ေဆးအရက္ ၂ပုလင္း သယ္ေဆာင္လာလုိ႔ ေထာင္ ၁၁ႏွစ္ခြဲက်ခဲ့တဲ့ လူငယ္

Posted on

ရုရွားက ဂရပ္ဖစ္ဒီဇုိင္နာ လူငယ္တစ္ေယာက္ဟာ ayahuasca လုိ႔ေခၚတဲ့ ေဆးပုလင္းငယ္ ၂လုံး သယ္ေဆာင္လာမႈေၾကာင့္ ေထာင္ဒါဏ္ ၁၁ႏွစ္ခြဲ က်ခံခဲ့ရပါတယ္။ ayahuasca ဟာ အေမဇုန္ ေရွးေဟာင္းလူမ်ဳိးေတြရဲ႕ ရုိးရာေဆးအရက္ ျဖစ္ၿပီး ဒီေဆးပုလင္းေတြကို သူဟာ ပီရူးႏုိင္ငံကုိ အလည္အပတ္သြားခဲ့ၿပီးတဲ့ေနာက္ ၀ယ္ယူလာခဲ့ျခင္းျဖစ္ပါတယ္။

သူ႔နာမည္ကေတာ့ Maxim Gert ျဖစ္ၿပီး သူဟာရုရွားႏုိင္ငံ ညီးရွနီးတာေဂးလ္(Nizhny Tagil) ၿမဳိ႕မွာေနထုိင္သူျဖစ္ပါတယ္။ သူ႔ရဲ႕အလုပ္ကိစၥနဲ႔ ပီရူးကို အလည္အပတ္သြားခဲ့ၿပီးတဲ့ေနာက္ အမွတ္တရလက္ေဆာင္ပစၥည္းအေနနဲ႔ ဒီေဆးပုလင္းေတြကို ၀ယ္ယူခဲ့ျခင္းျဖစ္ပါတယ္။ သူဟာ ေတာင္အေမရိက က ႏုိင္ငံေတြေရာက္စဥ္မွာ ေက်ာကုန္းနာက်င္မႈေ၀ဒနာကုိ ခံစားခဲ့ရပါတယ္။ ေဒသခံတစ္ေယာက္က အဲဒီက နတ္ဆရာတစ္ေယာက္နဲ႔ေတြ႔ဖုိ႔နဲ႔ ayahuasca ဆုိတဲ့ရုိးရာေဆးအရက္ေတြကို သုံးစြဲဖုိ႔ သူ႔ကို အႀကံေပးခဲ့ပါတယ္။

သူဟာ ဒီေဆးအရက္ေတြကို ေသာက္သုံးခဲ့ၿပီးတဲ့ေနာက္ ေရာဂါသက္သာ မသက္သာ အေသအခ်ာမသိေပမယ့္ အိမ္ျပန္ခရီးမွာ ဒါေတြကို ဆက္သုံးဦးမယ္ဆုိတဲ့အႀကံနဲ႔  ayahuasca ပုလင္းငယ္ႏွစ္လုံးကို ၀ယ္ယူသြားခဲ့ျခင္းျဖစ္ပါတယ္။ သူ႔အတြက္ေတာ့ ဒါဟာ သာမန္လက္ေဆာင္၀ယ္ယူမႈတစ္ခုသာ ျဖစ္ေပမယ့္ မၾကာခင္မွာေတာ့ ေျပာင္းလဲလုိ႔မရတဲ့ အမွားႀကီးတစ္ခုဆုိတာကို သိလုိက္ရပါတယ္။

ပီရူးကေန ရုရွားႏုိင္ငံက သူ႔ရဲ႕ၿမဳိ႕ Nizhny Tagil ကို ျပန္တဲ့ခရီးမွာ သူဟာ ႏုိင္ငံေပါင္းမ်ားစြာကို ျဖတ္ခဲ့ရပါတယ္။ ဒါေပမယ့္ ဘယ္အေကာက္ခြန္အရာရွိကမွ ayahuasca ပုလင္းေတြကို အေရးႀကီးတဲ့အရာဆုိတာကို သတိေပးျခင္းမရွိခဲ့ပါဘူး။ ေနာက္ဆုံးမွာေတာ့ ရုရွားက  Domodedovo ေလဆိပ္ကိုေရာက္ရွိလာခဲ့ပါတယ္။ ဒီမွာမွ ျပသနာစတက္ပါေတာ့တယ္။ သက္ဆုိင္ရာ ေလဆိပ္၀န္ထမ္းက သူ႔ရဲ႕ ayahuasca ပုလင္းေတြကို ေတြ႔သြားတယ္။ မသကၤာတဲ့အတြက္ ဓာတ္ခြဲခန္းကို ပုိ႔ၿပီးစစ္ေဆးေစတယ္။ ထြက္လာတဲ့အေျဖကေတာ့ ဒီေဆးပုလင္းေတြမွာ စိတ္ကိုေျပာင္းလဲေစတဲ့ဓာတ္ေတြပါ၀င္တယ္ ဆုိတာပါပဲ။ ဒါဟာ ရုရားမွာ ခြင့္မျပဳတဲ့အရာျဖစ္ပါတယ္။

ဒါေၾကာင့္ Maxim Gert ဟာ မႈးယစ္ေဆး၀ါးသယ္ေဆာင္ေရာင္းခ်မႈ ဆုိတဲ့ အေၾကာင္းျပခ်က္နဲ႔ ဘုမသိဘမသိ အဖမ္းခံခဲ့ရပါတယ္။  Maxim ရဲ႕ ေရွ႕ေနကေတာ့ သူ႔ရဲ႕အမႈသည္ဟာ ဒီစြပ္စြဲခ်က္ေၾကာင့္ အလြန္ထိတ္လန္႔သြားခဲ့တယ္ ၊ သူဟာ ayahuasca ပုလင္းေတြဟာ သူ႔ကုိဒုကၡေပးမယ္ဆုိတာ ဘယ္တုန္းကမွ မသိခဲ့ပါဘူး ၊ သူ႔ရဲ႕ေနာက္ေက်ာ နာက်င္မႈကို သက္သာေစဖုိ႔ ေဆးအျဖစ္ယူလာခဲ့ျခင္း ျဖစ္တယ္ လုိ႔ တရားရုံးကုိ ေလွ်ာက္ပါတယ္။ ဒါေပမယ့္ ဘာမွ မတတ္ႏုိင္ခဲ့ပါဘူး။

ဒီေဆးအရက္ဟာ ပီရူးမွာေတာ့ တရား၀င္ေရာင္းခ်ၿပီး ေသာက္သုံးခြင့္ရွိပါတယ္၊ ပီရူးရဲ႕ရတနာလုိ႔ေတာင္ ဆိုႏုိင္ပါတယ္ လုိ႔ Vladimir Brigadin က ေျပာခဲ့ပါတယ္။  Maxim ဟာ ဒီေဆးအရက္ကို ဒီမွာတရားမ၀င္မွန္းလည္း မသိပါဘူး ၊ ဒါေၾကာင့္ သူ႔ခရီးေဆာင္အိတ္ထဲကုိ အလြယ္တကူထည့္ၿပီး ယူေဆာင္လာခဲ့ျခင္းျဖစ္ပါတယ္။

ဒါေပမယ့္ Maxim ေရွ႕ေနရဲ႕ေလွ်ာက္တင္ခ်က္ နဲ႔ Maxim ရဲ႕ထြက္ဆုိခ်က္ေတြကုိ တရားရုံးက လက္မခံခဲ့ပဲ မႈးယစ္ေဆးသယ္ေဆာင္ေရာင္းခ်မႈ နဲ႔ ေထာင္ဒါဏ္ ၁၁ႏွစ္ခြဲ ခ်မွတ္ခဲ့ပါတယ္။ မိသားစု ၊ သူငယ္ခ်င္း နဲ႔ ေဆးစစ္ခ်က္ေတြက Maxim ဟာ မႈးယစ္ေဆးဘယ္ေတာ့မွ မသုံးစြဲတာကို ေထာက္ခံေပးခဲ့တဲ့အျပင္ မႈးယစ္မွတ္တမ္းမွာလည္း တစ္ခါမွ မပါ၀င္ခဲ့ဖူးပါဘူး။ သူ႔ရဲ႕ေရွ႕ေနဟာ သူ႔အမႈသည္အတြက္ အမ်ဳိးမ်ဳိး အသနားခံစာတင္ခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။

ဒါဟာ Maxim မွ မဟုတ္ပါဘူး တျခားႏုိင္ငံကုိ အလည္အပတ္သြားတဲ့သူေတြဟာ အမွတ္တရအေနနဲ႔ ႏွစ္ခါမစဥ္းစားပဲ အလြယ္တကူ၀ယ္ယူလာတတ္တဲ့ ကိစၥမ်ဳိးျဖစ္ပါတယ္။ တကယ္ေတာ့ ayahuasca ေဆးအရက္ကုိ ရုရွားတင္ မက အျခားႏုိင္ငံေတြကပါ ပိတ္ပင္ထားပါတယ္။ ဒါကို ခရီးသြားအမ်ားစုက သိရွိျခင္းမရွိပါဘူး။ တကယ္ဆုိရင္ သူထြက္လာခဲ့တဲ့ ေလဆိပ္ေတြကလည္း သတိေပးသင့္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ဘယ္လုိပဲမသိလုိ႔၀ယ္လာခဲ့ ၀ယ္လာခဲ့ တရားေရးစနစ္အရေတာ့ Maxim ဟာ မႈးယစ္ေဆးကုန္သည္တစ္ေယာက္ျဖစ္သြားခဲ့ပါၿပီ။

ဒီလုိ အဖမ္းခံရတာ Maxim Gert က ပထမဆုံးမဟုတ္ပါဘူး။ သူ႔အေရွ႕မွာ ဘရာဇီးက နတ္ဆရာတစ္ေယာက္လည္း ေဆးအရက္ ၆ပုလင္း ယူေဆာင္မႈနဲ႔ ေထာင္ဒါဏ္ ၃ႏွစ္ခ်မွတ္ခံခဲ့ရဖူးပါတယ္။ ၆ပုလင္းယူလာတာေတာင္ ၃ႏွစ္ပဲ အခ်ခံခဲ့ရတဲ့အေၾကာင္းကေတာ့ ဘရာဇီးသမၼတကုိယ္တုိင္ ဒီကိစၥမွာ ၀င္ေရာက္ေထာက္ခံေပးခဲ့လုိ႔ ျဖစ္ပါတယ္။ အခု ေထာင္ဒါဏ္ ၁၁ႏွစ္ခြဲ ခ်ခံရတဲ့ လူငယ္ေလးအတြက္ကေတာ့ တကယ္ကို စိတ္မေကာင္းစရာပါပဲ။

ဒီလုိမ်ဳိးကိစၥဟာ လူအမ်ားစုမွာ ျဖစ္ႏုိင္တဲ့ ကိစၥျဖစ္ပါတယ္။ သိတဲ့သူမ်ားအေနနဲ႔ ေလဆိပ္မွာ ယူေဆာင္လာခြင့္မရွိတဲ့ပစၥည္းေတြကို ဗဟုသုတ အေနနဲ႔ ေ၀မ်ေပးခဲ့ပါဦး။

Ref:
The Moscow Times

———————————

ဆေးအရက် ၂ပုလင်း သယ်ဆောင်လာလို့ ထောင် ၁၁နှစ်ခွဲကျခဲ့တဲ့ လူငယ် (unicode)

ရုရှားက ဂရပ်ဖစ်ဒီဇိုင်နာ လူငယ်တစ်ယောက်ဟာ ayahuasca လို့ခေါ်တဲ့ ဆေးပုလင်းငယ် ၂လုံး သယ်ဆောင်လာမှုကြောင့် ထောင်ဒါဏ် ၁၁နှစ်ခွဲ ကျခံခဲ့ရပါတယ်။ ayahuasca ဟာ အမေဇုန် ရှေးဟောင်းလူမျိုးတွေရဲ့ ရိုးရာဆေးအရက် ဖြစ်ပြီး ဒီဆေးပုလင်းတွေကို သူဟာ ပီရူးနိုင်ငံကို အလည်အပတ်သွားခဲ့ပြီးတဲ့နောက် ဝယ်ယူလာခဲ့ခြင်းဖြစ်ပါတယ်။

သူ့နာမည်ကတော့ Maxim Gert ဖြစ်ပြီး သူဟာရုရှားနိုင်ငံ ညီးရှနီးတာဂေးလ်(Nizhny Tagil) မြို့မှာနေထိုင်သူဖြစ်ပါတယ်။ သူ့ရဲ့အလုပ်ကိစ္စနဲ့ ပီရူးကို အလည်အပတ်သွားခဲ့ပြီးတဲ့နောက် အမှတ်တရလက်ဆောင်ပစ္စည်းအနေနဲ့ ဒီဆေးပုလင်းတွေကို ဝယ်ယူခဲ့ခြင်းဖြစ်ပါတယ်။ သူဟာ တောင်အမေရိက က နိုင်ငံတွေရောက်စဉ်မှာ ကျောကုန်းနာကျင်မှုဝေဒနာကို ခံစားခဲ့ရပါတယ်။ ဒေသခံတစ်ယောက်က အဲဒီက နတ်ဆရာတစ်ယောက်နဲ့တွေ့ဖို့နဲ့ ayahuasca ဆိုတဲ့ရိုးရာဆေးအရက်တွေကို သုံးစွဲဖို့ သူ့ကို အကြံပေးခဲ့ပါတယ်။

သူဟာ ဒီဆေးအရက်တွေကို သောက်သုံးခဲ့ပြီးတဲ့နောက် ရောဂါသက်သာ မသက်သာ အသေအချာမသိပေမယ့် အိမ်ပြန်ခရီးမှာ ဒါတွေကို ဆက်သုံးဦးမယ်ဆိုတဲ့အကြံနဲ့  ayahuasca ပုလင်းငယ်နှစ်လုံးကို ဝယ်ယူသွားခဲ့ခြင်းဖြစ်ပါတယ်။ သူ့အတွက်တော့ ဒါဟာ သာမန်လက်ဆောင်ဝယ်ယူမှုတစ်ခုသာ ဖြစ်ပေမယ့် မကြာခင်မှာတော့ ပြောင်းလဲလို့မရတဲ့ အမှားကြီးတစ်ခုဆိုတာကို သိလိုက်ရပါတယ်။

ပီရူးကနေ ရုရှားနိုင်ငံက သူ့ရဲ့မြို့ Nizhny Tagil ကို ပြန်တဲ့ခရီးမှာ သူဟာ နိုင်ငံပေါင်းများစွာကို ဖြတ်ခဲ့ရပါတယ်။ ဒါပေမယ့် ဘယ်အကောက်ခွန်အရာရှိကမှ ayahuasca ပုလင်းတွေကို အရေးကြီးတဲ့အရာဆိုတာကို သတိပေးခြင်းမရှိခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ရုရှားက  Domodedovo လေဆိပ်ကိုရောက်ရှိလာခဲ့ပါတယ်။ ဒီမှာမှ ပြသနာစတက်ပါတော့တယ်။ သက်ဆိုင်ရာ လေဆိပ်ဝန်ထမ်းက သူ့ရဲ့ ayahuasca ပုလင်းတွေကို တွေ့သွားတယ်။ မသင်္ကာတဲ့အတွက် ဓာတ်ခွဲခန်းကို ပို့ပြီးစစ်ဆေးစေတယ်။ ထွက်လာတဲ့အဖြေကတော့ ဒီဆေးပုလင်းတွေမှာ စိတ်ကိုပြောင်းလဲစေတဲ့ဓာတ်တွေပါဝင်တယ် ဆိုတာပါပဲ။ ဒါဟာ ရုရားမှာ ခွင့်မပြုတဲ့အရာဖြစ်ပါတယ်။

ဒါကြောင့် Maxim Gert ဟာ မှုးယစ်ဆေးဝါးသယ်ဆောင်ရောင်းချမှု ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘုမသိဘမသိ အဖမ်းခံခဲ့ရပါတယ်။  Maxim ရဲ့ ရှေ့နေကတော့ သူ့ရဲ့အမှုသည်ဟာ ဒီစွပ်စွဲချက်ကြောင့် အလွန်ထိတ်လန့်သွားခဲ့တယ် ၊ သူဟာ ayahuasca ပုလင်းတွေဟာ သူ့ကိုဒုက္ခပေးမယ်ဆိုတာ ဘယ်တုန်းကမှ မသိခဲ့ပါဘူး ၊ သူ့ရဲ့နောက်ကျော နာကျင်မှုကို သက်သာစေဖို့ ဆေးအဖြစ်ယူလာခဲ့ခြင်း ဖြစ်တယ် လို့ တရားရုံးကို လျှောက်ပါတယ်။ ဒါပေမယ့် ဘာမှ မတတ်နိုင်ခဲ့ပါဘူး။

ဒီဆေးအရက်ဟာ ပီရူးမှာတော့ တရားဝင်ရောင်းချပြီး သောက်သုံးခွင့်ရှိပါတယ်၊ ပီရူးရဲ့ရတနာလို့တောင် ဆိုနိုင်ပါတယ် လို့ Vladimir Brigadin က ပြောခဲ့ပါတယ်။  Maxim ဟာ ဒီဆေးအရက်ကို ဒီမှာတရားမဝင်မှန်းလည်း မသိပါဘူး ၊ ဒါကြောင့် သူ့ခရီးဆောင်အိတ်ထဲကို အလွယ်တကူထည့်ပြီး ယူဆောင်လာခဲ့ခြင်းဖြစ်ပါတယ်။

ဒါပေမယ့် Maxim ရှေ့နေရဲ့လျှောက်တင်ချက် နဲ့ Maxim ရဲ့ထွက်ဆိုချက်တွေကို တရားရုံးက လက်မခံခဲ့ပဲ မှုးယစ်ဆေးသယ်ဆောင်ရောင်းချမှု နဲ့ ထောင်ဒါဏ် ၁၁နှစ်ခွဲ ချမှတ်ခဲ့ပါတယ်။ မိသားစု ၊ သူငယ်ချင်း နဲ့ ဆေးစစ်ချက်တွေက Maxim ဟာ မှုးယစ်ဆေးဘယ်တော့မှ မသုံးစွဲတာကို ထောက်ခံပေးခဲ့တဲ့အပြင် မှုးယစ်မှတ်တမ်းမှာလည်း တစ်ခါမှ မပါဝင်ခဲ့ဖူးပါဘူး။ သူ့ရဲ့ရှေ့နေဟာ သူ့အမှုသည်အတွက် အမျိုးမျိုး အသနားခံစာတင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဒါဟာ Maxim မှ မဟုတ်ပါဘူး တခြားနိုင်ငံကို အလည်အပတ်သွားတဲ့သူတွေဟာ အမှတ်တရအနေနဲ့ နှစ်ခါမစဉ်းစားပဲ အလွယ်တကူဝယ်ယူလာတတ်တဲ့ ကိစ္စမျိုးဖြစ်ပါတယ်။ တကယ်တော့ ayahuasca ဆေးအရက်ကို ရုရှားတင် မက အခြားနိုင်ငံတွေကပါ ပိတ်ပင်ထားပါတယ်။ ဒါကို ခရီးသွားအများစုက သိရှိခြင်းမရှိပါဘူး။ တကယ်ဆိုရင် သူထွက်လာခဲ့တဲ့ လေဆိပ်တွေကလည်း သတိပေးသင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဘယ်လိုပဲမသိလို့ဝယ်လာခဲ့ ဝယ်လာခဲ့ တရားရေးစနစ်အရတော့ Maxim ဟာ မှုးယစ်ဆေးကုန်သည်တစ်ယောက်ဖြစ်သွားခဲ့ပါပြီ။

ဒီလို အဖမ်းခံရတာ Maxim Gert က ပထမဆုံးမဟုတ်ပါဘူး။ သူ့အရှေ့မှာ ဘရာဇီးက နတ်ဆရာတစ်ယောက်လည်း ဆေးအရက် ၆ပုလင်း ယူဆောင်မှုနဲ့ ထောင်ဒါဏ် ၃နှစ်ချမှတ်ခံခဲ့ရဖူးပါတယ်။ ၆ပုလင်းယူလာတာတောင် ၃နှစ်ပဲ အချခံခဲ့ရတဲ့အကြောင်းကတော့ ဘရာဇီးသမ္မတကိုယ်တိုင် ဒီကိစ္စမှာ ဝင်ရောက်ထောက်ခံပေးခဲ့လို့ ဖြစ်ပါတယ်။ အခု ၁၁ခွဲ ချခံရတဲ့ လူငယ်လေးအတွက်ကတော့ တကယ်ကို စိတ်မကောင်းစရာပါပဲ။

ဒီလိုမျိုးကိစ္စဟာ လူအများစုမှာ ဖြစ်နိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ သိတဲ့သူများအနေနဲ့ လေဆိပ်မှာ ယူဆောင်လာခွင့်မရှိတဲ့ပစ္စည်းတွေကို ဗဟုသုတ အနေနဲ့ ဝေမျပေးခဲ့ပါဦး။

 

Leave a Reply