ေဒေ၀ါဆုိတာဘာလဲ နဲ႔ ကေလးမ်ားကိုေျခာက္လွန္႔ျခင္း

Posted on

ေရးသားသူ – ေဒါက္တာယုဇနေစာျမင့္

`ေဒေ၀ါ၊ ေဒေ၀ါ´ ဟူ၍ ေျခာက္လွန္႔စရာ လက္နက္အျဖစ္သာ အသံုးျပဳလုိက္ၾကေသာ္လည္း `ေဒေ၀ါ ဆုိတာဘာလဲ´ ဟူေသာ ေမးခြန္းကို ေျခာက္လွန္႔သူကိုယ္တုိင္ပင္ ေျဖႏိုင္မည္ မဟုတ္ပါ။ မုိးလား၊ ေလလား၊ ေရလႈိင္းလား၊ သက္ရွိလား၊ သက္မဲ့လား၊ ဘာလား၊ ညာလားႏွင့္ လားေပါင္းမ်ားစြာ ေပၚေပါက္လာေသာ္လည္း အေျဖမရွိေပ။

(ေဒေ၀ါ ႏွင့္ ပတ္သတ္သည့္ပုံျပင္ေတာ့ရွိသည္။ ဤသုိ႔ျဖစ္သည္။

ေတာင္သူႀကီးတစ္ဦးက သားသမီးမ်ားကို မုိးရြာေတာ့မည္ကုိ ေဒေဝါလာေတာ့မည္ သိမ္းဆည္းစရာအလုပ္မ်ားကိုသြက္သြက္လုပ္ၾကဟု ႏႈိးေဆာ္သတိေပးသည္။ ေတာင္သူႀကီး၏ႏြားမ်ားကိုညအေမွာင္ေရာက္လၽွင္ဝင္ဆြဲရန္ၿခဳံခိုေစာင့္ေနသည့္ က်ားတစ္ေကာင္က ေရးႀကီးသုတ္ပ်ာသိမ္းဆည္းၾကသူမ်ား၏အျပဳအမူေၾကာင့္ `ေဒေဝါ´ဆိုသည္မွာေၾကာက္စရာ သတၱဝါတစ္ေကာင္ျဖစ္မည္ဟုေတြးထင္သည္။ ထို႔အတူလယ္ယာထြက္ကုန္မ်ားခိုးယူရန္ သစ္ပင္တစ္ပင္ေပၚမွေစာင့္ဆိုင္းေနေသာ သူခိုးကလည္း က်ားကဲ့သို႔ပင္ေတြးမိသည္။

ေၾကာက္စိတ္ကိုယ္စီျဖင့္အခြင့္အခါေရာက္ေအာင္ေစာင့္ဆိုင္းေနၾကစဥ္ သူခိုးက က်ားအေပၚ ျပဳတ္က်ၿပီးခြစီးလိုက္သလိုျဖစ္သြားသည္။ က်ားကငါ့အေပၚ`ေဒေဝါ´ခုန္ခ်ေလၿပီဟု ေၾကာက္လန္႔တၾကားထြက္ေျပးသလိုသူခိုးကလည္းဆြဲမိဆြဲရာက်ား၏နား႐ြက္ဆြဲမိရင္းထိတ္လန္႔စြာျဖင့္ တစ္ညလုံးလိုက္ပါေနရသည္ဆို၏။ နံနက္အလင္းေရာင္ထြက္ျပဴလာမွအေျခအေနကိုဦးစြာရိပ္မိေသာသူခိုးက သစ္ပင္တစ္ပင္၏ကိုင္းကိုတြဲခိုကာေျပးလႊားေနဆဲက်ားေပၚမွေနရစ္ခဲ့သည္။ က်ားရန္ကိုေၾကာက္သျဖင့္သစ္ေခါင္းတြင္းဝင္ပုန္းေနခဲ့သည္။

က်ား၏အံ့ဩဖြယ္အေတြ႕အႀကဳံကို စပ္စုသိရွိရေသာေမ်ာက္က ဆက္လက္စူးစမ္းလိုသျဖင့္ ထြက္မေျပးၾကစတမ္းသေဘာတူညီခ်က္ျဖင့္ အၿမီးခ်င္းခ်ည္ေႏွာင္ကာ ေဒေဝါဆင္းက်န္ရစ္သည္ဟူေသာသစ္ပင္ရွိရာျပန္သြားၾကသည္။ ေဒေဝါ၏အရိပ္အေျခကိုမေတြ႕သျဖင့္ သစ္ေခါင္းအတြင္းသို႔ တုတ္တစ္ေခ်ာင္းျဖင့္ဦးစြာထိုးၾကည့္ရာ သူခိုးက တုတ္ကိုဆြဲယူထားလိုက္သည္။ ဆက္လက္၍ေမ်ာက္က ခ်ည္ေႏွာင္ထားေသာအၿမီးျဖင့္သစ္ေခါင္းအတြင္းထိုးသြင္းစူးစမ္းျပန္ရာ သူခိုးကအၿမီးကိုဆြဲ၍ တုတ္ျဖင့္ထိုးလႊတ္သည္ဆို၏။

ထိုအခါေမ်ာက္လည္း နာက်င္ထိတ္လန္႔စြာျဖင့္ ေဒေဝါမဟုတ္ဘူး ၿမီးဆြဲဒုတ္ထိုးဟ ဟုေအာ္ဟစ္ေလရာ နဂိုကပင္ေၾကာက္လန္႔ေနေသာက်ားလည္းထြက္ေျပးျပန္သျဖင့္ ဒ႐ြတ္တိုက္ပါသြားေသာေမ်ာက္မွာေသပြဲဝင္ရရွာသည္ဟု ဆိုေလသည္။ ထိုအခါမွစ၍ ေရွ႕ေနာက္ဆင္ျခင္စဥ္းစားမႈမရွိပဲ ကမန္းကတန္း အလၽွင္အျမန္ လုပ္ကိုင္တတ္ၾကသူမ်ားကို မီးဆြဲဒုတ္ထိုး(ျဖစ္ေအာင္)မလုပ္ႏွင့္ဟု ဆုံးမတတ္သလို `ေဒေဝါ´ဆိုသည္မွာလည္း မသိနားမလည္သူမ်ားအတြက္ ေၾကာက္႐ြံ႕ထိတ္လန္႔စရာျဖစ္ခဲ့ဖူးေၾကာင္း သိမွတ္ၾကသည္။ )

ကေလးကလည္း ေဒေ၀ါဆုိတာ ဘာမွန္းမသိဘဲ ေၾကာက္လုိက္ရပါသည္။ အမည္နာမကပင္ ေၾကာက္စရာေကာင္းလုိ႔လား။ ေျခာက္လွန္႔သူက မ်က္လံုးျပဴး မ်က္ဆံျပဴးႏွင့္ ေျခာက္လွန္႔ပံုအသက္၀င္လြန္းလုိ႔ လား၊ ဘာလားညာလား မသိေသာ္လည္း ကေလးေၾကာက္သြားသည္ကား အမွန္တကယ္ပင္။

အိမ္ေျမွာင္၊ ေတာက္တဲ့၊ ကုလားႀကီးတုိ႔သည္ကား အမွန္တကယ္ျမင္ရသည့္ သက္ရွိမ်ားျဖစ္သျဖင့္ အေကာင္အထည္ ျပစရာရွိပါသည္။ ကုလားႀကီးမွာလည္း ကေလးကို ရန္လုပ္ေနသူ မဟုတ္ပါ။ သတင္းစာစကၠဴ၊ ပစၥည္းေဟာင္းစသည္ စသည္တို႔ကို၀ယ္ရန္ လမ္းေပၚတြင္သြားလာေနသူသာ ျဖစ္ပါလိမ့္မည္။ မုတ္ဆိတ္ေမြး၊ ပါးသိုင္းေမြးမ်ားပါရွိေနၿပီး ဖရိုဖရဲ ၀တ္ဆင္ထားသျဖင့္ သာမန္လူမ်ား၏ အသြင္အျပင္ႏွင့္မတူ။ ထူးျခားသည္မွာ ေတာ့ အမွန္ပင္။ အကယ္၍ ကေလးသည္ သာမန္အားျဖင့္ ျမင္ရံုသာျမင္လွ်င္ ေၾကာက္ရေကာင္းမွန္း သိခ်င္မွ သိပါမည္။

သို႔ေသာ္ ဟိုမွာ ကုလားႀကီးလာေနတယ္၊ ေတြ႕လား။ ထမင္းမစားရင္ ဖမ္းသြားလိမ့္မယ္ ဟုေျခာက္ လွန္႔လံုးသံုးလုိက္သည္ႏွင့္ ကေလး၏အျမင္အာရံုတြင္ ကုလားႀကီးသည္ လြန္စြာေၾကာက္မက္ဖြယ္ရာ ပုဂိၢဳလ္ႀကီး ျဖစ္သြားပါေတာ့သည္။ ညဘက္ အိပ္ရာ၀င္ခ်ိန္ မအိပ္လွ်င္လည္း ကုလားႀကီး၊ ေဆာ့လြန္း၍ ေျပာမရလွ်င္လည္း ကုလားႀကီး၊ အရာရာတုိင္းမွာ ကုလားႀကီး လႊမ္းမုိးေနပါေတာ့သည္။  ယခုေခတ္တြင္မူ ရုပ္ျမင္သံၾကားဇာတ္လမ္းမ်ားမွ ေဂၚဇီလာႀကီးမ်ား၊ လူဆုိးႀကီးမ်ား စသည္တုိ႔ျဖင့္ ေျခာက္လွန္႔ ၾကျပန္ပါသည္။ ပံုေျပာျပလွ်င္ပင္ သရဲႀကီးမ်ား၊ သဘက္ႀကီးမ်ားအေၾကာင္းကို ေျပာျပေလ့ရွိသျဖင့္ ကေလးသည္ နားလည္းေထာင္ခ်င္၊ ေၾကာက္လည္းေၾကာက္ႏွင့္ ဘာလုပ္ရမွန္းမသိ ျဖစ္ရရွာပါသည္။

ေၾကာက္ၿပီးေတာ့ ဘာျဖစ္သလဲ

ေၾကာက္ရြံ႕ျခင္း၏ ေနာက္ဆက္တြဲ အက်ဳိးရင္းမွာ ေၾကာက္စိတ္ျဖင့္ တံု႕ျပန္ၿပီး မိဘ၏အလုိကုိ လုိက္ပါ ေတာ့သည္။ ထမင္းေကၽြးလွ်င္လည္း ပါးစပ္ဟ၍ လက္ခံျခင္း၊ မအိပ္ေသးလွ်င္လည္း မ်က္စိကို အတင္းစံုမွိတ္၍ အိပ္လိုက္ျခင္း၊ ေျပာမရေအာင္ ေဆာ့ေနရာမွ ရုတ္တရက္ရပ္လုိက္ျခင္း စသည္တုိ႔ျဖင့္ အလုိမတူဘဲ လုိက္နာ ရပါသည္။ ထုိအခါမိဘတုိ႔သည္ မိမိတုိ႔၏ စစ္ေရးေအာင္ၿပီဟု ယူဆၿပီး အလြန္ေက်နပ္သြားၾကပါသည္။

ေၾကာက္ျခင္းေၾကာင့္ ျဖစ္ေပၚလာေသာ အက်ဳိးရင္းအေပၚ ေက်နပ္ေနၾကေသာ မိဘတုိ႔သည္ ေၾကာက္ ျခင္းေၾကာင့္ျဖစ္ေပၚလာႏိုင္ေသာ အက်ဳိးဆက္တုိ႔ကိုမူ ေမွ်ာ္မွန္းထားျခင္း မရွိသည္ကို ေတြ႕ရွိရပါသည္။ လတ္တ ေလာ ျပႆနာကို အလ်င္အျမန္ ေျဖရွင္းလိုက္ႏိုင္သည္ကိုသာ အာရံုစိုက္၍ ေက်နပ္ေနၾကသည္သာ။ မိဘခ်င္း ေတြ႕လွ်င္လည္း ဘယ္လုိေျခာက္၍ ကေလးဘယ္လုိေၾကာက္သြားသည္ကို သတင္းခ်င္း၊ အေတြ႕အၾကံဳခ်င္း ဖလွယ္ၿပီး ဂုဏ္ယူေလ့ရွိၾကပါသည္။

ျဖစ္ေပၚလာႏုိင္ေသာ စိတ္ဒဏ္ရာ

`ေျခာက္လွန္႔မႈတုိက္ပြဲ´တြင္ အႏုိင္ရေသာစစ္သူႀကီးႏွင့္တူသည့္ မိဘတုိ႔သည္ မိမိတို႔ ေအာင္ပြဲခံႏုိင္ သည္ကုိ ဂုဏ္ယူေက်နပ္ေနၾကေသာ္လည္း ဒဏ္ရာရရွိသူႏွင့္ တူေသာကေလးငယ္၏ စိတ္ဒဏ္ရာကို သတိ မမူမိၾကသည္မွာ လြန္စြာ၀မ္းနည္းေၾကကြဲဖြယ္ရာပင္ ျဖစ္ပါသည္။ မွန္ပါသည္။ စိတ္ဒဏ္ရာဟူေသာ အက်ဳိးဆက္သည္ ကေလးအသက္အရြယ္ ႀကီးလာသည္အထိ ဖြဲမီး ပမာ တျမည့္ျမည့္ေလာင္ကၽြမ္း ေနမည္ျဖစ္ပါသည္။

စိတ္ဒဏ္ရာရသည့္အေၾကာင္းကို ရွင္းျပရပါလွ်င္ အေျခာက္ လွန္႔ခံရေသာ ကေလးငယ္တုိ႔၏ အသက္အပိုင္းအျခားသည္ အမ်ားအားျဖင့္ တစ္ႏွစ္မွ သံုးႏွစ္အရြယ္အပိုင္း အျခားတြင္ ျဖစ္ပါသည္။ ထုိအသက္အပိုင္းအျခားသည္ ကေလး၏ဘ၀ တစ္ခုလံုးကို အဆံုးအျဖတ္ေပးသည့္ အပိုင္းအျခားကာလ ျဖစ္ေၾကာင္း မိဘမ်ားအထူးဂရုျပဳသင့္ပါသည္။ ရုပ္ပိုင္းဆုိင္ရာအားျဖင့္ ကိုယ္ကာယဖြံ႕ၿဖိဳးမႈ လြန္စြာျမန္ေသာကာလ ျဖစ္သလုိ ဦးေႏွာက္လည္း လ်င္ျမန္စြာ ဖြံ႕ၿဖိဳးေသာကာလ ျဖစ္ပါသည္။ အသက္ ၂ ႏွစ္ ေနာက္ပိုင္းတြင္ ဦးေႏွာက္ဖြံ႕ၿဖိဳးမႈႏႈန္း ပံုမွန္ျဖစ္သြားၿပီး ထုိအခ်ိန္မတုိင္မီတြင္မူ ဖြံ႕ၿဖိဳးမႈႏႈန္းျမန္လွပါသည္။

အသိစိတ္ဖြံ႕ၿဖိဳးမႈလည္း လြန္စြာျမန္ဆန္ေသာကာလ ျဖစ္သျဖင့္ ထုိအခ်ိန္တြင္သိေသာ အသိမ်ားကို အသက္အရြယ္ႀကီးလာသည္အထိ သယ္ေဆာင္သြားေလ့ရွိပါသည္။ သို႔ျဖစ္၍ မွားေသာအသိကိုလည္း ႀကီး သည္ အထိ သယ္ေဆာင္သြားႏုိင္သလုိ မွန္ေသာအသိကိုလည္း သယ္ေဆာင္သြားႏုိင္ပါသည္။ ေၾကာက္တတ္ ေသာစိတ္ ရွိသြားသျဖင့္ ကေလး၏ လႈပ္ရွားသြားလာေနထုိင္မႈ ေဘာင္သည္ က်ဥ္းေျမာင္းသည္ထက္ က်ဥ္း ေျမာင္းလာၿပီး မိမိေနေသာအိမ္အတြင္း၌ပင္ ဟိုေနရာမသြားရဲ၊ ဒီေနရာမသြားရဲ ျဖစ္လာပါသည္။ ရံခါ ညအိပ္ လွ်င္ပင္ ကုလားႀကီး၊ ကုလားႀကီး၊ ပင့္ကူႀကီး၊ အိမ္ေျမွာင္ႀကီး စသည္ျဖင့္ ေယာင္ေအာ္ေလ့ရွိၾကပါသည္။

ဘာေတြဆက္ျဖစ္ေသးသလဲ

`ကေလးက အိမ္သာကို မသြားရဲဘူး´`ကေလးက အလကားေနရင္း ေၾကာက္ေနတာပဲ´ အစရွိေသာ မိဘတုိ႔ ညည္းတြားမႈ၏ ပင္မအစနိဒါန္းမွာ ဘယ္သူမျပဳ မိမိမႈ ဟူသကဲ့သို႔ပင္ မိမိတုိ႔၏ ေျခာက္လွန္႔မႈေၾကာင့္ သာ ျဖစ္ရပါသည္။ အထက္က ေဖာ္ျပခဲ့သလုိပင္ ကေလး၏ေနထုိင္ရမႈေဘာင္သည္ က်ဥ္းေျမာင္းသြားရံုသာမက သူတစ္ပါးကို လြန္စြာအားကိုးလာတတ္ၾကပါသည္။ ေရခ်ဳိးခန္း၊ အိမ္သာသို႔ တစ္ေယာက္တည္း မသြားတတ္။ အေဖာ္တစ္ေယာက္ကို ေခၚၿပီး ထုိအေဖာ္မပါလွ်င္ မသြားရဲေတာ့ေပ။ ဤအက်င့္သည္ ကာလတစ္ခုတြင္ ရပ္သြားသည္မဟုတ္။ တစ္သက္လံုး ပါသြားမည့္ အက်င့္တစ္ခုပင္ ျဖစ္ပါသည္။

အသက္အရြယ္ ႀကီးလာေသာ္လည္း မိမိေျခေထာက္ေပၚတြင္ မိမိရပ္ႏုိင္စြမ္းမရွိဘဲ သူတစ္ပါးအေပၚ တြင္သာ ရာခိုင္ႏႈန္းျပည့္ အားကိုးလာသည္အထိ ျဖစ္လာႏိုင္ပါသည္။ ထုိ႔အျပင္ မိမိကုိယ္တုိင္ ကိုယ္ပိုင္ဆံုးျဖတ္ ခ်က္မ်ားကိုလည္း ခ်ႏိုင္စြမ္းမရွိဘဲ ဆံုးျဖတ္ခ်က္မ်ား ဒိြဟျဖစ္ၿပီး မွားယြင္းမႈမ်ားျဖစ္ေပၚလာႏိုင္ပါသည္။ မွားယြင္း ေသာ ဆံုးျဖတ္ခ်က္ေၾကာင့္ မွားယြင္းေသာ လုပ္ေဆာင္မႈမ်ားကို ျပဳလုပ္မိပါသည္။ ထုိမွားယြင္းေသာ လုပ္ ေဆာင္မႈမ်ားေၾကာင့္ ဆုိးက်ဳိးမ်ား ျဖစ္ေပၚလာတတ္ပါသည္။ ထုိဆုိးက်ဳိးမ်ားေၾကာင့္ စိတ္ပ်က္အားငယ္မႈမ်ား ျဖစ္ေပၚလာတတ္ပါသည္။

ဒါနဲ႔ပဲ ၿပီးသြားၿပီလား

အက်ဳိးဆက္တုိ႔သည္ ဤေနရာတြင္ ၿပီးသြားၿပီလားဟု ေမးလွ်င္ မၿပီးေသးဟု ေျဖရပါမည္။ စိတ္ပ်က္ အားငယ္မႈမ်ားအျပင္ ဘာကိုမဆုိ ေၾကာက္ရြ႕ံေနၿပီး ပို၍ၾကာျမင့္လာေသာအခါ ပတ္၀န္းက်င္ႏွင့္ ကင္းကြာလာ ပါသည္။ အသက္ပို၍ႀကီးလာေသာ္ စိတ္ဓာတ္က်မႈမ်ား ျဖစ္ေပၚလာၿပီး စိတ္က်ေရာဂါျဖစ္ႏႈန္းသည္ သာမန္ လူမ်ားျဖစ္ႏႈန္းထက္ ပိုမိုမ်ားျပားႏိုင္ပါသည္။ စိတ္ကစဥ္႔ကလ်ားေရာဂါ ျဖစ္ႏုိင္သည့္ အေျခအေနသည္လည္း ပုိ၍ရွိလာႏို္င္ပါသည္။ သို႔ျဖစ္၍ မည္သည့္အသက္ အပိုင္းအျခားတြင္မဆုိ အက်ဳိးဆက္မ်ားျဖင့္ မလြတ္သည္ကို သတိျပဳရပါမည္။

မီးခိုးၾကြက္ေလွ်ာက္

ကေလးငယ္ရြယ္စဥ္က ကေလးကိုေျပာရဆုိရ လြယ္ကူေစရန္ ေျခာက္လွန္႔မႈ လက္နက္ကိုသံုးၿပီး ကေလး ေၾကာက္လန္႔ကာ မိမိအလုိသို႔ လုိက္ပါေစသျဖင့္ မိဘတုိ႔သည္ အေက်နပ္ႀကီး ေက်နပ္ေနၾကပါသည္။ ၿပီးၿပီးေရာ ဆုိၿပီး အမွတ္တမဲ့ ျပဳလုပ္လိုက္ေသာအမႈကိစၥသည္ ကေလးအတြက္ အမွတ္တရ ျဖစ္သြားသည္ကို မိဘမ်ား သတိျပဳသင့္ၾကပါသည္။ ငယ္ရြယ္ေသာကေလး၏ ႏုနယ္ေသာဦးေႏွာက္ဖြံ႕ၿဖိဳးမႈကို ေႏွးေကြးသြား ေစႏုိင္ သလုိ စိတ္အားငယ္မႈ၏ အေျခခံလည္း ျဖစ္သြားႏုိင္ေၾကာင္းကို မိဘမ်ားမေမ့သင့္ပါ။

လတ္တေလာ ေျဖရွင္းရမည့္ ကိစၥအတြက္ စဥ္းစားဆင္ျခင္မႈမရွိဘဲ အသံုးျပဳလုိက္ေသာ ေျခာက္လွန္႔မႈ ေၾကာင့္ ကေလး၏ဘ၀တစ္ခုလံုး ရရွိမည့္အက်ဳိးရင္း၊ အက်ဳိးဆက္တုိ႔မွာ လြန္စြာမ်ားျပားလွသည္ကို အျမဲႏွလံုး သြင္းထားေစလုိပါသည္။ သို႔ျဖစ္၍ ကေလး၏အနာဂတ္ဘ၀ လွပေစရန္ ကေလးအား ေျခာက္လံုးလွန္႔လံုးမ်ား သံုး၍ မိမိအလုိသို႔ မလုိက္ေစဘဲ ညင္သာေသာ အျခားနည္းလမ္းမ်ားကိုသာ သံုးရန္စဥ္းစားသင့္ပါသည္။ ဤသို႔ စဥ္းစားဆံုးျဖတ္မႈရွိမွသာလွ်င္ ေျခာက္လွန္႔၍ ေၾကာက္လန္႔ရရွာေသာ ကေလးငယ္ဘ၀မွ လြတ္ေျမာက္၍ မိမိေျခ ေထာက္ေပၚမိမိ ရပ္တည္ႏုိင္ၿပီး ဆံုးျဖတ္ခ်က္မွန္သူ၊ မိမိကိုယ္မိမိ ယံုၾကည္မႈရွိသူအျဖစ္ ႀကီးျပင္းလာႏုိင္မည္ျဖစ္ ေၾကာင္း မိဘမ်ား သတိျပဳမိေစရန္ ေစတနာထား၍ ေရးသားလုိက္ရပါသည္။

ေဒါက္တာယုဇနေစာျမင့္

——————-

ဒေဝေါဆိုတာဘာလဲ နဲ့ ကလေးများကိုခြောက်လှန့်ခြင်း (unicode)

ရေးသားသူ – ဒေါက်တာယုဇနစောမြင့်

`ဒေဝေါ၊ ဒေဝေါ´ ဟူ၍ ခြောက်လှန့်စရာ လက်နက်အဖြစ်သာ အသုံးပြုလိုက်ကြသော်လည်း `ဒေဝေါ ဆိုတာဘာလဲ´ ဟူသော မေးခွန်းကို ခြောက်လှန့်သူကိုယ်တိုင်ပင် ဖြေနိုင်မည် မဟုတ်ပါ။ မိုးလား၊ လေလား၊ ရေလှိုင်းလား၊ သက်ရှိလား၊ သက်မဲ့လား၊ ဘာလား၊ ညာလားနှင့် လားပေါင်းများစွာ ပေါ်ပေါက်လာသော်လည်း အဖြေမရှိပေ။

(ဒေဝေါ နှင့် ပတ်သတ်သည့်ပုံပြင်တော့ရှိသည်။ ဤသို့ဖြစ်သည်။

တောင်သူကြီးတစ်ဦးက သားသမီးများကို မိုးရွာတော့မည်ကို ဒေဝေါလာတော့မည် သိမ်းဆည်းစရာအလုပ်များကိုသွက်သွက်လုပ်ကြဟု နှိုးဆော်သတိပေးသည်။ တောင်သူကြီး၏နွားများကိုညအမှောင်ရောက်လျှင်ဝင်ဆွဲရန်ခြုံခိုစောင့်နေသည့် ကျားတစ်ကောင်က ရေးကြီးသုတ်ပျာသိမ်းဆည်းကြသူများ၏အပြုအမူကြောင့် `ဒေဝေါ´ဆိုသည်မှာကြောက်စရာ သတ္တဝါတစ်ကောင်ဖြစ်မည်ဟုတွေးထင်သည်။ ထို့အတူလယ်ယာထွက်ကုန်များခိုးယူရန် သစ်ပင်တစ်ပင်ပေါ်မှစောင့်ဆိုင်းနေသော သူခိုးကလည်း ကျားကဲ့သို့ပင်တွေးမိသည်။

ကြောက်စိတ်ကိုယ်စီဖြင့်အခွင့်အခါရောက်အောင်စောင့်ဆိုင်းနေကြစဉ် သူခိုးက ကျားအပေါ် ပြုတ်ကျပြီးခွစီးလိုက်သလိုဖြစ်သွားသည်။ ကျားကငါ့အပေါ်`ဒေဝေါ´ခုန်ချလေပြီဟု ကြောက်လန့်တကြားထွက်ပြေးသလိုသူခိုးကလည်းဆွဲမိဆွဲရာကျား၏နားရွက်ဆွဲမိရင်းထိတ်လန့်စွာဖြင့် တစ်ညလုံးလိုက်ပါနေရသည်ဆို၏။ နံနက်အလင်းရောင်ထွက်ပြူလာမှအခြေအနေကိုဦးစွာရိပ်မိသောသူခိုးက သစ်ပင်တစ်ပင်၏ကိုင်းကိုတွဲခိုကာပြေးလွှားနေဆဲကျားပေါ်မှနေရစ်ခဲ့သည်။ ကျားရန်ကိုကြောက်သဖြင့်သစ်ခေါင်းတွင်းဝင်ပုန်းနေခဲ့သည်။

ကျား၏အံ့ဩဖွယ်အတွေ့အကြုံကို စပ်စုသိရှိရသောမျောက်က ဆက်လက်စူးစမ်းလိုသဖြင့် ထွက်မပြေးကြစတမ်းသဘောတူညီချက်ဖြင့် အမြီးချင်းချည်နှောင်ကာ ဒေဝေါဆင်းကျန်ရစ်သည်ဟူသောသစ်ပင်ရှိရာပြန်သွားကြသည်။ ဒေဝေါ၏အရိပ်အခြေကိုမတွေ့သဖြင့် သစ်ခေါင်းအတွင်းသို့ တုတ်တစ်ချောင်းဖြင့်ဦးစွာထိုးကြည့်ရာ သူခိုးက တုတ်ကိုဆွဲယူထားလိုက်သည်။ ဆက်လက်၍မျောက်က ချည်နှောင်ထားသောအမြီးဖြင့်သစ်ခေါင်းအတွင်းထိုးသွင်းစူးစမ်းပြန်ရာ သူခိုးကအမြီးကိုဆွဲ၍ တုတ်ဖြင့်ထိုးလွှတ်သည်ဆို၏။

ထိုအခါမျောက်လည်း နာကျင်ထိတ်လန့်စွာဖြင့် ဒေဝေါမဟုတ်ဘူး မြီးဆွဲဒုတ်ထိုးဟ ဟုအော်ဟစ်လေရာ နဂိုကပင်ကြောက်လန့်နေသောကျားလည်းထွက်ပြေးပြန်သဖြင့် ဒရွတ်တိုက်ပါသွားသောမျောက်မှာသေပွဲဝင်ရရှာသည်ဟု ဆိုလေသည်။ ထိုအခါမှစ၍ ရှေ့နောက်ဆင်ခြင်စဉ်းစားမှုမရှိပဲ ကမန်းကတန်း အလျှင်အမြန် လုပ်ကိုင်တတ်ကြသူများကို မီးဆွဲဒုတ်ထိုး(ဖြစ်အောင်)မလုပ်နှင့်ဟု ဆုံးမတတ်သလို `ဒေဝေါ´ဆိုသည်မှာလည်း မသိနားမလည်သူများအတွက် ကြောက်ရွံ့ထိတ်လန့်စရာဖြစ်ခဲ့ဖူးကြောင်း သိမှတ်ကြသည်။ )

ကလေးကလည်း ဒေဝေါဆိုတာ ဘာမှန်းမသိဘဲ ကြောက်လိုက်ရပါသည်။ အမည်နာမကပင် ကြောက်စရာကောင်းလို့လား။ ခြောက်လှန့်သူက မျက်လုံးပြူး မျက်ဆံပြူးနှင့် ခြောက်လှန့်ပုံအသက်ဝင်လွန်းလို့ လား၊ ဘာလားညာလား မသိသော်လည်း ကလေးကြောက်သွားသည်ကား အမှန်တကယ်ပင်။

အိမ်မြှောင်၊ တောက်တဲ့၊ ကုလားကြီးတို့သည်ကား အမှန်တကယ်မြင်ရသည့် သက်ရှိများဖြစ်သဖြင့် အကောင်အထည် ပြစရာရှိပါသည်။ ကုလားကြီးမှာလည်း ကလေးကို ရန်လုပ်နေသူ မဟုတ်ပါ။ သတင်းစာစက္ကူ၊ ပစ္စည်းဟောင်းစသည် စသည်တို့ကိုဝယ်ရန် လမ်းပေါ်တွင်သွားလာနေသူသာ ဖြစ်ပါလိမ့်မည်။ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးများပါရှိနေပြီး ဖရိုဖရဲ ဝတ်ဆင်ထားသဖြင့် သာမန်လူများ၏ အသွင်အပြင်နှင့်မတူ။ ထူးခြားသည်မှာ တော့ အမှန်ပင်။ အကယ်၍ ကလေးသည် သာမန်အားဖြင့် မြင်ရုံသာမြင်လျှင် ကြောက်ရကောင်းမှန်း သိချင်မှ သိပါမည်။

သို့သော် ဟိုမှာ ကုလားကြီးလာနေတယ်၊ တွေ့လား။ ထမင်းမစားရင် ဖမ်းသွားလိမ့်မယ် ဟုခြောက် လှန့်လုံးသုံးလိုက်သည်နှင့် ကလေး၏အမြင်အာရုံတွင် ကုလားကြီးသည် လွန်စွာကြောက်မက်ဖွယ်ရာ ပုဂ္ဂိုလ်ကြီး ဖြစ်သွားပါတော့သည်။ ညဘက် အိပ်ရာဝင်ချိန် မအိပ်လျှင်လည်း ကုလားကြီး၊ ဆော့လွန်း၍ ပြောမရလျှင်လည်း ကုလားကြီး၊ အရာရာတိုင်းမှာ ကုလားကြီး လွှမ်းမိုးနေပါတော့သည်။  ယခုခေတ်တွင်မူ ရုပ်မြင်သံကြားဇာတ်လမ်းများမှ ဂေါ်ဇီလာကြီးများ၊ လူဆိုးကြီးများ စသည်တို့ဖြင့် ခြောက်လှန့် ကြပြန်ပါသည်။ ပုံပြောပြလျှင်ပင် သရဲကြီးများ၊ သဘက်ကြီးများအကြောင်းကို ပြောပြလေ့ရှိသဖြင့် ကလေးသည် နားလည်းထောင်ချင်၊ ကြောက်လည်းကြောက်နှင့် ဘာလုပ်ရမှန်းမသိ ဖြစ်ရရှာပါသည်။

ကြောက်ပြီးတော့ ဘာဖြစ်သလဲ

ကြောက်ရွံ့ခြင်း၏ နောက်ဆက်တွဲ အကျိုးရင်းမှာ ကြောက်စိတ်ဖြင့် တုံ့ပြန်ပြီး မိဘ၏အလိုကို လိုက်ပါ တော့သည်။ ထမင်းကျွေးလျှင်လည်း ပါးစပ်ဟ၍ လက်ခံခြင်း၊ မအိပ်သေးလျှင်လည်း မျက်စိကို အတင်းစုံမှိတ်၍ အိပ်လိုက်ခြင်း၊ ပြောမရအောင် ဆော့နေရာမှ ရုတ်တရက်ရပ်လိုက်ခြင်း စသည်တို့ဖြင့် အလိုမတူဘဲ လိုက်နာ ရပါသည်။ ထိုအခါမိဘတို့သည် မိမိတို့၏ စစ်ရေးအောင်ပြီဟု ယူဆပြီး အလွန်ကျေနပ်သွားကြပါသည်။

ကြောက်ခြင်းကြောင့် ဖြစ်ပေါ်လာသော အကျိုးရင်းအပေါ် ကျေနပ်နေကြသော မိဘတို့သည် ကြောက် ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်တို့ကိုမူ မျှော်မှန်းထားခြင်း မရှိသည်ကို တွေ့ရှိရပါသည်။ လတ်တ လော ပြဿနာကို အလျင်အမြန် ဖြေရှင်းလိုက်နိုင်သည်ကိုသာ အာရုံစိုက်၍ ကျေနပ်နေကြသည်သာ။ မိဘချင်း တွေ့လျှင်လည်း ဘယ်လိုခြောက်၍ ကလေးဘယ်လိုကြောက်သွားသည်ကို သတင်းချင်း၊ အတွေ့အကြုံချင်း ဖလှယ်ပြီး ဂုဏ်ယူလေ့ရှိကြပါသည်။

ဖြစ်ပေါ်လာနိုင်သော စိတ်ဒဏ်ရာ

`ခြောက်လှန့်မှုတိုက်ပွဲ´တွင် အနိုင်ရသောစစ်သူကြီးနှင့်တူသည့် မိဘတို့သည် မိမိတို့ အောင်ပွဲခံနိုင် သည်ကို ဂုဏ်ယူကျေနပ်နေကြသော်လည်း ဒဏ်ရာရရှိသူနှင့် တူသောကလေးငယ်၏ စိတ်ဒဏ်ရာကို သတိ မမူမိကြသည်မှာ လွန်စွာဝမ်းနည်းကြေကွဲဖွယ်ရာပင် ဖြစ်ပါသည်။ မှန်ပါသည်။ စိတ်ဒဏ်ရာဟူသော အကျိုးဆက်သည် ကလေးအသက်အရွယ် ကြီးလာသည်အထိ ဖွဲမီး ပမာ တမြည့်မြည့်လောင်ကျွမ်း နေမည်ဖြစ်ပါသည်။

စိတ်ဒဏ်ရာရသည့်အကြောင်းကို ရှင်းပြရပါလျှင် အခြောက် လှန့်ခံရသော ကလေးငယ်တို့၏ အသက်အပိုင်းအခြားသည် အများအားဖြင့် တစ်နှစ်မှ သုံးနှစ်အရွယ်အပိုင်း အခြားတွင် ဖြစ်ပါသည်။ ထိုအသက်အပိုင်းအခြားသည် ကလေး၏ဘ၀ တစ်ခုလုံးကို အဆုံးအဖြတ်ပေးသည့် အပိုင်းအခြားကာလ ဖြစ်ကြောင်း မိဘများအထူးဂရုပြုသင့်ပါသည်။ ရုပ်ပိုင်းဆိုင်ရာအားဖြင့် ကိုယ်ကာယဖွံ့ဖြိုးမှု လွန်စွာမြန်သောကာလ ဖြစ်သလို ဦးနှောက်လည်း လျင်မြန်စွာ ဖွံ့ဖြိုးသောကာလ ဖြစ်ပါသည်။ အသက် ၂ နှစ် နောက်ပိုင်းတွင် ဦးနှောက်ဖွံ့ဖြိုးမှုနှုန်း ပုံမှန်ဖြစ်သွားပြီး ထိုအချိန်မတိုင်မီတွင်မူ ဖွံ့ဖြိုးမှုနှုန်းမြန်လှပါသည်။

အသိစိတ်ဖွံ့ဖြိုးမှုလည်း လွန်စွာမြန်ဆန်သောကာလ ဖြစ်သဖြင့် ထိုအချိန်တွင်သိသော အသိများကို အသက်အရွယ်ကြီးလာသည်အထိ သယ်ဆောင်သွားလေ့ရှိပါသည်။ သို့ဖြစ်၍ မှားသောအသိကိုလည်း ကြီး သည် အထိ သယ်ဆောင်သွားနိုင်သလို မှန်သောအသိကိုလည်း သယ်ဆောင်သွားနိုင်ပါသည်။ ကြောက်တတ် သောစိတ် ရှိသွားသဖြင့် ကလေး၏ လှုပ်ရှားသွားလာနေထိုင်မှု ဘောင်သည် ကျဉ်းမြောင်းသည်ထက် ကျဉ်း မြောင်းလာပြီး မိမိနေသောအိမ်အတွင်း၌ပင် ဟိုနေရာမသွားရဲ၊ ဒီနေရာမသွားရဲ ဖြစ်လာပါသည်။ ရံခါ ညအိပ် လျှင်ပင် ကုလားကြီး၊ ကုလားကြီး၊ ပင့်ကူကြီး၊ အိမ်မြှောင်ကြီး စသည်ဖြင့် ယောင်အော်လေ့ရှိကြပါသည်။

ဘာတွေဆက်ဖြစ်သေးသလဲ

`ကလေးက အိမ်သာကို မသွားရဲဘူး´`ကလေးက အလကားနေရင်း ကြောက်နေတာပဲ´ အစရှိသော မိဘတို့ ညည်းတွားမှု၏ ပင်မအစနိဒါန်းမှာ ဘယ်သူမပြု မိမိမှု ဟူသကဲ့သို့ပင် မိမိတို့၏ ခြောက်လှန့်မှုကြောင့် သာ ဖြစ်ရပါသည်။ အထက်က ဖော်ပြခဲ့သလိုပင် ကလေး၏နေထိုင်ရမှုဘောင်သည် ကျဉ်းမြောင်းသွားရုံသာမက သူတစ်ပါးကို လွန်စွာအားကိုးလာတတ်ကြပါသည်။ ရေချိုးခန်း၊ အိမ်သာသို့ တစ်ယောက်တည်း မသွားတတ်။ အဖော်တစ်ယောက်ကို ခေါ်ပြီး ထိုအဖော်မပါလျှင် မသွားရဲတော့ပေ။ ဤအကျင့်သည် ကာလတစ်ခုတွင် ရပ်သွားသည်မဟုတ်။ တစ်သက်လုံး ပါသွားမည့် အကျင့်တစ်ခုပင် ဖြစ်ပါသည်။

အသက်အရွယ် ကြီးလာသော်လည်း မိမိခြေထောက်ပေါ်တွင် မိမိရပ်နိုင်စွမ်းမရှိဘဲ သူတစ်ပါးအပေါ် တွင်သာ ရာခိုင်နှုန်းပြည့် အားကိုးလာသည်အထိ ဖြစ်လာနိုင်ပါသည်။ ထို့အပြင် မိမိကိုယ်တိုင် ကိုယ်ပိုင်ဆုံးဖြတ် ချက်များကိုလည်း ချနိုင်စွမ်းမရှိဘဲ ဆုံးဖြတ်ချက်များ ဒွိဟဖြစ်ပြီး မှားယွင်းမှုများဖြစ်ပေါ်လာနိုင်ပါသည်။ မှားယွင်း သော ဆုံးဖြတ်ချက်ကြောင့် မှားယွင်းသော လုပ်ဆောင်မှုများကို ပြုလုပ်မိပါသည်။ ထိုမှားယွင်းသော လုပ် ဆောင်မှုများကြောင့် ဆိုးကျိုးများ ဖြစ်ပေါ်လာတတ်ပါသည်။ ထိုဆိုးကျိုးများကြောင့် စိတ်ပျက်အားငယ်မှုများ ဖြစ်ပေါ်လာတတ်ပါသည်။

ဒါနဲ့ပဲ ပြီးသွားပြီလား

အကျိုးဆက်တို့သည် ဤနေရာတွင် ပြီးသွားပြီလားဟု မေးလျှင် မပြီးသေးဟု ဖြေရပါမည်။ စိတ်ပျက် အားငယ်မှုများအပြင် ဘာကိုမဆို ကြောက်ရွံ့နေပြီး ပို၍ကြာမြင့်လာသောအခါ ပတ်ဝန်းကျင်နှင့် ကင်းကွာလာ ပါသည်။ အသက်ပို၍ကြီးလာသော် စိတ်ဓာတ်ကျမှုများ ဖြစ်ပေါ်လာပြီး စိတ်ကျရောဂါဖြစ်နှုန်းသည် သာမန် လူများဖြစ်နှုန်းထက် ပိုမိုများပြားနိုင်ပါသည်။ စိတ်ကစဉ့်ကလျားရောဂါ ဖြစ်နိုင်သည့် အခြေအနေသည်လည်း ပို၍ရှိလာန်ိုင်ပါသည်။ သို့ဖြစ်၍ မည်သည့်အသက် အပိုင်းအခြားတွင်မဆို အကျိုးဆက်များဖြင့် မလွတ်သည်ကို သတိပြုရပါမည်။

မီးခိုးကြွက်လျှောက်

ကလေးငယ်ရွယ်စဉ်က ကလေးကိုပြောရဆိုရ လွယ်ကူစေရန် ခြောက်လှန့်မှု လက်နက်ကိုသုံးပြီး ကလေး ကြောက်လန့်ကာ မိမိအလိုသို့ လိုက်ပါစေသဖြင့် မိဘတို့သည် အကျေနပ်ကြီး ကျေနပ်နေကြပါသည်။ ပြီးပြီးရော ဆိုပြီး အမှတ်တမဲ့ ပြုလုပ်လိုက်သောအမှုကိစ္စသည် ကလေးအတွက် အမှတ်တရ ဖြစ်သွားသည်ကို မိဘများ သတိပြုသင့်ကြပါသည်။ ငယ်ရွယ်သောကလေး၏ နုနယ်သောဦးနှောက်ဖွံ့ဖြိုးမှုကို နှေးကွေးသွား စေနိုင် သလို စိတ်အားငယ်မှု၏ အခြေခံလည်း ဖြစ်သွားနိုင်ကြောင်းကို မိဘများမမေ့သင့်ပါ။

လတ်တလော ဖြေရှင်းရမည့် ကိစ္စအတွက် စဉ်းစားဆင်ခြင်မှုမရှိဘဲ အသုံးပြုလိုက်သော ခြောက်လှန့်မှု ကြောင့် ကလေး၏ဘဝတစ်ခုလုံး ရရှိမည့်အကျိုးရင်း၊ အကျိုးဆက်တို့မှာ လွန်စွာများပြားလှသည်ကို အမြဲနှလုံး သွင်းထားစေလိုပါသည်။ သို့ဖြစ်၍ ကလေး၏အနာဂတ်ဘ၀ လှပစေရန် ကလေးအား ခြောက်လုံးလှန့်လုံးများ သုံး၍ မိမိအလိုသို့ မလိုက်စေဘဲ ညင်သာသော အခြားနည်းလမ်းများကိုသာ သုံးရန်စဉ်းစားသင့်ပါသည်။ ဤသို့ စဉ်းစားဆုံးဖြတ်မှုရှိမှသာလျှင် ခြောက်လှန့်၍ ကြောက်လန့်ရရှာသော ကလေးငယ်ဘဝမှ လွတ်မြောက်၍ မိမိခြေ ထောက်ပေါ်မိမိ ရပ်တည်နိုင်ပြီး ဆုံးဖြတ်ချက်မှန်သူ၊ မိမိကိုယ်မိမိ ယုံကြည်မှုရှိသူအဖြစ် ကြီးပြင်းလာနိုင်မည်ဖြစ် ကြောင်း မိဘများ သတိပြုမိစေရန် စေတနာထား၍ ရေးသားလိုက်ရပါသည်။

ဒေါက်တာယုဇနစောမြင့်

Leave a Reply