အသက္ႀကီးသူမ်ား ေနာင္တအရဆံုး အရာမ်ား

Posted on

ေရးသားသူ – Saya Aung Ko Latt

ႏိုင္ငံျခားတိုင္းျပည္တစ္ခုမွာ အသက္ ( ၇၀ ) ေက်ာ္သြားတဲ့ အဖိုးအဖြားမ်ားကို သင္ဘ၀မွာ သင္ဘာကို ေနာင္တအရဆံုးလဲ ဆိုတဲ့ေမးခြန္းကို ေျဖဆိုေစပါတယ္။ ရရိွလာတဲ့ အေျဖကို ရာခိုင္ႏူန္းအနည္းအမ်ားေပၚ မူတည္ၿပီး တင္ျပထားပါတယ္။ တစ္ႏိုင္ငံနဲ႔ တစ္ႏိုင္ငံ ဘာသာေရး ယံုၾကည္ခ်က္၊ ဘ၀ခံယူခ်က္အရ အယူအဆအနည္းငယ္စီ ကြာျခားႏိုင္ပါတယ္။ ပံုမွန္အားျဖင့္ လူသားအခ်င္းခ်င္း တူညီတတ္တာမို အက်ဳိးရိွႏိုင္မယ္ဟု ယူဆၿပီး တင္ျပလိုက္ရပါတယ္။

၁။ အေကာင္းဆံုးျဖစ္ေအာင္ မႀကိဳးစားခဲ့ဘူး၊

သုေတသနအရ ၉၂% သူမ်ားဟာ ေကာင္းေကာင္းမႀကိဳးစားခဲ့တာကို ေနာင္တ ရၾကပါတယ္။

ေက်ာင္းသားဘ၀မွာတုန္းက ေဆာ့ကစားတာနဲ႔ အခ်ိန္ကုန္ေစခဲ့ပါတယ္။ ရည္းစားထားတတ္လာေတာ့ အခ်ိန္ရိွသေရႊ႔ စိတ္ကအဲဒါပဲ ေရာက္ေနတယ္။ အိမ္ေထာင္ျပဳၿပီးေနာက္ပိုင္း ဟိုဟာလုပ္ရင္ေကာင္းႏူိးႏိူး၊ ဒီအလုပ္လုပ္ရင္ပဲ ပိုေကာင္းႏိူးႏိူးနဲ႔ အခ်ိန္ကုန္လြန္သြားေစပါတယ္။ ေနာက္တစ္ခုက လူေတာ္ေတာ္မ်ားမ်ားဟာ အမ်ားရဲ႔ အျမင္ကို ဂရုစိုက္လြန္းတယ္။ အမ်ားေနာက္ကိုပဲ တစ္ေကာက္ေကာက္လို႕က္တတ္တယ္။ သူမ်ားႀကိဳးစားမွ ကိုယ္ကလိုက္ႀကိဳးစားတယ္။ သူမ်ားနားရင္ နားတယ္။ သူမ်ားပြဲသြားရင္ ကိုယ္ပါသြားရမွ ေက်နပ္တယ္။

သူမ်ားဘာအလုပ္လုပ္ရင္ ေနာက္ကေန လိုက္လုပ္တယ္။ ကိုယ္ကိုယ္တိုင္ ဘာအသစ္အဆန္းမွ လုပ္ဖို႔မေျပာနဲ႔၊ စဥ္းကိုမစဥ္းစားရဲဘူး။ ဒီလို အမ်ားေနာက္ပဲ လိုက္ေနေတာ့ အမ်ားျဖစ္လာသလိုပဲ ကိုယ္ျဖစ္မွာေပါ႔။ ဘ၀မွာ ဘာထူးျခားလာမွာမို႔လို႔လဲ။ ဒါေၾကာင္မို႔လို႔ ေနာင္အသက္ႀကီးလာရင္ ေနာင္တမရေစဖို႔ ဘာပဲလုပ္လုပ္ စိတ္ပါလက္ပါ ထဲထဲ၀င္၀င္ စိတ္ႏွစ္ကိုယ္ႏွစ္ လုပ္ကိုင္တတ္ဖို႔ လူငယ္မ်ားသင္ယူထားဖို႔ လုိပါတယ္။

၂။ အလုပ္အကိုင္ အေရြးမွားသြားတယ္။

အေမးခံရတဲ့ ၇၃% ေသာလူမ်ားဟာ အလုပ္အကိုင္အေရြးမွားတာကို ေနာင္တရၾကပါတယ္။

ဘြဲ႔ရတဲ့ ေက်ာင္းသား ( ၃ ) ဦး အစိုးရ႒ာနတစ္ခုမွာ အလုပ္အတူ၀င္ၾကတယ္။ တစ္ေယာက္က အရာရိွမ်က္နာကို မၾကည့္ခ်င္တာနဲ႔ တစ္နွစ္ပဲ လုပ္လိုက္တယ္၊ ေနာက္အလုပ္႒ာနတစ္ခုကို ေျပာင္းသြားတယ္။ ေနာက္တစ္နွစ္ေလာက္ၾကာတဲ့ အခါက်ေတာ့ ဒုတိယတစ္ေယာက္ဟာ အလုပ္ထြက္ၿပီး အဲဒီရံုးေဘးမွာပဲ စားေသာက္ဆိုင္ကေလး စတည္ေထာင္တယ္။ တတိယတစ္ေယာက္ကေတာ့ ေအးေအးလူလူ ေနခ်င္တာနဲ႔ ေနရာေဟာင္းမွာပဲ ေပ်ာ္ေမြ႔ေနခဲ့ပါတယ္။ ေနာင္ႏွစ္ေပါင္းအေတာ္ၾကာလာေတာ့ သူငယ္ခ်င္းသံုးဦးျပန္လည္ဆံုျဖစ္ၾကတယ္။

ပထမအလုပ္ေျပာင္းတဲ့တစ္ဦးဟာ စက္ရံုမူးျဖစ္ေနပါၿပီ။ ဒုတိယတစ္ဦးဟာ စားေသာက္ဆိုင္အႀကီးႀကီးတစ္ခု ပိုင္ဆိုင္ေနပါၿပီ။ အစိုးရ ရံုးမွာေနခဲ့တဲ့လူၾကေတာ့ မလုပ္မရူပ္မျပဳတ္ မူအတိုင္း ပင္စင္စားခါနီးေလ သတိနဲ႔ ေနထိုင္ေလ ျဖစ္ေနပါေသးတယ္။ လူေတာ္ေတာ္မ်ားမ်ားဟာ ပံုမွန္၀င္ေငြကို အရမ္းမက္ေမာၾကပါတယ္။ ပံုမွန္အလုပ္ဟာ ေအးေအးေဆးေဆးျဖစ္တယ္ဆိုေပမဲ့ ဖိအားမရိွရင္ တြန္းအားျဖစ္မလာေလေတာ့ ေအးေအးလူလူ ေနထိုင္ျခင္းဟာ ဘ၀တက္လမ္းကို ပိတ္ပင္တတ္ေစပါတယ္။

၃။ သားသမီးမ်ားကို ေကာင္းေကာင္းမြန္မြန္ မပ်ဳိးေထာင္ခဲ့ဘူး။

၆၂% ေသာ အေမးခံရတဲ့ အဖိုးအဖြားမ်ားဟာ သားသမီးမ်ားကို လံုလံုေလာက္ေလာက္ အခ်ိန္မေပးခဲ့လို႔ ေကာင္းေကာင္းမြန္မြန္ မပ်ဳိးေထာင္ခဲ့တာကို ေနာင္တရၾကပါတယ္။

မိဘဘ၀မွာ ကိုယ့္အလုပ္နဲ႔ ကိုယ္ရုန္းကန္ေနရတာမို႔ သတိရတုန္းကပဲ ဆဲလိုက္တယ္။ ေနာက္ေတာ့ေမ့သြားတယ္။ စိတ္လာရင္ ေခၚၿပီး စာသံေပသံနဲ႔ ဆံုးမလိုက္တယ္။ မိဘေက်းဇူး ႀကီးမားပံုကို ၾကားပူးနား၀ စကားလံုးမ်ားနဲ႔ ၾသ၀ါသေပးလုိက္တယ္ ။ ၿပီးရင္ ေမ့သြားျပန္တယ္။ ေနာင္သားသမီးက အသံုးမက်လာတဲ့ အခါက်ေတာ့ ေကာင္းေကာင္းမြန္မြန္ မပ်ဳိးေထာင္ခဲ့တာကို ေနာင္တရလာၾကတယ္။

၄ ။ အိမ္ေထာင္ဘက္ အေပၚ ေကာင္းေကာင္းတန္ဖိုးမထားခဲ့ဘူး။

၅၇% ေသာလူမ်ားဟာ အိမ္ေထာင္ဘက္အေပၚ ေကာင္းေကာင္းတန္ဖိုးမထားခဲ့တာကို ေနာင္တရၾကပါတယ္။

လူသေဘာသဘာ၀ အရ လူစိမ္းအေပၚ အရမ္းေကာင္းမြန္တတ္ၿပီး အရမ္းရင္းနီးေသာလူမ်ားကိုက်ေတာ့ ရင့္ရင့္သီးသီး စိမ္းကားတတ္ၾကပါတယ္။ အိမ္ေထာင္သက္ၾကာလာတာနဲ႔ အမ်ွ အခ်င္းခ်င္းရဲ႔ အားနည္းခ်က္ကိုလည္း သိလာတတ္ၾကပါတယ္။ ျပင္ပကလူေတြကိုေတာ့ အားတက္သေရာ ဆက္ဆံတတ္ၿပီး ကိုယ့္အိမ္ေထာင္ဖက္အေပၚ မွာေတာ့ ေအးစက္စက္ နဲ႔ ဘာမဆို အျပစ္ ျမင္ေနတတ္ပါတယ္။ အမွန္ေတာ့ လူတစ္ေယာက္ကို ခ်စ္တယ္ဆိုတာ အားနည္းခ်က္ကိုပါ ခ်စ္ရတာမို႔ အိမ္ေထာင္ဘက္အေပၚ တန္ဖိုးထားတတ္ဖို႔ သတိထားသင့္ပါတယ္။

၅။ က်န္းမာေရးကို ေကာင္းေကာင္း ဂရုမစိုက္ခဲ့ဘူး။

၄၅% ေသာလူမ်ားဟာ က်န္းမာေရးကို ေကာင္းေကာင္းဂရုမစိုက္ခဲ့တာကို ေနာင္တရၾကပါတယ္။

က်န္းမာေရးေကာင္းမြန္ေနျခင္းဟာ ဘာမွထူးထူးျခားျခားမခံစားတတ္ရေပမဲ့ က်န္းမာေရးဆံုးရံူးသြားရင္ အရာရာတိုင္းကို ဆံုးရံူးသြားရတတ္ပါတယ္။ အေပါင္းအသင္းေတြ႔ရင္ အရက္ကို အလြန္အကြ်ံ ေသာက္တာမ်ဳိး၊ ေဆးလိပ္ကို စြဲစြဲၿမဲၿမဲ ေသာက္တာမ်ဳိး၊ မိန္းခေလးမ်ား လွခ်င္ေတာ့ ဘာမွမစားပဲ အငတ္ခံတာမ်ိဳး၊ ပိန္ေဆးေသာက္တာမ်ိဳး ၊ စသည့္စသည့္ အရြယ္ေရာက္လာရင္ ကိုယ့္ကို ျပန္ဒုကၡေပးႏိုင္တဲ့ အျပဳအမူမ်ားအားလံုး ေရွာင္က်ဥ္ႏိုင္ၾကပါေစ။

Ref: wechat

Aung Ko Latt

——————-

အသက်ကြီးသူများ နောင်တအရဆုံး အရာများ (unicode)

ရေးသားသူ – Saya Aung Ko Latt

နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ အသက် ( ၇၀ ) ကျော်သွားတဲ့ အဖိုးအဖွားများကို သင်ဘဝမှာ သင်ဘာကို နောင်တအရဆုံးလဲ ဆိုတဲ့မေးခွန်းကို ဖြေဆိုစေပါတယ်။ ရရှိလာတဲ့ အဖြေကို ရာခိုင်နူန်းအနည်းအများပေါ် မူတည်ပြီး တင်ပြထားပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဘာသာရေး ယုံကြည်ချက်၊ ဘဝခံယူချက်အရ အယူအဆအနည်းငယ်စီ ကွာခြားနိုင်ပါတယ်။ ပုံမှန်အားဖြင့် လူသားအချင်းချင်း တူညီတတ်တာမို အကျိုးရှိနိုင်မယ်ဟု ယူဆပြီး တင်ပြလိုက်ရပါတယ်။

၁။ အကောင်းဆုံးဖြစ်အောင် မကြိုးစားခဲ့ဘူး၊

သုတေသနအရ ၉၂% သူများဟာ ကောင်းကောင်းမကြိုးစားခဲ့တာကို နောင်တ ရကြပါတယ်။ ေ

ကျာင်းသားဘဝမှာတုန်းက ဆော့ကစားတာနဲ့ အချိန်ကုန်စေခဲ့ပါတယ်။ ရည်းစားထားတတ်လာတော့ အချိန်ရှိသရွှေ့ စိတ်ကအဲဒါပဲ ရောက်နေတယ်။ အိမ်ထောင်ပြုပြီးနောက်ပိုင်း ဟိုဟာလုပ်ရင်ကောင်းနိူးနိူး၊ ဒီအလုပ်လုပ်ရင်ပဲ ပိုကောင်းနိူးနိူးနဲ့ အချိန်ကုန်လွန်သွားစေပါတယ်။ နောက်တစ်ခုက လူတော်တော်များများဟာ အများရဲ့ အမြင်ကို ဂရုစိုက်လွန်းတယ်။ အများနောက်ကိုပဲ တစ်ကောက်ကောက်လို့က်တတ်တယ်။ သူများကြိုးစားမှ ကိုယ်ကလိုက်ကြိုးစားတယ်။ သူများနားရင် နားတယ်။ သူများပွဲသွားရင် ကိုယ်ပါသွားရမှ ကျေနပ်တယ်။

သူများဘာအလုပ်လုပ်ရင် နောက်ကနေ လိုက်လုပ်တယ်။ ကိုယ်ကိုယ်တိုင် ဘာအသစ်အဆန်းမှ လုပ်ဖို့မပြောနဲ့၊ စဉ်းကိုမစဉ်းစားရဲဘူး။ ဒီလို အများနောက်ပဲ လိုက်နေတော့ အများဖြစ်လာသလိုပဲ ကိုယ်ဖြစ်မှာပေါ့။ ဘဝမှာ ဘာထူးခြားလာမှာမို့လို့လဲ။ ဒါကြောင်မို့လို့ နောင်အသက်ကြီးလာရင် နောင်တမရစေဖို့ ဘာပဲလုပ်လုပ် စိတ်ပါလက်ပါ ထဲထဲဝင်ဝင် စိတ်နှစ်ကိုယ်နှစ် လုပ်ကိုင်တတ်ဖို့ လူငယ်များသင်ယူထားဖို့ လိုပါတယ်။

၂။ အလုပ်အကိုင်အရွေးမှားသွားတယ်။

အမေးခံရတဲ့ ၇၃% သောလူများဟာ အလုပ်အကိုင်အရွေးမှားတာကို နောင်တရကြပါတယ်။

ဘွဲ့ရတဲ့ ကျောင်းသား ( ၃ ) ဦး အစိုးရဋ္ဌာနတစ်ခုမှာ အလုပ်အတူဝင်ကြတယ်။ တစ်ယောက်က အရာရှိမျက်နာကို မကြည့်ချင်တာနဲ့ တစ်နှစ်ပဲ လုပ်လိုက်တယ်၊ နောက်အလုပ်ဋ္ဌာနတစ်ခုကို ပြောင်းသွားတယ်။ နောက်တစ်နှစ်လောက်ကြာတဲ့ အခါကျတော့ ဒုတိယတစ်ယောက်ဟာ အလုပ်ထွက်ပြီး အဲဒီရုံးဘေးမှာပဲ စားသောက်ဆိုင်ကလေး စတည်ထောင်တယ်။ တတိယတစ်ယောက်ကတော့ အေးအေးလူလူ နေချင်တာနဲ့ နေရာဟောင်းမှာပဲ ပျော်မွေ့နေခဲ့ပါတယ်။ နောင်နှစ်ပေါင်းအတော်ကြာလာတော့ သူငယ်ချင်းသုံးဦးပြန်လည်ဆုံဖြစ်ကြတယ်။

ပထမအလုပ်ပြောင်းတဲ့တစ်ဦးဟာ စက်ရုံမူးဖြစ်နေပါပြီ။ ဒုတိယတစ်ဦးဟာ စားသောက်ဆိုင်အကြီးကြီးတစ်ခု ပိုင်ဆိုင်နေပါပြီ။ အစိုးရ ရုံးမှာနေခဲ့တဲ့လူကြတော့ မလုပ်မရူပ်မပြုတ် မူအတိုင်း ပင်စင်စားခါနီးလေ သတိနဲ့ နေထိုင်လေ ဖြစ်နေပါသေးတယ်။ လူတော်တော်များများဟာ ပုံမှန်ဝင်ငွေကို အရမ်းမက်မောကြပါတယ်။ ပုံမှန်အလုပ်ဟာ အေးအေးဆေးဆေးဖြစ်တယ်ဆိုပေမဲ့ ဖိအားမရှိရင် တွန်းအားဖြစ်မလာလေတော့ အေးအေးလူလူ နေထိုင်ခြင်းဟာ ဘဝတက်လမ်းကို ပိတ်ပင်တတ်စေပါတယ်။

၃။ သားသမီးများကို ကောင်းကောင်းမွန်မွန် မပျိုးထောင်ခဲ့ဘူး။

၆၂% သော အမေးခံရတဲ့ အဖိုးအဖွားများဟာ သားသမီးများကို လုံလုံလောက်လောက် အချိန်မပေးခဲ့လို့ ကောင်းကောင်းမွန်မွန် မပျိုးထောင်ခဲ့တာကို နောင်တရကြပါတယ်။

မိဘဘဝမှာ ကိုယ့်အလုပ်နဲ့ ကိုယ်ရုန်းကန်နေရတာမို့ သတိရတုန်းကပဲ ဆဲလိုက်တယ်။ နောက်တော့မေ့သွားတယ်။ စိတ်လာရင် ခေါ်ပြီး စာသံပေသံနဲ့ ဆုံးမလိုက်တယ်။ မိဘကျေးဇူး ကြီးမားပုံကို ကြားပူးနား၀ စကားလုံးများနဲ့ ဩဝါသပေးလိုက်တယ် ။ ပြီးရင် မေ့သွားပြန်တယ်။ နောင်သားသမီးက အသုံးမကျလာတဲ့ အခါကျတော့ ကောင်းကောင်းမွန်မွန် မပျိုးထောင်ခဲ့တာကို နောင်တရလာကြတယ်။

၄ ။ အိမ်ထောင်ဘက် အပေါ် ကောင်းကောင်းတန်ဖိုးမထားခဲ့ဘူး။

၅၇% သောလူများဟာ အိမ်ထောင်ဘက်အပေါ် ကောင်းကောင်းတန်ဖိုးမထားခဲ့တာကို နောင်တရကြပါတယ်။

လူသဘောသဘာ၀ အရ လူစိမ်းအပေါ် အရမ်းကောင်းမွန်တတ်ပြီး အရမ်းရင်းနီးသောလူများကိုကျတော့ ရင့်ရင့်သီးသီး စိမ်းကားတတ်ကြပါတယ်။ အိမ်ထောင်သက်ကြာလာတာနဲ့ အမျှ အချင်းချင်းရဲ့ အားနည်းချက်ကိုလည်း သိလာတတ်ကြပါတယ်။ ပြင်ပကလူတွေကိုတော့ အားတက်သရော ဆက်ဆံတတ်ပြီး ကိုယ့်အိမ်ထောင်ဖက်အပေါ် မှာတော့ အေးစက်စက် နဲ့ ဘာမဆို အပြစ် မြင်နေတတ်ပါတယ်။ အမှန်တော့ လူတစ်ယောက်ကို ချစ်တယ်ဆိုတာ အားနည်းချက်ကိုပါ ချစ်ရတာမို့ အိမ်ထောင်ဘက်အပေါ် တန်ဖိုးထားတတ်ဖို့ သတိထားသင့်ပါတယ်။

၅။ ကျန်းမာရေးကို ကောင်းကောင်း ဂရုမစိုက်ခဲ့ဘူး။

၄၅% သောလူများဟာ ကျန်းမာရေးကို ကောင်းကောင်းဂရုမစိုက်ခဲ့တာကို နောင်တရကြပါတယ်။

ကျန်းမာရေးကောင်းမွန်နေခြင်းဟာ ဘာမှထူးထူးခြားခြားမခံစားတတ်ရပေမဲ့ ကျန်းမာရေးဆုံးရူံးသွားရင် အရာရာတိုင်းကို ဆုံးရူံးသွားရတတ်ပါတယ်။ အပေါင်းအသင်းတွေ့ရင် အရက်ကို အလွန်အကျွံ သောက်တာမျိုး၊ ဆေးလိပ်ကို စွဲစွဲမြဲမြဲ သောက်တာမျိုး၊ မိန်းခလေးများ လှချင်တော့ ဘာမှမစားပဲ အငတ်ခံတာမျိုး၊ ပိန်ဆေးသောက်တာမျိုး ၊ စသည့်စသည့် အရွယ်ရောက်လာရင် ကိုယ့်ကို ပြန်ဒုက္ခပေးနိုင်တဲ့ အပြုအမူများအားလုံး ရှောင်ကျဉ်နိုင်ကြပါစေ။

Ref: wechat

Aung Ko Latt

Leave a Reply