ေၾကာက္စရာ အမွန္တရားပုိင္ရွင္မ်ား

Posted on

ေရးသားသူ – Oo Thaw

ပ်ားရည္ေရာင္းသူက ေၾကာ္ညာၿပီး ေရာင္းတယ္ ။ “ပ်ားရည္ အစစ္ဆိုတာ ေခြးမစားဘူး .. ေခြးစားရင္ အဲဒါ ပ်ားရည္ မစစ္ဘူး”

အခု သူေရာင္းေနတဲ့ ပ်ားရည္ကုိ လက္ေတြ႕ စမ္းသပ္နိုင္ေႀကာင္း၊ သူ႔ ပ်ားရည္ဟာ အစစ္ျဖစ္ေသာေၾကာင့္ ေခြးမစားဘူး ဟူ၍ ေၾကာ္ညာေရာင္းတယ္။

အဲဒီမွာ လူတစ္ေယာက္က ၾကားျဖတ္ၿပီး ဝင္ေမးပါတယ္။
“တကယ္လုိ႔ ခင္ဗ်ာ့ ပ်ားရည္ကုိ ေခြးစားရင္ ေရာဗ်ာ”

ပ်ားရည္ေရာင္းသူက ယုံၾကည္စြာပဲ ျပန္ေျဖပါတယ္ ..
“အဲဒါ ေခြးမစစ္လုိ႔”

*ေစ်းေရာင္းသူက သူ႔ပ်ားရည္ စစ္ဖို႔အတြက္ ေခြးေတာင္ ေခြးအစစ္ မဟုတ္ဘူး ေျပာသြားတယ္။
————————

နာမည္ႀကီး ေဗဒင္ဆရာ တစ္ေယာက္ဆီ အမ်ိဳးသား တစ္ေယာက္က ေဗဒင္
လာေမးတယ္။ ေဗဒင္ဆရာႀကီးက ေဟာလုိက္တယ္ ..
“ေမာင္ရင့္မွာ သားသမီးသုံးေယာက္ ႐ွိတယ္”

အဲေတာ့ အမ်ိဳးသားက ျပာျပာသလဲျဖင့္
“ဟာ မဟုတ္ပါဘူး ဆရာႀကီးရယ္၊ က်ေနာ့္မွာ သားသမီး ငါးေယာက္ ႐ွိတာပါ”

ထိုအခါ ေဗဒင္ဆရာက မ်က္ႏွာထားကုိ ပိုခန္႔ထည္လုိက္ၿပီး ေျပာလုိက္တယ္ ..
“ေမာင္ရင္က ထင္ေနလုိ႔ပါ”

ေဗဒင္ဆရာႀကီးက သူ႔ေဟာကိန္း မွန္ေနတာကုိ တစ္ျပားမွ မေလ်ာ့။
——————————

သုိးကေလးက စမ္းေခ်ာင္းမွာ ေရ ဆင္းေသာက္တယ္။ ဝံပုေလြဆိုးက သုိးကေလးကုိ စားခ်င္တယ္။ ဒါေပမဲ့ မတရားစားတယ္၊ အႏိုင္က်င့္တယ္လုိ႔ ပတ္ဝန္းက်င္က သမုတ္မွာ စုိးတဲ့အတြက္ သုိးကေလးကုိ အျပစ္႐ွာတယ္..
“မင္း ငါေသာက္မယ့္ ေရေတြကုိ အနယ္ထေအာင္ လုပ္တယ္”

“ေသခ်ာၾကည့္ပါအုံး ဝံပုေလြႀကိီးရယ္၊ က်ေနာ္က ဝံပုေလြႀကီးရဲ႕ ေရစုန္ဘက္မွာ ေနတာပါ .. က်ေနာ့္ေၾကာင့္ ဘယ္လုိ လုပ္ၿပီး ေရက ေနာက္ရမွာလဲ”

ဝံပုေလြက
“မရဘူး .. မင္းေၾကာင့္ ေရမေနာက္ေပမဲ့ မင္းမိဘေတြေၾကာင့္ ေရေနာက္ဖူးတယ္ .. အဲေတာ့ မင္းကုိ ငါ စားရမွာပဲ”

*ဘယ္လုိေျဖေျဖ သူ႔အေျဖက အမွားပဲ။ ငါေျပာတာ အမွန္ပဲ ဆိုၿပီး သူ႔အသားကုိ စားခ်င္တဲ့ ဝံပုေလြႀကီးကရဲ႕ အမွန္ကလည္း အံ့ႀသစရာပဲ။
———–*———–*———-*———–*———-

လူႏွစ္ေယာက္က ဒဂၤါးျပား ေခါင္းပန္လွန္တယ္။ တစ္ေယာက္က ေခါင္းက်လည္း စားလုိက္တာပဲ။ ပန္းက်လည္း စားလုိက္တာပဲ။ အဲေတာ့ တျခားတစ္ေယာက္က ေမးတယ္ ..
“က်ေနာ္က ဘယ္လုိက်မွ စားရမွာလဲ”

ဟိုလူကက တရားမ်ွတစြာ ျပန္ေျဖတယ္ ..
“မင္းက ေထာင္ေနမွ စားရမွာ”

*အဲ႔လူႀကိီးရဲ႕ အမွန္တရား၊ တရားမ်ွတမႈကလည္း ေၾကာက္စရာ။
——————————-

*ဖေနာင့္႐ွည္ၿပီး ဖိနပ္အၿမီးတိုေနသူက ဖိနပ္နဲ႔ ကြက္တိ ျဖစ္ေအာင္ ဖေနာင့္ကုိ အျဖတ္ခိုင္းတဲ့ အမွန္တရား …

*’အၿမီးျပတ္ေျမေခြးက အၿမီး႐ွိေျမေခြးေတြကုိ အၿမီးဆိုတာ အပိုသက္သက္ပဲ .. အၿမီး႐ွိေနတဲ့အတြက္ ဘာမွ ပိုထူးျခား မလာဘူး’ ဆိုၿပီး အၿမီး႐ွိ ေျမေခြးေတြကုိ သူ႔လုိ အၿမီးျပတ္ ျဖစ္ေစရန္ အၿမီးျဖတ္ဖို႔ တရားေဟာတဲ့ အၿမီးျဖတ္ အမွန္တရား …

*’ေရပါတာပဲ လုိခ်င္တယ္ .. ေရးဗူးေပါက္တာ မလုိခ်င္ဘူး’ ဆိုတဲ့ အေၾကာင္းမေကာင္းပဲ အက်ိဳးေကာင္း ထြက္ခ်င္ေနေသာ၊ အေၾကာင္း မၾကည့္ပဲ အက်ိဳးကုိသာ လုိခ်င္ ေသာ ထူးသည့္ အမွန္တရား …

*အဖြဲ႔အစည္းတစ္ခုမွာ အမွားအယြင္းတစ္ခု ၾကဳံရေသာအခါ အသီးသီးေသာ အဖြဲ႔ဝင္ေတြက
‘က်ေနာ္ကေတာ့ မမွားဘူးေနာ္’ ဆိုၿပီး အမွန္တရား ဆိုတာကုိ မုန္႔လုေနသလုိ သူ႔ထက္ငါ ဦးေအာင္ေျပာၿပီး အေျပာေႏွးသူက မွားတဲ့ေကာင္ ျဖစ္ရေသာ လုယူၿပီး မွန္ရသည့္ အမွန္တရား …

ဤသုိ႔ေသာ ထူးဆန္ေသာ အမွန္တရားမ်ိဳး၊ လြန္စြာ တရားမ်ွတေသာ အမွန္တရားမ်ိဳး၊ လြန္စြာ ယထာဘူတက်သည့္ အမွန္တရားမ်ိဳး မ်ားကုိ ကုိင္စြဲရပ္တည္ ေနၾကသည့္ မဟာ့ မဟာလူသားမ်ားသည္ ဤကမၻာေျမေပၚ၌ အားရ ေက်နပ္ဖြယ္ရာျဖင့္ မ်ားစြာတည္႐ွိေနသည္ဟု က်ြန္ေတာ္သေဘာေပါက္ရ ပါေတာ့တယ္။

Oo Thaw

———————–

ကြောက်စရာ အမှန်တရားပိုင်ရှင်များ (unicode)

ရေးသားသူ – Oo Thaw

ပျားရည်ရောင်းသူက ကြော်ညာပြီး ရောင်းတယ် ။ “ပျားရည် အစစ်ဆိုတာ ခွေးမစားဘူး .. ခွေးစားရင် အဲဒါ ပျားရည် မစစ်ဘူး”

အခု သူရောင်းနေတဲ့ ပျားရည်ကို လက်တွေ့ စမ်းသပ်နိုင်ကြောင်း၊ သူ့ ပျားရည်ဟာ အစစ်ဖြစ်သောကြောင့် ခွေးမစားဘူး ဟူ၍ ကြော်ညာရောင်းတယ်။

အဲဒီမှာ လူတစ်ယောက်က ကြားဖြတ်ပြီး ဝင်မေးပါတယ်။
“တကယ်လို့ ခင်ဗျာ့ ပျားရည်ကို ခွေးစားရင် ရောဗျာ”

ပျားရည်ရောင်းသူက ယုံကြည်စွာပဲ ပြန်ဖြေပါတယ် ..
“အဲဒါ ခွေးမစစ်လို့”

*ဈေးရောင်းသူက သူ့ပျားရည် စစ်ဖို့အတွက် ခွေးတောင် ခွေးအစစ် မဟုတ်ဘူး ပြောသွားတယ်။
————————

နာမည်ကြီး ဗေဒင်ဆရာ တစ်ယောက်ဆီ အမျိုးသား တစ်ယောက်က ဗေဒင်
လာမေးတယ်။ ဗေဒင်ဆရာကြီးက ဟောလိုက်တယ် ..
“မောင်ရင့်မှာ သားသမီးသုံးယောက် ရှိတယ်”

အဲတော့ အမျိုးသားက ပြာပြာသလဲဖြင့်
“ဟာ မဟုတ်ပါဘူး ဆရာကြီးရယ်၊ ကျနော့်မှာ သားသမီး ငါးယောက် ရှိတာပါ”

ထိုအခါ ဗေဒင်ဆရာက မျက်နှာထားကို ပိုခန့်ထည်လိုက်ပြီး ပြောလိုက်တယ် ..
“မောင်ရင်က ထင်နေလို့ပါ”

ဗေဒင်ဆရာကြီးက သူ့ဟောကိန်း မှန်နေတာကို တစ်ပြားမှ မလျော့။
——————————

သိုးကလေးက စမ်းချောင်းမှာ ရေ ဆင်းသောက်တယ်။ ဝံပုလွေဆိုးက သိုးကလေးကို စားချင်တယ်။ ဒါပေမဲ့ မတရားစားတယ်၊ အနိုင်ကျင့်တယ်လို့ ပတ်ဝန်းကျင်က သမုတ်မှာ စိုးတဲ့အတွက် သိုးကလေးကို အပြစ်ရှာတယ်..
“မင်း ငါသောက်မယ့် ရေတွေကို အနယ်ထအောင် လုပ်တယ်”

“သေချာကြည့်ပါအုံး ဝံပုလွေကြီးရယ်၊ ကျနော်က ဝံပုလွေကြီးရဲ့ ရေစုန်ဘက်မှာ နေတာပါ .. ကျနော့်ကြောင့် ဘယ်လို လုပ်ပြီး ရေက နောက်ရမှာလဲ”

ဝံပုလွေက
“မရဘူး .. မင်းကြောင့် ရေမနောက်ပေမဲ့ မင်းမိဘတွေကြောင့် ရေနောက်ဖူးတယ် .. အဲတော့ မင်းကို ငါ စားရမှာပဲ”

*ဘယ်လိုဖြေဖြေ သူ့အဖြေက အမှားပဲ။ ငါပြောတာ အမှန်ပဲ ဆိုပြီး သူ့အသားကို စားချင်တဲ့ ဝံပုလွေကြီးကရဲ့ အမှန်ကလည်း အံ့ဩစရာပဲ။
———–*———–*———-*———–*———-

လူနှစ်ယောက်က ဒင်္ဂါးပြား ခေါင်းပန်လှန်တယ်။ တစ်ယောက်က ခေါင်းကျလည်း စားလိုက်တာပဲ။ ပန်းကျလည်း စားလိုက်တာပဲ။ အဲတော့ တခြားတစ်ယောက်က မေးတယ် ..
“ကျနော်က ဘယ်လိုကျမှ စားရမှာလဲ”

ဟိုလူကက တရားမျှတစွာ ပြန်ဖြေတယ် ..
“မင်းက ထောင်နေမှ စားရမှာ”

*အဲ့လူကြီးရဲ့ အမှန်တရား၊ တရားမျှတမှုကလည်း ကြောက်စရာ။
——————————-

*ဖနောင့်ရှည်ပြီး ဖိနပ်အမြီးတိုနေသူက ဖိနပ်နဲ့ ကွက်တိ ဖြစ်အောင် ဖနောင့်ကို အဖြတ်ခိုင်းတဲ့ အမှန်တရား …

*’အမြီးပြတ်မြေခွေးက အမြီးရှိမြေခွေးတွေကို အမြီးဆိုတာ အပိုသက်သက်ပဲ .. အမြီးရှိနေတဲ့အတွက် ဘာမှ ပိုထူးခြား မလာဘူး’ ဆိုပြီး အမြီးရှိ မြေခွေးတွေကို သူ့လို အမြီးပြတ် ဖြစ်စေရန် အမြီးဖြတ်ဖို့ တရားဟောတဲ့ အမြီးဖြတ် အမှန်တရား …

*’ရေပါတာပဲ လိုချင်တယ် .. ရေးဗူးပေါက်တာ မလိုချင်ဘူး’ ဆိုတဲ့ အကြောင်းမကောင်းပဲ အကျိုးကောင်း ထွက်ချင်နေသော၊ အကြောင်း မကြည့်ပဲ အကျိုးကိုသာ လိုချင် သော ထူးသည့် အမှန်တရား …

*အဖွဲ့အစည်းတစ်ခုမှာ အမှားအယွင်းတစ်ခု ကြုံရသောအခါ အသီးသီးသော အဖွဲ့ဝင်တွေက
‘ကျနော်ကတော့ မမှားဘူးနော်’ ဆိုပြီး အမှန်တရား ဆိုတာကို မုန့်လုနေသလို သူ့ထက်ငါ ဦးအောင်ပြောပြီး အပြောနှေးသူက မှားတဲ့ကောင် ဖြစ်ရသော လုယူပြီး မှန်ရသည့် အမှန်တရား …

ဤသို့သော ထူးဆန်သော အမှန်တရားမျိုး၊ လွန်စွာ တရားမျှတသော အမှန်တရားမျိုး၊ လွန်စွာ ယထာဘူတကျသည့် အမှန်တရားမျိုး များကို ကိုင်စွဲရပ်တည် နေကြသည့် မဟာ့ မဟာလူသားများသည် ဤကမ္ဘာမြေပေါ်၌ အားရ ကျေနပ်ဖွယ်ရာဖြင့် များစွာတည်ရှိနေသည်ဟု ကျွန်တော်သဘောပေါက်ရ ပါတော့တယ်။

Oo Thaw

Leave a Reply