က်န္းမာေစတယ္ထင္ရေပမယ့္ တကယ္တမ္းမွာမက်န္းမာေစသည့္ အရာမ်ား

Posted on

ေရးသားသူ – ကိုထိုက္ (Messenger News Journal)

၁။ ဘက္တီးရီးယား ကာကြယ္ေရးဆပ္ျပာႏွင့္ လက္သန္႔ေဆးရည္

ဘက္တီးရီးယား ကာကြယ္ေရး ဆပ္ျပာသံုးရင္ မဖ်ားမနာေတာ့ဘူးရယ္လို႔ လူအေတာ္မ်ားမ်ား အလြဲမွတ္ယူထားတတ္ၾကသည္။ ထိုဆပ္ျပာတို႔သည္ ဘက္တီးရီးယားမ်ားႏွင့္ အျခားပိုးမႊားမ်ားကို တိုက္ဖ်က္ႏုိင္သည္ မွန္ေသာ္လည္း လူကို ဖ်ားနာေစသည့္ ဗိုင္းရပ္စ္မ်ားကိုမူ ဘာမွမလုပ္ႏိုင္။ သို႔ျဖစ္ရာ ဘက္တီးရီးယားကာကြယ္ေရး ဆပ္ျပာသံုးျခင္းျဖင့္ ဖ်ားနာေရာဂါ ကူးစက္မခံရႏုိင္ ဟူေသာ ယံုၾကည္ခ်က္က အလြဲသာ ျဖစ္၏။

၂။ ေခၽြးနံ႔ေပ်ာက္ လိမ္းေဆး

ေခၽြးနံ႔ေပ်ာက္ လိမ္းေဆးေတြက လူကိုေခၽြးမထြက္ေအာင္ဖန္တီး ေပးသည္။ ေခၽြးမထြက္ျခင္းေၾကာင့္ လူသည္ ေခၽြးနံ႔နံေစာ္ျခင္း ကင္းေဝးသည္။ ျပသနာက ေခၽြးနံ႔ေပ်ာက္ လိမ္းေဆးတို႔သည္ ခႏၶာကိုယ္၏ မရွိမျဖစ္ လုပ္ငန္းစဥ္ျဖစ္ေသာ ေခၽြးထြက္ျခင္းကိစၥကို ကေမာက္ကမ ျဖစ္ေစသည္။ ေခၽြးထြက္ျခင္းဟူသည္ ခႏၶာကိုယ္ထဲက အဆိပ္ဓာတ္မ်ားကို စြန္႔ထုတ္ျခင္း မည္သည္။ေခၽြးမထြက္လွ်င္ ခႏၶာကိုယ္ထဲမွာ အဆိပ္ဓာတ္ေတြ မ်ားလာလိမ့္မည္။

ေခၽြးထြက္ျခင္းဟူသည္ ထြက္ဖို႔ လိုအပ္လို႔သာ ထြက္ျခင္းျဖစ္သည္။ ပိုဆိုးသည္မွာ ေခၽြးနံ႔ေပ်ာက္ လိမ္းေဆးတို႔တြင္ ပါေသာ ဓာတုပစၥည္းမ်ားသည္ ခႏၶာကိုယ္ထဲ ေရာက္သြားေသာအခါ လူကို အဆိပ္သင့္ေစႏုိင္စြမ္းရွိျခင္း ျဖစ္သည္။ ဓာတုပစၥည္းမ်ားအနက္ အလူမီနမ္သည္ ေသြးထဲက တစ္ဆင့္ ဦးေႏွာက္ထဲ ထိေရာက္ႏုိင္သည္။ အလူမီနမ္ဓာတ္သည္ အယ္လ္ဇိုင္းမားေရာဂါ ျဖစ္ပြားေစသည့္ အေၾကာင္းရင္းမ်ားအနက္ တစ္ခုျဖစ္သည္ဟု သုေတသနမ်ားက ေဖာ္ျပသည္။

၃။ ထိုင္ခံု

လူကိုမက်န္းမာေစသည့္ ပစၥည္းမ်ားထဲတြင္ ထိုင္ခံုကို ထည့္ထား၍ ရယ္ခ်င္သူမ်ားရွိႏုိင္သည္။ သို႔ေသာ္ အမွန္ျဖစ္၏။ ထိုင္ခံုမွာ အခ်ိန္ၾကာၾကာထိုင္ျခင္းသည္ က်န္းမာေရး ဆိုးက်ဳိးျဖစ္ေစသည္။ ေလ့လာမႈ စစ္တမ္းေပါင္းမ်ားစြာ အရလည္း အခ်ိန္ၾကာျမင့္စြာ ထိုင္ျခင္းသည္ ဆီးခ်ဳိ၊ ႏွလံုးေရာဂါ၊ အူမႀကီး၊ ရင္သား ကင္ဆာမ်ားပါ ျဖစ္ပြားေစေၾကာင္း ေတြ႕ရသည္။ တစ္ေန႔ သံုးနာရီစာထက္ ပိုမထိုင္သင့္။ အထိုင္မ်ားေသာ ႐ံုးအလုပ္ လုပ္ရသူျဖစ္ပါက မိနစ္ (၂၀) စာထိုင္တိုင္း တစ္မိနစ္စာ လမ္းေလွ်ာက္သင့္သည္။

မတ္တပ္ရပ္ စားပြဲမ်ဳိးနဲ႔ အလုပ္လုပ္လွ်င္ ပိုေကာင္းသည္။ ႐ံုးမွာ မၾကာမၾကာ လမ္းထေလွ်ာက္ေပးသင့္သည္။ ေရမ်ားမ်ားလည္း ေသာက္ပါ။ ေရမ်ားမ်ားေသာက္ျခင္းေၾကာင့္ မၾကာမၾကာ ဆီးသြားခ်င္မည္။ သန္႔စင္ခန္း မၾကာမၾကာ ထသြားျခင္းျဖင့္ လမ္းေလွ်ာက္ၿပီးသား ျဖစ္သြားမည္။ လူတစ္ေယာက္သည္ က်န္းမာေရးနဲ႔ညီရန္ အနည္းဆံုးတစ္ေန႔ ေျခလွမ္းတစ္ေသာင္းေလာက္ ေလွ်ာက္သင့္သည္ဟု က်န္းမာေရး သုေတသီတို႔က ဆိုသည္။

၄။ သပြတ္အူ၊ ေရခ်ဳိးေရျမႇဳပ္လံုး

ေရခ်ဳိးလွ်င္ သပြတ္အူ၊ ေရခ်ဳိး ေရျမႇဳပ္လံုးတို႔နဲ႔ ပြတ္တိုက္လိုက္ရမွ သန္႔စင္သြားသည္ဟု ခံစားရတတ္သည္။ သို႔ေသာ္ ထိုသပြတ္အူႏွင့္ ေရခ်ဳိးေရျမႇဳပ္လံုးတို႔သည္ ေရခ်ဳိးခန္းထဲ အၿမဲ စိုထိုင္းထိုင္း ရွိေနသည္ျဖစ္ရာ မိႈေတြ၊ ဘက္တီးရီးယားေတြ ေပါက္ဖြားဖို႔ အေကာင္းဆံုးအိမ္ ျဖစ္ေနတတ္သည္။ အကယ္၍ စာဖတ္သူ၏ ခႏၶာကိုယ္တြင္ ပြန္းရာ၊ ျခစ္ရာ၊ အက္ကြဲရာမ်ား ရွိေနပါကမိႈေတြ၊ ဘက္တီးရီးယားေတြ ခႏၶာကိုယ္ထဲ ဝင္သြားႏိုင္သည္။ေရခ်ဳိးၿပီးတိုင္း သပြတ္အူေတြ၊ ေရခ်ဳိးေရျမႇဳပ္လံုးေတြကိုေနေရာင္ျဖင့္ ေျခာက္ေသြ႕ေအာင္ ထားဖို႔လိုသည္။

၅။ ေဖ်ာ္စက္

ေဖ်ာ္စက္ထဲ အသီးေတြထည့္ၿပီး အသီးေဖ်ာ္ရည္ လုပ္ေသာက္ရတာေလာက္ ဇိမ္က်တာမရွိ။ အသီးစစ္စစ္နဲ႔ ေဖ်ာ္ေသာက္ျခင္းေၾကာင့္ က်န္းမာေရးအတြက္လည္းေကာင္းသည္။ သို႔ေသာ္ ထိုေဖ်ာ္စက္သည္ စာဖတ္သူကို ေရာဂါပိုးမႊားဝင္ေစမည့္ အေၾကာင္းရင္းခံ ျဖစ္ေနတာကေတာ႔ စိတ္မေကာင္းစရာ။ ေဖ်ာ္ၿပီးလွ်င္ ေရနဲ႔ ေသခ်ာမေဆးပါက ေဖ်ာ္စက္ထဲက အႂကြင္းအက်န္မ်ားေၾကာင့္ ဘက္တီးရီးယားႏွင့္မိႈမ်ား ျဖစ္ထြန္း တတ္သည္။

ေသခ်ာေဆးပါသည္ ဆိုသူမ်ားပင္ ေဖ်ာ္စက္ေအာက္ေျခ ဒလက္ေအာက္က ရာဘာအဆို႔ေနရာကို ေသခ်ာစင္ၾကယ္ေအာင္ မေဆးျဖစ္တာမ်ားသည္။ ထိုေနရာသည္ အသီးအႂကြင္းအက်န္မ်ား အမ်ားဆံုး ကပ္ေနကာ ဘက္တီးရီးယားေတြ ခိုေအာင္းေနတတ္သည္။ အသီးေဖ်ာ္ ေသာက္ၿပီးတိုင္း ေဖ်ာ္စက္ကို ဒလက္ေအာက္ ရာဘာကြင္းပါမက်န္ စနစ္တက် သန္႔ရွင္းေဆးေၾကာေပးရမည္။

၆။ နားသန္႔ဂြမ္း

နားသန္႔ဂြမ္းတံေလးနဲ႔ ထိုးထိုးၿပီး နားထဲေမႊလိုက္ရတာေလာက္ စိတ္ေက်နပ္စရာေကာင္းတာမရွိေတာ႔။ ထိုးေမႊၿပီးသြားလွ်င္ ကိုယ့္နားေလး သန္႔သြားၿပီဆိုကာ ပီတိျဖစ္ရသည္။ တစ္ခုသတိထားရန္မွာ လူသားခႏၶာကိုယ္သည္ မရွိမျဖစ္ လိုအပ္သည့္ပစၥည္းမ်ားနဲ႔သာ ဖြဲ႕စည္းထားသည္ ဆိုေသာအခ်က္ပင္။ နားဖာေခ်း ထြက္ျခင္းသည္လည္း လိုအပ္၍ ထြက္ျခင္းသာ ျဖစ္သည္။ နားဖာေခ်း ထြက္တိုင္း နားသန္႔ဂြမ္းနဲ႔ ရွင္းထုတ္ဖို႔မလို။နားဖာေခ်းသည္ နားထဲ ဘက္တီးရီးယားႏွင့္ ဖုန္မႈန္႔မ်ား မဝင္ႏုိင္ေအာင္ ကာကြယ္ေပးထားသည္။ ထို႔အျပင္ နားဖာေခ်းသည္ နားလမ္းေၾကာင္း အျပင္ပိုင္းသံုးပံုတစ္ပံုစာ ေနရာတြင္သာ တည္ရွိသည္။

သဘာဝအားျဖင့္ အတြင္းပိုင္းတြင္မေန။အကယ္၍ ကိုယ္က နားသန္႔ဂြမ္းတုတ္ျဖင့္ အတင္းထိုးလိုက္ပါက နားဖာေခ်းမ်ားသည္နားအတြင္းပိုင္း လမ္းေၾကာင္းထဲထိ ေရာက္သြားလိမ့္မည္။ထိုအခါ နားေလးျခင္းမွသည္ ကူးစက္ေရာဂါမ်ားထိ ဝင္ေရာက္ကာ နားထိခိုက္ရႏိုင္သည္ကိုလည္း သတိျပဳရမည္။ မိမိက နားသန္႔ဂြမ္းတုတ္ သံုးလိုသည္ဆိုလွ်င္ပင္ နားအျပင္ပိုင္းေလာက္ကိုသာ ခပ္ဖြဖြ ပြတ္တိုက္သန္႔စင္သင့္သည္။

၇။ သစ္သီး ေဖ်ာ္ရည္ဘူးေတြ

အသင့္ေသာက္ႏုိင္ေအာင္ ထုပ္ပိုးေရာင္းခ်ေသာ သစ္သီးေဖ်ာ္ရည္ဘူးေတြကို အလြန္အကၽြံေသာက္လွ်င္ မွန္းခ်က္နဲ႔ ႏွမ္းထြက္လြဲႏုိင္သည္။ သစ္သီးေဖ်ာ္ရည္ အေတာ္မ်ားမ်ားသည္ သၾကားဓာတ္ အလြန္အမင္း ပါဝင္ေနၾကသည္။

ထို႔အျပင္ တာရွည္ခံေစရန္ အတြက္ အပူဓာတ္ ျမင့္ျမင့္ေပးကာ ျပဳျပင္ထားျခင္းျဖစ္ေသာေၾကာင့္ သစ္သီးေတြထဲတြင္ မူရင္းပါေသာ အင္ဇိုင္း အမ်ားအျပား ေသဆံုးပ်က္စီးသြားၿပီ ျဖစ္သည္။ သို႔ျဖစ္ရာ အသင့္ေသာက္ သစ္သီးေဖ်ာ္ရည္ေသာက္လွ်င္ က်န္းမာေစသည္ဟူေသာ အလြန္အမင္း အားကိုးပံုမ်ဳိး မလုပ္မိဖို႔လိုသည္။

၈။ အိမ္သံုးသန္႔ရွင္းေရး ပစၥည္းေတြ

ေန႔စဥ္ အိမ္မွာသံုးေနသည့္ သန္႔ရွင္းေရး ေဆးရည္ အမ်ဳိးမ်ဳိးထဲတြင္ အဆိပ္သင့္ဓာတုပစၥည္းမ်ား ပါဝင္ေနသည္။ မီးဖိုခန္း၊ ေရခ်ဳိးခန္းေႂကြျပားေခ်းခၽြတ္ေဆးရည္မ်ဳိး၊ အိမ္သာသန္႔ရွင္းေရးေဆးရည္မ်ဳိးေတြထဲတြင္ လူကိုအႏၲရာယ္ ျဖစ္ေစႏုိင္ေသာ အမိုးနီးယား၊ မီသိုဆိုင္ခ်ာ၊ ေဖာ႔စဖရပ္စ္၊ ဆိုဒီယမ္ ဟိုက္ဒေရာဆိုက္၊ ဆာလျဖဴရစ္ အက္စစ္၊ ပိုတက္စီယမ္ ဟိုက္ဒေရာဆိုက္၊ ေဖာ္မယ္ဒီဟိုက္၊ဘန္ဇင္း၊ခလို႐ိုေဖာင္း စသည္တို႔ ပါဝင္သည္။

အျပည့္အစံုေရးရလွ်င္ အမ်ဳိးအစားေပါင္း ရာေထာင္ခ်ီသြားႏိုင္သည္။ လူအမ်ားစုက ထိုပစၥည္းမ်ား သံုးျခင္းျဖင့္ မိမိတို႔အိမ္ကေလး သန္႔ရွင္းစင္ၾကယ္သြားသည္ဟု ထင္တတ္ၾကသည္။ တကယ္တမ္းမွာကား ထိုပစၥည္းမ်ားကေန မျမင္သာေသာ ညစ္ညမ္း ဓာတုပစၥည္းေပါင္းမ်ားစြာ ထြက္လာသည္ကို သတိထားမိသူ နည္းလွသည္။

ကိုထိုက္ (Messenger News Journal)
Ref: Huffington Post

——————

ကျန်းမာစေတယ်ထင်ရပေမယ့် တကယ်တမ်းမှာမကျန်းမာစေသည့် အရာများ (unicode)

ရေးသားသူ – ကိုထိုက် (Messenger News Journal)

၁။ ဘက်တီးရီးယား ကာကွယ်ရေးဆပ်ပြာနှင့် လက်သန့်ဆေးရည်

ဘက်တီးရီးယား ကာကွယ်ရေး ဆပ်ပြာသုံးရင် မဖျားမနာတော့ဘူးရယ်လို့ လူအတော်များများ အလွဲမှတ်ယူထားတတ်ကြသည်။ ထိုဆပ်ပြာတို့သည် ဘက်တီးရီးယားများနှင့် အခြားပိုးမွှားများကို တိုက်ဖျက်နိုင်သည် မှန်သော်လည်း လူကို ဖျားနာစေသည့် ဗိုင်းရပ်စ်များကိုမူ ဘာမှမလုပ်နိုင်။ သို့ဖြစ်ရာ ဘက်တီးရီးယားကာကွယ်ရေး ဆပ်ပြာသုံးခြင်းဖြင့် ဖျားနာရောဂါ ကူးစက်မခံရနိုင် ဟူသော ယုံကြည်ချက်က အလွဲသာ ဖြစ်၏။

၂။ ချွေးနံ့ပျောက် လိမ်းဆေး

ချွေးနံ့ပျောက် လိမ်းဆေးတွေက လူကိုချွေးမထွက်အောင်ဖန်တီး ပေးသည်။ ချွေးမထွက်ခြင်းကြောင့် လူသည် ချွေးနံ့နံစော်ခြင်း ကင်းဝေးသည်။ ပြသနာက ချွေးနံ့ပျောက် လိမ်းဆေးတို့သည် ခန္ဓာကိုယ်၏ မရှိမဖြစ် လုပ်ငန်းစဉ်ဖြစ်သော ချွေးထွက်ခြင်းကိစ္စကို ကမောက်ကမ ဖြစ်စေသည်။ ချွေးထွက်ခြင်းဟူသည် ခန္ဓာကိုယ်ထဲက အဆိပ်ဓာတ်များကို စွန့်ထုတ်ခြင်း မည်သည်။ချွေးမထွက်လျှင် ခန္ဓာကိုယ်ထဲမှာ အဆိပ်ဓာတ်တွေ များလာလိမ့်မည်။

ချွေးထွက်ခြင်းဟူသည် ထွက်ဖို့ လိုအပ်လို့သာ ထွက်ခြင်းဖြစ်သည်။ ပိုဆိုးသည်မှာ ချွေးနံ့ပျောက် လိမ်းဆေးတို့တွင် ပါသော ဓာတုပစ္စည်းများသည် ခန္ဓာကိုယ်ထဲ ရောက်သွားသောအခါ လူကို အဆိပ်သင့်စေနိုင်စွမ်းရှိခြင်း ဖြစ်သည်။ ဓာတုပစ္စည်းများအနက် အလူမီနမ်သည် သွေးထဲက တစ်ဆင့် ဦးနှောက်ထဲ ထိရောက်နိုင်သည်။ အလူမီနမ်ဓာတ်သည် အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားစေသည့် အကြောင်းရင်းများအနက် တစ်ခုဖြစ်သည်ဟု သုတေသနများက ဖော်ပြသည်။

၃။ ထိုင်ခုံ

လူကိုမကျန်းမာစေသည့် ပစ္စည်းများထဲတွင် ထိုင်ခုံကို ထည့်ထား၍ ရယ်ချင်သူများရှိနိုင်သည်။ သို့သော် အမှန်ဖြစ်၏။ ထိုင်ခုံမှာ အချိန်ကြာကြာထိုင်ခြင်းသည် ကျန်းမာရေး ဆိုးကျိုးဖြစ်စေသည်။ လေ့လာမှု စစ်တမ်းပေါင်းများစွာ အရလည်း အချိန်ကြာမြင့်စွာ ထိုင်ခြင်းသည် ဆီးချို၊ နှလုံးရောဂါ၊ အူမကြီး၊ ရင်သား ကင်ဆာများပါ ဖြစ်ပွားစေကြောင်း တွေ့ရသည်။ တစ်နေ့ သုံးနာရီစာထက် ပိုမထိုင်သင့်။ အထိုင်များသော ရုံးအလုပ် လုပ်ရသူဖြစ်ပါက မိနစ် (၂၀) စာထိုင်တိုင်း တစ်မိနစ်စာ လမ်းလျှောက်သင့်သည်။

မတ်တပ်ရပ် စားပွဲမျိုးနဲ့ အလုပ်လုပ်လျှင် ပိုကောင်းသည်။ ရုံးမှာ မကြာမကြာ လမ်းထလျှောက်ပေးသင့်သည်။ ရေများများလည်း သောက်ပါ။ ရေများများသောက်ခြင်းကြောင့် မကြာမကြာ ဆီးသွားချင်မည်။ သန့်စင်ခန်း မကြာမကြာ ထသွားခြင်းဖြင့် လမ်းလျှောက်ပြီးသား ဖြစ်သွားမည်။ လူတစ်ယောက်သည် ကျန်းမာရေးနဲ့ညီရန် အနည်းဆုံးတစ်နေ့ ခြေလှမ်းတစ်သောင်းလောက် လျှောက်သင့်သည်ဟု ကျန်းမာရေး သုတေသီတို့က ဆိုသည်။

၄။ သပွတ်အူ၊ ရေချိုးရေမြှုပ်လုံး

ရေချိုးလျှင် သပွတ်အူ၊ ရေချိုး ရေမြှုပ်လုံးတို့နဲ့ ပွတ်တိုက်လိုက်ရမှ သန့်စင်သွားသည်ဟု ခံစားရတတ်သည်။ သို့သော် ထိုသပွတ်အူနှင့် ရေချိုးရေမြှုပ်လုံးတို့သည် ရေချိုးခန်းထဲ အမြဲ စိုထိုင်းထိုင်း ရှိနေသည်ဖြစ်ရာ မှိုတွေ၊ ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့ အကောင်းဆုံးအိမ် ဖြစ်နေတတ်သည်။ အကယ်၍ စာဖတ်သူ၏ ခန္ဓာကိုယ်တွင် ပွန်းရာ၊ ခြစ်ရာ၊ အက်ကွဲရာများ ရှိနေပါကမှိုတွေ၊ ဘက်တီးရီးယားတွေ ခန္ဓာကိုယ်ထဲ ဝင်သွားနိုင်သည်။ရေချိုးပြီးတိုင်း သပွတ်အူတွေ၊ ရေချိုးရေမြှုပ်လုံးတွေကိုနေရောင်ဖြင့် ခြောက်သွေ့အောင် ထားဖို့လိုသည်။

၅။ ဖျော်စက်

ဖျော်စက်ထဲ အသီးတွေထည့်ပြီး အသီးဖျော်ရည် လုပ်သောက်ရတာလောက် ဇိမ်ကျတာမရှိ။ အသီးစစ်စစ်နဲ့ ဖျော်သောက်ခြင်းကြောင့် ကျန်းမာရေးအတွက်လည်းကောင်းသည်။ သို့သော် ထိုဖျော်စက်သည် စာဖတ်သူကို ရောဂါပိုးမွှားဝင်စေမည့် အကြောင်းရင်းခံ ဖြစ်နေတာကတော့ စိတ်မကောင်းစရာ။ ဖျော်ပြီးလျှင် ရေနဲ့ သေချာမဆေးပါက ဖျော်စက်ထဲက အကြွင်းအကျန်များကြောင့် ဘက်တီးရီးယားနှင့်မှိုများ ဖြစ်ထွန်း တတ်သည်။

သေချာဆေးပါသည် ဆိုသူများပင် ဖျော်စက်အောက်ခြေ ဒလက်အောက်က ရာဘာအဆို့နေရာကို သေချာစင်ကြယ်အောင် မဆေးဖြစ်တာများသည်။ ထိုနေရာသည် အသီးအကြွင်းအကျန်များ အများဆုံး ကပ်နေကာ ဘက်တီးရီးယားတွေ ခိုအောင်းနေတတ်သည်။ အသီးဖျော် သောက်ပြီးတိုင်း ဖျော်စက်ကို ဒလက်အောက် ရာဘာကွင်းပါမကျန် စနစ်တကျ သန့်ရှင်းဆေးကြောပေးရမည်။

၆။ နားသန့်ဂွမ်း

နားသန့်ဂွမ်းတံလေးနဲ့ ထိုးထိုးပြီး နားထဲမွှေလိုက်ရတာလောက် စိတ်ကျေနပ်စရာကောင်းတာမရှိတော့။ ထိုးမွှေပြီးသွားလျှင် ကိုယ့်နားလေး သန့်သွားပြီဆိုကာ ပီတိဖြစ်ရသည်။ တစ်ခုသတိထားရန်မှာ လူသားခန္ဓာကိုယ်သည် မရှိမဖြစ် လိုအပ်သည့်ပစ္စည်းများနဲ့သာ ဖွဲ့စည်းထားသည် ဆိုသောအချက်ပင်။ နားဖာချေး ထွက်ခြင်းသည်လည်း လိုအပ်၍ ထွက်ခြင်းသာ ဖြစ်သည်။ နားဖာချေး ထွက်တိုင်း နားသန့်ဂွမ်းနဲ့ ရှင်းထုတ်ဖို့မလို။နားဖာချေးသည် နားထဲ ဘက်တီးရီးယားနှင့် ဖုန်မှုန့်များ မဝင်နိုင်အောင် ကာကွယ်ပေးထားသည်။ ထို့အပြင် နားဖာချေးသည် နားလမ်းကြောင်း အပြင်ပိုင်းသုံးပုံတစ်ပုံစာ နေရာတွင်သာ တည်ရှိသည်။

သဘာဝအားဖြင့် အတွင်းပိုင်းတွင်မနေ။အကယ်၍ ကိုယ်က နားသန့်ဂွမ်းတုတ်ဖြင့် အတင်းထိုးလိုက်ပါက နားဖာချေးများသည်နားအတွင်းပိုင်း လမ်းကြောင်းထဲထိ ရောက်သွားလိမ့်မည်။ထိုအခါ နားလေးခြင်းမှသည် ကူးစက်ရောဂါများထိ ဝင်ရောက်ကာ နားထိခိုက်ရနိုင်သည်ကိုလည်း သတိပြုရမည်။ မိမိက နားသန့်ဂွမ်းတုတ် သုံးလိုသည်ဆိုလျှင်ပင် နားအပြင်ပိုင်းလောက်ကိုသာ ခပ်ဖွဖွ ပွတ်တိုက်သန့်စင်သင့်သည်။

၇။ သစ်သီး ဖျော်ရည်ဘူးတွေ

အသင့်သောက်နိုင်အောင် ထုပ်ပိုးရောင်းချသော သစ်သီးဖျော်ရည်ဘူးတွေကို အလွန်အကျွံသောက်လျှင် မှန်းချက်နဲ့ နှမ်းထွက်လွဲနိုင်သည်။ သစ်သီးဖျော်ရည် အတော်များများသည် သကြားဓာတ် အလွန်အမင်း ပါဝင်နေကြသည်။

ထို့အပြင် တာရှည်ခံစေရန် အတွက် အပူဓာတ် မြင့်မြင့်ပေးကာ ပြုပြင်ထားခြင်းဖြစ်သောကြောင့် သစ်သီးတွေထဲတွင် မူရင်းပါသော အင်ဇိုင်း အများအပြား သေဆုံးပျက်စီးသွားပြီ ဖြစ်သည်။ သို့ဖြစ်ရာ အသင့်သောက် သစ်သီးဖျော်ရည်သောက်လျှင် ကျန်းမာစေသည်ဟူသော အလွန်အမင်း အားကိုးပုံမျိုး မလုပ်မိဖို့လိုသည်။

၈။ အိမ်သုံးသန့်ရှင်းရေး ပစ္စည်းတွေ

နေ့စဉ် အိမ်မှာသုံးနေသည့် သန့်ရှင်းရေး ဆေးရည် အမျိုးမျိုးထဲတွင် အဆိပ်သင့်ဓာတုပစ္စည်းများ ပါဝင်နေသည်။ မီးဖိုခန်း၊ ရေချိုးခန်းကြွေပြားချေးချွတ်ဆေးရည်မျိုး၊ အိမ်သာသန့်ရှင်းရေးဆေးရည်မျိုးတွေထဲတွင် လူကိုအန္တရာယ် ဖြစ်စေနိုင်သော အမိုးနီးယား၊ မီသိုဆိုင်ချာ၊ ဖော့စဖရပ်စ်၊ ဆိုဒီယမ် ဟိုက်ဒရောဆိုက်၊ ဆာလဖြူရစ် အက်စစ်၊ ပိုတက်စီယမ် ဟိုက်ဒရောဆိုက်၊ ဖော်မယ်ဒီဟိုက်၊ဘန်ဇင်း၊ခလိုရိုဖောင်း စသည်တို့ ပါဝင်သည်။

အပြည့်အစုံရေးရလျှင် အမျိုးအစားပေါင်း ရာထောင်ချီသွားနိုင်သည်။ လူအများစုက ထိုပစ္စည်းများ သုံးခြင်းဖြင့် မိမိတို့အိမ်ကလေး သန့်ရှင်းစင်ကြယ်သွားသည်ဟု ထင်တတ်ကြသည်။ တကယ်တမ်းမှာကား ထိုပစ္စည်းများကနေ မမြင်သာသော ညစ်ညမ်း ဓာတုပစ္စည်းပေါင်းများစွာ ထွက်လာသည်ကို သတိထားမိသူ နည်းလှသည်။

ကိုထိုက် (Messenger News Journal)
Ref: Huffington Post

Leave a Reply