ဘုန္းေတာ္ဘြဲ႔ အေရးေကာင္းလုိ႔ ေခါင္းမျပဳတ္ခဲ့ရသူ (သုိ႔) ျမ၀တီမင္းႀကီးဦးစ

Posted on

ကုန္းေဘာင္ေခတ္ေႏွာင္းပုိင္းတြင္ လက္ရုံးရည္ ႏွလုံးရည္ ထက္ျမက္သူကုိ ျပပါဆုိလွ်င္ ျမ၀တီမင္းႀကီးဦးစ ကုိပင္ ျပရေပမည္။ ဘႀကီးေတာ္ ႏွင့္ သာယာ၀တီမင္း ႏွစ္ပါး၏ ဖခင္ အိမ္ေရွ႕စံ ေရႊေတာင္ကုိယ္ေတာ္ႀကီး လက္ထက္၌ စတင္အမႈထမ္းခဲ့ၿပီး အစဥ္အဆက္ မင္းမ်ားအား သစၥာၿမဲခဲ့သူ ျဖစ္သည္။ ျမ၀တီၿမဳိ႕ကို စားရေသာေၾကာင့္ ျမ၀တီမင္းႀကီး ဦးစ ဟု အမည္တြင္သည္။ ( ျမ၀တီၿမဳိ႕ဆုိသည္မွာ ထုိင္း ျမန္မာ နယ္စပ္က ျမ၀တီၿမဳိ႕ကို ဆုိလုိျခင္းမဟုတ္ပဲ သရက္ခရုိင္ ၊ ကမၼၿမဳိ႕နယ္အတြင္း ဧရာ၀တီျမစ္ အေနာက္ဘက္ကမ္းတြင္ တည္ရွိခဲ့သည့္ ျမ၀တီၿမဳိ႕ျဖစ္သည္)

ခရစ္ႏွစ္ ၁၈၃၆ ခုႏွစ္တြင္ ဘႀကီးေတာ္ မက်န္းမမာျဖစ္လာၿပီးေနာက္ တုိင္းျပည္ အုပ္ခ်ဳပ္ေရး အာဏာသည္ နန္းမေတာ္မယ္ႏု ႏွင့္ ေမာင္ေတာ္စလင္းမင္းသား ေမာင္အုိ တုိ႔၏ လက္ထဲသုိ႔ေရာက္ရွိသြားခဲ့သည္။ တစ္ဘက္က လည္း သာယာ၀တီမင္းသားက ေရႊဘုိသုိ႔ ထြက္ခြာေတာ္လွန္သည္။ ဧရာ၀တီျမစ္အေနာက္ဘက္ကမ္း စစ္ကုိင္းၿမဳိ႕အထိ သိမ္းယူထားခဲ့သည္။ ထုိအခ်ိန္တြင္ ျမ၀တီမင္းႀကီး ဦးစသည္ လႊတ္ေတာ္၀န္ႀကီး ျဖစ္သည္။ တုိင္းျပည္ အေရးအရာ ကိစၥမ်ားႏွင့္ အမိန္႔ျပန္တမ္းမ်ားကုိ တာ၀န္ယူ ထုတ္ျပန္ရသူျဖစ္သည္။ သာယာ၀တီမင္းသား ပုန္ကန္ မႈတြင္ ထုံးစံအတုိင္း ‘ငယ္’ တပ္၍ သာယာ၀တီစားငယ္ ငခင္ဟု ထုတ္ျပန္လုိက္သည္။ ဤသည္ကုိ သာယာ၀တီမင္းက အၿငဳိးထားသြားခဲ့သည္။

ခရစ္ႏွစ္ ၁၈၃၇ ခုႏွစ္တြင္ ပုန္ကန္မႈေအာင္ျမင္၍ သာယာ၀တီမင္း နန္းတက္ခဲ့သည္။ နန္းမေတာ္ မယ္ႏု ၊ ေမာင္အုိ ၊ ၀န္ႀကီး ဦးစ ႏွင့္ အေပါင္းအပါ အမႈထမ္းအားလုံးကုိ မကြပ္မ်က္ပဲ အက်ဥ္းခ်ထားလုိက္သည္။ ကုိယ့္အရွင္အေပၚ သစၥာေစာင့္သိခဲ့သူ ဦးစမွာ ႏုိင္ငံေရး အလွည့္မသင့္ေသာအခါ ရာဇ၀တ္သင့္၍ သူခုိး ၊ ဒျမ တုိ႔ႏွင့္အတူ ေထာင္တြင္ အက်ဥ္း က်ခံေနရေလသည္။

သာယာ၀တီမင္းက အေၾကာင္းေၾကာင္းေထာက္ထား၍ မကြပ္မ်က္ပဲ ထားေသာ္လည္း ေမာင္အုိ ႏွင့္ အေပါင္းအပါ တစ္သုိက္က ေထာင္တြင္းမွေန၍ သူပုန္ထရန္ ႀကံစည္သည္။ စလင္းမင္းသား ေမာင္အုိ၏ လူမ်ားျဖစ္ေသာ ေရႊထားမင္းသား င၀င္းငယ္ ၊ ဗုိလ္ငခန္းေက်ာ္ ၊ ဗုိလ္ငေရႊေမာင္ တုိ႔ေခါင္းေဆာင္၍ လူေထာင့္ငါးရာ ႏွင့္ သူပုန္ထေစသည္။ သို႔ေသာ္မေအာင္ျမင္ပဲ ပါ၀င္သူအားလုံး ကြပ္မ်က္ခံရေလသည္။ ထုိအခ်ိန္တြင္ ၀န္ႀကီးဦးစသာ သူတုိ႔ႏွင့္ အတူရွိပါက ကြပ္မ်က္သည့္အထဲ ပါသြားမည္ျဖစ္သည္။

သုိ႔ေသာ္ ေမာင္အုိႏွင့္ အေပါင္းအပါတုိ႔အား မကြပ္မ်က္မီ ၆ လ အလုိတြင္ သာသနာျပဳသဲအင္းဆရာေတာ္ႀကီး ပ်ံလြန္ေတာ္မူရာ အသွ်င္မိဖုရားေခါင္ႀကီးကုိယ္ေတာ္တုိင္ ဖူးေမွ်ာ္ရန္ စီစဥ္ေလသည္။ လမ္းတစ္ေလွ်ာက္ကုိ ေခ်ာေအာင္ျပဳျပင္ရန္ အက်ဥ္းေထာင္မွ ေထာင္သားတုိ႔အား ေစခုိင္းခံရသည္။ ထုိအထဲတြင္ အသက္ႀကီးရင့္ေနၿပီျဖစ္ေသာ ဦးစလည္းပါသည္။ သုိ႔ျဖင့္ မိဖုရားေခါင္ႀကီး ႏွင့္ သမီးေတာ္စုဖုရားႀကီး( ေနာင္ စၾကာေဒ၀ီ) တုိ႔က ထြက္ေတာ္မူရာေပါက္ျပားတစ္လက္ျဖင့္ လမ္းျပင္ေနေသာ ဦးစ ကုိေတြ႔သြား၏ ။

စုဖုရားႀကီးက ဦးစကို ျမင္လွ်င္ “ဟုိဘက္နားက လမ္းဖုိ႔ေနတာ စစ မဟုတ္လား ၊ ေခၚစမ္းပါ ၊ ေခၚစမ္းပါ” ဟု ဆုိ၍ ဦးစအား ေခၚေစသည္။ (၀န္ႀကီးဦးစအား သားေတာ္သမီးေတာ္မ်ားက အလြန္ခ်စ္ၾကၿပီး စစ ဟုသာေခၚၾကသည္။) ဦးစက “ကြ်န္ေတာ္မ်ဳိး အမ်က္ေတာ္ရွေနသည္ မွာ ႏွစ္ႏွစ္ေက်ာ္ရွိပါၿပီ ၊ ေထာင္ထဲတြင္ ဒုကၡႀကီးလွေၾကာင္းပါ” ဟု ေလွ်ာက္ရာ စုဖုရားႀကီးက ဦးစအား ဘုန္းေတာ္ဘြဲ႔ တစ္ပုဒ္ေရးခုိင္းၿပီး ရုပ္ေသးမင္းသားကိုင္ ငေရႊသာ ကုိ အပ္ေစသည္။

ရုပ္ေသးပြဲညတြင္ မင္းသားရုပ္ကုိင္ ဦးေရႊသာက ဦးစ၏ လက္ရာ ကုန္းေဘာင္ေနမင္း ဘုန္းေရာင္ျဖာ၀င္း အစခ်ီ ဘုန္းေတာ္ဘြဲ႔သီခ်င္းကုိ ဆုိရာ သာယာ၀တီမင္း အလြန္ႏွစ္သက္သြား၏။ မည္သူ႔လက္ရာျဖစ္ေၾကာင္း ေမးသည့္အခါ သမီးေတာ္စၾကာေဒ၀ီက “၀န္ႀကီးေဟာင္းဦးစ” ေရးေၾကာင္း ၊ ခ်မ္းသာေပးသင့္ေၾကာင္း ေလွ်ာက္ရာ သာယာ၀တီမင္းက လႊတ္ေစ ဟု ဆုံးျဖတ္သည့္ အတြက္ စၾကာေဒ၀ီ၏ အႀကံျဖင့္ ဦးစလည္း ညတြင္းခ်င္းပင္ လြတ္ေျမာက္သြားေတာ့သည္။

ဦးစသည္ သာယာ၀တီမင္းလက္ထက္တြင္ ထပ္မံသူေကာင္းျပဳမခံရသျဖင့္ အမႈမထမ္းေတာ့ေခ် ။ ပုဂံမင္းလက္ထက္တြင္မူ ျမင္းမူရြာကိုစားေစၿပီး မင္းတုန္းမင္းလက္ထက္တြင္လည္း ဆက္လက္ အမႈထမ္းခဲ့ေၾကာင္းသိရသည္။ မင္းတုန္းမင္းလက္ထက္ သကၠရာဇ္ ၁၂၁၅ခုႏွစ္ ၀ါေခါင္လဆန္း ၁ရက္ေန႔တြင္ ထီးသုံး နန္းသုံး ျမန္မာ့ယဥ္ေက်းမႈ ကဗ်ာဂီတမ်ားကုိ ဖန္တီးခဲ့ေသာ ျမ၀တီမင္းႀကီးဦးစသည္ အနိစၥေရာက္ေလသည္။

ကုိးကား
စာဆုိေတာ္မ်ား အထၳဳပတၱိ – ေမာင္သုတ
ျမန္မာ့သမုိင္းထဲက အထင္ကရဇာတ္ေကာင္မ်ား – ေမာင္ၾကည္သန္႔
ျမန္မာ့စြယ္စုံက်မ္း

—————–

ဘုန်းတော်ဘွဲ့ အရေးကောင်းလို့ ခေါင်းမပြုတ်ခဲ့ရသူ (သို့) မြဝတီမင်းကြီးဦးစ (unicode)

ကုန်းဘောင်ခေတ်နှောင်းပိုင်းတွင် လက်ရုံးရည် နှလုံးရည် ထက်မြက်သူကို ပြပါဆိုလျှင် မြဝတီမင်းကြီးဦးစ ကိုပင် ပြရပေမည်။ ဘကြီးတော် နှင့် သာယာဝတီမင်း နှစ်ပါး၏ ဖခင် အိမ်ရှေ့စံ ရွှေတောင်ကိုယ်တော်ကြီး လက်ထက်၌ စတင်အမှုထမ်းခဲ့ပြီး အစဉ်အဆက် မင်းများအား သစ္စာမြဲခဲ့သူ ဖြစ်သည်။ မြဝတီမြို့ကို စားရသောကြောင့် မြဝတီမင်းကြီး ဦးစ ဟု အမည်တွင်သည်။ ( မြဝတီမြို့ဆိုသည်မှာ ထိုင်း မြန်မာ နယ်စပ်က မြဝတီမြို့ကို ဆိုလိုခြင်းမဟုတ်ပဲ သရက်ခရိုင် ၊ ကမ္မမြို့နယ်အတွင်း ဧရာဝတီမြစ် အနောက်ဘက်ကမ်းတွင် တည်ရှိခဲ့သည့် မြဝတီမြို့ဖြစ်သည်)

ခရစ်နှစ် ၁၈၃၆ ခုနှစ်တွင် ဘကြီးတော် မကျန်းမမာဖြစ်လာပြီးနောက် တိုင်းပြည် အုပ်ချုပ်ရေး အာဏာသည် နန်းမတော်မယ်နု နှင့် မောင်တော်စလင်းမင်းသား မောင်အို တို့၏ လက်ထဲသို့ရောက်ရှိသွားခဲ့သည်။ တစ်ဘက်က လည်း သာယာဝတီမင်းသားက ရွှေဘိုသို့ ထွက်ခွာတော်လှန်သည်။ ဧရာဝတီမြစ်အနောက်ဘက်ကမ်း စစ်ကိုင်းမြို့အထိ သိမ်းယူထားခဲ့သည်။ ထိုအချိန်တွင် မြဝတီမင်းကြီး ဦးစသည် လွှတ်တော်ဝန်ကြီး ဖြစ်သည်။ တိုင်းပြည် အရေးအရာ ကိစ္စများနှင့် အမိန့်ပြန်တမ်းများကို တာဝန်ယူ ထုတ်ပြန်ရသူဖြစ်သည်။ သာယာဝတီမင်းသား ပုန်ကန် မှုတွင် ထုံးစံအတိုင်း ‘ငယ်’ တပ်၍ သာယာဝတီစားငယ် ငခင်ဟု ထုတ်ပြန်လိုက်သည်။ ဤသည်ကို သာယာဝတီမင်းက အငြိုးထားသွားခဲ့သည်။

ခရစ်နှစ် ၁၈၃၇ ခုနှစ်တွင် ပုန်ကန်မှုအောင်မြင်၍ သာယာဝတီမင်း နန်းတက်ခဲ့သည်။ နန်းမတော် မယ်နု ၊ မောင်အို ၊ ဝန်ကြီး ဦးစ နှင့် အပေါင်းအပါ အမှုထမ်းအားလုံးကို မကွပ်မျက်ပဲ အကျဉ်းချထားလိုက်သည်။ ကိုယ့်အရှင်အပေါ် သစ္စာစောင့်သိခဲ့သူ ဦးစမှာ နိုင်ငံရေး အလှည့်မသင့်သောအခါ ရာဇဝတ်သင့်၍ သူခိုး ၊ ဒမြ တို့နှင့်အတူ ထောင်တွင် အကျဉ်း ကျခံနေရလေသည်။ သာယာဝတီမင်းက အကြောင်းကြောင်းထောက်ထား၍ မကွပ်မျက်ပဲ ထားသော်လည်း မောင်အို နှင့် အပေါင်းအပါ တစ်သိုက်က ထောင်တွင်းမှနေ၍ သူပုန်ထရန် ကြံစည်သည်။ စလင်းမင်းသား မောင်အို၏ လူများဖြစ်သော ရွှေထားမင်းသား ငဝင်းငယ် ၊ ဗိုလ်ငခန်းကျော် ၊ ဗိုလ်ငရွှေမောင် တို့ခေါင်းဆောင်၍ လူထောင့်ငါးရာ နှင့် သူပုန်ထစေသည်။ သို့သော်မအောင်မြင်ပဲ ပါဝင်သူအားလုံး ကွပ်မျက်ခံရလေသည်။ ထိုအချိန်တွင် ဝန်ကြီးဦးစသာ သူတို့နှင့် အတူရှိပါက ကွပ်မျက်သည့်အထဲ ပါသွားမည်ဖြစ်သည်။

သို့သော် မောင်အိုနှင့် အပေါင်းအပါတို့အား မကွပ်မျက်မီ ၆ လ အလိုတွင် သာသနာပြုသဲအင်းဆရာတော်ကြီး ပျံလွန်တော်မူရာ အသျှင်မိဖုရားခေါင်ကြီးကိုယ်တော်တိုင် ဖူးမျှော်ရန် စီစဉ်လေသည်။ လမ်းတစ်လျှောက်ကို ချောအောင်ပြုပြင်ရန် အကျဉ်းထောင်မှ ထောင်သားတို့အား စေခိုင်းခံရသည်။ ထိုအထဲတွင် အသက်ကြီးရင့်နေပြီဖြစ်သော ဦးစလည်းပါသည်။ သို့ဖြင့် မိဖုရားခေါင်ကြီး နှင့် သမီးတော်စုဖုရားကြီး( နောင် စကြာဒေဝီ) တို့က ထွက်တော်မူရာပေါက်ပြားတစ်လက်ဖြင့် လမ်းပြင်နေသော ဦးစ ကိုတွေ့သွား၏ ။

စုဖုရားကြီးက ဦးစကို မြင်လျှင် “ဟိုဘက်နားက လမ်းဖို့နေတာ စစ မဟုတ်လား ၊ ခေါ်စမ်းပါ ၊ ခေါ်စမ်းပါ” ဟု ဆို၍ ဦးစအား ခေါ်စေသည်။ (ဝန်ကြီးဦးစအား သားတော်သမီးတော်များက အလွန်ချစ်ကြပြီး စစ ဟုသာခေါ်ကြသည်။) ဦးစက “ကျွန်တော်မျိုး အမျက်တော်ရှနေသည် မှာ နှစ်နှစ်ကျော်ရှိပါပြီ ၊ ထောင်ထဲတွင် ဒုက္ခကြီးလှကြောင်းပါ” ဟု လျှောက်ရာ စုဖုရားကြီးက ဦးစအား ဘုန်းတော်ဘွဲ့ တစ်ပုဒ်ရေးခိုင်းပြီး ရုပ်သေးမင်းသားကိုင် ငရွှေသာ ကို အပ်စေသည်။

ရုပ်သေးပွဲညတွင် မင်းသားရုပ်ကိုင် ဦးရွှေသာက ဦးစ၏ လက်ရာ ကုန်းဘောင်နေမင်း ဘုန်းရောင်ဖြာဝင်း အစချီ ဘုန်းတော်ဘွဲ့သီချင်းကို ဆိုရာ သာယာဝတီမင်း အလွန်နှစ်သက်သွား၏။ မည်သူ့လက်ရာဖြစ်ကြောင်း မေးသည့်အခါ သမီးတော်စကြာဒေဝီက “ဝန်ကြီးဟောင်းဦးစ” ရေးကြောင်း ၊ ချမ်းသာပေးသင့်ကြောင်း လျှောက်ရာ သာယာဝတီမင်းက လွှတ်စေ ဟု ဆုံးဖြတ်သည့် အတွက် စကြာဒေဝီ၏ အကြံဖြင့် ဦးစလည်း ညတွင်းချင်းပင် လွတ်မြောက်သွားတော့သည်။

ဦးစသည် သာယာဝတီမင်းလက်ထက်တွင် ထပ်မံသူကောင်းပြုမခံရသဖြင့် အမှုမထမ်းတော့ချေ ။ ပုဂံမင်းလက်ထက်တွင်မူ မြင်းမူရွာကိုစားစေပြီး မင်းတုန်းမင်းလက်ထက်တွင်လည်း ဆက်လက် အမှုထမ်းခဲ့ကြောင်းသိရသည်။ မင်းတုန်းမင်းလက်ထက် သက္ကရာဇ် ၁၂၁၅ခုနှစ် ဝါခေါင်လဆန်း ၁ရက်နေ့တွင် ထီးသုံး နန်းသုံး မြန်မာ့ယဉ်ကျေးမှု ကဗျာဂီတများကို ဖန်တီးခဲ့သော မြဝတီမင်းကြီးဦးစသည် အနိစ္စရောက်လေသည်။

ကိုးကား
စာဆိုတော်များ အထ္ထုပတ္တိ – မောင်သုတ
မြန်မာ့သမိုင်းထဲက အထင်ကရဇာတ်ကောင်များ – မောင်ကြည်သန့်
မြန်မာ့စွယ်စုံကျမ်း

Leave a Reply