လက္အေနအထားမွတစ္ဆင့္ လူတစ္ေယာက္ရဲ႕ စိတ္ကုိ အကဲခတ္နည္း

Posted on

ေရးသားသူ – သန္း၀င္းလႈိင္

လူတစ္ဦးတစ္ေယာက္ကို တဒဂၤအတြင္းေတြ႔ျမင္ယံုနွင့္ ၎၏အက်င့္စရိုက္ စိတ္ေနသေဘာထားတို႔ကို သိရွိရန္မွာ လြယ္ကူလွသည္ မဟုတ္ပါ ။ သို႔ေသာ္ လူ၏ စိတ္သည္ မ်က္နွာေပၚတြင္ ေပၚေပါက္ထင္ဟတ္ေနသကဲ့သို႔ လက္၏ လႈပ္ရွားမူေပၚတြင္လည္း ထင္ဟတ္ေဖၚျပေနသည္ကို သိပၸံနည္းက် ေလ့လာထားရွိခ်က္မ်ားအရ သိရွိၾကသည္ ။ လက္၏လႈပ္ရွားမူနွင့္ လက္မမ်ားလက္ေခ်ာင္းတို႔၏ အထားအသိုေပၚမူတည္၍ အကဲခတ္ျခင္းအားျဖင့္ အက်င့္စရိုက္စိတ္ေနသေဘာထားတို႔ကို တစိတ္တေဒသ သိရွိနိုင္ပါသည္ ။

ဥပမာ – လူတစ္ေယာက္သည္ ေဒါသၾကီးစြာ ျဖစ္လာလ်ွင္ မ်က္နွာတစ္ခုလံုး တီရဲေနေအာင္ေသြးေရာင္လြမ္းလာမည္ မဟုတ္ပါလား ။ ထို႔အတူ ပင္လက္သီးကိုက်စ္က်စ္ပါေအာင္ဆုတ္ထားတတ္ၾကသည္မွာလည္း သိသာသည့္ အခ်က္ၾကီးတရပ္ပင္ျဖစ္ပါသည္ ။ ထို႔ေၾကာင့္ လူတစ္ေယာက္၏ စရိုက္လကၡဏာ ကိုေလ့လာအကဲခတ္ႏုိင္ရန္ လက္၏ လႈပ္ရွားမူနွင့္ လက္အေနအထားအမ်ိဳးမ်ိဳးအေပၚ ” ရူပသ်ွတၱရ ” ပညာရွင္မ်ား၏ ေဟာဆိုခ်က္မ်ားကို ေလ့လာၾကပါစို႔ ။

( ပြင့္လင္းရိုးသားေသာသူတို႔) ၏လက္သည္ ျပန္႔ကားလ်ွက္(၀ါ)ဖြင့္လ်ွက္အေနအထားရွိ၏ ။ လက္ကိုထင္သာျမင္သာေအာင္ျပတတ္၏ ။
(လ်ွိဳ႕၀ွက္တတ္ ၊ လ်ိွဳ႕၀ွက္ခ်က္ရွိသူမ်ားသည္ ) ၎တို႔၏ လက္ကိုဆုတ္ကိုင္ထားတတ္ၾကသည္ ။ လက္ကို၀ွက္ထား၍လည္း တတ္ၾကသည္ ။
(လက္ေခ်ာင္းမ်ားသည္ အခ်င္းခ်င္း ပူးလ်ွက္ထားရွိျခင္း ၊ လက္ကိုဆုတ္၍ေအာက္သို႔တဲြေလာင္းခ်ထားျခင္း ) တို႔ကို ေတြ႔ရွိပါက ထိုသူသည္ ယံုၾကည္ခ်က္ကို ဆုတ္ကိုင္ထားတတ္သူတဦးျဖစ္သည္ ။ လုပ္ငန္း တို႔၏ လ်ိွဳ႕၀ွက္မ်ားကိုလည္း ဖံုးကြယ္ထားတတ္သူမ်ိဳးျဖစ္သည္ ။

(လူတေယာက္၏ လက္မ်ားသည္ ေဘးတဖက္တခ်က္ စီတြင္ထားရွိျပီးျဖန္႔ကားထားျခင္း ၊ ေပ်ာ့ေလ်ာ့စြာထားျခင္း တို႔ကို ေတြ႔ျမင္ရပါက ၎သည္ စိတ္ဓါတ္ၾကံ႕ခိုင္သူမဟုတ္ေခ် ။ ဆံုးျဖတ္ခ်က္မရွိရည္ရြယ္ခ်က္ကင္းမဲ့သူမ်ိဳးျဖစ္သည္ ။ ရရစားစား ၊ ေပါ့ေပါ့ေနေပါ့ေပါ့စား လူမ်ိဳးျဖစ္သည္ ။ ထိုသူတို႔၏ စိတ္မွာ ပ်င္းရိျခင္း ၊ ေပါ့ပ်က္ပ်က္မ်ားရွိေလသည္ ။

(လက္နွစ္ဖက္ကို ေဘးတြင္ခ်ထားသည္ မွတ္ေသာ္လည္း လက္သီးမွာဆုပ္လွက္ရွိတတ္သူမ်ားသည္ ) ၾကမ္းတမ္းခက္ထန္သူမ်ားျဖစ္သည္ ။ စိတ္ရိုင္းရွိသည္ ။ ရက္စက္ၾကမ္းၾကဳတ္ေသာအျပဳအမူမ်ိဳးရွိသူျဖစ္သည္ ။ ထိုလူတို႔သည္ ရန္လိုတတ္ေသာသေဘာကို ေဖၚျပေနသျဖင့္မၾကာခဏ ရန္ပဲြနွင့္ ရင္ဆိုင္ရတတ္၏ ။ နိုင္ထက္ကလူျပဳလိုေသာ ဥာဏ္ဆိုးရွိသည္ ။ ေကာက္က်စ္ရက္စက္တတ္ေသာ သေဘာလည္းရွိျပန္သည္ ။

(လက္သီးကို က်စ္က်စ္ပါေအာငါဆုတ္ထားေသာ အမွတ္အသားသည္ စိတ္၀ယ္တစံုတရာ ယတိျပတ္ဆံုးျဖတ္ျခင္း၏ အမွတ္အသားပင္ျဖစ္သည္ ။

(လူတစ္ေယာက္သည္ သူ၏လက္ကို အထက္နွင့္ေအာက္သို႔ ခ်ီခ်တင္ခ်ီျပဳမူေနျခင္းေသာ္၎ ၊ အကၤ်ီ၊ေဘာင္းဘီအိတ္အတြင္းသို႔ခ်ီထုတ္ခ်ီ ) ျပဳလုပ္ေနလ်ွင္ေသာ္၎ သူ၏ လက္မ်ားကိုမည့္သည္႔ေနရာထားရမွန္းမသိေအာင္ေနရာရွာမရျဖစ္ေနပါက ရည္ရြယ္ခ်က္ ၊ ရည္မွန္းခ်က္၍ မယ္မယ္ရရ ဆုတ္ကိုင္ထားမူ႔မရွိျခင္း ၊ စိတ္မွာ မေရမရာျခင္း ၊ မေသမခ်ာျခင္းတို႔ ကိုေဖာ္ျပေနျခင္းသာျဖစ္သည္ ။ ၎တို႔သည္ ရည္ရြယ္ခ်က္မရွိသြားလာလည္ပတ္တတ္ျခင္း ၊ ျပဴမူတတ္ျခင္း ၊ မေရမရာစကားမ်ားကိုလည္းေျပာဆိုတတ္ျခင္းရွိတတ္ေပသည္ ။

(လူတစ္ေယာက္သည္ သူ၏ လက္မ်ားကို ေရြ႕လ်ားလႈပ္ရွားရာတြင္တစံုတရာနွင့္ထိခိုက္စိုးရံြ႕၍ ေရွာင္တိမ္းျခင္းသတိၾကီးစြာထားျခင္းမ်ားကို ေတြ႔ရပါက ထိုသူသည္ အရာရာတိုင္းတြင္သံသယၾကီးစြာရွိသူျဖစ္ေၾကာင္း အတတ္သိနိုင္ေလသည္ ။ ၎သည္ျပင္းထန္စြာစိုးရိမ္ေၾကာင့္ၾကစိတ္ရွိ၍ သတိၾကီးသူလဲျဖစ္သည္ ။ ထာ၀ရစိုးရိမ္စိတ္မကင္းျဖစ္ေနတတ္သည္ ။ မည္သူ႔ကိုမ်ွရံုၾကည္စိတ္ခ်ထားျခင္းမရွိေခ် ။

( လူတစ္ေယာက္သည္ တစံုတရာကို ကိုင္တြယ္ေဆာ့ကစားတတ္ျခင္း ) ဥပမာ – လက္ကိုင္ပ၀ါ ၊ေက်ာက္ခဲ ၊ ပစၥည္းငယ္မ်ားစသည္တို႔ကို ခက္တြင္ဟုိပြတ္ဒီပြတ္လႈပ္ကစားေနတတ္ျခင္းသည္ ၎၏ စိတ္ဂဏွာမျငိမ္ျခင္းနွင့္ စိတ္ကစားေနမူကိုေဖၾ္ျပေနျခင္းျဖစ္သည္ ။ ထိုနည္းတူစြာခဲတံ ၊ ေဘာပင္ျဖင့္ ေရာက္တတ္ရာရာေရးျခစ္သူမ်ားလည္း ဤသေဘာပင္ျဖစ္သည္ ။

(လက္၀ါးနွစ္ခုကိုပူး၍ကပ္၍ ဆုပ္ကိုင္ထားတတ္ေသာ အက်င့္ရွိသူတို႔သည္ စိတ္ထားတည္ျငိမ္ေအးခ်မ္းျခင္းကို ျပသည္ ။ စိတ္သေဘာထားတည္ျငိမ္၍ ေဒါသစိတ္လဲကင္းရွင္းေနမူကိုျပသည္ ။ ၎တို႔သည္ မ်ားေသာအားျဖင့္
စပ္စုျခင္းကင္း၍ ဘာသိဘာသာေနထိုင္တတ္သည္။ ပူပင္ေသာကလဲမရွိေခ် ေအးေအးေနတတ္ျပီးစကားနည္းသူမ်ားျဖစ္သည္ ။

( လူတစ္ေယာက္သည္ သူ၏လက္ေမာင္းမ်ား ၊ လက္၀ါးမ်ားကို ခပ္ၾကြားၾကြား ၊ ခပ္ကားကားထား၍ လက္သီးဆုတ္ထားသည့္ဟန္ )ပန္ရွိသူတို႔သည္ စရိုက္ၾကမ္း၍ ရိုင္းစိုင္းေသာစိတ္ထားရွိသူမ်ားျဖစ္သည္ ။ ၾကမ္းတမ္းေသာ အလုပ္ကိုလုပ္ကိုင္ရသူမ်ားလဲျဖစ္သည္ ။ ၎တို႕သည္ အျငင္းအခံု သန္၍ မည္သူ႕ကိုမွ် ေအာက္ၾကိဳ႕မခံတတ္ေပ ။ စကားကိုလဲ အထက္စီးမွ ေျပာတတ္သည္ ။ ( ၀ ) မရွိဘဲ ( ၀ိ ) လုပ္ေနသူမ်ားျဖစ္သည္ ။ ယင္းတို႔သည္ အားနဲသူမ်ားအေပၚတြင္ ဖိနွိပ္အနိုင္က်င့္တတ္သည္ ။ ထိုသူမ်ားကိုဆက္ဆံရာ၌ သတိတရားၾကီးစြာထား၍ ဆက္ဆံသင့္ေပသည္ ။ သို႔မဟုတ္ပါက ရန္ျပႆနာမ်ားမုခ်ေပၚေပါက္လာနိုင္ေပသည္ ။ လစ္ဗ်ား ေခါင္းေဆာင္ဗိုလ္မူးၾကီး ( ကဒါဖီ ) ႏွင့္ အီတလီအာဏာရွင္( မူဆိုလိုနီ ) တို႔သည္ ဤကဲ့သို႔လက္ အေနအထား ထားတတ္ေလသည္ ။

(လူတစ္ေယာက္သည္ သူ၏ လက္နွစ္ဖက္ကို ပြတ္သပ္ေနျခင္း ၊ ေခ်းတြန္းသကဲ့သို႔ တစ္ခုကို တစ္ခု ပြတ္သပ္ေနျခင္းမ်ားကို ) ေတြ႔ပါက ထိုသူသည္ ယံုၾကည္ထိုက္သူတစ္ဦး မဟုတ္ေပ ။ ကတိသစၥာ မတည္ၾကည္သူ ၊ မရိုးမေျဖာင့္ေသာသူမ်ားျဖစ္သည္ ။ လိမ္ညာလွည့္ဖ်ားတတ္ေသာသူမ်ားလဲျဖစ္သည္ ။ ၎တို႔၏ အေျပာမ်ားကိုမည္သည့္အခါမွ်မယံုၾကည္ရေခ် ။ ထိုသူတို႔သည္ သူတစ္ပါးအေပၚ တြင္ အျမဲတေစလိမ္ညာလွည့္ဖ်ား၍ ကိုယ္က်ိဳးရွာအတၱသမား သက္ေသသာျဖစ္သည္ ။

( လူတစ္ေယာက္သည္ သူ၏လက္မ်ားကို တဲြေလာင္းခ်ထားျပီး မလုပ္ခ်င္မကိုင္ခ်င္နွင့္ပံု )မ်ိဳးလက္ကို အုန္းဆံၾကိဳးနွစ္ေခ်ာင္းတဲြလဲခ်ထားသကဲ့သို႔သူမ်ိဳး ၊ ထူထဲေလးလံ၍ လႈပ္ရွားမူေႏွးေကြးေသာ လက္မ်ိဳးသည္ စိတ္ဓါတ္ေရးရာအလြတ္က်ဆင္းေနသူမ်ားျဖစ္သည္ ။ ၎တို႔သည္ အသက္ရွင္လ်ွွက္စိတ္ဓါတ္ေသဆံုးေနသူမ်ားျဖစ္သည္ ။ ျဖစ္သလိုေနျဖစ္သလိုစား၍ ေလာကၾကီးကို ျငီးေငြ႕ေနသူမ်ားျဖစ္သည္ ။ ၎တို႔၏ ဘ၀သည္ ၾကမ္းတမ္းခက္မာျပီး လြယ္ကူေခ်ာေမာျခင္းမရွိတတ္ေခ် ။

( လူတစ္ေယာက္သည္ သူ၏လက္နွစ္ဖက္ကို ေနာက္တြင္ပစ္လွ်က္ဆုတ္ကိုင္ထားတတ္ျခင္းသည္ ) သတိတရားၾကီးလြန္းသူျဖစ္သည္ ။ သတိ၀ိရိယအျမဲ ရွိေနျခင္းမ်ားကိုျပသည္ ။ ၎တို႔သည္ အစဥ္နိုးၾကားေနသူျဖစ္သည္ ။ သို႕ေသာ္ ေရွ႕လုပ္ရမည့္ လုပ္ငန္းစဥ္အတြက္ ပိုင္ပုိင္နိုင္နိုင္ ဆံုးျဖတ္ခ်က္မခ်တတ္သူမ်ားျဖစ္သည္ ။

( လက္သည္းကိုက္တတ္သူမ်ား) သည္ စိတ္ကူးယဥ္တတ္၍ ေပါ့ေပါ့ေနေပါ့ေပါ့စား မ်ားျဖစ္ၾကသည္ ။ ၎တို႔သည္ မိမိသက္သာလ်ွင္ျပီးေရာ လူစားမ်ိဳးျဖစ္သည္ ။ ယင္းတို႔သည္ ကိုယ္က်ိဳးတစ္ခုတည္းကိုသာ ေရွ႕တန္းတင္၍ လုပ္ကိုင္တတ္ၾက၏ ။

(လက္သီးနွစ္ဖက္ဆုပ္၍ ေမးေထာက္တတ္သူမ်ား ) သည္ ေပ်ာ္ေပ်ာ္ရြင္ရြင္ေနတတ္သူမ်ားျဖစ္သည္ ။ ၎တို႔သည္ အေပါင္းအသင္းအေပၚခံုမင္၍ အရာရာတိုင္းကို သူမ်ားအားကိုးတတ္ၾကသည္ ။

( ပါးျပင္နွစ္ဖက္အားပြတ္သပ္တတ္သူမ်ားနွင့္ ေမးေစ့ပြတ္သပ္တတ္သူမ်ားသည္ )အၾကံၾကီးသူမ်ားျဖစ္ၾကသည္။ ၎တို႔သည္ ေစ့စပ္ေသခ်ာ၍ ပိုင္ပိုင္နိုင္နိုင္ဆံုးျဖတ္တတ္သူမ်ားျဖစ္သည္ ။

( ပါးျပင္အားလက္ညိုးျဖင့္ ေထာက္တတ္သူမ်ားသည္ ) စဥ္းစားဥာဏ္အေတြးအေခၚေကာင္း၍ အရာရာတိုင္းကို ခ်င့္ခ်င့္ခ်ိန္ခ်ိန္တြက္ဆတတ္ေပသည္ ။ ၎တို႔သည္ အထူးသျဖင့္ နိုင္ငံေရး ၊ စီးပြားေရး ၊ အနုပညာေလာကတို႔
၌ အၾကီးအကဲ မ်ားျဖစ္ေနတတ္ၾကသည္ ။

(မိမိ၏ လက္နွစ္ဖက္ကိုေနာက္ပစ္၍ ဦးေခါင္းေနာက္ဖက္သို႔တင္ထားသူမ်ားသည္ ) သြက္လက္ခ်က္ခ်ာ၍ ေအာင္ျမင္မူပန္းတိုင္သို႔ေရာက္ရွိသူမ်ား ျဖစ္သည္ ။ ၎တို႔သည္ ျဖတ္ထိုးဥာဏ္ေကာင္း၍ အရာရာတိုင္းကို လွ်င္ျမန္စြာ ဆံုးျဖတ္တတ္သူမ်ားျဖစ္သည္ ။

( မိမိလက္ျဖင့္ပါးစပ္ကို ပြတ္သပ္ကစားသူမ်ားသည္ ) ေလာင္းကစား၀ါဒနာထံု ၍ အရာရာတိုင္းကို စိတ္ဒိၶဟ ရွိေနသူမ်ားျဖစ္သည္ ။ ၎တို႔သည္ တခါတရံဇီဇာေၾကာင္တတ္သည္ ။

( မိမိလက္ညိႈးကို နုတ္ခမ္းေပၚတင္တတ္သူမ်ားသည္ ) ေကာင္းေသာ အလုပ္ျဖစ္ေစ ၊ ဆိုးေသာ အလုပ္ျဖစ္ေစ ျပတ္သားတိက်စြာ မလုပ္ကိုင္ရဲေသာ လူေၾကာက္မ်ားျဖစ္သည္ ။ ၎တို႔သည္ မိမိကိုယ္ကိုလည္း အားမကိုးနိုင္ ၊
သူမ်ားကိုလဲအားမကိုး တတ္သူမ်ားျဖစ္သည္ ။

(လက္ဖ၀ါးနွစ္ဖက္ကို တစ္ခုနွင့္တစ္ခု ထပ္၍ဆုပ္ကာထားစဥ္လက္၀ဲဖက္လက္မသည္ အထက္၌ရွိေနလ်ွင္ ) ထိုသူသည္ စိတ္ကူးယဥ္သမား ျဖစ္သည္ ။ ဆင္ျခင္စဥ္းစားဥာဏ္ေခါင္းပါးမည္ ။ ေလထဲတိုက္ေဆာက္တတ္သူမ်ိဳးျဖစ္သည္ ။

(လက္ယာဖက္လက္မသည္ အထက္၌ရွိေနလ်ွင္ ) ထိုသူ သည္ လက္ေတြ႔သမားျဖစ္သည္ ။ ဖ်တ္ဖ်တ္လတ္လတ္ ရွိသူျဖစ္မည္ ။ ဆင္ျခင္စဥ္းစားတတ္ေသာ ဥာဏ္ရွိမည္ ။

(လက္မကို လက္ေခ်ာင္းကေလးမ်ားအတြင္း၌၀ီက္ထားသကဲ့သို႔ ) ရွိေနလ်ွင္ ထိုသူသည္ အာဏာအတြက္ အထူးလိုက္လံရွာေဖြေနသူျဖစ္သည္ ။ သူတစ္ပါးကို အားကိုးလိုစိတ္ရွိတတ္ျပီး ေလာကၾကီး၏ ဖိနွိ္ပ္မူကို ခံစားေနရပါလားဟုထင္ျမင္ေနသူျဖစ္သည္ ။

( လက္မထိပ္ဖ်ားမ်ားသည္ လက္ညိဳးနွင့္ လက္ခလယ္ၾကားမွျပဴထြက္ေနလ်ွင္ ) ထိုသူသည္ အရာရာတိုင္း၌ စိတ္ပူပတ္တတ္ယံုမက သံသယမကင္းသူျဖစ္သည္ ။ မည္သည့္ ကိစၥတြင္မဆိုျဖစ္မွျဖစ္ပါ့မလား ၊ ဟုတ္မွဟုတ္ပါ့မလား စသည္ျဖင့္ တဖြဖြေျပာတတ္သူျဖစ္သည္ ။

(လက္မသည္ အျပင္ဖက္၌ေပၚေပၚထင္ထင္ ၊ ထိုးထိုးထာင္ေထာင္ ထြက္ေပၚေနလ်ွင္ )ထိုသူသည္ မိမိကိုယ္ကို မိမိအလြန္ စိတ္ခ်ယံုၾကည္သူျဖစ္ေပမည္ ။ တပါးသူမ်ား အေပၚ ၾသဇာလြမ္းမိုး၍ အမိိန္႔ေပးနိုင္သည့္ အရည္အခ်င္းရွိမည္ ။

(လက္ေခ်ာင္းကေလးမ်ားကို ခပ္ခြာခြာထားတတ္လ်ွင္) ထုိသူသည္ ကိုယ့္အားကိုယ္ကိုးတတ္သူျဖစ္သည္ ။ ေျပာဆိုဆက္ဆံရာ၌ ပြင့္ပြင့္လင္းလင္း ရွိယံုမက အရာရာတိုင္း၌ အသင့္အေနအထားရွိေနတတ္သူျဖစ္သည္ ။ ေနာင္ခါလာ ေနာင္ခါေစ်းဆိုေသာ စိတ္ထားမ်ိဳးရွိမည္ ။

( လက္ေခ်ာင္းမ်ားကို တစ္လုနွင့္တစ္ခု ထိေနေအာင္ထားလွ်င္ )ထိုသူသည္ အရွက္ကို အသက္နွင့္လဲ၍ ကာကြယ္တတ္သည့္ ပုဂိၢဳလ္ျဖစ္သည္ ။ အရာရာတြင္ စိုးရိမ္ေၾကာင့္ၾကတတ္သည္ ။ မလိုအပ္ပဲ သတိ လြန္ကဲေနတတ္သူျဖစ္ကည္ ။

(လက္ေခ်ာင္း ကေလးမ်ားသည္ အတြင္းပိုင္းသို႔ ေကြး၀င္ေနလ်ွင္ ) ထိုသူသည္ အတၱစိတ္ရွိသူျဖစ္သည္ ။ တစ္ကိုယ္ေကာင္းဆန္တတ္သူလဲ ျဖစ္မည္ ။ မိမိကိုယ္ကို မိမိယံုကည္မူ ကင္းမဲ့ျပီး စိတ္ေသာကမ်ားတတ္သူျဖစ္မည္ ။

( လက္ေခ်ာင္းကေလးမ်ားသည္ အတြင္းဖက္သို႔ေကြး၀င္ေနသည္ လက္မွာ လက္သီးဆုတ္ဟန္မ်ိဳးျဖစ္ေနလ်ွင္) ထိုသူမ်ိဳးကို အလြန္သတိထားရမည္ ။ ၎စိတ္ျမန္လက္ျမန္ရွိငတစ္ပါး သူကိုၾသဇာလြမ္းမိုးလိုစိတ္ အလြန္ျပင္းျပသူျဖစ္သည္ ။ ၎လက္ – နာဇီေခါင္းေဆာင္ ဟစ္တလာ- ရုရွားေခါင္းေဆာင္ စတာလင္

( လက္ေခ်ာင္းမ်ားအဆစ္မပ္သလို ခပ္ေတာင့္ေတာင့္ ျဖစ္လ်ွင္ )ထိုသူသည္ သတိအလြန္ရွိသူမ်ားျဖစ္ျပီး တစ္ပါးသူကို အယံုအၾကည္ ကင္းမဲ့ေနသူျဖစ္သည္ ။ မိမိကိုယ္မွ လဲြ၍ အျခားမည္သူ႕ကိုမ်ွ စိတ္မခ်နိုင္သူ ျဖစ္သည္။ တစ္ပါးသူကို ေ၀ဖန္လိုစိတ္အျပည့္အ၀ ရွိမည္ ။

( ေပ်ာ့ေျပာင္းေသာ လက္ေခ်ာင္းကေလးမ်ားရွိျပီး ၎တို႔သည္ အျပင္ဖက္သို႔ေကာ့လန္ပံုေပၚေနလ်ွင္ ) ထိုသူသည္ ေလာကၾကီးနွင့္ အလိုက္အထိုက္ေနထုိင္တတ္သူျဖစ္မည္ ။ ေပ်ာ္ေပ်ာ္ေနေသခဲဟူေသာဆိုရိုးစကားကို အလြန္လိုက္နာလိုသူျဖစ္မည္ ။ေရာက္ေလရာမွာ ရွိတာေလးျဖင့္ေပ်ာ္ေပ်ာ္ေနတတ္သူျဖစ္မည္ ။ ေပးကမ္းစြန္႔ၾကဲရာ၌လည္း အလြန္ရက္ေရာသည္ ။ သို႔ေသာ္ ရုတ္တရက္အမွတ္အထင္ေဒါသအိုးေပါက္ကဲြတတ္သူျဖစ္၍ သတိထားရမည္ ။

ဤကဲ့သို႔……..လက္တို႔၏ လႈပ္ရွားမူသဘာစကို ေလ့လာအကဲခတ္ျခင္းျဖင့္ လူတစ္ေယာက္၏ စိတ္ေနစိတ္ထားနွင့္စရိုက္လကၡဏာမ်ားကို လြယ္ကူစြာအကဲခတ္နိုင္ေပသည္ ။ အဘယ္ေၾကာင့္ဆိုေသာ္ လူ၏ မ်က္နွာသည္ ဟန္ေဆာင္ရနိုင္ေပသည္ ။ အက်င့္ပါေနေသာလက္တို႔၏ အေနအထားကားထိုသူ၏ ပင္ကိုယ္စိတ္အေနအထားကို ဖါင့္ဟေနေသာေၾကာင့္ ဟန္ေဆာင္၍မရေပ ။ မည့္သို႔ဆိုေစ – မိမိကုိယ္တိုင္ အျခားသူမ်ား၏ လက္လႈပ္ရွားမူမ်ားကို စိတ္၀င္စားစြာအကဲခတ္ေလ့လာပါက မၾကာမီအခ်ိန္အတြင္း မိမိအကဲခတ္မူမ်ားသည္ မွန္ကန္ေနသည္ကို ေတြ႕ရေပကည္ ။

သန္း၀င္းလႈိင္

———————

လက်အနေအထားကတစ်ဆင့် လူတစ်ယောက်ရဲ့ စိတ်ကို အကဲခတ်နည်း (unicode)

ရေးသားသူ – သန်းဝင်းလှိုင်

လူတစ်ဦးတစ်ယောက်ကို တဒင်္ဂအတွင်းတွေ့မြင်ယုံနှင့် ၎င်း၏အကျင့်စရိုက်စိတ်နေသဘောထားတို့ကို သိရှိရန်မှာ လွယ်ကူလှသည် မဟုတ်ပါ ။ သို့သော် လူ၏ စိတ်သည် မျက်နှာပေါ်တွင် ပေါ်ပေါက်ထင်ဟတ်နေသကဲ့သို့ လက်၏ လှုပ်ရှားမူပေါ်တွင်လည်း ထင်ဟတ်ဖေါ်ပြနေသည်ကို သိပ္ပံနည်းကျ လေ့လာထားရှိချက်များအရ သိရှိကြသည် ။ လက်၏လှုပ်ရှားမူနှင့် လက်မများလက်ချောင်းတို့၏ အထားအသိုပေါ်မူတည်၍ အကဲခတ်ခြင်းအားဖြင့် အကျင့်စရိုက်စိတ်နေသဘောထားတို့ကို တစိတ်တဒေသ သိရှိနိုင်ပါသည် ။

ဥပမာ – လူတစ်ယောက်သည် ဒေါသကြီးစွာ ဖြစ်လာလျှင် မျက်နှာတစ်ခုလုံး တီရဲနေအောင်သွေးရောင်လွမ်းလာမည် မဟုတ်ပါလား ။ ထို့အတူ ပင်လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်ထားတတ်ကြသည်မှာလည်း သိသာသည့် အချက်ကြီးတရပ်ပင်ဖြစ်ပါသည် ။ ထို့ကြောင့် လူတစ်ယောက်၏ စရိုက်လက္ခဏာ ကိုလေ့လာအကဲခတ်နိုင်ရန် လက်၏ လှုပ်ရှားမူနှင့် လက်အနေအထားအမျိုးမျိုးအပေါ် ” ရူပသျှတ္တရ ” ပညာရှင်များ၏ ဟောဆိုချက်များကို လေ့လာကြပါစို့ ။

( ပွင့်လင်းရိုးသားသောသူတို့) ၏လက်သည် ပြန့်ကားလျှက်(ဝါ)ဖွင့်လျှက်အနေအထားရှိ၏ ။ လက်ကိုထင်သာမြင်သာအောင်ပြတတ်၏ ။
(လျှို့ဝှက်တတ် ၊ လျိွဳ႕ဝှက်ချက်ရှိသူများသည် ) ၎င်းတို့၏ လက်ကိုဆုတ်ကိုင်ထားတတ်ကြသည် ။ လက်ကိုဝှက်ထား၍လည်း တတ်ကြသည် ။
(လက်ချောင်းများသည် အချင်းချင်း ပူးလျှက်ထားရှိခြင်း ၊ လက်ကိုဆုတ်၍အောက်သို့တွဲလောင်းချထားခြင်း ) တို့ကို တွေ့ရှိပါက ထိုသူသည် ယုံကြည်ချက်ကို ဆုတ်ကိုင်ထားတတ်သူတဦးဖြစ်သည် ။ လုပ်ငန်း တို့၏ လျိွဳ႕ဝှက်များကိုလည်း ဖုံးကွယ်ထားတတ်သူမျိုးဖြစ်သည် ။

(လူတယောက်၏ လက်များသည် ဘေးတဖက်တချက် စီတွင်ထားရှိပြီးဖြန့်ကားထားခြင်း ၊ ပျော့လျော့စွာထားခြင်း တို့ကို တွေ့မြင်ရပါက ၎င်းသည် စိတ်ဓါတ်ကြံ့ခိုင်သူမဟုတ်ချေ ။ ဆုံးဖြတ်ချက်မရှိရည်ရွယ်ချက်ကင်းမဲ့သူမျိုးဖြစ်သည် ။ ရရစားစား ၊ ပေါ့ပေါ့နေပေါ့ပေါ့စား လူမျိုးဖြစ်သည် ။ ထိုသူတို့၏ စိတ်မှာ ပျင်းရိခြင်း ၊ ပေါ့ပျက်ပျက်များရှိလေသည် ။

(လက်နှစ်ဖက်ကို ဘေးတွင်ချထားသည် မှတ်သော်လည်း လက်သီးမှာဆုပ်လှက်ရှိတတ်သူများသည် ) ကြမ်းတမ်းခက်ထန်သူများဖြစ်သည် ။ စိတ်ရိုင်းရှိသည် ။ ရက်စက်ကြမ်းကြုတ်သောအပြုအမူမျိုးရှိသူဖြစ်သည် ။ ထိုလူတို့သည် ရန်လိုတတ်သောသဘောကို ဖေါ်ပြနေသဖြင့်မကြာခဏ ရန်ပွဲနှင့် ရင်ဆိုင်ရတတ်၏ ။ နိုင်ထက်ကလူပြုလိုသော ဥာဏ်ဆိုးရှိသည် ။ ကောက်ကျစ်ရက်စက်တတ်သော သဘောလည်းရှိပြန်သည် ။

(လက်သီးကို ကျစ်ကျစ်ပါအောငါဆုတ်ထားသော အမှတ်အသားသည် စိတ်ဝယ်တစုံတရာ ယတိပြတ်ဆုံးဖြတ်ခြင်း၏ အမှတ်အသားပင်ဖြစ်သည် ။

(လူတစ်ယောက်သည် သူ၏လက်ကို အထက်နှင့်အောက်သို့ ချီချတင်ချီပြုမူနေခြင်းသော်၎င်း ၊ အင်္ကျီ၊ဘောင်းဘီအိတ်အတွင်းသို့ချီထုတ်ချီ ) ပြုလုပ်နေလျှင်သော်၎င်း သူ၏ လက်များကိုမည့်သည့်နေရာထားရမှန်းမသိအောင်နေရာရှာမရဖြစ်နေပါက ရည်ရွယ်ချက် ၊ ရည်မှန်းချက်၍ မယ်မယ်ရရ ဆုတ်ကိုင်ထားမူ့မရှိခြင်း ၊ စိတ်မှာ မရေမရာခြင်း ၊ မသေမချာခြင်းတို့ ကိုဖော်ပြနေခြင်းသာဖြစ်သည် ။ ၎င်းတို့သည် ရည်ရွယ်ချက်မရှိသွားလာလည်ပတ်တတ်ခြင်း ၊ ပြူမူတတ်ခြင်း ၊ မရေမရာစကားများကိုလည်းပြောဆိုတတ်ခြင်းရှိတတ်ပေသည် ။

(လူတစ်ယောက်သည် သူ၏ လက်များကို ရွေ့လျားလှုပ်ရှားရာတွင်တစုံတရာနှင့်ထိခိုက်စိုးရွံ့၍ ရှောင်တိမ်းခြင်းသတိကြီးစွာထားခြင်းများကို တွေ့ရပါက ထိုသူသည် အရာရာတိုင်းတွင်သံသယကြီးစွာရှိသူဖြစ်ကြောင်း အတတ်သိနိုင်လေသည် ။ ၎င်းသည်ပြင်းထန်စွာစိုးရိမ်ကြောင့်ကြစိတ်ရှိ၍ သတိကြီးသူလဲဖြစ်သည် ။ ထာဝရစိုးရိမ်စိတ်မကင်းဖြစ်နေတတ်သည် ။ မည်သူ့ကိုမျှရုံကြည်စိတ်ချထားခြင်းမရှိချေ ။

( လူတစ်ယောက်သည် တစုံတရာကို ကိုင်တွယ်ဆော့ကစားတတ်ခြင်း ) ဥပမာ – လက်ကိုင်ပဝါ ၊ကျောက်ခဲ ၊ ပစ္စည်းငယ်များစသည်တို့ကို ခက်တွင်ဟိုပွတ်ဒီပွတ်လှုပ်ကစားနေတတ်ခြင်းသည် ၎င်း၏ စိတ်ဂဏှာမငြိမ်ခြင်းနှင့် စိတ်ကစားနေမူကိုဖေၾ္ပြနေခြင်းဖြစ်သည် ။ ထိုနည်းတူစွာခဲတံ ၊ ဘောပင်ဖြင့် ရောက်တတ်ရာရာရေးခြစ်သူများလည်း ဤသဘောပင်ဖြစ်သည် ။

(လက်ဝါးနှစ်ခုကိုပူး၍ကပ်၍ ဆုပ်ကိုင်ထားတတ်သော အကျင့်ရှိသူတို့သည် စိတ်ထားတည်ငြိမ်အေးချမ်းခြင်းကို ပြသည် ။ စိတ်သဘောထားတည်ငြိမ်၍ ဒေါသစိတ်လဲကင်းရှင်းနေမူကိုပြသည် ။ ၎င်းတို့သည် များသောအားဖြင့်
စပ်စုခြင်းကင်း၍ ဘာသိဘာသာနေထိုင်တတ်သည်။ ပူပင်သောကလဲမရှိချေ အေးအေးနေတတ်ပြီးစကားနည်းသူများဖြစ်သည် ။

( လူတစ်ယောက်သည် သူ၏လက်မောင်းများ ၊ လက်ဝါးများကို ခပ်ကြွားကြွား ၊ ခပ်ကားကားထား၍ လက်သီးဆုတ်ထားသည့်ဟန် )ပန်ရှိသူတို့သည် စရိုက်ကြမ်း၍ ရိုင်းစိုင်းသောစိတ်ထားရှိသူများဖြစ်သည် ။ ကြမ်းတမ်းသော အလုပ်ကိုလုပ်ကိုင်ရသူများလဲဖြစ်သည် ။ ၎င်းတို့သည် အငြင်းအခုံ သန်၍ မည်သူ့ကိုမျှ အောက်ကြို့မခံတတ်ပေ ။ စကားကိုလဲ အထက်စီးမှ ပြောတတ်သည် ။ ( ၀ ) မရှိဘဲ ( ဝိ ) လုပ်နေသူများဖြစ်သည် ။ ယင်းတို့သည် အားနဲသူများအပေါ်တွင် ဖိနှိပ်အနိုင်ကျင့်တတ်သည် ။ ထိုသူများကိုဆက်ဆံရာ၌ သတိတရားကြီးစွာထား၍ ဆက်ဆံသင့်ပေသည် ။ သို့မဟုတ်ပါက ရန်ပြဿနာများမုချပေါ်ပေါက်လာနိုင်ပေသည် ။ လစ်ဗျား ခေါင်းဆောင်ဗိုလ်မူးကြီး ( ကဒါဖီ ) နှင့် အီတလီအာဏာရှင်( မူဆိုလိုနီ ) တို့သည် ဤကဲ့သို့လက် အနေအထား ထားတတ်လေသည် ။

(လူတစ်ယောက်သည် သူ၏ လက်နှစ်ဖက်ကို ပွတ်သပ်နေခြင်း ၊ ချေးတွန်းသကဲ့သို့ တစ်ခုကို တစ်ခု ပွတ်သပ်နေခြင်းများကို ) တွေ့ပါက ထိုသူသည် ယုံကြည်ထိုက်သူတစ်ဦး မဟုတ်ပေ ။ ကတိသစ္စာ မတည်ကြည်သူ ၊ မရိုးမဖြောင့်သောသူများဖြစ်သည် ။ လိမ်ညာလှည့်ဖျားတတ်သောသူများလဲဖြစ်သည် ။ ၎င်းတို့၏ အပြောများကိုမည်သည့်အခါမျှမယုံကြည်ရချေ ။ ထိုသူတို့သည် သူတစ်ပါးအပေါ် တွင် အမြဲတစေလိမ်ညာလှည့်ဖျား၍ ကိုယ်ကျိုးရှာအတ္တသမား သက်သေသာဖြစ်သည် ။

( လူတစ်ယောက်သည် သူ၏လက်များကို တွဲလောင်းချထားပြီး မလုပ်ချင်မကိုင်ချင်နှင့်ပုံ )မျိုးလက်ကို အုန်းဆံကြိုးနှစ်ချောင်းတွဲလဲချထားသကဲ့သို့သူမျိုး ၊ ထူထဲလေးလံ၍ လှုပ်ရှားမူနှေးကွေးသော လက်မျိုးသည် စိတ်ဓါတ်ရေးရာအလွတ်ကျဆင်းနေသူများဖြစ်သည် ။ ၎င်းတို့သည် အသက်ရှင်လျှက်စိတ်ဓါတ်သေဆုံးနေသူများဖြစ်သည် ။ ဖြစ်သလိုနေဖြစ်သလိုစား၍ လောကကြီးကို ငြီးငွေ့နေသူများဖြစ်သည် ။ ၎င်းတို့၏ ဘဝသည် ကြမ်းတမ်းခက်မာပြီး လွယ်ကူချောမောခြင်းမရှိတတ်ချေ ။

( လူတစ်ယောက်သည် သူ၏လက်နှစ်ဖက်ကို နောက်တွင်ပစ်လျှက်ဆုတ်ကိုင်ထားတတ်ခြင်းသည် ) သတိတရားကြီးလွန်းသူဖြစ်သည် ။ သတိဝိရိယအမြဲ ရှိနေခြင်းများကိုပြသည် ။ ၎င်းတို့သည် အစဉ်နိုးကြားနေသူဖြစ်သည် ။ သို့သော် ရှေ့လုပ်ရမည့် လုပ်ငန်းစဉ်အတွက် ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက်မချတတ်သူများဖြစ်သည် ။

( လက်သည်းကိုက်တတ်သူများ) သည် စိတ်ကူးယဉ်တတ်၍ ပေါ့ပေါ့နေပေါ့ပေါ့စား များဖြစ်ကြသည် ။ ၎င်းတို့သည် မိမိသက်သာလျှင်ပြီးရော လူစားမျိုးဖြစ်သည် ။ ယင်းတို့သည် ကိုယ်ကျိုးတစ်ခုတည်းကိုသာ ရှေ့တန်းတင်၍ လုပ်ကိုင်တတ်ကြ၏ ။

(လက်သီးနှစ်ဖက်ဆုပ်၍ မေးထောက်တတ်သူများ ) သည် ပျော်ပျော်ရွင်ရွင်နေတတ်သူများဖြစ်သည် ။ ၎င်းတို့သည် အပေါင်းအသင်းအပေါ်ခုံမင်၍ အရာရာတိုင်းကို သူများအားကိုးတတ်ကြသည် ။

( ပါးပြင်နှစ်ဖက်အားပွတ်သပ်တတ်သူများနှင့် မေးစေ့ပွတ်သပ်တတ်သူများသည် )အကြံကြီးသူများဖြစ်ကြသည်။ ၎င်းတို့သည် စေ့စပ်သေချာ၍ ပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်တတ်သူများဖြစ်သည် ။

( ပါးပြင်အားလက်ညိုးဖြင့် ထောက်တတ်သူများသည် ) စဉ်းစားဥာဏ်အတွေးအခေါ်ကောင်း၍ အရာရာတိုင်းကို ချင့်ချင့်ချိန်ချိန်တွက်ဆတတ်ပေသည် ။ ၎င်းတို့သည် အထူးသဖြင့် နိုင်ငံရေး ၊ စီးပွားရေး ၊ အနုပညာလောကတို့
၌ အကြီးအကဲ များဖြစ်နေတတ်ကြသည် ။

(မိမိ၏ လက်နှစ်ဖက်ကိုနောက်ပစ်၍ ဦးခေါင်းနောက်ဖက်သို့တင်ထားသူများသည် ) သွက်လက်ချက်ချာ၍ အောင်မြင်မူပန်းတိုင်သို့ရောက်ရှိသူများ ဖြစ်သည် ။ ၎င်းတို့သည် ဖြတ်ထိုးဥာဏ်ကောင်း၍ အရာရာတိုင်းကို လျှင်မြန်စွာ ဆုံးဖြတ်တတ်သူများဖြစ်သည် ။

( မိမိလက်ဖြင့်ပါးစပ်ကို ပွတ်သပ်ကစားသူများသည် ) လောင်းကစားဝါဒနာထုံ ၍ အရာရာတိုင်းကို စိတ်ဒ္ဓိဟ ရှိနေသူများဖြစ်သည် ။ ၎င်းတို့သည် တခါတရံဇီဇာကြောင်တတ်သည် ။

( မိမိလက်ညှိုးကို နုတ်ခမ်းပေါ်တင်တတ်သူများသည် ) ကောင်းသော အလုပ်ဖြစ်စေ ၊ ဆိုးသော အလုပ်ဖြစ်စေ ပြတ်သားတိကျစွာ မလုပ်ကိုင်ရဲသော လူကြောက်များဖြစ်သည် ။ ၎င်းတို့သည် မိမိကိုယ်ကိုလည်း အားမကိုးနိုင် ၊
သူများကိုလဲအားမကိုး တတ်သူများဖြစ်သည် ။

(လက်ဖဝါးနှစ်ဖက်ကို တစ်ခုနှင့်တစ်ခု ထပ်၍ဆုပ်ကာထားစဉ်လက်ဝဲဖက်လက်မသည် အထက်၌ရှိနေလျှင် ) ထိုသူသည် စိတ်ကူးယဉ်သမား ဖြစ်သည် ။ ဆင်ခြင်စဉ်းစားဥာဏ်ခေါင်းပါးမည် ။ လေထဲတိုက်ဆောက်တတ်သူမျိုးဖြစ်သည် ။

(လက်ယာဖက်လက်မသည် အထက်၌ရှိနေလျှင် ) ထိုသူ သည် လက်တွေ့သမားဖြစ်သည် ။ ဖျတ်ဖျတ်လတ်လတ် ရှိသူဖြစ်မည် ။ ဆင်ခြင်စဉ်းစားတတ်သော ဥာဏ်ရှိမည် ။

(လက်မကို လက်ချောင်းကလေးများအတွင်း၌ဝီက်ထားသကဲ့သို့ ) ရှိနေလျှင် ထိုသူသည် အာဏာအတွက် အထူးလိုက်လံရှာဖွေနေသူဖြစ်သည် ။ သူတစ်ပါးကို အားကိုးလိုစိတ်ရှိတတ်ပြီး လောကကြီး၏ ဖိနှိ်ပ်မူကို ခံစားနေရပါလားဟုထင်မြင်နေသူဖြစ်သည် ။

( လက်မထိပ်ဖျားများသည် လက်ညိုးနှင့် လက်ခလယ်ကြားမှပြူထွက်နေလျှင် ) ထိုသူသည် အရာရာတိုင်း၌ စိတ်ပူပတ်တတ်ယုံမက သံသယမကင်းသူဖြစ်သည် ။ မည်သည့် ကိစ္စတွင်မဆိုဖြစ်မှဖြစ်ပါ့မလား ၊ ဟုတ်မှဟုတ်ပါ့မလား စသည်ဖြင့် တဖွဖွပြောတတ်သူဖြစ်သည် ။

(လက်မသည် အပြင်ဖက်၌ပေါ်ပေါ်ထင်ထင် ၊ ထိုးထိုးထာင်ထောင် ထွက်ပေါ်နေလျှင် )ထိုသူသည် မိမိကိုယ်ကို မိမိအလွန် စိတ်ချယုံကြည်သူဖြစ်ပေမည် ။ တပါးသူများ အပေါ် ဩဇာလွမ်းမိုး၍ အမိန့်ပေးနိုင်သည့် အရည်အချင်းရှိမည် ။

(လက်ချောင်းကလေးများကို ခပ်ခွာခွာထားတတ်လျှင်) ထိုသူသည် ကိုယ့်အားကိုယ်ကိုးတတ်သူဖြစ်သည် ။ ပြောဆိုဆက်ဆံရာ၌ ပွင့်ပွင့်လင်းလင်း ရှိယုံမက အရာရာတိုင်း၌ အသင့်အနေအထားရှိနေတတ်သူဖြစ်သည် ။ နောင်ခါလာ နောင်ခါဈေးဆိုသော စိတ်ထားမျိုးရှိမည် ။

( လက်ချောင်းများကို တစ်လုနှင့်တစ်ခု ထိနေအောင်ထားလျှင် )ထိုသူသည် အရှက်ကို အသက်နှင့်လဲ၍ ကာကွယ်တတ်သည့် ပုဂ္ဂိုလ်ဖြစ်သည် ။ အရာရာတွင် စိုးရိမ်ကြောင့်ကြတတ်သည် ။ မလိုအပ်ပဲ သတိ လွန်ကဲနေတတ်သူဖြစ်ကည် ။

(လက်ချောင်း ကလေးများသည် အတွင်းပိုင်းသို့ ကွေးဝင်နေလျှင် ) ထိုသူသည် အတ္တစိတ်ရှိသူဖြစ်သည် ။ တစ်ကိုယ်ကောင်းဆန်တတ်သူလဲ ဖြစ်မည် ။ မိမိကိုယ်ကို မိမိယုံကည်မူ ကင်းမဲ့ပြီး စိတ်သောကများတတ်သူဖြစ်မည် ။

( လက်ချောင်းကလေးများသည် အတွင်းဖက်သို့ကွေးဝင်နေသည် လက်မှာ လက်သီးဆုန်ဟန်မျိုးဖြစ်နေလျှင်) ထိုသူမျိုးကို အလွန်သတိထားရမည် ။ ၎င်းစိတ်မြန်လက်မြန်ရှိငတစ်ပါး သူကိုဩဇာလွမ်းမိုးလိုစိတ် အလွန်ပြင်းပြသူဖြစ်သည် ။ ၎င်းလက် – နာဇီခေါင်းဆောင် ဟစ်တလာ- ရုရှားခေါင်းဆောင် စတာလင်

( လက်ချောင်းများအဆစ်မပ်သလို ခပ်တောင့်တောင့် ဖြစ်လျှင် )ထိုသူသည် သတိအလွန်ရှိသူများဖြစ်ပြီး တစ်ပါးသူကို အယုံအကြည် ကင်းမဲ့နေသူဖြစ်သည် ။ မိမိကိုယ်မှ လွဲ၍ အခြားမည်သူ့ကိုမျှ စိတ်မချနိုင်သူ ဖြစ်သည်။ တစ်ပါးသူကို ဝေဖန်လိုစိတ်အပြည့်အဝ ရှိမည် ။

( ပျော့ပြောင်းသော လက်ချောင်းကလေးများရှိပြီး ၎င်းတို့သည် အပြင်ဖက်သို့ကော့လန်ပုံပေါ်နေလျှင် ) ထိုသူသည် လောကကြီးနှင့် အလိုက်အထိုက်နေထိုင်တတ်သူဖြစ်မည် ။ ပျော်ပျော်နေသေခဲဟူသောဆိုရိုးစကားကို အလွန်လိုက်နာလိုသူဖြစ်မည် ။ရောက်လေရာမှာ ရှိတာလေးဖြင့်ပျော်ပျော်နေတတ်သူဖြစ်မည် ။ ပေးကမ်းစွန့်ကြဲရာ၌လည်း အလွန်ရက်ရောသည် ။ သို့သော် ရုတ်တရက်အမှတ်အထင်ဒေါသအိုးပေါက်ကွဲတတ်သူဖြစ်၍ သတိထားရမည် ။

ဤကဲ့သို့……..လက်တို့၏ လှုပ်ရှားမူသဘာစကို လေ့လာအကဲခတ်ခြင်းဖြင့် လူတစ်ယောက်၏ စိတ်နေစိတ်ထားနှင့်စရိုက်လက္ခဏာများကို လွယ်ကူစွာအကဲခတ်နိုင်ပေသည် ။ အဘယ်ကြောင့်ဆိုသော် လူ၏ မျက်နှာသည် ဟန်ဆောင်ရနိုင်ပေသည် ။ အကျင့်ပါနေသောလက်တို့၏ အနေအထားကားထိုသူ၏ ပင်ကိုယ်စိတ်အနေအထားကို ဖါင့်ဟနေသောကြောင့် ဟန်ဆောင်၍မရပေ ။ မည့်သို့ဆိုစေ – မိမိကိုယ်တိုင် အခြားသူများ၏ လက်လှုပ်ရှားမူများကို စိတ်ဝင်စားစွာအကဲခတ်လေ့လာပါက မကြာမီအချိန်အတွင်း မိမိအကဲခတ်မူများသည် မှန်ကန်နေသည်ကို တွေ့ရပေကည် ။

သန်းဝင်းလှိုင်

Leave a Reply