ဖရန္စစ္ေဘကြန္ (သုိ႔) သိပၸံေခတ္သစ္ကို ဦးေဆာင္ဖြင့္လွစ္သူ

Posted on

ဖရန္စစ္ ေဘကြန္သည္ ထင္ရွားေက်ာ္ၾကားသည့္ အဂၤလိပ္ႏုိင္ငံေရးသမား ၊ တရားသူႀကီး ၊ သိပၸံေခတ္သစ္ကို ဦးေဆာင္ဖြင့္လွစ္တဲ့ ဒႆနိကပညာရွင္၊ စာေရးဆရာ ျဖစ္သည္။ ဖရန္စစ္ေဘကြန္အား ၁၅၆၁ခုႏွစ္က အဂၤလန္ႏုိင္ငံ လန္ဒန္ၿမိဳ႕တြင္ ဖြားျမင္သည္။ ေမြးခ်င္းမ်ားအနက္ အငယ္ဆုံးျဖစ္ကာ ဖခင္ျဖစ္သူသည္ အဲလီဇဘတ္ဘုရင္မႀကီး၏ မင္းမႈထမ္းျဖစ္သည္။ ေဘကြန္အသက္ ၁၂ႏွစ္အ႐ြယ္တြင္ ကိန္းဘရစ္ခ္်ရွိ ထရီစိုတီေကာလိပ္သို႔ တက္ေရာက္ခြင့္ရခဲ့ၿပီး သုံးႏွစ္အၾကာတြင္ မည္သည့္ဘြဲ႕မၽွမရဘဲ ေက်ာင္းမွ ထြက္ခဲ့သည္။ အသက္၁၆ႏွစ္မွစကာ အဂၤလန္သံတမန္ေလာကသို႔ ဝင္ေရာက္အမႈထမ္းသည္။ အသက္၁၈ႏွစ္တြင္ ဖခင္ကြယ္လြန္သြားသျဖင့္ ရရွိသည့္အေမြအနည္းငယ္မၽွျဖင့္ ဥပေဒေက်ာင္းတက္ခဲ့သည္။ အသက္ ၂၀တြင္ ေရွ႕ေနလိုက္ခြင့္ရသည္။

ႏိုင္ငံေရးသမားဘဝ

ထိုသို႔ငယ္႐ြယ္ထက္ျမက္သည့္ ေဘကြန္သည္ အသက္ ၂၃ႏွစ္အ႐ြယ္တြင္ ပါလီမန္ေအာက္လႊတ္ေတာ္အမတ္ ျဖစ္လာသည္။ အေဆြအမ်ိဳးဩဇာျဖင့္ လစာေကာင္းရာထူးႀကီးမ်ား ရႏိုင္ေသာ္လည္း ကိုယ္တိုင္က ျငင္းပယ္၍ေသာ္လည္းေကာင္း၊ ဘုရင္မကေထာက္ခံခ်က္ မေပးေသာေၾကာင့္လည္းေကာင္း အသုံးအျဖဳန္းႀကီးသည့္ ေဘကြန္ ေႂကြးပတ္လည္ဝိုင္းသည္။(ေႂကြးမႈနဲ႔ ေထာင္တစ္ခါက်ဖူးသည္)

သူေကာင္းမ်ိဳးမ်ားထဲမွ သူကဲ့သို႔ပင္ ငယ္႐ြယ္ၿပီး ထက္ထက္ျမက္ျမက္ရွိသည့္ အက္ဆက္ၿမိဳ႕စားႏွင့္ ပနံသင့္ခဲ့ေသာ္လည္း အက္ဆက္ၿမိဳ႕စားက ဘုရင္မအား နန္းလုရန္ႀကံစည္မႈကို တားျမစ္သည္။ တားျမစ္၍မေအာင္ျမင္ဘဲ အက္ဆက္ေတာ္လွန္ေသာ္ ႐ႈံးႏွိမ့္ၿပီး ေခါင္းျဖတ္စက္ျဖင့္ စီရင္ျခင္းခံရသည္။ ထိုသို႔အက္ဆက္အား ေခါင္းျဖတ္စက္ အေရာက္ပို႔ရန္ တက္တက္ႂကြႂကြလႈံေဆာ္သူမွာ ေဘကြန္ျဖစ္သျဖင့္ လူအမ်ားမွ ကဲ့ရဲ႕ျခင္းခံရသည္။ ၁၆၀၃ခုႏွစ္တြင္ ဘုရင္မ အဲလိဇဘတ္နတ္႐ြာစံလၽွင္ ေဘကြန္သည္ နန္းတက္လာသည့္ ဘုရင္သစ္ မထမဂ်ိမ္းစ္၏ အႀကံေပးျဖစ္လာသည္။

ထိုမွ တရားေရးဖက္တြင္လည္း ရာထူးအဆင့္ဆင့္တက္လာကာ ၁၆၀၇ခုႏွစ္တြင္ ေရွ႕ေနခ်ဳပ္၊ ၁၆၀၁၃ခုႏွစ္တြင္ လႊတ္ေတာ္ေရွ႕ေနခ်ဳပ္၊ ၁၆၁၈တြင္ ၿဗိတိန္တရားသူႀကီးခ်ဳပ္ ျဖစ္လာခဲ့သည္။ တစ္ဆက္တည္းတြင္ ဘယ္႐ြန္ၿမိဳ႕စားအျဖစ္လည္းေကာင္း၊ ၁၆၂၁တြင္ ဘိုင္းေကာင့္ၿမိဳ႕စားအျဖစ္လည္းေကာင္း ခ်ီးေျမႇာက္ခံရသည္။ ထိုသို႔ အတက္မ်ားဆက္ၿပီးလၽွင္ အက်သို႔ေရာက္ေလသည္။ မလိုသူတို႔က ေဘကြန္အား လာဘ္စားေၾကာင္း တိုင္တန္းၾကသည္။ ထိုေခတ္အခ်ိန္က တရားလာေရာက္ၿပိဳင္ဆိုင္သူတိုင္းက တရားသူႀကီးအား တံစိုးလက္ေဆာင္မ်ား ေပးအပ္ၾကၿမဲျဖစ္သည္။

တရားမဝင္သည္မွာ မွန္ေသာ္လည္း ထုံးတမ္းတစ္ရပ္ကဲ့သို႔ျဖစ္ေနသည္။ သို႔ေသာ္ ေဘကြန္အား အာဏာလက္လြတ္ျဖစ္ရန္ အကြက္ေကာင္းေစာင့္သူတို႔အတြက္မူ မဟာအခြင့္အေရးႀကီးျဖစ္သျဖင့္ ေဘကြန္တစ္ေယာက္ ရာထူးမွ ဆင္းရသည္။ လန္ဒန္ေမၽွာ္စင္တြင္ အခ်ဳပ္ခံရၿပီး ဒဏ္ေငြႀကီးေပးေဆာင္ရသည္။ ေနာက္ေနာင္တြင္ ျပည္သူ႕ဝန္ထမ္းမျဖစ္ေစရဟု တားျမစ္ခံရသည္။ ဘုရင္ဂ်ိမ္းစ္က ေထာင္မွလႊတ္ေစၿပီး ဒဏ္ေငြမ်ားအား ျပန္ေပးေသာ္လည္း ႏိုင္ငံေရးသမားဘဝမွာမူ ရပ္စဲသြားခဲ့ၿပီျဖစ္သည္။ အိမ္ေထာင္ရွိေသာ္လည္း သားသမီး မထြန္းကားေပ။

စာေပႏွင့္ ဒႆနပညာရွင္ဘဝ

ေဘကြန္သည္ သိပၸံပညာရွင္ မဟုတ္ေသာ္လည္း သိပၸံပညာႏွင့္ ဒႆနပညာရပ္မ်ားအတြက္ ေခတ္သစ္သို႔ ဦးတည္လာေစရန္ လႈံေဆာ္ေရးသားေပးခဲ့သူ၊ ဦးေဆာင္လမ္းျပခဲ့သူျဖစ္သည္။ ေခတ္ေဟာင္းအစဥ္အလာအတိုင္း ဘာသာေရးယုံၾကည္မႈ ျပင္းထန္မႈမ်ား ႂကြင္းက်န္ေနခ်ိန္တြင္ ေဘကြန္၏ စာစုမ်ားသည္ အသစ္ထြင္လိုသူတို႔အတြက္ အားေပးစကားမ်ား ျဖစ္ခဲ့သည္။ စူးစမ္းေလ့လာမႈမ်ားအား စိတ္ကူးယဥ္အေနအထားမွ လက္ေတြ႕အက်ိဳးျဖစ္ထြန္းသည္အထိ လုပ္ေဆာင္ေစရန္ တိုက္တြန္းသည္။ ထိုသို႔တိုက္တြန္းသည့္အေနျဖင့္ ျပန္လည္ဆန္းသစ္ေရး အမည္ျဖင့္ က်မ္းေပါင္း ၆ ေစာင္တိတိ အတြဲလိုက္ထုတ္ေဝသည္။

ပထမတြဲမွာ ကေန႔ထိ လူသားတို႔သိသမွ် အသိကို ေဖာ္ထုတ္ၿပီး စစ္ေဆးဖို႔ရာထားတယ္။ ဒုတိယတြဲမွာ သိပၸံနည္းက်က် စုံစမ္းစစ္ေဆးနည္းကို ေဖာ္ျပမယ္။ တတိယတြဲ အေတြးမဟုတ္ လက္ေတြ႔ျဖစ္တဲ့ စာရင္းဇယား မွီျငမ္းျပဳစရာ အခ်က္အလက္ေတြကို ေရးထည့္ေပးမယ္။ စတုတၳတြဲမွာ သိပၸံနည္းစံနစ္သစ္ေတြကို ႐ုပ္ပုံစာရင္းဇယားေတြနဲ႔ ေဖာ္ျပမယ္။ ပဥၥမတြဲမွာ အခ်င္းအရာတစ္ခုခ်င္းအတြက္ ယာယီဆုံးျဖတ္ခ်က္ကို ေပးမယ္။ ဆ႒မ(ေနာက္ဆုံး)တြဲမွာ နည္းသစ္အရ စူးစမ္းေတြ႔ရွိခ်က္ေတြကို စုစည္းၿပီး အႏွစ္ရသကို ေဖာ္ထုတ္မယ္။

ေဘကြန္သည္ စမ္းသစ္ေတြးေခၚျခင္းကို ၀ါသနာထုံသူျဖစ္သည္။ သူ႔အရင္ပညာရွိႀကီး အရစၥတုိတယ္၏ အခ်ဳိ႕အေတြးအေခၚမ်ားကုိ လက္မခံပဲ ကုိယ္တုိင္သုေတသနလုပ္ၿပီး အေတြးအျမင္သစ္မ်ားကိုေဖာ္ထုတ္ခဲ့သူျဖစ္သည္။ သူ႔စာအုပ္မ်ားတြင္ နာမည္အႀကီးဆုံးမွာ အတၱလန္တစ္သစ္ (The New Atlantis) စာအုပ္ျဖစ္သည္။ စိတ္ကူးယဥ္ကြ်န္းတစ္ကြ်န္းကို သူေရာက္သြားခဲ့ၿပီ အဲဒီကသူေတြ႔ရတဲ့ ႏုိင္ငံေရး ၊ လူမႈေရး စနစ္မ်ားကို ေရးသားထားျခင္းျဖစ္သည္။

၁၆၀၅ခုႏွစ္တြင္ အသိပညာတိုးတက္ပုံ ႏွင့္ ၁၆၂၀ခုႏွစ္တြင္ လက္နက္ကိရိယာသစ္မ်ား အမည္ျဖင့္ က်မ္းႏွစ္က်မ္းကို ေနာက္ဆက္တြဲအေနျဖင့္ ထုတ္ေဝသည္။ ေဘကြန္၏ စာမ်ားသည္ ေလာကီထြန္းကားေရးကို အားေပးလြန္းသည္ဟု ဆိုၾကသည္။ ေဘကြန္ကိုယ္တိုင္ကလည္း ဘာသာေရးတြင္ အယူသည္းသူတစ္ေယာက္ မဟုတ္ေပ။ အစဥ္အလာအတိုင္း လုပ္ေဆာင္မေနမႈမ်ားအား ေဖာက္ထြက္စူးစမ္းရန္ႏွင့္ လက္ေတြ႕အက်ိဳးခံစားရေရးတို႔ကို တိုက္တြန္းအားေပးသူျဖစ္သည္။

အက်ိဳးဆက္အေနျဖင့္ ေဘကြန္ေခတ္ေနာက္ပိုင္းတြင္ သိပၸံစမ္းသပ္မႈမ်ားႏွင့္ အျခားအႏုပညာရပ္မ်ားတြင္ အသစ္ဖန္တီးမႈမ်ားအား ဆက္ကာျပဳလုပ္ၾကသလို၊ ဒႆနသမားမ်ားကလည္း အေတြးသစ္အျမင္သစ္မ်ားျဖင့္ ႀကိဳးပမ္း႐ႈျမင္ ေတြးေခၚလာၾကသည္။ သူ၏ဩဇာကို အသိအမွတ္ျပဳသည့္ အေနျဖင့္ ၁၆၆၂ခုႏွစ္တြင္ လန္ဒန္ေတာ္ဝင္သိပၸံအသင္းႀကီးက ေဘကြန္အား ၎တို႔၏ေရွ႕ေဆာင္လမ္းျပအျဖစ္ အသိအမွတ္ျပဳသည္။ ဉာဏ္အလင္းေခတ္တြင္ ျပင္သစ္ႏိုင္ငံမွ စြယ္စုံက်မ္းျပဳစုသူမ်ား ျဖစ္ၾကသည့္ ဒစ္ဒီေရာ့ (Dide rot) ႏွင့္ ဒလမ္းဘတ္(d’Alenbert) တို႔က ၎တို႔၏ က်မ္းျပဳစုေရးအား လႈံ႔ေဆာ္သူမွာ ေဘကြန္ျဖစ္သည္ဟု ဂုဏ္ျပဳခဲ့သည္။ သိပၸံနည္းက် စာေရးဆရာႀကီးတစ္ဦးအေနနဲ႔ လူသားတုိ႔အေပၚတာ၀န္ေက်ခဲ့သည့္ ဂႏၱ၀င္ပုဂၢဳိလ္ႀကီးတစ္ဦးအျဖစ္ သမုိင္းစာမ်က္ႏွာတြင္ နာမည္ေရးထုိးျခင္းခံခဲ့ရသည္။

မွတ္မွတ္သားသား ဖရန္စစ္ေဘကြန္စကားမ်ား

စာဖတ္ျခင္းကျပည့္ဝေစတယ္…
ေရးသားျခင္းကတိက်ေစတယ္…
တိုင္ပင္ေဆြးေႏြးျခင္းကအဆင္သင့္ျဖစ္ေစတယ္။

အတိုက္အခံျပဳရန္ႏွင့္ ျငင္းခုံရန္ စာမဖတ္ပါႏွင့္၊
ယုံၾကည္ရန္ႏွင့္ သူမ်ားေျပာသမွ်ကို လက္ခံရန္လည္း စာဖတ္ျခင္းမျပဳပါႏွင့္၊
စကားႀကီးစကားက်ယ္ေျပာတတ္ရန္ စာမဖတ္ပါႏွင့္၊
အက်ဳိးအေၾကာင္းစဥ္းစားဆင္ျခင္ရန္ အတြက္သာ စာဖတ္ပါေလ။

ေမ်ွာ္လင့္ခ်က္ဆိုတာ
ေကာင္းမြန္တဲ့နံနက္စာျဖစ္ႏုိင္သလုိ
ဆိုး၀ါးတဲ့ညစာလည္း ျဖစ္ႏုိင္တယ္။

ကုသတာက ေရာဂါ ေသတာက လူနာ
ေရာဂါကုထုံးက ေရာဂါထက္ဆုိးသည္

ဗဟုသုတ အၾကားအျမင္သည္ပင္လွ်င္
တန္ခိုးစြမ္းအား ျဖစ္ေပ၏။

ေယာက္်ားတစ္ေယာက္ကား လက္ထပ္ၿပီး ေနာက္တစ္ေန ့တြင္
ခုႏွစ္ႏွစ္ခန္ ့အိုမင္းသြားေပသည္။

သူသည္ ေကာင္းေသာအၾကံဥာဏ္ကိုေပး၏။ လက္တစ္ဖက္ျဖင့္ကူညီျခင္းမည္၏။
သူသည္ေကာင္းေသာအၾကံဥာဏ္သာမက ေကာင္းေသာနမူနာကိုပါျပ၏။ ထိုသူသည္လက္ႏွစ္ဖက္စလံုးျဖင့္ ကူညီျခင္းမည္၏။
သို႔ေသာ္ သူသည္ ေကာင္းမြန္ေသာ ဆံုးမစကားကိုေျပာၿပီးမေကာင္းေသာနမူနာကိုျပလ်ွင္
ထိုသူသည္ လက္တစ္ဖက္က ဆြဲတင္ျပီး တစ္ဖက္က ဆြဲႏွစ္ျခင္းျဖစ္ေပ၏။

ခ်စိမိၿပီဆိုတဲ႕ေနာက္ေတာ့ မ်က္စိသာမက စဥ္းစားဥာဏ္ပါ မရိွနိုင္ေတာ့ပါဘူး။

က်န္းမာသန္စြမ္းေသာ ကိုယ္ခႏၶာသည္ စိတ္၏ ဧည္႔ခန္းျဖစ္၍
မက်န္းမာေသာခႏၶာကိုယ္မွာ အက်ဥ္းေထာင္ျဖစ္သည္။

အခ်ိန္ဟာ အႀကိမ္ႀကိမ္ေမြးဖြားေနေသာ္လည္း
ကြ်န္ႏု္ပ္တုိ႔ကေတာ့ ေသဆုံးေနၾကတုန္းပဲ။

အေျမာ္အျမင္႐ွိေသာပုဂၢိဳလ္သည္ မိမိေတြ႔႐ွိထားေသာ အခြင့္အလမ္းမ်ားထက္ ပို၍ အခြင့္အလမ္းမ်ားေပၚထြန္းေအာင္ လုပ္ေဆာင္ေပလိမ့္မည္။

လူေတြရဲ႕သဘာ၀တုိးတက္ဖုိ႔ သိပၸံပညာဟာ မရွိလုိ႔မရ ၊ တနည္းနည္းနဲ႔ ပါ၀င္ပတ္သတ္ေနရမယ္

ဥာဏ္ရႊင္ျခင္း၊ ပညာထူးျခင္း ဆိုတာေတြေၾကာင့္ ေပၚလာတဲ့ အသိတရားေတြဟာ လက္နဲ ့တည္ေဆာက္တဲ့ အေဆာက္အအုံေတြထက္ ပိုၿပီး ၾကာရွည္ခံတယ္။

ဘာအေရာင္ပဲျဖစ္ေနပါေစ အေမွာင္ထဲေရာက္သြားရင္ အတူတူပါပဲ။

သင့္ကိုယ္သင္ ရဲရဲႀကီး ခ်ီးမြမ္းလိုက္စမ္းပါ။
သင့္ကိုယ္မွာ တစံုတခုေသာေကာင္းကြက္ အၿမဲရွိေနပါတယ္။

ေက်ာ္စြာ ၁၀၀ – ေဒါက္တာသန္းထြန္း
ျမန္မာ့စြယ္စုံက်မ္း
Quotes of Francis Bacon

———————–

ဖရန်စစ်ဘေကွန် (သို့) သိပ္ပံခေတ်သစ်ကို ဦးဆောင်ဖွင့်လှစ်သူ (unicode)

ဖရန်စစ် ဘေကွန်သည် ထင်ရှားကျော်ကြားသည့် အင်္ဂလိပ်နိုင်ငံရေးသမား ၊ တရားသူကြီး ၊ သိပ္ပံခေတ်သစ်ကို ဦးဆောင်ဖွင့်လှစ်တဲ့ ဒဿနိကပညာရှင်၊ စာရေးဆရာ ဖြစ်သည်။ ဖရန်စစ်ဘေကွန်အား ၁၅၆၁ခုနှစ်က အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် ဖွားမြင်သည်။ မွေးချင်းများအနက် အငယ်ဆုံးဖြစ်ကာ ဖခင်ဖြစ်သူသည် အဲလိဇဘတ်ဘုရင်မကြီး၏ မင်းမှုထမ်းဖြစ်သည်။ ဘေကွန်အသက် ၁၂နှစ်အရွယ်တွင် ကိန်းဘရစ်ခ်ျရှိ ထရီစိုတီကောလိပ်သို့ တက်ရောက်ခွင့်ရခဲ့ပြီး သုံးနှစ်အကြာတွင် မည်သည့်ဘွဲ့မျှမရဘဲ ကျောင်းမှ ထွက်ခဲ့သည်။ အသက်၁၆နှစ်မှစကာ အင်္ဂလန်သံတမန်လောကသို့ ဝင်ရောက်အမှုထမ်းသည်။ အသက်၁၈နှစ်တွင် ဖခင်ကွယ်လွန်သွားသဖြင့် ရရှိသည့်အမွေအနည်းငယ်မျှဖြင့် ဥပဒေကျောင်းတက်ခဲ့သည်။ အသက် ၂ဝတွင် ရှေ့နေလိုက်ခွင့်ရသည်။

နိုင်ငံရေးသမားဘဝ

ထိုသို့ငယ်ရွယ်ထက်မြက်သည့် ဘေကွန်သည် အသက် ၂၃နှစ်အရွယ်တွင် ပါလီမန်အောက်လွှတ်တော်အမတ် ဖြစ်လာသည်။ အဆွေအမျိုးဩဇာဖြင့် လစာကောင်းရာထူးကြီးများ ရနိုင်သော်လည်း ကိုယ်တိုင်က ငြင်းပယ်၍သော်လည်းကောင်း၊ ဘုရင်မကထောက်ခံချက် မပေးသောကြောင့်လည်းကောင်း အသုံးအဖြုန်းကြီးသည့် ဘေကွန် ကြွေးပတ်လည်ဝိုင်းသည်။(ကြွေးမှုနဲ့ ထောင်တစ်ခါကျဖူးသည်)

သူကောင်းမျိုးများထဲမှ သူကဲ့သို့ပင် ငယ်ရွယ်ပြီး ထက်ထက်မြက်မြက်ရှိသည့် အက်ဆက်မြို့စားနှင့် ပနံသင့်ခဲ့သော်လည်း အက်ဆက်မြို့စားက ဘုရင်မအား နန်းလုရန်ကြံစည်မှုကို တားမြစ်သည်။ တားမြစ်၍မအောင်မြင်ဘဲ အက်ဆက်တော်လှန်သော် ရှုံးနှိမ့်ပြီး ခေါင်းဖြတ်စက်ဖြင့် စီရင်ခြင်းခံရသည်။ ထိုသို့အက်ဆက်အား ခေါင်းဖြတ်စက် အရောက်ပို့ရန် တက်တက်ကြွကြွလှုံဆော်သူမှာ ဘေကွန်ဖြစ်သဖြင့် လူအများမှ ကဲ့ရဲ့ခြင်းခံရသည်။ ၁၆၀၃ခုနှစ်တွင် ဘုရင်မ အဲလိဇဘတ်နတ်ရွာစံလျှင် ဘေကွန်သည် နန်းတက်လာသည့် ဘုရင်သစ် မထမဂျိမ်းစ်၏ အကြံပေးဖြစ်လာသည်။

ထိုမှ တရားရေးဖက်တွင်လည်း ရာထူးအဆင့်ဆင့်တက်လာကာ ၁၆၀၇ခုနှစ်တွင် ရှေ့နေချုပ်၊ ၁၆၀၁၃ခုနှစ်တွင် လွှတ်တော်ရှေ့နေချုပ်၊ ၁၆၁၈တွင် ဗြိတိန်တရားသူကြီးချုပ် ဖြစ်လာခဲ့သည်။ တစ်ဆက်တည်းတွင် ဘယ်ရွန်မြို့စားအဖြစ်လည်းကောင်း၊ ၁၆၂၁တွင် ဘိုင်းကောင့်မြို့စားအဖြစ်လည်းကောင်း ချီးမြှောက်ခံရသည်။ ထိုသို့ အတက်များဆက်ပြီးလျှင် အကျသို့ရောက်လေသည်။ မလိုသူတို့က ဘေကွန်အား လာဘ်စားကြောင်း တိုင်တန်းကြသည်။ ထိုခေတ်အချိန်က တရားလာရောက်ပြိုင်ဆိုင်သူတိုင်းက တရားသူကြီးအား တံစိုးလက်ဆောင်များ ပေးအပ်ကြမြဲဖြစ်သည်။

တရားမဝင်သည်မှာ မှန်သော်လည်း ထုံးတမ်းတစ်ရပ်ကဲ့သို့ဖြစ်နေသည်။ သို့သော် ဘေကွန်အား အာဏာလက်လွတ်ဖြစ်ရန် အကွက်ကောင်းစောင့်သူတို့အတွက်မူ မဟာအခွင့်အရေးကြီးဖြစ်သဖြင့် ဘေကွန်တစ်ယောက် ရာထူးမှ ဆင်းရသည်။ လန်ဒန်မျှော်စင်တွင် အချုပ်ခံရပြီး ဒဏ်ငွေကြီးပေးဆောင်ရသည်။ နောက်နောင်တွင် ပြည်သူ့ဝန်ထမ်းမဖြစ်စေရဟု တားမြစ်ခံရသည်။ ဘုရင်ဂျိမ်းစ်က ထောင်မှလွှတ်စေပြီး ဒဏ်ငွေများအား ပြန်ပေးသော်လည်း နိုင်ငံရေးသမားဘဝမှာမူ ရပ်စဲသွားခဲ့ပြီဖြစ်သည်။ အိမ်ထောင်ရှိသော်လည်း သားသမီး မထွန်းကားပေ။

စာပေနှင့် ဒဿနပညာရှင်ဘဝ

ဘေကွန်သည် သိပ္ပံပညာရှင် မဟုတ်သော်လည်း သိပ္ပံပညာနှင့် ဒဿနပညာရပ်များအတွက် ခေတ်သစ်သို့ ဦးတည်လာစေရန် လှုံဆော်ရေးသားပေးခဲ့သူ၊ ဦးဆောင်လမ်းပြခဲ့သူဖြစ်သည်။ ခေတ်ဟောင်းအစဉ်အလာအတိုင်း ဘာသာရေးယုံကြည်မှု ပြင်းထန်မှုများ ကြွင်းကျန်နေချိန်တွင် ဘေကွန်၏ စာစုများသည် အသစ်ထွင်လိုသူတို့အတွက် အားပေးစကားများ ဖြစ်ခဲ့သည်။ စူးစမ်းလေ့လာမှုများအား စိတ်ကူးယဉ်အနေအထားမှ လက်တွေ့အကျိုးဖြစ်ထွန်းသည်အထိ လုပ်ဆောင်စေရန် တိုက်တွန်းသည်။ ထိုသို့တိုက်တွန်းသည့်အနေဖြင့် ပြန်လည်ဆန်းသစ်ရေး အမည်ဖြင့် ကျမ်းပေါင်း ၆ စောင်တိတိ အတွဲလိုက်ထုတ်ဝေသည်။

ပထမတွဲမှာ ကနေ့ထိ လူသားတို့သိသမျှ အသိကို ဖော်ထုတ်ပြီး စစ်ဆေးဖို့ရာထားတယ်။ ဒုတိယတွဲမှာ သိပ္ပံနည်းကျကျ စုံစမ်းစစ်ဆေးနည်းကို ဖော်ပြမယ်။ တတိယတွဲ အတွေးမဟုတ် လက်တွေ့ဖြစ်တဲ့ စာရင်းဇယား မှီငြမ်းပြုစရာ အချက်အလက်တွေကို ရေးထည့်ပေးမယ်။ စတုတ္ထတွဲမှာ သိပ္ပံနည်းစံနစ်သစ်တွေကို ရုပ်ပုံစာရင်းဇယားတွေနဲ့ ဖော်ပြမယ်။ ပဥ္စမတွဲမှာ အချင်းအရာတစ်ခုချင်းအတွက် ယာယီဆုံးဖြတ်ချက်ကို ပေးမယ်။ ဆဋ္ဌမ(နောက်ဆုံး)တွဲမှာ နည်းသစ်အရ စူးစမ်းတွေ့ရှိချက်တွေကို စုစည်းပြီး အနှစ်ရသကို ဖော်ထုတ်မယ်။

ဘေကွန်သည် စမ်းသစ်တွေးခေါ်ခြင်းကို ဝါသနာထုံသူဖြစ်သည်။ သူ့အရင်ပညာရှိကြီး အရစ္စတိုတယ်၏ အချို့အတွေးအခေါ်များကို လက်မခံပဲ ကိုယ်တိုင်သုတေသနလုပ်ပြီး အတွေးအမြင်သစ်များကိုဖော်ထုတ်ခဲ့သူဖြစ်သည်။ သူ့စာအုပ်များတွင် နာမည်အကြီးဆုံးမှာ အတ္တလန်တစ်သစ် (The New Atlantis) စာအုပ်ဖြစ်သည်။ စိတ်ကူးယဉ်ကျွန်းတစ်ကျွန်းကို သူရောက်သွားခဲ့ပြီ အဲဒီကသူတွေ့ရတဲ့ နိုင်ငံရေး ၊ လူမှုရေး စနစ်များကို ရေးသားထားခြင်းဖြစ်သည်။

၁၆၀၅ခုနှစ်တွင် အသိပညာတိုးတက်ပုံ နှင့် ၁၆၂ဝခုနှစ်တွင် လက်နက်ကိရိယာသစ်များ အမည်ဖြင့် ကျမ်းနှစ်ကျမ်းကို နောက်ဆက်တွဲအနေဖြင့် ထုတ်ဝေသည်။ ဘေကွန်၏ စာများသည် လောကီထွန်းကားရေးကို အားပေးလွန်းသည်ဟု ဆိုကြသည်။ ဘေကွန်ကိုယ်တိုင်ကလည်း ဘာသာရေးတွင် အယူသည်းသူတစ်ယောက် မဟုတ်ပေ။ အစဉ်အလာအတိုင်း လုပ်ဆောင်မနေမှုများအား ဖောက်ထွက်စူးစမ်းရန်နှင့် လက်တွေ့အကျိုးခံစားရရေးတို့ကို တိုက်တွန်းအားပေးသူဖြစ်သည်။

အကျိုးဆက်အနေဖြင့် ဘေကွန်ခေတ်နောက်ပိုင်းတွင် သိပ္ပံစမ်းသပ်မှုများနှင့် အခြားအနုပညာရပ်များတွင် အသစ်ဖန်တီးမှုများအား ဆက်ကာပြုလုပ်ကြသလို၊ ဒဿနသမားများကလည်း အတွေးသစ်အမြင်သစ်များဖြင့် ကြိုးပမ်းရှုမြင် တွေးခေါ်လာကြသည်။ သူ၏ဩဇာကို အသိအမှတ်ပြုသည့် အနေဖြင့် ၁၆၆၂ခုနှစ်တွင် လန်ဒန်တော်ဝင်သိပ္ပံအသင်းကြီးက ဘေကွန်အား ၎င်းတို့၏ရှေ့ဆောင်လမ်းပြအဖြစ် အသိအမှတ်ပြုသည်။ ဉာဏ်အလင်းခေတ်တွင် ပြင်သစ်နိုင်ငံမှ စွယ်စုံကျမ်းပြုစုသူများ ဖြစ်ကြသည့် ဒစ်ဒီရော့ (Dide rot) နှင့် ဒလမ်းဘတ်(d’Alenbert) တို့က ၎င်းတို့၏ ကျမ်းပြုစုရေးအား လှုံ့ဆော်သူမှာ ဘေကွန်ဖြစ်သည်ဟု ဂုဏ်ပြုခဲ့သည်။ သိပ္ပံနည်းကျ စာရေးဆရာကြီးတစ်ဦးအနေနဲ့ လူသားတို့အပေါ်တာဝန်ကျေခဲ့သည့် ဂန္တဝင်ပုဂ္ဂိုလ်ကြီးတစ်ဦးအဖြစ် သမိုင်းစာမျက်နှာတွင် နာမည်ရေးထိုးခြင်းခံခဲ့ရသည်။

မှတ်မှတ်သားသား ဖရန်စစ်ဘေကွန်စကားများ

စာဖတ်ခြင်းကပြည့်ဝစေတယ်…
ရေးသားခြင်းကတိကျစေတယ်…
တိုင်ပင်ဆွေးနွေးခြင်းကအဆင်သင့်ဖြစ်စေတယ်။

အတိုက်အခံပြုရန်နှင့် ငြင်းခုံရန် စာမဖတ်ပါနှင့်၊
ယုံကြည်ရန်နှင့် သူများပြောသမျှကို လက်ခံရန်လည်း စာဖတ်ခြင်းမပြုပါနှင့်၊
စကားကြီးစကားကျယ်ပြောတတ်ရန် စာမဖတ်ပါနှင့်၊
အကျိုးအကြောင်းစဉ်းစားဆင်ခြင်ရန် အတွက်သာ စာဖတ်ပါလေ။

မျှော်လင့်ချက်ဆိုတာ
ကောင်းမွန်တဲ့နံနက်စာဖြစ်နိုင်သလို
ဆိုးဝါးတဲ့ညစာလည်း ဖြစ်နိုင်တယ်။

ကုသတာက ရောဂါ သေတာက လူနာ
ရောဂါကုထုံးက ရောဂါထက်ဆိုးသည်
ဗဟုသုတ အကြားအမြင်သည်ပင်လျှင်
တန်ခိုးစွမ်းအား ဖြစ်ပေ၏။

ယောက်ျားတစ်ယောက်ကား လက်ထပ်ပြီး နောက်တစ်နေ့တွင်
ခုနှစ်နှစ်ခန့်အိုမင်းသွားပေသည်။

သူသည် ကောင်းသောအကြံဥာဏ်ကိုပေး၏။ လက်တစ်ဖက်ဖြင့်ကူညီခြင်းမည်၏။
သူသည်ကောင်းသောအကြံဥာဏ်သာမက ကောင်းသောနမူနာကိုပါပြ၏။ ထိုသူသည်လက်နှစ်ဖက်စလုံးဖြင့် ကူညီခြင်းမည်၏။
သို့သော် သူသည် ကောင်းမွန်သော ဆုံးမစကားကိုပြောပြီးမကောင်းသောနမူနာကိုပြလျှင်
ထိုသူသည် လက်တစ်ဖက်က ဆွဲတင်ပြီး တစ်ဖက်က ဆွဲနှစ်ခြင်းဖြစ်ပေ၏။

ချစိမိပြီဆိုတဲ့နောက်တော့ မျက်စိသာမက စဉ်းစားဥာဏ်ပါ မရှိနိုင်တော့ပါဘူး။

ကျန်းမာသန်စွမ်းသော ကိုယ်ခန္ဓာသည် စိတ်၏ ဧည့်ခန်းဖြစ်၍
မကျန်းမာသောခန္ဓာကိုယ်မှာ အကျဉ်းထောင်ဖြစ်သည်။

အချိန်ဟာ အကြိမ်ကြိမ်မွေးဖွားနေသော်လည်း
ကျွန်န်ုပ်တို့ကတော့ သေဆုံးနေကြတုန်းပဲ။

အမြော်အမြင်ရှိသောပုဂ္ဂိုလ်သည် မိမိတွေ့ရှိထားသော အခွင့်အလမ်းများထက် ပို၍ အခွင့်အလမ်းများပေါ်ထွန်းအောင် လုပ်ဆောင်ပေလိမ့်မည်။

လူတွေရဲ့သဘာဝတိုးတက်ဖို့ သိပ္ပံပညာဟာ မရှိလို့မရ ၊ တနည်းနည်းနဲ့ ပါဝင်ပတ်သတ်နေရမယ်

ဥာဏ်ရွှင်ခြင်း၊ ပညာထူးခြင်း ဆိုတာတွေကြောင့် ပေါ်လာတဲ့ အသိတရားတွေဟာ လက်နဲ့တည်ဆောက်တဲ့ အဆောက်အအုံတွေထက် ပိုပြီး ကြာရှည်ခံတယ်။

ဘာအရောင်ပဲဖြစ်နေပါစေ အမှောင်ထဲရောက်သွားရင် အတူတူပါပဲ။

သင့်ကိုယ်သင် ရဲရဲကြီး ချီးမွမ်းလိုက်စမ်းပါ။
သင့်ကိုယ်မှာ တစုံတခုသောကောင်းကွက် အမြဲရှိနေပါတယ်။

ကျော်စွာ ၁၀၀ – ဒေါက်တာသန်းထွန်း
မြန်မာ့စွယ်စုံကျမ်း
Quotes of Francis Bacon

Leave a Reply