ဆိုက္ေဘးရီးယား ဆုိသည္မွာ

Posted on

ေရွးအခါကဆိုက္ေဘးရီးယားသည္ မဲဇာရပ္ပမာရာဇဝတ္သားမ်ား ပို႔ထားရာေဒသအျဖစ္ျဖင့္လူသိမ်ားခဲ့သည္။ ရာသီဥတု အလြန္ေအးသည္ကတစ္ေၾကာင္း၊ ခရီးလမ္းပန္းမသာယာ သည္က တစ္ေၾကာင္း တို႔ေၾကာင့္ တိုးတက္ဖြံ႕ၿဖိဳးျခင္းမရွိခဲ့ ေခ်။ ယခုအခါ၌မူကား ဆိုက္ေဘးရီးယားေဒသသည္ ရုရွားႏုိင္ငံ၏ စက္မႈလက္မႈလုပ္ငန္း ခ်ဲ႕ထြင္လုပ္ကိုင္ရာ ေဒသျဖစ္လာေခ်ၿပီ။ ဆိုက္ေဘးရီးယား” ဆိုသည္မွာ ရုရွားဘာသာ Sibir မွ ဆင္းသက္လာသည့္
စကားလံုး တလံုး ၿဖစ္ကာ အိပ္ေပ်ာ္ေနေသာေျမ(Sleeping land) ဟုဆိုလိုသည္ ။

ေယဘုယ်အားျဖင့္ ဆိုက္ေဘးရီးယားဟူသည္ အာရွတိုက္ ေျမာက္ပိုင္းတစ္ခုလုံးကို ေခၚေဝၚေသာ အမည္ျဖစ္သည္။ ဆိုက္ေဘးရီးယားဟူေသာေဒသမွာ ေရခဲမ်ားဖုံးလႊမ္း၍ အလြန္အမင္းေအးလွေသာေၾကာင့္ တစ္ေၾကာင္း၊ ေဝးေခါင္ကြာလွမ္းလွေသာေၾကာင့္တစ္ေၾကာင္း၊ မဲဇာရပ္ပမာ ေၾကာက္မက္ဖြယ္ရာ ေဒသ၊ လူသူသြားလာေနထိုင္ရန္မျဖစ္ႏိုင္ ေသာေဒသ၊ နယ္ႏွင္ဒဏ္အခတ္ခံရေသာ ရုရွားရာဇဝတ္ ေကာင္မ်ား မဲဇာပို႔ရာေဒသဟူ၍သာလူအမ်ားတို႔သည္ ေတြးထင္မွတ္ယူေလ့ရွိၾကသည္။ ထိုသို႔ေတြးထင္ၾကသည့္ အတိုင္း တစ္ခါကမွန္ခဲ့ေသာ္လည္း ယခုအခါမွာမူ၊ ဆိုက္ေဘးရီးယားေဒသသည္ ၿမိဳ႕႐ြာမ်ားျဖင့္ စည္ကား လာ႐ုံသာမက၊ သဘာဝပစၥည္း ေပါမ်ားျပည့္စုံသည္ ့အေလ်ာက္၊ ဒုတိယကမၻာစစ္ႀကီး ၿပီးသည့္ေနာက္တြင္ ဤေဒသရွိ စက္မႈလက္မႈလုပ္ငန္းမ်ား တရွိန္ထိုးတိုးတက္ လာ၍ ရုရွားႏုိင္ငံ၏စီးပြားေရးစနစ္တြင္အေရးပါ ေသာ ေဒသႀကီးျဖစ္ေနေပၿပီ။

သမုိင္း

ဘီစီ ၁၀၀၀၀ – အခ်ိန္မွစ၍ ဆိုက္ေဘးရီးယားေဒသတြင္ လူအမ်ားအေၿခခ် ေနထိုင္ခဲ့ၾကသည္ ။ ဘီစီ ၃ -ရာစု အခ်ိန္မွေအဒီ ၄ -ရာစု အခ်ိန္ထိ ဟန္တရုတ္ လူမ်ိဳးမ်ား ၏ နယ္ေၿမ ၿဖစ္ခဲ့သည္ ။ဆိုက္ေဘးရီးယား၏ ေရွးေဟာင္းသမိုင္းအရဆိုလၽွင္ မြန္ဂို လူမ်ိဳးတို႔၏ ေဒသေ႐ႊ႕ေျပာင္းေနထိုင္ျခင္းတို႔ေၾကာင့္မူလရွိႏွင့္ ေသာ တိုင္းရင္းသားတို႔သည္ ေျမာက္ပိုင္းသို႔ တစ္စတစ္စ ေရာက္သြားၾကသည္တြင္ ယခုကာလ သိၿပီးျဖစ္ၾကေသာဆိုက္ေဘးရီးယားယားေဒသႀကီး၌ အိုးအိမ္ ထူေထာင္ၾကရသည္ဟုဆိုေလ သည္။ ၁၅၈၁ ခုႏွစ္တြင္ ႐ုရွားႏွင့္ ေကာ့ဆက္လူမ်ိဳးတို႔သည္ တာတာလူမ်ိဳးတို႔ကို ေအာင္ျမင္၍ ဆယီဗ်ားရိဟု ေခၚေသာ ၿမိဳ႕ကို သိမ္းပိုက္ၾကေလသည္။ ဤသည္တြင္ ႐ုရွားအင္ပါယာ သည္ အေရွ႕ဘက္၌ နယ္က်ယ္လာေလသည္။ ၁၆ ရာစုႏွစ္ အတြင္း၌ပင္ ႐ုရွား၏ ဩဇာအာဏာသည္ အာမူးဝါးျမစ္ဝွမ္း ေဒသသို႔ ပ်ံ႕ႏွံ႔လာခဲ့သည္။ သို႔ေသာ္ တ႐ုတ္ႏိုင္ငံမန္ခ်ဴးဘုရင္ တို႔က ႐ုရွားဘုရင္တို႔၏ ဩဇာအာဏာကို ခုခံတြန္းလွန္ၾက သည္။

၁၆၈၉ ခုႏွစ္၌မူ အာမူးဝါးျမစ္ ေျမာက္ပိုင္းနယ္ကို ႐ုရွားတို႔က မသိမ္းပိုက္ေတာ့ဘဲ၊ မန္ခ်ဴးႏိုင္ငံႏွင့္စာခ်ဳပ္ခ်ဳပ္ၾကသည္။၁၈၅၈ ခုႏွစ္တြင္ ထိုအာမူးဝါးျမစ္ကို ႐ုရွားႏွင့္ တ႐ုတ္ႏိုင္ငံတို႔၏နယ္ ျခားအျဖစ္သတ္မွတ္၍၊ ႏွစ္ႏိုင္ငံတို႔က စာခ်ဳပ္ခ်ဳပ္ၾကျပန္သည္။ သို႔ရာတြင္ ၁၈၆ဝ ျပည့္ႏွစ္သို႔ေရာက္ေသာ္၊ ပင္လယ္ကမ္း႐ိုး တန္းေဒသကို တ႐ုတ္တို႔က ႐ုရွားတို႔သို႔ ေပးအပ္ခဲ့ရေလရာ၊ ဗလာဒီေဗာ့စေတာ့အထိ ႐ုရွားပိုင္ျဖစ္လာေလသည္။၁၇၁ဝျပည့္ ႏွစ္မွစ၍ ဆိုက္ေဘးရီးယားနယ္ကို ပီတာသဂရိတ္ဘုရင္မင္း ျမတ္က အက်ဥ္းသမားတို႔၏အတြက္တစ္ကၽြန္းအျဖစ္ျဖင့္ အသုံးျပဳခဲ့သည္။သို႔ရာတြင္အက်ဥ္းသမားတို႔သည္နယ္သစ္၌ အိုးအိမ္သစ္တည္ေထာင္ရန္အလို႔ငွာ မတတ္ႏိုင္ၾကေခ်။ ထို႔ ေနာက္၌ေ႐ႊတြင္းစေသာသတၱဳတြင္းတို႔ကို အေၾကာင္းျပဳ၍ ႐ုရွားတာင္သူလယ္သမားမ်ားကိုယ္တိုင္ထိုေဒသသို႔သြားေရာက္ကာ နယ္သစ္တည္ေထာင္ၾကသျဖင့္ ဆိုက္ေဘးရီးယားသည္ လူေနမ်ား၍လာေလသည္။

ၿပည္ႏွင္ဒါဏ္ေပးရာေဒသ

၁၆၆၀ – အခ်ိန္မွစတင္က ဆိုက္ေဘးရီးယားေဒသသည္ ရုရွားဘုရင္အားဆန္ ့က်င္သူမ်ား ၊ ၿပစ္မွဳက်ဴးလြန္သူမ်ားအား အၿပစ္ေပးေစလႊတ္ရာေဒသၿဖစ္လာခဲ့သည္ ။ ထို ့အတူ ရုရွား တို ့၏ Orthodox ခရစ္ယာန္ သာသနာၿပဳ ပုဂၢိဳလ္မ်ား အေၿခခ်လာၾကသည္ ။ ၁၈၇၀ – အခ်ိန္တြင္ နယ္ႏွင္ခံရသည့္ ျပစ္မွဳက်ဴးလြန္သူ ရုရွားမ်ား တၿဖည္းၿဖည္းမ်ားလာၿပီး တႏွစ္လွ်င္ လူ တစ္ေသာင္းခန္ ့အထိ တိုးလာခဲ့သည္ ။ Joseph Stalin, Vladimir Lenin, Leon Trotsky စသည့္ ထင္ရွားသည့္ ကြန္ၿမဴနစ္ေခါင္းေဆာင္ မ်ားသည္ ( ၁၈၉၀- ၁၉၀၀ ) ႏွစ္မ်ားအခ်ိန္က ဆိုက္ေဘးရီးယားေဒသ သို ့နယ္ႏွင္ခံခဲ့ရဖူးသူမ်ား ၿဖစ္ၾကသည္ ။

ပထ၀ီ၀င္

ဆိုက္ေဘးရီးယားကို ပထဝီသေဘာအားျဖင့္၎၊ ေယဘုယ် အားျဖင့္၎ အာရွတိုက္၏ ေျမာက္ပိုင္းဟု ေရးသားေျပာဆိုေလ့ ရွိေသာ္လည္း တိက်စြာဆိုရေသာ္ ဆိုက္ေဘးရီးယားဟူေသာအမည္မွာ ဆိုဗီယက္ယူနီယံေခၚ ရုရွားျပည္ေထာင္စုႏိုင္ငံႀကီး၏ က်ယ္ဝန္းလွေသာ အေရွ႕ပိုင္းေဒသ၏ အမည္ျဖစ္သည္။ ဆိုက္ေဘးရီးယားယားသည္ တိုင္းျပည္တစ္ျပည္သတ္သတ္မဟုတ္ေပ။ ရုရွားျပည္ ေထာင္စုႏိုင္ငံႀကီးတြင္ အပါအဝင္ျဖစ္ေသာ အႀကီးမားအက်ယ္ ျပန္႔ဆုံး သမၼတႏိုင္ငံမွာ ‘႐ုရွားဆိုဗီယက္ဆိုရွယ္လစ္ျပည္ေထာင္ စုသမၼတႏိုင္ငံ’ေခၚ ပင္ရင္း(ဝါ) ျပည္မ႐ုရွားျပည္ျဖစ္၏။ ထို ျပည္ကို အတိုခ်ဳပ္အားျဖင့္ ဆိုဗီယက္႐ုရွားဟူ၍လည္း ေခၚေဝၚ ၾက၏။ ထိုျပည္၏ ၃ ပုံ ၂ ပုံမွာ ယူရယ္ေတာင္တန္း၏ အေရွ႕ဘက္တြင္ရွိ၍၊ ဆိုက္ေဘးရီးယားဟု ေခၚတြင္ခဲ့သည္မွာ ၾကာျမင့္ေလၿပီ။

ဆိုဗီယက္႐ုရွားႏုိင္ငံေခၚ ျပည္မ႐ုရွားႏုိင္ငံတြင္ အုပ္ခ်ဳပ္ေရး နယ္ပယ္အမ်ားအျပားရွိသည့္အနက္ ၁၇ ခုေသာ အုပ္ခ်ဳပ္ေရး နယ္ပယ္တို႔မွာ ဆိုက္ေဘးရီးယားေဒသတြင္ရွိသည္။ ဤ၁၇ခုမွာ၊ က။ (၁) ဆြာဒေလာ့စခ၊ (၂) ခ်ီလ်ာဗ်င့္စခ၊ (၃)အြမ့္စခ၊ (၄) ႏိုေဗာ္စီဗီယတ္စခ၊ (၅) အီယာကြတ္ စခ၊ (၆) ခ်ီ တာ၊ (၇) တြမ့္စခ၊ (၈) ကူရဂန္၊ (၉) က်ဴမင္၊ ႏွင့္ (၁ဝ) ကယ္မ႐ိုဗိုေခၚ နယ္ခြဲဆယ္ခု၊ ခ။ (၁) ပင္လယ္ကမ္းေျခေဒသခြဲ၊ (၂) (ယဟူဒီကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရ နယ္ခြဲအပါအဝင္ျဖစ္ေသာ) ခဗာ ရပ္စေခ ေဒသခြဲ၊ (၃) (ခကတ္စကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ နယ္ခြဲအပါ အဝင္ျဖစ္ေသာ) ကရက္ စႏိုယားစခ၊ (၄) (အြိဳင္ရတ္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ နယ္အပါအဝင္ျဖစ္ေသာ) အယ္လ တိုင္ေဒသခြဲ ဟူေသာ ေဒသခြဲေလးခု၊ ဂ။ (၁) တူးဗာကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရနယ္ခြဲ၊ (၂) ယာ ကြတ္စခႏွင့္ (၃) ဗူးရယတ္မြန္ဂို ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရ ဆိုဗီယက္ဆိုရွယ္လစ္သမၼတႏိုင္ငံဟူေသာ နယ္ခြဲသုံးခုဟူ၍ ျဖစ္ေလသည္။

ေနထုိင္သူမ်ား

ဆိုက္ေဘးရီးယားေဒသ၏ အက်ယ္အဝန္းသည္ စတုရန္း မိုင္းေပါင္း  ၅သန္းခန္႔ ရွိသည္။ ၂၀၁၇ ခုႏွစ္ သန္ေကာင္ စာရင္းအရ လူဦးေရမွာကား ၃၆သန္း ျဖစ္သည္။ ၁စတုရန္းမုိင္လွ်င္ ၇ေယာက္သာေနထုိင္သျဖင့္ လူဦးေရသိပ္သည္းမႈ အနည္းပါးဆုံးေဒသဟု ဆုိရမည္။ ေနထုိင္သူမ်ားမွာ ရုရွားလူမ်ဳိးအမ်ားစု ႏွင့္ ကာဇက္စၥတန္လူမ်ဳိး အနည္းငယ္ျဖစ္သည္။ ခရစ္ယာန္ဘာသာ၀င္အမ်ားစုျဖစ္ကာ တိဘက္ဗုဒၶဘာသာ ႏွင့္ အစၥလမ္ဘာသာ၊ ဂ်ဴးဘာသာမ်ားကိုလည္း ကိုးကြယ္ၾကသည္။ အာတိတ္သမုဒၵရာ ကမ္းေျခ တစ္ေလၽွာက္၌တည္ရွိေသာဆိုက္ေဘးရီးယားယားေျမာက္ပိုင္းသည္ ေရအစဥ္မျပတ္ခဲေသာတန္ျဒာေရခဲ ျပင္ျဖစ္ ေလရာ ထိုေရခဲျပင္၌ က်က္စားေသာသားေကာင္တို႔မွ သားေမြးမ်ားကို ထုတ္လုပ္ေသာ လုပ္ငန္းသည္အေတာ္ပင္ႀကီး က်ယ္သည္။ ေျမာက္ပိုင္းသည္ေရခဲျပင္ဟုဆိုရလင့္ကစား ယခုေခတ္၌ တစ္စတစ္စျဖင့္ေကာက္ပဲသီးႏွံစိုက္ပ်ိဳး၍ရေသာ ေဒသျဖစ္လာေလၿပီ။

ႏွစ္ေပါင္း ၃ဝ အတြင္း တိုးတက္ခဲ့သည္ မွာ ၁၉၄၄ ခုႏွစ္စာရင္းအရဆိုလၽွင္ ေျမဧကေပါင္း၇၉ဝဝဝဝ တို႔သည္ စိုက္ပ်ိဳးလုပ္ကိုင္ႏိုင္ေသာေျမ ျဖစ္လာေလသည္။ အေနာက္ပိုင္း ဆိုက္ေဘးရီးယားကား ေျမနိမ့္ပိုင္းျဖစ္သည္။ထို ေျမနိမ့္ပိုင္းမွ ေက်ာက္မီးေသြး၊ ဓာတ္သတၱဳ၊ သစ္၊ ေကာက္ပဲ သီးႏွံႏွင့္ သားေကာင္မ်ားထြက္သည္။ အေရွ႕ပိုင္း ဆိုက္ေဘးရီးယားကား ေတာေတာင္ထူထပ္ေသာ ေဒသျဖစ္၏။ဓာတ္သတၱဳ ေပါမ်ား၍ ေက်ာက္မီးေသြးႏွင့္ သံ၊ သံမဏိတို႔သည္စက္မႈ လက္မႈလုပ္ငန္းႀကီးမ်ား တည္ေထာင္ႏိုင္ေလာက္ေအာင္ႂကြယ္ဝ သည္။ ကမ္ခ်တၱကာနယ္ရွိ အေရွ႕ေတာင္တန္းတြင္၁၅၆၆၆ ေပရွိေသာ ကလ်ဴခ်က္ဗစကာယာ(Klyuchevskaya Sopka) မီးတာင္သည္ဆိုက္ေဘးရီးယား ေဒသတြင္ အျမင့္ဆုံးေသာ ေတာင္ျဖစ္သည္။

ဘုိင္ကယ္ေရအုိင္

ေအာ့ဗ၊ ယိႏ်ိဆေယယိ၊ လ်ိနာျမစ္တို႔သည္ ေျမာက္ဘက္ ရွိ အာတိတ္သမုဒၵရာထဲသို႔ စီးဝင္ၾကသည္။ ထိုၿမစ္မ်ားသည္ တႏွစ္လွ်င္ ၆ လ မွ ၉ လ အထိေရခဲ ေနေလ့ရွိတတ္သည္ ။အာမူးဝါးျမစ္သည္ ကား အေရွ႕ဘက္တာတာေရလက္ၾကားသို႔စီးဝင္သည္၊ေတာင္ဘက္ ဆိုက္ေဘးရီးယားတြင္ ဘုိင္ကယ္အိုင္ႀကီးရွိရာထိုအိုင္ႀကီး သည္ အက်ယ္အဝန္းအားျဖင့္ စတုရန္းမိုင္ေပါင္း၁၂၇၄၁မိုင္ ရွိသည္။ အာရွေျမာက္ပိုင္းတြင္ အႀကီးဆုံးေသာေရခ်ိဳအိုင္ျဖစ္ၿပီး ကမာၻ႔ေရခ်ဳိစုစုေပါင္း၏ ၅ပုံ ၁ပုံခန္႔ကုိ ထိမ္းသိမ္းထားသည့္ ကမာၻ႔အနက္ဆုံးေရကန္ျဖစ္သည္။ ဤကန္၀န္းက်င္တြင္ အျခားမည္သည့္ေနရာတြင္မွ မေတြ႔ႏုိင္သည့္ အပင္ႏွင့္ တိရစာၦန္မ်ဳိးစိတ္မ်ားစြာကို ေတြ႔ရွိႏုိင္သည္။

ဆိုက္ေဘးရီးယားေဒသသည္ ေဆာင္းတာအၾကာရွည္ဆုံးေသာ ေဒသျဖစ္သည္။ အေအးဓာတ္မွာ ေျမာက္ဝင္႐ိုးစြန္း၏အေအး ဓာတ္ထက္ပင္လြန္ကဲ၏။ ဆိုက္ေဘးရီးယားအေရွ႕ပိုင္း၏ သုံးပုံ တစ္ပုံေသာ နယ္ေျမတြင္ ေရခဲျပင္တို႔သည္ တစ္ခါမၽွ အရည္ေပ်ာ္ သည္ဟု မရွိေခ်။ အေအးဆုံး ဒီဂရီမွာ ၉၇.၆ ဒီဂရီဖာရင္ ဟိုက္ထိ ရွိခဲ့ဘူးသည္။ သို႔ရာတြင္ ေသြ႕ေျခာက္ေသာေဒသျဖစ္၍ အေအးဓာတ္မွာ ခံသာသည္ဟုဆိုရသည္။ေႏြဥတုတြင္အပူခ်ိန္ ၅ဝ° မွ ၆၅° ဖာရင္ဟိုက္ရွိသည္။

စီးပြားေရး

ဆိုက္ေဘးရီးယားတြင္ မူလကဂ်ဳံစက္၊ သၾကားစက္၊ အရက္ ဖို၊ သားေရလုပ္ငန္းစသည္တို႔ရွိသည္။ေႏွာင္းအခါ၌ ဆိုဗီယက္ အစိုးရသည္ စက္မႈလက္မႈလုပ္ငန္းတို႔ကိုတိုးခ်ဲ႕လိုက္ေလရာ၊ ဆိုက္ေဘးရီးယားသည္ စက္မႈလက္မႈလုပ္ငန္းႀကီးမ်ား လုပ္ရာဌာန ျဖစ္လာသည့္ျပင္ ကုန္ၾကမ္းပစၥည္း ထုတ္လုပ္ရာ ဌာနလည္း ျဖစ္လာေလသည္။ ဆိုက္ေဘးရီးယားေဒသ၌ သံ၊ သံမဏိ အမ်ားဆုံးထြက္၍၊ ေက်ာက္မီးေသြးတြင္းတို႔မွာလည္း ကမၻာေပၚတြင္ အႀကီးဆုံးေသာတြင္းမ်ားအပါအဝင္ျဖစ္ေလရကား၊ စက္မႈလက္မႈလုပ္ငန္းႀကီးမ်ားသည္တစ္ႏွစ္ထက္ တစ္ႏွစ္ ဖြံ႕ၿဖိဳးတိုးတက္လာေလသည္။

ထုိအခ်ိန္က ဆိုဗီယက္ျပည္ေထာင္စုသည္ ကမၻာေပၚတြင္ ေ႐ႊထြက္ရာ၌ ဒုတိယလိုက္သည္။ ဆိုဗီယက္ ျပည္ေထာင္စုမွ ထြက္ေသာ ေ႐ႊတြင္ ဆိုက္ေဘးရီးယား၌ တူးေဖာ္ ေသာေ႐ႊ အမ်ားဆုံးပါဝင္ေလသည္။ ၁၉၅၆-၆ဝ ခုႏွစ္အတြင္း ငါးႏွစ္စီမံကိန္းအရ မ်ားမၾကာမီအန္ကာရာျမစ္အနီးတြင္ ေရျဖင့္လၽွပ္စစ္ဓာတ္အားေပးေသာစက္႐ုံကို တည္ေဆာက္ရန္ လ်ာထားခ်က္ရွိသည္။ အထက္ကျပဆိုခဲ့ေသာ သားေရလုပ္ငန္း အျပင္ အႀကီးအက်ယ္လုပ္ကိုင္ေသာလုပ္ငန္းမွာ ပင္လယ္ငါး ဖမ္းျခင္း လုပ္ငန္းျဖစ္ေလသည္။

လမ္းပန္းဆက္သြယ္ေရးႏွင့္ ကုန္စည္ကူးသန္းေရာင္းဝယ္ ေရးအတြက္ ထရန္ဆိုက္ေဘးရီးယန္း မီးရထားလမ္းသည္ အေရွ႕ ဘက္အစြန္ဆုံး ဗလာဒီေဗာ့စေတာ့ၿမိဳ႕မွသည္ ေမာ္စကိုၿမိဳ႕ႏွင့္ လီနင္ဂရက္(ယခု စိန္႔ပီတာဘတ္စ္) ၿမိဳ႕မ်ားအထိ ေပါက္ေရာက္သည္။ တ႐ုတ္ျပည္သူ႕ သမၼတႏိုင္ငံႏွင့္ မြန္ဂိုးလီးယား သမၼတႏိုင္ငံတို႔ကို ဆိုက္ေဘးရီးယားႏွင့္ ဆက္သြယ္ထားေသာ မီးရထားလမ္းမွာ ၁၉၅၆ ခုႏွစ္ ဇန္နဝါရီလတြင္ၿပီးစီးခဲ့၍၊ယခုအခါပီကင္ၿမိဳ႕ေတာ္ႏွင့္ေမာစကို ၿမိဳ႕ေတာ္တို႔သည္ ေလယာဥ္ပ်ံလမ္းသာမကရထားလမ္းျဖင့္ လည္း အဆက္အသြယ္ျပဳႏိုင္ၿပီျဖစ္သည္။ထို႔ျပင္ ဆိုက္ေဘးရီးယားႏွင့္ ကာဇက္စၥတန္နယ္ကို ဆက္သြယ္ထားေသာမီးရထား လမ္းသည္ မိုင္ေပါင္း ၉ဝ၆ မိုင္ရွည္လ်ားသည္။

၁၉၉၀ – အခ်ိန္မွစ၍ ဆိုက္ေဘးရီးယားေဒသသည္ သတၱဳတူးေဖၚမႈ ၊ စက္မႈလုပ္ငန္း ၊ သစ္ေတာလုပ္ငန္းမ်ား ဖြံ ့ၿဖိဳးတိုးတက္လာမွဳ ႏွင့္အတူ လူေနမွု အဆင့္အတန္းလည္းျမင့္တက္ လာခဲ့သည္ ။ စစ္ေအးေခတ္အခ်ိန္က ရုရွားတို ့သည္  ႏ်ဴကလီးယား လက္နက္ ထုတ္လုပ္မွဳ ၊ စမ္းသပ္မွဳမ်ား ႏွင့္ ႏ်ဴကလီးယား အညစ္အေၾကးစြန္ ့ပစ္သည့္နယ္ေၿမအၿဖစ္ ဆိုက္ေဘးရီးယားေဒသ ကိုအသံုးၿပဳ ခဲ့ၾကသည္ ။ ထို ့ေၾကာင့္ ၁၉၉၀ – အခ်ိန္က တိုင္းတာမႈတခုအရ ဆိုက္ေဘးရီးယားေဒသ တြင္ ေရဒီယိုသတၱိၾကြ ပမာဏ ၿမင့္တက္ လာေနသည္ဟုမွတ္ခ်က္ေပးထားၾကသည္ ။

ျမန္မာ့စြယ္စုံက်မ္း အတြဲ ၄
Academy Page

—————–

ဆိုက်ဘေးရီးယား ဆိုသည်မှာ (unicode)

ရှေးအခါကဆိုက်ဘေးရီးယားသည် မဲဇာရပ်ပမာရာဇဝတ်သားများ ပို့ထားရာဒေသအဖြစ်ဖြင့်လူသိများခဲ့သည်။ ရာသီဥတု အလွန်အေးသည်ကတစ်ကြောင်း၊ ခရီးလမ်းပန်းမသာယာ သည်က တစ်ကြောင်း တို့ကြောင့် တိုးတက်ဖွံ့ဖြိုးခြင်းမရှိခဲ့ ချေ။ ယခုအခါ၌မူကား ဆိုက်ဘေးရီးယားဒေသသည် ရုရှားနိုင်ငံ၏ စက်မှုလက်မှုလုပ်ငန်း ချဲ့ထွင်လုပ်ကိုင်ရာ ဒေသဖြစ်လာချေပြီ။ ဆိုက်ဘေးရီးယား” ဆိုသည်မှာ ရုရှားဘာသာ Sibir မှ ဆင်းသက်လာသည့်
စကားလုံး တလုံး ဖြစ်ကာ အိပ်ပျော်နေသောမြေ(Sleeping land) ဟုဆိုလိုသည် ။

ယေဘုယျအားဖြင့် ဆိုက်ဘေးရီးယားဟူသည် အာရှတိုက် မြောက်ပိုင်းတစ်ခုလုံးကို ခေါ်ဝေါ်သော အမည်ဖြစ်သည်။ ဆိုက်ဘေးရီးယားဟူသောဒေသမှာ ရေခဲများဖုံးလွှမ်း၍ အလွန်အမင်းအေးလှသောကြောင့် တစ်ကြောင်း၊ ဝေးခေါင်ကွာလှမ်းလှသောကြောင့်တစ်ကြောင်း၊ မဲဇာရပ်ပမာ ကြောက်မက်ဖွယ်ရာ ဒေသ၊ လူသူသွားလာနေထိုင်ရန်မဖြစ်နိုင် သောဒေသ၊ နယ်နှင်ဒဏ်အခတ်ခံရသော ရုရှားရာဇဝတ် ကောင်များ မဲဇာပို့ရာဒေသဟူ၍သာလူအများတို့သည် တွေးထင်မှတ်ယူလေ့ရှိကြသည်။ ထိုသို့တွေးထင်ကြသည့် အတိုင်း တစ်ခါကမှန်ခဲ့သော်လည်း ယခုအခါမှာမူ၊ ဆိုက်ဘေးရီးယားဒေသသည် မြို့ရွာများဖြင့် စည်ကား လာရုံသာမက၊ သဘာဝပစ္စည်း ပေါများပြည့်စုံသည့်အလျောက်၊ ဒုတိယကမ္ဘာစစ်ကြီး ပြီးသည့်နောက်တွင် ဤဒေသရှိ စက်မှုလက်မှုလုပ်ငန်းများ တရှိန်ထိုးတိုးတက် လာ၍ ရုရှားနိုင်ငံ၏စီးပွားရေးစနစ်တွင်အရေးပါ သော ဒေသကြီးဖြစ်နေပေပြီ။

သမိုင်း

ဘီစီ ၁၀၀၀၀ – အချိန်မှစ၍ ဆိုက်ဘေးရီးယားဒေသတွင် လူအများအခြေချ နေထိုင်ခဲ့ကြသည် ။ ဘီစီ ၃ -ရာစု အချိန်မှအေဒီ ၄ -ရာစု အချိန်ထိ ဟန်တရုတ် လူမျိုးများ ၏ နယ်မြေ ဖြစ်ခဲ့သည် ။ဆိုက်ဘေးရီးယား၏ ရှေးဟောင်းသမိုင်းအရဆိုလျှင် မွန်ဂို လူမျိုးတို့၏ ဒေသရွှေ့ပြောင်းနေထိုင်ခြင်းတို့ကြောင့်မူလရှိနှင့် သော တိုင်းရင်းသားတို့သည် မြောက်ပိုင်းသို့ တစ်စတစ်စ ရောက်သွားကြသည်တွင် ယခုကာလ သိပြီးဖြစ်ကြသောဆိုက်ဘေးရီးယားယားဒေသကြီး၌ အိုးအိမ် ထူထောင်ကြရသည်ဟုဆိုလေ သည်။ ၁၅၈၁ ခုနှစ်တွင် ရုရှားနှင့် ကော့ဆက်လူမျိုးတို့သည် တာတာလူမျိုးတို့ကို အောင်မြင်၍ ဆယီဗျားရိဟု ခေါ်သော မြို့ကို သိမ်းပိုက်ကြလေသည်။ ဤသည်တွင် ရုရှားအင်ပါယာ သည် အရှေ့ဘက်၌ နယ်ကျယ်လာလေသည်။ ၁၆ ရာစုနှစ် အတွင်း၌ပင် ရုရှား၏ ဩဇာအာဏာသည် အာမူးဝါးမြစ်ဝှမ်း ဒေသသို့ ပျံ့နှံ့လာခဲ့သည်။ သို့သော် တရုတ်နိုင်ငံမန်ချူးဘုရင် တို့က ရုရှားဘုရင်တို့၏ ဩဇာအာဏာကို ခုခံတွန်းလှန်ကြ သည်။

၁၆၈၉ ခုနှစ်၌မူ အာမူးဝါးမြစ် မြောက်ပိုင်းနယ်ကို ရုရှားတို့က မသိမ်းပိုက်တော့ဘဲ၊ မန်ချူးနိုင်ငံနှင့်စာချုပ်ချုပ်ကြသည်။၁၈၅၈ ခုနှစ်တွင် ထိုအာမူးဝါးမြစ်ကို ရုရှားနှင့် တရုတ်နိုင်ငံတို့၏နယ် ခြားအဖြစ်သတ်မှတ်၍၊ နှစ်နိုင်ငံတို့က စာချုပ်ချုပ်ကြပြန်သည်။ သို့ရာတွင် ၁၈၆ဝ ပြည့်နှစ်သို့ရောက်သော်၊ ပင်လယ်ကမ်းရိုး တန်းဒေသကို တရုတ်တို့က ရုရှားတို့သို့ ပေးအပ်ခဲ့ရလေရာ၊ ဗလာဒီဗော့စတော့အထိ ရုရှားပိုင်ဖြစ်လာလေသည်။၁၇၁ဝပြည့် နှစ်မှစ၍ ဆိုက်ဘေးရီးယားနယ်ကို ပီတာသဂရိတ်ဘုရင်မင်း မြတ်က အကျဉ်းသမားတို့၏အတွက်တစ်ကျွန်းအဖြစ်ဖြင့် အသုံးပြုခဲ့သည်။သို့ရာတွင်အကျဉ်းသမားတို့သည်နယ်သစ်၌ အိုးအိမ်သစ်တည်ထောင်ရန်အလို့ငှာ မတတ်နိုင်ကြချေ။ ထို့ နောက်၌ရွှေတွင်းစသောသတ္တုတွင်းတို့ကို အကြောင်းပြု၍ ရုရှားတာင်သူလယ်သမားများကိုယ်တိုင်ထိုဒေသသို့သွားရောက်ကာ နယ်သစ်တည်ထောင်ကြသဖြင့် ဆိုက်ဘေးရီးယားသည် လူနေများ၍လာလေသည်။

ပြည်နှင်ဒါဏ်ပေးရာဒေသ

၁၆၆၀ – အချိန်မှစတင်က ဆိုက်ဘေးရီးယားဒေသသည် ရုရှားဘုရင်အားဆန့်ကျင်သူများ ၊ ပြစ်မှုကျူးလွန်သူများအား အပြစ်ပေးစေလွှတ်ရာဒေသဖြစ်လာခဲ့သည် ။ ထို့အတူ ရုရှား တို့၏ Orthodox ခရစ်ယာန် သာသနာပြု ပုဂ္ဂိုလ်များ အခြေချလာကြသည် ။ ၁၈၇၀ – အချိန်တွင် နယ်နှင်ခံရသည့် ပြစ်မှုကျူးလွန်သူ ရုရှားများ တဖြည်းဖြည်းများလာပြီး တနှစ်လျှင် လူ တစ်သောင်းခန့်အထိ တိုးလာခဲ့သည် ။ Joseph Stalin, Vladimir Lenin, Leon Trotsky စသည့် ထင်ရှားသည့် ကွန်မြူနစ်ခေါင်းဆောင် များသည် ( ၁၈၉၀- ၁၉၀၀ ) နှစ်များအချိန်က ဆိုက်ဘေးရီးယားဒေသ သို့နယ်နှင်ခံခဲ့ရဖူးသူများ ဖြစ်ကြသည် ။

ပထဝီဝင်

ဆိုက်ဘေးရီးယားကို ပထဝီသဘောအားဖြင့်၎င်း၊ ယေဘုယျ အားဖြင့်၎င်း အာရှတိုက်၏ မြောက်ပိုင်းဟု ရေးသားပြောဆိုလေ့ ရှိသော်လည်း တိကျစွာဆိုရသော် ဆိုက်ဘေးရီးယားဟူသောအမည်မှာ ဆိုဗီယက်ယူနီယံခေါ် ရုရှားပြည်ထောင်စုနိုင်ငံကြီး၏ ကျယ်ဝန်းလှသော အရှေ့ပိုင်းဒေသ၏ အမည်ဖြစ်သည်။ ဆိုက်ဘေးရီးယားယားသည် တိုင်းပြည်တစ်ပြည်သတ်သတ်မဟုတ်ပေ။ ရုရှားပြည် ထောင်စုနိုင်ငံကြီးတွင် အပါအဝင်ဖြစ်သော အကြီးမားအကျယ် ပြန့်ဆုံး သမ္မတနိုင်ငံမှာ ‘ရုရှားဆိုဗီယက်ဆိုရှယ်လစ်ပြည်ထောင် စုသမ္မတနိုင်ငံ’ခေါ် ပင်ရင်း(ဝါ) ပြည်မရုရှားပြည်ဖြစ်၏။ ထို ပြည်ကို အတိုချုပ်အားဖြင့် ဆိုဗီယက်ရုရှားဟူ၍လည်း ခေါ်ဝေါ် ကြ၏။ ထိုပြည်၏ ၃ ပုံ ၂ ပုံမှာ ယူရယ်တောင်တန်း၏ အရှေ့ဘက်တွင်ရှိ၍၊ ဆိုက်ဘေးရီးယားဟု ခေါ်တွင်ခဲ့သည်မှာ ကြာမြင့်လေပြီ။

ဆိုဗီယက်ရုရှားနိုင်ငံခေါ် ပြည်မရုရှားနိုင်ငံတွင် အုပ်ချုပ်ရေး နယ်ပယ်အများအပြားရှိသည့်အနက် ၁၇ ခုသော အုပ်ချုပ်ရေး နယ်ပယ်တို့မှာ ဆိုက်ဘေးရီးယားဒေသတွင်ရှိသည်။ ဤ၁၇ခုမှာ၊ က။ (၁) ဆွာဒလော့စခ၊ (၂) ချီလျာဗျင့်စခ၊ (၃)အွမ့်စခ၊ (၄) နိုဗော်စီဗီယတ်စခ၊ (၅) အီယာကွတ် စခ၊ (၆) ချီ တာ၊ (၇) တွမ့်စခ၊ (၈) ကူရဂန်၊ (၉) ကျူမင်၊ နှင့် (၁ဝ) ကယ်မရိုဗိုခေါ် နယ်ခွဲဆယ်ခု၊ ခ။ (၁) ပင်လယ်ကမ်းခြေဒေသခွဲ၊ (၂) (ယဟူဒီကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်ခွဲအပါအဝင်ဖြစ်သော) ခဗာ ရပ်စခေ ဒေသခွဲ၊ (၃) (ခကတ်စကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်ခွဲအပါ အဝင်ဖြစ်သော) ကရက် စနိုယားစခ၊ (၄) (အွိုင်ရတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်အပါအဝင်ဖြစ်သော) အယ်လ တိုင်ဒေသခွဲ ဟူသော ဒေသခွဲလေးခု၊ ဂ။ (၁) တူးဗာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်ခွဲ၊ (၂) ယာ ကွတ်စခနှင့် (၃) ဗူးရယတ်မွန်ဂို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဆိုဗီယက်ဆိုရှယ်လစ်သမ္မတနိုင်ငံဟူသော နယ်ခွဲသုံးခုဟူ၍ ဖြစ်လေသည်။

နေထိုင်သူများ

ဆိုက်ဘေးရီးယားဒေသ၏ အကျယ်အဝန်းသည် စတုရန်း မိုင်းပေါင်း  ၅သန်းခန့် ရှိသည်။ ၂၀၁၇ ခုနှစ် သန်ကောင် စာရင်းအရ လူဦးရေမှာကား ၃၆သန်း ဖြစ်သည်။ ၁စတုရန်းမိုင်လျှင် ၇ယောက်သာနေထိုင်သဖြင့် လူဦးရေသိပ်သည်းမှု အနည်းပါးဆုံးဒေသဟု ဆိုရမည်။ နေထိုင်သူများမှာ ရုရှားလူမျိုးအများစု နှင့် ကာဇက်စ္စတန်လူမျိုး အနည်းငယ်ဖြစ်သည်။ ခရစ်ယာန်ဘာသာဝင်အများစုဖြစ်ကာ တိဘက်ဗုဒ္ဓဘာသာ နှင့် အစ္စလမ်ဘာသာ၊ ဂျူးဘာသာများကိုလည်း ကိုးကွယ်ကြသည်။ အာတိတ်သမုဒ္ဒရာ ကမ်းခြေ တစ်လျှောက်၌တည်ရှိသောဆိုက်ဘေးရီးယားယားမြောက်ပိုင်းသည် ရေအစဉ်မပြတ်ခဲသောတန်ဒြာရေခဲ ပြင်ဖြစ် လေရာ ထိုရေခဲပြင်၌ ကျက်စားသောသားကောင်တို့မှ သားမွေးများကို ထုတ်လုပ်သော လုပ်ငန်းသည်အတော်ပင်ကြီး ကျယ်သည်။ မြောက်ပိုင်းသည်ရေခဲပြင်ဟုဆိုရလင့်ကစား ယခုခေတ်၌ တစ်စတစ်စဖြင့်ကောက်ပဲသီးနှံစိုက်ပျိုး၍ရသော ဒေသဖြစ်လာလေပြီ။

နှစ်ပေါင်း ၃ဝ အတွင်း တိုးတက်ခဲ့သည် မှာ ၁၉၄၄ ခုနှစ်စာရင်းအရဆိုလျှင် မြေဧကပေါင်း၇၉ဝဝဝဝ တို့သည် စိုက်ပျိုးလုပ်ကိုင်နိုင်သောမြေ ဖြစ်လာလေသည်။ အနောက်ပိုင်း ဆိုက်ဘေးရီးယားကား မြေနိမ့်ပိုင်းဖြစ်သည်။ထို မြေနိမ့်ပိုင်းမှ ကျောက်မီးသွေး၊ ဓာတ်သတ္တု၊ သစ်၊ ကောက်ပဲ သီးနှံနှင့် သားကောင်များထွက်သည်။ အရှေ့ပိုင်း ဆိုက်ဘေးရီးယားကား တောတောင်ထူထပ်သော ဒေသဖြစ်၏။ဓာတ်သတ္တု ပေါများ၍ ကျောက်မီးသွေးနှင့် သံ၊ သံမဏိတို့သည်စက်မှု လက်မှုလုပ်ငန်းကြီးများ တည်ထောင်နိုင်လောက်အောင်ကြွယ်ဝ သည်။ ကမ်ချတ္တကာနယ်ရှိ အရှေ့တောင်တန်းတွင်၁၅၆၆၆ ပေရှိသော ကလျူချက်ဗစကာယာ(Klyuchevskaya Sopka) မီးတာင်သည်ဆိုက်ဘေးရီးယား ဒေသတွင် အမြင့်ဆုံးသော တောင်ဖြစ်သည်။

ဘိုင်ကယ်ရေအိုင်

အော့ဗ၊ ယိနျိဆယေယိ၊ လျိနာမြစ်တို့သည် မြောက်ဘက် ရှိ အာတိတ်သမုဒ္ဒရာထဲသို့ စီးဝင်ကြသည်။ ထိုမြစ်များသည် တနှစ်လျှင် ၆ လ မှ ၉ လ အထိရေခဲ နေလေ့ရှိတတ်သည် ။အာမူးဝါးမြစ်သည် ကား အရှေ့ဘက်တာတာရေလက်ကြားသို့စီးဝင်သည်၊တောင်ဘက် ဆိုက်ဘေးရီးယားတွင် ဘိုင်ကယ်အိုင်ကြီးရှိရာထိုအိုင်ကြီး သည် အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း၁၂၇၄၁မိုင် ရှိသည်။ အာရှမြောက်ပိုင်းတွင် အကြီးဆုံးသောရေချိုအိုင်ဖြစ်ပြီး ကမ္ဘာ့ရေချိုစုစုပေါင်း၏ ၅ပုံ ၁ပုံခန့်ကို ထိမ်းသိမ်းထားသည့် ကမ္ဘာ့အနက်ဆုံးရေကန်ဖြစ်သည်။ ဤကန်ဝန်းကျင်တွင် အခြားမည်သည့်နေရာတွင်မှ မတွေ့နိုင်သည့် အပင်နှင့် တိရစ္ဆာန်မျိုးစိတ်များစွာကို တွေ့ရှိနိုင်သည်။

ဆိုက်ဘေးရီးယားဒေသသည် ဆောင်းတာအကြာရှည်ဆုံးသော ဒေသဖြစ်သည်။ အအေးဓာတ်မှာ မြောက်ဝင်ရိုးစွန်း၏အအေး ဓာတ်ထက်ပင်လွန်ကဲ၏။ ဆိုက်ဘေးရီးယားအရှေ့ပိုင်း၏ သုံးပုံ တစ်ပုံသော နယ်မြေတွင် ရေခဲပြင်တို့သည် တစ်ခါမျှ အရည်ပျော် သည်ဟု မရှိချေ။ အအေးဆုံး ဒီဂရီမှာ ၉၇.၆ ဒီဂရီဖာရင် ဟိုက်ထိ ရှိခဲ့ဘူးသည်။ သို့ရာတွင် သွေ့ခြောက်သောဒေသဖြစ်၍ အအေးဓာတ်မှာ ခံသာသည်ဟုဆိုရသည်။နွေဥတုတွင်အပူချိန် ၅ဝ° မှ ၆၅° ဖာရင်ဟိုက်ရှိသည်။

စီးပွားရေး

ဆိုက်ဘေးရီးယားတွင် မူလကဂျုံစက်၊ သကြားစက်၊ အရက် ဖို၊ သားရေလုပ်ငန်းစသည်တို့ရှိသည်။နှောင်းအခါ၌ ဆိုဗီယက် အစိုးရသည် စက်မှုလက်မှုလုပ်ငန်းတို့ကိုတိုးချဲ့လိုက်လေရာ၊ ဆိုက်ဘေးရီးယားသည် စက်မှုလက်မှုလုပ်ငန်းကြီးများ လုပ်ရာဌာန ဖြစ်လာသည့်ပြင် ကုန်ကြမ်းပစ္စည်း ထုတ်လုပ်ရာ ဌာနလည်း ဖြစ်လာလေသည်။ ဆိုက်ဘေးရီးယားဒေသ၌ သံ၊ သံမဏိ အများဆုံးထွက်၍၊ ကျောက်မီးသွေးတွင်းတို့မှာလည်း ကမ္ဘာပေါ်တွင် အကြီးဆုံးသောတွင်းများအပါအဝင်ဖြစ်လေရကား၊ စက်မှုလက်မှုလုပ်ငန်းကြီးများသည်တစ်နှစ်ထက် တစ်နှစ် ဖွံ့ဖြိုးတိုးတက်လာလေသည်။

ထိုအချိန်က ဆိုဗီယက်ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင် ရွှေထွက်ရာ၌ ဒုတိယလိုက်သည်။ ဆိုဗီယက် ပြည်ထောင်စုမှ ထွက်သော ရွှေတွင် ဆိုက်ဘေးရီးယား၌ တူးဖော် သောရွှေ အများဆုံးပါဝင်လေသည်။ ၁၉၅၆-၆ဝ ခုနှစ်အတွင်း ငါးနှစ်စီမံကိန်းအရ များမကြာမီအန်ကာရာမြစ်အနီးတွင် ရေဖြင့်လျှပ်စစ်ဓာတ်အားပေးသောစက်ရုံကို တည်ဆောက်ရန် လျာထားချက်ရှိသည်။ အထက်ကပြဆိုခဲ့သော သားရေလုပ်ငန်း အပြင် အကြီးအကျယ်လုပ်ကိုင်သောလုပ်ငန်းမှာ ပင်လယ်ငါး ဖမ်းခြင်း လုပ်ငန်းဖြစ်လေသည်။

လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်ကူးသန်းရောင်းဝယ် ရေးအတွက် ထရန်ဆိုက်ဘေးရီးယန်း မီးရထားလမ်းသည် အရှေ့ ဘက်အစွန်ဆုံး ဗလာဒီဗော့စတော့မြို့မှသည် မော်စကိုမြို့နှင့် လီနင်ဂရက်(ယခု စိန့်ပီတာဘတ်စ်) မြို့များအထိ ပေါက်ရောက်သည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် မွန်ဂိုးလီးယား သမ္မတနိုင်ငံတို့ကို ဆိုက်ဘေးရီးယားနှင့် ဆက်သွယ်ထားသော မီးရထားလမ်းမှာ ၁၉၅၆ ခုနှစ် ဇန်နဝါရီလတွင်ပြီးစီးခဲ့၍၊ယခုအခါပီကင်မြို့တော်နှင့်မောစကို မြို့တော်တို့သည် လေယာဉ်ပျံလမ်းသာမကရထားလမ်းဖြင့် လည်း အဆက်အသွယ်ပြုနိုင်ပြီဖြစ်သည်။ထို့ပြင် ဆိုက်ဘေးရီးယားနှင့် ကာဇက်စ္စတန်နယ်ကို ဆက်သွယ်ထားသောမီးရထား လမ်းသည် မိုင်ပေါင်း ၉ဝ၆ မိုင်ရှည်လျားသည်။

၁၉၉၀ – အချိန်မှစ၍ ဆိုက်ဘေးရီးယားဒေသသည် သတ္တုတူးဖေါ်မှု ၊ စက်မှုလုပ်ငန်း ၊ သစ်တောလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှု နှင့်အတူ လူနေမှု အဆင့်အတန်းလည်းမြင့်တက် လာခဲ့သည် ။ စစ်အေးခေတ်အချိန်က ရုရှားတို့သည်  နျူကလီးယား လက်နက် ထုတ်လုပ်မှု ၊ စမ်းသပ်မှုများ နှင့် နျူကလီးယား အညစ်အကြေးစွန့်ပစ်သည့်နယ်မြေအဖြစ် ဆိုက်ဘေးရီးယားဒေသ ကိုအသုံးပြု ခဲ့ကြသည် ။ ထို့ကြောင့် ၁၉၉၀ – အချိန်က တိုင်းတာမှုတခုအရ ဆိုက်ဘေးရီးယားဒေသ တွင် ရေဒီယိုသတ္တိကြွ ပမာဏ မြင့်တက် လာနေသည်ဟုမှတ်ချက်ပေးထားကြသည် ။

မြန်မာ့စွယ်စုံကျမ်း အတွဲ ၄
Academy Page

Leave a Reply