သစ္ပင္မ်ားကို မထိခိုက္ပဲ ေဆာက္လုပ္ခဲ့ေသာ အေဆာက္အအုံမ်ား

Posted on

ေရးသားသူ – ေကာင္းစည္သူ(သုတစြယ္စုံ)

သတၱေလာက၌ ေတြးေခၚၾကံဆႏိုင္သည့္ တစ္ဦးတည္းေသာ သတၱ၀ါျဖစ္သည့္ လူသားမ်ားသည္ ဥာဏ္ရည္ဖြံ႕ၿဖိဳး၍ ေတြး ေခၚေၿမာ္ျမင္စြမ္းျမင့္မားသည့္ သက္ရွိမ်ားျဖစ္ၾကေပသည္။ လူသားမ်ား၏ တီထြင္မႈ စြမ္းရည္မ်ားေၾကာင့္ ယေန႕ကမၻာႀကီးသည္ နယ္ပယ္ေပါင္းစုံ၌ တိုးတက္လာခဲ့ရာ ရုပ္၀တၳဳမ်ားကို မဖန္တီးမီ တီထြင္သူ လူသားမ်ားသည္ ေတြးေတာၾကံစည္မႈကို ဦးစြာ ျပဳလုပ္ရၿမဲျဖစ္သည္။ ေတြးေတာမႈဆန္းျပားသည္ႏွင့္ အမွ် ထြက္ေပၚလာသည့္ ရုပ္၀တၳဳပစၥည္းမ်ားတြင္ ထူးဆန္းအံ့ၾသဖြယ္မ်ား၊ ဆန္းၾကယ္မႈမ်ား၊ မယုံႏိုင္ဖြယ္ ထူးျခားမႈမ်ားပါရွိလာသည္ကို ျမင္ေတြ႕ၾကရေပသည္။

ထူးျခား ဆန္းၾကယ္ေသာ ေတြးေခၚၾကံစည္မႈကို အေျခတည္လ်က္ ျပဳလုပ္ခဲ့ၾက၊ေဆာက္လုပ္ခဲ့ၾကသည့္ အရာမ်ားသည္ ကမာၻ႔အံ့ႀသဖြယ္ရုပ္၀တၳဳပစၥည္းမ်ား မ်ားျဖစ္လာခဲ့ၾကသည္။ ယင္းတို႔အနက္ သစ္ပင္မ်ားကို မထိခိုက္ေစဘဲ အေဆာက္အအုံမ်ား၊ ေနရာထိုင္ခင္းမ်ား၊ လမ္းမ်ား၊အိမ္မ်ား စသည္ ျဖင့္ စိတ္ကူးရွိသည့္အတိုင္းျပဳလုပ္ခဲ့ျခင္းမ်ားလည္းပါ၀င္သည္။

၁။ ႏွစ္ ၇၀၀ သစ္ပင္ကုိ ပတ္ကာေဆာက္လုပ္ထားတဲ့ ဘူတာရုံ (ဂ်ပန္)

ဂ်ပန္ႏိုင္ငံ၊ဆိုဆာကာအေရွ႕ေျမာက္ပိုင္းရွိ နီရာဂါ၀ါ ကာရာရွီမာ မီးရထားဘူတာရုံ (Neyagawa’a Kayashima Station) သည္ ဂ်ပန္ႏိုင္ငံတြင္တည္ရွိသည့္ သမရိုးက် ျမင္ေတြ႕ရသည့္ပုံစံမဟုတ္သည့္ အထူးျခားဆုံး ဘူတာရုံမ်ားအနက္ တစ္ခုျဖစ္သည္။ ဘူတာစႀကၤ ံသည္ အျမင့္ပိုင္းတြင္တည္ရွိေနသည္။ဘူတာရုံတြင္ရွိေနသည့္ ပန္းေဂၚဖီစိမ္းႏွင့္ တူသည့္ အပင္ႀကီးက ဘူတာရုံ၏ေလးေထာင့္ပုံ အမိုးမွ အျပင္သို႕ ထိုးထြက္ေနသည္။ကူဆူးဟု အမည္ေပးထားသည့္ ယင္းပရုတ္ပင္ၾကီးသည္ အနည္းဆုံး သက္တမ္းႏွစ္ ၇၀၀ ေက်ာ္ၿပီျဖစ္ေၾကာင္း တာ၀န္ရွိသူမ်ားက ခန္႕မွန္းခဲ့သည္။

ကာရာရွီမာ မီးရထားဘူတာရုံကို ၁၉၁၀ ျပည့္ႏွစ္က ဖြင့္လွစ္ခဲ့ခ်ိန္တြင္ အပင္ၾကီးက ဘူတာ၏ လက္ယာဘက္တြင္ရွိခဲ့ကာ ေနပူခ်ိန္ႏွင့္ မိုးရြာခ်ိန္မ်ားတြင္ ခရီးသြားမ်ား နားခိုရာေနရာျဖစ္ခဲ့သည္။ႏွစ္ေပါင္း ၆၀ ၾကာသည့္တိုင္ မူလအတိုင္းရွိခဲ့ေသာ္ လည္း လူဦးေရ တိုးတက္မ်ားျပားလာခ်ိန္တြင္ ဘူတာရုံကိုလူအမ်ား အသုံးျပဳလာမႈသည္ ျပႆနာတစ္ရပ္ျဖစ္လာခဲ့သည္။ေဒသ အာဏာပိုင္ မ်ားသည္ ဘူတာရုံကို တိုးခဲ်႕ရန္ ၁၉၇၂ ခုႏွစ္တြင္ အတည္ျပဳခဲ့ၿပီး ပရုတ္ပင္ၾကီးကို ခုတ္လွဲရန္ ဆုံးျဖတ္ခဲ့ၾကသည္။သို႕ေသာ္ ယင္းဆုံး ျဖတ္ခ်က္သည္ ပ်က္ျပယ္ခဲ့ၿပီးဘူတာရုံသစ္ကို ပရုတ္ပင္ႀကီးပတ္လည္၌တည္ေဆာက္ခဲ့ရာ ၁၉၈၀ ျပည့္ႏွစ္တြင္ၿပီးစီးခဲ့ၿပီးေနာက္ အပင္ ႀကီးသည္ ၀တ္ျပဳေဆာင္တစ္ခုအျဖစ္သို႕ေျပာင္းလဲသြားခဲ့သည္။ ပရုတ္ပင္ႀကီးကို ဘာသာေရးဆိုင္ရာ အထြတ္အျမတ္ ထားသည့္ စာမ်ား ေရးထိုးထားသည့္ သတၳဳျပားမ်ားျဖင့္ကာရံထားကာ မေကာင္းေသာ က်ိန္စာမ်ားကို ဖယ္ရွားေပးႏိုင္သည့္ နတ္ တစ္ပါးရွိေန သည့္ အထိမ္းအမွတ္ ဟု ယူဆၾကသည္။

၂။ သစ္ၾကားပင္ စာၾကည့္တိုက္ (ျပင္သစ္)

ျပင္သစ္ႏိုင္ငံ Bourg la Reine ၿမိဳ႕တြင္တည္ရွိသည့္ စာၾကည့္တိုက္တစ္ခုကို သက္တမ္းႏွစ္ ရာေက်ာ္ေနၿပီျဖစ္သည့္ သစ္ ၾကားပင္တစ္ပင္ကို ၀င္ရိုးသဖြယ္ အားယူ၍ တည္ေဆာက္ထားသည္။Pascale Guédot က စာၾကည့္တိုက္ဒီဇိုင္းကို ေရးဆြဲခဲ့ရာ စာၾကည့္တိုက္သည္ စာဖတ္ခန္းအလယ္တြင္ရွိေနသည့္ အပင္အိုႀကီးကို ၀န္းရံေနသည့္ပုံစံ ေရးဆြဲ တည္ေဆာက္ခဲ့သည္။

စာၾကည့္တိုက္၏ ေျမညီထပ္အေပၚရွိ က်ယ္၀န္းသည့္ မွန္မ်ားသည္ အတြင္းပိုင္းေနရာ အက်ယ္အ၀န္းကို အေဆာက္အအုံ ေနာက္ပိုင္းရွိ ျပင္ပဧရိယာႏွင့္ေပါင္းစပ္ သြားေစသည္။ယင္းေနရာသည္ သစ္ၾကားပင္ၾကီးကို ေ၀့၀ိုက္ထားသည့္ ေနရာျဖစ္သျဖင့္ အ၀န္းအ၀ိုင္းတစ္ခုသဖြယ္ျဖစ္လာကာ စာဖတ္ခန္းတစ္ခုျဖစ္လာခဲ့သည္။ ယင္းေနရာတြင္ သစ္သားမ်ားကို ေလွကားထစ္မ်ားအသြင္ အဆင့္ဆင့္ျပဳလုပ္ထားကာ ၀ရန္တာကဲ့သို႕ ေနရာတစ္ခု ထား ရွိၿပီး စာၾကည့္တိုက္သို႕ လာေရာက္လည္ပတ္သူမ်ား ခဏတာနားေနႏိုင္ရန္ ေက်ာက္တန္းလ်ားခုံ တစ္ခုကိုလည္း ျပဳလုပ္ထားသည္။

၃။ ႏွစ္ ၁၀၀ သက္တမ္း သဖန္းပင္ စားေသာက္ဆိုင္(ဘရာဇီး)

ဘရာဇီးလ္ႏိုင္ငံ ေစာေပါလိုၿမိဳ႕ရွိ Figueira Rubaiyat အမည္ရွိ စားေသာက္ဆိုင္သည္ ႏွစ္ ၁၀၀ သက္တမ္းရွိသည့္ သဖန္း ပင္ႀကီးျဖင့္ တည္ေဆာက္ထားရာ ယင္းအပင္ ထက္ၾကီးမားေသာ အပင္ႀကီးမရွိပါေခ်။ ဘရာဇီးလ္ႏိုင္ငံတြင္ ႀကီးမားေသာ သစ္ပင္မ်ား မ်ားစြာရွိေသာ္လည္း ၿမိဳ႕ေတာ္တစ္ခု၏ အလယ္တြင္ ဤကဲ့သို႕ ႀကီးမားသည့္ အပင္ႀကီးတစ္ပင္ကို ျမင္ရလိမ့္မည္ဟု ေမွ်ာ္လင့္မိ မည္ မဟုတ္ေခ်။ သဖန္းပင္ စားေသာက္ဆိုင္ႀကီးကို သဖန္းပင္ တစ္ပင္လုံးျဖင့္ တည္ေဆာက္ထားရာ အပင္ႀကီး၏ ေလးပုံတစ္ပုံ သည္ ဆိုင္အတြင္း၌ ရွိေနၿပီး က်န္ေသာ အစိတ္အပိုင္းက ဆိုင္၏ ျပင္ပတြင္ တည္ရွိေနသည္။

၄။ သစ္တစ္ပင္ ဖန္အိမ္ (ကာဇက္စတန္)

ခါဇက္စတန္ဗိသုကာ ပညာရွင္ အိုက္ဘက္ အယ္လ္မာေဆာ့ သည္ ခါဇက္စတန္ေတာင္တန္းမ်ားတြင္ ၿငိမ္းခ်မ္းေသာေနရာ တစ္ခုအျဖစ္ သစ္ပင္အိမ္ ပုံစံအသစ္ တစ္လုံးကို ဖန္တီးရန္ ဆုံးျဖတ္ခဲ့သည္။ဗိသုကာပညာရွင္ ေရးဆြဲခဲ့သည့္ဆြဲခဲ့သည့္ အိမ္ပုံစံ ဒီဇိုင္းသည္ အိမ္ႀကီးကို ထင္းရွဴးပင္တစ္ပင္ကို ပတ္၍ တည္ေဆာက္ထားသည့ပုံျဖစ္သည္္။ အ၀ိုင္းပုံ ေလးထပ္အိမ္ႀကီး၏ ပတ္ပတ္ လည္ကို မွန္မ်ားျဖင့္ ကာရံထားသျဖင့္ အနီးရွိ သစ္ေတာအုပ္မ်ားကို ျမင္ေတြ႕ၾကရသည္။

ယင္းအိမ္ၾကီးတြင္ ေနထိုင္ရျခင္းသည္ သီးသန္႕ေနထိုင္ရသည္ဟု မဆိုႏိုင္ဘဲ ရွဥ့္မ်ားကို အိမ္နီးခ်င္းမ်ားအျဖစ္ ေတြ႕ရွိႏိုင္ သည္။အပင္ႀကီး၏ အကိုင္းမ်ားသည္အိမ္ႀကီး၏ အေပၚထပ္မ်ားသို႕ ျဖန္႕ၾကက္ေနသျဖင့္ ေနရာက်ဥ္းေျမာင္းလ်က္ရွိကာ အမွန္ တကယ္ေနႏိုင္သည့္ အပိုင္းသည္ အိမ္ေအာက္ထပ္တြင္သာရွိသည္။အိမ္ႀကီး၏ ပထမထပ္ကို ေရခ်ိဳးခန္းႏွင့္ မီးဖိုခန္းခြဲ ထားကာ အိပ္ခန္းကို ဒုတိယ ထပ္တြင္ ထားရွိသည္။

၅။ သမိုင္း၀င္အပင္ႀကီးႏွင့္ စာသင္ေက်ာင္း (ဂ်ပန္)

ဂ်ပန္ႏိုင္ငံ၊တာခ်ီကာ၀ါရွိ ဖူဂ်ီ မူႀကိဴေက်ာင္းသည္ ဇီလ္ကိုဗာ အပင္ကို လက္စြပ္ပုံ ပတ္လ်က္ တည္ေဆာက္ထားသည္။ ကေလးငယ္မ်ားသည္ ေက်ာင္းကြက္လပ္အတြင္းရွိ မွန္၊စတီးႏွင့္ သစ္သားမ်ားျဖင့္ တည္ေဆာက္ထားသည့္ အေဆာက္အအုံအတြင္း ေဆာ့ကစားၾကသည္။သက္တမ္း ႏွစ္ ၅၀ ၀န္းက်င္ရွိသည့္ အပင္ၾကီးသည္ တိုက္ဖြန္းမုန္တိုင္းေၾကာင့္ အျမစ္ကၽြတ္လုနီးပါး ျဖစ္ခဲ့ရ သည္။အပင္ႀကီးေသဆုံးသြားၿပီဟု လူအမ်ားက ထင္ခဲ့ၾကေသာ္လည္း မုန္တိုင္းဒဏ္သင့္ အပင္ၾကီးသည္ ျပန္လည္ ရွင္သန္ခဲ့သည္။

၂၀၀၇ ခုႏွစ္တြင္ ဖူဂ်ီ မူႀကိဳေက်ာင္းကို မတည္ေဆာက္မီက ဇီလ္ကိုဗာ အပင္ၾကီးသည္ ကေလးမ်ားေဆာ့ကစားကာ အပင္ ေပၚတက္ၾက၊ တြဲလဲခိုၾကသည့္ ေနရာျဖစ္ခဲ့သည္။ယခုအခ်ိန္တြင္အေဆာက္အအုံ၏ ျပတင္းေပါက္မ်ားသည္ အပင္ဘက္သို႕ မ်က္ ႏွာ မူထားသျဖင့္ ေက်ာင္းအတြင္းမွ ကေလးမ်ားသည္ ဇီလ္ကိုဗာ အပင္ၾကီးကို အၿမဲျမင္ေတြ႕ေနၾကရေပသည္။ေက်ာင္းလႊတ္ ခ်ိန္ မ်ား တြင္ ကေလးမ်ားသည္ ေက်ာင္းႀကိဳကားကို ေစာင့္ဆိုင္းေနစဥ္ အပင္ႀကီးပတ္လည္ရွိပလက္ေဖာင္းမ်ားတြင္ေဆာ့ကစားႏိုင္ၾကသည္။

၆။ အၿမဲစိမ္းထင္းရူးပင္လမ္းမ (ဘရာဇီး)

ဘရာဇီးလ္ႏိုင္ငံေတာင္ပိုင္း၊ ပါရာနာရွိ အၿမဲစိမ္း Araucaria ထင္းရူးပင္ႀကီးကို ယင္းျပည္နယ္၏ အထိမ္းအမွတ္အပင္ဟု ဆိုၾကသည္။ပါတို ဘရန္ကို ၿမိဳ႕တြင္ လမ္းေဖာက္လုပ္ရန္ စီစဥ္ခ်ိန္တြင္ အပင္ၾကီးက လမ္းနယ္အတြင္း က်ေရာက္ေနကာ လမ္းႏွင့္ မလြတ္မကင္း ျဖစ္ေနခဲ့သည္။ သို႕ေသာ္အာဏာပိုင္မ်ားက အပင္ႀကီး ကို ခုတ္လွဲျခင္းမျပဳဘဲ ခ်န္ခဲ့ကာ လမ္းကို ေဖာက္လုပ္ခဲ့သည္။ လမ္းေပၚတြင္ရွိေနသည့္ ယင္းအပင္ႀကီး ကို မည္သူမွ် ယခုတိုင္ ၀င္ေရာက္တိုက္မိျခင္းမရွိပါေခ်။

၇။ သစ္ပင္မ်ား၀ိုင္းရံထားသည့္ အိမ္ (ဘရာဇီး)

အိမ္တစ္လုံးတည္ေဆာက္ၾကရာတြင္ ပတ္၀န္းက်င္ရွိ သဘာ၀အလွအပမ်ားႏွင့္ လိုက္ေလ်ာမႈရွိေစေရးသည္ အိမ္ေဆာက္ သူမ်ားအတြက္ စိမ္ေခၚမႈတစ္ရပ္ျဖစ္သည္။သဘာ၀၀န္းက်င္ႏွင့္ ေပါင္းစပ္ေနသည့္ အိမ္တစ္လုံးတည္ေဆာက္ရန္ အိမ္၏ အေရာင္ အေသြး သာမက စိမ္းလန္းစိုေျပ ေသာ အစိမ္းေရာင္၀န္းက်င္ရွိေနေစျခင္းသည္ မွန္ကန္ေသာ စြမ္းေဆာင္ႏိုင္မႈ တစ္ရပ္ျဖစ္သည္။
ဘရာဇီးလ္ႏိုင္ငံရွိ သစ္ပင္မ်ား၀န္းရံေနသည့္ အိမ္ကို ဗိသုကာ ပညာရွင္ Alessandro Sartore က ပုံစံထုတ္ခဲ့ကာ သစ္ပင္ မ်ားကို ထိခိုက္မႈမရွိေစဘဲ တည္ေဆာက္ခဲ့သည္။မူလ ကတည္းကရွိခဲ့သည့္ အပင္မ်ားကို ဆက္လက္ ရွင္သန္ေစကာ အေဆာက္ အအုံသစ္ကို ေဆာက္လုပ္ခဲ့သည္။ထို႕ေၾကာင့္ ယင္းအိမ္သည္ ေခတ္မီေသာ ဒီဇိုင္းႏွင့္ အတူ တုႏိႈင္းဖြယ္မရွိေသာ အေဆာက္အအုံ အျဖစ္ ရပ္တည္ႏိုင္ခဲ့သည္။

၈။ ဆြဲႀကိဳးခ် သစ္ပင္ဘားဆိုင္ (အေမရိကန္)

ဂ်ိဳစီ ရပ္စ္စဲလ္သည္ သူ၏ စလိုပီဂ်ိဳး ဘားဆိုင္ကို ၁၉၃၀ ျပည့္ႏွစ္တြင္ အေမရိကန္ျပည္ေထာင္စု၊ ဖေလာ္ရီဒါျပည္နယ္ရွိ ေကး၀က္စ္တြင္ ဖြင့္လွစ္ခဲ့သည္။၁၉၃၈ ခုႏွစ္ တြင္ အခန္းငွားရမ္းခသည္ တစ္ပတ္လွ်င္ တစ္ေဒၚလာ တက္လာခဲ့သျဖင့္ စလိုပီဂ်ိဳး ဘားဆိုင္ကို ဒူေဗးလ္သို႕ ေျပာင္းေရႊ႕ဖြင့္လွစ္ခဲ့သည္။ယင္းအေဆာက္အအုံသည္ အဆင့္ဆင့္ လက္ေၿပာင္းခဲ့ကာ ေနာက္ဆုံးတြက္ ကပၸတိန္ တိုနီးက ၀ယ္ယူခဲ့သည္။

ယင္းအေဆာက္အအုံသည္ ၁၈၅၀ ျပည့္ႏွစ္မွစတင္ခဲ့သည့္ အနိ႒ာရုံ ေသျခင္းႏွင့္ စပ္ဆိုင္သည့္ ရွည္လ်ားေသာ သမိုင္း ေၾကာင္းရွိခဲ့သည္။ ယင္းဘားဆိုင္သို႕လာေရာက္ၾကသူမ်ားသည္ ဘားဆိုင္ရွိ သစ္ပင္ႀကီးကို သတိမူမိၾကသည္။ယခုအခ်ိန္တြင္ ယင္း ဘားဆိုင္သည္ႏွစ္ၿခိဳက္ဖြယ္ေကာင္းသည့္ သဘာ၀ ေနရာထိုင္ခင္းတစ္ခုအျဖစ္ တည္ရွိေနေသာ္လည္း ၁၈၀၀ ျပည့္ႏွစ္ ၀န္းက်င္က လူမ်ား ဆြဲႀကိဳးခ် ေသဆုံးခဲ့ၾကသည့္ ေနရာျဖစ္ခဲ့သည္။ဘားဆိုင္တြင္ရွိေနသည့္ အပင္ႀကီးတြင္ အနည္းဆုံး လူ ၇၅ ဦး ဆြဲႀကိဳးခ် ေသဆုံးခဲ့ၾကသည္။

ယေန႕ကမၻာၾကီးတြင္ ရာသီဥတုေဖာက္ျပန္မႈမ်ားေၾကာင့္ ေဘးဒုကၡမ်ိဳးစုံကို လူသားမ်ားရင္ဆိုင္ေနၾကရသည္။ ယင္းဆိုး က်ိဳး မ်ား၏ အေၾကာင္းရင္းသည္ အဓိကအားျဖင့္ သစ္ေတာ၊သစ္ပင္မ်ား ျပဳန္းတီးလာမႈေၾကာင့္ ျဖစ္သျဖင့္ သစ္ပင္မ်ားကို ထိန္း သိမ္း ေစာင့္ေရွာက္ၾကရန္ ႏိႈးေဆာ္ေနၾကရေပသည္။ သဘာ၀ အေလ်ာက္ေပါက္ေရာက္သည္ျဖစ္ေစ၊ လူတို႕စိုက္ပ်ိဳးခဲ့သျဖင့္ ေပါက္ေရာက္ ခဲ့သည္ျဖစ္ေစ ေျမျပင္ေပၚတြင္ တည္ရွိေနသည့္ သစ္ပင္မ်ားကို ထိန္းသိမ္းေစာင့္ေရွာက္ကာ လွပ ဆန္းျပားေသာ ရုပ္၀တၳဳပစၥည္းမ်ား ကို ဖန္တီးခဲ့ၾကသည္မွာ အံ့ၾသခ်ီးမြမ္းဖြယ္ ျဖစ္ေပသည္။

ေမာင္သာ (ေရွးေဟာင္းသုေတသန)
၂၀၁၇ ဒီဇင္ဘာလထုတ္ သုတစြယ္စုံမဂၢဇင္းမွ

——————-

သစ်ပင်များကို မထိခိုက်ပဲ ဆောက်လုပ်ခဲ့သော အဆောက်အအုံများ (unicode)

ရေးသားသူ – ကောင်းစည်သူ(သုတစွယ်စုံ)

သတ္တလောက၌ တွေးခေါ်ကြံဆနိုင်သည့် တစ်ဦးတည်းသော သတ္တဝါဖြစ်သည့် လူသားများသည် ဥာဏ်ရည်ဖွံ့ဖြိုး၍ တွေး ခေါ်မြော်မြင်စွမ်းမြင့်မားသည့် သက်ရှိများဖြစ်ကြပေသည်။ လူသားများ၏ တီထွင်မှု စွမ်းရည်များကြောင့် ယနေ့ကမ္ဘာကြီးသည် နယ်ပယ်ပေါင်းစုံ၌ တိုးတက်လာခဲ့ရာ ရုပ်ဝတ္ထုများကို မဖန်တီးမီ တီထွင်သူ လူသားများသည် တွေးတောကြံစည်မှုကို ဦးစွာ ပြုလုပ်ရမြဲဖြစ်သည်။ တွေးတောမှုဆန်းပြားသည်နှင့် အမျှ ထွက်ပေါ်လာသည့် ရုပ်ဝတ္ထုပစ္စည်းများတွင် ထူးဆန်းအံ့ဩဖွယ်များ၊ ဆန်းကြယ်မှုများ၊ မယုံနိုင်ဖွယ် ထူးခြားမှုများပါရှိလာသည်ကို မြင်တွေ့ကြရပေသည်။

ထူးခြား ဆန်းကြယ်သော တွေးခေါ်ကြံစည်မှုကို အခြေတည်လျက် ပြုလုပ်ခဲ့ကြ၊ဆောက်လုပ်ခဲ့ကြသည့် အရာများသည် ကမ္ဘာ့အံ့ဩဖွယ်ရုပ်ဝတ္ထုပစ္စည်းများ များဖြစ်လာခဲ့ကြသည်။ ယင်းတို့အနက် သစ်ပင်များကို မထိခိုက်စေဘဲ အဆောက်အအုံများ၊ နေရာထိုင်ခင်းများ၊ လမ်းများ၊အိမ်များ စသည် ဖြင့် စိတ်ကူးရှိသည့်အတိုင်းပြုလုပ်ခဲ့ခြင်းများလည်းပါဝင်သည်။

၁။ နှစ် ၇၀၀ သစ်ပင်ကို ပတ်ကာဆောက်လုပ်ထားတဲ့ ဘူတာရုံ (ဂျပန်)

ဂျပန်နိုင်ငံ၊ဆိုဆာကာအရှေ့မြောက်ပိုင်းရှိ နီရာဂါဝါ ကာရာရှီမာ မီးရထားဘူတာရုံ (Neyagawa’a Kayashima Station) သည် ဂျပန်နိုင်ငံတွင်တည်ရှိသည့် သမရိုးကျ မြင်တွေ့ရသည့်ပုံစံမဟုတ်သည့် အထူးခြားဆုံး ဘူတာရုံများအနက် တစ်ခုဖြစ်သည်။ ဘူတာစင်္ကြ ံသည် အမြင့်ပိုင်းတွင်တည်ရှိနေသည်။ဘူတာရုံတွင်ရှိနေသည့် ပန်းဂေါ်ဖီစိမ်းနှင့် တူသည့် အပင်ကြီးက ဘူတာရုံ၏လေးထောင့်ပုံ အမိုးမှ အပြင်သို့ ထိုးထွက်နေသည်။ကူဆူးဟု အမည်ပေးထားသည့် ယင်းပရုတ်ပင်ကြီးသည် အနည်းဆုံး သက်တမ်းနှစ် ၇၀၀ ကျော်ပြီဖြစ်ကြောင်း တာဝန်ရှိသူများက ခန့်မှန်းခဲ့သည်။

ကာရာရှီမာ မီးရထားဘူတာရုံကို ၁၉၁၀ ပြည့်နှစ်က ဖွင့်လှစ်ခဲ့ချိန်တွင် အပင်ကြီးက ဘူတာ၏ လက်ယာဘက်တွင်ရှိခဲ့ကာ နေပူချိန်နှင့် မိုးရွာချိန်များတွင် ခရီးသွားများ နားခိုရာနေရာဖြစ်ခဲ့သည်။နှစ်ပေါင်း ၆၀ ကြာသည့်တိုင် မူလအတိုင်းရှိခဲ့သော် လည်း လူဦးရေ တိုးတက်များပြားလာချိန်တွင် ဘူတာရုံကိုလူအများ အသုံးပြုလာမှုသည် ပြဿနာတစ်ရပ်ဖြစ်လာခဲ့သည်။ဒေသ အာဏာပိုင် များသည် ဘူတာရုံကို တိုးချဲ့ရန် ၁၉၇၂ ခုနှစ်တွင် အတည်ပြုခဲ့ပြီး ပရုတ်ပင်ကြီးကို ခုတ်လှဲရန် ဆုံးဖြတ်ခဲ့ကြသည်။သို့သော် ယင်းဆုံး ဖြတ်ချက်သည် ပျက်ပြယ်ခဲ့ပြီးဘူတာရုံသစ်ကို ပရုတ်ပင်ကြီးပတ်လည်၌တည်ဆောက်ခဲ့ရာ ၁၉၈၀ ပြည့်နှစ်တွင်ပြီးစီးခဲ့ပြီးနောက် အပင် ကြီးသည် ဝတ်ပြုဆောင်တစ်ခုအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။ ပရုတ်ပင်ကြီးကို ဘာသာရေးဆိုင်ရာ အထွတ်အမြတ် ထားသည့် စာများ ရေးထိုးထားသည့် သတ္ထုပြားများဖြင့်ကာရံထားကာ မကောင်းသော ကျိန်စာများကို ဖယ်ရှားပေးနိုင်သည့် နတ် တစ်ပါးရှိနေ သည့် အထိမ်းအမှတ် ဟု ယူဆကြသည်။

၂။ သစ်ကြားပင် စာကြည့်တိုက် (ပြင်သစ်)

ပြင်သစ်နိုင်ငံ Bourg la Reine မြို့တွင်တည်ရှိသည့် စာကြည့်တိုက်တစ်ခုကို သက်တမ်းနှစ် ရာကျော်နေပြီဖြစ်သည့် သစ် ကြားပင်တစ်ပင်ကို ဝင်ရိုးသဖွယ် အားယူ၍ တည်ဆောက်ထားသည်။Pascale Guédot က စာကြည့်တိုက်ဒီဇိုင်းကို ရေးဆွဲခဲ့ရာ စာကြည့်တိုက်သည် စာဖတ်ခန်းအလယ်တွင်ရှိနေသည့် အပင်အိုကြီးကို ဝန်းရံနေသည့်ပုံစံ ရေးဆွဲ တည်ဆောက်ခဲ့သည်။

စာကြည့်တိုက်၏ မြေညီထပ်အပေါ်ရှိ ကျယ်ဝန်းသည့် မှန်များသည် အတွင်းပိုင်းနေရာ အကျယ်အဝန်းကို အဆောက်အအုံ နောက်ပိုင်းရှိ ပြင်ပဧရိယာနှင့်ပေါင်းစပ် သွားစေသည်။ယင်းနေရာသည် သစ်ကြားပင်ကြီးကို ဝေ့ဝိုက်ထားသည့် နေရာဖြစ်သဖြင့် အဝန်းအဝိုင်းတစ်ခုသဖွယ်ဖြစ်လာကာ စာဖတ်ခန်းတစ်ခုဖြစ်လာခဲ့သည်။ ယင်းနေရာတွင် သစ်သားများကို လှေကားထစ်များအသွင် အဆင့်ဆင့်ပြုလုပ်ထားကာ ဝရန်တာကဲ့သို့ နေရာတစ်ခု ထား ရှိပြီး စာကြည့်တိုက်သို့ လာရောက်လည်ပတ်သူများ ခဏတာနားနေနိုင်ရန် ကျောက်တန်းလျားခုံ တစ်ခုကိုလည်း ပြုလုပ်ထားသည်။

၃။ နှစ် ၁၀၀ သက်တမ်း သဖန်းပင် စားသောက်ဆိုင်(ဘရာဇီး)

ဘရာဇီးလ်နိုင်ငံ စောပေါလိုမြို့ရှိ Figueira Rubaiyat အမည်ရှိ စားသောက်ဆိုင်သည် နှစ် ၁၀၀ သက်တမ်းရှိသည့် သဖန်း ပင်ကြီးဖြင့် တည်ဆောက်ထားရာ ယင်းအပင် ထက်ကြီးမားသော အပင်ကြီးမရှိပါချေ။ ဘရာဇီးလ်နိုင်ငံတွင် ကြီးမားသော သစ်ပင်များ များစွာရှိသော်လည်း မြို့တော်တစ်ခု၏ အလယ်တွင် ဤကဲ့သို့ ကြီးမားသည့် အပင်ကြီးတစ်ပင်ကို မြင်ရလိမ့်မည်ဟု မျှော်လင့်မိ မည် မဟုတ်ချေ။ သဖန်းပင် စားသောက်ဆိုင်ကြီးကို သဖန်းပင် တစ်ပင်လုံးဖြင့် တည်ဆောက်ထားရာ အပင်ကြီး၏ လေးပုံတစ်ပုံ သည် ဆိုင်အတွင်း၌ ရှိနေပြီး ကျန်သော အစိတ်အပိုင်းက ဆိုင်၏ ပြင်ပတွင် တည်ရှိနေသည်။

၄။ သစ်တစ်ပင် ဖန်အိမ် (ကာဇက်စတန်)

ခါဇက်စတန်ဗိသုကာ ပညာရှင် အိုက်ဘက် အယ်လ်မာဆော့ သည် ခါဇက်စတန်တောင်တန်းများတွင် ငြိမ်းချမ်းသောနေရာ တစ်ခုအဖြစ် သစ်ပင်အိမ် ပုံစံအသစ် တစ်လုံးကို ဖန်တီးရန် ဆုံးဖြတ်ခဲ့သည်။ဗိသုကာပညာရှင် ရေးဆွဲခဲ့သည့်ဆွဲခဲ့သည့် အိမ်ပုံစံ ဒီဇိုင်းသည် အိမ်ကြီးကို ထင်းရှူးပင်တစ်ပင်ကို ပတ်၍ တည်ဆောက်ထားသည့ပုံဖြစ်သည်။ အဝိုင်းပုံ လေးထပ်အိမ်ကြီး၏ ပတ်ပတ် လည်ကို မှန်များဖြင့် ကာရံထားသဖြင့် အနီးရှိ သစ်တောအုပ်များကို မြင်တွေ့ကြရသည်။

ယင်းအိမ်ကြီးတွင် နေထိုင်ရခြင်းသည် သီးသန့်နေထိုင်ရသည်ဟု မဆိုနိုင်ဘဲ ရှဉ့်များကို အိမ်နီးချင်းများအဖြစ် တွေ့ရှိနိုင် သည်။အပင်ကြီး၏ အကိုင်းများသည်အိမ်ကြီး၏ အပေါ်ထပ်များသို့ ဖြန့်ကြက်နေသဖြင့် နေရာကျဉ်းမြောင်းလျက်ရှိကာ အမှန် တကယ်နေနိုင်သည့် အပိုင်းသည် အိမ်အောက်ထပ်တွင်သာရှိသည်။အိမ်ကြီး၏ ပထမထပ်ကို ရေချိုးခန်းနှင့် မီးဖိုခန်းခွဲ ထားကာ အိပ်ခန်းကို ဒုတိယ ထပ်တွင် ထားရှိသည်။

၅။ သမိုင်းဝင်အပင်ကြီးနှင့် စာသင်ကျောင်း (ဂျပန်)

ဂျပန်နိုင်ငံ၊တာချီကာဝါရှိ ဖူဂျီ မူကြိူကျောင်းသည် ဇီလ်ကိုဗာ အပင်ကို လက်စွပ်ပုံ ပတ်လျက် တည်ဆောက်ထားသည်။ ကလေးငယ်များသည် ကျောင်းကွက်လပ်အတွင်းရှိ မှန်၊စတီးနှင့် သစ်သားများဖြင့် တည်ဆောက်ထားသည့် အဆောက်အအုံအတွင်း ဆော့ကစားကြသည်။သက်တမ်း နှစ် ၅၀ ဝန်းကျင်ရှိသည့် အပင်ကြီးသည် တိုက်ဖွန်းမုန်တိုင်းကြောင့် အမြစ်ကျွတ်လုနီးပါး ဖြစ်ခဲ့ရ သည်။အပင်ကြီးသေဆုံးသွားပြီဟု လူအများက ထင်ခဲ့ကြသော်လည်း မုန်တိုင်းဒဏ်သင့် အပင်ကြီးသည် ပြန်လည် ရှင်သန်ခဲ့သည်။

၂၀၀၇ ခုနှစ်တွင် ဖူဂျီ မူကြိုကျောင်းကို မတည်ဆောက်မီက ဇီလ်ကိုဗာ အပင်ကြီးသည် ကလေးများဆော့ကစားကာ အပင် ပေါ်တက်ကြ၊ တွဲလဲခိုကြသည့် နေရာဖြစ်ခဲ့သည်။ယခုအချိန်တွင်အဆောက်အအုံ၏ ပြတင်းပေါက်များသည် အပင်ဘက်သို့ မျက် နှာ မူထားသဖြင့် ကျောင်းအတွင်းမှ ကလေးများသည် ဇီလ်ကိုဗာ အပင်ကြီးကို အမြဲမြင်တွေ့နေကြရပေသည်။ကျောင်းလွှတ် ချိန် များ တွင် ကလေးများသည် ကျောင်းကြိုကားကို စောင့်ဆိုင်းနေစဉ် အပင်ကြီးပတ်လည်ရှိပလက်ဖောင်းများတွင်ဆော့ကစားနိုင်ကြသည်။

၆။ အမြဲစိမ်းထင်းရူးပင်လမ်းမ (ဘရာဇီး)

ဘရာဇီးလ်နိုင်ငံတောင်ပိုင်း၊ ပါရာနာရှိ အမြဲစိမ်း Araucaria ထင်းရူးပင်ကြီးကို ယင်းပြည်နယ်၏ အထိမ်းအမှတ်အပင်ဟု ဆိုကြသည်။ပါတို ဘရန်ကို မြို့တွင် လမ်းဖောက်လုပ်ရန် စီစဉ်ချိန်တွင် အပင်ကြီးက လမ်းနယ်အတွင်း ကျရောက်နေကာ လမ်းနှင့် မလွတ်မကင်း ဖြစ်နေခဲ့သည်။ သို့သော်အာဏာပိုင်များက အပင်ကြီး ကို ခုတ်လှဲခြင်းမပြုဘဲ ချန်ခဲ့ကာ လမ်းကို ဖောက်လုပ်ခဲ့သည်။ လမ်းပေါ်တွင်ရှိနေသည့် ယင်းအပင်ကြီး ကို မည်သူမျှ ယခုတိုင် ဝင်ရောက်တိုက်မိခြင်းမရှိပါချေ။

၇။ သစ်ပင်များဝိုင်းရံထားသည့် အိမ် (ဘရာဇီး)

အိမ်တစ်လုံးတည်ဆောက်ကြရာတွင် ပတ်ဝန်းကျင်ရှိ သဘာဝအလှအပများနှင့် လိုက်လျောမှုရှိစေရေးသည် အိမ်ဆောက် သူများအတွက် စိမ်ခေါ်မှုတစ်ရပ်ဖြစ်သည်။သဘာ၀ဝန်းကျင်နှင့် ပေါင်းစပ်နေသည့် အိမ်တစ်လုံးတည်ဆောက်ရန် အိမ်၏ အရောင် အသွေး သာမက စိမ်းလန်းစိုပြေ သော အစိမ်းရောင်ဝန်းကျင်ရှိနေစေခြင်းသည် မှန်ကန်သော စွမ်းဆောင်နိုင်မှု တစ်ရပ်ဖြစ်သည်။
ဘရာဇီးလ်နိုင်ငံရှိ သစ်ပင်များဝန်းရံနေသည့် အိမ်ကို ဗိသုကာ ပညာရှင် Alessandro Sartore က ပုံစံထုတ်ခဲ့ကာ သစ်ပင် များကို ထိခိုက်မှုမရှိစေဘဲ တည်ဆောက်ခဲ့သည်။မူလ ကတည်းကရှိခဲ့သည့် အပင်များကို ဆက်လက် ရှင်သန်စေကာ အဆောက် အအုံသစ်ကို ဆောက်လုပ်ခဲ့သည်။ထို့ကြောင့် ယင်းအိမ်သည် ခေတ်မီသော ဒီဇိုင်းနှင့် အတူ တုနှိုင်းဖွယ်မရှိသော အဆောက်အအုံ အဖြစ် ရပ်တည်နိုင်ခဲ့သည်။

၈။ ဆွဲကြိုးချ သစ်ပင်ဘားဆိုင် (အမေရိကန်)

ဂျိုစီ ရပ်စ်စဲလ်သည် သူ၏ စလိုပီဂျိုး ဘားဆိုင်ကို ၁၉၃၀ ပြည့်နှစ်တွင် အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်ရှိ ကေးဝက်စ်တွင် ဖွင့်လှစ်ခဲ့သည်။၁၉၃၈ ခုနှစ် တွင် အခန်းငှားရမ်းခသည် တစ်ပတ်လျှင် တစ်ဒေါ်လာ တက်လာခဲ့သဖြင့် စလိုပီဂျိုး ဘားဆိုင်ကို ဒူဗေးလ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ယင်းအဆောက်အအုံသည် အဆင့်ဆင့် လက်ပြောင်းခဲ့ကာ နောက်ဆုံးတွက် ကပ္ပတိန် တိုနီးက ဝယ်ယူခဲ့သည်။

ယင်းအဆောက်အအုံသည် ၁၈၅၀ ပြည့်နှစ်မှစတင်ခဲ့သည့် အနိဋ္ဌာရုံ သေခြင်းနှင့် စပ်ဆိုင်သည့် ရှည်လျားသော သမိုင်း ကြောင်းရှိခဲ့သည်။ ယင်းဘားဆိုင်သို့လာရောက်ကြသူများသည် ဘားဆိုင်ရှိ သစ်ပင်ကြီးကို သတိမူမိကြသည်။ယခုအချိန်တွင် ယင်း ဘားဆိုင်သည်နှစ်ခြိုက်ဖွယ်ကောင်းသည့် သဘာ၀ နေရာထိုင်ခင်းတစ်ခုအဖြစ် တည်ရှိနေသော်လည်း ၁၈၀၀ ပြည့်နှစ် ဝန်းကျင်က လူများ ဆွဲကြိုးချ သေဆုံးခဲ့ကြသည့် နေရာဖြစ်ခဲ့သည်။ဘားဆိုင်တွင်ရှိနေသည့် အပင်ကြီးတွင် အနည်းဆုံး လူ ၇၅ ဦး ဆွဲကြိုးချ သေဆုံးခဲ့ကြသည်။

ယနေ့ကမ္ဘာကြီးတွင် ရာသီဥတုဖောက်ပြန်မှုများကြောင့် ဘေးဒုက္ခမျိုးစုံကို လူသားများရင်ဆိုင်နေကြရသည်။ ယင်းဆိုး ကျိုး များ၏ အကြောင်းရင်းသည် အဓိကအားဖြင့် သစ်တော၊သစ်ပင်များ ပြုန်းတီးလာမှုကြောင့် ဖြစ်သဖြင့် သစ်ပင်များကို ထိန်း သိမ်း စောင့်ရှောက်ကြရန် နှိုးဆော်နေကြရပေသည်။ သဘာ၀ အလျောက်ပေါက်ရောက်သည်ဖြစ်စေ၊ လူတို့စိုက်ပျိုးခဲ့သဖြင့် ပေါက်ရောက် ခဲ့သည်ဖြစ်စေ မြေပြင်ပေါ်တွင် တည်ရှိနေသည့် သစ်ပင်များကို ထိန်းသိမ်းစောင့်ရှောက်ကာ လှပ ဆန်းပြားသော ရုပ်ဝတ္ထုပစ္စည်းများ ကို ဖန်တီးခဲ့ကြသည်မှာ အံ့ဩချီးမွမ်းဖွယ် ဖြစ်ပေသည်။

မောင်သာ (ရှေးဟောင်းသုတေသန)
၂၀၁၇ ဒီဇင်ဘာလထုတ် သုတစွယ်စုံမဂ္ဂဇင်းမှ

Leave a Reply