ကာလီဒါသေျပာတဲ့ အေကာင္းနဲ႔အကန္း

Posted on

တစ္ခါက ပညာရွိႀကီး ကာလီဒါသကို ဘုရင္မင္းႀကီးက ေမးတယ္။
“ကာလီဒါသ ငါ့တိုင္းျပည္မွာ မ်က္စိျမင္ေသာသူမ်ားနဲ႔ မျမင္ေသာသူမ်ား အဘယ္သူကပိုမ်ားသနည္း”

ဒီေတာ့ ကာလီဒါသက
“မွန္လွပါ မျမင္ေသာသူက ပိုမ်ားပါတယ္ အရွင္မင္းႀကီး” လို႔ ေလွ်ာက္တင္လိုက္တယ္။

“ဟယ္. . မဟုတ္ေသးပါဘူး ကာလီဒါသ၊ ငါေမးေနတာ ငါ့တိုင္းျပည္မွာ အေကာင္းနဲ႔အကန္း ဘယ္သူက ပိုမ်ားသလဲလို႔ ေမးေနတာ”
” မွန္လွပါ၊ ကြ်န္ေတာ္မ်ိဳးႀကီးလည္း အဲ့ဒါကိုပဲ ေျဖတာပါဘုရား၊ အရွင္မင္းႀကီးရဲ႕တိုင္းျပည္ မွာ အေကာင္းထက္ အကန္းက ပိုမ်ားပါတယ္ ဘုရား”
ဒီေတာ့ ဘုရင္ႀကီးဟာ အမ်က္ေခ်ာင္းေခ်ာင္းထြက္သြားသတဲ့။
သူ႔တိုင္းျပည္ကို အကန္းေတြ ပိုမ်ားတယ္လို႔ အေျပာခံရတာကိုး။

“ေကာင္းၿပီေလ ကာလီဒါသ၊ သင့္စကားကို မွန္ကန္တဲ့အေၾကာင္း သင္ငါ့ကို သက္ေသျပဖို႔ေတာ့လိုလိမ့္မယ္။ မဟုတ္ရင္ေတာ့ ကြ်ႏု္ပ္ သင့္ကို အျပစ္ေပးရလိမ့္မယ္” လို႔ေျပာလိုက္တယ္။ ေနာက္ေန႔ မွာေတာ့ ကာလီဒါသဟာ နန္းေတာ္ထဲကို ခစားမဝင္ေတာ့ပါဘူး။ စာအုပ္တစ္အုပ္၊ မင္တံတစ္ေခ်ာင္းနဲ႔ ျမစ္ဆိပ္မွာ သြားထုိင္ေနပါေတာ့တယ္။ နန္းေတာ္ထဲက မွဴးမတ္ေတြဟာ ကာလီဒါသအေၾကာင္းကို တိုးတိုးတိုးတိုးနဲ႔ အမ်ိဳးမ်ိဳးေျပာၾကတယ္။

ကာလီဒါသဟာ သက္ေသမျပႏိုင္ေတာ့လို႔ဘုရင့္အမ်က္ ေျပလိုေျပျငား အသနားခံဖို႔ ရတုေတြစပ္ေနတာတို႔၊ ကာလီဒါသဟာ စိတ္မႏွံ႔ေတာ့လို႔သာဒီလိုေျပာ၊ဒီလိုျပဳမူေနတာတို႔၊ ကာလီဒါသဟာ ဘုရင္မင္းျမတ္ကို တမင္သက္သက္ ဆန္႔က်င္တိုက္ခိုက္တာတို႔စံုလို႔ပဲေပါ့၊ကိုယ္သန္ရာသန္ရာ၊ ထင္ရာျမင္ရာ လိုရာစြဲလို႔ ေျပာၾကဆိုၾကပါေတာ့တယ္။ အဲ့ဒါလူေလ . . ။လူေတြရဲ႕သဘာဝေလ။

ေနာက္ဆံုး ဘုရင္မင္းျမတ္ဟာ မေနႏိုင္ေတာ့ဘဲ ကာလီဒါသရွိရာကို မွဴးမတ္ဗိုလ္ပါေတြနဲ႔ကိုယ္ေတာ္တိုင္ ၾကြေရာက္သြားလိုက္တယ္။ အရင္ဆံုး မင္းခ်င္းတစ္ေယာက္ကိုလႊတ္ၿပီး ေမးခိုင္းတယ္။
“ပညာရွိႀကီးကာလီဒါသ၊ ပညာရွိႀကီး ဘာလုပ္ေနတာလဲ”
သူဘာမွ ျပန္မေျဖဘူး။ သူ႔စာအုပ္ထဲ အဲ့ဒီမင္းခ်င္းရဲ႕နာမည္ ထည့္ေရးလိုက္တယ္။ဘယ္လို မွ အေျဖမရတဲ့ မင္းခ်င္းက ကာလီဒါသအပါးက ခြာၿပီး ဘုရင္မင္းျမတ္ကို ျပန္ေလွ်ာက္တယ္။

“မွန္လွပါ၊ အမတ္ႀကီးကာလီဒါသဟာ ကြ်န္ေတာ္မ်ိဳးကို အဖတ္ေတာင္မလုပ္ပါဘူးဘုရား” ဘုရင္မင္းျမတ္က စဥ္းစားတယ္။ အင္း . . သူ႔ထက္ ရာထူးငယ္တဲ့သူေမးလို႔ အေရးမလုပ္တာေနမွာ။ ဒီေတာ့ရာထူးအဆင့္အတန္းခ်င္းတူတဲ့ အမတ္တစ္ေယာက္လႊတ္ဦးမွပဲေပါ့။ ဒါနဲ႔ ကာလီဒါသ နဲ႔ အဆင့္အတန္းခ်င္းတူတဲ့ အမတ္တစ္ေယာက္ကို လႊတ္ၿပီး ေမးခုိင္းျပန္တယ္။
“အေဆြေတာ္ ကာလီဒါသ။ ဘာလုပ္ေနပါသလဲ”
ကာလီဒါသျပန္မေျဖပါဘူး။ အဲ့ဒီအမတ္ရဲ႕နာမည္ကို စာအုပ္ထဲထည့္ေရးလိုက္ျပန္တယ္။ ဘယ္လိုမွ ေမးမရတဲ့ အဆံုးမွာ အဲ့ဒီအမတ္လည္း ျပန္သြားရျပန္တယ္။

“ကြ်န္ေတာ္မ်ိဳးကုိလည္း မေျဖပါဘူး အရွင္မင္းျမတ္”
ဒါနဲ႔ဘုရင္ႀကီးဟာ ကာလီဒါသထက္ ရာထူးအဆင့္တန္းႀကီးတဲ့ ဝန္မင္းတစ္ပါးကို ေစလႊတ္လိုက္ျပန္တယ္။
“ကာလီဒါသ ေမာင္မင္းဘာလုပ္ေနသလဲ” ကာလီဒါသဟာ ဝန္မင္းႀကြလာတာကို ပ်ာပ်ာသလဲ လုက္အုပ္ခ်ီလို႔ ခရီးဦးႀကိဳျပဳေပမဲ့ ျပန္မေျဖပါဘူး။ ဝန္မင္းရဲ႕နာမည္ကိုစာအုပ္ထဲ ထပ္ထည့္လိုက္ျပန္တယ္။ ဒါနဲ႔ေမးမရတဲ့အဆံုး ဝန္မင္းလည္း ေဒါနဲ႔ေမာနဲ႔ ျပန္ၾကြသြားတယ္။

“အဲ့ဒီ ငမိုက္သား ကာလီဒါသဟာ ကြ်န္ေတာ္မ်ိဳးကိုေတာင္ ပမာမခန္႔နဲ႔ ေမးတာမေျဖဘူး ဘုရား”
” သယ္ . . ဒါဆိုရင္ ေနာက္ထပ္ဝန္မင္းတစ္ေယာက္ထပ္သြား၊ ငါကိုယ္ေတာ္ကိုယ္တိုင္ ေမးခိုင္းတယ္လို႔ ေမးစမ္း” ဒါနဲ႔ ေနာက္ထပ္ဝန္မင္းတစ္ပါးဟာ ၾကြသြားရျပန္တယ္။
” ဒီမယ္ ကာလီဒါသ ေမာင္မင္းဘာလုပ္ေနလဲဆိုတာ ဘုရင္မင္းျမတ္ကိုတိုင္က သိခ်င္လို႔ ကြ်ႏု္ပ္ကို ေမးခိုင္းလိုက္တယ္”
ကာလီဒါသမေျဖပါဘူး။ အဲ့ဒီဝန္မင္းနာမည္ကိုလည္း စာအုပ္ထဲ ထပ္ထည့္လိုက္ျပန္တာေပါ့။ ဝန္မင္းဟာ အမ်ိဳးမ်ိဳးေဖ်ာင့္ဖ်ေျပာဆိုပါတယ္။ ဘုရင္မင္းျမတ္အမိန္႔ကို ဖီဆန္သလိုျဖစ္ရင္ ရာဇဝတ္ ေဘးသင့္မယ့္အေၾကာင္းေတြေရာ၊ စိတ္ကိုေလွ်ာ့ဖို႔အေၾကာင္းေတြေရာ၊ ဒါေပမဲ့ ကာလီဒါသဆီက ဘာမွတံု႔ျပန္မႈမရေတာ့ လက္ေလွ်ာ့ၿပီး ျပန္သြားရတယ္။

ဘုရင္မင္းျမတ္ဟာ ေဒါသအမ်က္ေတြႀကီးသည္ထက္ႀကီးလာၿပီ။ ေနာက္လိုက္ဗိုလ္ပါ မွဴးမတ္ေတြကလည္း ကာလီဒါသအေၾကာင္း တစ္ေယာက္တစ္ေပါက္ ထင္ရာျမင္ရာေတြ ေျပာကုန္တယ္။ ဘုရင္မင္းျမတ္က ရွဴးရွဴးရွဲရွဲနဲ႔ သူကိုယ္တိုင္ ကာလီဒါသဆီကို ၾကြသြားတယ္။
“ကာလီဒါသ ေမာင္မင္းဘာလုပ္ေနသလဲလို႔ ကြ်ႏု္ပ္ေမးခိုင္းတာကို ဘာလို႔ ျပန္မေျဖတာလဲ”
“ခဏေလး သည္းခံေတာ္မူပါဘုရား။ ကြ်န္ေတာ္မ်ိဳးစာရင္းေလးျဖည့္လိုက္ပါဦးမယ္။ၿပီးရင္ ေျဖပါ့မယ္”
ကာလီဒါသက စာအုပ္ထဲ ဘုရင္မင္းျမတ္ႀကီးနာမည္ကိုပါျဖည့္လိုက္တယ္။ ၿပီးေတာ့မွ

“ကြ်န္ေတာ္မ်ိဳး စာရင္းျပဳစုေနတာပါ ဘုရား”
“ေဟ . .ဘာစာရင္းတုန္း ကာလီဒါသ”
“မွန္ပါ အရွင္မင္းႀကီးျပဳစုခိုင္းတဲ့ စာရင္းပါဘုရား”
“ဟဲ့ . . ငါ ဘာစာရင္းျပဳစုခုိင္းလို႔လဲ”

“မွန္ပါ အကန္းစာရင္းပါဘုရား”
“ေဟ . . ျပစမ္း”
“ဒီမွာ ကြ်န္ေတာ္မ်ိဳးထိုင္ေနတာျမင္ရဲ႕သားနဲ႔ တစ္ေယာက္ၿပီးတစ္ေယာက္လာၿပီးဘာလုပ္ေနလဲလို႔ လာလာေမးၾကတာ မျမင္ရလို႔ မဟုတ္လားဘုရား။ ဒါေၾကာင့္ ကြ်န္ေတာ္မ်ိဳး အကန္းစာရင္းထဲ သူတို႔အားလံုးကို သြင္းရပါတယ္”တဲ့။

ဒီေတာ့မွ စာရင္းကို ၾကည့္ၿပီး ဘုရင္မင္းျမတ္ကိုယ္တိုင္ တဟားဟားနဲ႔ သေဘာက်ေတာ္မူေတာ့တယ္။ မက်ခံႏိုင္႐ုိးလား။ သူ႔နာမည္လည္း အဲ့ဒီစာရင္းထဲ ပါတာကိုး။ ဒီေတာ့မွ ေနာက္လိုက္ ဗိုလ္ပါမွဴးမတ္ေတြလဲ ကာလီဒါသရဲ႕ပရိယာယ္ကို သေဘာေပါက္ၿပီး ေျပာၾကဆိုၾကေဝဖန္ၾကပါေတာ့တယ္။ အဲ့ဒီအခ်ိန္မွာ ေနာက္လိုက္ဗိုလ္ပါေတြ ဘာေတြေျပာၾကမလဲဆိုေတာ့ ခုနကကာလီဒါသ ဘာလုပ္ေနမွန္း မသိတုန္းကလိုပဲ ကိုယ္ထင္ရာျမင္ရာ အမ်ိဳးမ်ိဳးေျပာဆိုၾကေတာ့တာေပါ့။ အဲ့ဒါလူေလ . . .။ လူေတြရဲ႔သဘာဝေလ။

ကြ်န္ေတာ္တို႔ပတ္ဝန္းက်င္မွာ ကာလီဒါသရဲ႕ ပတ္ဝန္းက်င္လိုပဲ မ်က္မျမင္မ်ားသာ ေနထိုင္ၾကပါတယ္။ သူတို႔ဟာ ျမင္သင့္သေလာက္ မျမင္တဲ့အျပင္ ထင္ရာျမင္ရာကိုလည္း ရမ္းသန္းမွန္းဆ ေျပာဆိုတက္ၾကပါေသးတယ္။ ဘယ္လိုေျပာဖူးလဲဆိုေတာ့ ကြ်န္ေတာ္တို႔ငယ္ငယ္က သင္ခဲ့ဖူးတဲ့ ပု႑ာေျခာက္ ေယာက္ေျပာသလို ေျပာေလ့ရွိပါတယ္။ မ်က္မျမင္ပု႑ားေျခာက္ေယာက္ဟာ ဆင္ကို ဘယ္လိုပံုပန္းသ႑ာန္လဲလို႔ သိခ်င္လို႔ စမ္းၾကည့္ၾကတယ္။ ေျခေထာက္ကို ဖမ္းမိတဲ့လူက ဆင္ဆိုတာ တိုင္ႀကီးမ်ားနဲ႔တူတယ္လို႔ ေျပာတယ္။ အၿမီးကိုင္မိတဲ့သူက ဆင္ဆိုတာ ႀကိဳးနဲ႔တူပါသတဲ့။ အစြယ္ကို စမ္းတဲ့သူကေတာ့လွံ၊ နားရြက္ကိုစမ္းမိတဲ့သူက ယပ္ေတာင္၊ နံေဘးကိုစမ္းမိတဲ့သူက နံရံ၊ ႏွာေမာင္းကို စမ္းမိတဲ့သူက ေျမြလို႔ထင္မွတ္လိုက္ၾကသတဲ့။

အဲ့ဒါ ကြ်န္ေတာ္တို႔ ပတ္ဝန္းက်င္ပါ။ လူတစ္ေယာက္ရဲ႕အေၾကာင္းကို ခေရေစ့တြင္းက် ဂဃဏန မသိပဲ ထင္ရာျမင္ရာကုိသန္သလို ဇာတ္လမ္းေလးဆင္ၿပီး ပိုပိုသာသာ ေျပာဆိုတတ္ၾက၊ ကိုယ္သိလိုက္တဲ့၊ျမင္လိုက္တဲ့ အစိတ္အပိုင္းေလးတစ္ခုေပၚမွာ ကိုယ္သိသေလာက္ေလး ျမင္သေလာက္ေလးအေပၚမွာသာ အေျခခံလို႔ ေျပာတက္ဆိုတတ္ၾကတာ လူပါ။ ကြ်န္ေတာ္တို႔ ပတ္ဝန္းက်င္ပါ။ အဲ့ဒီလိုေျပာေတာ့ အေျပာခံရတဲ့သူက ဘာျဖစ္သလဲဆိုေတာ့ အေျပာခံရတာေပါ့။ ေျပာတဲ့သူေတြကို မေျပာပါနဲ႔ တားလို႔မရဘူးတဲ့။

“ဘာျဖစ္လဲကိုယ့္ပါးစပ္နဲ႔ကိုယ္ ေျပာတာပဲ မွန္လို႔ေျပာတာပဲ” လို႔ျပန္ေျပာတက္ၾကပါေသးတယ္။ အဲ့ဒါကိုေတာ့ ေရႊပါရမီေတာရဆရာေတာ္ အရွင္ဆႏၵာဓိကရဲ႕ စာကိုပဲ တိုးၿပီး ေျပာလိုက္ပါမယ္။ ကိုယ့္ပါးစပ္နဲ႔ကိုယ္ အတင္းေျပာတာ၊
ကိုယ့္ပါးစပ္နဲ႔ ကိုယ္အတင္းေျပာတာ၊ ဟုတ္လို႔မွန္လို႔ ေျပာတာ ဘာျဖစ္လဲဆိုေတာ့ အကုသိုလ္ျဖစ္ပါတယ္တဲ့။ အကုသိုလ္ျဖစ္ေတာ့ဘာျဖစ္လဲဆိုေတာ့ ငရဲႀကီးပါမယ္တဲ့။

ကဲ. . . ကိုယ့္ကိုကိုယ္ မ်က္မျမင္ပု႑ားေတြထဲ ပါမပါ ဆန္းစစ္ၾကည့္ဖို႔ေတာ့ လိုမယ္ထင္ပါရဲ႕ . . ။

Forward Mail
2009,March,Perfect

——————

ကာလီဒါသပြောတဲ့ အကောင်းနဲ့အကန်း (unicode)

တစ်ခါက ပညာရှိကြီး ကာလီဒါသကို ဘုရင်မင်းကြီးက မေးတယ်။
“ကာလီဒါသ ငါ့တိုင်းပြည်မှာ မျက်စိမြင်သောသူများနဲ့ မမြင်သောသူများ အဘယ်သူကပိုများသနည်း”

ဒီတော့ ကာလီဒါသက
“မှန်လှပါ မမြင်သောသူက ပိုများပါတယ် အရှင်မင်းကြီး” လို့ လျှောက်တင်လိုက်တယ်။

“ဟယ်. . မဟုတ်သေးပါဘူး ကာလီဒါသ၊ ငါမေးနေတာ ငါ့တိုင်းပြည်မှာ အကောင်းနဲ့အကန်း ဘယ်သူက ပိုများသလဲလို့ မေးနေတာ”
” မှန်လှပါ၊ ကျွန်တော်မျိုးကြီးလည်း အဲ့ဒါကိုပဲ ဖြေတာပါဘုရား၊ အရှင်မင်းကြီးရဲ့တိုင်းပြည် မှာ အကောင်းထက် အကန်းက ပိုများပါတယ် ဘုရား”
ဒီတော့ ဘုရင်ကြီးဟာ အမျက်ချောင်းချောင်းထွက်သွားသတဲ့။
သူ့တိုင်းပြည်ကို အကန်းတွေ ပိုများတယ်လို့ အပြောခံရတာကိုး။

“ကောင်းပြီလေ ကာလီဒါသ၊ သင့်စကားကို မှန်ကန်တဲ့အကြောင်း သင်ငါ့ကို သက်သေပြဖို့တော့လိုလိမ့်မယ်။ မဟုတ်ရင်တော့ ကျွန်ုပ် သင့်ကို အပြစ်ပေးရလိမ့်မယ်” လို့ပြောလိုက်တယ်။ နောက်နေ့ မှာတော့ ကာလီဒါသဟာ နန်းတော်ထဲကို ခစားမဝင်တော့ပါဘူး။ စာအုပ်တစ်အုပ်၊ မင်တံတစ်ချောင်းနဲ့ မြစ်ဆိပ်မှာ သွားထိုင်နေပါတော့တယ်။ နန်းတော်ထဲက မှူးမတ်တွေဟာ ကာလီဒါသအကြောင်းကို တိုးတိုးတိုးတိုးနဲ့ အမျိုးမျိုးပြောကြတယ်။

ကာလီဒါသဟာ သက်သေမပြနိုင်တော့လို့ဘုရင့်အမျက် ပြေလိုပြေငြား အသနားခံဖို့ ရတုတွေစပ်နေတာတို့၊ ကာလီဒါသဟာ စိတ်မနှံ့တော့လို့သာဒီလိုပြော၊ဒီလိုပြုမူနေတာတို့၊ ကာလီဒါသဟာ ဘုရင်မင်းမြတ်ကို တမင်သက်သက် ဆန့်ကျင်တိုက်ခိုက်တာတို့စုံလို့ပဲပေါ့၊ကိုယ်သန်ရာသန်ရာ၊ ထင်ရာမြင်ရာ လိုရာစွဲလို့ ပြောကြဆိုကြပါတော့တယ်။ အဲ့ဒါလူလေ . . ။လူတွေရဲ့သဘာဝလေ။

နောက်ဆုံး ဘုရင်မင်းမြတ်ဟာ မနေနိုင်တော့ဘဲ ကာလီဒါသရှိရာကို မှူးမတ်ဗိုလ်ပါတွေနဲ့ကိုယ်တော်တိုင် ကြွရောက်သွားလိုက်တယ်။ အရင်ဆုံး မင်းချင်းတစ်ယောက်ကိုလွှတ်ပြီး မေးခိုင်းတယ်။
“ပညာရှိကြီးကာလီဒါသ၊ ပညာရှိကြီး ဘာလုပ်နေတာလဲ”
သူဘာမှ ပြန်မဖြေဘူး။ သူ့စာအုပ်ထဲ အဲ့ဒီမင်းချင်းရဲ့နာမည် ထည့်ရေးလိုက်တယ်။ဘယ်လို မှ အဖြေမရတဲ့ မင်းချင်းက ကာလီဒါသအပါးက ခွာပြီး ဘုရင်မင်းမြတ်ကို ပြန်လျှောက်တယ်။

“မှန်လှပါ၊ အမတ်ကြီးကာလီဒါသဟာ ကျွန်တော်မျိုးကို အဖတ်တောင်မလုပ်ပါဘူးဘုရား” ဘုရင်မင်းမြတ်က စဉ်းစားတယ်။ အင်း . . သူ့ထက် ရာထူးငယ်တဲ့သူမေးလို့ အရေးမလုပ်တာနေမှာ။ ဒီတော့ရာထူးအဆင့်အတန်းချင်းတူတဲ့ အမတ်တစ်ယောက်လွှတ်ဦးမှပဲပေါ့။ ဒါနဲ့ ကာလီဒါသ နဲ့ အဆင့်အတန်းချင်းတူတဲ့ အမတ်တစ်ယောက်ကို လွှတ်ပြီး မေးခိုင်းပြန်တယ်။
“အဆွေတော် ကာလီဒါသ။ ဘာလုပ်နေပါသလဲ”
ကာလီဒါသပြန်မဖြေပါဘူး။ အဲ့ဒီအမတ်ရဲ့နာမည်ကို စာအုပ်ထဲထည့်ရေးလိုက်ပြန်တယ်။ ဘယ်လိုမှ မေးမရတဲ့ အဆုံးမှာ အဲ့ဒီအမတ်လည်း ပြန်သွားရပြန်တယ်။

“ကျွန်တော်မျိုးကိုလည်း မဖြေပါဘူး အရှင်မင်းမြတ်”
ဒါနဲ့ဘုရင်ကြီးဟာ ကာလီဒါသထက် ရာထူးအဆင့်တန်းကြီးတဲ့ ဝန်မင်းတစ်ပါးကို စေလွှတ်လိုက်ပြန်တယ်။
“ကာလီဒါသ မောင်မင်းဘာလုပ်နေသလဲ” ကာလီဒါသဟာ ဝန်မင်းကြွလာတာကို ပျာပျာသလဲ လုက်အုပ်ချီလို့ ခရီးဦးကြိုပြုပေမဲ့ ပြန်မဖြေပါဘူး။ ဝန်မင်းရဲ့နာမည်ကိုစာအုပ်ထဲ ထပ်ထည့်လိုက်ပြန်တယ်။ ဒါနဲ့မေးမရတဲ့အဆုံး ဝန်မင်းလည်း ဒေါနဲ့မောနဲ့ ပြန်ကြွသွားတယ်။

“အဲ့ဒီ ငမိုက်သား ကာလီဒါသဟာ ကျွန်တော်မျိုးကိုတောင် ပမာမခန့်နဲ့ မေးတာမဖြေဘူး ဘုရား”
” သယ် . . ဒါဆိုရင် နောက်ထပ်ဝန်မင်းတစ်ယောက်ထပ်သွား၊ ငါကိုယ်တော်ကိုယ်တိုင် မေးခိုင်းတယ်လို့ မေးစမ်း” ဒါနဲ့ နောက်ထပ်ဝန်မင်းတစ်ပါးဟာ ကြွသွားရပြန်တယ်။
” ဒီမယ် ကာလီဒါသ မောင်မင်းဘာလုပ်နေလဲဆိုတာ ဘုရင်မင်းမြတ်ကိုတိုင်က သိချင်လို့ ကျွန်ုပ်ကို မေးခိုင်းလိုက်တယ်”
ကာလီဒါသမဖြေပါဘူး။ အဲ့ဒီဝန်မင်းနာမည်ကိုလည်း စာအုပ်ထဲ ထပ်ထည့်လိုက်ပြန်တာပေါ့။ ဝန်မင်းဟာ အမျိုးမျိုးဖျောင့်ဖျပြောဆိုပါတယ်။ ဘုရင်မင်းမြတ်အမိန့်ကို ဖီဆန်သလိုဖြစ်ရင် ရာဇဝတ် ဘေးသင့်မယ့်အကြောင်းတွေရော၊ စိတ်ကိုလျှော့ဖို့အကြောင်းတွေရော၊ ဒါပေမဲ့ ကာလီဒါသဆီက ဘာမှတုံ့ပြန်မှုမရတော့ လက်လျှော့ပြီး ပြန်သွားရတယ်။

ဘုရင်မင်းမြတ်ဟာ ဒေါသအမျက်တွေကြီးသည်ထက်ကြီးလာပြီ။ နောက်လိုက်ဗိုလ်ပါ မှူးမတ်တွေကလည်း ကာလီဒါသအကြောင်း တစ်ယောက်တစ်ပေါက် ထင်ရာမြင်ရာတွေ ပြောကုန်တယ်။ ဘုရင်မင်းမြတ်က ရှူးရှူးရှဲရှဲနဲ့ သူကိုယ်တိုင် ကာလီဒါသဆီကို ကြွသွားတယ်။
“ကာလီဒါသ မောင်မင်းဘာလုပ်နေသလဲလို့ ကျွန်ုပ်မေးခိုင်းတာကို ဘာလို့ ပြန်မဖြေတာလဲ”
“ခဏလေး သည်းခံတော်မူပါဘုရား။ ကျွန်တော်မျိုးစာရင်းလေးဖြည့်လိုက်ပါဦးမယ်။ပြီးရင် ဖြေပါ့မယ်”
ကာလီဒါသက စာအုပ်ထဲ ဘုရင်မင်းမြတ်ကြီးနာမည်ကိုပါဖြည့်လိုက်တယ်။ ပြီးတော့မှ

“ကျွန်တော်မျိုး စာရင်းပြုစုနေတာပါ ဘုရား”
“ဟေ . .ဘာစာရင်းတုန်း ကာလီဒါသ”
“မှန်ပါ အရှင်မင်းကြီးပြုစုခိုင်းတဲ့ စာရင်းပါဘုရား”
“ဟဲ့ . . ငါ ဘာစာရင်းပြုစုခိုင်းလို့လဲ”

“မှန်ပါ အကန်းစာရင်းပါဘုရား”
“ဟေ . . ပြစမ်း”
“ဒီမှာ ကျွန်တော်မျိုးထိုင်နေတာမြင်ရဲ့သားနဲ့ တစ်ယောက်ပြီးတစ်ယောက်လာပြီးဘာလုပ်နေလဲလို့ လာလာမေးကြတာ မမြင်ရလို့ မဟုတ်လားဘုရား။ ဒါကြောင့် ကျွန်တော်မျိုး အကန်းစာရင်းထဲ သူတို့အားလုံးကို သွင်းရပါတယ်”တဲ့။

ဒီတော့မှ စာရင်းကို ကြည့်ပြီး ဘုရင်မင်းမြတ်ကိုယ်တိုင် တဟားဟားနဲ့ သဘောကျတော်မူတော့တယ်။ မကျခံနိုင်ရိုးလား။ သူ့နာမည်လည်း အဲ့ဒီစာရင်းထဲ ပါတာကိုး။ ဒီတော့မှ နောက်လိုက် ဗိုလ်ပါမှူးမတ်တွေလဲ ကာလီဒါသရဲ့ပရိယာယ်ကို သဘောပေါက်ပြီး ပြောကြဆိုကြဝေဖန်ကြပါတော့တယ်။ အဲ့ဒီအချိန်မှာ နောက်လိုက်ဗိုလ်ပါတွေ ဘာတွေပြောကြမလဲဆိုတော့ ခုနကကာလီဒါသ ဘာလုပ်နေမှန်း မသိတုန်းကလိုပဲ ကိုယ်ထင်ရာမြင်ရာ အမျိုးမျိုးပြောဆိုကြတော့တာပေါ့။ အဲ့ဒါလူလေ . . .။ လူတွေရဲ့သဘာဝလေ။

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ကာလီဒါသရဲ့ ပတ်ဝန်းကျင်လိုပဲ မျက်မမြင်များသာ နေထိုင်ကြပါတယ်။ သူတို့ဟာ မြင်သင့်သလောက် မမြင်တဲ့အပြင် ထင်ရာမြင်ရာကိုလည်း ရမ်းသန်းမှန်းဆ ပြောဆိုတက်ကြပါသေးတယ်။ ဘယ်လိုပြောဖူးလဲဆိုတော့ ကျွန်တော်တို့ငယ်ငယ်က သင်ခဲ့ဖူးတဲ့ ပုဏ္ဍာခြောက် ယောက်ပြောသလို ပြောလေ့ရှိပါတယ်။ မျက်မမြင်ပုဏ္ဍားခြောက်ယောက်ဟာ ဆင်ကို ဘယ်လိုပုံပန်းသဏ္ဍာန်လဲလို့ သိချင်လို့ စမ်းကြည့်ကြတယ်။ ခြေထောက်ကို ဖမ်းမိတဲ့လူက ဆင်ဆိုတာ တိုင်ကြီးများနဲ့တူတယ်လို့ ပြောတယ်။ အမြီးကိုင်မိတဲ့သူက ဆင်ဆိုတာ ကြိုးနဲ့တူပါသတဲ့။ အစွယ်ကို စမ်းတဲ့သူကတော့လှံ၊ နားရွက်ကိုစမ်းမိတဲ့သူက ယပ်တောင်၊ နံဘေးကိုစမ်းမိတဲ့သူက နံရံ၊ နှာမောင်းကို စမ်းမိတဲ့သူက မြွေလို့ထင်မှတ်လိုက်ကြသတဲ့။

အဲ့ဒါ ကျွန်တော်တို့ ပတ်ဝန်းကျင်ပါ။ လူတစ်ယောက်ရဲ့အကြောင်းကို ခရေစေ့တွင်းကျ ဂဃဏန မသိပဲ ထင်ရာမြင်ရာကိုသန်သလို ဇာတ်လမ်းလေးဆင်ပြီး ပိုပိုသာသာ ပြောဆိုတတ်ကြ၊ ကိုယ်သိလိုက်တဲ့၊မြင်လိုက်တဲ့ အစိတ်အပိုင်းလေးတစ်ခုပေါ်မှာ ကိုယ်သိသလောက်လေး မြင်သလောက်လေးအပေါ်မှာသာ အခြေခံလို့ ပြောတက်ဆိုတတ်ကြတာ လူပါ။ ကျွန်တော်တို့ ပတ်ဝန်းကျင်ပါ။ အဲ့ဒီလိုပြောတော့ အပြောခံရတဲ့သူက ဘာဖြစ်သလဲဆိုတော့ အပြောခံရတာပေါ့။ ပြောတဲ့သူတွေကို မပြောပါနဲ့ တားလို့မရဘူးတဲ့။

“ဘာဖြစ်လဲကိုယ့်ပါးစပ်နဲ့ကိုယ် ပြောတာပဲ မှန်လို့ပြောတာပဲ” လို့ပြန်ပြောတက်ကြပါသေးတယ်။ အဲ့ဒါကိုတော့ ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကရဲ့ စာကိုပဲ တိုးပြီး ပြောလိုက်ပါမယ်။ ကိုယ့်ပါးစပ်နဲ့ကိုယ် အတင်းပြောတာ၊
ကိုယ့်ပါးစပ်နဲ့ ကိုယ်အတင်းပြောတာ၊ ဟုတ်လို့မှန်လို့ ပြောတာ ဘာဖြစ်လဲဆိုတော့ အကုသိုလ်ဖြစ်ပါတယ်တဲ့။ အကုသိုလ်ဖြစ်တော့ဘာဖြစ်လဲဆိုတော့ ငရဲကြီးပါမယ်တဲ့။

ကဲ. . . ကိုယ့်ကိုကိုယ် မျက်မမြင်ပုဏ္ဍားတွေထဲ ပါမပါ ဆန်းစစ်ကြည့်ဖို့တော့ လိုမယ်ထင်ပါရဲ့ . . ။

Forward Mail
2009,March,Perfect

Leave a Reply