြကေတာ့ ဘာေၾကာင့္သန္းၾကြယ္သူေဌးတစ္ေယာက္ဟာ လမ္းမ ေတြ၊ စက္မႈလုပ္ငန္းလုပ္ကိုင္တဲ့ေနရာေတြ၊ ကားပါကင္ေတြ၊ ေစ်းၾကိဳေစ်းၾကားေတြ၊ အပန္းေျဖပန္းျခံေတြမွာ ရွိတဲ့အမိႈက္ေတြကို လိုက္လံေကာက္ေနရတဲ့ အဓိပၸါယ္ကို နားမလည္ခဲ့ပါဘူး။ အမ်ားစုကေတာ့ ဆန္႔က်င္ဘက္အျမင္အေနနဲ႔ Congrong ဟာ လူစိတ္ဝင္စားေစမယ့္လုပ္ရပ္ေတြ ဖန္တီးၿပီးနိုင္ငံေက်ာ္ခ်င္ေနတာပဲ ျဖစ္ရမယ္လို႔ ေကာက္ခ်က္ခ်ၾကပါေတာ့တယ္။ Congrong ရဲ့လုပ္ရပ္ေၾကာင့္ အမိႈက္ကင္းစင္ျပီး ေသေသသပ္သပ္ ျဖစ္ေနတဲ့ Chongqingျမိဳ႕ေတာ္ရဲ့ အစိတ္အပိုင္းေတြကိုေတာ့ သတိမထားမိၾကပါဘူး။

ေနာက္ပိုင္းမွာေတာ့ Congrong ရဲ့လုပ္ရပ္ဟာ ဟိုးေလးတေၾကာ္ေၾကာ္ျဖစ္လာတာေၾကာင့္ လူအမ်ားရဲ့အာရံုစိုက္ျခင္းကိုခံလာရပါတယ္။ မီဒီယာအခ်ိဳ႕ရဲ့ အေပၚယံဖြလံုးေတြေၾကာင့္ Congrong ရဲ့ မိသးစု၀င္ေတြကုိယ္တုိင္က သူ႔ကိုယ္စား မ်ားစြာရွက္ရြံမႈေတြျဖစ္ခဲ့ရရွာတာပါ။ Congrong ကေတာ့ တည္တည္ျငိမ္ျငိမ္ပဲ ဒါဟာ တရုတ္နိုင္ငံအက်ိဳးအတြက္ သန္႔ရွင္းေရးေတာ္လွန္ေရးတစ္ခုျဖစ္ေၾကာင္းနဲ႔ မိမိရဲ့ ေဆာင္ရြက္ခ်က္ေတြဟာ တစ္နိုင္ငံလံုးကိုပ်ံ႔နွံ႔သြားဖို႔လိုတဲ့အေၾကာင္း၊ လက္ရွိအခိ်န္ဟာ အခိုက္အတန္႔ျဖစ္ျပီး မၾကာခင္ကုန္လြန္သြားမွာျဖစ္ေၾကာင္း အားေပးစကားေျပာၾကား ခဲ့ပါတယ္။ သူရဲ့ဇနီးျဖစ္သူကေတာ့ ဒီအက်ိဳးမရွိတဲ့လုပ္ရပ္ဟာ လူဖ်င္းေတြရဲ့အျပဳအမူေတြသာျဖစ္ျပီး မိသားစုကိုမ်က္နွာပ်က္ေအာင္မလုပ္ဖို႔ ငိုေၾကြးျပီးေတာင္းပန္မႈေတြေတာင္ရွိခဲ့ပါတယ္။

အဲဒီလို ေဝဖန္မႈေတြ၊ ခ်ီးက်ဴးမႈေတြၾကားမွာပဲ Congrong ဟာသူရဲ့ အလုပ္ကို အေကာင္းဆံုးေရွဆက္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ Congrong ရဲ့ေဆာင္ရြက္ခ်က္ေတြေၾကာင့္ Chongqingျမိဳ႕ဟာ ပိုမိုလွပတဲ့ အသိုက္အျမံဳတစ္ခုနဲ႔ ပိုတူလာတဲ့ အေၾကာင္းကို လူေတာ္ေတာ္မ်ားမ်ား သတိထားမိလာခဲ့ပါတယ္။ ဒါ့အျပင္မိမိတို႔ရဲ့ စည္းကမ္းမဲ့ အမိႈက္စြန္႔ပစ္ျခင္းေၾကာင့္ ရရွိလာတဲ့ အက်ိဳးဆက္ေတြကို သိျမင္လာၾကတာမို႔ အမွန္တကယ္ အရွက္ရသင့္သူဟာ Zhong Congrong မဟုတ္ပဲ မိမိတို႕သာျဖစ္ ေနေၾကာင္းကို သိရွိလာပါေတာ့တယ္။ ဒါေၾကာင့္ Zhong Congrong ရဲ့လုပ္ရပ္ေတြကို နားလည္သေဘာေပါက္လာၾကျပီး သူရဲ့အမိႈက္ေကာက္တဲ့လုပ္ငန္းေတြကို ပူးေပါင္းပါဝင္ လာၾကပါတယ္။

အစပိုင္းက Zhong Congrongရဲ့ လုပ္ရပ္ေတြကို ရပ္တန္းကရပ္ျပီး မိသားစုအရွက္ရေနတာကို ငဲ့ညွာဖို႔ေျပာခဲ့တဲ့ Zhong Congrong ရဲ့ ဇနီးကိုယ္တိုင္ စည္းကမ္းမဲ့ အမိႈက္စြန္႔ပစ္ျခင္းကို ဆန္႔က်င္တဲ့ ပိုစတာေတြ၊ ပညာေပးဆိုင္းဘုတ္ ေတြစိုက္ထူရာမွာ တက္တက္ၾကြၾကြပါဝင္လာခဲ့ပါတယ္။ လမ္းေပၚမွာေတြ႕တဲ့ အမိႈက္ တစ္စကိုေကာက္ယူလိုက္ရတာဟာ အမွန္ေတာ့ရွက္စရာမဟုတ္ပါဘူး။ မင္းဟာ ေငြေၾကးေတြ၊ ပညာေတြ အလံုးစံုျပည့္စံုေနလင့္ကစား မိမိေနထိုင္ရာအရပ္ေဒသ အက်ိဳးအတြက္ေဆာင္ရြက္ဖို႔ လ်စ္လ်ဴျပဳခဲ့မယ္ဆိုရင္ ဒါဟာ အမွားပါပဲ။ ဒီလိုအမိႈက္ေကာက္ေနတာဟာ လူတန္းစားအလႊာ၊ အသက္အရြယ္၊ အလုပ္အကိုင္နဲ႔ မဆိုင္ပါဘူး။ ကၽြန္ေတာ္တို႔ ကိုယ့္တာဝန္ကိုယ္ယူေနၾကရတာလို႔ ၂၀၁၇၊ ဒီဇင္ဘာမွာ က်င္းပတဲ့ အခမ္းအနားတစ္ခုမွာ Zhong Congrong က ေျပာၾကားဖူးပါတယ္။ သူဟာအဲဒီလိုခံယူခ်က္ေတြကို လူထုၾကားခ်ျပျပီး ဒီအလုပ္ဟာ မိမိတစ္ဦးတည္းနဲ႔သာမက နိုင္ငံ သားအားလံုးနဲ႔ သက္ဆိုင္ေၾကာင္း လႈံေဆာ္ခဲ့ပါတယ္။

Zhong Congrongဟာ အမိႈက္ေကာက္ လုပ္ငန္းစဥ္အတြင္းမွာေတာ့ လိေမၼာ္ေရာင္သန္႔ရွင္းေရးဝတ္စံုကို ဝတ္ဆင္ေလ့ရွိျပီး သူအက်ီမွာေတာ့ စည္းကမ္းမဲ့ အမိႈက္စြန္႔ပစ္ျခင္းကိုဆန္႔က်င္တဲ့ စာသားေတြ ေရးထိုးထားပါတယ္။ ဒါအျပင္ Zhong Congrong ဟာ သူကိုယ္တိုင္သတ္ မွတ္ထားတဲ့ ဧရိယာတစ္ခုတြင္း အမိႈက္တစ္စမွ မက်န္ေအာင္ေကာက္ယူုျပီး သူကုိကူညီၿပီး အမိႈက္ေကာက္ေပးတဲ့သူေတြကို (၁၀) ယြမ္ ေပးေလ့ရွိပါတယ္။ အခ်ိဳ႕ကေတာ့ ဒီေငြ ေၾကးကိုရယူဖို႔ျငင္းဆန္ၾကပါတယ္။ Zhong Congrongက တရုတ္ျပည္သူအမ်ားစုဟာ ဒီလိုအမိႈက္ေကာက္ရတာကို အေတာ္ရွက္ေနၾကပံုပါပဲ၊ ဒါဟာ ပတ္ဝန္းက်င္အတြက္ သာမက လူက်န္းမာေရးအတြက္ပါ အေရးပါတာပါ။ တစ္ေယာက္ခ်င္းစည္းကမ္းရွိရင္ေတာ့ ဒီျပသာနာေတြ ဘယ္ျဖစ္နိုင္ပါ့မလဲဗ်ာ လို႔ညည္းညဴဖူးပါတယ္။

VIDEO

ဒါေပမဲ့ သူကေတာ့ သူရဲ့ တရုတ္နိုင္ငံတစ္ခုလံုး စည္းကမ္းမဲ့အမႈိက္စြန္႔ပစ္ျခင္းကင္းစင္ရမယ္ဆိုတဲ့ ယံုၾကည္ခ်က္ကုိေတာ့ နည္းနည္းမွ မေလ်ာ့ပဲ သူအလုပ္သူလုပ္ပါတယ္။ ယခုလက္ရွိေတာ့ Zhong Congrong ဟာ တရုတ္ျပည္သူတစ္ရပ္လံုးကို အမိႈက္စည္းကမ္းမဲ့မပစ္ဖို႔ လံႈေဆာ္ေနတဲ့ တစ္ဦးတည္းေသာ သန္းၾကြယ္သူေဌးျဖစ္ပါတယ္။ ကမာၻေပၚမွာ အမႈိက္ေကာက္တဲ့သူေဌးကေတာ့ Zhong အျပင္ေနာက္တစ္ေယာက္ရွိပါေသးတယ္။ သူကေတာ့ ဘာရိန္းႏုိင္ငံမွာေနထုိင္တဲ့ သန္းၾကြယ္သူေဌးတစ္ဦးျဖစ္သူ Mr.Yo ျဖစ္ၿပီး သူဟာ ႏွစ္ေပါင္း ၁၁ႏွစ္ဆက္တိုက္ အမႈိက္ေကာက္ခဲ့သူ ျဖစ္ပါတယ္။

——————————

အားလပ်ချိန်တိုင်း လမ်းကြိုလမ်းကြားမှာ အမှိုက်ကောက်နေတဲ့ သန်းကြွယ်သူဌေး (unicode)

တရုတ်နိုင်ငံအနောက်တောင်ပိုင်း Chongqing မြို့မှာနေထိုင်တဲ့ Zhong Congrong ဆိုတဲ့အသက်(၅၂) နှစ်အရွယ် အမျိုးသားဟာ သန်းကြွယ်သူဌေးတစ်ဦးဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံဖွား တရုတ်နိုင်ငံသားအဖြစ်ခံယူထားတဲ့ Zhong Congrong ဟာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အဖြစ်သာမက သူ့မှာထူးခြားတဲ့ ဝိသေနတစ်ခုကိုလည်း ပိုင်ဆိုင်ထားပါတယ်။ အမှိုက်လိုက်ကောက်တဲ့ သန်းကြွယ်သူဌေး ရယ်လို့ မီဒီယာတွေမှာ ထင်ရှားတဲ့ Zhong Congrong ဟာ သူနေထိုင်ရာမြို့လမ်းမပေါ်တွေမှာရှိတဲ့ အမှိုက်သရိုက်တွေကို လိုက်လံကောက် နေတဲ့ပုံရိပ်ဟာ မြင်ရသူတွေကိုအံ့ဩသင့်စရာ ဖြစ်နေပြီး အတုယူဖွယ်ရာ စံပြလည်းဖြစ် နေပါတယ်။

လူတွေရဲ့လုပ်ရပ်ကြောင့် သဘာဝပတ်ဝန်းကျင်အများဆုံး ညစ်ညမ်းပျက်စီးရတဲ့ နိုင်ငံစာရင်းမှာပါဝင်နေတဲ့ တရုတ်နိုင်ငံအတွက်တော့ သူရဲ့လုပ်ရပ် ဟာ အရေးပေါ်ခေါင်လောင်းထိုးလိုက်တာဖြစ်တယ်လို့လည်း မီဒီယာတွေက ဖော်ပြနေကြပါတယ်။ တရုတ်နိုင်ငံဗဟိုအစိုးရကတိုက်ရိုက်အုပ်ချုပ်နေတဲ့ မြို့ ကြီး(၄)မြို့မှာတစ်ခု အပါအဝင်ဖြစ်တဲ့ Chongqing(Chungking) မြို့ဟာယခင်က အမှိုက်သရိုက်နဲ့စွန့်ပစ်ပစ္စည်းတွေကြောင့် မြို့ရဲ့ပုံရိပ်ကိုတောင် ထိခိုက်တဲ့အနေအထားရှိခဲ့ပါတယ်။

Zhong Congrong ဟာ ယခင်ကတော့ အခြားတရုတ်လုပ်ငန်းရှင်တွေလိုပဲ စီးပွားရေးတစ်ခုကိုပဲ ဇောက်ချလုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ ကျန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကတော့ Zhong Congrongဟာ သူ့မိသားစုနဲ့အတူ နှစ်သစ်ကူးပွဲတော်ဆင်နွှဲဖို့ တရုတ်နိုင်ငံ တောင်ပိုင်း Hainan ပြည်နယ်က ကမ်းခြေတစ်ခုကိုရောက်ရှိခဲ့ပါတယ်။ အဲဒီနေရာမှာ တော့ Congrong ဟာ တက္ကသိုလ်ကပါမောက္ခဟောင်းတစ်ယောက်ရဲ့ ထူးဆန်းတဲ့ အပြုအမူတစ်ခုကို သတိထားမိပါတယ်။ အဲဒီပါမောက္ခအိုကြီးဟာ ကမ်းခြေမှာ တစ်ဦး တည်းအမှိုက်လိုက်ကောက်နေတဲ့ မြင်ကွင်းပါ။ နှစ်သစ်ကူးပွဲတော်ဖြစ်တဲ့အတွက် လူအလွန်စည်ကားပြီး စွန့်ပစ်အမှိုက်တွေဟာ ကမ်းခြေတစ်ခုလုံးပြန့်ကျဲနေခဲ့တာကြောင့် နောက်ဆုံးသူကိုယ်တိုင်ဝင်ရောက် ကူညီပြီးအမှိုက်ကောက်ခဲ့ပါတယ်။

တစ်ဆက်တည်းပဲ သူကြားသိရတဲ့အချက်က ပါမောက္ခအိုကြီး ဟာ ယခုလိုစွန့်ပစ်အမှိုက်တွေကို လိုက်လံကောက်နေတာဟာ အခုမှမဟုတ်ပဲ လွန်ခဲ့တဲ့ (၄)နှစ်လောက်ကတည်းကဖြစ်ပြီး စည်းကမ်းမဲ့စွန့်ပစ်အမှိုက်တွေဟာ သဘာဝပတ်ဝန်းကျင် ဂေဟ စနစ်ကိုဆိုးဆိုးရွားရွား ပျက်စီးစေတယ်လို့လည်း သူကောင်းကောင်းနားလည်သဘောပေါက်ခဲ့ပါတယ်။ အထူးသဖြင့်တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာကုန်ထုတ်လုပ်ငန်း အင်အားတစ်နှစ်ထက်တစ်နှစ် အဆမတန်တိုးချဲ့တည် ဆောက်လျက်ရှိရာ စွန့်ပစ်ပစ္စည်း စည်းကမ်းမဲ့စွန့်ပစ်မှု အလွန်များလာတာကို လည်းသတိပြုမိခဲ့ပါတယ်။ ဒီအတိုင်းဆက်သွားမယ်ဆိုရင်တော့ ဒီစုပုံလာတဲ့ စွန့်ပစ် ပစ္စည်းအမှိုက်တွေကြောင့် မလိုလားအပ်တဲ့ဘေးထွက်ဆိုးကျိုးတွေဆီကို တစ်ချိန်ချိန် မှာရောက်ရှိသွားမယ်လို့ ထင်မြင်ယူဆပါတယ်။

ဒါကြောင့် Congrongဟာ သူနေရပ်ကို ပြန်ရောက်တယ်ဆိုရင်ပဲ တစ်ကိုယ်တော်အမှိုက်ကောက်တဲ့ လမ်းစဉ်ကိုစတင်တော့ တာပါပဲ။ အစပိုင်းကတော့ Congrong ရဲ့လုပ်ရပ်ဟာ အံ့ဩသင့်စရာကောင်းတာ ကြောင့် လမ်းသွားလမ်းလာတွေက အထူးဆန်းအနေနဲ့ပဲ ကြည့်သွားကြပါတယ်။ Congrong ရဲ့ လုပ်ရပ်ဟာ နိုင်ငံပိုင်မီဒီယာတွေထက်မှာတောင် ဖော်ပြခြင်းခံနေရပြီး အချို့ကအပြု သဘောနဲ့ ချီးမွှမ်းကြပေမဲ့ အချို့ကတော့ ဒါဟာCongrong ရဲ့ထွင်လုံးသာ ဖြစ်ပြီး ငွေကြေးဥစ္စာကြွယ်ဝလာပြီးနောက် လူသိများထင်ရှားလာအောင် ဂွင်ဆင်နေတာ ဖြစ်ကြောင်း ပြောဆိုကြပါတယ်။ Congrong ကတော့ သူကို ချီးမွှမ်းတာပဲဖြစ်ဖြစ် ကဲ့ရဲ့တာပဲဖြစ်ဖြစ် ဂရုစိုက်ဖြေရှင်းခဲ့ခြင်းမရှိပဲ သူအလုပ်ကိုပဲ အာရုံစိုက်လုပ်ကိုင် နေခဲ့ပါတယ်။

လူတွေကတော့ ဘာကြောင့်သန်းကြွယ်သူဌေးတစ်ယောက်ဟာ လမ်းမ တွေ၊ စက်မှုလုပ်ငန်းလုပ်ကိုင်တဲ့နေရာတွေ၊ ကားပါကင်တွေ၊ ဈေးကြိုဈေးကြားတွေ၊ အပန်းဖြေပန်းခြံတွေမှာ ရှိတဲ့အမှိုက်တွေကို လိုက်လံကောက်နေရတဲ့ အဓိပ္ပါယ်ကို နားမလည်ခဲ့ပါဘူး။ အများစုကတော့ ဆန့်ကျင်ဘက်အမြင်အနေနဲ့ Congrong ဟာ လူစိတ်ဝင်စားစေမယ့်လုပ်ရပ်တွေ ဖန်တိးပြီးနိုင်ငံကျော်ချင်နေတာပဲ ဖြစ်ရမယ်လို့ ကောက်ချက်ချကြပါတော့တယ်။ Congrong ရဲ့လုပ်ရပ်ကြောင့် အမှိုက်ကင်းစင်ပြီး သေသေသပ်သပ် ဖြစ်နေတဲ့ Chongqingမြို့တော်ရဲ့ အစိတ်အပိုင်းတွေကိုတော့ သတိမထားမိကြပါဘူး။

နောက်ပိုင်းမှာတော့ Congrong ရဲ့လုပ်ရပ်ဟာ ဟိုးလေးတကြော်ကြော်ဖြစ်လာတာကြောင့် လူအများရဲ့အာရုံစိုက်ခြင်းကိုခံလာရပါတယ်။ မီဒီယာအချို့ရဲ့ အပေါ်ယံဖွလုံးတွေကြောင့် Congrong ရဲ့ မိသးစုဝင်တွေကိုယ်တိုင်က သူ့ကိုယ်စား များစွာရှက်ရွံမှုတွေဖြစ်ခဲ့ရရှာတာပါ။ Congrong ကတော့ တည်တည်ငြိမ်ငြိမ်ပဲ ဒါဟာ တရုတ်နိုင်ငံအကျိုးအတွက် သန့်ရှင်းရေးတော်လှန်ရေးတစ်ခုဖြစ်ကြောင်းနဲ့ မိမိရဲ့ ဆောင်ရွက်ချက်တွေဟာ တစ်နိုင်ငံလုံးကိုပျံ့နှံ့သွားဖို့လိုတဲ့အကြောင်း၊ လက်ရှိအချိန်ဟာ အခိုက်အတန့်ဖြစ်ပြီး မကြာခင်ကုန်လွန်သွားမှာဖြစ်ကြောင်း အားပေးစကားပြောကြား ခဲ့ပါတယ်။ သူရဲ့ဇနီးဖြစ်သူကတော့ ဒီအကျိုးမရှိတဲ့လုပ်ရပ်ဟာ လူဖျင်းတွေရဲ့အပြုအမူတွေသာဖြစ်ပြီး မိသားစုကိုမျက်နှာပျက်အောင်မလုပ်ဖို့ ငိုကြွေးပြီးတောင်းပန်မှုတွေတောင်ရှိခဲ့ပါတယ်။

အဲဒီလို ဝေဖန်မှုတွေ၊ ချီးကျူးမှုတွေကြားမှာပဲ Congrong ဟာသူရဲ့ အလုပ်ကို အကောင်းဆုံးရှေဆက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Congrong ရဲ့ဆောင်ရွက်ချက်တွေကြောင့် Chongqingမြို့ဟာ ပိုမိုလှပတဲ့ အသိုက်အမြုံတစ်ခုနဲ့ ပိုတူလာတဲ့ အကြောင်းကို လူတော်တော်များများ သတိထားမိလာခဲ့ပါတယ်။ ဒါ့အပြင်မိမိတို့ရဲ့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းကြောင့် ရရှိလာတဲ့ အကျိုးဆက်တွေကို သိမြင်လာကြတာမို့ အမှန်တကယ် အရှက်ရသင့်သူဟာ Zhong Congrong မဟုတ်ပဲ မိမိတို့သာဖြစ် နေကြောင်းကို သိရှိလာပါတော့တယ်။ ဒါကြောင့် Zhong Congrong ရဲ့လုပ်ရပ်တွေကို နားလည်သဘောပေါက်လာကြပြီး သူရဲ့အမှိုက်ကောက်တဲ့လုပ်ငန်းတွေကို ပူးပေါင်းပါဝင် လာကြပါတယ်။

အစပိုင်းက Zhong Congrongရဲ့ လုပ်ရပ်တွေကို ရပ်တန်းကရပ်ပြီး မိသားစုအရှက်ရနေတာကို ငဲ့ညှာဖို့ပြောခဲ့တဲ့ Zhong Congrong ရဲ့ ဇနီးကိုယ်တိုင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းကို ဆန့်ကျင်တဲ့ ပိုစတာတွေ၊ ပညာပေးဆိုင်းဘုတ် တွေစိုက်ထူရာမှာ တက်တက်ကြွကြွပါဝင်လာခဲ့ပါတယ်။ လမ်းပေါ်မှာတွေ့တဲ့ အမှိုက် တစ်စကိုကောက်ယူလိုက်ရတာဟာ အမှန်တော့ရှက်စရာမဟုတ်ပါဘူး။ မင်းဟာ ငွေကြေးတွေ၊ ပညာတွေ အလုံးစုံပြည့်စုံနေလင့်ကစား မိမိနေထိုင်ရာအရပ်ဒေသ အကျိုးအတွက်ဆောင်ရွက်ဖို့ လျစ်လျူပြုခဲ့မယ်ဆိုရင် ဒါဟာ အမှားပါပဲ။ ဒီလိုအမှိုက်ကောက်နေတာဟာ လူတန်းစားအလွှာ၊ အသက်အရွယ်၊ အလုပ်အကိုင်နဲ့ မဆိုင်ပါဘူး။ ကျွန်တော်တို့ ကိုယ့်တာဝန်ကိုယ်ယူနေကြရတာလို့ ၂၀၁၇၊ ဒီဇင်ဘာမှာ ကျင်းပတဲ့ အခမ်းအနားတစ်ခုမှာ Zhong Congrong က ပြောကြားဖူးပါတယ်။ သူဟာအဲဒီလိုခံယူချက်တွေကို လူထုကြားချပြပြီး ဒီအလုပ်ဟာ မိမိတစ်ဦးတည်းနဲ့သာမက နိုင်ငံ သားအားလုံးနဲ့ သက်ဆိုင်ကြောင်း လှုံဆော်ခဲ့ပါတယ်။

Zhong Congrongဟာ အမှိုက်ကောက် လုပ်ငန်းစဉ်အတွင်းမှာတော့ လိမ္မော်ရောင်သန့်ရှင်းရေးဝတ်စုံကို ဝတ်ဆင်လေ့ရှိပြီး သူအကျီမှာတော့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းကိုဆန့်ကျင်တဲ့ စာသားတွေ ရေးထိုးထားပါတယ်။ ဒါအပြင် Zhong Congrong ဟာ သူကိုယ်တိုင်သတ် မှတ်ထားတဲ့ ဧရိယာတစ်ခုတွင်း အမှိုက်တစ်စမှ မကျန်အောင်ကောက်ယုပြီး သူကိုကူညီပြီး အမှိုက်ကောက်ပေးတဲ့သူတွေကို (၁၀) ယွမ် ပေးလေ့ရှိပါတယ်။ အချို့ကတော့ ဒီငွေ ကြေးကိုရယူဖို့ငြင်းဆန်ကြပါတယ်။ Zhong Congrongက တရုတ်ပြည်သူအများစုဟာ ဒီလိုအမှိုက်ကောက်ရတာကို အတော်ရှက်နေကြပုံပါပဲ၊ ဒါဟာ ပတ်ဝန်းကျင်အတွက် သာမက လူကျန်းမာရေးအတွက်ပါ အရေးပါတာပါ။ တစ်ယောက်ချင်းစည်းကမ်းရှိရင်တော့ ဒီပြသာနာတွေ ဘယ်ဖြစ်နိုင်ပါ့မလဲဗျာ လို့ညည်းညူဖူးပါတယ်။

ဒါပေမဲ့ သူကတော့ သူရဲ့ တရုတ်နိုင်ငံတစ်ခုလုံး စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းကင်းစင်ရမယ်ဆိုတဲ့ ယုံကြည်ချက်ကိုတော့ နည်းနည်းမှ မလျော့ပဲ သူအလုပ်သူလုပ်ပါတယ်။ ယခုလက်ရှိတော့ Zhong Congrong ဟာ တရုတ်ပြည်သူတစ်ရပ်လုံးကို အမှိုက်စည်းကမ်းမဲ့မပစ်ဖို့ လှုံဆော်နေတဲ့ တစ်ဦးတည်းသော သန်းကြွယ်သူဌေးဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အမှိုက်ကောက်တဲ့သူဌေးကတော့ Zhong အပြင်နောက်တစ်ယောက်ရှိပါသေးတယ်။ သူကတော့ ဘာရိန်းနိုင်ငံမှာနေထိုင်တဲ့ သန်းကြွယ်သူဌေးတစ်ဦးဖြစ်သူ Mr.Yo ဖြစ်ပြီး သူဟာ နှစ်ပေါင်း ၁၁နှစ်ဆက်တိုက် အမှိုက်ကောက်ခဲ့သူ ဖြစ်ပါတယ်။

Leave a Reply