အမွတ္မထင္ရလုုိက္တဲ့ အၾကံဥာဏ္ကုုိ အထင္မေသးပါနဲ ့

Posted on

ေရးသားသူ – ဖတ္ဖူးသမွ် -မွတ္သားထားမိေသာစာစုုမ်ား

၂၀ ရာစုေခတ္မွာ လူေတြနဲ ့တရင္းတႏွီးရွိလွတဲ့မ်က္ႏွာကုိ ျပပါဆုုိရင္ ကင္းစီဂ်ီးလက္(တ္)(Khing C.Gillette) ကုိပဲျပရပါလိမ့္မယ္ ။ တကမာၻလုုံးဆီ အေရအတြက္ေပါင္းမ်ားစြာတင္ပုုိ ့ေရာင္းခ်ရတဲ့ မုုတ္ဆိတ္ရိတ္ဓားမွာ သူ ့ပုုံပါေနလုုိ ့ပဲျဖစ္ပါတယ္ ။

၁၉၅၅ ခုုနစ္ဇန္န၀ါရီလ ၅ရက္ေန ့မွာ ဂ်ီးလက္(တ္)ကုုိ အေမရိကန္ႏိုုင္ငံ၊ ခ်ီကာာဂုုိျမိဳ ့က ကုုန္သည္မိသားစုုမွ ေမြးဖြားခဲ့ပါတယ္ ။ဖခင္ျဖစ္သူက ကုုန္သည္အေသးစားေလးတစ္ဦးျဖစ္လုုိ ့စီးပြားေရးအေျခမခုုိင္ခဲ့တာေၾကာင့္ အဆင္သိပ္မေျပေသာေၾကာင့္ (၁၆)ႏွစ္အရြယ္မွာ ေက်ာင္းထြက္ခဲ့ရပါတယ္ ။ မိသားစုုစား၀တ္ေနေရးကုုိကူညီႏိုင္ဖုိ႔ အလုုပ္ထြက္လုုပ္ခဲ့ရပါတယ္ ။

ဘြဲ ့လည္းမရ၊ အလုုပ္အေတြ ့အၾကံဳလည္းမရွိတာေၾကာင့္ အလြယ္ဆုုံးရႏုိင္တဲ့အလုပ္က အေရာင္၀န္ထမ္းပဲျဖစ္တယ္ ။အေရာင္း၀န္ထမ္းဘ၀ကုုိ ဂ်ီးလက္(တ္)ေရာက္သြားခဲ့ပါတယ္ ။အဲဒီအလုုပ္ကုုိ ၂၄ႏွစ္တုုိင္တုုိင္သူလုုပ္ခဲ့ပါတယ္ ။ ခက္ခဲပင္ပန္းတဲ့ အေရာင္း၀န္ထမ္းဘ၀မွာတင္ ဂ်ီးလက္(တ္)ရဲ ့စိတ္ဆႏၵနဲ ့လုုပ္ႏိုုင္စြမ္းကုိ ေကာင္းေကာင္းေလ့က်င့္ေပးခ့ဲသလုိ အေတြ ့အၾကံဳနဲ ့အသိပညာကုုိလည္းအမ်ားၾကီးစုုေဆာင္းေပးခဲ့ပါတယ္ ။ တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္မွာ ကုိယ္ပုိင္လုပ္ငန္းလုပ္ေဆာင္ႏိုုင္ဖုုိ ့ကုုိလည္းသူေမ်ွာ္လင့္ခဲ့ပါတယ္ ။

ဂ်ီးလက္(တ္)ေစာင့္ေနတဲ့ အခြင့္ေကာင္းက မုုိးေပၚကျပဳတ္မက်ခဲ့ပါဘူး ။  တစ္ေန ့မွာေတာ့ ပုံမွန္အလုပ္ေတြလုပ္ကာ ျဖတ္သန္းေနရင္းနဲ႔ အမွတ္မထင္စိတ္ကူးတစ္ခုရမိတယ္။ အေရာင္း၀န္ထမ္းတစ္ဦးျဖစ္သူ သူဟာ၀ယ္ယူသူေတြနွင့္မေတြ ့ခင္ ကုုိယ့္ကုုိယ္ကုုိသပ္ရပ္ေအာင္ျပင္ဆင္ခ်ိန္မွာ အဲဒီစိတ္ကူးရရွိတာပဲျဖစ္ပါတယ္။ အဲဒီေခတ္မွာ မုတ္ဆိတ္ရိတ္ဓားဟာ ၾကီးမားျပီးေပါ့ပါးမႈ မရွိသလုုိ ထက္လည္းမထက္ပါဘူး ။ မုတ္ဆိတ္ရိတ္ဖုိ႔ အခ်ိန္ကုုန္အားကုုန္တဲ့အျပင္အခန္ ့မသင့္ရင္ ဓားရွႏုိင္ပါေသးတယ္ ။ သူမုုတ္ဆိတ္ရိတ္ခ်ိန္မွာလည္း မၾကာခဏဓားရွမိေသာေၾကာင့္ တစ္ခ်ိန္ခ်ိန္မွာအဆင္ေျပေပါ့ပါးျပီး ထက္လည္းထက္တဲ့ ၊ အႏၱရာယ္လည္းကင္းတဲ့ မုတ္ဆိတ္ရိတ္ဓားကုိအစားထုုိး ႏုိင္ရင္ေကာင္းမွာပဲလုုိ ့အၿမဲစဥ္းစားေနခဲ့ပါတယ္ ။

တစ္ခါက အျခားနယ္တစ္ခုမွာ ပစၥည္းေတြကုိ သူလုုိက္ေရာင္းခဲ့ရပါတယ္ ။ အဲဒီေန ့ကခ်ိန္းထားတဲ့အေရာင္းအ၀ယ္သမားနဲ ့ေတြ ့ဖုုိ ့မုုတ္ဆိတ္ေမြးကုုိ သူအလ်င္စလိုုရိတ္မိလုုိ ့ေမးစ့မွာ ဓားရွခဲ့ပါတယ္။ ရာသီဥတုကလည္းပူ ဓားကလည္းရွတာေၾကာင့္ စိတ္တုုိျပီးမုတ္ဆိတ္ရိတ္ဓားကုုိ သူလႊင့္ပစ္လုုိက္ပါတယ္။ ပါးစပ္ကလည္း “အဆင္ေျပၿပီး ထက္တဲ့ဓားမရွိေတာ့ဘူးလား ။ ေယာက်္ားေတြဟာ မုတ္ဆိတ္ရိတ္တုုိင္း ဒီလုုိခံရေတာ့မွာလား “လုုိ ့ေအာ္ဟစ္ခဲ့ပါတယ္။

သူရဲ ့ဒီလုုိ ေအာ္ဟစ္လုုိက္သံဟာ
” ငါလုုိခ်င္တဲ့ မုတ္ဆိတ္ရိတ္ဓားမ်ိဳးကုိ ငါဘာျဖစ္လုုိ ့မထြင္ႏိုုင္ရမွာလဲ “လုုိ ့သူ႔ကုိယ္သူ သတိေပးလုုိက္သလုိ ျဖစ္သြားပါတယ္ ။

တစ္ခါကေရာင္း၀ယ္တဲ့အေတြ ့ၾကံဳတစ္ခုုကလည္း သူ ့ကုုိပညာတစ္ခုေပးခဲ့ပါေသးတယ္ ။ အဲဒီတုုန္းကအလုုပ္ရုုံတစ္ခုုကုိ ပုလင္းစုိ႔ ပုံစံတစ္ခုု သူသြားျပခဲ့တယ္ ။ ဒီေသးငယ္တဲ့ ပုုလင္းအစုုိ ့ဟာ မျဖစ္စေလာက္ေလးပါ ။ ေစ်းေပါျပီး ၀ယ္ယူသုုံးစြဲသူေတြမ်ားျပားပါတယ္ ။ ေစ်းကြက္မွာ ေရာင္းအားေကာင္းခဲ့ပါတယ္ ။ ဂ်ီးလက္(တ္)ဟာ အလုပ္ႀကဳိးစားသူမုုိ ့သူေဌးႏွစ္သက္ျခင္းကုိခံရပါတယ္ ။ ဂ်ီးလက္(တ္)ကေရာင္းပန္းလွတဲ့ ဒီပုလင္းစုုိ ့အေၾကာင္း သူေဌးကုိတအံ့တၾသေမးျမန္းလုုိက္ပါတယ္ ။

” ဒီဘာမွမဆုိစေလာက္ ပုလင္းစုိ ့ေလးကဘာျဖစ္လုုိ ့ဒီေလာက္ေရာင္းေကာင္းေနတာလဲ “
” ဒီပုလင္းစုိ႔ အသစ္က သုုံးျပီးတာနဲ ့လႊင့္ပစ္တဲ့တစ္ခါသုုံးပစၥည္းျဖစ္ေနလုိ႔ေပါ့။ သုုံးတာျမန္ရင္ ေရာင္းအားအလုိလုိတက္လာတာပါပဲ။ ေစ်းႏွုုန္းကလည္းတန္တဲ့အတြက္ ထပ္၀ယ္ရလည္းတန္တယ္လုိ႔ လူေတြထင္ေနၾကလုိ႔ေပါ့ “လုုိ ့သူေဌးက ခပ္ျပံဳးျပံဳးျပန္ေျပာခဲ့တယ္။ သူေဌးအမွတ္မထင္ေျပာျပလုုိက္တဲ့” စီးပြားေရးေဗဒ”က ဂ်ီးလက္(တ္)ရင္ကုိ ရုုိက္ခတ္ခဲ့တယ္ ။ သုံးၿပီးတာနဲ ့လႊင့္ပစ္တဲ့ပစၥည္းကုုိငါဘာလုုိ ့မထြင္ႏုုိင္ရမွာလဲ ။ ဒါဟာ ငါ့လုပ္ငန္းအတြက္တာထြက္ေကာင္းဖုုိ ့ျဖစ္ႏိုုင္တယ္လုိ႔ သူေတြးခဲ့ပါတယ္ ။ ဂ်ီးလက္(တ္)ဟာ စိတ္ကူးသမားသတ္သတ္မဟုုတ္ပါဘူး။ သူဟာလုပ္ရဲ၊ ကုိင္ရဲ၊ ေတြးရဲတဲ့သူလည္းျဖစ္ပါတယ္ ။

သူဟာ ခ်က္ခ်င္းတံစဥ္း၊ ညွပ္၊ စတီးျပားကိရိယာနဲ ့လုိအပ္တဲ့ပစၥည္းေတြကုုိ၀ယ္လာျပီး စမ္းသပ္မႈေတြ စိတ္ကူးပုုံေဖာ္မႈေတြ ကုိအေသးစိတ္ျပဳလုပ္ပါတယ္ ။ ဓားေနရာမွာ ဘရိတ္ဓားကုိ အသုံးၿပဳရင္သုုံးျပီးတာနဲ ့လႊင့္ပစ္လုုိ ့ရႏုုိင္ပါတယ္ ။ ဒါေပမဲ့ဓားနဲ ့ဓားရုုိးကုိခြဲလုုိ ရတာျဖစ္ရမယ္လုုိ ့သူစဥ္းစားခဲ့ပါတယ္ ။ ဓားက တုံးသြားႏုိင္တယ္။ ဒါေပမဲ့ဓားကုုိထပ္ျပီးအသုုံးျပဳလုုိ ရႏုုိင္ပါတယ္ ။ ဓားေစ်းႏႈန္းဟာ ေစ်းမၾကီးတာမုုိ ့သုုံးစြဲသူေတြဟာ သိပ္တြက္ကပ္ေနမွာမဟုုတ္ဘူး ဆုုိတဲ့စိတ္ကူးကုုိထပ္မံရခဲ့ျပန္ပါတယ္ ။

ဒီလုုိနဲ ့ဓားရုုိးပုံစံကုုိ သူထြင္လုုိက္ပါတယ္ ။ ဓားရုုိးထိပ္မွာခ်ိမ့္ပုုံစံထားျပီ းဓားရုုိးနဲ ့ဓားကုုိ၀က္အူနဲ ့ထိန္းထားေစခဲ့တယ္ ။ ဓားကုုိပါးလႊာတဲ့ စတီးနဲ ့လုုပ္ထား သတၱဳႏွစ္ခုုၾကားမွာ ညွပ္လုုိက္တယ္ ။ ၿပီးေတာ့ ဓားသြားကုိ အျပင္ဘက္နည္းနည္း ထုတ္ထားလုုိက္ၿပီး အသုုံးျပဳခ်ိန္မွာ ဓားသြားနဲ ့မ်က္ႏွာျပင္ကုိ သမတ္က်ေစခဲ့ပါတယ္ ။ ဒါမွ မ်က္ႏွာျပင္နဲ ့ေမးေစ့ေနရာေတြက မုုတ္ဆိတ္ရိတ္ခ်ိန္မွာအလြယ္တကူ မထိရွမွာျဖစ္ပါတယ္ ။

စိတ္ကူးအတုုိင္း ဒီဇုိင္းေရးဆြဲျပီးေနာက္ ဂ်ီးလက္(တ္)ဟာ တတ္ကြ်မ္းသူကိုေခၚျပီး ဒီဇုုိင္းကုိပုံေဖာ္ေစခဲ့ပါတယ္။ သူထြင္တဲ့ မုတ္ဆိတ္ရိတ္ဓားကုိ အသုုံးျပဳရတာထင္သေလာက္ ခရီးမေပါက္ေပမယ့္ နဂုိမုတ္ဆိတ္ရိတ္ဓားထက္ ပုိထက္သလုိ ပုိလုံၿခံဳခဲ့ပါတယ္ ။ တုိးတက္ဖိုု ့အလားအလာရွိတာေၾကာင့္ ဂ်ီးလက္(တ္)ဟာ တတ္ကြ်မ္းနားလည္တဲ့ စက္မႈ အင္ဂ်င္နီယာတစ္ဦးကုိ ဒီအေၾကာင္းေျပာျပလုုိက္ပါတယ္ ။ အင္ဂ်င္နီယာကစိတ္၀င္စားျပီး ဂ်ီးလက္(တ္)နဲ ့ပူးေပါင္းခဲ့ပါတယ္ ။

၁၉၀၃ ခုနစ္မွာ ဘရိတ္ဓားအပုုိ (၂၀) ပါတဲ့ မုုတ္ဆိတ္ရိတ္စက္ကုိ ထုတ္လုုပ္ေရာင္းခ်ခဲ့ပါတယ္ ။ အဲဒီႏွစ္မွာ မုတ္ဆိတ္ရိတ္စက္ (၅၁)ခုုပဲ ေရာင္းခဲ့ရပါတယ္ ။ ၁၉၁၃ ခုႏွစ္မွာ ဓားပါး ၁၆၈ ခုု နဲ ့ဓားရုုိ း 51 ခုုေရာင္းခဲ့ရပါတယ္ ။ ပထမကမၻာစစ္မွာ ဂ်ီးလက္(တ္)ရဲ ့ဘရိတ္ဓားေပါင္း ၁၂သန္း ကုုိ ေရာင္းခ်ခဲ့ရျပီး မုတ္ဆိတ္ရိတ္ဓားေစ်းကြက္မွာ ၈၀% အထိ ေနရာရလာခဲ့ပါတယ္။ ျပည္ပကုုမၺဏီခြဲေပါင္ း ၄၄ခုုထိ ရွိလာခဲ့ပါတယ္ ။ ၁၉၂၀ ခုနစ္မွာေတာ့ လူေပါင္း သန္း၂၀ ေလာက္က ဂ်ီးလက္(တ္)ရဲ ့မုတ္ဆိတ္ရိတ္စက္နဲ ့ဓားပါးကုိ အသုံးျပဳေနၾကပါျပီ ။ ဒုုတိယကမၻာစစ္မွာေတာ့ စစ္တပ္ကုိပံ့ပုိးတဲ့အေနနဲ ့မုတ္ဆိတ္ရိတ္စက္အမ်ားအျပားကုုိလွဴဒါန္းခဲ့ပါတယ္ ။

၁၉၃၉ ခုုနစ္ကမၻာ ့ေဘ့စ္ေဘာျပိဳင္ပြဲ ထုုတ္လြင့္တဲ့ စပြန္ဆာကုုိ ဂ်ီးလက္(တ္)တစ္ဦးတည္းက ရရွိခဲ့ပါတယ္။ အဲ့ဒီေနာက္ပုုိင္းမွာ ဂ်ီးလက္(တ္)နာမည္ကုိ ျမင္းျပိဳင္ပြဲ၊ လက္ေ၀ွ ့ပြဲ ၊ အေမရိကန္ေဘာလုုံးျပိဳင္ပြဲေတြမွာပါ ျမင္ေတြ ့လာခဲ့ရပါတယ္ ။ ” Happiness” မဂၢဇင္းေလ့လာဆန္းစစ္ခ်က္အရ အေမရိကန္ကုမၸဏီ ၅၀၀ထဲကေန အသားတင္အျမတ္ေငြ ေရာင္းရႏႈန္း ဂ်ီးလက္(တ္)က နံပတ္ ၄ ေနရာမွာ ရွိခဲ့ပါတယ္ ။

ႏွစ္ေပါင္း တစ္ရာေက်ာ္သမုုိင္းမွာ ဂ်ီးလက္(တ္)က ထုုတ္ကုန္အမ်ိဳးမ်ိဳးကုုိတီထြင္ႏုိင္ခဲ့ပါတယ္ ။ အခြင့္ေကာင္းအခါေကာင္းကုုိ မပ်င္းရိပဲေတြးေတာခ်င့္ခ်ိန္တတ္သူ လက္ေတြ႔အေကာင္အထည္ေဖာ္ခဲ့သူ အတြက္ေအာင္ျမင္မႈျဖစ္ခဲ့ပါတယ္ ။ မေျပာပေလာက္တဲ့ အေတြးကုုိမၾကာခဏေတြးၾကည့္ပါ ။ မေျပာပေလာက္တဲ့အေတြး ဒါမွမဟုုတ္ မထူးျခားတဲ့အေတြးကုုိ ေတြးေတာေနခ်ိန္မွာ သင့္ေခါင္းထဲ အၾကည္ဓာတ္ေတြ၀င္သြားျပီးဦးေႏွာက္ကအရာ၀တၳဳကုုိ ေတြးေတာလႈံေဆာ္မႈကုိ ခံရတယ္ ။ အဲဒီလႈံေဆာ္မႈက ေသြးလည္ပတ္မႈကုုိ ေကာင္းမြန္ေစတယ္။

ျပသာနာအခက္အခဲကုိ ၾကံဳဆုံလာတဲ့အခါမွာ ဆုုံးျဖတ္ခ်က္ကုိအလွ်င္စလုုိ မခ်ပဲ နည္းအမ်ိဳးမ်ိဳးနဲ ့ေတြးေတာၾကည့္ႏုိင္ပါတယ္ ။ မေျပာပေလာက္ေသာ အရာေတြကုိ သင္သတိထားၾကည့္ႏိုုင္မယ္ဆုုိ တျခားသူသတိမမူမိတဲ့အရာ ေတာ္ေတာ္မ်ားမ်ားကုိ သင္သတိထားမိႏိုင္ပါတယ္ ။ ဒီလုိဆုိရင္ အရာ၀တၳဳအသစ္အဆန္းေတြကုိ ရွာေဖြဖမ္းဆုုပ္ႏိုင္တဲ့ အခြင့္အေရးကုုိ သင္ေတြ လာပါလိမ့္မယ္ ။

 

ဖတ္ဖူးသမွ် -မွတ္သားထားမိေသာစာစုုမ်ား

—————————

အမှတ်မထင်ရလိုက်တဲ့ အကြံဥာဏ်ကို အထင်မသေးပါနဲ့ (unicode)

ရေးသားသူ – ဖတ်ဖူးသမျှ -မှတ်သားထားမိသောစာစုများ

၂၀ ရာစုခေတ်မှာ လူတွေနဲ့တရင်းတနှီးရှိလှတဲ့မျက်နှာကို ပြပါဆိုရင် ကင်းစီဂျီးလက်(တ်)(Khing C.Gillette) ကိုပဲပြရပါလိမ့်မယ် ။ တကမ္ဘာလုံးဆီ အရေအတွက်ပေါင်းများစွာတင်ပို့ရောင်းချရတဲ့ မုတ်ဆိတ်ရိတ်ဓားမှာ သူ့ပုံပါနေလို့ပဲဖြစ်ပါတယ် ။

၁၉၅၅ ခုနစ်ဇန်နဝါရီလ ၅ရက်နေ့မှာ ဂျီးလက်(တ်)ကို အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့က ကုန်သည်မိသားစုမှ မွေးဖွားခဲ့ပါတယ် ။ဖခင်ဖြစ်သူက ကုန်သည်အသေးစားလေးတစ်ဦးဖြစ်လို့စီးပွားရေးအခြေမခိုင်ခဲ့တာကြောင့် အဆင်သိပ်မပြေသောကြောင့် (၁၆)နှစ်အရွယ်မှာ ကျောင်းထွက်ခဲ့ရပါတယ် ။ မိသားစုစားဝတ်နေရေးကိုကူညီနိုင်ဖို့ အလုပ်ထွက်လုပ်ခဲ့ရပါတယ် ။

ဘွဲ့လည်းမရ၊ အလုပ်အတွေ့အကြုံလည်းမရှိတာကြောင့် အလွယ်ဆုံးရနိုင်တဲ့အလုပ်က အရောင်ဝန်ထမ်းပဲဖြစ်တယ် ။အရောင်းဝန်ထမ်းဘဝကို ဂျီးလက်(တ်)ရောက်သွားခဲ့ပါတယ် ။အဲဒီအလုပ်ကို ၂၄နှစ်တိုင်တိုင်သူလုပ်ခဲ့ပါတယ် ။ ခက်ခဲပင်ပန်းတဲ့ အရောင်းဝန်ထမ်းဘဝမှာတင် ဂျီးလက်(တ်)ရဲ့စိတ်ဆန္ဒနဲ့လုပ်နိုင်စွမ်းကို ကောင်းကောင်းလေ့ကျင့်ပေးခဲ့သလို အတွေ့အကြုံနဲ့အသိပညာကိုလည်းအများကြီးစုဆောင်းပေးခဲ့ပါတယ် ။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကိုယ်ပိုင်လုပ်ငန်းလုပ်ဆောင်နိုင်ဖို့ကိုလည်းသူမျှော်လင့်ခဲ့ပါတယ် ။

ဂျီးလက်(တ်)စောင့်နေတဲ့ အခွင့်ကောင်းက မိုးပေါ်ကပြုတ်မကျခဲ့ပါဘူး ။  တစ်နေ့မှာတော့ ပုံမှန်အလုပ်တွေလုပ်ကာ ဖြတ်သန်းနေရင်းနဲ့ အမှတ်မထင်စိတ်ကူးတစ်ခုရမိတယ်။ အရောင်းဝန်ထမ်းတစ်ဦးဖြစ်သူ သူဟာဝယ်ယူသူတွေနှင့်မတွေ့ခင် ကိုယ့်ကိုယ်ကိုသပ်ရပ်အောင်ပြင်ဆင်ချိန်မှာ အဲဒီစိတ်ကူးရရှိတာပဲဖြစ်ပါတယ်။ အဲဒီခေတ်မှာ မုတ်ဆိတ်ရိတ်ဓားဟာ ကြီးမားပြီးပေါ့ပါးမှု မရှိသလို ထက်လည်းမထက်ပါဘူး ။ မုတ်ဆိတ်ရိတ်ဖို့ အချိန်ကုန်အားကုန်တဲ့အပြင်အခန့်မသင့်ရင် ဓားရှနိုင်ပါသေးတယ် ။ သူမုတ်ဆိတ်ရိတ်ချိန်မှာလည်း မကြာခဏဓားရှမိသောကြောင့် တစ်ချိန်ချိန်မှာအဆင်ပြေပေါ့ပါးပြီး ထက်လည်းထက်တဲ့ ၊ အန္တရာယ်လည်းကင်းတဲ့ မုတ်ဆိတ်ရိတ်ဓားကိုအစားထိုး နိုင်ရင်ကောင်းမှာပဲလို့အမြဲစဉ်းစားနေခဲ့ပါတယ် ။

တစ်ခါက အခြားနယ်တစ်ခုမှာ ပစ္စည်းတွေကို သူလိုက်ရောင်းခဲ့ရပါတယ် ။ အဲဒီနေ့ကချိန်းထားတဲ့အရောင်းအဝယ်သမားနဲ့တွေ့ဖို့မုတ်ဆိတ်မွေးကို သူအလျင်စလိုရိတ်မိလို့မေးစ့မှာ ဓားရှခဲ့ပါတယ်။ ရာသီဥတုကလည်းပူ ဓားကလည်းရှတာကြောင့် စိတ်တိုပြီးမုတ်ဆိတ်ရိတ်ဓားကို သူလွှင့်ပစ်လိုက်ပါတယ်။ ပါးစပ်ကလည်း “အဆင်ပြေပြီး ထက်တဲ့ဓားမရှိတော့ဘူးလား ။ ယောက်ျားတွေဟာ မုတ်ဆိတ်ရိတ်တိုင်း ဒီလိုခံရတော့မှာလား “လို့အော်ဟစ်ခဲ့ပါတယ်။

သူရဲ့ဒီလို အော်ဟစ်လိုက်သံဟာ
” ငါလိုချင်တဲ့ မုတ်ဆိတ်ရိတ်ဓားမျိုးကို ငါဘာဖြစ်လို့မထွင်နိုင်ရမှာလဲ “လို့သူ့ကိုယ်သူ သတိပေးလိုက်သလို ဖြစ်သွားပါတယ် ။

တစ်ခါကရောင်းဝယ်တဲ့အတွေ့ကြုံတစ်ခုကလည်း သူ့ကိုပညာတစ်ခုပေးခဲ့ပါသေးတယ် ။ အဲဒီတုန်းကအလုပ်ရုံတစ်ခုကို ပုလင်းစို့ ပုံစံတစ်ခု သူသွားပြခဲ့တယ် ။ ဒီသေးငယ်တဲ့ ပုလင်းအစို့ဟာ မဖြစ်စလောက်လေးပါ ။ ဈေးပေါပြီး ဝယ်ယူသုံးစွဲသူတွေများပြားပါတယ် ။ ဈေးကွက်မှာ ရောင်းအားကောင်းခဲ့ပါတယ် ။ ဂျီးလက်(တ်)ဟာ အလုပ်ကြိုးစားသူမို့သူဌေးနှစ်သက်ခြင်းကိုခံရပါတယ် ။ ဂျီးလက်(တ်)ကရောင်းပန်းလှတဲ့ ဒီပုလင်းစို့အကြောင်း သူဌေးကိုတအံ့တဩမေးမြန်းလိုက်ပါတယ် ။

” ဒီဘာမှမဆိုစလောက် ပုလင်းစို့လေးကဘာဖြစ်လို့ဒီလောက်ရောင်းကောင်းနေတာလဲ ”
” ဒီပုလင်းစို့ အသစ်က သုံးပြီးတာနဲ့လွှင့်ပစ်တဲ့တစ်ခါသုံးပစ္စည်းဖြစ်နေလို့ပေါ့။ သုံးတာမြန်ရင် ရောင်းအားအလိုလိုတက်လာတာပါပဲ။ ဈေးနှုန်းကလည်းတန်တဲ့အတွက် ထပ်ဝယ်ရလည်းတန်တယ်လို့ လူတွေထင်နေကြလို့ပေါ့ “လို့သူဌေးက ခပ်ပြုံးပြုံးပြန်ပြောခဲ့တယ်။ သူဌေးအမှတ်မထင်ပြောပြလိုက်တဲ့” စီးပွားရေးဗေဒ”က ဂျီးလက်(တ်)ရင်ကို ရိုက်ခတ်ခဲ့တယ် ။ သုံးပြီးတာနဲ့လွှင့်ပစ်တဲ့ပစ္စည်းကိုငါဘာလို့မထွင်နိုင်ရမှာလဲ ။ ဒါဟာ ငါ့လုပ်ငန်းအတွက်တာထွက်ကောင်းဖို့ဖြစ်နိုင်တယ်လို့ သူတွေးခဲ့ပါတယ် ။ ဂျီးလက်(တ်)ဟာ စိတ်ကူးသမားသတ်သတ်မဟုတ်ပါဘူး။ သူဟာလုပ်ရဲ၊ ကိုင်ရဲ၊ တွေးရဲတဲ့သူလည်းဖြစ်ပါတယ် ။

သူဟာ ချက်ချင်းတံစဉ်း၊ ညှပ်၊ စတီးပြားကိရိယာနဲ့လိုအပ်တဲ့ပစ္စည်းတွေကိုဝယ်လာပြီး စမ်းသပ်မှုတွေ စိတ်ကူးပုံဖော်မှုတွေ ကိုအသေးစိတ်ပြုလုပ်ပါတယ် ။ ဓားနေရာမှာ ဘရိတ်ဓားကို အသုံးပြုရင်သုံးပြီးတာနဲ့လွှင့်ပစ်လို့ရနိုင်ပါတယ် ။ ဒါပေမဲ့ဓားနဲ့ဓားရိုးကိုခွဲလို ရတာဖြစ်ရမယ်လို့သူစဉ်းစားခဲ့ပါတယ် ။ ဓားက တုံးသွားနိုင်တယ်။ ဒါပေမဲ့ဓားကိုထပ်ပြီးအသုံးပြုလို ရနိုင်ပါတယ် ။ ဓားဈေးနှုန်းဟာ ဈေးမကြီးတာမို့သုံးစွဲသူတွေဟာ သိပ်တွက်ကပ်နေမှာမဟုတ်ဘူး ဆိုတဲ့စိတ်ကူးကိုထပ်မံရခဲ့ပြန်ပါတယ် ။

ဒီလိုနဲ့ဓားရိုးပုံစံကို သူထွင်လိုက်ပါတယ် ။ ဓားရိုးထိပ်မှာချိမ့်ပုံစံထားပြီ းဓားရိုးနဲ့ဓားကိုဝက်အူနဲ့ထိန်းထားစေခဲ့တယ် ။ ဓားကိုပါးလွှာတဲ့ စတီးနဲ့လုပ်ထား သတ္တုနှစ်ခုကြားမှာ ညှပ်လိုက်တယ် ။ ပြီးတော့ ဓားသွားကို အပြင်ဘက်နည်းနည်း ထုတ်ထားလိုက်ပြီး အသုံးပြုချိန်မှာ ဓားသွားနဲ့မျက်နှာပြင်ကို သမတ်ကျစေခဲ့ပါတယ် ။ ဒါမှ မျက်နှာပြင်နဲ့မေးစေ့နေရာတွေက မုတ်ဆိတ်ရိတ်ချိန်မှာအလွယ်တကူ မထိရှမှာဖြစ်ပါတယ် ။ စိတ်ကူးအတိုင်း ဒီဇိုင်းရေးဆွဲပြီးနောက် ဂျီးလက်(တ်)ဟာ တတ်ကျွမ်းသူကိုခေါ်ပြီး ဒီဇိုင်းကိုပုံဖော်စေခဲ့ပါတယ် ။ သူထွင်တဲ့ မုတ်ဆိတ်ရိတ်ဓားကို အသုံးပြုရတာထင်သလောက် ခရီးမပေါက်ပေမယ့် နဂိုမုတ်ဆိတ်ရိတ်ဓားထက် ပိုထက်သလို ပိုလုံခြုံခဲ့ပါတယ် ။ တိုးတက်ဖို့အလားအလာရှိတာကြောင့် ဂျီးလက်(တ်)ဟာ တတ်ကျွမ်းနားလည်တဲ့ စက်မှု အင်ဂျင်နီယာတစ်ဦးကို ဒီအကြောင်းပြောပြလိုက်ပါတယ် ။ အင်ဂျင်နီယာကစိတ်ဝင်စားပြီး ဂျီးလက်(တ်)နဲ့ပူးပေါင်းခဲ့ပါတယ် ။

၁၉၀၃ ခုနစ်မှာ ဘရိတ်ဓားအပို (၂၀) ပါတဲ့ မုတ်ဆိတ်ရိတ်စက်ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ် ။ အဲဒီနှစ်မှာ မုတ်ဆိတ်ရိတ်စက် (၅၁)ခုပဲ ရောင်းခဲ့ရပါတယ် ။ ၁၉၁၃ ခုနှစ်မှာ ဓားပါး ၁၆၈ ခု နဲ့ဓားရို း 51 ခုရောင်းခဲ့ရပါတယ် ။ ပထမကမ္ဘာစစ်မှာ ဂျီးလက်(တ်)ရဲ့ဘရိတ်ဓားပေါင်း ၁၂သန်း ကို ရောင်းချခဲ့ရပြီး မုတ်ဆိတ်ရိတ်ဓားဈေးကွက်မှာ ၈၀% အထိ နေရာရလာခဲ့ပါတယ်။ ပြည်ပကုမ္ဗဏီခွဲပေါင် း ၄၄ခုထိ ရှိလာခဲ့ပါတယ် ။ ၁၉၂၀ ခုနစ်မှာတော့ လူပေါင်း သန်း၂၀ လောက်က ဂျီးလက်(တ်)ရဲ့မုတ်ဆိတ်ရိတ်စက်နဲ့ဓားပါးကို အသုံးပြုနေကြပါပြီ ။ ဒုတိယကမ္ဘာစစ်မှာတော့ စစ်တပ်ကိုပံ့ပိုးတဲ့အနေနဲ့မုတ်ဆိတ်ရိတ်စက်အများအပြားကိုလှူဒါန်းခဲ့ပါတယ် ။

၁၉၃၉ ခုနစ်ကမ္ဘာ့ဘေ့စ်ဘောပြိုင်ပွဲ ထုတ်လွင့်တဲ့ စပွန်ဆာကို ဂျီးလက်(တ်)တစ်ဦးတည်းက ရရှိခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ ဂျီးလက်(တ်)နာမည်ကို မြင်းပြိုင်ပွဲ၊ လက်ဝှေ့ပွဲ ၊ အမေရိကန်ဘောလုံးပြိုင်ပွဲတွေမှာပါ မြင်တွေ့လာခဲ့ရပါတယ် ။ ” Happiness” မဂ္ဂဇင်းလေ့လာဆန်းစစ်ချက်အရ အမေရိကန်ကုမ္ပဏီ ၅၀ဝထဲကနေ အသားတင်အမြတ်ငွေ ရောင်းရနှုန်း ဂျီးလက်(တ်)က နံပတ် ၄ နေရာမှာ ရှိခဲ့ပါတယ် ။

နှစ်ပေါင်း တစ်ရာကျော်သမိုင်းမှာ ဂျီးလက်(တ်)က ထုတ်ကုန်အမျိုးမျိုးကိုတီထွင်နိုင်ခဲ့ပါတယ် ။ အခွင့်ကောင်းအခါကောင်းကို မပျင်းရိပဲတွေးတောချင့်ချိန်တတ်သူ လက်တွေ့အကောင်အထည်ဖော်ခဲ့သူ အတွက်အောင်မြင်မှုဖြစ်ခဲ့ပါတယ် ။ မပြောပလောက်တဲ့ အတွေးကိုမကြာခဏတွေးကြည့်ပါ ။ မပြောပလောက်တဲ့အတွေး ဒါမှမဟုတ် မထူးခြားတဲ့အတွေးကို တွေးတောနေချိန်မှာ သင့်ခေါင်းထဲ အကြည်ဓာတ်တွေဝင်သွားပြီ းဦးနှောက်ကအရာဝတ္ထုကို တွေးတောလှုံဆော်မှုကို ခံရတယ် ။ အဲဒီလှုံဆော်မှုက သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်။

ပြသာနာအခက်အခဲကို ကြုံဆုံလာတဲ့အခါမှာ ဆုံးဖြတ်ချက်ကိုအလျှင်စလို မချပဲ နည်းအမျိုးမျိုးနဲ့တွေးတောကြည့်နိုင်ပါတယ် ။ မပြောပလောက်သော အရာတွေကို သင်သတိထားကြည့်နိုင်မယ်ဆို တခြားသူသတိမမူမိတဲ့အရာ တော်တော်များများကို သင်သတိထားမိနိုင်ပါတယ် ။ ဒီလိုဆိုရင် အရာဝတ္ထုအသစ်အဆန်းတွေကို ရှာဖွေဖမ်းဆုပ်နိုင်တဲ့ အခွင့်အရေးကို သင်တွေ လာပါလိမ့်မယ် ။

ဖတ်ဖူးသမျှ -မှတ်သားထားမိသောစာစုများ

Leave a Reply