မကန္း ဆုိေသာသတၱ၀ါအေၾကာင္း

Posted on

ေအာ္-ေဆြမစုံဖက္၊ ေျဖပုံခက္ေအာင္၊ မကန္းကြက္ခြၽန္၊ တိမ္႐ြက္ကြန္လဲ၊ လက္ပုစြန္ရိုး အစ ခ်ီသည့္ ဦးၾကင္ဥေရး ပေဒသာသီခ်င္းမွ တန္ခူးလဘြဲ႕တြင္ တိမ္မ်ားသည္ မကန္းေကာင္၏ အေၾကးကြက္မ်ားသဖြယ္ အထပ္ထပ္ အကြက္ကြက္ ထေနသည္ဟု ဆိုထားသည္ တစ္ ေၾကာင္း၊ မင္းပူးဆရာေတာ္ ဦးၾသဘာသေရး မဟာဇနက ဇာတ္ေတာ္ႀကီးတြင္ သေဘၤာသား ခုႏွစ္ရာတို႔သည္ ငါးလိပ္ မကန္းတို႔၏ အစာျဖစ္ေလကုန္၏ဟု ဆိုထားသည္ တစ္ ေၾကာင္း၊ ျပာသိုလ မကာရရာသီခြင္တြင္ မကန္းေကာင္ အ႐ုပ္ရွိသည္ဟု ဆိုထားသည္ တစ္ေၾကာင္းတို႔ေၾကာင့္ မကန္းသည္ ေရသတၱဝါ တစ္ေကာင္ျဖစ္ေၾကာင္း သိနိုင္ေလသည္။

မကန္းသည္ ပါဠိ မကရ၊ သံသႀကိဳဋ္ မကရ၊ ျမန္မာ မကာရ ဟူေသာစကားမွ လာသည္။ ေပါရာဏ ကထာ အဘိဓာန္တြင္ ပင္လယ္ ငါးႀကီးတစ္မ်ိဳးဟု ေဖာ္ျပထား၍ အဘိဓာန္ဋီကာ ပါဌ္တြင္ လက္ႏွင့္ဖမ္းလွ်င္ ပါးစပ္ဟတတ္ေသာ ငါးဟူ၍လည္း ေဖာ္ျပ ထားသည္။ အခ်ိဳ႕ေသာ ဟိႏၵဴဘာသာ က်မ္းမ်ား၌ မကန္းကို ဝါ႐ုဏမည္ေသာ နတ္မင္း၏ စီးေတာ္ယာဥ္ဟု ဆိုထား၏။ အခ်ိဳ႕က်မ္းမ်ားတြင္ ဂဂၤါျမစ္ေစာင့္ နတ္သမီး၏ စီးေတာ္ယာဥ္ ဟူ၍ ဆိုထားျပန္သည္။

ပုံသဏၭာန္ကို ေဖာ္ျပရာ၌ ေျခလက္တို႔ သည္ ျမင္း၏ ေျခလက္ကဲ့သို႔ရွိၿပီးလွ်င္ ခြာမ်ာ ကြဲေသာခြာရွိ သည္။ သြားမ်ားသည္ က်ား ျခေင္္သ့ကဲ့သို႔ခြၽန္ထက္သည္။ဆင္၏ ႏွာေမာင္းရွိသည္။ ကိုယ္၏အၿမီးပိုင္းသည္ ငါး၏ ကိုယ္ကာယကဲ့သို႔ရွိ၍ အၿမီးမွာ ငါး၏ အၿမီးကဲ့သို႔ျဖစ္သည္။ ဝက္နား႐ြက္ရွိသည္။ ပါးစပ္အၿမဲၿဖဲထားသည္ဟု ေဖာ္ျပထား သည္။

အခ်ိဳ႕က မကန္းေကာင္၏ ဦးေခါင္းႏွင့္ ႏွာေမာင္းမွာ ဆင္၏ ႏွာေမာင္းႏွင့္ ဆင္၏ ဦးေခါင္းျဖစ္ၿပီးလွ်င္ ေမ်ာက္၏ သြားကဲ့သို႔ေသာ သြားရွိသည္။ ျခေသ့ၤ၏ ေျခလက္ကဲ့သို႔ေသာ ေျခလက္ႏွင့္ ေျခသည္း လက္သည္းမ်ားရွိသည္။ ကိုယ္ကာယ မွာ ငါး၏ ကိုယ္ကာယျဖစ္၍ အၿမီးမွာ ဥေဒါင္း၏ အၿမီး ကဲ့သို႔ျဖစ္သည္ဟု ေဖာ္ျပထားျပန္သည္။

ထို႔ေၾကာင့္ အခ်ိဳ႕က မကန္းေကာင္သည္ အကယ္ရွိေသာ သတၱဝါမဟုတ္၊ ဒ႑ာရီ ပုံျပင္ စကားတြင္ပါေသာ စိတ္ကူးယဥ္ ဖန္တီးယူသည့္ ေရသတၱဝါမ်ိဳးသာ ျဖစ္သည္ဟု ယူဆၾကသည္။ မည္သို႔ပင္ အမ်ိဳးမ်ိဳးေတြးေသာ ေရးသားၾကေစကာမူ မကန္းဟုေခၚသည့္ ေရသတၱဝါမ်ိဳး ရွိေနသည္မွာ အမွန္ပင္ ျဖစ္၏။

မကန္းမ်ားသည္ ပင္လယ္သမုဒၵရာေအာက္ရွိ ႐ႊံ႕ၫြန္ ေျမေပ်ာ့မ်ားအတြင္း လိုဏ္ေခါင္းႀကီး တူးေဖာ္၍ လွ်ို႔ဝွက္စြာ ေနၾကသည္။ အိႏၵိယသမုဒၵရာ၏ အေရွ႕ေျမာက္မ်က္ႏွာရွိ ဘဂၤလားပင္လယ္ေအာ္ျဖစ္ေသာ ၿမိတ္ခရိုင္ ၿမိတ္ကြၽန္းစု ပင္လယ္႐ႊံ႕ကုန္းမ်ား အတြင္းဝယ္ ၃ လက္မ အ႐ြယ္မွသည္ တစ္ေပထက္ မႀကီးလြန္းေသာ မကန္းမ်ားကို တံငါသည္မ်ား ဖမ္းယူရရွိၾကသည္။ (တကယ္ေတာ့ ၿမိတ္ကြ်န္းစုတြင္ေတြ႔ရသည့္အေကာင္မ်ဳိးမွာ ဒ႑ာရီစာေပမ်ားတြင္ပါေလ့ရွိသည့္ မကန္းမဟုတ္ပဲ ပကန္းသာျဖစ္ႏုိင္သည္)

ယင္းတို႔အား ပင္လယ္က်ားပါးစပ္တိုက္၌ လည္းေကာင္း၊ ငါးပိလုပ္ရန္အတြက္ ပုစြန္ဆိတ္ကေလးမ်ားကို ခြျဖင့္ထိုး၍ ဖမ္းသည့္အခါ၌ လည္းေကာင္း၊ တစ္ေကာင္စ၊ ႏွစ္ေကာင္စ ဖမ္းဆီးရမိတတ္သည္။ အေျမာက္အျမားကိုမူ ႐ႊံ႕ကုန္းမ်ားအတြင္းမွ ပင္လယ္ဒီေရက်ေသာ အခ်ိန္တြင္ လိုက္လံဖမ္းဆီးရသည္။ အလြန္ခ်ိဳေသာ အရသာရွိသျဖင့္ သူေဌးမ်ား ေဈးႀကီးေပး၍ ဝယ္ယူစားေသာက္တတ္ၾကသည္။

မကန္းမ်ားသည္ တစ္ေကာင္ခ်င္း ပင္လယ္ေရေအာက္ ၌ တြင္းေဖာ္ေနတတ္ၾကရာ ထိုတြင္းမ်ားသည္ လိုဏ္ေခါင္း ႀကီးသဏၭာန္ ရွိ၏။ တြင္းေပါင္ဝမွာ တစ္ေကာင္ဝင္႐ုံသာ ေဖာက္လုပ္ထားလွ်က္ အတြင္း၌ကား အက်ယ္ႀကီး ထားကား လိုဏ္ေခါင္းမ်ားႏွင့္ လွ်ို႔ဝွက္ဂူမ်ားလည္း ထားရွိၾကသည္။ ယင္းတို႔သည္ ပင္လယ္ေရ အၿမဲရွိေသာ ေနရာ၌သာ ေနထိုင္ၾက သည္။

ပင္လယ္ေရမမီေသာ အရပ္တြင္ မေနၾကေခ်။ ပင္လယ္ ဒီေရက်သြား သည္တိုင္ေအာင္ ထိုပင္လယ္ ဒီေရမ်ားကို လိုဏ္ေခါင္းအတြင္း အလုံအေလာက္ ယူသြင္းထားၾကသည္။ လိုဏ္ေခါင္းတြင္းႀကီးမ်ားမွာ ၆ လက္မ အ႐ြယ္ရွိ မကန္းလိုဏ္ေခါင္းအနက္ကို ၃ ေပမွ ၄ ေပ အထိ တူးထားၾကၿပီးလွ်င္ တစ္ဖက္မွလည္း ထြက္ေပါက္ လိုဏ္ေခါင္းတစ္ခုကို ေဖာက္လုပ္ထားေသးသည္။

တစ္ေပ အ႐ြယ္မွ်ရွိေသာ မကန္းႀကီးမ်ားအတြက္မူကား ၄ ေပမွသည္ ၆ ေပအထိ တြင္းနက္ႀကီးမ်ားကို တူးလ်က္ ထြက္ေပါက္ ဝင္ေပါက္ လုပ္ထားၾကေလသည္။ တြင္း၏ အဝကို ၾကည့္ကာ အေကာင္ႀကီးသည္ ငယ္သည္ကို ခန႔္မွန္းနိုင္ၾကသည့္ျပင္ တြင္း၏ အနက္ကိုလည္း ခန႔္မွန္းနိုင္ၾကသည္။ တြင္းထဲတြင္ ယင္းတို႔ရွိသည္ မရွိသည္ကိုလည္း သိနိုင္ေပသည္။

ယင္းတို႔ရွိေသာ တြင္းတြင္ သြင္းထားေသာေရသည္ ၾကည္လင္ သန႔္ရွင္းေန၏။ ယင္းတို႔မရွိက ေရမွာ ေနာက္က်ိေနသည္။ ယင္းတို႔သည္ တြင္းတစ္တြင္းတြင္ ၾကာရွည္မေနဘဲ ၁၅ ရက္မွ တစ္လ အၾကာဆုံးေသာ ေနတတ္ၿပီးလွ်င္ တစ္ေနရာမွ တစ္ေန ရာသို႔ေျပာင္းေ႐ႊ႕ေနတတ္ၾကသည္။ လူေလာက္ႀကီးေသာ မကန္းႀကီးမ်ားႏွင့္ လူထက္ ႀကီးမားေသာ မကန္းႀကီးမ်ားကား ပင္လယ္သမုဒၵရာ နက္ႀကီးအတြင္း၌ ရွိေၾကာင္း သိရသည္။

ထိုသတၱဝါႀကီးမ်ားသည္ ပင္လယ္ထဲ၌ ငါးကေလးမ်ား၊ ပင္လယ္ပိုးမ်ားႏွင့္ ပင္လယ္ ႐ႊံ႕ေစးတစ္မ်ိဳး ကို စားေသာက္ ၾကသည္။ မကန္း၏ အသားသည္ ကင္းႏွင့္ ပုစြန္တို႔၏ အသား ႏွင့္ တူေသာ္လည္း ပုံသဏၭာန္မွာ အလြန္ကြာျခား၏။ ေပ်ာ့ေပ်ာင္းေသာ ကိုယ္ေရကို မာေက်ာေသာ အခြံျဖင့္ ဖုံးအုပ္ ထားရာတြင္ အခြံလႊာမွာ အထပ္လိုက္ ျဖစ္ေန အထပ္တိုင္းတြင္ ခြၽန္ထက္ေသာ ဆူးမ်ားရွိ၏။ စိမ္းျပာညိုေရာင္ႏွင့္ ခရမ္းေရာင္ အသြင္လည္းရွိကာ မကန္းကြက္ခြၽန္၊ တိမ္႐ြက္ကြန္လဲ ဆို ေသာ စာဆိုအတိုင္းပင္ ျဖစ္ေနသည္ကို ေတြ႕ရသည္။

ယင္းတို႔၏ အကြက္အေၾကးမ်ားအတိုင္း တန္ခူးလရာသီမ်ား တြင္ ၾကည္လင္ ေတာက္ပေသာ မိုးသားတိမ္တိုက္မ်ား၌ ေတြ႕ရတတ္သည္။ မကန္းေကာင္၏ အခြံမွာ အဆက္လိုက္ အဆက္လိုက္ ေပၚေနလ်က္ အၿမီးပိုင္း၌ ႀကီးလာသည္။ အၿမီးပိုင္းမွာ ဝိုင္းပု ၍ ကားေနေသာ ခြၽန္ထက္ေသာ ဆူးမ်ားျဖင့္ ေဇာင္းတြန႔္၍ ရွိေနသည္။ ထိုအၿမီးမ်ား၏ အနားတြင္ လက္ႏွစ္ဖက္ကဲ့ သို႔ေသာ လက္မႏွစ္ခုရွိရာ ယင္းျဖင့္ သြားလိုရာ ခရီးကို ေလွာ္ ခတ္သြားနိုင္သည့္ျပင္ ပဲ့ကိုင္ေပးေသးသည္။

ဦးေခါင္းမွာ ပုလင္းတစ္လုံး၏ သဏၭာန္ကဲ့သို႔ရွိၿပီးလွ်င္ ေခါင္း၏ ေအာက္၊ ပခုံး ေနရာနားတြင္ တစ္ဖက္လွ်င္ လက္ ၃ ခုစီ၊ ၆ ခုထြက္ေန၏။ ထိုလက္မ်ားသည္ ေရထဲ၌ ကူးခတ္နိုင္သည့္ျပင္ ႐ႊံ႕ျပင္ေပၚ၌လည္း တြား၍ေျပးနိုင္၏။ ကိုယ္ခႏၶာေအာက္ပိုင္း ဝမ္းပိုက္ေနရာတြင္ တစ္ဖက္လွ်င္ ဆူးေတာင္ ၈ ခုစီ၊ ေပါင္း ၁၆ ခုစီရွိရာ ပင္လယ္ထဲ၌ အလြန္ လ်င္ျမန္စြာ ကူးနိုင္ေသာ သတၱဝါျဖစ္သည္။ ဦးေခါင္းထိပ္တြင္ မ်က္လုံး ၂ လုံးကို ကာ ကြယ္ေပးသည့္ လက္ကဲ့သို႔ေသာ ဆူးေတာင္ ၂ ခု ရွိေသး သည္။

မ်က္လုံး ၂ လုံးသည္ ပုစြန္မ်က္လုံးကဲ့သို႔ေတာက္ ေျပာင္ကာ ေရွ႕သို႔ျပဴးထြက္ေနသည္။ ထိုမ်က္လုံးမ်ားေရွ႕၌ ရန္သူကို ဖယ္ရွားနိုင္သည့္ လက္ေသးကေလး ၄ ေခ်ာင္းႏွင့္ တူေသာ အေမြးတန္း ၄ ပင္ရွိသည္။ ထိုအေမြးတန္း ၄ ပင္ သည္လည္း မာေက်ာ ၿပီးလွ်င္ မ်က္လုံးကိုပင္ အကာအကြယ္ ျပဳထားေလသည္။ မ်က္လုံး၏ ေအာက္အခြံေရအတြင္းဝယ္ ပါးစပ္ေပါက္၊ ဦးေႏွာက္၊ ဦးေႏွာက္အိမ္ စသည္ အကုန္လုံး သည္ ပုစြန္ဦးေခါင္းအတြင္း စုေပါင္းေနသကဲ့သို႔စုေပါင္းေန ၏။

ဦးေခါင္း၏ တစ္ဖက္တစ္ခ်က္တြင္ အလြန္ခိုင္မာ ထက္ျမက္ေသာ မကန္းလက္ေခၚ လက္ႀကီး ၂ ခုရွိသည္။ ထိုလက္ႀကီး ၂ ခုမွာ အလြန္ႀကီးမား၍ အျခားလက္မ်ားထက္ ရွည္လည္းရွည္၏။ ထိုလက္ႀကီး တစ္ဖက္စီတြင္ မာေက်ာၿပီး လွ်င္ အလြန္ထက္သန္၍ ခြၽန္ျမေနေသာ ဆူးမ်ားအေခ်ာင္း ၂ဝ မွ်ရွိရာ၊ မကန္းတြင္ ထိုလက္ ႀကီး ၂ ခုသည္ ေၾကာက္မက္ ဖြယ္ရာ အေကာင္းဆုံး ျဖစ္ေတာ့သည္။ အားလည္း အလြန္ ေကာင္းလ်က္ ထိုလက္ ႀကီးမ်ားျဖင့္ ခုတ္မိလွ်င္ ျပတ္ပါ သြားဖြယ္ရာ အေၾကာင္းရွိၿပီးေသာ္ အလြန္တက္ေသာ ေရာဂါ တစ္မ်ိဳးကို ခံစားရ တတ္ေလသည္။ မကန္းသည္ ရန္ျပဳမည္ ဆိုလွ်င္ မိမိကိုယ္ကို ေကြးလိုက္ၿပီးသည့္ေနာက္မွ တစ္ခ်က္ တည္းဆန႔္၍ ရန္သူထံ ပစ္သြင္းလိုက္ေလသည္။

ထိုအေကြးကို အထူသတိထားရသည္။ ေရသတၱဝါတိုင္းသည္ ယင္းမကန္းကို ေၾကာက္ၾက၏။ ေအာ့တိုပတ္ ေရဘဝဲေကာင္ပင္ ယင္းကို ေၾကာက္ရသည္။ မကန္းေကာင္ကို အေျခာက္လွန္း၍ အိမ္၌ထားလွ်င္ တေစၦသူရဲ မိစာၦ မေကာင္းဆိုးဝါးမ်ား မခ်ဥ္းကပ္နိုင္ဟု ေရွးလူမ်ား အယူရွိၾကသည္။ ကေလးပုခက္မ်ားတြင္လည္း မကန္းေကာင္ အေျခာက္မ်ားကို ဆြဲေပးထားတတ္ၾကသည္။

မကန္း၏ ထူးျခားေသာ အခ်က္တစ္ခ်က္မွာ အ႐ြယ္ႏွင့္ မမွ်ေအာင္ ေလမႈတ္အား ႀကီးျခင္းပင္ျဖစ္သည္။ မကန္းတြင္း တစ္တြင္းကို ခဏခ်င္းေလျဖင့္မႈတ္၍ ေဖာ္ၿပီး ေသာ္ လိုဏ္ေခါင္းႀကီးကိုလည္း ေလျဖင့္ပင္မႈတ္ကာ ႐ႊံ႕ေစး မ်ားကို အေပၚသို႔မႈတ္ထုတ္ေလသည္။ အတြင္းပိုင္းရွိ ရွည္လ်ားေသာ လိုဏ္ဂူ အရပ္ရပ္ကိုလည္း နာရီပိုင္း အတြင္း ေဖာက္လုပ္နိုင္ေသာ အစြမ္းသတၱိရွိသည္။ မကန္းကို ဟင္းခ်ိဳျပဳတ္၍ ေသာက္ရန္သာ ေကာင္း ၏။

အရွင္လတ္လတ္ကို ပြက္ပြက္ဆူေနေသာ ဟင္းရည္အိုး ထဲသို႔ထည့္ၿပီးမွ အရည္ကိုေသာက္လွ်င္ အလြန္ခ်ိဳ၏။ အသားကို စားလွ်င္လည္း အလြန္ခ်ိဳျမေသာ ရသာထူးတစ္မ်ိဳး ကို ခံစားရသည္။ ေသမွ ဟင္းခ်က္လွ်င္ အတြင္း၌ အခ်ိဳရည္ ကို မရေတာ့သည့္ျပင္ အသားလည္း မက်န္တတ္ေတာ့ျခင္း ေၾကာင့္ အရွင္ခ်က္စားတတ္ၾကသည္။ မကန္းကို ဖမ္းရာ၌ ဖမ္းယူတတ္မွ ရသည္ျဖစ္၏။ သို႔မဟုတ္ပါက ဖမ္းသူ၏ လက္မွာ မကန္းတြင္းအထဲ၌ ျပတ္က်န္ရစ္ခဲ့မည္ ျဖစ္သည္။

ဟိႏၵဴ ဒ႑ာရီအရ မကန္း ဆိုသည္မွာ ဒ႑ာရီလာ သတၱဝါတစ္ေကာက္ျဖစ္ၿပီး ဂဂၤါနတ္ဘုရားမႏွင့္ ဗာ႐ုန နတ္ဘုရားတို႔၏ ဗဟာဏ(စီးေတာ္ယာဥ္) ျဖစ္သည္။ ထို႔ျပင္ အခ်စ္ႏွင့္ရမၼက္တို႔ႏွင့္ဆိုင္ေသာ ဟိႏၵဴနတ္ဘုရား ကာမေဒဝ၏ အမွတ္တံဆိပ္လည္းျဖစ္ၿပီး ကာမေဒဝ၏ အလံ(ဒြာရ) ကို ကာကဗာရ ဟုလည္း သိၾကၿပီး ထိုအလံမွာ မကန္းတံဆိပ္ရိုက္ႏွိပ္ထားေသာ အလံျဖစ္သည္။

ရိုးရာအယူအဆအရ မကန္းကို ေရေနသတၱဝါအျဖစ္ယူဆၿပီး အခ်ိဳ႕ ရိုးရာပုံျပင္တို႔တြင္ မိေက်ာင္းအျဖစ္သတ္မွတ္ၾကၿပီး အခ်ိဳ႕က လင္းပိုင္အျဖစ္သတ္မွတ္ၾကသည္။ အခ်ိဳ႕ကလည္း ငါးကိုယ္ႏွင့္ ဆင္ေခါင္းရွိေသာ သတၱဝါဟု ပုံေဖာ္ၾကသည္။ ရိုးရာအစဥ္အလာတြင္ မကန္းကို အားလုံး၏ ရွင္သန္ႀကီးထြားျခင္းႏွင့္ အသက္ရွင္ျခင္းတို႔၏ အရင္းအျမစ္ျဖစ္ေသာ ေရႏွင့္တြဲ၍ မွတ္ယူၾကသည္။ နကၡတၱေဗဒင္ပညာတြင္ ဇိုးဒီးယိတ္ ရာသီစက္ဝိုင္း၏ အမွတ္အသားတစ္ခုျဖစ္ေသာ မကာရ (Capricorn) ၏ အမွတ္တံဆိပ္ျဖစ္သည္။

အိႏၵိယပန္းခ်ီပညာတြင္ မကာရကို ထပ္တလဲလဲေရးဆြဲေသာ အ႐ုပ္မ်ား(motifs) အျဖစ္သုံးၾကၿပီး ေအာက္ပါေနရာ တို႔အပါအဝင္စတိုင္လ္အမ်ိဳးမ်ိဳးျဖင့္ေရးဆြဲၾကသည္။
-ဗုဒၶဘာသာဆိုင္ရာ အေဆာက္အဦးတို႔၏ အဝင္ဝ (ကမၻာ့ယဥ္ေက်းမႈအေမြခံေနရာတစ္ခုျဖစ္ေသာ စန္ခ်ီရွိ စတူပါ အပါအအဝင္)
-ေတာ္ဝင္ပုလႅင္မ်ား

ျမန္မာ့စြယ္စံုက်မ္း အတြဲ ၈

——————

မကန်း ဆိုသောသတ္တဝါအကြောင်း (unicode)

အော်-ဆွေမစုံဖက်၊ ဖြေပုံခက်အောင်၊ မကန်းကွက်ချွန်၊ တိမ်ရွက်ကွန်လဲ၊ လက်ပုစွန်ရိုး အစ ချီသည့် ဦးကြင်ဥရေး ပဒေသာသီချင်းမှ တန်ခူးလဘွဲ့တွင် တိမ်များသည် မကန်းကောင်၏ အကြေးကွက်များသဖွယ် အထပ်ထပ် အကွက်ကွက် ထနေသည်ဟု ဆိုထားသည် တစ် ကြောင်း၊ မင်းပူးဆရာတော် ဦးဩဘာသရေး မဟာဇနက ဇာတ်တော်ကြီးတွင် သင်္ဘောသား ခုနှစ်ရာတို့သည် ငါးလိပ် မကန်းတို့၏ အစာဖြစ်လေကုန်၏ဟု ဆိုထားသည် တစ် ကြောင်း၊ ပြာသိုလ မကာရရာသီခွင်တွင် မကန်းကောင် အရုပ်ရှိသည်ဟု ဆိုထားသည် တစ်ကြောင်းတို့ကြောင့် မကန်းသည် ရေသတ္တဝါ တစ်ကောင်ဖြစ်ကြောင်း သိနိုင်လေသည်။

မကန်းသည် ပါဠိ မကရ၊ သံသကြိုဋ် မကရ၊ မြန်မာ မကာရ ဟူသောစကားမှ လာသည်။ ပေါရာဏ ကထာ အဘိဓာန်တွင် ပင်လယ် ငါးကြီးတစ်မျိုးဟု ဖော်ပြထား၍ အဘိဓာန်ဋီကာ ပါဌ်တွင် လက်နှင့်ဖမ်းလျှင် ပါးစပ်ဟတတ်သော ငါးဟူ၍လည်း ဖော်ပြ ထားသည်။ အချို့သော ဟိန္ဒူဘာသာ ကျမ်းများ၌ မကန်းကို ဝါရုဏမည်သော နတ်မင်း၏ စီးတော်ယာဉ်ဟု ဆိုထား၏။ အချို့ကျမ်းများတွင် ဂင်္ဂါမြစ်စောင့် နတ်သမီး၏ စီးတော်ယာဉ် ဟူ၍ ဆိုထားပြန်သည်။

ပုံသဏ္ဌာန်ကို ဖော်ပြရာ၌ ခြေလက်တို့ သည် မြင်း၏ ခြေလက်ကဲ့သို့ရှိပြီးလျှင် ခွာမျာ ကွဲသောခွာရှိ သည်။ သွားများသည် ကျား ခြငေ်သ့ကဲ့သို့ချွန်ထက်သည်။ဆင်၏ နှာမောင်းရှိသည်။ ကိုယ်၏အမြီးပိုင်းသည် ငါး၏ ကိုယ်ကာယကဲ့သို့ရှိ၍ အမြီးမှာ ငါး၏ အမြီးကဲ့သို့ဖြစ်သည်။ ဝက်နားရွက်ရှိသည်။ ပါးစပ်အမြဲဖြဲထားသည်ဟု ဖော်ပြထား သည်။

အချို့က မကန်းကောင်၏ ဦးခေါင်းနှင့် နှာမောင်းမှာ ဆင်၏ နှာမောင်းနှင့် ဆင်၏ ဦးခေါင်းဖြစ်ပြီးလျှင် မျောက်၏ သွားကဲ့သို့သော သွားရှိသည်။ ခြသေ့ၤ၏ ခြေလက်ကဲ့သို့သော ခြေလက်နှင့် ခြေသည်း လက်သည်းများရှိသည်။ ကိုယ်ကာယ မှာ ငါး၏ ကိုယ်ကာယဖြစ်၍ အမြီးမှာ ဥဒေါင်း၏ အမြီး ကဲ့သို့ဖြစ်သည်ဟု ဖော်ပြထားပြန်သည်။

ထို့ကြောင့် အချို့က မကန်းကောင်သည် အကယ်ရှိသော သတ္တဝါမဟုတ်၊ ဒဏ္ဍာရီ ပုံပြင် စကားတွင်ပါသော စိတ်ကူးယဉ် ဖန်တီးယူသည့် ရေသတ္တဝါမျိုးသာ ဖြစ်သည်ဟု ယူဆကြသည်။ မည်သို့ပင် အမျိုးမျိုးတွေးသော ရေးသားကြစေကာမူ မကန်းဟုခေါ်သည့် ရေသတ္တဝါမျိုး ရှိနေသည်မှာ အမှန်ပင် ဖြစ်၏။

မကန်းများသည် ပင်လယ်သမုဒ္ဒရာအောက်ရှိ ရွှံ့ညွန် မြေပျော့များအတွင်း လိုဏ်ခေါင်းကြီး တူးဖော်၍ လျှို့ဝှက်စွာ နေကြသည်။ အိန္ဒိယသမုဒ္ဒရာ၏ အရှေ့မြောက်မျက်နှာရှိ ဗင်္ဂလားပင်လယ်အော်ဖြစ်သော မြိတ်ခရိုင် မြိတ်ကျွန်းစု ပင်လယ်ရွှံ့ကုန်းများ အတွင်းဝယ် ၃ လက်မ အရွယ်မှသည် တစ်ပေထက် မကြီးလွန်းသော မကန်းများကို တံငါသည်များ ဖမ်းယူရရှိကြသည်။ (တကယ်တော့ မြိတ်ကျွန်းစုတွင် မကန်းဟုမခေါ်ပဲ ပကန်းဟု ခေါ်ကြသည်)

ယင်းတို့အား ပင်လယ်ကျားပါးစပ်တိုက်၌ လည်းကောင်း၊ ငါးပိလုပ်ရန်အတွက် ပုစွန်ဆိတ်ကလေးများကို ခွဖြင့်ထိုး၍ ဖမ်းသည့်အခါ၌ လည်းကောင်း၊ တစ်ကောင်စ၊ နှစ်ကောင်စ ဖမ်းဆီးရမိတတ်သည်။ အမြောက်အမြားကိုမူ ရွှံ့ကုန်းများအတွင်းမှ ပင်လယ်ဒီရေကျသော အချိန်တွင် လိုက်လံဖမ်းဆီးရသည်။ အလွန်ချိုသော အရသာရှိသဖြင့် သူဌေးများ ဈေးကြီးပေး၍ ဝယ်ယူစားသောက်တတ်ကြသည်။

မကန်းများသည် တစ်ကောင်ချင်း ပင်လယ်ရေအောက် ၌ တွင်းဖော်နေတတ်ကြရာ ထိုတွင်းများသည် လိုဏ်ခေါင်း ကြီးသဏ္ဌာန် ရှိ၏။ တွင်းပေါင်ဝမှာ တစ်ကောင်ဝင်ရုံသာ ဖောက်လုပ်ထားလျှက် အတွင်း၌ကား အကျယ်ကြီး ထားကား လိုဏ်ခေါင်းများနှင့် လျှို့ဝှက်ဂူများလည်း ထားရှိကြသည်။ ယင်းတို့သည် ပင်လယ်ရေ အမြဲရှိသော နေရာ၌သာ နေထိုင်ကြ သည်။

ပင်လယ်ရေမမီသော အရပ်တွင် မနေကြချေ။ ပင်လယ် ဒီရေကျသွား သည်တိုင်အောင် ထိုပင်လယ် ဒီရေများကို လိုဏ်ခေါင်းအတွင်း အလုံအလောက် ယူသွင်းထားကြသည်။ လိုဏ်ခေါင်းတွင်းကြီးများမှာ ၆ လက်မ အရွယ်ရှိ မကန်းလိုဏ်ခေါင်းအနက်ကို ၃ ပေမှ ၄ ပေ အထိ တူးထားကြပြီးလျှင် တစ်ဖက်မှလည်း ထွက်ပေါက် လိုဏ်ခေါင်းတစ်ခုကို ဖောက်လုပ်ထားသေးသည်။

တစ်ပေ အရွယ်မျှရှိသော မကန်းကြီးများအတွက်မူကား ၄ ပေမှသည် ၆ ပေအထိ တွင်းနက်ကြီးများကို တူးလျက် ထွက်ပေါက် ဝင်ပေါက် လုပ်ထားကြလေသည်။ တွင်း၏ အဝကို ကြည့်ကာ အကောင်ကြီးသည် ငယ်သည်ကို ခန့်မှန်းနိုင်ကြသည့်ပြင် တွင်း၏ အနက်ကိုလည်း ခန့်မှန်းနိုင်ကြသည်။ တွင်းထဲတွင် ယင်းတို့ရှိသည် မရှိသည်ကိုလည်း သိနိုင်ပေသည်။

ယင်းတို့ရှိသော တွင်းတွင် သွင်းထားသောရေသည် ကြည်လင် သန့်ရှင်းနေ၏။ ယင်းတို့မရှိက ရေမှာ နောက်ကျိနေသည်။ ယင်းတို့သည် တွင်းတစ်တွင်းတွင် ကြာရှည်မနေဘဲ ၁၅ ရက်မှ တစ်လ အကြာဆုံးသော နေတတ်ပြီးလျှင် တစ်နေရာမှ တစ်နေ ရာသို့ပြောင်းရွှေ့နေတတ်ကြသည်။ လူလောက်ကြီးသော မကန်းကြီးများနှင့် လူထက် ကြီးမားသော မကန်းကြီးများကား ပင်လယ်သမုဒ္ဒရာ နက်ကြီးအတွင်း၌ ရှိကြောင်း သိရသည်။

ထိုသတ္တဝါကြီးများသည် ပင်လယ်ထဲ၌ ငါးကလေးများ၊ ပင်လယ်ပိုးများနှင့် ပင်လယ် ရွှံ့စေးတစ်မျိုး ကို စားသောက် ကြသည်။ မကန်း၏ အသားသည် ကင်းနှင့် ပုစွန်တို့၏ အသား နှင့် တူသော်လည်း ပုံသဏ္ဌာန်မှာ အလွန်ကွာခြား၏။ ပျော့ပျောင်းသော ကိုယ်ရေကို မာကျောသော အခွံဖြင့် ဖုံးအုပ် ထားရာတွင် အခွံလွှာမှာ အထပ်လိုက် ဖြစ်နေ အထပ်တိုင်းတွင် ချွန်ထက်သော ဆူးများရှိ၏။ စိမ်းပြာညိုရောင်နှင့် ခရမ်းရောင် အသွင်လည်းရှိကာ မကန်းကွက်ချွန်၊ တိမ်ရွက်ကွန်လဲ ဆို သော စာဆိုအတိုင်းပင် ဖြစ်နေသည်ကို တွေ့ရသည်။

ယင်းတို့၏ အကွက်အကြေးများအတိုင်း တန်ခူးလရာသီများ တွင် ကြည်လင် တောက်ပသော မိုးသားတိမ်တိုက်များ၌ တွေ့ရတတ်သည်။ မကန်းကောင်၏ အခွံမှာ အဆက်လိုက် အဆက်လိုက် ပေါ်နေလျက် အမြီးပိုင်း၌ ကြီးလာသည်။ အမြီးပိုင်းမှာ ဝိုင်းပု ၍ ကားနေသော ချွန်ထက်သော ဆူးများဖြင့် ဇောင်းတွန့်၍ ရှိနေသည်။ ထိုအမြီးများ၏ အနားတွင် လက်နှစ်ဖက်ကဲ့ သို့သော လက်မနှစ်ခုရှိရာ ယင်းဖြင့် သွားလိုရာ ခရီးကို လှော် ခတ်သွားနိုင်သည့်ပြင် ပဲ့ကိုင်ပေးသေးသည်။

ဦးခေါင်းမှာ ပုလင်းတစ်လုံး၏ သဏ္ဌာန်ကဲ့သို့ရှိပြီးလျှင် ခေါင်း၏ အောက်၊ ပခုံး နေရာနားတွင် တစ်ဖက်လျှင် လက် ၃ ခုစီ၊ ၆ ခုထွက်နေ၏။ ထိုလက်များသည် ရေထဲ၌ ကူးခတ်နိုင်သည့်ပြင် ရွှံ့ပြင်ပေါ်၌လည်း တွား၍ပြေးနိုင်၏။ ကိုယ်ခန္ဓာအောက်ပိုင်း ဝမ်းပိုက်နေရာတွင် တစ်ဖက်လျှင် ဆူးတောင် ၈ ခုစီ၊ ပေါင်း ၁၆ ခုစီရှိရာ ပင်လယ်ထဲ၌ အလွန် လျင်မြန်စွာ ကူးနိုင်သော သတ္တဝါဖြစ်သည်။ ဦးခေါင်းထိပ်တွင် မျက်လုံး ၂ လုံးကို ကာ ကွယ်ပေးသည့် လက်ကဲ့သို့သော ဆူးတောင် ၂ ခု ရှိသေး သည်။

မျက်လုံး ၂ လုံးသည် ပုစွန်မျက်လုံးကဲ့သို့တောက် ပြောင်ကာ ရှေ့သို့ပြူးထွက်နေသည်။ ထိုမျက်လုံးများရှေ့၌ ရန်သူကို ဖယ်ရှားနိုင်သည့် လက်သေးကလေး ၄ ချောင်းနှင့် တူသော အမွေးတန်း ၄ ပင်ရှိသည်။ ထိုအမွေးတန်း ၄ ပင် သည်လည်း မာကျော ပြီးလျှင် မျက်လုံးကိုပင် အကာအကွယ် ပြုထားလေသည်။ မျက်လုံး၏ အောက်အခွံရေအတွင်းဝယ် ပါးစပ်ပေါက်၊ ဦးနှောက်၊ ဦးနှောက်အိမ် စသည် အကုန်လုံး သည် ပုစွန်ဦးခေါင်းအတွင်း စုပေါင်းနေသကဲ့သို့စုပေါင်းနေ ၏။

ဦးခေါင်း၏ တစ်ဖက်တစ်ချက်တွင် အလွန်ခိုင်မာ ထက်မြက်သော မကန်းလက်ခေါ် လက်ကြီး ၂ ခုရှိသည်။ ထိုလက်ကြီး ၂ ခုမှာ အလွန်ကြီးမား၍ အခြားလက်များထက် ရှည်လည်းရှည်၏။ ထိုလက်ကြီး တစ်ဖက်စီတွင် မာကျောပြီး လျှင် အလွန်ထက်သန်၍ ချွန်မြနေသော ဆူးများအချောင်း ၂ဝ မျှရှိရာ၊ မကန်းတွင် ထိုလက် ကြီး ၂ ခုသည် ကြောက်မက် ဖွယ်ရာ အကောင်းဆုံး ဖြစ်တော့သည်။ အားလည်း အလွန် ကောင်းလျက် ထိုလက် ကြီးများဖြင့် ခုတ်မိလျှင် ပြတ်ပါ သွားဖွယ်ရာ အကြောင်းရှိပြီးသော် အလွန်တက်သော ရောဂါ တစ်မျိုးကို ခံစားရ တတ်လေသည်။ မကန်းသည် ရန်ပြုမည် ဆိုလျှင် မိမိကိုယ်ကို ကွေးလိုက်ပြီးသည့်နောက်မှ တစ်ချက် တည်းဆန့်၍ ရန်သူထံ ပစ်သွင်းလိုက်လေသည်။

ထိုအကွေးကို အထူသတိထားရသည်။ ရေသတ္တဝါတိုင်းသည် ယင်းမကန်းကို ကြောက်ကြ၏။ အော့တိုပတ် ရေဘဝဲကောင်ပင် ယင်းကို ကြောက်ရသည်။ မကန်းကောင်ကို အခြောက်လှန်း၍ အိမ်၌ထားလျှင် တစ္ဆေသူရဲ မိစ္ဆာ မကောင်းဆိုးဝါးများ မချဉ်းကပ်နိုင်ဟု ရှေးလူများ အယူရှိကြသည်။ ကလေးပုခက်များတွင်လည်း မကန်းကောင် အခြောက်များကို ဆွဲပေးထားတတ်ကြသည်။

မကန်း၏ ထူးခြားသော အချက်တစ်ချက်မှာ အရွယ်နှင့် မမျှအောင် လေမှုတ်အား ကြီးခြင်းပင်ဖြစ်သည်။ မကန်းတွင်း တစ်တွင်းကို ခဏချင်းလေဖြင့်မှုတ်၍ ဖော်ပြီး သော် လိုဏ်ခေါင်းကြီးကိုလည်း လေဖြင့်ပင်မှုတ်ကာ ရွှံ့စေး များကို အပေါ်သို့မှုတ်ထုတ်လေသည်။ အတွင်းပိုင်းရှိ ရှည်လျားသော လိုဏ်ဂူ အရပ်ရပ်ကိုလည်း နာရီပိုင်း အတွင်း ဖောက်လုပ်နိုင်သော အစွမ်းသတ္တိရှိသည်။ မကန်းကို ဟင်းချိုပြုတ်၍ သောက်ရန်သာ ကောင်း ၏။

အရှင်လတ်လတ်ကို ပွက်ပွက်ဆူနေသော ဟင်းရည်အိုး ထဲသို့ထည့်ပြီးမှ အရည်ကိုသောက်လျှင် အလွန်ချို၏။ အသားကို စားလျှင်လည်း အလွန်ချိုမြသော ရသာထူးတစ်မျိုး ကို ခံစားရသည်။ သေမှ ဟင်းချက်လျှင် အတွင်း၌ အချိုရည် ကို မရတော့သည့်ပြင် အသားလည်း မကျန်တတ်တော့ခြင်း ကြောင့် အရှင်ချက်စားတတ်ကြသည်။ မကန်းကို ဖမ်းရာ၌ ဖမ်းယူတတ်မှ ရသည်ဖြစ်၏။ သို့မဟုတ်ပါက ဖမ်းသူ၏ လက်မှာ မကန်းတွင်းအထဲ၌ ပြတ်ကျန်ရစ်ခဲ့မည် ဖြစ်သည်။

ဟိန္ဒူ ဒဏ္ဍာရီအရ မကန်း ဆိုသည်မှာ ဒဏ္ဍာရီလာ သတ္တဝါတစ်ကောက်ဖြစ်ပြီး ဂင်္ဂါနတ်ဘုရားမနှင့် ဗာရုန နတ်ဘုရားတို့၏ ဗဟာဏ(စီးတော်ယာဉ်) ဖြစ်သည်။ ထို့ပြင် အချစ်နှင့်ရမ္မက်တို့နှင့်ဆိုင်သော ဟိန္ဒူနတ်ဘုရား ကာမဒေဝ၏ အမှတ်တံဆိပ်လည်းဖြစ်ပြီး ကာမဒေဝ၏ အလံ(ဒွာရ) ကို ကာကဗာရ ဟုလည်း သိကြပြီး ထိုအလံမှာ မကန်းတံဆိပ်ရိုက်နှိပ်ထားသော အလံဖြစ်သည်။

ရိုးရာအယူအဆအရ မကန်းကို ရေနေသတ္တဝါအဖြစ်ယူဆပြီး အချို့ ရိုးရာပုံပြင်တို့တွင် မိကျောင်းအဖြစ်သတ်မှတ်ကြပြီး အချို့က လင်းပိုင်အဖြစ်သတ်မှတ်ကြသည်။ အချို့ကလည်း ငါးကိုယ်နှင့် ဆင်ခေါင်းရှိသော သတ္တဝါဟု ပုံဖော်ကြသည်။ ရိုးရာအစဉ်အလာတွင် မကန်းကို အားလုံး၏ ရှင်သန်ကြီးထွားခြင်းနှင့် အသက်ရှင်ခြင်းတို့၏ အရင်းအမြစ်ဖြစ်သော ရေနှင့်တွဲ၍ မှတ်ယူကြသည်။ နက္ခတ္တဗေဒင်ပညာတွင် ဇိုးဒီးယိတ် ရာသီစက်ဝိုင်း၏ အမှတ်အသားတစ်ခုဖြစ်သော မကာရ (Capricorn) ၏ အမှတ်တံဆိပ်ဖြစ်သည်။

အိန္ဒိယပန်းချီပညာတွင် မကာရကို ထပ်တလဲလဲရေးဆွဲသော အရုပ်များ(motifs) အဖြစ်သုံးကြပြီး အောက်ပါနေရာ တို့အပါအဝင်စတိုင်လ်အမျိုးမျိုးဖြင့်ရေးဆွဲကြသည်။
-ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အဦးတို့၏ အဝင်ဝ (ကမ္ဘာ့ယဉ်ကျေးမှုအမွေခံနေရာတစ်ခုဖြစ်သော စန်ချီရှိ စတူပါ အပါအအဝင်)
-တော်ဝင်ပုလ္လင်များ

မြန်မာ့စွယ်စုံကျမ်း အတွဲ ၈

Leave a Reply