သင္မသိေလာက္ေသးတဲ့ တိရစာၦန္ေတြရဲ႕ အံၾသဖြယ္ မိခင္ေမတၱာ

Posted on

ေရးသားသူ – ျမန္ဂုဏ္ေဆာင္ (Messenger News Journal)

အသိ ဉာဏ္မဲ့ေသာ တိရစၧာန္သည္ အသိ ဉာဏ္ရွိေသာ လူသားထက္ နိမ့္က်သည္။ အသိ ဉာဏ ျမင့္မားေသာ လူသားက အဟိတ္တိရစၧာန္ကို ေစခိုင္းႏိုင္သည္။ အသုံးျပဳႏိုင္သည္။ လူသားအလႊာ၏ အက်ိဳးျပဳ လုပ္ငန္းမ်ားတြင္ တိရစၧာန္မ်ား ပူးတြဲဝန္ေဆာင္ေနၾကသည္။ လူသားတို႔ မသိမျမင္ႏိုင္ေသာ သဘာဝေဘးအႏၲရာယ္ ျဖစ္သည့္ ေလမုန္တိုင္း၊ ငလ်င္၊ မိုးသည္ထန္မႈ၊ ေရႀကီးမႈ၊ ေရရွားပါးမႈမ်ားကို တိရစၧာန္မ်ားက လူသားတို႔ထက္ ႀကိဳတင္သိႏိုင္စြမ္း ရွိသည္။

သတၱေလာကတြင္ အသိ ဉာဏ္ အျမင့္ဆုံး ျဖစ္ေသာလူသားသည္ မိခင္စိတ္ျဖင့္ သားသမီးကို ပဋိသေႏၶတည္ ကတည္းက ၾကင္နာယုယမႈ အျပည့္အဝျဖင့္ ဆက္ဆံသည္။ ေမတၱာဓာတ္ကို ေပးစြမ္းသည္။ က်ိဳးေၾကာင္းျဖဴမည္း မကြဲခင္ကပင္ အသည္းနင့္ေအာင္ ခ်စ္တတ္ၾကသည္။ မိခင္ရင္တြင္ သေႏၶသားကို လြယ္ထားစဥ္ သေႏၶသား အသက္သုံးလမွ စတင္၍ ရင္ေသြးအတြက္ ၀တ္စရာအထည္ အသုံးအေဆာင္မ်ားကို စုေဆာင္းတတ္ၾကသည္။ မိခင္စိတ္ျဖင့္ ကိုးလလြယ္၍ ဆယ္လမဖြားမီ စိတ္ကူး စိတ္မွန္းျဖင့္ ၾကင္နာမႈမ်ားစြာကို ျဖည့္ဆည္း ျပင္ဆင္ထားၾကသည္။

လူသားထက္ ဉာဏ္ရည္နိမ့္က်ေသာ တိရစၧာန္မိခင္မ်ားက ထူးျခားေသာ အသိစိတ္၊ ၾကင္နာေသာေမတၱာ၊ ယုယေသာ က႐ုဏာ အျပဳအမူမ်ားျဖင့္ ၾကင္နာယုယမႈ ေပးႏိုင္စြမ္းသည္။ တိရစၧာန္ေလာကမွ အံ့ၾသဖြယ္ရာ မိခင္မ်ားစြာ တည္ရွိေနသည္ကို တိရစၧာန္အလႊာတြင္ ျမင္ေတြ႕ၾကရသည္။

မိခင္တိရစၧာန္သည္ ေတာႀကိဳေတာၾကား သစ္တစ္ပင္ေအာက္ ၀ါးတစ္ပင္ေအာက္တြင္မွီခိုၿပီး ျမစ္ေခ်ာင္းအင္းအိုင္ကို ေသာက္ေရသုံးေရ အျဖစ္ မွီခိုအသက္ရွင္စဥ္ကပင္ သေႏၶသားေကာင္ တိရစၧာန္ငယ္ အတြက္ ထူးျခားေသာ အျပဳအမူ၊ အေျပာအဆိုမ်ားစြာျဖင့္ ေလာကကို အေကာင္းဆုံး အလွျခယ္သည္။ ရင္ေသြးသားေကာင္ အတြက္ ကိုယ္ဝန္သေႏၶသားေလး ျပင္ပေလာကသို႔ မေရာက္မခ်င္း ေသြးသားခ်င္း ဆက္ႏြယ္၍ ျပဳစုယုယေစာင့္ထိန္းသည္။ ၀မ္းဗိုက္တြင္း သေႏၶသားေကာင္ အသက္ရွင္ဖို႔ရန္ ၀န္ေဆာင္ေပးရသည္။

လိပ္မိခင္

အဟိတ္တိရစၧာန္ လိပ္မႀကီးက လိပ္ဥမ်ားကိုဥၿပီး သဲေသာင္ျပင္ေပၚမွာဥထားေသာ လိပ္ဥမ်ားကို ရန္သူမ်ား မျမင္မေတြ႕ရေအာင္ သဲျဖင့္ဖုံးအုပ္သည္။ ရန္သူ႕ကို ေျခရာေဖ်ာက္ေသာ အေနျဖင့္ ဥမ်ားရွိရာေနရာမွ ေနာက္ျပန္၍ ေရသို႔ဆင္းသည္။ အေဝးတစ္ေနရာမွ ကိုက္ႏွစ္ဆယ္ခန္႔တြင္ မိခင္ေမတၱာရင္ေငြ႕ျဖင့္ ေရွ႕႐ႈၿပီး လိပ္ဥကို ေပါက္ဖြားေစႏိုင္စြမ္းသည္။ မိခင္စိတ္၏ ေမတၱာေရွ႕႐ႈမႈက လိပ္ရင္ေသြးမ်ားကို ေမြးဖြားသန္႔စင္ေစႏိုင္စြမ္းသည္။

ၾကက္မိခင္

ေတာခ်ဳံပုတ္မွာ ေတာၾကက္မႀကီးက ဥဥထားၿပီး ၾကက္ဥမ်ားကို ရင္ေငြ႕ျဖင့္ ေမတၱာစိတ္ေပး၍ ၀ပ္သည္။ ခ်ဳံပုတ္ၾကားဝယ္ ဥထားေသာ ၾကက္ဥမ်ားကို လူမျမင္ေအာင္ အကာအကြယ္ျပဳၿပီး ရန္သူ၏ အႏၲရာယ္ကို ဖယ္ရွားသည္။ ေရွာင္ရွားသည္။ ၾကက္ကေလးမ်ား ၾကက္ဥမွ အေကာင္ေပါက္သည္ အထိ မိခင္ေမတၱာစိတ္ျဖင့္ ဥေစ၊ ေပါက္ေစသည္။

ဆင္မိခင္

သတၱေလာက ကုန္းေနသတၱဝါမ်ားတြင္ အေသးငယ္ဆုံး ပု႐ြက္ဆိတ္မွသည္ မ်က္ေမွာက္ကာလ အႀကီးဆုံး ဆင္အထိ မိခင္ေမတၱာစိတ္ ျပည့္ဝရင့္က်က္ခိုင္မာၾကသည္။ ကုန္းေျမျပင္ေပၚတြင္ အႀကီးဆုံး မိခင္ဆင္ႀကီးက ပၽွမ္းမၽွအေလးခ်ိန္ ေပါင္ (၂၀၀) ရွိေသာ ဆင္သားေပါက္ငယ္ကို ရင္ျဖင့္လြယ္၍ ေမြးဖြားသည္။ မိခင္ဝမ္းၾကာတိုက္တြင္ ဆင္မိခင္က (၂၂) လၾကာ ကိုယ္ဝန္ေဆာင္ရသည္။

ဆင္ေပါက္ကေလး ျပင္ပေလာကသို႔ ေရာက္ေသာအခါ မ်က္စိျဖင့္ ျမင္အားမရွိေသာ ဆင္ေပါက္ကို မိခင္ဆင္မႀကီးက ႏွာေမာင္းကို အသုံးျပဳ၍ ဆင္ကို လမ္းေလၽွာက္က်င့္သည္။ ဆင္ေပါက္ကေလး လမ္းေလၽွာက္ရာသို႔ ဆင္မိခင္ႀကီးက ႏွာေမာင္းအားျဖင့္ စမ္းတဝါးဝါး လမ္းျပေရွ႕ေဆာင္သည္။ လမ္းေလၽွာက္ ေလ့က်င့္သည္။ ဆင္မိသားစုဝင္ ဆင္အေမ၊ ဆင္အဘြား၊ ဆင္အစ္မ၊ ဆင္ညီမ၊ ဆင္တစ္ဝမ္းကြဲ မိသားစုဝင္မ်ားပင္ ဆင္သားေပါက္ငယ္ကို ၀ိုင္းဝန္း ေစာင့္ေရွာက္ၾကသည္။ ဆင္မိသားစုဝင္မ်ား အားလုံး ဆင္သားေပါက္ငယ္ကို မိခင္စိတ္ အျပည့္အဝျဖင့္ မိမိရင္ေသြးပမာ ျပဳစုသေဘာထားႏိုင္သည္။

ေအာက္ခ်င္းငွက္မိခင္

အေမာက္နီ ေအာက္ခ်င္းငွက္မ်ားက အင္ဒိုနီးရွား၊ ဆူလာေဝစီကၽြန္းတြင္ ေနထိုင္က်က္စားသည္။ သစ္ပင္ႀကီးမ်ားကို သူတို႔ႏႈတ္သီးျဖင့္ ေဖာက္ထြင္း၍ အသိုက္အၿမဳံ ျပဳလုပ္ေနထိုင္ၾကသည္။ ေအာက္ခ်င္း ငွက္မိခင္သည္ သေႏၶသားဥကို ပုတ္သင္ၫိုမ်ားက ႀကိဳက္ႏွစ္သက္၍ ပုတ္သင္ၫိုရန္မွ ကင္းပေစရန္ သစ္ေခါင္းကို အေပါက္ေဖာက္၍ အသိုက္အၿမံု ျပဳလုပ္သည္။

အသိုက္တြင္းဥမ်ား ဥထားၿပီး အသိုက္၏ ၀င္ေပါက္ကို က်ဥ္းသည္ထက္ က်ဥ္းေအာင္ မစင္ျဖင့္ အထပ္ထပ္ ပိတ္ဆို႔သည္။ ရန္သူမွကင္းေဝးရန္ ဥမ်ားကို အသိုက္အတြင္း သိုဝွက္စြာထားၿပီး ႏွစ္လၾကာဥကို ၀ပ္ထားသည္။ ဥဝပ္စဥ္ မိခင္စိတ္ျဖင့္ အစာမစားဘဲ ဆာေလာင္မႈ ေဝဒနာကို ႀကံ႕ႀကံ႕ခံႏိုင္စြမ္းသည္။

ကိုလာဝက္ဝံမိခင္

ေတာေပ်ာ္ ကိုလာဝက္ဝံသည္ အဆိပ္ရွိေသာ သစ္႐ြက္မ်ား ကိုက္စားႏိုင္ေသာ သတၱဝါ ျဖစ္သည္။ ကိုလာဝက္ဝံ၏ အစာေျခလမ္းေၾကာင္းတြင္ အဆိပ္ဒဏ္ကို ခံႏိုင္စြမ္းေသာ၊ လည္ေခ်ာင္းထဲတြင္ အဆိပ္ဟူသမၽွကို ေျခဖ်က္ႏိုင္စြမ္းေသာ ဘက္တီးရီးယားမ်ား ခိုေအာင္းမွီတြယ္ေနသည္။ ကိုလာဝက္ဝံသည္ ရင္ေသြးငယ္ကို ေမြးဖြားစတြင္ ၀က္ဝံေပါက္ကေလး၌ အဆိပ္ေျခဖ်က္ႏိုင္ေသာ ဘက္တီးရီယား မပါရွိသျဖင့္ ၀က္ဝံမႀကီးက ေမြးစဝက္ဝံငယ္ အတြက္ အစာကို တိုက္႐ိုက္မေကၽြးႏိုင္ ျဖစ္ရသည္။

ထို႔ေၾကာင့္ အစာေကၽြးရာတြင္ သြယ္ဝိုက္ေသာ နည္းဗ်ဴဟာျဖင့္ မိခင္က ဦးစြာစားၿပီး စြန္႔ထုတ္လိုက္ေသာ မစင္ကိုသာ ႏႈတ္သီးျဖင့္ေကာ္၍ ေကၽြးရသည္။ ကိုလာဝက္ဝံမ်ားသည္ တစ္ေန႔လၽွင္ (၂၂) နာရီၾကာ အိပ္တတ္ေသာ သတၱဝါျဖစ္၍ မိခင္ ကိုလာဝက္ဝံက ၀က္ဝံေပါက္ေလး အတြက္ အိပ္ေရး မမက္ႏိုင္ပါ။ မိခင္စိတ္ျဖင့္ ကိုလာဝက္ဝံငယ္ကို ျပဳစုၾကရသည္။

ပိုလာဝက္ဝံမိခင္

ပိုလာဝက္ဝံသည္ ၀က္ဝံထီးက မိသားစုစိတ္နည္းသည္။ ၀က္ဝံထီးက မိခင္ကို လုံးဝေစာင့္ေရွာက္ျခင္း မရွိဘဲ ၀က္ဝံမႏွင့္ တစ္ႀကိမ္ မိတ္လိုက္ၿပီးလၽွင္ အေဝးသို႔ ထြက္ခြာေနေလ့ရွိသည္။ ပိုလာဝက္ဝံမႀကီးက ကိုယ္ဝန္ေဆာင္ခ်ိန္တြင္ ရင္ေသြးငယ္၏ဝန္ကို ေဆာင္ရ၍ ကိုယ္ဝန္အေလးေၾကာင့္ အေလးခ်ိန္ေပါင္ (၄၀၀) ထိတိုးျမင့္လာသည္။ ကိုယ္ဝန္သေႏၶသား အတြက္ ညမိုးခ်ဳပ္ခ်ိန္တြင္ ခႏၶာကိုယ္ အေလးခ်ိန္ျဖင့္ လိုက္ေလ်ာညီေထြ ျဖစ္ေအာင္ အစာစားရသည္။ ေန႔ခင္းအစာရွာရာတြင္ မိမိခႏၶာကိုယ္ အတြက္ လိုအပ္ေသာ အစာကို ခက္ခက္ခဲခဲ ရွာယူရသည္။

ပိုလာဝက္ဝံမိခင္သည္ ကိုယ္ဝန္မွ သေႏၶသားေမြးခါနီး အခ်ိန္တြင္ အသိုက္တစ္ခု ရွာႀကံတည္ေဆာက္ၿပီး အသိုက္အၿမံုတြင္ ႏွစ္လၾကာမၽွ အစာအစားဘဲ ကေလးေမြးဖြားခ်ိန္ကို ေစာင့္ေနႏိုင္သည္။ ပိုလာဝက္ဝံကေလးမ်ားသည္ ေမြးဖြားစအခ်ိန္တြင္ မ်က္စိမျမင္ႏိုင္စြမ္းပါ။ စားရန္သြားလည္မပါပါ။ ထို႔ေၾကာင့္ ၀က္ဝံမိခင္ႀကီးက ရင္ေသြးငယ္ ၀က္ဝံကို မိခင္ႏွင့္အတူ အသိုက္အၿမံုတြင္ ႏွစ္ႏွစ္ၾကာေနရာ ေမတၱာစိတ္ျပည့္ဝစြာ၊ ယုယၾကင္နာစြာ ျပဳစုၾကသည္။

ေအာ္ရီဂူတန္ လူဝံမိခင္

တိရစၧာန္ေလာကတြင္ ဉာဏ္ရည္ ဉဏ္ေသြး ျမင့္မားေသာ တိရစၧာန္ တစ္မ်ိဳးျဖစ္ေသာ ေအာ္ရီဂူတန္ ေမ်ာက္ဝံသည္ သူတို႔ဘဝတစ္ေလၽွာက္လုံး သစ္ေတာ သစ္ပင္ၾကားတြင္ အသိုက္အၿမံု ေဆာက္လုပ္ၿပီး အခ်ိန္ကုန္ေစသည္။ ညပိုင္းေအးခ်မ္း တိတ္ဆိတ္ခ်ိန္တြင္ သစ္႐ြက္သစ္ခက္မ်ားကို စုေဆာင္း၍ အသိုက္ေဆာက္လုပ္သည္။ ေအာ္ရီဂူတန္ ေမ်ာက္ဝံတစ္ေကာင္က ဘဝတစ္ေလၽွာက္လုံး အသိုက္အၿမံုေပါင္း သုံးေသာင္းေက်ာ္ထိ ေဆာက္လုပ္ႏိုင္စြမ္းသည္။

မိခင္ေအာ္ဂီဂူတန္ ေမ်ာက္ဝံ၏ဘဝတြင္ မိမိ၏မိသားစုဝင္ ရင္ေသြး ေမ်ာက္ဝံကေလးမ်ားကို အသိုက္အၿမံုမွ ေျမျပင္သို႔ အက်မခံ။ ရင္ေသြးေမ်ာက္ဝံမ်ားကို အသက္ (၆) ႏွစ္ (၇) ႏွစ္တိုင္ မိခင္ႏွင့္ အတူေနေစၿပီး မိခင္စိတ္ျဖင့္ ျပဳစုၾကသည္။ တိရစၧာန္ေလာကတြင္ မိခင္ႏွင့္ရင္ေသြးတို႔ အတူေနထိုင္မႈ အၾကာဆုံး စံခ်ိန္ခ်ိဳးထားေသာ သတၱဝါျဖစ္သည္။ မိခင္စိတ္အားႀကီးလြန္းသည္။ မိခင္စိတ္ ခိုင္မာလြန္းသည္။

ေမ်ာက္ဝံအထီးမ်ားသည္ မိတ္လိုက္ရန္သာ ေမ်ာက္ဝံအမမ်ားထံ လာေရာက္ ခ်ဥ္းကပ္ၾကၿပီး၊ က်န္ေသာ အခ်ိန္ကာလမ်ားတြင္ ေတာေပ်ာ္သတၱဝါအျဖစ္ မိသားစုႏွင့္ ခပ္ေဝးေဝးမွာသာ ေနထိုင္ေပ်ာ္ပါးၾကသည္။ မိခင္ေအာ္ရီဂူတန္ ေမ်ာက္ဝံမႀကီးကသာ မိခင္စိတ္ အျပည့္အဝျဖင့္ ရင္ေသြးငယ္အား အသိုက္အၿမံုေဆာက္ျခင္း၊ အစာရွာေကၽြးျခင္း၊ ေတာလိုက္နည္း သင္ၾကားေပးျခင္းမ်ားကို ျပဳမူၾကရသည္။

က်ားသစ္မိခင္

ေတာေနသတၱဝါထဲတြင္ က်ားသစ္မိခင္မ်ားက အျခား ေတာေကာင္မ်ားထက္ မိခင္စိတ္ျပည့္ဝ ရင့္က်က္သည္။ စိတ္ရွည္သည္။ မိခင္က်ားသစ္က တစ္ႀကိမ္ ကိုယ္ဝန္ေဆာင္သားေမြးလၽွင္ သားေကာင္ ေလးေကာင္မွ ေျခာက္ေကာင္ထိ ေမြးေလ့ရွိသည္။

က်ားသစ္ေပါက္ကေလးမ်ားသည္ အစုလိုက္ ေနထိုင္ၾကၿပီး၊ ဘဝရပ္တည္ စားေသာက္မႈ၊ အစာရွာေဖြမႈ၊ စုေပါင္းေနထိုင္မႈ အတတ္ပညာကို မကၽြမ္းက်င္ မတတ္ေျမာက္ၾကပါ။ မိခင္က်ားသစ္မႀကီးက သားေပါက္ က်ားသစ္ကေလးမ်ားကို အမဲလိုက္နည္း၊ အစာရွာနည္း၊ သားေကာင္ စားက်က္ရွာနည္း၊ မုဆိုးလက္မွ လႊတ္ေျမာက္ေအာင္ ေရွာင္ေျပးနည္းမ်ားကို မိမိအေတြ႕အႀကံုအရ သင္ၾကားေပးသည္။ က်ားသစ္မိခင္ႀကီးက ရင္ေသြးက်ားသစ္မမ်ားကို ေမြးဖြားသန္႔စင္ၿပီးေနာက္ က်ားသစ္အုပ္စု အသိုက္အဝန္းထဲက သီးသန္႔ခြဲထြက္သည္။ က်ားသစ္အထီးမ်ားကို မိခင္ႏွင့္အတူ ေနေစသည္။

ေရဘဝဲမိခင္

ေရဘဝဲမိခင္သည္ သားေပါက္ခ်ိန္တြင္ ေရဘဝဲအထီးမ်ားက အစ္မနားသို႔ နားခိုျခင္းမရွိ။ ေရဘဝဲအစ္မ တစ္ေကာင္သည္ ဥေပါင္းငါးေသာင္းခန္႔ကို ဥ ဥၿပီး ဥအေကာင္ေပါက္ရန္ အခ်ိန္ ရက္ (၄၀) ခန္႔ၾကာ ဆိုင္းငံ့ရသည္။ ဥထားေသာ ေရဘဝဲဥမ်ားကို အျခားသတၱဝါမ်ား လာမစားေအာင္ မိခင္စိတ္ျဖင့္ အကာအကြယ္ျပဳသည္။ ဥမ်ားအတြက္ ေအာက္စီဂ်င္ရရန္ ေရစီးေၾကာင္းကို ဖန္တီးေပးသည္။

သည္အခ်ိန္တြင္ မိခင္ေရဘဝဲက အစာသြားရွာရန္ အခ်ိန္မေပးႏိုင္သျဖင့္ အဆာေျပေစရန္ မိမိလက္ကိုမိမိ ျပန္စားရသည္။ ေရဘဝဲတြင္ လက္ရွစ္ေခ်ာင္းရွိရာ အစာေျပစားေသာက္၍ လက္မ်ားျပတ္သြားပါက မိခင္စိတ္ျဖင့္ လက္မ်ား ျပန္လည္ရွင္သန္ေပါက္ေလ့ ရွိသည္။

မိေက်ာင္းမိခင္

ေရေပ်ာ္မိေက်ာင္းမ်ားသည္ သဘာဝပတ္ဝန္းက်င္တြင္ အလိုက္ဖက္ဆုံး သတၱဝါျဖစ္သည္။ မိေက်ာင္း၏ အသိုက္က ပုပ္ပြေဆြးျမည့္ေသာ အသီးအႏွံ၊ သစ္႐ြက္မ်ားျဖင့္ ဖန္တီးျပဳလုပ္ၿပီး၊ မိေက်ာင္းမိခင္က ရင္ေသြးဥမ်ားကို အသိုက္အၿမံုတြင္ ဥသည္။ အသိုက္အၿမံုက ပုပ္ပြေဆြး ျမည့္ေသာေၾကာင့္ အပူဓာတ္အၿမဲရွိၿပီး မိေက်ာင္းမိခင္က ဥမ်ားကို ၀ပ္စရာမလိုဘဲ ရင္ေသြးမိေက်ာင္းကေလးငယ္မ်ားကို ေမြးဖြားႏိုင္စြမ္းသည္။

မိေက်ာင္းမိခင္က ရင္ေသြးငယ္ မိေက်ာင္းေလးမ်ား ေမြးဖြားသန္႔စင္ေသာအခါ သူတို႔ရင္ေသြးငယ္မ်ားကို သဘာဝေဘးအႏၲရာယ္မွ လြတ္ကင္းေစရန္၊ ေတာ႐ိုင္းမုဆိုးမ်ား မဖမ္းႏိုင္ရန္ ရင္ေသြးငယ္မ်ားကို အာခံတြင္း၌ ငုံထားသည္။ သဘာဝေဘးအႏၲရာယ္ကိုလည္း အကာအကြယ္ျပဳသည္။ မိေက်ာင္းငယ္ကေလးမ်ား တြားသြားႏိုင္ခ်ိန္ ေရာက္လာေသာအခါ အစာရွာတတ္ရန္ ငါးကေလး၊ ခ႐ုႏွင့္ အင္းဆက္ပိုးမႊားမ်ားကို စားတတ္ေအာင္ ေလ့က်င့္သင္ၾကားေပးၿပီး မိခင္စိတ္ျဖင့္ ဘဝထဲသို႔ တြန္းပို႔ေပးႏိုင္သည္။

ပင္လယ္ဖ်ံမိခင္

ဆင္ပင္လယ္ဖ်ံသည္ ဖ်ံအႀကီးစားတစ္မ်ိဳး ျဖစ္သည္။ အစ္မဖ်ံ မိခင္တစ္ေကာင္၏ ခႏၶာကိုယ္ အေလးခ်ိန္က ေပါင္ (၁၇၀၀) ခန္႔ရွိသည္။ ပင္လယ္ဖ်ံ အမ၏ အေလးခ်ိန္ထက္ ပင္လယ္ဖ်ံ အထီး၏ အေလးခ်ိန္က ေလးဆပိုမ်ားသည္။ ပင္လယ္ဖ်ံ အစ္မမိခင္မ်ားသည္ ကိုယ္ဝန္ေဆာင္စဥ္တြင္ ခႏၶာကိုယ္အေလးခ်ိန္ တိုးလာသည္။

ပင္လယ္ဖ်ံမိခင္က သေႏၶသားကို (၁၁) လၾကာ ကိုယ္ဝန္ေဆာင္ၿပီးေနာက္ ရင္ေသြးေမြးဖြားၿပီး တစ္လအတြင္း ကိုယ္အေလးခ်ိန္ ေလ်ာ့နည္းက်ဆင္းသြားရာ ကိုယ္အေလးခ်ိန္ (၆၀၀) ခန္႔က်ဆင္းေလ်ာ့နည္းသြားသည္။ သို႔ေသာ္ မိခင္စိတ္ျဖင့္ ရင္ေသြးငယ္ကို ျပဳစုေလ့က်င့္ေပးေနခ်ိန္တြင္ မိခင္ပင္လယ္ဖ်ံ၏ ကိုယ္ခႏၶာအေလးခ်ိန္ ျပန္တက္လာၿပီး နဂိုအေလးခ်ိန္ ေပါင္ (၁၇၀၀) ျဖစ္သြားသည္။

ၿမီးၫွပ္ေကာင္မိခင္

ၿမီးၫွပ္ေကာင္ အင္းဆက္တစ္မ်ိဳးသည္ တိရစၧာန္ ေလာကတြင္ သားသမီးမ်ား အတြက္ အနစ္နာခံႏိုင္မႈ စြမ္းရည္ျမင့္မားသည္။ မိခင္က ရင္ေသြးအတြက္ ဥ ဥၿပီးေနာက္ အျခားေတာတိရစၧာန္၊ အင္းဆက္ေကာင္မ်ား လာေရာက္ မစားေသာက္ႏိုင္ရန္ မိခင္စိတ္ျဖင့္ အကာအကြယ္ျပဳ ထိန္းသိမ္းေစာင့္ေရွာက္သည္။ အခ်ိန္ျပည့္ဥမ်ားကို ၾကပ္မတ္ၾကည့္႐ႈ၍ အခ်ိန္ကုန္လြန္ေစသည္။ ဥမ်ားစြာ ဥၿပီးေနာက္ “မ်ိဳးေစ့မမွန္ ပင္မသန္”ေသာဥမ်ား၊ ဥညံ့၊ ဥဖ်င္းမ်ားကို စားပစ္ၿပီး မိခင္အသက္ကို ဆက္ယူသည္။

ဥအတြင္းမွ သားငယ္ အေကာင္ေပါက္ေသာအခါ အစာကို ရွာစားရန္အခ်ိန္တြင္ အစာမရွာေပးႏိုင္ျခင္း၊ မိခင္ကိုယ္တိုင္ကလည္း အစာထြက္ရွာရန္ အခ်ိန္မေပးႏိုင္ျခင္း၊ ရင္ေသြးငယ္ကို မ်က္ျခည္မျပတ္ ၾကည့္႐ႈေစာင့္ေရွာက္လိုျခင္း အလို႔ငွာ မိခင္ၿမီးၫွပ္ေကာင္က မိခင္စိတ္အျပည့္အဝျဖင့္ မိမိခႏၶာကိုယ္က အေသြးအသားမ်ားကို ရင္ေသြးငယ္၏ အစာအာဟာရအျဖစ္ စေတးခံသည္။

ရင္ေသြးငယ္ ၿမီးၫွပ္ေကာင္ကေလးမ်ား ကိုယ္ခႏၶာရပ္တည္ႏိုင္ရန္ မိခင္ၿမီးၫွပ္ေကာင္က အ႐ြယ္ေရာက္သည့္ အခ်ိန္အထိ မိမိခႏၶာကိုယ္တစ္ခုလုံးကို ေပးဆပ္ရသည္။ ရင္ေသြးၿမီးၫွပ္ေကာင္မ်ား၏ ႀကီးထြားရွင္သန္မႈႏွင့္အတူ မိခင္ၿမီး ၫွပ္ေကာင္ေသဆုံးျခင္း၊ ခႏၶာကိုယ္တစ္ခုလုံး ေပးဆပ္ျခင္း ျပဳရသည္။

အာဂမိခင္စိတ္ …..။

တိရစၧာန္ေလာကမွ အံ့ၾသဖြယ္ရာ မိခင္မ်ား၏ မိခင္စိတ္ကို အသိ ဉာဏ္ရွိေသာ လူသားမ်ား စာနာငဲ့ၫွာသင့္သည္။ အတုယူစံျပဳသင့္သည္။ ဥမွေပါက္ဖြားေသာ တိရစၧာန္မ်ားက ေမတၱာစိတ္ျဖင့္ ရင္ေငြ႕လႈံ၍ သားေကာင္မ်ားကို ေပါက္ဖြားေစႏိုင္သည္။ ႏို႔တိုက္သတၱဝါမ်ားက မိမိခႏၶာကိုယ္မွရေသာ အနီေရာင္ေသြးကို ေမတၱာစိတ္ျဖင့္ အျဖဴေရာင္ ႏို႔ရည္အျဖစ္ ဖန္တီးကာ မိမိရင္ေသြးငယ္ကို ရွင္သန္ႀကီးထြားေစသည္။

ခႏၶာကိုယ္အဂၤါ အစိတ္အပိုင္းတြင္ အစုအေဝးျဖစ္ေသာ ႏို႔ရည္သည္ သီးျခားမပါ။ မိခင္စိတ္ျဖင့္ ခ်စ္ခင္ေလးျမတ္အပ္ေသာ ေမတၱာအဟုန္ေၾကာင့္သာ ေသြးဓာတ္မွ ယိုဆင္းလ်က္ ျဖဴဝင္းၾကည္ေအးစြာေသာ ႏို႔ရည္ကို ေပၚေပါက္ေစသည္။ မိခင္စိတ္သည္ ခႏၶာကိုယ္မွ ေသြးနီဥမ်ားကို ဂလင္းဓာတ္ေျပာင္းလဲမႈေၾကာင့္ ႏို႔တိုက္တိရစၧာန္ ကၽြဲႏို႔၊ ႏြားႏို႔၊ ဆိတ္ႏို႔၊ သိုးႏို႔တို႔ကို မွီဝဲသုံးေဆာင္ႏိုင္သည္။

အဟိတ္တိရစၧာန္မ်ားပင္ မိခင္စိတ္ကို အျမတ္တႏိုး ထိန္းသိမ္း တန္ဖိုးထားရွိႏိုင္လၽွင္ အသိ ဉာဏ္ ရွိေသာ လူသားတို႔က ေမတၱာအနႏၲ၊ ေမတၱာမ်ားစြာျဖင့္ ေလာကႀကီးကို အေကာင္းဆုံး ပုံေဖာ္ထုဆစ္၍ တိရစၧာန္ေလာကမွ အံ့ဖြယ္ႀကီးမားေသာ ေမတၱာစိတ္ကို အသိအမွတ္ ျပဳႏိုင္ၾကပါေစ….။

ျမန္ဂုဏ္ေဆာင္ (Messenger News Journal)

———————

သင်မသိလောက်သေးတဲ့ တိရစ္ဆာန်တွေရဲ့ အံဩဖွယ် မိခင်မေတ္တာ (unicode)

ရေးသားသူ – မြန်ဂုဏ်ဆောင် (Messenger News Journal)

အသိ ဉာဏ်မဲ့သော တိရစ္ဆာန်သည် အသိ ဉာဏ်ရှိသော လူသားထက် နိမ့်ကျသည်။ အသိ ဉာဏ မြင့်မားသော လူသားက အဟိတ်တိရစ္ဆာန်ကို စေခိုင်းနိုင်သည်။ အသုံးပြုနိုင်သည်။ လူသားအလွှာ၏ အကျိုးပြု လုပ်ငန်းများတွင် တိရစ္ဆာန်များ ပူးတွဲဝန်ဆောင်နေကြသည်။ လူသားတို့ မသိမမြင်နိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်သည့် လေမုန်တိုင်း၊ ငလျင်၊ မိုးသည်ထန်မှု၊ ရေကြီးမှု၊ ရေရှားပါးမှုများကို တိရစ္ဆာန်များက လူသားတို့ထက် ကြိုတင်သိနိုင်စွမ်း ရှိသည်။

သတ္တလောကတွင် အသိ ဉာဏ် အမြင့်ဆုံး ဖြစ်သောလူသားသည် မိခင်စိတ်ဖြင့် သားသမီးကို ပဋိသန္ဓေတည် ကတည်းက ကြင်နာယုယမှု အပြည့်အဝဖြင့် ဆက်ဆံသည်။ မေတ္တာဓာတ်ကို ပေးစွမ်းသည်။ ကျိုးကြောင်းဖြူမည်း မကွဲခင်ကပင် အသည်းနင့်အောင် ချစ်တတ်ကြသည်။ မိခင်ရင်တွင် သန္ဓေသားကို လွယ်ထားစဉ် သန္ဓေသား အသက်သုံးလမှ စတင်၍ ရင်သွေးအတွက် ဝတ်စရာအထည် အသုံးအဆောင်များကို စုဆောင်းတတ်ကြသည်။ မိခင်စိတ်ဖြင့် ကိုးလလွယ်၍ ဆယ်လမဖွားမီ စိတ်ကူး စိတ်မှန်းဖြင့် ကြင်နာမှုများစွာကို ဖြည့်ဆည်း ပြင်ဆင်ထားကြသည်။

လူသားထက် ဉာဏ်ရည်နိမ့်ကျသော တိရစ္ဆာန်မိခင်များက ထူးခြားသော အသိစိတ်၊ ကြင်နာသောမေတ္တာ၊ ယုယသော ကရုဏာ အပြုအမူများဖြင့် ကြင်နာယုယမှု ပေးနိုင်စွမ်းသည်။ တိရစ္ဆာန်လောကမှ အံ့ဩဖွယ်ရာ မိခင်များစွာ တည်ရှိနေသည်ကို တိရစ္ဆာန်အလွှာတွင် မြင်တွေ့ကြရသည်။

မိခင်တိရစ္ဆာန်သည် တောကြိုတောကြား သစ်တစ်ပင်အောက် ဝါးတစ်ပင်အောက်တွင်မှီခိုပြီး မြစ်ချောင်းအင်းအိုင်ကို သောက်ရေသုံးရေ အဖြစ် မှီခိုအသက်ရှင်စဉ်ကပင် သန္ဓေသားကောင် တိရစ္ဆာန်ငယ် အတွက် ထူးခြားသော အပြုအမူ၊ အပြောအဆိုများစွာဖြင့် လောကကို အကောင်းဆုံး အလှခြယ်သည်။ ရင်သွေးသားကောင် အတွက် ကိုယ်ဝန်သန္ဓေသားလေး ပြင်ပလောကသို့ မရောက်မချင်း သွေးသားချင်း ဆက်နွယ်၍ ပြုစုယုယစောင့်ထိန်းသည်။ ဝမ်းဗိုက်တွင်း သန္ဓေသားကောင် အသက်ရှင်ဖို့ရန် ဝန်ဆောင်ပေးရသည်။

လိပ်မိခင်

အဟိတ်တိရစ္ဆာန် လိပ်မကြီးက လိပ်ဥများကိုဥပြီး သဲသောင်ပြင်ပေါ်မှာဥထားသော လိပ်ဥများကို ရန်သူများ မမြင်မတွေ့ရအောင် သဲဖြင့်ဖုံးအုပ်သည်။ ရန်သူ့ကို ခြေရာဖျောက်သော အနေဖြင့် ဥများရှိရာနေရာမှ နောက်ပြန်၍ ရေသို့ဆင်းသည်။ အဝေးတစ်နေရာမှ ကိုက်နှစ်ဆယ်ခန့်တွင် မိခင်မေတ္တာရင်ငွေ့ဖြင့် ရှေ့ရှုပြီး လိပ်ဥကို ပေါက်ဖွားစေနိုင်စွမ်းသည်။ မိခင်စိတ်၏ မေတ္တာရှေ့ရှုမှုက လိပ်ရင်သွေးများကို မွေးဖွားသန့်စင်စေနိုင်စွမ်းသည်။

ကြက်မိခင်

တောချုံပုတ်မှာ တောကြက်မကြီးက ဥဥထားပြီး ကြက်ဥများကို ရင်ငွေ့ဖြင့် မေတ္တာစိတ်ပေး၍ ဝပ်သည်။ ချုံပုတ်ကြားဝယ် ဥထားသော ကြက်ဥများကို လူမမြင်အောင် အကာအကွယ်ပြုပြီး ရန်သူ၏ အန္တရာယ်ကို ဖယ်ရှားသည်။ ရှောင်ရှားသည်။ ကြက်ကလေးများ ကြက်ဥမှ အကောင်ပေါက်သည် အထိ မိခင်မေတ္တာစိတ်ဖြင့် ဥစေ၊ ပေါက်စေသည်။

ဆင်မိခင်

သတ္တလောက ကုန်းနေသတ္တဝါများတွင် အသေးငယ်ဆုံး ပုရွက်ဆိတ်မှသည် မျက်မှောက်ကာလ အကြီးဆုံး ဆင်အထိ မိခင်မေတ္တာစိတ် ပြည့်ဝရင့်ကျက်ခိုင်မာကြသည်။ ကုန်းမြေပြင်ပေါ်တွင် အကြီးဆုံး မိခင်ဆင်ကြီးက ပျှမ်းမျှအလေးချိန် ပေါင် (၂၀၀) ရှိသော ဆင်သားပေါက်ငယ်ကို ရင်ဖြင့်လွယ်၍ မွေးဖွားသည်။ မိခင်ဝမ်းကြာတိုက်တွင် ဆင်မိခင်က (၂၂) လကြာ ကိုယ်ဝန်ဆောင်ရသည်။

ဆင်ပေါက်ကလေး ပြင်ပလောကသို့ ရောက်သောအခါ မျက်စိဖြင့် မြင်အားမရှိသော ဆင်ပေါက်ကို မိခင်ဆင်မကြီးက နှာမောင်းကို အသုံးပြု၍ ဆင်ကို လမ်းလျှောက်ကျင့်သည်။ ဆင်ပေါက်ကလေး လမ်းလျှောက်ရာသို့ ဆင်မိခင်ကြီးက နှာမောင်းအားဖြင့် စမ်းတဝါးဝါး လမ်းပြရှေ့ဆောင်သည်။ လမ်းလျှောက် လေ့ကျင့်သည်။ ဆင်မိသားစုဝင် ဆင်အမေ၊ ဆင်အဘွား၊ ဆင်အစ်မ၊ ဆင်ညီမ၊ ဆင်တစ်ဝမ်းကွဲ မိသားစုဝင်များပင် ဆင်သားပေါက်ငယ်ကို ဝိုင်းဝန်း စောင့်ရှောက်ကြသည်။ ဆင်မိသားစုဝင်များ အားလုံး ဆင်သားပေါက်ငယ်ကို မိခင်စိတ် အပြည့်အဝဖြင့် မိမိရင်သွေးပမာ ပြုစုသဘောထားနိုင်သည်။

အောက်ချင်းငှက်မိခင်

အမောက်နီ အောက်ချင်းငှက်များက အင်ဒိုနီးရှား၊ ဆူလာဝေစီကျွန်းတွင် နေထိုင်ကျက်စားသည်။ သစ်ပင်ကြီးများကို သူတို့နှုတ်သီးဖြင့် ဖောက်ထွင်း၍ အသိုက်အမြုံ ပြုလုပ်နေထိုင်ကြသည်။ အောက်ချင်း ငှက်မိခင်သည် သန္ဓေသားဥကို ပုတ်သင်ညိုများက ကြိုက်နှစ်သက်၍ ပုတ်သင်ညိုရန်မှ ကင်းပစေရန် သစ်ခေါင်းကို အပေါက်ဖောက်၍ အသိုက်အမြုံ ပြုလုပ်သည်။

အသိုက်တွင်းဥများ ဥထားပြီး အသိုက်၏ ဝင်ပေါက်ကို ကျဉ်းသည်ထက် ကျဉ်းအောင် မစင်ဖြင့် အထပ်ထပ် ပိတ်ဆို့သည်။ ရန်သူမှကင်းဝေးရန် ဥများကို အသိုက်အတွင်း သိုဝှက်စွာထားပြီး နှစ်လကြာဥကို ဝပ်ထားသည်။ ဥဝပ်စဉ် မိခင်စိတ်ဖြင့် အစာမစားဘဲ ဆာလောင်မှု ဝေဒနာကို ကြံ့ကြံ့ခံနိုင်စွမ်းသည်။

ကိုလာဝက်ဝံမိခင်၊

တောပျော် ကိုလာဝက်ဝံသည် အဆိပ်ရှိသော သစ်ရွက်များ ကိုက်စားနိုင်သော သတ္တဝါ ဖြစ်သည်။ ကိုလာဝက်ဝံ၏ အစာခြေလမ်းကြောင်းတွင် အဆိပ်ဒဏ်ကို ခံနိုင်စွမ်းသော၊ လည်ချောင်းထဲတွင် အဆိပ်ဟူသမျှကို ခြေဖျက်နိုင်စွမ်းသော ဘက်တီးရီးယားများ ခိုအောင်းမှီတွယ်နေသည်။ ကိုလာဝက်ဝံသည် ရင်သွေးငယ်ကို မွေးဖွားစတွင် ဝက်ဝံပေါက်ကလေး၌ အဆိပ်ခြေဖျက်နိုင်သော ဘက်တီးရီယား မပါရှိသဖြင့် ဝက်ဝံမကြီးက မွေးစဝက်ဝံငယ် အတွက် အစာကို တိုက်ရိုက်မကျွေးနိုင် ဖြစ်ရသည်။

ထို့ကြောင့် အစာကျွေးရာတွင် သွယ်ဝိုက်သော နည်းဗျူဟာဖြင့် မိခင်က ဦးစွာစားပြီး စွန့်ထုတ်လိုက်သော မစင်ကိုသာ နှုတ်သီးဖြင့်ကော်၍ ကျွေးရသည်။ ကိုလာဝက်ဝံများသည် တစ်နေ့လျှင် (၂၂) နာရီကြာ အိပ်တတ်သော သတ္တဝါဖြစ်၍ မိခင် ကိုလာဝက်ဝံက ဝက်ဝံပေါက်လေး အတွက် အိပ်ရေး မမက်နိုင်ပါ။ မိခင်စိတ်ဖြင့် ကိုလာဝက်ဝံငယ်ကို ပြုစုကြရသည်။

ပိုလာဝက်ဝံမိခင်

ပိုလာဝက်ဝံသည် ဝက်ဝံထီးက မိသားစုစိတ်နည်းသည်။ ဝက်ဝံထီးက မိခင်ကို လုံးဝစောင့်ရှောက်ခြင်း မရှိဘဲ ဝက်ဝံမနှင့် တစ်ကြိမ် မိတ်လိုက်ပြီးလျှင် အဝေးသို့ ထွက်ခွာနေလေ့ရှိသည်။ ပိုလာဝက်ဝံမကြီးက ကိုယ်ဝန်ဆောင်ချိန်တွင် ရင်သွေးငယ်၏ဝန်ကို ဆောင်ရ၍ ကိုယ်ဝန်အလေးကြောင့် အလေးချိန်ပေါင် (၄၀၀) ထိတိုးမြင့်လာသည်။ ကိုယ်ဝန်သန္ဓေသား အတွက် ညမိုးချုပ်ချိန်တွင် ခန္ဓာကိုယ် အလေးချိန်ဖြင့် လိုက်လျောညီထွေ ဖြစ်အောင် အစာစားရသည်။ နေ့ခင်းအစာရှာရာတွင် မိမိခန္ဓာကိုယ် အတွက် လိုအပ်သော အစာကို ခက်ခက်ခဲခဲ ရှာယူရသည်။

ပိုလာဝက်ဝံမိခင်သည် ကိုယ်ဝန်မှ သန္ဓေသားမွေးခါနီး အချိန်တွင် အသိုက်တစ်ခု ရှာကြံတည်ဆောက်ပြီး အသိုက်အမြုံတွင် နှစ်လကြာမျှ အစာအစားဘဲ ကလေးမွေးဖွားချိန်ကို စောင့်နေနိုင်သည်။ ပိုလာဝက်ဝံကလေးများသည် မွေးဖွားစအချိန်တွင် မျက်စိမမြင်နိုင်စွမ်းပါ။ စားရန်သွားလည်မပါပါ။ ထို့ကြောင့် ဝက်ဝံမိခင်ကြီးက ရင်သွေးငယ် ဝက်ဝံကို မိခင်နှင့်အတူ အသိုက်အမြုံတွင် နှစ်နှစ်ကြာနေရာ မေတ္တာစိတ်ပြည့်ဝစွာ၊ ယုယကြင်နာစွာ ပြုစုကြသည်။

အော်ရီဂူတန် မျောက်ဝံမိခင်၊

တိရစ္ဆာန်လောကတွင် ဉာဏ်ရည် ဉဏ်သွေး မြင့်မားသော တိရစ္ဆာန် တစ်မျိုးဖြစ်သော အော်ရီဂူတန် မျောက်ဝံသည် သူတို့ဘဝတစ်လျှောက်လုံး သစ်တော သစ်ပင်ကြားတွင် အသိုက်အမြုံ ဆောက်လုပ်ပြီး အချိန်ကုန်စေသည်။ ညပိုင်းအေးချမ်း တိတ်ဆိတ်ချိန်တွင် သစ်ရွက်သစ်ခက်များကို စုဆောင်း၍ အသိုက်ဆောက်လုပ်သည်။ အော်ရီဂူတန် မျောက်ဝံတစ်ကောင်က ဘဝတစ်လျှောက်လုံး အသိုက်အမြုံပေါင်း သုံးသောင်းကျော်ထိ ဆောက်လုပ်နိုင်စွမ်းသည်။

မိခင်အော်ဂီဂူတန် မျောက်ဝံ၏ဘဝတွင် မိမိ၏မိသားစုဝင် ရင်သွေး မျောက်ဝံကလေးများကို အသိုက်အမြုံမှ မြေပြင်သို့ အကျမခံ။ ရင်သွေးမျောက်ဝံများကို အသက် (၆) နှစ် (၇) နှစ်တိုင် မိခင်နှင့် အတူနေစေပြီး မိခင်စိတ်ဖြင့် ပြုစုကြသည်။ တိရစ္ဆာန်လောကတွင် မိခင်နှင့်ရင်သွေးတို့ အတူနေထိုင်မှု အကြာဆုံး စံချိန်ချိုးထားသော သတ္တဝါဖြစ်သည်။ မိခင်စိတ်အားကြီးလွန်းသည်။ မိခင်စိတ် ခိုင်မာလွန်းသည်။

မျောက်ဝံအထီးများသည် မိတ်လိုက်ရန်သာ မျောက်ဝံအမများထံ လာရောက် ချဉ်းကပ်ကြပြီး၊ ကျန်သော အချိန်ကာလများတွင် တောပျော်သတ္တဝါအဖြစ် မိသားစုနှင့် ခပ်ဝေးဝေးမှာသာ နေထိုင်ပျော်ပါးကြသည်။ မိခင်အော်ရီဂူတန် မျောက်ဝံမကြီးကသာ မိခင်စိတ် အပြည့်အဝဖြင့် ရင်သွေးငယ်အား အသိုက်အမြုံဆောက်ခြင်း၊ အစာရှာကျွေးခြင်း၊ တောလိုက်နည်း သင်ကြားပေးခြင်းများကို ပြုမူကြရသည်။

ကျားသစ်မိခင်

တောနေသတ္တဝါထဲတွင် ကျားသစ်မိခင်များက အခြား တောကောင်များထက် မိခင်စိတ်ပြည့်ဝ ရင့်ကျက်သည်။ စိတ်ရှည်သည်။ မိခင်ကျားသစ်က တစ်ကြိမ် ကိုယ်ဝန်ဆောင်သားမွေးလျှင် သားကောင် လေးကောင်မှ ခြောက်ကောင်ထိ မွေးလေ့ရှိသည်။

ကျားသစ်ပေါက်ကလေးများသည် အစုလိုက် နေထိုင်ကြပြီး၊ ဘဝရပ်တည် စားသောက်မှု၊ အစာရှာဖွေမှု၊ စုပေါင်းနေထိုင်မှု အတတ်ပညာကို မကျွမ်းကျင် မတတ်မြောက်ကြပါ။ မိခင်ကျားသစ်မကြီးက သားပေါက် ကျားသစ်ကလေးများကို အမဲလိုက်နည်း၊ အစာရှာနည်း၊ သားကောင် စားကျက်ရှာနည်း၊ မုဆိုးလက်မှ လွှတ်မြောက်အောင် ရှောင်ပြေးနည်းများကို မိမိအတွေ့အကြုံအရ သင်ကြားပေးသည်။ ကျားသစ်မိခင်ကြီးက ရင်သွေးကျားသစ်မများကို မွေးဖွားသန့်စင်ပြီးနောက် ကျားသစ်အုပ်စု အသိုက်အဝန်းထဲက သီးသန့်ခွဲထွက်သည်။ ကျားသစ်အထီးများကို မိခင်နှင့်အတူ နေစေသည်။

ရေဘဝဲမိခင်၊

ရေဘဝဲမိခင်သည် သားပေါက်ချိန်တွင် ရေဘဝဲအထီးများက အစ်မနားသို့ နားခိုခြင်းမရှိ။ ရေဘဝဲအစ်မ တစ်ကောင်သည် ဥပေါင်းငါးသောင်းခန့်ကို ဥ ဥပြီး ဥအကောင်ပေါက်ရန် အချိန် ရက် (၄၀) ခန့်ကြာ ဆိုင်းငံ့ရသည်။ ဥထားသော ရေဘဝဲဥများကို အခြားသတ္တဝါများ လာမစားအောင် မိခင်စိတ်ဖြင့် အကာအကွယ်ပြုသည်။ ဥများအတွက် အောက်စီဂျင်ရရန် ရေစီးကြောင်းကို ဖန်တီးပေးသည်။

သည်အချိန်တွင် မိခင်ရေဘဝဲက အစာသွားရှာရန် အချိန်မပေးနိုင်သဖြင့် အဆာပြေစေရန် မိမိလက်ကိုမိမိ ပြန်စားရသည်။ ရေဘဝဲတွင် လက်ရှစ်ချောင်းရှိရာ အစာပြေစားသောက်၍ လက်များပြတ်သွားပါက မိခင်စိတ်ဖြင့် လက်များ ပြန်လည်ရှင်သန်ပေါက်လေ့ ရှိသည်။

မိကျောင်းမိခင်၊

ရေပျော်မိကျောင်းများသည် သဘာဝပတ်ဝန်းကျင်တွင် အလိုက်ဖက်ဆုံး သတ္တဝါဖြစ်သည်။ မိကျောင်း၏ အသိုက်က ပုပ်ပွဆွေးမြည့်သော အသီးအနှံ၊ သစ်ရွက်များဖြင့် ဖန်တီးပြုလုပ်ပြီး၊ မိကျောင်းမိခင်က ရင်သွေးဥများကို အသိုက်အမြုံတွင် ဥသည်။ အသိုက်အမြုံက ပုပ်ပွဆွေး မြည့်သောကြောင့် အပူဓာတ်အမြဲရှိပြီး မိကျောင်းမိခင်က ဥများကို ဝပ်စရာမလိုဘဲ ရင်သွေးမိကျောင်းကလေးငယ်များကို မွေးဖွားနိုင်စွမ်းသည်။

မိကျောင်းမိခင်က ရင်သွေးငယ် မိကျောင်းလေးများ မွေးဖွားသန့်စင်သောအခါ သူတို့ရင်သွေးငယ်များကို သဘာဝဘေးအန္တရာယ်မှ လွတ်ကင်းစေရန်၊ တောရိုင်းမုဆိုးများ မဖမ်းနိုင်ရန် ရင်သွေးငယ်များကို အာခံတွင်း၌ ငုံထားသည်။ သဘာဝဘေးအန္တရာယ်ကိုလည်း အကာအကွယ်ပြုသည်။ မိကျောင်းငယ်ကလေးများ တွားသွားနိုင်ချိန် ရောက်လာသောအခါ အစာရှာတတ်ရန် ငါးကလေး၊ ခရုနှင့် အင်းဆက်ပိုးမွှားများကို စားတတ်အောင် လေ့ကျင့်သင်ကြားပေးပြီး မိခင်စိတ်ဖြင့် ဘဝထဲသို့ တွန်းပို့ပေးနိုင်သည်။

ပင်လယ်ဖျံမိခင်၊

ဆင်ပယ်လယ်ဖျံသည် ဖျံအကြီးစားတစ်မျိုး ဖြစ်သည်။ အစ်မဖျံ မိခင်တစ်ကောင်၏ ခန္ဓာကိုယ် အလေးချိန်က ပေါင် (၁၇၀၀) ခန့်ရှိသည်။ ပင်လယ်ဖျံ အမ၏ အလေးချိန်ထက် ပင်လယ်ဖျံ အထီး၏ အလေးချိန်က လေးဆပိုများသည်။ ပင်လယ်ဖျံ အစ်မမိခင်များသည် ကိုယ်ဝန်ဆောင်စဉ်တွင် ခန္ဓာကိုယ်အလေးချိန် တိုးလာသည်။

ပင်လယ်ဖျံမိခင်က သန္ဓေသားကို (၁၁) လကြာ ကိုယ်ဝန်ဆောင်ပြီးနောက် ရင်သွေးမွေးဖွားပြီး တစ်လအတွင်း ကိုယ်အလေးချိန် လျော့နည်းကျဆင်းသွားရာ ကိုယ်အလေးချိန် (၆၀၀) ခန့်ကျဆင်းလျော့နည်းသွားသည်။ သို့သော် မိခင်စိတ်ဖြင့် ရင်သွေးငယ်ကို ပြုစုလေ့ကျင့်ပေးနေချိန်တွင် မိခင်ပင်လယ်ဖျံ၏ ကိုယ်ခန္ဓာအလေးချိန် ပြန်တက်လာပြီး နဂိုအလေးချိန် ပေါင် (၁၇၀၀) ဖြစ်သွားသည်။

မြီးညှပ်ကောင်မိခင်၊

မြီးညှပ်ကောင် အင်းဆက်တစ်မျိုးသည် တိရစ္ဆာန် လောကတွင် သားသမီးများ အတွက် အနစ်နာခံနိုင်မှု စွမ်းရည်မြင့်မားသည်။ မိခင်က ရင်သွေးအတွက် ဥ ဥပြီးနောက် အခြားတောတိရစ္ဆာန်၊ အင်းဆက်ကောင်များ လာရောက် မစားသောက်နိုင်ရန် မိခင်စိတ်ဖြင့် အကာအကွယ်ပြု ထိန်းသိမ်းစောင့်ရှောက်သည်။ အချိန်ပြည့်ဥများကို ကြပ်မတ်ကြည့်ရှု၍ အချိန်ကုန်လွန်စေသည်။ ဥများစွာ ဥပြီးနောက် “မျိုးစေ့မမှန် ပင်မသန်”သောဥများ၊ ဥညံ့၊ ဥဖျင်းများကို စားပစ်ပြီး မိခင်အသက်ကို ဆက်ယူသည်။

ဥအတွင်းမှ သားငယ် အကောင်ပေါက်သောအခါ အစာကို ရှာစားရန်အချိန်တွင် အစာမရှာပေးနိုင်ခြင်း၊ မိခင်ကိုယ်တိုင်ကလည်း အစာထွက်ရှာရန် အချိန်မပေးနိုင်ခြင်း၊ ရင်သွေးငယ်ကို မျက်ခြည်မပြတ် ကြည့်ရှုစောင့်ရှောက်လိုခြင်း အလို့ငှာ မိခင်မြီးညှပ်ကောင်က မိခင်စိတ်အပြည့်အဝဖြင့် မိမိခန္ဓာကိုယ်က အသွေးအသားများကို ရင်သွေးငယ်၏ အစာအာဟာရအဖြစ် စတေးခံသည်။

ရင်သွေးငယ် မြီးညှပ်ကောင်ကလေးများ ကိုယ်ခန္ဓာရပ်တည်နိုင်ရန် မိခင်မြီးညှပ်ကောင်က အရွယ်ရောက်သည့် အချိန်အထိ မိမိခန္ဓာကိုယ်တစ်ခုလုံးကို ပေးဆပ်ရသည်။ ရင်သွေးမြီးညှပ်ကောင်များ၏ ကြီးထွားရှင်သန်မှုနှင့်အတူ မိခင်မြီး ညှပ်ကောင်သေဆုံးခြင်း၊ ခန္ဓာကိုယ်တစ်ခုလုံး ပေးဆပ်ခြင်း ပြုရသည်။

အာဂမိခင်စိတ် …..။

တိရစ္ဆာန်လောကမှ အံ့ဩဖွယ်ရာ မိခင်များ၏ မိခင်စိတ်ကို အသိ ဉာဏ်ရှိသော လူသားများ စာနာငဲ့ညှာသင့်သည်။ အတုယူစံပြုသင့်သည်။ ဥမှပေါက်ဖွားသော တိရစ္ဆာန်များက မေတ္တာစိတ်ဖြင့် ရင်ငွေ့လှုံ၍ သားကောင်များကို ပေါက်ဖွားစေနိုင်သည်။ နို့တိုက်သတ္တဝါများက မိမိခန္ဓာကိုယ်မှရသော အနီရောင်သွေးကို မေတ္တာစိတ်ဖြင့် အဖြူရောင် နို့ရည်အဖြစ် ဖန်တီးကာ မိမိရင်သွေးငယ်ကို ရှင်သန်ကြီးထွားစေသည်။

ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်းတွင် အစုအဝေးဖြစ်သော နို့ရည်သည် သီးခြားမပါ။ မိခင်စိတ်ဖြင့် ချစ်ခင်လေးမြတ်အပ်သော မေတ္တာအဟုန်ကြောင့်သာ သွေးဓာတ်မှ ယိုဆင်းလျက် ဖြူဝင်းကြည်အေးစွာသော နို့ရည်ကို ပေါ်ပေါက်စေသည်။ မိခင်စိတ်သည် ခန္ဓာကိုယ်မှ သွေးနီဥများကို ဂလင်းဓာတ်ပြောင်းလဲမှုကြောင့် နို့တိုက်တိရစ္ဆာန် ကျွဲနို့၊ နွားနို့၊ ဆိတ်နို့၊ သိုးနို့တို့ကို မှီဝဲသုံးဆောင်နိုင်သည်။

အဟိတ်တိရစ္ဆာန်များပင် မိခင်စိတ်ကို အမြတ်တနိုး ထိန်းသိမ်း တန်ဖိုးထားရှိနိုင်လျှင် အသိ ဉာဏ် ရှိသော လူသားတို့က မေတ္တာအနန္တ၊ မေတ္တာများစွာဖြင့် လောကကြီးကို အကောင်းဆုံး ပုံဖော်ထုဆစ်၍ တိရစ္ဆာန်လောကမှ အံ့ဖွယ်ကြီးမားသော မေတ္တာစိတ်ကို အသိအမှတ် ပြုနိုင်ကြပါစေ….။

မြန်ဂုဏ်ဆောင် (Messenger News Journal)

Leave a Reply