အစ္မအေပၚထားတဲ့ ေမာင္ငယ္တစ္ဦးရဲ႕ ေမတၱာတရား

Posted on

ဘာသာျပန္ေရးသားသူ – ကိုေနလင္းေအာင္

ေဝးလံေခါင္သီေသာ ေတာင္တစ္လံုးေပၚရွိ ရြာတစ္ရြာမွာ ကြ်န္မကို ေမြးဖြားခဲ့ပါတယ္။ တစ္ေန႔ၿပီးတစ္ေန႕ ကြ်န္မမိဘေတြဟာ ေနပူထဲမွာ အဝါေရာင္ေျမလႊာေတြကို တူးဆြစိုက္ပ်ိဳးရပါတယ္။ တစ္ေန႕မွာ ကြ်န္မပတ္ဝန္းက်င္မွာရွိတဲ့ မိန္းကေလးေတြလိုပဲ ကြ်န္မလည္း ဓားတစ္ေခ်ာင္း ဝယ္ယူခ်င္ေနခဲ့မိပါတယ္။ ဒါေၾကာင့္ တစ္ေန႔ေတာ့ ကြ်န္မေဖေဖရဲ႕ အံ့ဆြဲထဲကေန ဆင့္(၅၀) ခုိးယူလုိက္ပါတယ္။ ေဖေဖဟာ သူ႕ပိုက္ဆံ ေပ်ာက္သြားတာကို ခ်က္ခ်င္း သိရွိခဲ့ပါတယ္။

“ပိုက္ဆံ ဘယ္သူခုိးတာလဲ” လို႕ ေဖေဖက ကြ်န္မနဲ႕ ေမာင္ေလးကို ေမးပါတယ္။ ကြ်န္မဟာ ျပန္မေျပာရဲေလာက္ေအာင္ ေၾကာက္ရြံျပီး ၾကက္ေသေသေနခဲ့ပါတယ္။ ကြ်န္မတို႕ႏွစ္ေယာက္လံုး အျပစ္ကုိ မဝန္ခံၾကပါဘူး။ ဒီေတာ့ ေဖေဖက ေျပာလာပါတယ္။ “တစ္ေယာက္မွ ဝန္မခံဘူးဆိုရင္ မင္းတို႕ႏွစ္ေယာက္လံုး အျပစ္ေပးမွျဖစ္ေတာ့မယ္။” ကြ်န္မေမာင္ေလးက ေဖေဖလက္ကို ရုတ္တရက္ စြဲကိုင္ရင္း ေျပာလိုက္ပါတယ္။ “ေဖေဖ…ပိုက္ဆံခိုးတာ သားပါ” ေမာင္ေလးဟာ ကြ်န္မကိုယ္စား အျပစ္ခံယူလုိက္ပါတယ္။

အဲဒီည သန္းေခါင္ယံမွာ ကြ်န္မ ရုတ္တရက္ ေအာ္ငိုလိုက္မိပါတယ္။ ေမာင္ေလးက ကြ်န္မပါးစပ္ကုိ သူ႕လက္ျဖင့္ပိတ္ရင္း ေျပာပါတယ္။ “အစ္မ…ခု မငိုပါနဲ႕ေတာ့။ အားလံုး အဆင္ေျပသြားျပီပဲ။” ကြ်န္မကို အကာအကြယ္ေပးတုန္းက ေမာင္ေလးရဲ႕ ထုတ္ေဖာ္ေျပာဆိုမႈကို ဘယ္ေတာ့မွ မေမ့နုိင္ခဲ့ပါဘူး။ အဲဒီႏွစ္တုန္းက ကြ်န္မေမာင္ေလးဟာ (၈)ႏွစ္အရြယ္ရွိျပီး ကြ်န္မကေတာ့ (၁၁)ႏွစ္ ရွိေနပါျပီ။ ကြ်န္မ လုပ္ခဲ့တာနဲ႕ပတ္သက္ျပီး ဝန္ခံရဲတဲ့သတၱိ မရွိတဲ့အတြက္ ကိုယ့္ကိုယ္ကို မုန္းတီးေနမိပါေသးတယ္။ ႏွစ္ေပါင္းမ်ားစြာ ကုန္လြန္လာခဲ့ေပမယ့္လည္း ဒီအျဖစ္အပ်က္ကေတာ့ မေန႕တစ္ေန႕က ျဖစ္ေနသလိုပါပဲ။

ကြ်န္မေမာင္ေလး အလယ္တန္းေက်ာင္း ေနာက္ဆံုးႏွစ္ေရာက္တဲ့အခါ ျမိဳ႕လယ္ေခါင္ရွိ နာမည္ၾကီး အလယ္တန္းေက်ာင္းတစ္ေက်ာင္းက ေက်ာင္းတက္ခြင့္ ျပဳခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ ကြ်န္မကေတာ့ ေနထုိင္ရာ စီရင္စုေဒသရွိ တကၠသိုလ္တစ္ခုမွာ တက္ေရာက္ခြင့္ ရရွိခဲ့ပါတယ္။ အဲဒီညမွာ ေဖေဖဟာ အိမ္ဝန္းထဲမွာ ေဆာင့္ေၾကာင့္ထုိင္ရင္း ေဆးလိပ္ေတြ တစ္လိပ္ျပီးတစ္လိပ္ ေသာက္ေနခဲ့ပါတယ္။ ေဖေဖ ေမေမကို ေမးလုိက္တာ ကြ်န္မ ၾကားလိုက္ပါတယ္။
“ငါတို႕ကေလးႏွစ္ေယာက္ရဲ႕အေျခအေနဘယ္လုိလဲ။ သူတုိ႔ေတြအရမ္းထူးခြ်န္တယ္မလား”တဲ့။

ေမေမဟာ မ်က္ရည္သုတ္ရင္း သက္ျပင္းခ်ကာ ေျပာလိုက္ပါတယ္။ “ကြ်န္မတုိ႕ ဘယ္လုိလုပ္ရမလဲ။ ကေလးႏွစ္ေယာက္ရဲ႕ ပညာေရးအတြက္ ပိုက္ဆံဘယ္က ရနိုင္မလဲ။”

အဲဒီအခ်ိန္မွာ ကြ်န္မေမာင္ေလးက အျပင္ဘက္ထြက္ကာ ေဖေဖေရွ႕သြားရင္း ေျပာလုိက္ပါတယ္။ “ေဖေဖ…သား ေက်ာင္းဆက္မတတ္ခ်င္ေတာ့ဘူး။ သား စာအလံုအေလာက္ တတ္ခဲ့ၿပီးပါၿပီ”
ေဖေဖဟာ ေဒါသထြက္သြားပါတယ္။

“သားစိတ္ေတြ ဘာျဖစ္လို႕ ဒီေလာက္ေတာင္ ေပ်ာ့ညံ့ရတာလဲ။ ေဖေဖ လမ္းေပၚေလွ်ာက္ျပီး ေတာင္းစားေနရပါေစ။ သားတို႕ႏွစ္ေယာက္ကိုေတာ့ ပညာျပည့္စံုတဲ့တိုင္ေအာင္ ေက်ာင္းထားေပးမွာပါ။” အဲဒီေနာက္ ေဖေဖဟာ ေငြေခ်းဖို႕ ရြာထဲရွိ အိမ္ေပါက္ေစ့သြားရန္ စတင္ ထြက္ခြာသြားပါတယ္။ ကြ်န္မဟာ ေမာင္ေလးရဲ႕မ်က္ႏွာကို လက္ျဖင့္ ညင္သာစြာ ပြတ္သပ္ရင္း ေျပာလိုက္ပါတယ္။

“ေယာက်္ားေလးတစ္ေယာက္ဟာ ပညာဆက္သင္ယူရမယ္။ ဒါမွမဟုတ္ရင္ေတာ့ အစ္မတုိ႕ ေတြ႕ၾကံဳေနရတဲ့ ဒီဆင္းရဲမႈမ်ိဳး ေက်ာ္လႊားနုိင္မွာ မဟုတ္ဘူး။” တစ္ဖက္မွာလည္း ကြ်န္မက တကၠသိုလ္မွာ ေက်ာင္းဆက္မတက္ေတာ့ဖို႕ ဆံုးျဖတ္ထားခဲ့ပါတယ္။

ေနာက္တစ္ေန႕ အရုဏ္မတက္မီ အခ်ိန္အထိေတာ့ ေမာင္ေလးဟာ အဝတ္စုတ္အနည္းငယ္ယူၿပီး အိမ္ကထြက္သြားတာကို ဘယ္သူမွ မသိလိုက္ပါဘူး။ သူဟာ ကြ်န္မအိပ္ရာေဘးကို ကြ်န္မ မသိေအာင္လာရင္း ေခါင္းအံုးေပၚမွာ စာတစ္ေစာင္ ထားခဲ့ပါတယ္။ “အစ္မေရ…တကၠသိုလ္ေရာက္ဖုိ႕ဆိုတာ မလြယ္ပါဘူးဗ်ာ။ ကြ်န္ေတာ္ အလုပ္ရွာျပီး အစ္မဆီ ပိုက္ဆံပို႕ေပးပါမယ္။”
ကြ်န္မ အိပ္ရာေပၚမွာ စာရြက္ကိုကိုင္ရင္း ေအာ္ငိုေနမိတာ အသံဝင္သြားတဲ့ အထိပါပဲ။

ေနာက္ဆံုးမွာေတာ့ ေဖေဖ ရြာထဲက ေခ်းလာတဲ့ေငြရယ္၊ ေမာင္ေလး ေဆာက္လုပ္ေရးလုပ္ငန္းခြင္မွာ ဘိလပ္ေျမသယ္ရင္း ပို႔ေပးတဲ့ေငြရယ္ေပါင္းျပီး တကၠသိုလ္မွာ တတိယႏွစ္ေရာက္သည့္တုိင္ေအာင္ ဆက္လက္ တက္ေရာက္နုိင္ခဲ့ပါတယ္။ အဲဒီႏွစ္မွာ ေမာင္ေလးက (၁၇)ႏွစ္အရြယ္ရွိျပီး ကြ်န္မကေတာ့ (၂၀)ႏွစ္အရြယ္ ရွိေနပါျပီ။

တစ္ေန႕…ကြ်န္မ အခန္းထဲ စာၾကည့္ေနစဥ္ အခန္းေဖာ္ေရာက္လာျပီး ေျပာပါတယ္။ “အျပင္မွာ မင္းကိုရြာသားတစ္ေယာက္ ေစာင့္ေနတယ္။”
ဘယ္ရြာသားကမ်ား ငါ့ကို လာရွာပါလိမ့္လို႕ စဥ္းစားရင္း အျပင္ထြက္လိုက္ရာ အေဝးမွာ ကြ်န္မေမာင္ေလးကို ေတြ႕ျမင္လုိက္ပါတယ္။ သူ႕တစ္ကိုယ္လံုး အညစ္အေၾကးေတြ၊ ေျမမႈန္ေတြ၊ ဘိလပ္ေျမေတြ၊ သဲေတြနဲ႕ ညစ္ပတ္ေနခဲ့ပါတယ္။ ကြ်န္မ ေမာင္ေလးကို ေမးလုိက္ပါတယ္။ “အစ္မရဲ႕ အခန္းေဖာ္ကို ဘာျဖစ္လို႕ အစ္မေမာင္ေလးလို႕ မေျပာခဲ့တာလဲ။”

ေမာင္ေလးဟာ ျပံဳးရင္း ျပန္ေျပာလိုက္ပါတယ္။ “ကြ်န္ေတာ့္ရဲ႕ အသြင္အျပင္ကိုလည္း ၾကည့္လုိက္ပါဦးဗ်ာ။ ကြ်န္ေတာ္ဟာ အစ္မေမာင္ေလးလို႕ သူတို႕သိတဲ့အခါ ဘာမ်ားေျပာလုိက္မလဲ။ သူတို႕က အစ္မကို မေလွာင္ေျပာင္ေလာက္ဘူးလား။”
ကြ်န္မ အလြန္ခံစားသြားရင္း မ်က္ဝန္းမွာ မ်က္ရည္ေတြ ျပည့္လွ်ံလာခဲ့ပါတယ္။ ေမာင္ေလးကိုယ္မွ အညစ္အေၾကးနဲ႕ ဖုန္မႈန္ေတြကို ကြ်န္မ သန္႕ရွင္းေပးလုိက္ပါတယ္။ အဲဒီေနာက္ လည္ေခ်ာင္းမွာ ဆို႕နင့္စြာနဲ႕ ေျပာလိုက္ပါတယ္။ “လူေတြ ဘာေျပာေျပာ အစ္မ ဂရုမစိုက္ဘူး။ ေမာင္ေလးရဲ႕ အသြင္အျပင္ ဘယ္လုိျဖစ္ေနပါေစ…ေမာင္ေလးဟာ အစ္မရဲ႕ေမာင္ေလးပါပဲ။”

ေမာင္ေလးဟာ သူ႕အိပ္ကပ္ထဲကေန လိပ္ျပာပံု ဆံညွပ္ေလးတစ္ခု ထုတ္လုိက္ပါတယ္။ ဆံညွပ္ေလးကို ကြ်န္မေခါင္းမွာ ညွပ္ေပးရင္း ေျပာလာပါတယ္။ “ျမိဳ႕ထဲမွာ မိန္းကေလးေတြ ဒီလိုဆံညွပ္မ်ိဳးသံုးတာ ကြ်န္ေတာ္ျမင္ခဲ့ပါတယ္။ အစ္မမွာေရာ ဒီဆံညွပ္မ်ိဳး ရွိသင့္တယ္လို႕ ထင္ပါတယ္။”
ကြ်န္မ ကိုယ့္ကိုယ္ကို မထိန္းနုိင္ေလာက္ေအာင္ ျဖစ္သြားခဲ့ပါတယ္။ ကြ်န္မ ေမာင္ေလးကို ဆြဲကိုင္ရင္း ေအာ္ငိုခဲ့ပါတယ္။ အဲဒီႏွစ္မွာ ေမာင္ေလးက (၂၀)ႏွစ္ရွိျပီ၊ ကြ်န္ကေတာ့ (၂၃)ႏွစ္ရွိပါျပီ။

ကြ်န္မ လက္ထပ္ျပီးတဲ့ေနာက္မွာ ျမိဳ႕တစ္ျမိဳ႕မွာ ေနထိုင္ခဲ့ပါတယ္။ ကြ်န္မေယာက္်ားက ကြ်န္မရဲ႕ မိဘေတြကို လာေနဖို႕ အၾကိမ္ေပါင္းမ်ားစြာ ေခၚခဲ့ေပမယ့္လည္း ေဖေဖနဲ႕ေမေမက ျငင္းဆုိခဲ့ပါတယ္။ ေဖေဖနဲ႕ေမေမက ရြာမွ ထြက္လာမယ္ဆိုရင္ ဘာလုပ္ရမွန္း မသိပါဘူးလို႕ေတာ့ တစ္ၾကိမ္မွာ ေျပာဆိုခဲ့ပါတယ္။ ေမာင္ေလးကလည္း ေဖေဖနဲ႕ေမေမနဲ႕ တစ္သေဘာတည္းပါပဲ။ သူကလည္း ေျပာလာပါတယ္။
“အစ္မ…အစ္မရဲ႕ ေယာကၡမေတြကို ဂရုစိုက္လုိက္ပါ။ ေဖေဖနဲ႕ေမေမကို ကြ်န္ေတာ္ ဂရုစိုက္လုိက္ပါမယ္။”

ကြ်န္မ ေယာက္်ားဟာ သူလုပ္ေနတဲ့ စက္ရံုမွာ ဒါရိုက္တာတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ အဲဒီစက္ရုံက ျပဳျပင္ေရးဌာနမွာ မန္ေနဂ်ာလုပ္ဖုိ႔ ေမာင္ေလးကို တုိက္တြန္းနားခ်ခဲ့တယ္။ ဒါေပမယ့္ ေမာင္ေလးကေတာ့ အဲဒီကမ္းလွမ္းခ်က္ကို ျငင္းပယ္ခဲ့ပါတယ္။ သူဟာ ေအာက္ေျခကပဲ စခ်င္ေၾကာင္းေျပာရင္း ေအာက္ေျချပဳျပင္ေရးလုပ္သားအျဖစ္ လုပ္ကိုင္ခဲ့ပါတယ္။

တစ္ေန႕… ကြ်န္မေမာင္ေလး ေလွကားထိပ္တက္ရင္း ေကဘယ္လ္ၾကိဳးတစ္ေခ်ာင္း ျပဳျပင္ေနတုန္းဓာတ္လုိက္လို႔ေဆးရံုတင္လုိက္ရပါတယ္။ ကြ်န္မေယာက္်ားနဲ႔ ကြ်န္မတုိ႔ ေဆးရံုသြားျပီး ေမာင္ေလးကို ၾကည့္ရူ႕ခဲ့ပါတယ္။ သူ႕ေျခေခ်ာင္းမွာ ပတ္တီးေတြကိုေတြ႕ေတာ့ ကြ်န္မ ညည္းတြားေျပာဆိုလုိက္ပါတယ္။ “နင့္ကို မန္ေနဂ်ာလုပ္ဖို႔ ကမ္းလွမ္းခ်က္ကို ဘာျဖစ္လို႔ ျငင္းခဲ့ရတာလဲ။ မန္ေနဂ်ာဆိုရင္ ဒီလုိ အႏၱရာယ္မ်ားတဲ့ အလုပ္မ်ိဳး လုပ္ရမွာမဟုတ္ဘူး။ ခုေတာ့ မင္းကိုယ္မင္း ၾကည့္လုိက္စမ္း။ ဒဏ္ရာအၾကီးအက်ယ္ ရေနတယ္ေလ။ ဘာျဖစ္လို႕ အစ္မတုိ႕စကားကို နားမေထာင္ခဲ့ရတာလဲ။”

မ်က္ႏွာမွာ တည္ၾကည္ေလးနက္မႈေတြ ေပၚလြင္ရင္းနဲ႕ေမာင္ေလးဟာ သူ႕ရဲ႕ဆံုးျဖတ္ခ်က္ကို အခိုင္အမာ ေျပာဆုိလုိက္ပါတယ္။
“ ဒါရိုက္တာတစ္ေယာက္ျဖစ္ေနတဲ့ ကြ်န္ေတာ့္ေယာက္ဖ မ်က္ႏွာကို ေထာက္ရဦးမယ္ေလ။ ကြ်န္ေတာ္လို ပညာမတတ္တဲ့လူတစ္ေယာက္ မန္ေနဂ်ာ ျဖစ္လာမယ္ဆုိရင္ လူေတြ ဘယ္လိုမ်ား ေျပာလိုက္မလဲ။”
ကြ်န္မေယာက္်ားရဲ႕ မ်က္ဝန္းမွာလည္း မ်က္ရည္ေတြ ျပည့္လာခဲ့ပါတယ္။

အဲဒီေနာက္ ကြ်န္မက ေျပာလိုက္ပါတယ္။ “
ဒါေပမယ့္ အစ္မေၾကာင့္ ေမာင္ေလး ပညာမသင္ခဲ့ရတာေလ။”
“အစ္မ ဘာျဖစ္လို႕ အတိတ္ကအေၾကာင္းေတြ ေျပာေနရတာလဲ။” ေမာင္ေလးက ေျပာဆိုရင္း ကြ်န္မလက္ကို ဆုပ္ကိုင္လုိက္ပါတယ္။ အဲဒီႏွစ္မွာ ေမာင္ေလးက (၂၆)ႏွစ္ရွိျပီ၊ ကြ်န္မကေတာ့ (၂၉)ႏွစ္ ရွိပါျပီ။

ရြာက လယ္သမား မိန္းကေလးတစ္ဦးကို လက္ထပ္တဲ့အခ်ိန္မွာ ေမာင္ေလးဟာ (၂၉)ႏွစ္ ရွိေနပါျပီ။ လက္ထပ္မဂၤလာ အခမ္းအနားမွာ ဘိသိက္ဆရာက ေမာင္ေလးကို ေမးလုိက္ပါတယ္။ “အသင့္ဘဝမွာ အေလးစားဆံုးနဲ႕ အခ်စ္ရဆံုးပုဂၢိဳလ္ဟာ ဘယ္သူလဲ။”

ေမာင္ေလးဟာ စဥ္းစားခ်ိန္မယူဘဲ ခ်က္ခ်င္းေျဖလိုက္ပါတယ္။
“ကြ်န္ေတာ့္ အစ္မေပါ့ဗ်ာ။”

ေမာင္ေလးက ကြ်န္မ မမွတ္မိေတာ့တဲ့ ျဖစ္ရပ္တစ္ခုကို ဆက္လက္ေျပာျပပါတယ္။
“ကြ်န္ေတာ္ မူလတန္းေက်ာင္းသားဘဝတုန္းက စာသင္ေက်ာင္းဟာ အျခားရြာတစ္ရြာမွာ ရွိေနခဲ့ပါတယ္။ ေန႕စဥ္ေန႕တုိင္း ကြ်န္ေတာ္နဲ႕ အစ္မတို႔ဟာ စာသင္ေက်ာင္းကို ႏွစ္နာရီၾကာ လမ္းေလွ်ာက္ရင္း အသြားအျပန္ ျပဳလုပ္ခဲ့ရပါတယ္။ လမ္းကေ၀းၿပီး ရာသီဥတုကလည္း အၿမဲလုိလုိေအးခဲေနတတ္တယ္။ တစ္ရက္မွာေတာ့ ကြ်န္ေတာ့္လက္အိတ္တစ္ခု ေပ်ာက္ေနခဲ့တယ္။ အဲဒီအခ်ိန္မွာ အစ္မက သူပိုင္တဲ့ လက္အိတ္တစ္ဖက္ကို ကြ်န္ေတာ္ကို ေပးခဲ့တယ္။ အစ္မဟာ က်န္တဲ့ လက္အိတ္တစ္ဖက္တည္းဝတ္ရင္း အေဝးၾကီး လမ္းေလ်ွာက္ခဲ့ရပါတယ္။ ကြ်န္ေတာ္တုိ႕ အိမ္ျပန္ေရာက္ခ်ိန္မွာ အစ္မရဲ႕လက္ေတြဟာ ေအးလြန္းလို႔ ခုိက္ခုိက္တုန္ေနၿပီ။ အစားအစာစားတဲ့ တူေတြကိုပင္ မကိုင္နုိင္ေလာက္ေအာင္ ျဖစ္ခဲ့ရပါတယ္။ အဲဒီေန႕ကစျပီး ကြ်န္ေတာ္ သံဓိဌာန္ ခ်မွတ္ခဲ့ပါတယ္။ ကြ်န္ေတာ္ အသက္ရွင္ေနသေရြ႕ အစ္မအေပၚ အျမဲတမ္း ေကာင္းေကာင္းမြန္မြန္ ဆက္ဆံဖို႕နဲ႔ ဂရုစိုက္ဖုိ႔ေပါ့ဗ်ာ။”

တစ္ခန္းလံုး ခ်ီးက်ဴးသံေတြ ျပည့္လွ်ံသြားခဲ့ပါတယ္။ ဧည့္ပရိသတ္အားလံုး ကြ်န္မကို လွည့္ၾကည့္လိုက္ၾကပါတယ္။ ကြ်န္မ စကားေျပာဖို႔ခက္ခက္ခဲခဲ ၾကိဳးစားခဲ့ရပါတယ္။
“ကြ်န္မဘဝမွာ ေက်းဇူးအတင္ရဆံုးကေတာ့ ကြ်န္မေမာင္ေလးပါပဲ။” ျပီးေတာ့ ေပ်ာ္ရႊင္ဖြယ္ မဂၤလာအခမ္းအနားတြင္ ဧည့္ပရိသတ္ေတြရဲ႕ေရွ႕မွာ ကြ်န္မ မ်က္ရည္ေတြေတြ စီးက်ခဲ့ပါတယ္။

သင့္ဘဝမွာ ခ်စ္ခင္ရတဲ့သူကို တစ္ေန႕ေလာက္ေတာ့ ေမတၱာထားျပီး ဂရုစိုက္ေပးလုိက္ပါ။ သင္လုပ္ေပးခဲ့တဲ့ အရာေလးဟာ သင့္အတြက္ေတာ့ သာမန္အေသးအဖြဲ႕မ်ွသာ ျဖစ္နုိင္ေပမယ့္ အျခားသူတစ္ဦးအတြက္ေတာ့ အမ်ားၾကီး အဓိပၸာယ္ ရွိေနတတ္ပါတယ္။

ေနလင္းေအာင္ ဘာသာျပန္ဆိုသည္။

Ref: The Love of a Brother

———————–

အစ်မအပေါ်ထားတဲ့ မောင်ငယ်တစ်ဦးရဲ့ မေတ္တာတရား (unicode)

ဘာသာပြန်ရေးသားသူ – ကိုနေလင်းအောင်

ဝေးလံခေါင်သီသော တောင်တစ်လုံးပေါ်ရှိ ရွာတစ်ရွာမှာ ကျွန်မကို မွေးဖွားခဲ့ပါတယ်။ တစ်နေ့ပြီးတစ်နေ့ ကျွန်မမိဘတွေဟာ နေပူထဲမှာ အဝါရောင်မြေလွှာတွေကို တူးဆွစိုက်ပျိုးရပါတယ်။ တစ်နေ့မှာ ကျွန်မပတ်ဝန်းကျင်မှာရှိတဲ့ မိန်းကလေးတွေလိုပဲ ကျွန်မလည်း ဓားတစ်ချောင်း ဝယ်ယူချင်နေခဲ့မိပါတယ်။ ဒါကြောင့် တစ်နေ့တော့ ကျွန်မဖေဖေရဲ့ အံ့ဆွဲထဲကနေ ဆင့်(၅၀) ခိုးယူလိုက်ပါတယ်။ ဖေဖေဟာ သူ့ပိုက်ဆံ ပျောက်သွားတာကို ချက်ချင်း သိရှိခဲ့ပါတယ်။

“ပိုက်ဆံ ဘယ်သူခိုးတာလဲ” လို့ ဖေဖေက ကျွန်မနဲ့ မောင်လေးကို မေးပါတယ်။ ကျွန်မဟာ ပြန်မပြောရဲလောက်အောင် ကြောက်ရွံပြီး ကြက်သေသေနေခဲ့ပါတယ်။ ကျွန်မတို့နှစ်ယောက်လုံး အပြစ်ကို မဝန်ခံကြပါဘူး။ ဒီတော့ ဖေဖေက ပြောလာပါတယ်။ “တစ်ယောက်မှ ဝန်မခံဘူးဆိုရင် မင်းတို့နှစ်ယောက်လုံး အပြစ်ပေးမှဖြစ်တော့မယ်။” ကျွန်မမောင်လေးက ဖေဖေလက်ကို ရုတ်တရက် စွဲကိုင်ရင်း ပြောလိုက်ပါတယ်။ “ဖေဖေ…ပိုက်ဆံခိုးတာ သားပါ” မောင်လေးဟာ ကျွန်မကိုယ်စား အပြစ်ခံယူလိုက်ပါတယ်။

အဲဒီည သန်းခေါင်ယံမှာ ကျွန်မ ရုတ်တရက် အော်ငိုလိုက်မိပါတယ်။ မောင်လေးက ကျွန်မပါးစပ်ကို သူ့လက်ဖြင့်ပိတ်ရင်း ပြောပါတယ်။ “အစ်မ…ခု မငိုပါနဲ့တော့။ အားလုံး အဆင်ပြေသွားပြီပဲ။” ကျွန်မကို အကာအကွယ်ပေးတုန်းက မောင်လေးရဲ့ ထုတ်ဖော်ပြောဆိုမှုကို ဘယ်တော့မှ မမေ့နိုင်ခဲ့ပါဘူး။ အဲဒီနှစ်တုန်းက ကျွန်မမောင်လေးဟာ (၈)နှစ်အရွယ်ရှိပြီး ကျွန်မကတော့ (၁၁)နှစ် ရှိနေပါပြီ။ ကျွန်မ လုပ်ခဲ့တာနဲ့ပတ်သက်ပြီး ဝန်ခံရဲတဲ့သတ္တိ မရှိတဲ့အတွက် ကိုယ့်ကိုယ်ကို မုန်းတီးနေမိပါသေးတယ်။ နှစ်ပေါင်းများစွာ ကုန်လွန်လာခဲ့ပေမယ့်လည်း ဒီအဖြစ်အပျက်ကတော့ မနေ့တစ်နေ့က ဖြစ်နေသလိုပါပဲ။

ကျွန်မမောင်လေး အလယ်တန်းကျောင်း နောက်ဆုံးနှစ်ရောက်တဲ့အခါ မြို့လယ်ခေါင်ရှိ နာမည်ကြီး အလယ်တန်းကျောင်းတစ်ကျောင်းက ကျောင်းတက်ခွင့် ပြုခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်မကတော့ နေထိုင်ရာ စီရင်စုဒေသရှိ တက္ကသိုလ်တစ်ခုမှာ တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။ အဲဒီညမှာ ဖေဖေဟာ အိမ်ဝန်းထဲမှာ ဆောင့်ကြောင့်ထိုင်ရင်း ဆေးလိပ်တွေ တစ်လိပ်ပြီးတစ်လိပ် သောက်နေခဲ့ပါတယ်။ ဖေဖေ မေမေကို မေးလိုက်တာ ကျွန်မ ကြားလိုက်ပါတယ်။
“ငါတို့ကလေးနှစ်ယောက်ရဲ့အခြေအနေဘယ်လိုလဲ။ သူတို့တွေအရမ်းထူးချွန်တယ်မလား”တဲ့။

မေမေဟာ မျက်ရည်သုတ်ရင်း သက်ပြင်းချကာ ပြောလိုက်ပါတယ်။ “ကျွန်မတို့ ဘယ်လိုလုပ်ရမလဲ။ ကလေးနှစ်ယောက်ရဲ့ ပညာရေးအတွက် ပိုက်ဆံဘယ်က ရနိုင်မလဲ။”

အဲဒီအချိန်မှာ ကျွန်မမောင်လေးက အပြင်ဘက်ထွက်ကာ ဖေဖေရှေ့သွားရင်း ပြောလိုက်ပါတယ်။ “ဖေဖေ…သား ကျောင်းဆက်မတတ်ချင်တော့ဘူး။ သား စာအလုံအလောက် တတ်ခဲ့ပြီးပါပြီ”
ဖေဖေဟာ ဒေါသထွက်သွားပါတယ်။

“သားစိတ်တွေ ဘာဖြစ်လို့ ဒီလောက်တောင် ပျော့ညံ့ရတာလဲ။ ဖေဖေ လမ်းပေါ်လျှောက်ပြီး တောင်းစားနေရပါစေ။ သားတို့နှစ်ယောက်ကိုတော့ ပညာပြည့်စုံတဲ့တိုင်အောင် ကျောင်းထားပေးမှာပါ။” အဲဒီနောက် ဖေဖေဟာ ငွေချေးဖို့ ရွာထဲရှိ အိမ်ပေါက်စေ့သွားရန် စတင် ထွက်ခွာသွားပါတယ်။ ကျွန်မဟာ မောင်လေးရဲ့မျက်နှာကို လက်ဖြင့် ညင်သာစွာ ပွတ်သပ်ရင်း ပြောလိုက်ပါတယ်။

“ယောက်ျားလေးတစ်ယောက်ဟာ ပညာဆက်သင်ယူရမယ်။ ဒါမှမဟုတ်ရင်တော့ အစ်မတို့ တွေ့ကြုံနေရတဲ့ ဒီဆင်းရဲမှုမျိုး ကျော်လွှားနိုင်မှာ မဟုတ်ဘူး။” တစ်ဖက်မှာလည်း ကျွန်မက တက္ကသိုလ်မှာ ကျောင်းဆက်မတက်တော့ဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။

နောက်တစ်နေ့ အရုဏ်မတက်မီ အချိန်အထိတော့ မောင်လေးဟာ အဝတ်စုတ်အနည်းငယ်ယူပြီး အိမ်ကထွက်သွားတာကို ဘယ်သူမှ မသိလိုက်ပါဘူး။ သူဟာ ကျွန်မအိပ်ရာဘေးကို ကျွန်မ မသိအောင်လာရင်း ခေါင်းအုံးပေါ်မှာ စာတစ်စောင် ထားခဲ့ပါတယ်။ “အစ်မရေ…တက္ကသိုလ်ရောက်ဖို့ဆိုတာ မလွယ်ပါဘူးဗျာ။ ကျွန်တော် အလုပ်ရှာပြီး အစ်မဆီ ပိုက်ဆံပို့ပေးပါမယ်။”
ကျွန်မ အိပ်ရာပေါ်မှာ စာရွက်ကိုကိုင်ရင်း အော်ငိုနေမိတာ အသံဝင်သွားတဲ့ အထိပါပဲ။

နောက်ဆုံးမှာတော့ ဖေဖေ ရွာထဲက ချေးလာတဲ့ငွေရယ်၊ မောင်လေး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဘိလပ်မြေသယ်ရင်း ပို့ပေးတဲ့ငွေရယ်ပေါင်းပြီး တက္ကသိုလ်မှာ တတိယနှစ်ရောက်သည့်တိုင်အောင် ဆက်လက် တက်ရောက်နိုင်ခဲ့ပါတယ်။ အဲဒီနှစ်မှာ မောင်လေးက (၁၇)နှစ်အရွယ်ရှိပြီး ကျွန်မကတော့ (၂၀)နှစ်အရွယ် ရှိနေပါပြီ။

တစ်နေ့…ကျွန်မ အခန်းထဲ စာကြည့်နေစဉ် အခန်းဖော်ရောက်လာပြီး ပြောပါတယ်။ “အပြင်မှာ မင်းကိုရွာသားတစ်ယောက် စောင့်နေတယ်။”
ဘယ်ရွာသားကများ ငါ့ကို လာရှာပါလိမ့်လို့ စဉ်းစားရင်း အပြင်ထွက်လိုက်ရာ အဝေးမှာ ကျွန်မမောင်လေးကို တွေ့မြင်လိုက်ပါတယ်။ သူ့တစ်ကိုယ်လုံး အညစ်အကြေးတွေ၊ မြေမှုန်တွေ၊ ဘိလပ်မြေတွေ၊ သဲတွေနဲ့ ညစ်ပတ်နေခဲ့ပါတယ်။ ကျွန်မ မောင်လေးကို မေးလိုက်ပါတယ်။ “အစ်မရဲ့ အခန်းဖော်ကို ဘာဖြစ်လို့ အစ်မမောင်လေးလို့ မပြောခဲ့တာလဲ။”

မောင်လေးဟာ ပြုံးရင်း ပြန်ပြောလိုက်ပါတယ်။ “ကျွန်တော့်ရဲ့ အသွင်အပြင်ကိုလည်း ကြည့်လိုက်ပါဦးဗျာ။ ကျွန်တော်ဟာ အစ်မမောင်လေးလို့ သူတို့သိတဲ့အခါ ဘာများပြောလိုက်မလဲ။ သူတို့က အစ်မကို မလှောင်ပြောင်လောက်ဘူးလား။”
ကျွန်မ အလွန်ခံစားသွားရင်း မျက်ဝန်းမှာ မျက်ရည်တွေ ပြည့်လျှံလာခဲ့ပါတယ်။ မောင်လေးကိုယ်မှ အညစ်အကြေးနဲ့ ဖုန်မှုန်တွေကို ကျွန်မ သန့်ရှင်းပေးလိုက်ပါတယ်။ အဲဒီနောက် လည်ချောင်းမှာ ဆို့နင့်စွာနဲ့ ပြောလိုက်ပါတယ်။ “လူတွေ ဘာပြောပြော အစ်မ ဂရုမစိုက်ဘူး။ မောင်လေးရဲ့ အသွင်အပြင် ဘယ်လိုဖြစ်နေပါစေ…မောင်လေးဟာ အစ်မရဲ့မောင်လေးပါပဲ။”

မောင်လေးဟာ သူ့အိပ်ကပ်ထဲကနေ လိပ်ပြာပုံ ဆံညှပ်လေးတစ်ခု ထုတ်လိုက်ပါတယ်။ ဆံညှပ်လေးကို ကျွန်မခေါင်းမှာ ညှပ်ပေးရင်း ပြောလာပါတယ်။ “မြို့ထဲမှာ မိန်းကလေးတွေ ဒီလိုဆံညှပ်မျိုးသုံးတာ ကျွန်တော်မြင်ခဲ့ပါတယ်။ အစ်မမှာရော ဒီဆံညှပ်မျိုး ရှိသင့်တယ်လို့ ထင်ပါတယ်။”
ကျွန်မ ကိုယ့်ကိုယ်ကို မထိန်းနိုင်လောက်အောင် ဖြစ်သွားခဲ့ပါတယ်။ ကျွန်မ မောင်လေးကို ဆွဲကိုင်ရင်း အော်ငိုခဲ့ပါတယ်။ အဲဒီနှစ်မှာ မောင်လေးက (၂၀)နှစ်ရှိပြီ၊ ကျွန်ကတော့ (၂၃)နှစ်ရှိပါပြီ။

ကျွန်မ လက်ထပ်ပြီးတဲ့နောက်မှာ မြို့တစ်မြို့မှာ နေထိုင်ခဲ့ပါတယ်။ ကျွန်မယောက်ျားက ကျွန်မရဲ့ မိဘတွေကို လာနေဖို့ အကြိမ်ပေါင်းများစွာ ခေါ်ခဲ့ပေမယ့်လည်း ဖေဖေနဲ့မေမေက ငြင်းဆိုခဲ့ပါတယ်။ ဖေဖေနဲ့မေမေက ရွာမှ ထွက်လာမယ်ဆိုရင် ဘာလုပ်ရမှန်း မသိပါဘူးလို့တော့ တစ်ကြိမ်မှာ ပြောဆိုခဲ့ပါတယ်။ မောင်လေးကလည်း ဖေဖေနဲ့မေမေနဲ့ တစ်သဘောတည်းပါပဲ။ သူကလည်း ပြောလာပါတယ်။
“အစ်မ…အစ်မရဲ့ ယောက္ခမတွေကို ဂရုစိုက်လိုက်ပါ။ ဖေဖေနဲ့မေမေကို ကျွန်တော် ဂရုစိုက်လိုက်ပါမယ်။”

ကျွန်မ ယောက်ျားဟာ သူလုပ်နေတဲ့ စက်ရုံမှာ ဒါရိုက်တာတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အဲဒီစက်ရုံက ပြုပြင်ရေးဌာနမှာ မန်နေဂျာလုပ်ဖို့ မောင်လေးကို တိုက်တွန်းနားချခဲ့တယ်။ ဒါပေမယ့် မောင်လေးကတော့ အဲဒီကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပါတယ်။ သူဟာ အောက်ခြေကပဲ စချင်ကြောင်းပြောရင်း အောက်ခြေပြုပြင်ရေးလုပ်သားအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

တစ်နေ့… ကျွန်မမောင်လေး လှေကားထိပ်တက်ရင်း ကေဘယ်လ်ကြိုးတစ်ချောင်း ပြုပြင်နေတုန်းဓာတ်လိုက်လို့ဆေးရုံတင်လိုက်ရပါတယ်။ ကျွန်မယောက်ျားနဲ့ ကျွန်မတို့ ဆေးရုံသွားပြီး မောင်လေးကို ကြည့်ရူ့ခဲ့ပါတယ်။ သူ့ခြေချောင်းမှာ ပတ်တီးတွေကိုတွေ့တော့ ကျွန်မ ညည်းတွားပြောဆိုလိုက်ပါတယ်။ “နင့်ကို မန်နေဂျာလုပ်ဖို့ ကမ်းလှမ်းချက်ကို ဘာဖြစ်လို့ ငြင်းခဲ့ရတာလဲ။ မန်နေဂျာဆိုရင် ဒီလို အန္တရာယ်များတဲ့ အလုပ်မျိုး လုပ်ရမှာမဟုတ်ဘူး။ ခုတော့ မင်းကိုယ်မင်း ကြည့်လိုက်စမ်း။ ဒဏ်ရာအကြီးအကျယ် ရနေတယ်လေ။ ဘာဖြစ်လို့ အစ်မတို့စကားကို နားမထောင်ခဲ့ရတာလဲ။”

မျက်နှာမှာ တည်ကြည်လေးနက်မှုတွေ ပေါ်လွင်ရင်းနဲ့မောင်လေးဟာ သူ့ရဲ့ဆုံးဖြတ်ချက်ကို အခိုင်အမာ ပြောဆိုလိုက်ပါတယ်။
“ ဒါရိုက်တာတစ်ယောက်ဖြစ်နေတဲ့ ကျွန်တော့်ယောက်ဖ မျက်နှာကို ထောက်ရဦးမယ်လေ။ ကျွန်တော်လို ပညာမတတ်တဲ့လူတစ်ယောက် မန်နေဂျာ ဖြစ်လာမယ်ဆိုရင် လူတွေ ဘယ်လိုများ ပြောလိုက်မလဲ။”
ကျွန်မယောက်ျားရဲ့ မျက်ဝန်းမှာလည်း မျက်ရည်တွေ ပြည့်လာခဲ့ပါတယ်။

အဲဒီနောက် ကျွန်မက ပြောလိုက်ပါတယ်။ “
ဒါပေမယ့် အစ်မကြောင့် မောင်လေး ပညာမသင်ခဲ့ရတာလေ။”
“အစ်မ ဘာဖြစ်လို့ အတိတ်ကအကြောင်းတွေ ပြောနေရတာလဲ။” မောင်လေးက ပြောဆိုရင်း ကျွန်မလက်ကို ဆုပ်ကိုင်လိုက်ပါတယ်။ အဲဒီနှစ်မှာ မောင်လေးက (၂၆)နှစ်ရှိပြီ၊ ကျွန်မကတော့ (၂၉)နှစ် ရှိပါပြီ။

ရွာက လယ်သမား မိန်းကလေးတစ်ဦးကို လက်ထပ်တဲ့အချိန်မှာ မောင်လေးဟာ (၂၉)နှစ် ရှိနေပါပြီ။ လက်ထပ်မင်္ဂလာ အခမ်းအနားမှာ ဘိသိက်ဆရာက မောင်လေးကို မေးလိုက်ပါတယ်။ “အသင့်ဘဝမှာ အလေးစားဆုံးနဲ့ အချစ်ရဆုံးပုဂ္ဂိုလ်ဟာ ဘယ်သူလဲ။”

မောင်လေးဟာ စဉ်းစားချိန်မယူဘဲ ချက်ချင်းဖြေလိုက်ပါတယ်။
“ကျွန်တော့် အစ်မပေါ့ဗျာ။”

မောင်လေးက ကျွန်မ မမှတ်မိတော့တဲ့ ဖြစ်ရပ်တစ်ခုကို ဆက်လက်ပြောပြပါတယ်။
“ကျွန်တော် မူလတန်းကျောင်းသားဘဝတုန်းက စာသင်ကျောင်းဟာ အခြားရွာတစ်ရွာမှာ ရှိနေခဲ့ပါတယ်။ နေ့စဉ်နေ့တိုင်း ကျွန်တော်နဲ့ အစ်မတို့ဟာ စာသင်ကျောင်းကို နှစ်နာရီကြာ လမ်းလျှောက်ရင်း အသွားအပြန် ပြုလုပ်ခဲ့ရပါတယ်။ လမ်းကဝေးပြီး ရာသီဥတုကလည်း အမြဲလိုလိုအေးခဲနေတတ်တယ်။ တစ်ရက်မှာတော့ ကျွန်တော့်လက်အိတ်တစ်ခု ပျောက်နေခဲ့တယ်။ အဲဒီအချိန်မှာ အစ်မက သူပိုင်တဲ့ လက်အိတ်တစ်ဖက်ကို ကျွန်တော်ကို ပေးခဲ့တယ်။ အစ်မဟာ ကျန်တဲ့ လက်အိတ်တစ်ဖက်တည်းဝတ်ရင်း အဝေးကြီး လမ်းလျှောက်ခဲ့ရပါတယ်။ ကျွန်တော်တို့ အိမ်ပြန်ရောက်ချိန်မှာ အစ်မရဲ့လက်တွေဟာ အေးလွန်းလို့ ခိုက်ခိုက်တုန်နေပြီ။ အစားအစာစားတဲ့ တူတွေကိုပင် မကိုင်နိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ်။ အဲဒီနေ့ကစပြီး ကျွန်တော် သံဓိဌာန် ချမှတ်ခဲ့ပါတယ်။ ကျွန်တော် အသက်ရှင်နေသရွေ့ အစ်မအပေါ် အမြဲတမ်း ကောင်းကောင်းမွန်မွန် ဆက်ဆံဖို့နဲ့ ဂရုစိုက်ဖို့ပေါ့ဗျာ။”

တစ်ခန်းလုံး ချီးကျူးသံတွေ ပြည့်လျှံသွားခဲ့ပါတယ်။ ဧည့်ပရိသတ်အားလုံး ကျွန်မကို လှည့်ကြည့်လိုက်ကြပါတယ်။ ကျွန်မ စကားပြောဖို့ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါတယ်။
“ကျွန်မဘဝမှာ ကျေးဇူးအတင်ရဆုံးကတော့ ကျွန်မမောင်လေးပါပဲ။” ပြီးတော့ ပျော်ရွှင်ဖွယ် မင်္ဂလာအခမ်းအနားတွင် ဧည့်ပရိသတ်တွေရဲ့ရှေ့မှာ ကျွန်မ မျက်ရည်တွေတွေ စီးကျခဲ့ပါတယ်။

သင့်ဘဝမှာ ချစ်ခင်ရတဲ့သူကို တစ်နေ့လောက်တော့ မေတ္တာထားပြီး ဂရုစိုက်ပေးလိုက်ပါ။ သင်လုပ်ပေးခဲ့တဲ့ အရာလေးဟာ သင့်အတွက်တော့ သာမန်အသေးအဖွဲ့မျှသာ ဖြစ်နိုင်ပေမယ့် အခြားသူတစ်ဦးအတွက်တော့ အများကြီး အဓိပ္ပာယ် ရှိနေတတ်ပါတယ်။

နေလင်းအောင် ဘာသာပြန်ဆိုသည်။

Ref: The Love of a Brother

Leave a Reply