ကမာၻ႔ အင္အားႀကီး တရုတ္ႏိုင္ငံအေၾကာင္း သိေကာင္းစရာ

Posted on

ေရးသားသူ – ေကာင္းစည္သူ (သုတအလင္း)

အေမရိကန္ျပည္ေထာင္စုၿပီးလွ်င္ ကမာၻ႔ စီးပြားေရး အင္အားအႀကီးဆုံးႏိုင္ငံျဖစ္သည့္ တရုတ္ျပည္သူ႕သမၼတႏိုင္ငံသည္ မၾကာေသာ ကာလမ်ားတြင္ ကမာၻ႔စီးပြားေရး အင္အားအႀကီးမားဆုံးႏိုင္ငံျဖစ္လာလိမ့္မည္ဟု ယူဆထားၾကသည္။ ထို႕အတူ အာရွတိုက္၏ ေဒသ တြင္းအင္အားႀကီးႏိုင္ငံျဖစ္သည့္ တရုတ္ႏိုင္ငံသည္ ကမာၻ႔ မဟာအင္အားႀကီး ႏိုင္ငံျဖစ္လာရန္ အလားအလာေကာင္းမ်ားရွိေနသည္။

တရုတ္ႏိုင္ငံသည္ အာရွတိုက္အေရွ႕ပိုင္းတြင္တည္ရွိၿပီး တစ္ပါတီစနစ္ကိုက်င့္သုံးသည့္ႏိုင္ငံျဖစ္ကာ လူဦးေရ ၁ ဒသမ ၄ ဘီလီယံရွိသျဖင့္ ကမာၻေပၚတြင္ လူဦးေရ အမ်ားဆုံးေနထိုင္လ်က္ရွိသည့္ႏိုင္ငံျဖစ္သည္။ ႏုိင္ငံေျမအက်ယ္အ၀န္းသည္ စတုရန္း ကီလို မီတာ ၉ ဒသမ ၆ သန္း ရွိသျဖင့္ ကမာၻ႔ ဒုတိယအႀကီးဆုံးကုန္းေျမကို ပိုင္ဆိုင္သည္။ ႏိုင္ငံစုစုေပါင္းအက်ယ္အ၀န္းတြင္ အေမရိကန္ႏိုင္ငံ၏ ဧရိယာ သတ္မွတ္ခ်က္အရ တတိယ (သို႕မဟုတ္) စတုတၳအႀကီးဆုံး ျဖစ္သည္။

တရုတ္ျပည္ကြန္ျမဴနစ္ပါတီ၏ အုပ္ခ်ဳပ္မႈေအာက္တြင္ရွိသည့္ တရုတ္ႏိုင္ငံသည္ ျပည္နယ္ ၂၂ ခု၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသ ငါး ခု ၊ တိုက္ရိုက္အုပ္ခ်ဳပ္ခြင့္ရ ၿမိဳ႕ေတာ္ ေလးခု (ပီကင္း၊ တီအန္ဂ်င္း၊ရွန္ဟိုင္းႏွင့္ေခ်ာင္ခ်င္း)၊ေဟာင္ေကာင္ႏွင့္မကာအိုအထူး အုပ္ခ်ဳပ္ခြင့္ရေဒသ တို႕ျဖင့္ ဖြဲ႕စည္းထားသည္။ တရုတ္ ျပည္သူ႕သမၼတႏိုင္ငံ၏ လက္ရွိ သမၼတသည္ ရွီက်င့္ဖ်င္ Xi Jinping ျဖစ္ၿပီး ၀န္ႀကီးခ်ဳပ္မွာ လီခပင့္ Li Keqiang ျဖစ္သည္။ ႀကီးမားက်ယ္၀န္းသည့္ တရုတ္ႏိုင္ငံ၏ ႏိုင္ငံ့ေခါင္းေဆာင္သည္ သမၼတျဖစ္၍ အစိုးရ အဖြဲ႕ေခါင္းေဆာင္သည္ ၀န္ႀကီးခ်ဳပ္ျဖစ္သည္။

တရုတ္ႏိုင္ငံသည္ ႏွစ္ေပါင္း ေထာင္ခ်ီ၍ သက္ဦးဆံပိုင္စနစ္ကိုအေျခခံသည့္ ႏိုင္ငံေရးစနစ္ကို က်င့္သုံးခဲ့ကာ မင္းဆက္ အဆင့္ဆင့္ကို ထူေထာင္ခဲ့ၿပီး နယ္ေျမမ်ား တိုးခ်ဲ႕၍ အႀကိမ္မ်ားစြာ ေပါင္းစည္းခဲ့ၾကသည္။၁၉၁၂ ခုႏွစ္တြင္ တရုတ္ႏိုင္ငံ၏ေနာက္ဆုံး မင္းဆက္ကို အစားထိုးခဲ့သည့္ တရုတ္သမၼတႏိုင္ငံ (The Republic of China) က တရုတ္ျပည္မႀကီးကိုအုပ္ခ်ဳပ္ခဲ့သည္။ ၁၉၄၉ ခုႏွစ္ ေအာက္တိုဘာလ ၁ ရက္တြင္ တရုတ္ျပည္ကြန္ျမဴနစ္ပါတီက တရုတ္ ျပည္သူ႕သမၼတႏိုင္ငံကို ထူေထာင္ခဲ့ၿပီး တရုတ္သမၼတႏိုင္ငံ အစိုးရသည္ တိုင္ေပသို႕ ဆုတ္ခြာသြားခဲ့သည္။

ကြန္ျမဴနစ္ပါတီ အစိုးရႏွင့္ ျပည္ေထာင္စုတရုတ္ႏိုင္ငံ အစိုးရ ႏွစ္ဖြဲ႕လုံးက မိမိတို႕သည္ တရုတ္ႏိုင္ငံ၏ တရား၀င္ အစိုးရျဖစ္ ေၾကာင္းေၾကညာခဲ့ၾကေသာ္လည္း ကြန္ျမဴနစ္ပါတီအစိုးရသည္ကမာၻ႔ ႏုိင္ငံမ်ားက အသိအမွတ္ျပမႈကိုရရွိခဲ့ၿပီး တရုတ္ႏိုင္ငံကို ထိန္းခ်ဳပ္ ႏိုင္ခဲ့သည္။ တရုတ္ႏိုင္ငံ၏ ၿမိဳ႕ေတာ္သည္ ေဘဂ်င္းျဖစ္ေသာ္လည္း ရွန္ဟိုင္းၿမိဳ႕က တရုတ္ႏိုင္ငံ၏အႀကီးဆုံးၿမိဳ႕ျဖစ္သည္။ ဟန္ လူမ်ိဳးစု မ်ားသည္ တရုတ္ႏိုင္ငံလူဦးေရ၏ ၉၁ ဒသမ ၅၁ ရာခိုင္ႏႈန္းရွိၿပီး က်န္ရာခိုင္ႏႈန္းသည္ လူနည္းစုမ်ိဳးႏြယ္ ၅၅ မ်ိဳးျဖစ္သည္။

တရုတ္ႏိုင္ငံသည္ ၁၉၇၈ ခုႏွစ္တြင္ စီးပြားေရးျပဳျပင္ေျပာင္းလဲမႈမ်ားကို ေဆာင္ရြက္ခဲ့ၿပီး စီးပြားေရး ဖြံ႕ၿဖိဳးမႈ အရွိန္အဟုန္ အလြန္ေကာင္းမြန္ခဲ့ကာ ၂၀၁၆ ခုႏွစ္တြင္ ကမာၻ႔စီးပြားေရးအင္အား ဒုတိယအေတာင့္တင္းဆုံးႏွင့္ ၀ယ္လိုအား အမ်ားဆုံး ႏိုင္ငံ အျဖစ္ ရပ္တည္ႏိုင္ခဲ့သည္။ထို႕အတူ ကမာၻ႔ပို႕ကုန္ အမ်ားဆုံးႏိုင္ငံ၊ သြင္းကုန္ဒုတိယ အမ်ားဆုံးႏိုင္ငံျဖစ္လာခဲ့သည္။ တရုတ္ႏိုင္ငံသည္ နယူးကလီးယားလက္နက္ပိုင္ဆိုင္ေသာ ႏိုင္ငံ၊ ကမာၻ႔အႀကီးဆုံး တပ္မေတာ္ရွိသည့္ ႏိုင္ငံ၊စစ္အသုံးစရိတ္ ဒုတိယ အမ်ားဆုံးသုံးစြဲသည့္ ႏိုင္ငံဟု အသိအမွတ္ျပဳၾကသည္။ထို႕အတူ ကမာၻ႔ကုလသမဂၢအဖြဲ႕လုံၿခဳံေရးေကာင္စီတြင္ အၿမဲတမ္း အဖြဲ႕၀င္ျဖစ္ၿပီး ဗီတိုအာဏာကို ပိုင္ဆိုင္ထားကာ ကမာၻ႔အဖြဲ႕အစည္းမ်ားစြာတြင္ ပါ၀င္လႈပ္ရွား လ်က္ရွိ ေနေပသည္။

သမိုင္းေနာက္ခံ

တရုတ္ႏိုင္ငံသည္ ကမာၻေပၚတြင္ ယဥ္ေက်းမႈ အေစာဆုံးထြန္းကားသည့္ ႏိုင္ငံမ်ားတြင္ပါ၀င္သည္။ တရုတ္လူမ်ိဳးမ်ား၏ အေစာပိုင္း ယဥ္ေက်းမႈသည္ တရုတ္ျပည္ေျမာက္ပိုင္း လြင္ျပင္ရွိ ေျမဆီေျမႏွစ္ေကာင္းမြန္သည့္ ျမစ္၀ါ ျမစ္၀ွမ္းတြင္ အေျခတည္ခဲ့ သည္။တရုတ္ႏိုင္ငံ၏ ေရွးေဟာင္းကာလအတြင္းခရစ္ေတာ္မေပၚမီ ၂၀၇၀ ႏွစ္အထိ ေက်ာက္ေခတ္သစ္ကာလကိုျဖတ္ သန္းခဲ့ၿပီး ေနာက္ခရစ္ေတာ္မေပၚမီ ၂၅၆ ခုႏွစ္အထိ ဇိုင္ယာ၊ ရွန္ႏွင့္ ေခ်ာင္မင္းဆက္ သုံးဆက္ အုပ္စိုးခဲ့သည္။

ေရွးေဟာင္းသုေတသန အေထာက္အထားမ်ားအရ လြန္ခဲ့ေသာ ႏွစ္ ၂၄ သိန္းမွ ၂၅၀ ၀၀၀ အတြင္း တရုတ္ႏိုင္ငံျဖစ္ လာမည့္ ေဒသတြင္ လူသားမ်ားျဖစ္လာမည့္ ေရွးဦးလူ(hominid)မ်ားေနထိုင္ခဲ့ၾကသည္။ မတ္မတ္သြားႏိုင္ၿပီျဖစ္သည့္ ေရွးဦး လူ (Homo erectus) ေက်ာက္ျဖစ္ရုပ္ၾကြင္းတစ္ခုကို ေဘဂ်င္းၿမိဳ႕အနီးရွိ ေခ်ာက္ကူဒီယန္ ဂူမွ ေတြ႕ရွိခဲ့ရာ ပီကင္းလူအျဖစ္ ထင္ရွားခဲ့ သည္။

တရုတ္ကို Richard Eden က အဂၤလိပ္စကားလုံး China ဟု ၁၅၅၅ ခုႏွစ္တြင္ ဘာသာျပန္ဆိုခဲ့ကာ ၁၅၅၆ ခုႏွစ္ထုတ္ေပၚတူဂီ နယ္သစ္ရွိေဖြသူ ဒူရာေတဘာဘိုစာ ဂ်ာနယ္တြင္ ေဖာ္ျပခဲ့သည္။ သုေတသီမ်ားက China ဟူသည့္ စကားလုံးသည္ တရုတ္ ေရွးစကားလုံး ခ်င္(Qin) ေဒသမွ ဆင္းသက္လာသည္ဟု လက္ခံထားၾကၿပီး ခ်င္သည္ တရုတ္ႏိုင္ငံ အေနာက္ဘက္အစြန္းတြင္ရွိခဲ့ သည့္ ျပည္နယ္ျဖစ္သည္။

တရုတ္ႏိုင္ငံ၏ တရား၀င္အမည္သည္ တရုတ္ျပည္သူ႕သမၼတႏိုင္ငံ(People’s Republic of China) ျဖစ္သည္။ယင္းအမည္ ကို မေပးမီ ၁၉၄၉ခုႏွစ္ ဇြန္လ ၁၅ ရက္တြင္က်င္းပခဲ့သည့္ တရုတ္ျပည္သူ႕ကြန္ဂရက္က တရုတ္ျပည္သူ႕ ဒီမိုကရက္တစ္ႏိုင္ငံ (People’s Democratic Republic of China) ဟု ေခၚဆိုရန္ အဆိုျပဳခဲ့သည္။၁၉၅၀ ျပည့္ႏွစ္ႏွင့္ ၁၉၆၀ ျပည့္ႏွစ္မ်ာအတြင္း တရုတ္ ျပည္တြင္းစစ္ျဖစ္ပြားခဲ့ကာ ကူမင္တန္မ်ားအားအႏိုင္ရရွိၿပီးေနာက္ ကြန္ျမဴနစ္တရုတ္ႏိုင္ငံ၊ တရုတ္နီဟုလည္း ေခၚခဲ့ၾကသည္။

တရုတ္ႏိုင္ငံ၏ ပထမဆုံးမင္းဆက္သည္ ခရစ္ေတာ္မေပၚမီ ႏွစ္ ၂၁၀၀ တြင္ ေပၚထြန္းခဲ့သည့္ ဇိုင္ယာမင္းဆက္(Xia Dynasty) ျဖစ္သည္။ ၁၉၅၉ ခုႏွစ္တြင္ သိပၸံနည္းက် တူးေဖာ္မႈမ်ားအတြင္း ေတြ႕ရွိခဲ့သည့္ အေစာပိုင္းေၾကးေခတ္ အေထာက္ အထား မ်ားသည္ ဇိုင္ယာမင္းဆက္သို႕မဟုတ္ အျခားေခတ္ၿပိဳင္ယဥ္ေက်းမႈ အၾကြင္းအက်န္မ်ားဟုတ္မဟုတ္ ကြဲကြဲျပားျပားမသိရွိခဲ့ၾကေခ်။ သမိုင္းပညာရွင္မ်ားက ေခတ္ၿပိဳင္မွတ္တမ္းမ်ားအရ ဇိုင္ယာမင္းဆက္ေနာက္တြင္ ေပၚထြန္းခဲ့သည့္ ရွန္မင္းဆက္(Shang dynasty) ကို တရုတ္ႏိုင္ငံ၏ အေစာဆုံးမင္းဆက္ဟု အတည္ျပဳၾကသည္။ ရွန္တို႕သည္ ခရစ္ေတာ္မေပၚမီ ၁၇ ရာစုမွ ၁၁ ရာစုအထိ ျမစ္၀ါ လြင္ျပင္ကို အုပ္ခ်ဳပ္ခဲ့သည္။

ေခ်ာင္မင္းဆက္ ( Zhou dynasty)က ရွန္တို႕ကို အႏိုင္ယူခဲ့ကာ ဘီစီ ၁၁ ရာစုမွ ၅ ရာစုအတြင္း ဗဟိုခ်ဳပ္ကိုင္မႈျဖင့္ အုပ္ခ်ဳပ္ခဲ့ၿပီး ေျမရွင္ပေဒသရာဇ္စနစ္က တျဖည္းျဖည္း လႊမ္းမိုးလာခဲ့သည္။မ်ားစြာေသာ လြတ္လပ္သည့္ နယ္ေျမမ်ား တစ္စတစ္စေပၚ ထြန္းလာခဲ့ကာ တစ္ဖြဲ႕ႏွင့္ တစ္ဖြဲ႕ ႏွစ္ ၃၀၀ ၾကာသည့္တိုင္ စစ္ပြဲမ်ားျဖစ္ခဲ့ၾကသည္။ထိုစဥ္က ျပည္နယ္ ခုနစ္ခုသည္ မိမိတို႕ကိုယ္တိုင္ ဘုရင္မ်ားႏွင့္ စစ္တပ္မ်ားရွိခဲ့ၾကသည္။ဘီစီ ၂၂၁ ခုႏွစ္တြင္ ခ်င္မင္းဆက္က က်န္ျပည္နယ္ ေျခာက္ခုကို ေအာင္ႏိုင္မႈရခဲ့ကာ တရုတ္ ႏိုင္ငံ၏ ပထမဆုံးေသာ စည္းလုံးညီညြတ္သည့္ ႏိုင္ငံေတာ္ကို ထူေထာင္ကာ ဘုရင္ခ်ိန္ (King Zheng) က ခ်င္မင္းဆက္၏ပထမဆုံး ဧကရာဇ္အျဖစ္ ေၾကျငာခဲ့သည္။

ထိုအခ်ိန္မွ စ၍ တရုတ္မင္းဆက္မ်ားတစ္ဆက္ၿပီးတစ္ဆက္ အုပ္ခ်ဳပ္ခဲ့ၾကၿပီး ၁၉၁၂ ခုႏွစ္ ဇန္န၀ါရီလ ၁ ရက္တြင္ တရုတ္ မင္းဆက္မ်ား ျပတ္ကာ တရုတ္သမၼတႏိုင္ငံ (the Republic of China) ေပၚထြန္းခဲ့သည္။ တရုတ္ႏိုင္ငံ၏ ႏိုင္ငံေရးျဖစ္စဥ္တြင္ ၁၉၄၉ ခုႏွစ္မွ ၁၉၇၆ ခုႏွစ္အထိကို ေမာ္စီတုန္းေခတ္၊ ၁၉၇၆ ခုႏွစ္မွ ၁၉၈၉ ခုႏွစ္အထိကို ျပန္လည္ တည္ေဆာက္ေရးေခတ္၊ ၁၉၈၉ ခုႏွစ္မွ ၂၀၀၂ ခုႏွစ္အထိကို ထြန္းေတာက္လာသည့္ ေခတ္ဟု သတ္မွတ္ခဲ့သည္။ေမာ္စီတုန္းသည္ ၁၉၄၉ ခုႏွစ္ ေအာက္တိုဘာလ ၁ ရက္ တြင္ တရုတ္ျပည္သူ႕သမၼတႏိုင္ငံကို ထူေထာင္ခဲ့ခ်ိန္မွ စ၍ လက္ရွိ ရွီက်င့္ဖ်င္ အုပ္ခ်ဳပ္ခ်ိန္အထိ တရုတ္ေခါင္းေဆာင္ႀကီး မ်ားျဖစ္ၾက သည့္ ေမာ္စီတုန္း၊ တိန္ေရွာင္ဖိန္၊ က်န္ဇီမင္း၊ ဟူက်င္ေတာင္တို႕က တရုတ္ႏိုင္ငံကို အင္အားႀကီးႏိုင္ငံတစ္ခုျဖစ္လာေစရန္ ဦးေဆာင္ခဲ့ၾကသည္။

စီးပြားေရး ျပဳျပင္ေျပာင္းလဲမႈ

ေမာ္စီတုန္းကြယ္လြန္ၿပီးေနာက္ ဟြာကိုဖုန္းက တရုတ္ႏိုင္ငံ၏ သမၼတ တာ၀န္ကုိ ယူခဲ့ေသာ္လည္း ၁၉၇၈ ခုႏွစ္တြင္ တိန္႔ေရွာင္ဖိန္က အာဏာရရွိခဲ့သည္။တိန္႕ေရွာင္ဖိန္သည္ တရုတ္ႏိုင္ငံ၏ ေခါင္းေဆာင္ျဖစ္လာသည္ႏွင့္ Four Modernization ဟု ထင္ ရွားသည့္ ေခတ္မီ တိုးတက္ဖြံ႕ၿဖိဳးေရး ျပဳျပင္ေျပာင္းလဲမႈ မူေလးရပ္ကို ခ်မွတ္အေကာင္အထည္ေဖာ္ခဲ့ကာ စိုက္ပ်ိဳးေရး၊စက္မႈ၊ နည္းပညာႏွင့္ ကာကြယ္ေရး က႑ ေလးရပ္ကို ေခတ္မီတိုးတက္ေစရန္ ႀကိဳးပမ္းခဲ့သည္။

တရုတ္ျပည္သူ႕သမၼတႏိုင္ငံ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ အေျခခံ ဥပေဒကို ၁၉၈၂ ခုႏွစ္ ဒီဇင္ဘာ လ ၄ ရက္တြင္ ျပ႒ာန္းခဲ့ကာ တရုတ္အစိုးရက ျပည္သူမ်ားအေပၚ ဗဟို ထိန္းခ်ဳပ္မႈမ်ားကို ေျဖေလွ်ာ့ခဲ့ကာ စီမံကိန္းစီးပြားေရးစနစ္မွ တံခါးဖြင့္စီးပြားေရး စနစ္သို႕ ကူးေျပာင္းခဲ့ျခင္းသည္ တရုတ္ႏိုင္ငံကို ခ်မ္းသာၾကြယ္၀ေစခဲ့သည္။ သမၼတ က်န္ဇီမင္းလက္ထက္ ၁၉၉၀ ျပည့္ႏွစ္၀န္းက်င္တြင္ တရုတ္ လယ္သမား သန္း ၁၅၀ ကို ဆင္းရဲတြင္းမွ ဆြဲထုတ္ႏိုင္ခဲ့သည္။

တရုတ္ႏိုင္ငံသည္ ၂၀၀၁ ခုႏွစ္တြင္ ကမာၻ႔ကုန္သြယ္ေရးအဖြဲ႕(WTO) သို႕ ၀င္ေရာက္ခဲ့ၿပီး ၂၀၀၀ ျပည့္ႏွစ္မ်ားအတြင္း သမၼတ ဟူက်င္ေတာင္လက္ထက္တြင္ စီးပြားေရး ျမင့္မားစြာ တိုးတက္ေနမႈကို ဆက္လက္ထိန္းထားႏိုင္ခဲ့သည္။ တရုတ္ႏိုင္ငံ ျပည္သူမ်ား ၏ လူေနမႈ အဆင့္သည္မ်ားစြာျမင့္တက္လာခဲ့ကာ ႏိုင္ငံေရး ကို ဗဟိုဦးစီးစနစ္ျဖင့္ တင္းက်ပ္စြာ ထိန္းခ်ဳပ္ခဲ့သည္။ သို႕ေသာ္ စီးပြားေရး တိုးတက္မႈမ်ားက တရုတ္ႏိုင္ငံ၏ သယံဇာတႏွင့္ ပတ္၀န္းက်င္ကို ႀကီးမားစြာထိခိုက္ေစခဲ့သည္။ ရွီက်င့္ဖ်င္သည္ ၂၀၁၂ ခုႏွစ္တြင္ တရုတ္ျပည္သူ႕သမၼတႏိုင္ငံ၏ သမၼတျဖစ္လာၿပီး စီးပြားေရးျပဳျပင္ေျပာင္းလဲမႈမ်ားကို ႀကီးမား က်ယ္ျပန္႕စြာ ေဆာင္ရြက္ခဲ့သျဖင့္ အေျခခံအေဆာက္အအုံမ်ားမတည္ၿငိမ္မႈႏွင့္ တိုးတက္မႈေႏွးေကြးမႈမ်ားကို ရင္ဆိုင္ခဲ့ရေသာ္လည္း ခ်ီက်င့္ဖ်င္၏ ရပ္၀န္းတစ္ခု၊ လမ္းေၾကာင္းတစ္ခု(One Belt One Road Initiative) လႈပ္ရွားမႈသည္ တရုတ္အိပ္မက္ အဆင့္မွ ကမာၻ႔ အိပ္မက္ျဖစ္လာဖြယ္ရွိခဲ့သည္။

ႏိုင္ငံေရးပထ၀ီ၀င္

တရုတ္ျပည္သူ႕သမၼတႏိုင္ငံသည္ ရုရွႏိုင္ငံၿပီးလွ်င္ ကမာၻ႔ကုန္းေျမ အႀကီးဆုံးကုန္းေျမပိုင္ဆိုင္သည့္ႏိုင္ငံျဖစ္ကာ စုစုေပါင္းအက်ယ္အ၀န္းကို အၾကမ္းဖ်ဥ္း စတုရန္းမိုင္ ၃.၇ သန္းရွိသည္။ တရုတ္ႏိုင္ငံသည္ အိမိနီးခ်င္းႏိုင္ငံမ်ားႏွင့္ ဆက္စပ္ေနသည့္ ၁၃၇၄၃ မိုင္ ရွည္လ်ားသည့္ ယာလူျမစ္၀မွ တြန္ကင္ ပင္လယ္ေကြ႕အထိ နယ္စပ္မ်ဥ္းကို ပိုင္ဆိုင္သည္။ တရုတ္ႏိုင္ငံသည္ ႏိုင္ငံ ၁၄ ခုႏွင့္ ထိစပ္ေနကာပထ၀ီ၀င္ အေနအထားအရ အေရွ႕ေတာင္အာရွတြင္ ဗီယက္နမ္၊လာအုိႏွင့္ ျမန္မာႏိုင္ငံတို႕ႏွင့္ ထိစပ္ေနၿပီးေတာင္အာရွတြင္ အိႏၵိယ၊ဘူတန္၊နီေပါ၊ အာဖဂန္ နစၥတန္ႏွင့္ ပါကစၥတန္ႏိုင္ငံတို႕ႏွင့္ နယ္ခ်င္းဆက္ေနသည္။  ထို႔အတူအလယ္အာရွမွ တာဂ်စ္ကစ္စတန္၊ ကိရ္ဂစၥတန္ ႏွင့္ ကာဇတ္ စတန္တို႔ႏွင့္ အိမ္နီးခ်င္းမ်ားျဖစ္ကာ ေတာင္ကိုရီးယား၊ ဂ်ပန္၊ ဗီယက္နမ္ႏွင့္ ဖိလစ္ပိုင္တို႔ႏွင့္ ေရပိုင္နက္ ဆက္ေနသည္။

တရုတ္ျပည္သူ႕သမၼတႏိုင္ငံ၏ ျပည္နယ္၂၂ ခု၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ငါး ခု၊ တိုက္ရိုက္အုပ္ခ်ဳပ္ခြင့္ရ ၿမိဳ႕ေတာ္ေလးခု၊ စုစုေပါင္း ၃၁ ခုကို တရုတ္ျပည္မႀကီးဟု သတ္မွတ္ကာ ေဟာင္ေကာင္ႏွင့္ မကာအိုကို သီးသန္႕နယ္ေျမမ်ားအျဖစ္ သတ္မွတ္သည္။ ပထ၀ီ၀င္ အေနအထားအရ ယင္းျပည္နယ္ ၃၁ ခုကို တရုတ္ျပည္၏ေျမာက္၊အေရွ႕ေျမာက္၊ဗဟိုေတာင္ပိုင္း၊အေနာက္ေတာင္ႏွင့္ အေနာက္ ေျမာက္ဟူသည့္ေဒသႀကီးေျခာက္ခုအျဖစ္ ပိုင္းျခားကာတိုင္၀မ္ကို ၃၂ ခုေျမာက္ျပည္နယ္ျဖစ္လာေစရန္ စဥ္းစားထား ေပသည္။

ႏိုင္ငံတကာ ဆက္ဆံေရး

တရုတ္ႏိုင္ငံသည္ ႏိုင္ငံ ၁၇၅ ႏိုင္ငံႏွင့္ သံတမန္ဆက္သြယ္မႈ ထူေထာင္ထားၿပီး သံရုံးေပါင္း ၁၆၂ ရုံး ဖြင့္လွစ္ထားသည္။ ၁၉၇၁ ခုႏွစ္တြင္ တရုတ္ျပည္သူ႕သမၼတႏိုင္ငံသည္ ကမာၻ႔ကုလသမဂၢအဖြဲ႕တြင္ တရုတ္သမၼတႏိုင္ငံကို ဖယ္ရွားလ်က္ လုံၿခဳံေရး ေကာင္စီ အၿမဲတမ္းအဖြဲ႕၀င္ႏိုင္ငံျဖစ္လာခဲ့သည္။ဘက္မလိုက္အဖြဲ႕၏ ေခါင္းေဆာင္ႏွင့္ အဖြဲ႕၀င္ေဟာင္းလည္းျဖစ္သည့္ တရုတ္ျပည္ သူ႕သမၼတႏိုင္ငံသည္ တရုတ္တစ္ႏိုင္ငံမူ၀ါဒ (One-China Policy) ကိုစြဲကိုင္လ်က္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားတြင္ တက္ၾကြစြာ ပါ၀င္ေဆာင္ရြက္လ်က္ရွိသည္။ သို႕ေသာ္ အျခားႏိုင္ငံမ်ား၏ တိုင္၀မ္ႏိုင္ငံႏွင့္ သံတမန္ဆိုင္ရာဆက္သြယ္မႈမ်ားအပါအ၀င္ လက္နက္ ေရာင္းခ်မႈ ကိစၥမ်ားကို ျပင္းထန္စြာကန္႕ကြက္ေလ့ရွိသည္။

တရုတ္ႏိုင္ငံသည္ ၀န္ႀကီးခ်ဳပ္ ေခ်ာင္အင္လိုင္ခ်မွတ္ခဲ့သည့္ ၿငိမ္းခ်မ္းစြာ အတူတကြ ယွဥ္တြဲေနထိုင္ေရးမူငါးခ်က္ ကို အေျခခံသည့္ လိုက္ေလ်ာညီေထြေနထိုင္သည့္ မူေၾကာင့္ အယူ၀ါဒ မတူသည့္ ႏိုင္ငံမ်ားႏွင့္လည္း သံတမန္ ဆက္ဆံမႈျပဳလုပ္သည္။ ထို႔ေၾကာင့္ ကမာၻေပၚတြင္ အႏၱရာယ္ေပးႏိုင္သည့္ ႏိုင္ငံမ်ားဟု ယူဆခံထားရသည့္ ဇင္ဘာေဘြ၊ေျမာက္ကိုရီးယား၊အီရန္စသည့္ ႏိုင္ငံမ်ား၏ ေထာက္ခံမႈကိုရရွိခဲ့ေပသည္။ တရုတ္ႏိုင္ငံသည္ စီးပြားေရး၊စစ္ေရး ကိစၥမ်ားတြင္ တစ္ခ်ိန္က မဟာအင္အားႀကီးႏိုင္ငံျဖစ္ခဲ့သည့္ ရုရွႏွင့္ နီးကပ္ေသာ ဆက္ဆံမႈရွိေနကာ ကုလသမဂၢ လုံၿခဳံေရးေကာင္စီတြင္ မၾကာခဏဆိုသကဲ့သို႕ ဗီတိုအာဏာကို ၿပိဳင္တူအသုံးျပဳေလ့ရွိၾကသည္။

စူပါပါ၀ါ ႏွင့္ စစ္စြမ္းအား

တရုတ္ျပည္သူ႕ သမၼတႏိုင္ငံသည္လ်င္ျမန္ေသာ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈ၊စစ္စြမ္းအား ႀကီးမားလာမႈ၊ လူ႕စြမ္းအား အရင္းအျမစ္မ်ားျပားးမႈ၊ ႏုိင္ငံတကာအေပၚ ႀသဇာသက္ေရာက္မႈ ႀကီးမားလာမႈမ်ားေၾကာင့္ ၂၁ ရာစုတြင္မဟာ အင္အားႀကီးႏိုင္ငံ ျဖစ္လာရန္ အလားအလာေကာင္းမ်ားရွိေနသည္။ သို႔ေသာ္ စီးပြားေရး ေပါက္ကြဲမႈႏွင့္ ဖြားေသႏႈန္း မညီမွ်မႈမ်ားကတရုတ္ႏိုင္ငံ၏ ဖြံ႕ၿဖိဳးမႈကို ေႏွးေကြးသြားေစႏိုင္သည္ဟု သတိေပးၾကသည္။

တရုတ္ႏိုင္ငံ၏ စီးပြားေရး အင္အားႀကီးမားမႈ တစ္ခုတည္းက မဟာ အင္အားႀကီးႏိုင္ငံ ျဖစ္ ေစႏိုင္မည္ မဟုတ္ ေၾကာင္း သုံးသပ္မႈမ်ားလည္းရွိသည္။ အေမရိကန္ႏိုင္ငံႏွင့္ ယွဥ္လွ်င္ စစ္စြမ္းရည္ အားနည္းေသးသည့္အျပင္ အေမရိကန္ အေပၚ တရုတ္ယဥ္ေက်းမႈ လႊမ္းမိုးႏိုင္ျခင္းမရွိေသးျခင္းသည္လည္း စူပါပါ၀ါျဖစ္ရန္ လိုအပ္ခ်က္မ်ားျဖစ္ေၾကာင္း ေ၀ဖန္မႈ မ်ားလည္း ေပၚထြက္ခဲ့ေပသည္။

ဗဟိုစစ္ေကာ္မရွင္က ဦးစီးသည့္တရုတ္ျပည္သူ႕လြတ္ေျမာက္ေရး တပ္မေတာ္(PLA) သည္ အၿမဲတမ္းစစ္သည္ ၂၃ သိန္းရွိၿပီး ကမာၻေပၚတြင္ လူအင္အားအမ်ားဆုံး တပ္မေတာ္ျဖစ္သည္။တရုတ္တပ္မေတာ္တြင္ ပင္မ တပ္မေတာ္ႀကီမ်ားအျဖစ္ၾကည္း၊ ေရ၊ေလ တပ္အေတာ္မ်ားအျပင္ေ၀ဟင္ပစ္ ဒုံးက်ည္တပ္မေတာ္ကိုပါ ထည့္သြင္းဖြဲ႕စည္းတားသည္။ တရုတ္တပ္မေတာ္၏ စစ္ အသုံးစရိတ္သည္ ၂၀၁၄ ခုႏွစ္တြင္ အေမရိကန္ ေဒၚ္လာ ၁၃၂ ဘီလီယံရွိခဲ့ကာ ကမာၻေပၚတြင္ ကာကြယ္ေရးစရိတ္ ဒုတိယ အမ်ားဆုံးသုံးစြဲသည့္ ႏိုင္ငံျဖစ္ လာခဲ့သည္။သို႕ေသာ္ တရုတ္ႏိုင္ငံသည္ ကာကြယ္ေရး အသုံးစရိတ္ကို အမွန္တကယ္သုံးစြဲေသာ စစ္စရိတ္ထက္ မ်ားစြာပိုလြန္ျပသခဲ့ ေၾကာင္း စြပ္စြဲခဲ့ၾကသည္။

နယူးကလီးယား လက္နက္ပိုင္ဆိုင္ထားသည့္ တရုတ္ႏိုင္ငံသည္ အေမရိကန္ႏိုင္ငံ ကာကြယ္ေရးဌာန၏ ၂၀၁၃ ခုႏွစ္ ခန္႕မွန္းခ်က္အရ နယူးကလီးယား ထိပ္ဖူး ၅၀ မွ ၇၅ ခုအတြင္း ပိုင္ဆိုင္သည္ဟု ဆိုသည္။တရုတ္ႏိုင္ငံ၏ ပထမဆုံးေလယာဥ္တင္ သေဘၤာကို ၂၀၁၂ ခုႏွစ္တြင္ ေရခ်ႏိုင္ခဲ့သည္။ထို႕အတူ တရုတ္ႏိုင္ငံေရတပ္မေတာ္တြင္ နယူးကလီးယားစြမ္းအင္သုံးေရငုပ္သေဘၤာမ်ားႏွင့္ ပဲ့ထိန္းဒုံဒက်ည္ပစ္လႊတ္ႏိုင္သည့္ ေရငုပ္သေဘၤာမ်ားကို ပိုင္ဆိုင္ထားသည္။

လြန္ခဲ့သည့္ ဆယ္စုႏွစ္မ်ားအတြင္းတရုတ္ေလ တပ္မေတာ္သည္ ေခတ္မီတိုးတက္မႈမ်ားစြာကို လုပ္ေဆာင္ခဲ့ကာ Sukhoi Su-30 ကဲ့သို႕ေသာ ရုရွတိုက္ေလယာဥ္မ်ားကို ၀ယ္ယူခဲ့ ၿပီး Chengdu J-10 ကဲ့သို႕ေသာ မိမိကိုယ္ပိုင္ တိုက္ေလယာဥ္မ်ားကိုလည္း ထုတ္လုပ္ခဲ့သည္။ၾကည္းတပ္မေတာ္ကိုလည္း အင္အားျဖည့္တင္းခဲ့ရာ ေခတ္မမီေတာ့သည့္ ဆုိဗီယက္လုပ္ တင့္ကားမ်ားကို ေခတ္မီ တင့္ကားမ်ားျဖင့္ အစားထိုးလဲလွယ္ခဲ့သည္။ဒုံးခြင္းစနစ္အပါအ၀င္ တရုတ္ႏိုင္ငံ၏ ဒုံးက်ည္မ်ားကို အဆင့္ျမွင့္ခဲ့သည္။ စေတာ့ဟုမ္း အျပည္ျပည္ဆိုင္ရာ ၿငိမ္းခ်မ္းေရးသုေတသနဌာန(SIPRI)၏ အဆိုအရ တရုတ္ႏိုင္ငံသည္ ၂၀၁၀ ျပည့္ႏွစ္မွ ၂၀၁၄ ခုႏွစ္အတြင္း ကမာၻ႔ လက္နက္ တင္ပို႕ေရာင္းခ်မႈ တတိယ အမ်ားဆုံးႏိုင္ငံျဖစ္လာခဲ့ကာ ၂၀၀၅ ခုႏွစ္မွ ၂၀၀၉ ခုႏွစ္ ထက္ ၁၄၃ ရာခိုင္ႏႈန္းတိုးျမင့္လာခဲ့သည္။

တရုတ္ျပည္သူ႕သမၼတႏိုင္ငံသည္ ကမာၻ႔အႀကီးဆုံး ကုန္သြယ္မႈ ႏိုင္ငံျဖစ္ကာ ၂၀၁၂ ခုႏွစ္တြင္ တရုတ္ႏိုင္ငံ၏ ကုန္ သြယ္ မႈတန္ဖိုးသည္ အေမရိကန္ေဒၚလာ ၃ ဒသမ ၈၇ ထရီလီယံရွိခဲ့သည္။၂၀၁၀ ျပည့္ႏွစ္အကုန္တြင္ တရုတ္ႏိုင္ငံ၏ အရံႏိုင္ငံျခား သုံးေငြ ပမာဏသည္ အေမရိကန္ေဒၚလာ ၂ ဒသမ ၈၅ ထရီလီယံရွိသည္။စီးပြားေရးအင္အားေတာင့္တင္းသည့္ တရုတ္ႏိုင္ငံတြင္ ျပည္ပ တိုက္ရိုက္ရင္းႏွီးျမွဳပ္ႏွံမႈမ်ားသည္ ႏွစ္စဥ္တိုးတက္လ်က္ရွိရာ ၂၀၁၄ ခုႏွစ္တြင္ အေမရိကန္ေဒၚလာ ၆၄ ဘီလီယံအထိရွိခဲ့ၿပီးကမာၻပၚတြင္ျပည္ပရင္းႏွီးၿမွဳပ္ႏွံမႈ ဒုတိယ အမ်ားဆုံး ႏိုင္ငံျဖစ္လာခဲ့ေပသည္။

တရုတ္ႏိုင္ငံကလည္း ျပည္ပႏိုင္ငံမ်ားတြင္ စီးပြားေရး လုပ္ငန္းမ်ားေဆာင္ရြက္လ်က္ရွိရာ ၂၀၁၂ ခုႏွစ္တြင္ အေမရိကန္ေဒၚလာ ၆၂ ဒသမ ၄ ဘီလီယံ ရင္းႏွီးၿမွဳပ္ႏွံခဲ့သည္။ လူအင္အား အရင္းအျမစ္၊စီးပြားေရးႏွင့္ စစ္ေရးအင္အား၊နည္းပညာေခတ္မီတိုးတက္မႈ၊ႀကီးမားေသာ နယ္ေျမပိုင္ဆိုင္မႈ၊ ပထ၀ီ၀င္အေနအထား၊ေအးခ်မ္းသာယာ၍ ဥပေဒစိုးမိုးမႈ၊အေျခခံအေဆာက္အအုံမ်ား ခိုင္မာမႈ၊ႏိုင္ငံအမ်ားႏွင့္သင့္ျမတ္မႈမ်ားသည္ တရုတ္ျပည္သူ႕သမၼတႏိုင္ငံအား ေဒသတြင္း အင္အားႀကီးမားသည့္ ႏိုင္ငံအဆင့္မွ မဟာ အင္အားႀကီးႏိုင္ငံ စူပါပါ၀ါ အဆင့္သို႕ ေရာက္ရွိလာမည္ဟု ေမွ်ာ္မွန္းၾကေပသည္။

ေမာင္သာ (ေရွးေဟာင္းသုေတသန)
၂၀၁၇ ႏွစ္ ႏို၀င္ဘာလထုတ္ သုတအလင္းမဂၢဇင္းမွ

————————

ကမ္ဘာ့ အင်အားကြီး တရုတ်နိုင်ငံအကြောင်း သိကောင်းစရာ (unicode)

ကောင်းစည်သူ (သုတအလင်း)

အမေရိကန်ပြည်ထောင်စုပြီးလျှင် ကမ္ဘာ့ စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မကြာသော ကာလများတွင် ကမ္ဘာ့စီးပွားရေး အင်အားအကြီးမားဆုံးနိုင်ငံဖြစ်လာလိမ့်မည်ဟု ယူဆထားကြသည်။ ထို့အတူ အာရှတိုက်၏ ဒေသ တွင်းအင်အားကြီးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် ကမ္ဘာ့ မဟာအင်အားကြီး နိုင်ငံဖြစ်လာရန် အလားအလာကောင်းများရှိနေသည်။

တရုတ်နိုင်ငံသည် အာရှတိုက်အရှေ့ပိုင်းတွင်တည်ရှိပြီး တစ်ပါတီစနစ်ကိုကျင့်သုံးသည့်နိုင်ငံဖြစ်ကာ လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိသဖြင့် ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံးနေထိုင်လျက်ရှိသည့်နိုင်ငံဖြစ်သည်။နိုင်ငံမြေအကျယ်အဝန်းသည် စတုရန်း ကီလို မီတာ ၉ ဒသမ ၆ သန်း ရှိသဖြင့် ကမ္ဘာ့ ဒုတိယအကြီးဆုံးကုန်းမြေကို ပိုင်ဆိုင်သည်။ နိုင်ငံစုစုပေါင်းအကျယ်အဝန်းတွင် အမေရိကန်နိုင်ငံ၏ ဧရိယာ သတ်မှတ်ချက်အရ တတိယ (သို့မဟုတ်) စတုတ္ထအကြီးဆုံး ဖြစ်သည်။

တရုတ်ပြည်ကွန်မြူနစ်ပါတီ၏ အုပ်ချုပ်မှုအောက်တွင်ရှိသည့် တရုတ်နိုင်ငံသည် ပြည်နယ် ၂၂ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ငါး ခု ၊ တိုက်ရိုက်အုပ်ချုပ်ခွင့်ရ မြို့တော် လေးခု (ပီကင်း၊ တီအန်ဂျင်း၊ရှန်ဟိုင်းနှင့်ချောင်ချင်း)၊ဟောင်ကောင်နှင့်မကာအိုအထူး အုပ်ချုပ်ခွင့်ရဒေသ တို့ဖြင့် ဖွဲ့စည်းထားသည်။ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏ လက်ရှိ သမ္မတသည် ရှီကျင့်ဖျင် Xi Jinping ဖြစ်ပြီး ဝန်ကြီးချုပ်မှာ လီခပင့် Li Keqiang ဖြစ်သည်။ ကြီးမားကျယ်ဝန်းသည့် တရုတ်နိုင်ငံ၏ နိုင်ငံ့ခေါင်းဆောင်သည် သမ္မတဖြစ်၍ အစိုးရ အဖွဲ့ခေါင်းဆောင်သည် ဝန်ကြီးချုပ်ဖြစ်သည်။

တရုတ်နိုင်ငံသည် နှစ်ပေါင်း ထောင်ချီ၍ သက်ဦးဆံပိုင်စနစ်ကိုအခြေခံသည့် နိုင်ငံရေးစနစ်ကို ကျင့်သုံးခဲ့ကာ မင်းဆက် အဆင့်ဆင့်ကို ထူထောင်ခဲ့ပြီး နယ်မြေများ တိုးချဲ့၍ အကြိမ်များစွာ ပေါင်းစည်းခဲ့ကြသည်။၁၉၁၂ ခုနှစ်တွင် တရုတ်နိုင်ငံ၏နောက်ဆုံး မင်းဆက်ကို အစားထိုးခဲ့သည့် တရုတ်သမ္မတနိုင်ငံ (the Republic of China) က တရုတ်ပြည်မကြီးကိုအုပ်ချုပ်ခဲ့သည်။ ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် တရုတ်ပြည်ကွန်မြူနစ်ပါတီက တရုတ် ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်ခဲ့ပြီး တရုတ်သမ္မတနိုင်ငံ အစိုးရသည် တိုင်ပေသို့ ဆုတ်ခွာသွားခဲ့သည်။

ကွန်မြူနစ်ပါတီ အစိုးရနှင့် ပြည်ထောင်စုတရုတ်နိုင်ငံ အစိုးရ နှစ်ဖွဲ့လုံးက မိမိတို့သည် တရုတ်နိုင်ငံ၏ တရားဝင် အစိုးရဖြစ် ကြောင်းကြေညာခဲ့ကြသော်လည်း ကွန်မြူနစ်ပါတီအစိုးရသည်ကမ္ဘာ့ နိုင်ငံများက အသိအမှတ်ပြမှုကိုရရှိခဲ့ပြီး တရုတ်နိုင်ငံကို ထိန်းချုပ် နိုင်ခဲ့သည်။ တရုတ်နိုင်ငံ၏ မြို့တော်သည် ဘေဂျင်းဖြစ်သော်လည်း ရှန်ဟိုင်းမြို့က တရုတ်နိုင်ငံ၏အကြီးဆုံးမြို့ဖြစ်သည်။ ဟန် လူမျိုးစု များသည် တရုတ်နိုင်ငံလူဦးရေ၏ ၉၁ ဒသမ ၅၁ ရာခိုင်နှုန်းရှိပြီး ကျန်ရာခိုင်နှုန်းသည် လူနည်းစုမျိုးနွယ် ၅၅ မျိုးဖြစ်သည်။

တရုတ်နိုင်ငံသည် ၁၉၇၈ ခုနှစ်တွင် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ပြီး စီးပွားရေး ဖွံ့ဖြိုးမှု အရှိန်အဟုန် အလွန်ကောင်းမွန်ခဲ့ကာ ၂၀၁၆ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးအင်အား ဒုတိယအတောင့်တင်းဆုံးနှင့် ဝယ်လိုအား အများဆုံး နိုင်ငံ အဖြစ် ရပ်တည်နိုင်ခဲ့သည်။ထို့အတူ ကမ္ဘာ့ပို့ကုန် အများဆုံးနိုင်ငံ၊ သွင်းကုန်ဒုတိယ အများဆုံးနိုင်ငံဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံသည် နယူးကလီးယားလက်နက်ပိုင်ဆိုင်သော နိုင်ငံ၊ ကမ္ဘာ့အကြီးဆုံး တပ်မတော်ရှိသည့် နိုင်ငံ၊စစ်အသုံးစရိတ် ဒုတိယ အများဆုံးသုံးစွဲသည့် နိုင်ငံဟု အသိအမှတ်ပြုကြသည်။ထို့အတူ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့လုံခြုံရေးကောင်စီတွင် အမြဲတမ်း အဖွဲ့ဝင်ဖြစ်ပြီး ဗီတိုအာဏာကို ပိုင်ဆိုင်ထားကာ ကမ္ဘာ့အဖွဲ့အစည်းများစွာတွင် ပါဝင်လှုပ်ရှား လျက်ရှိ နေပေသည်။

သမိုင်းနောက်ခံ

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ယဉ်ကျေးမှု အစောဆုံးထွန်းကားသည့် နိုင်ငံများတွင်ပါဝင်သည်။ တရုတ်လူမျိုးများ၏ အစောပိုင်း ယဉ်ကျေးမှုသည် တရုတ်ပြည်မြောက်ပိုင်း လွင်ပြင်ရှိ မြေဆီမြေနှစ်ကောင်းမွန်သည့် မြစ်ဝါ မြစ်ဝှမ်းတွင် အခြေတည်ခဲ့ သည်။တရုတ်နိုင်ငံ၏ ရှေးဟောင်းကာလအတွင်းခရစ်တော်မပေါ်မီ ၂၀၇၀ နှစ်အထိ ကျောက်ခေတ်သစ်ကာလကိုဖြတ် သန်းခဲ့ပြီး နောက်ခရစ်တော်မပေါ်မီ ၂၅၆ ခုနှစ်အထိ ဇိုင်ယာ၊ ရှန်နှင့် ချောင်မင်းဆက် သုံးဆက် အုပ်စိုးခဲ့သည်။

ရှေးဟောင်းသုတေသန အထောက်အထားများအရ လွန်ခဲ့သော နှစ် ၂၄ သိန်းမှ ၂၅၀ ၀၀၀ အတွင်း တရုတ်နိုင်ငံဖြစ် လာမည့် ဒေသတွင် လူသားများဖြစ်လာမည့် ရှေးဦးလူ(hominid)များနေထိုင်ခဲ့ကြသည်။မတ်မတ်သွားနိုင်ပြီဖြစ်သည့် ရှေးဦး လူ (Homo erectus) ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုကို ဘေဂျင်းမြို့အနီးရှိ ချောက်ကူဒီယန် ဂူမှ တွေ့ရှိခဲ့ရာ ပီကင်းလူအဖြစ် ထင်ရှားခဲ့ သည်။

တရုတ်ကို Richard Eden က အင်္ဂလိပ်စကားလုံး China ဟု ၁၅၅၅ ခုနှစ်တွင် ဘာသာပြန်ဆိုခဲ့ကာ ၁၅၅၆ ခုနှစ်ထုတ်ပေါ်တူဂီ နယ်သစ်ရှိဖွေသူ ဒူရာတေဘာဘိုစာ ဂျာနယ်တွင် ဖော်ပြခဲ့သည်။သုတေသီများက China ဟူသည့် စကားလုံးသည် တရုတ် ရှေးစကားလုံး ချင်(Qin) ဒေသမှ ဆင်းသက်လာသည်ဟု လက်ခံထားကြပြီး ချင်သည် တရုတ်နိုင်ငံ အနောက်ဘက်အစွန်းတွင်ရှိခဲ့ သည့် ပြည်နယ်ဖြစ်သည်။

တရုတ်နိုင်ငံ၏ တရားဝင်အမည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ(People’s Republic of China) ဖြစ်သည်။ယင်းအမည် ကို မပေးမီ ၁၉၄၉ခုနှစ် ဇွန်လ ၁၅ ရက်တွင်ကျင်းပခဲ့သည့် တရုတ်ပြည်သူ့ကွန်ဂရက်က တရုတ်ပြည်သူ့ ဒီမိုကရက်တစ်နိုင်ငံ (People’s Democratic Republic of China) ဟု ခေါ်ဆိုရန် အဆိုပြုခဲ့သည်။၁၉၅၀ ပြည့်နှစ်နှင့် ၁၉၆၀ ပြည့်နှစ်မျာအတွင်း တရုတ် ပြည်တွင်းစစ်ဖြစ်ပွားခဲ့ကာ ကူမင်တန်များအားအနိုင်ရရှိပြီးနောက် ကွန်မြူနစ်တရုတ်နိုင်ငံ၊ တရုတ်နီဟုလည်း ခေါ်ခဲ့ကြသည်။

တရုတ်နိုင်ငံ၏ ပထမဆုံးမင်းဆက်သည် ခရစ်တော်မပေါ်မီ နှစ် ၂၁၀၀ တွင် ပေါ်ထွန်းခဲ့သည့် ဇိုင်ယာမင်းဆက်(Xia Dynasty) ဖြစ်သည်။ ၁၉၅၉ ခုနှစ်တွင် သိပ္ပံနည်းကျ တူးဖော်မှုများအတွင်း တွေ့ရှိခဲ့သည့် အစောပိုင်းကြေးခေတ် အထောက် အထား များသည် ဇိုင်ယာမင်းဆက်သို့မဟုတ် အခြားခေတ်ပြိုင်ယဉ်ကျေးမှု အကြွင်းအကျန်များဟုတ်မဟုတ် ကွဲကွဲပြားပြားမသိရှိခဲ့ကြချေ။ သမိုင်းပညာရှင်များက ခေတ်ပြိုင်မှတ်တမ်းများအရ ဇိုင်ယာမင်းဆက်နောက်တွင် ပေါ်ထွန်းခဲ့သည့် ရှန်မင်းဆက်(Shang dynasty) ကို တရုတ်နိုင်ငံ၏ အစောဆုံးမင်းဆက်ဟု အတည်ပြုကြသည်။ ရှန်တို့သည် ခရစ်တော်မပေါ်မီ ၁၇ ရာစုမှ ၁၁ ရာစုအထိ မြစ်ဝါ လွင်ပြင်ကို အုပ်ချုပ်ခဲ့သည်။

ချောင်မင်းဆက် ( Zhou dynasty)က ရှန်တို့ကို အနိုင်ယူခဲ့ကာ ဘီစီ ၁၁ ရာစုမှ ၅ ရာစုအတွင်း ဗဟိုချုပ်ကိုင်မှုဖြင့် အုပ်ချုပ်ခဲ့ပြီး မြေရှင်ပဒေသရာဇ်စနစ်က တဖြည်းဖြည်း လွှမ်းမိုးလာခဲ့သည်။များစွာသော လွတ်လပ်သည့် နယ်မြေများ တစ်စတစ်စပေါ် ထွန်းလာခဲ့ကာ တစ်ဖွဲ့နှင့် တစ်ဖွဲ့ နှစ် ၃၀၀ ကြာသည့်တိုင် စစ်ပွဲများဖြစ်ခဲ့ကြသည်။ထိုစဉ်က ပြည်နယ် ခုနစ်ခုသည် မိမိတို့ကိုယ်တိုင် ဘုရင်များနှင့် စစ်တပ်များရှိခဲ့ကြသည်။ဘီစီ ၂၂၁ ခုနှစ်တွင် ချင်မင်းဆက်က ကျန်ပြည်နယ် ခြောက်ခုကို အောင်နိုင်မှုရခဲ့ကာ တရုတ် နိုင်ငံ၏ ပထမဆုံးသော စည်းလုံးညီညွတ်သည့် နိုင်ငံတော်ကို ထူထောင်ကာ ဘုရင်ချိန် (King Zheng) က ချင်မင်းဆက်၏ပထမဆုံး ဧကရာဇ်အဖြစ် ကြေငြာခဲ့သည်။

ထိုအချိန်မှ စ၍ တရုတ်မင်းဆက်များတစ်ဆက်ပြီးတစ်ဆက် အုပ်ချုပ်ခဲ့ကြပြီး ၁၉၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် တရုတ် မင်းဆက်များ ပြတ်ကာ တရုတ်သမ္မတနိုင်ငံ (the Republic of China) ပေါ်ထွန်းခဲ့သည်။ တရုတ်နိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်တွင် ၁၉၄၉ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိကို မော်စီတုန်းခေတ်၊ ၁၉၇၆ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိကို ပြန်လည် တည်ဆောက်ရေးခေတ်၊ ၁၉၈၉ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိကို ထွန်းတောက်လာသည့် ခေတ်ဟု သတ်မှတ်ခဲ့သည်။မော်စီတုန်းသည် ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက် တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်ခဲ့ချိန်မှ စ၍ လက်ရှိ ရှီကျင့်ဖျင် အုပ်ချုပ်ချိန်အထိ တရုတ်ခေါင်းဆောင်ကြီး များဖြစ်ကြ သည့် မော်စီတုန်း၊ တိန်ရှောင်ဖိန်၊ ကျန်ဇီမင်း၊ ဟူကျင်တောင်တို့က တရုတ်နိုင်ငံကို အင်အားကြီးနိုင်ငံတစ်ခုဖြစ်လာစေရန် ဦးဆောင်ခဲ့ကြသည်။

စီးပွားရေး ပြုပြင်ပြောင်းလဲမှု

မော်စီတုန်းကွယ်လွန်ပြီးနောက် ဟွာကိုဖုန်းက တရုတ်နိုင်ငံ၏ သမ္မတ တာဝန်ကို ယူခဲ့သော်လည်း ၁၉၇၈ ခုနှစ်တွင် တိန့်ရှောင်ဖိန်က အာဏာရရှိခဲ့သည်။တိန့်ရှောင်ဖိန်သည် တရုတ်နိုင်ငံ၏ ခေါင်းဆောင်ဖြစ်လာသည်နှင့် Four Modernization ဟု ထင် ရှားသည့် ခေတ်မီ တိုးတက်ဖွံ့ဖြိုးရေး ပြုပြင်ပြောင်းလဲမှု မူလေးရပ်ကို ချမှတ်အကောင်အထည်ဖော်ခဲ့ကာ စိုက်ပျိုးရေး၊စက်မှု၊ နည်းပညာနှင့် ကာကွယ်ရေး ကဏ္ဍ လေးရပ်ကို ခေတ်မီတိုးတက်စေရန် ကြိုးပမ်းခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ၁၉၈၂ ခုနှစ် ဒီဇင်ဘာ လ ၄ ရက်တွင် ပြဋ္ဌာန်းခဲ့ကာ တရုတ်အစိုးရက ပြည်သူများအပေါ် ဗဟို ထိန်းချုပ်မှုများကို ဖြေလျှော့ခဲ့ကာ စီမံကိန်းစီးပွားရေးစနစ်မှ တံခါးဖွင့်စီးပွားရေး စနစ်သို့ ကူးပြောင်းခဲ့ခြင်းသည် တရုတ်နိုင်ငံကို ချမ်းသာကြွယ်၀စေခဲ့သည်။ သမ္မတ ကျန်ဇီမင်းလက်ထက် ၁၉၉၀ ပြည့်နှစ်ဝန်းကျင်တွင် တရုတ် လယ်သမား သန်း ၁၅၀ ကို ဆင်းရဲတွင်းမှ ဆွဲထုတ်နိုင်ခဲ့သည်။

တရုတ်နိုင်ငံသည် ၂၀၀၁ ခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) သို့ ဝင်ရောက်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်များအတွင်း သမ္မတ ဟူကျင်တောင်လက်ထက်တွင် စီးပွားရေး မြင့်မားစွာ တိုးတက်နေမှုကို ဆက်လက်ထိန်းထားနိုင်ခဲ့သည်။ တရုတ်နိုင်ငံ ပြည်သူများ ၏ လူနေမှု အဆင့်သည်များစွာမြင့်တက်လာခဲ့ကာ နိုင်ငံရေး ကို ဗဟိုဦးစီးစနစ်ဖြင့် တင်းကျပ်စွာ ထိန်းချုပ်ခဲ့သည်။ သို့သော် စီးပွားရေး တိုးတက်မှုများက တရုတ်နိုင်ငံ၏ သယံဇာတနှင့် ပတ်ဝန်းကျင်ကို ကြီးမားစွာထိခိုက်စေခဲ့သည်။ ရှီကျင့်ဖျင်သည် ၂၀၁၂ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမ္မတဖြစ်လာပြီး စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ကြီးမား ကျယ်ပြန့်စွာ ဆောင်ရွက်ခဲ့သဖြင့် အခြေခံအဆောက်အအုံများမတည်ငြိမ်မှုနှင့် တိုးတက်မှုနှေးကွေးမှုများကို ရင်ဆိုင် ခဲ့ရသော်လည်း ချီကျင့်ဖျင်၏ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု(One Belt One Road Initiative) လှုပ်ရှားမှုသည်တရုတ်အိပ်မက် အဆင့်မှ ကမ္ဘာ့ အိပ်မက်ဖြစ်လာဖွယ်ရှိခဲ့သည်။

နိုင်ငံရေးပထဝီဝင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ရုရှနိုင်ငံပြီးလျှင် ကမ္ဘာ့ကုန်းမြေ အကြီးဆုံးကုန်းမြေပိုင်ဆိုင်သည့်နိုင်ငံဖြစ်ကာ စုစုပေါင်းအကျယ်အဝန်းကို အကြမ်းဖျဉ်း စတုရန်းမိုင် ၃.၇ သန်းရှိသည်။ တရုတ်နိုင်ငံသည် အိမိနီးချင်းနိုင်ငံများနှင့် ဆက်စပ်နေသည့် ၁၃၇၄၃ မိုင် ရှည်လျားသည့် ယာလူမြစ်ဝမှ တွန်ကင် ပင်လယ်ကွေ့အထိ နယ်စပ်မျဉ်းကို ပိုင်ဆိုင်သည်။ တရုတ်နိုင်ငံသည် နိုင်ငံ ၁၄ ခုနှင့် ထိစပ်နေကာပထဝီဝင် အနေအထားအရ အရှေ့တောင်အာရှတွင် ဗီယက်နမ်၊လာအိုနှင့် မြန်မာနိုင်ငံတို့နှင့် ထိစပ်နေပြီးတောင်အာရှတွင် အိန္ဒိယ၊ဘူတန်၊နီပေါ၊ အာဖဂန် နစ္စတန်နှင့် ပါကစ္စတန်နိုင်ငံတို့နှင့် နယ်ချင်းဆက်နေသည်။  ထို့အတူအလယ်အာရှမှ တာဂျစ်ကစ်စတန်၊ ကိရ်ဂစ္စတန် နှင့် ကာဇတ် စတန်တို့နှင့် အိမ်နီးချင်းများဖြစ်ကာ တောင်ကိုရီးယား၊ ဂျပန်၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့နှင့် ရေပိုင်နက် ဆက်နေသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပြည်နယ်၂၂ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ငါး ခု၊ တိုက်ရိုက်အုပ်ချုပ်ခွင့်ရ မြို့တော်လေးခု၊ စုစုပေါင်း ၃၁ ခုကို တရုတ်ပြည်မကြီးဟု သတ်မှတ်ကာ ဟောင်ကောင်နှင့် မကာအိုကို သီးသန့်နယ်မြေများအဖြစ် သတ်မှတ်သည်။ ပထဝီဝင် အနေအထားအရ ယင်းပြည်နယ် ၃၁ ခုကို တရုတ်ပြည်၏မြောက်၊အရှေ့မြောက်၊ဗဟိုတောင်ပိုင်း၊အနောက်တောင်နှင့် အနောက် မြောက်ဟူသည့်ဒေသကြီးခြောက်ခုအဖြစ် ပိုင်းခြားကာတိုင်ဝမ်ကို ၃၂ ခုမြောက်ပြည်နယ်ဖြစ်လာစေရန် စဉ်းစားထား ပေသည်။

နိုင်ငံတကာ ဆက်ဆံရေး

တရုတ်နိုင်ငံသည် နိုင်ငံ ၁၇၅ နိုင်ငံနှင့် သံတမန်ဆက်သွယ်မှု ထူထောင်ထားပြီး သံရုံးပေါင်း ၁၆၂ ရုံး ဖွင့်လှစ်ထားသည်။ ၁၉၇၁ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့တွင် တရုတ်သမ္မတနိုင်ငံကို ဖယ်ရှားလျက် လုံခြုံရေး ကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့သည်။ဘက်မလိုက်အဖွဲ့၏ ခေါင်းဆောင်နှင့် အဖွဲ့ဝင်ဟောင်းလည်းဖြစ်သည့် တရုတ်ပြည် သူ့သမ္မတနိုင်ငံသည် တရုတ်တစ်နိုင်ငံမူဝါဒ (One-China Policy) ကိုစွဲကိုင်လျက် နိုင်ငံတကာအဖွဲ့အစည်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိသည်။ သို့သော် အခြားနိုင်ငံများ၏ တိုင်ဝမ်နိုင်ငံနှင့် သံတမန်ဆိုင်ရာဆက်သွယ်မှုများအပါအဝင် လက်နက် ရောင်းချမှု ကိစ္စများကို ပြင်းထန်စွာကန့်ကွက်လေ့ရှိသည်။

တရုတ်နိုင်ငံသည် ဝန်ကြီးချုပ် ချောင်အင်လိုင်ချမှတ်ခဲ့သည့် ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေးမူငါးချက် ကို အခြေခံသည့် လိုက်လျောညီထွေနေထိုင်သည့် မူကြောင့် အယူဝါဒ မတူသည့် နိုင်ငံများနှင့်လည်း သံတမန် ဆက်ဆံမှုပြုလုပ်သည်။ ထို့ကြောင့် ကမ္ဘာပေါ်တွင် အန္တရာယ်ပေးနိုင်သည့် နိုင်ငံများဟု ယူဆခံထားရသည့် ဇင်ဘာဘွေ၊မြောက်ကိုရီးယား၊အီရန်စသည့် နိုင်ငံများ၏ ထောက်ခံမှုကိုရရှိခဲ့ပေသည်။ တရုတ်နိုင်ငံသည် စီးပွားရေး၊စစ်ရေး ကိစ္စများတွင် တစ်ချိန်က မဟာအင်အားကြီးနိုင်ငံဖြစ်ခဲ့သည့် ရုရှနှင့် နီးကပ်သော ဆက်ဆံမှုရှိနေကာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မကြာခဏဆိုသကဲ့သို့ ဗီတိုအာဏာကို ပြိုင်တူအသုံးပြုလေ့ရှိကြသည်။

စူပါပါဝါ နှင့် စစ်စွမ်းအား

တရုတ်ပြည်သူ့ သမ္မတနိုင်ငံသည်လျင်မြန်သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊စစ်စွမ်းအား ကြီးမားလာမှု၊ လူ့စွမ်းအား အရင်းအမြစ်များပြားမှု၊ နိုင်ငံတကာအပေါ် ဩဇာသက်ရောက်မှု ကြီးမားလာမှုများကြောင့် ၂၁ ရာစုတွင်မဟာ အင်အားကြီးနိုင်ငံ ဖြစ်လာရန် အလားအလာကောင်းများရှိနေသည်။ သို့သော် စီးပွားရေး ပေါက်ကွဲမှုနှင့် ဖွားသေနှုန်း မညီမျှမှုများကတရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှုကို နှေးကွေးသွားစေနိုင်သည်ဟု သတိပေးကြသည်။

တရုတ်နိုင်ငံ၏ စီးပွားရေး အင်အားကြီးမားမှု တစ်ခုတည်းက မဟာ အင်အားကြီးနိုင်ငံ ဖြစ် စေနိုင်မည် မဟုတ် ကြောင်း သုံးသပ်မှုများလည်းရှိသည်။ အမေရိကန်နိုင်ငံနှင့် ယှဉ်လျှင် စစ်စွမ်းရည် အားနည်းသေးသည့်အပြင် အမေရိကန် အပေါ် တရုတ်ယဉ်ကျေးမှု လွှမ်းမိုးနိုင်ခြင်းမရှိသေးခြင်းသည်လည်း စူပါပါဝါဖြစ်ရန် လိုအပ်ချက်များဖြစ်ကြောင်း ဝေဖန်မှု များလည်း ပေါ်ထွက်ခဲ့ပေသည်။

ဗဟိုစစ်ကော်မရှင်က ဦးစီးသည့်တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA) သည် အမြဲတမ်းစစ်သည် ၂၃ သိန်းရှိပြီး ကမ္ဘာပေါ်တွင် လူအင်အားအများဆုံး တပ်မတော်ဖြစ်သည်။တရုတ်တပ်မတော်တွင် ပင်မ တပ်မတော်ကြီများအဖြစ်ကြည်း၊ ရေ၊လေ တပ်အတော်များအပြင်ဝေဟင်ပစ် ဒုံးကျည်တပ်မတော်ကိုပါ ထည့်သွင်းဖွဲ့စည်းတားသည်။ တရုတ်တပ်မတော်၏ စစ် အသုံးစရိတ်သည် ၂၀၁၄ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁၃၂ ဘီလီယံရှိခဲ့ကာ ကမ္ဘာပေါ်တွင် ကာကွယ်ရေးစရိတ် ဒုတိယ အများဆုံးသုံးစွဲသည့် နိုင်ငံဖြစ် လာခဲ့သည်။သို့သော် တရုတ်နိုင်ငံသည် ကာကွယ်ရေး အသုံးစရိတ်ကို အမှန်တကယ်သုံးစွဲသော စစ်စရိတ်ထက် များစွာပိုလွန်ပြသခဲ့ ကြောင်း စွပ်စွဲခဲ့ကြသည်။

နယူးကလီးယား လက်နက်ပိုင်ဆိုင်ထားသည့် တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံ ကာကွယ်ရေးဌာန၏ ၂၀၁၃ ခုနှစ် ခန့်မှန်းချက်အရ နယူးကလီးယား ထိပ်ဖူး ၅၀ မှ ၇၅ ခုအတွင်း ပိုင်ဆိုင်သည်ဟု ဆိုသည်။တရုတ်နိုင်ငံ၏ ပထမဆုံးလေယာဉ်တင် သင်္ဘောကို ၂၀၁၂ ခုနှစ်တွင် ရေချနိုင်ခဲ့သည်။ထို့အတူ တရုတ်နိုင်ငံရေတပ်မတော်တွင် နယူးကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောများနှင့် ပဲ့ထိန်းဒုံဒကျည်ပစ်လွှတ်နိုင်သည့် ရေငုပ်သင်္ဘောများကို ပိုင်ဆိုင်ထားသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်းတရုတ်လေ တပ်မတော်သည် ခေတ်မီတိုးတက်မှုများစွာကို လုပ်ဆောင်ခဲ့ကာ Sukhoi Su-30 ကဲ့သို့သော ရုရှတိုက်လေယာဉ်များကို ဝယ်ယူခဲ့ ပြီး Chengdu J-10 ကဲ့သို့သော မိမိကိုယ်ပိုင် တိုက်လေယာဉ်များကိုလည်း ထုတ်လုပ်ခဲ့သည်။ကြည်းတပ်မတော်ကိုလည်း အင်အားဖြည့်တင်းခဲ့ရာ ခေတ်မမီတော့သည့် ဆိုဗီယက်လုပ် တင့်ကားများကို ခေတ်မီ တင့်ကားများဖြင့် အစားထိုးလဲလှယ်ခဲ့သည်။ဒုံးခွင်းစနစ်အပါအဝင် တရုတ်နိုင်ငံ၏ ဒုံးကျည်များကို အဆင့်မြှင့်ခဲ့သည်။ စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသနဌာန(SIPRI)၏ အဆိုအရ တရုတ်နိုင်ငံသည် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ကမ္ဘာ့ လက်နက် တင်ပို့ရောင်းချမှု တတိယ အများဆုံးနိုင်ငံဖြစ်လာခဲ့ကာ ၂၀၀၅ ခုနှစ်မှ ၂၀၀၉ ခုနှစ် ထက် ၁၄၃ ရာခိုင်နှုန်းတိုးမြင့်လာခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ကုန်သွယ်မှု နိုင်ငံဖြစ်ကာ ၂၀၁၂ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ကုန် သွယ် မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၇ ထရီလီယံရှိခဲ့သည်။၂၀၁၀ ပြည့်နှစ်အကုန်တွင် တရုတ်နိုင်ငံ၏ အရံနိုင်ငံခြား သုံးငွေ ပမာဏသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၅ ထရီလီယံရှိသည်။စီးပွားရေးအင်အားတောင့်တင်းသည့် တရုတ်နိုင်ငံတွင် ပြည်ပ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများသည် နှစ်စဉ်တိုးတက်လျက်ရှိရာ ၂၀၁၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၄ ဘီလီယံအထိရှိခဲ့ပြီးကမ္ဘာပါ်တွင်ပြည်ပရင်းနှီးမြှုပ်နှံမှု ဒုတိယ အများဆုံး နိုင်ငံဖြစ်လာခဲ့ပေသည်။

တရုတ်နိုင်ငံကလည်း ပြည်ပနိုင်ငံများတွင် စီးပွားရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၁၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၂ ဒသမ ၄ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့သည်။ လူအင်အား အရင်းအမြစ်၊စီးပွားရေးနှင့် စစ်ရေးအင်အား၊နည်းပညာခေတ်မီတိုးတက်မှု၊ကြီးမားသော နယ်မြေပိုင်ဆိုင်မှု၊ ပထဝီဝင်အနေအထား၊အေးချမ်းသာယာ၍ ဥပဒေစိုးမိုးမှု၊အခြေခံအဆောက်အအုံများ ခိုင်မာမှု၊နိုင်ငံအများနှင့်သင့်မြတ်မှုများသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအား ဒေသတွင်း အင်အားကြီးမားသည့် နိုင်ငံအဆင့်မှ မဟာ အင်အားကြီးနိုင်ငံ စူပါပါဝါ အဆင့်သို့ ရောက်ရှိလာမည်ဟု မျှော်မှန်းကြပေသည်။

မောင်သာ (ရှေးဟောင်းသုတေသန)
၂၀၁၇ နှစ် နိုဝင်ဘာလထုတ် သုတအလင်းမဂ္ဂဇင်းမှ

Leave a Reply