ေအာင္ျမင္မႈကို ၁၀စုႏွစ္ တစ္ခုေက်ာ္ ထိမ္းသိမ္းထားႏုိင္သူ (သုိ႔) စီေရာ္နယ္ဒုိ

Posted on

ေရးသားသူ – ဗန္းေမာ္သိန္းေဖ

စီေရာ္နယ္ဒုိ ဆုိတာနဲ႔ ကမာၻ႔နာမည္ႀကီးေတြ ထဲက နာမည္အႀကီးဆုံးသူတစ္ေယာက္ျဖစ္တယ္ ဆုိတာကို သိၾကမွာပါ။ ကမာၻေက်ာ္ေဘာလုံးသမားျဖစ္တဲ့ သူဟာ သူ႔ရဲ႕ေအာင္ျမင္မႈေတြကုိ ၁၀စုႏွစ္ တစ္ခုေက်ာ္ၾကာေအာင္ ထိမ္းသိမ္းႏုိင္ခဲ့သူလည္းျဖစ္ပါတယ္။

အခုလို ေအာင္ျမင္မႈကို လြယ္လြယ္နဲ႔ ရခဲ့တာ မဟုတ္ပါဘူး။ ေရာ္နယ္ဒိုကို ၁၉၈၅ ခု ေဖေဖၚဝါရီလ ၅ ရက္ေန႔က ေပၚတူဂီႏိုင္ငံ ဖန္ခ်ဲက်ြန္းေလးေပၚမွာ ေမြးဖြားခဲ့ပါတယ္။ ေမြးခ်င္း ေလးေယာက္မွာ အငယ္ဆံုး ျဖစ္ပါတယ္။ ေရာ္နယ္ဒိုဆိုတဲ့ နာမည္ကို အဲဒီအခ်ိန္မွာ နာမည္ ၾကီးမင္းသားၾကီး ေရာ္နယ္ရီဂန္ (ေနာင္ အေမရိကန္သမၼတ ျဖစ္လာသူ) ကို အရမ္း ၾကိဳက္တဲ့ သ႔ူအေဖက ေပးခဲ့တာပါ။

ရိုနယ္ဒိုဟာ သာမန္လက္လုပ္ လက္စား ရပ္ကြက္ေလးထဲမွာ ႀကီးျပင္းခဲ့တာပါ။ သူရဲ့ ငယ္ဘဝမွာ အခက္အခဲ ဒုကၡေတြနဲ႔ ႀကံဳေတြ႔ခဲ့ရပါတယ္။ မိသားစုကို ရွာေက်ြးေနတဲ့ သူ႔အေဖဟာ အရက္ ေသာက္လြန္းလို႔ ေက်ာက္ကပ္ ပ်က္စီးျပီး ၂၀၀၅ မွာ ေသဆံုးသြားခဲ့တယ္။ သားသမီးေတြ စားဝတ္ေနေရးအတြက္ သူ႔အေမဟာ အိမ္တကာ လွည့္ျပီး ထမင္း ဟင္းခ်က္နဲ႔ သန္႔ရွင္းေရး လုပ္ရင္း ဝင္ေငြရွာခဲ့ရတယ္။

ေရာ္နယ္ဒို တစ္ေယာက္ ေဘာလံုး ဝါသနာပါခဲ့တာ သူ႔အေဖေၾကာင့္ပါ။ သူ႔အေဖဟာ သူတ႔ို ၿမိဳ႕ေလးရဲ႕ ေဘာလံုး ကလပ္အသင္းေလး တစ္ခုရဲ႕ ေဘာလံုးကန္ပစၥည္းေတြကို စီမံထိန္းသိမ္း ေပးရသူပါ။ ေရာ္နယ္ဒိုဟာ သူအေဖနဲ႔ လိုက္သြားရင္း ေဘာလံုးနဲ႔ ေန႔စဥ္ ထိေတြ႕ ေနရတယ္။ ငယ္ငယ္ကတည္းက သူတစ္ေယာက္ထဲ ေဘာလံုး တစ္လံုးနဲ႔ ေဆာ့ကစားေလ့ ရွိတယ္။

သူရဲ့ အသက္ ၁၀ နွစ္ အရြယ္မွာ သူရဲ့ ေဘာလံုး စြဲလန္းမႈကို သူအိမ္နီးခ်င္းေတြေရာ တစ္ျမိဳ႕လံုးကပါ သတိထား မိလာၾကတယ္။သူ႔အိမ္နီးခ်င္း တစ္ေယာက္က ေျပာတယ္။ ရိုနယ္ဒိုဟာ ေဘာလံုး ကစားတာကို ဘယ္ေလာက္ အရူးအမူးျဖစ္သလဲ ဆိုရင္ တစ္ခါတစ္ေလ အိမ္ျပန္ ထမင္းမစားဘဲ ေဘာလံုး ကန္ေနတယ္။ ညဆိုရင္လည္း ေက်ာင္းကေပးတဲ့ အိမ္စာေတြ မလုပ္ဘဲ ျပတင္းေပါက္ကေန ထြက္ျပီး ညအေမွာင္ထဲမွာ တစ္ေယာက္ထဲ ေဘာလံုး အထိန္းအသိမ္း ေလ့က်င္ေနတယ္။

သူ႔အသက္ ၁၆ နွစ္ေရာက္ေတာ့ သူရဲ႕ ေဘာလံုး အထိန္းအသိမ္း စြမ္းရည္နဲ႔ ေဘာလံုးဆဲြျပီး အေျပးျမန္တာေၾကာင့္ ေပၚတူဂီ ကလပ္အသင္း SPORTING LISBON ကသူကို ေခၚယူ ကစားေစတယ္။ စပုိ႔တင္းမွာ ၂ႏွစ္ေလာက္ကစားခဲ့တယ္။ သူရဲ႕ ကလပ္အသင္းနဲ႔ မန္ခ်က္စတာယူႏုိက္တက္တုိ႔ ခ်စ္ၾကည္ေရးပြဲမွာ ဆံုၾကတယ္။ ၁၈ နွစ္သားေလး ရိုနယ္ဒိုဟာ မန္ယူ ေနာက္ခံလူေတြကို အမ်ဳိးမ်ဳိးျဖတ္ေက်ာ္ရင္း သူ႔ရဲ႕အစြမ္းကိုျပခဲ့တယ္။

သူရဲ႕ ဂိုးသြင္း ေျခစြမ္းနဲ႔ ေဘာလံုး အထိမ္းအသိမ္း ေျခအႏႈတ္ အသိမ္းျမန္တာေတြ ကိုယ္ေတြ႕ ျမင္ခဲ့တဲ့ မန္ယူ ေဘာလံုးသမားေတြက သူတိုရဲ့ မန္ေနဂ်ာၾကီး ဖာဂူဆန္ကို ရိုနယ္ဒိုကို အျမန္ဆံုးဝယ္ဖို႔ တိုက္တြန္းၾကတယ္။ ဖာဂူဆန္ ကိုယ္တိုင္ကလည္း ရိုနယ္ဒိုရဲ႕ ေျခစြမ္းကို ကိုယ္တိုင္ ျမင္ေတြ႔ခဲ့ျပီးျပီမို႔ ျမန္ျမန္ထက္ထက္ပဲ ၿဗိတိန္ ေပါင္ ၁၂ သန္းေပးျပီး ရိုနယ္ဒိုကို မန္ယူအသင္းအတြက္ ဝယ္လိုက္တယ္။ အဲ့ဒီေခတ္က အသက္ ၁၈ နွစ္သား ေဘာလံုးသမားေလး တစ္ေယာက္ကို ဒီေလာက္ ေစ်းၾကီး ေပးျပီး ဝယ္ခဲ့တာ ကမာၻ႔ေဘာလံုး ေလာကမွာ ေစ်းအျမင့္ဆံုး စံခ်ိန္တင္ခဲ့တယ္။ အဲတာ၂၀၀၃ ခုနွစ္ ကပါ။

ေရာ္နယ္ဒိုဟာ မန္ယူအသင္းကို ေရာက္ျပီး ၂၀၀၄ ခုနွစ္မွာ ENGLAND FA CUP ေဘာလံုး ဗိုလ္လုပြဲမွာ မန္ယူအသင္းအတြက္ ၃ ဂိုး ဆက္တိုက္ သြင္းေပးျပီး ခ်န္ျပီယံ ဆုဖလားၾကီးကို ဆြတ္ခူး ေပးခဲ့ပါတယ္။၂၀၀၈ ခုနွစ္မွာ မန္ယူအသင္းဟာ ေရာ္နယ္ဒိုကို ေပါင္ ၃၁ သန္းနဲ႔ ၅ ႏွစ္စာ ခ်ဳပ္ ထပ္ခ်ဳပ္ခဲ့ပါတယ္။ ရိုနယ္ဒိုဟာ မန္ယူအသင္းကို အဂၤလန္ပရီးမီးယားလိဒ္ ေဘာလံုး ခ်န္ပီယံဆုကို ၃ ၾကိမ္ ရေအာင္ လုပ္ေပးခဲ့တယ္။

၂၀၀၇ ခုနွစ္မွာ ရိုနယ္ဒိုရဲ႕ ေဘာလံုးစြမ္ရည္ အေတာ္က်သြားခဲ့ပါတယ္။ အေၾကာင္း ေတြကေတာ့ သူအေမဟာ ရင္သားကင္ဆာ ေဝဒနာ ခံစားေနရလို႔ နဲ႔ သူ႔အေဖကလည္း အရက္ အလြန္ေသာက္လို႔ ေက်ာက္ကပ္ေရာဂါနဲ႔ ကြယ္လြန္ခဲ့လို႔ပါ။

ဒါေပမယ့္ ရိုနယ္ဒိုဟာ ဒီစိတ္ဆင္းရဲ ေသာကေတြကို ေျဖေဖ်ာက္ဖို႔ ေဘာလံုးကို အရင္ထက္ ပိုျပီးၾကိဳးစားေလ့့က်င့္ပါတယ္။ ၂၀၀၉ ခုနွစ္မွာ စပိန္က ကမာၻေက်ာ္ ရီယယ္မက္ဒရစ္ အသင္းႀကီးက ရိုနယ္ဒိုကို ေဒၚလာ ၁၀၃ သန္းေပးျပီး မန္ယူအသင္းက ေနဝယ္လိုက္တယ္။ အဲဒီအခ်ိန္က ေၾကးစား ေဘာလံုးသမား တစ္ေယာက္ကို ဝယ္ယူခဲ့တဲ့ အျမင့္ဆံုးေၾကးပါပဲ။ အဲဒီေနာက္ေတာ့ ရီးယဲမက္ဒရစ္အသင္းႀကီးမွာလည္း ေအာင္ျမင္မႈအလီလီရခဲ့ၿပီး အသင္းကို ဆုဖလားအမ်ဳိးမ်ဳိးရယူႏုိင္ေအာင္ စြမ္းေဆာင္ေပးႏုိင္ခဲ့တယ္။ ၂၀၁၆ခုႏွစ္မွာေတာ့ သူ႔ႏုိင္ငံေပၚတူဂီ ဥေရာပဖလား ရခဲ့ရာမွာ သူ႔ရဲ႕စြမ္းေဆာင္မႈက အဓိကက်ခဲ့တယ္။ ၂၀၁၈ခုႏွစ္မွာေတာ့ ဂ်ဴဗင္တပ္အသင္းကို ေျပာင္းေရြ႕ေၾကး အေမရိကန္ေဒၚလာ ၁၃၅ သန္းနဲ႔ ေျပာင္းေရြ႕ခဲ့ျပန္တယ္။

ရိုနယ္ဒိုဟာ ကမာၻ႔အေကာင္းဆံုး ေဘာလံုးသမားဆုကို ၅ ၾကိမ္ ရခဲ့ျပီ။ ကမၻာမွာ ဝင္ေငြ အေကာင္းဆံုး အားကစားသမားအျဖစ္ ရပ္တည္ေနဆဲ ျဖစ္ပါတယ္။ အခု သူ႔အသက္ ၃၄ႏွစ္ရွိၿပီျဖစ္ေပမယ့္ သူ႔ရဲ႕ေျခစြမ္းက က်သြားတယ္မရွိပဲ တုိးတက္လွ်က္ရွိတာကေတာ့အံၾသစရာပဲ ျဖစ္ပါတယ္။

ရိုနယ္ဒိုနဲ႔ ပက္သက္၍ လူသိပ္မသိတဲ့ စိတ္ဝင္စားစရာေလးမ်ား

၁။ သူဟာ ေဆးလိပ္နဲ႔ အရက္ကို လံုးဝေရွာင္ၾကဥ္တယ္။ သူအေဖက သူငယ္စဥ္က အရက္ အရမ္းေသာက္ၿပီး ေသဆံုးခဲ့တာမို႔ အရက္ကို စိတ္နာလို႔ လက္ဖ်ားနဲ႔ေတာင္ မထိပါဘူး။ ေဆးလိပ္ မေသာက္တာက သူေဘာလံုး ကစားရင္ အေမာမခံနိုင္ျဖစ္မွာ ဆိုးလို႔ပါ။

၂။ သူဟာ ခုေခတ္လူငယ္ေတြၾကား ေခတ္စားေနတဲ့ တက္တူး ေဆးမွင္ေၾကာင္ လံုးဝ မထိုးပါဘူး။ သူဟာ တစ္နွစ္ကို ေသြး၂ ၾကိမ္ လွဴေနလို႔ တက္တူး မထိုးတာပါတဲ့။

၃။ သူဟာ အေလးမ ေလ့က်င္တာဟာ တစ္ေန႔ကို အႀကိမ္ ၃၀၀၀ ေလ့က်င္တယ္။ ေဘာလံုး ေလ့က်င့္ေတာ့လည္း သူေျခက်င္းဝတ္ေတြမွာ အေလးဝိတ္တံုးေတြ ခ်ီျပိီး ေဘာလံုး သယ္ယူေလ့က်င္တယ္။ ေဘာလံုးပြဲက်ေတာ့ အေလးမခ်ည္ထားတဲ့ သူေျခေထာက္ေတြ ဟာ အရမ္းသြက္ေနတယ္။

၄။ ေရာ္နယ္ဒို ဟာ တာတိုအေျပး ခ်န္ပိီယံ တစ္ေယာက္ရဲ႕ စံခ်ိန္နီးပါး ျမန္ေအာင္ေျပး ႏိုင္သလို အေမရ္ိကန္ NBA ဘတ္စကတ္ေဘာ ကစားသမားေတြထက္ ပို ျမင့္ေအာင္ ခုန္နိုင္တယ္။ သူရဲ့ ဖရီးကစ္ေဘာလံုး ကန္ခ်က္ဟာ အာကာသယာဥ္ ေျပးႏႈန္းထက္ျမန္တယ္။

၅။ သူရဲ့ ခႏၶာကိုယ္မွာ အဆီဓာတ္ဟာ ၁၀ ရာခိုင္ႏႈွန္းပဲ ရွိၿပီး က်န္တာေတြကေတာ့ ၾကြက္သားေတြပါ။ ဒီလုိျဖစ္ေအာင္လည္း သူဟာ အၿမဲပလန္ခ်ကာ ႀကဳိးစားခဲ့လုိ႔ျဖစ္ပါတယ္။

၆။ ရိုနယ္ဒိုရဲ့ ဝင္ေငြဟာ တစ္ပက္မွာေဒၚလာ ၇သိန္းေက်ာ္ျဖစ္ၿပီး လက္ရွိမွာ ေဒၚလာ သန္း ၄၅၀ ခ်မ္းသာေနၿပီျဖစ္တယ္။

၇။ အလွဴအတန္းအလုပ္ႏုိင္ဆုံး အားကစားသမားလည္းျဖစ္တယ္။ ဦးေႏွာက္ခြဲစိတ္ဖုိ႔လုိအပ္တဲ့ ၁၀ႏွစ္အရြယ္ ကေလးငယ္တစ္ေယာက္အတြက္ ေဒၚလာ ၈ေသာင္းေက်ာ္ ၊ ကင္ဆာသုေတသနအတြက္ ေဒၚလာ ၁သိန္းေက်ာ္ နဲ႔ နီေပါငလွ်င္အတြက္ ေဒၚလာ ၅သန္းကို ရက္ရက္ေရာေရာ လွဴဒါန္းခဲ့တယ္။ သူ႔ရဲ႕ေက်ာ္ၾကားမႈကို အသုံးခ်ကာ ပရဟိတအဖြဲ႔အစည္းအသီးသီးအတြက္ ရန္ပုံေငြေတြကို မၾကာခဏရွာေပးေလ့ရွိတယ္။

ဆရာ ဗန္းေမာ္သိန္းေဖ ရဲ႕ သူတို႔ ဘာေၾကာင့္ ကမာၻေက်ာ္တာလဲ စာအုပ္မွ

——————

အောင်မြင်မှုကို ၁ဝစုနှစ် တစ်ခုကျော် ထိမ်းသိမ်းထားနိုင်သူ (သို့) စီရော်နယ်ဒို (unicode)

ရေးသားသူ – ဗန်းမော်သိန်းဖေ

စီရော်နယ်ဒို ဆိုတာနဲ့ ကမ္ဘာ့နာမည်ကြီးတွေ ထဲက နာမည်အကြီးဆုံးသူတစ်ယောက်ဖြစ်တယ် ဆိုတာကို သိကြမှာပါ။ ကမ္ဘာကျော်ဘောလုံးသမားဖြစ်တဲ့ သူဟာ သူ့ရဲ့အောင်မြင်မှုတွေကို ၁ဝစုနှစ် တစ်ခုကျော်ကြာအောင် ထိမ်းသိမ်းနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

အခုလို အောင်မြင်မှုကို လွယ်လွယ်နဲ့ ရခဲ့တာ မဟုတ်ပါဘူး။ ရော်နယ်ဒိုကို ၁၉၈၅ ခု ဖေဖေါ်ဝါရီလ ၅ ရက်နေ့က ပေါ်တူဂီနိုင်ငံ ဖန်ချဲကျွန်းလေးပေါ်မှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်း လေးယောက်မှာ အငယ်ဆုံး ဖြစ်ပါတယ်။ ရော်နယ်ဒိုဆိုတဲ့ နာမည်ကို အဲဒီအချိန်မှာ နာမည် ကြီးမင်းသားကြီး ရော်နယ်ရီဂန် (နောင် အမေရိကန်သမ္မတ ဖြစ်လာသူ) ကို အရမ်း ကြိုက်တဲ့ သူ့အဖေက ပေးခဲ့တာပါ။

ရိုနယ်ဒိုဟာ သာမန်လက်လုပ် လက်စား ရပ်ကွက်လေးထဲမှာ ကြီးပြင်းခဲ့တာပါ။ သူရဲ့ ငယ်ဘဝမှာ အခက်အခဲ ဒုက္ခတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ မိသားစုကို ရှာကျွေးနေတဲ့ သူ့အဖေဟာ အရက် သောက်လွန်းလို့ ကျောက်ကပ် ပျက်စီးပြီး ၂၀၀၅ မှာ သေဆုံးသွားခဲ့တယ်။ သားသမီးတွေ စားဝတ်နေရေးအတွက် သူ့အမေဟာ အိမ်တကာ လှည့်ပြီး ထမင်း ဟင်းချက်နဲ့ သန့်ရှင်းရေး လုပ်ရင်း ဝင်ငွေရှာခဲ့ရတယ်။

ရော်နယ်ဒို တစ်ယောက် ဘောလုံး ဝါသနာပါခဲ့တာ သူ့အဖေကြောင့်ပါ။ သူ့အဖေဟာ သူတို့ မြို့လေးရဲ့ ဘောလုံး ကလပ်အသင်းလေး တစ်ခုရဲ့ ဘောလုံးကန်ပစ္စည်းတွေကို စီမံထိန်းသိမ်း ပေးရသူပါ။ ရော်နယ်ဒိုဟာ သူအဖေနဲ့ လိုက်သွားရင်း ဘောလုံးနဲ့ နေ့စဉ် ထိတွေ့ နေရတယ်။ ငယ်ငယ်ကတည်းက သူတစ်ယောက်ထဲ ဘောလုံး တစ်လုံးနဲ့ ဆော့ကစားလေ့ ရှိတယ်။

သူရဲ့ အသက် ၁၀ နှစ် အရွယ်မှာ သူရဲ့ ဘောလုံး စွဲလန်းမှုကို သူအိမ်နီးချင်းတွေရော တစ်မြို့လုံးကပါ သတိထား မိလာကြတယ်။သူ့အိမ်နီးချင်း တစ်ယောက်က ပြောတယ်။ ရိုနယ်ဒိုဟာ ဘောလုံး ကစားတာကို ဘယ်လောက် အရူးအမူးဖြစ်သလဲ ဆိုရင် တစ်ခါတစ်လေ အိမ်ပြန် ထမင်းမစားဘဲ ဘောလုံး ကန်နေတယ်။ ညဆိုရင်လည်း ကျောင်းကပေးတဲ့ အိမ်စာတွေ မလုပ်ဘဲ ပြတင်းပေါက်ကနေ ထွက်ပြီး ညအမှောင်ထဲမှာ တစ်ယောက်ထဲ ဘောလုံး အထိန်းအသိမ်း လေ့ကျင်နေတယ်။

သူ့အသက် ၁၆ နှစ်ရောက်တော့ သူရဲ့ ဘောလုံး အထိန်းအသိမ်း စွမ်းရည်နဲ့ ဘောလုံးဆွဲပြီး အပြေးမြန်တာကြောင့် ပေါ်တူဂီ ကလပ်အသင်း SPORTING LISBON ကသူကို ခေါ်ယူ ကစားစေတယ်။ စပို့တင်းမှာ ၂နှစ်လောက်ကစားခဲ့တယ်။ သူရဲ့ ကလပ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်တို့ ချစ်ကြည်ရေးပွဲမှာ ဆုံကြတယ်။ ၁၈ နှစ်သားလေး ရိုနယ်ဒိုဟာ မန်ယူ နောက်ခံလူတွေကို အမျိုးမျိုးဖြတ်ကျော်ရင်း သူ့ရဲ့အစွမ်းကိုပြခဲ့တယ်။

သူရဲ့ ဂိုးသွင်း ခြေစွမ်းနဲ့ ဘောလုံး အထိမ်းအသိမ်း ခြေအနှုတ် အသိမ်းမြန်တာတွေ ကိုယ်တွေ့ မြင်ခဲ့တဲ့ မန်ယူ ဘောလုံးသမားတွေက သူတိုရဲ့ မန်နေဂျာကြီး ဖာဂူဆန်ကို ရိုနယ်ဒိုကို အမြန်ဆုံးဝယ်ဖို့ တိုက်တွန်းကြတယ်။ ဖာဂူဆန် ကိုယ်တိုင်ကလည်း ရိုနယ်ဒိုရဲ့ ခြေစွမ်းကို ကိုယ်တိုင် မြင်တွေ့ခဲ့ပြီးပြီမို့ မြန်မြန်ထက်ထက်ပဲ ဗြိတိန် ပေါင် ၁၂ သန်းပေးပြီး ရိုနယ်ဒိုကို မန်ယူအသင်းအတွက် ဝယ်လိုက်တယ်။ အဲ့ဒီခေတ်က အသက် ၁၈ နှစ်သား ဘောလုံးသမားလေး တစ်ယောက်ကို ဒီလောက် ဈေးကြီး ပေးပြီး ဝယ်ခဲ့တာ ကမ္ဘာ့ဘောလုံး လောကမှာ ဈေးအမြင့်ဆုံး စံချိန်တင်ခဲ့တယ်။ အဲတာ၂၀၀၃ ခုနှစ် ကပါ။

ရော်နယ်ဒိုဟာ မန်ယူအသင်းကို ရောက်ပြီး ၂၀၀၄ ခုနှစ်မှာ ENGLAND FA CUP ဘောလုံး ဗိုလ်လုပွဲမှာ မန်ယူအသင်းအတွက် ၃ ဂိုး ဆက်တိုက် သွင်းပေးပြီး ချန်ပြီယံ ဆုဖလားကြီးကို ဆွတ်ခူး ပေးခဲ့ပါတယ်။၂၀၀၈ ခုနှစ်မှာ မန်ယူအသင်းဟာ ရော်နယ်ဒိုကို ပေါင် ၃၁ သန်းနဲ့ ၅ နှစ်စာ ချုပ် ထပ်ချုပ်ခဲ့ပါတယ်။ ရိုနယ်ဒိုဟာ မန်ယူအသင်းကို ENGLAND PREMIER LEAGUE ဘောလုံး ချန်ပီယံဆုကို ၃ ကြိမ် ရအောင် လုပ်ပေးခဲ့တယ်။

၂၀၀၇ ခုနှစ်မှာ ရိုနယ်ဒိုရဲ့ ဘောလုံးစွမ်ရည် အတော်ကျသွားခဲ့ပါတယ်။ အကြောင်း တွေကတော့ သူအမေဟာ ရင်သားကင်ဆာ ဝေဒနာ ခံစားနေရလို့ နဲ့ သူ့အဖေကလည်း အရက် အလွန်သောက်လို့ ကျောက်ကပ်ရောဂါနဲ့ ကွယ်လွန်ခဲ့လို့ပါ။

ဒါပေမယ့် ရိုနယ်ဒိုဟာ ဒီစိတ်ဆင်းရဲ သောကတွေကို ဖြေဖျောက်ဖို့ ဘောလုံးကို အရင်ထက် ပိုပြီးကြိုးစားလေ့ကျင့်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ စပိန်က ကမ္ဘာကျော် ရီယယ်မက်ဒရစ် အသင်းကြီးက ရိုနယ်ဒိုကို ဒေါ်လာ ၁၀၃ သန်းပေးပြီး မန်ယူအသင်းက နေဝယ်လိုက်တယ်။ အဲဒီအချိန်က ကြေးစား ဘောလုံးသမား တစ်ယောက်ကို ဝယ်ယူခဲ့တဲ့ အမြင့်ဆုံးကြေးပါပဲ။ အဲဒီနောက်တော့ ရီးယဲမက်ဒရစ်အသင်းကြီးမှာလည်း အောင်မြင်မှုအလီလီရခဲ့ပြီး အသင်းကို ဆုဖလားအမျိုးမျိုးရယူနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တယ်။ ၂၀၁၆ခုနှစ်မှာတော့ သူ့နိုင်ငံပေါ်တူဂီ ဥရောပဖလား ရခဲ့ရာမှာ သူ့ရဲ့စွမ်းဆောင်မှုက အဓိကကျခဲ့တယ်။ ၂၀၁၈ခုနှစ်မှာတော့ ဂျူဗင်တပ်အသင်းကို ပြောင်းရွေ့ကြေး အမေရိကန်ဒေါ်လာ ၁၃၅ သန်းနဲ့ ပြောင်းရွေ့ခဲ့ပြန်တယ်။

ရိုနယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ၅ ကြိမ် ရခဲ့ပြီ။ ကမ္ဘာမှာ ဝင်ငွေ အကောင်းဆုံး အားကစားသမားအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ အခု သူ့အသက် ၃၄နှစ်ရှိပြီဖြစ်ပေမယ့် သူ့ရဲ့ခြေစွမ်းက ကျသွားတယ်မရှိပဲ တိုးတက်လျှက်ရှိတာကတော့အံဩစရာပဲ ဖြစ်ပါတယ်။

ရိုနယ်ဒိုနဲ့ ပက်သက်၍ လူသိပ်မသိတဲ့ စိတ်ဝင်စားစရာလေးများ

၁။ သူဟာ ဆေးလိပ်နဲ့ အရက်ကို လုံးဝရှောင်ကြဉ်တယ်။ သူအဖေက သူငယ်စဉ်က အရက် အရမ်းသောက်ပြီး သေဆုံးခဲ့တာမို့ အရက်ကို စိတ်နာလို့ လက်ဖျားနဲ့တောင် မထိပါဘူး။ ဆေးလိပ် မသောက်တာက သူဘောလုံး ကစားရင် အမောမခံနိုင်ဖြစ်မှာ ဆိုးလို့ပါ။

၂။ သူဟာ ခုခေတ်လူငယ်တွေကြား ခေတ်စားနေတဲ့ တက်တူး ဆေးမှင်ကြောင် လုံးဝ မထိုးပါဘူး။ သူဟာ တစ်နှစ်ကို သွေး၂ ကြိမ် လှူနေလို့ တက်တူး မထိုးတာပါတဲ့။

၃။ သူဟာ အလေးမ လေ့ကျင်တာဟာ တစ်နေ့ကို အကြိမ် ၃၀၀၀ လေ့ကျင်တယ်။ ဘောလုံး လေ့ကျင့်တော့လည်း သူခြေကျင်းဝတ်တွေမှာ အလေးဝိတ်တုံးတွေ ချီပြီး ဘောလုံး သယ်ယူလေ့ကျင်တယ်။ ဘောလုံးပွဲကျတော့ အလေးမချည်ထားတဲ့ သူခြေထောက်တွေ ဟာ အရမ်းသွက်နေတယ်။

၄။ ရော်နယ်ဒို ဟာ တာတိုအပြေး ချန်ပီယံ တစ်ယောက်ရဲ့ စံချိန်နီးပါး မြန်အောင်ပြေး နိုင်သလို အမေရိ်ကန် NBA ဘတ်စကတ်ဘော ကစားသမားတွေထက် ပို မြင့်အောင် ခုန်နိုင်တယ်။ သူရဲ့ ဖရီးကစ်ဘောလုံး ကန်ချက်ဟာ အာကာသယာဉ် ပြေးနှုန်းထက်မြန်တယ်။

၅။ သူရဲ့ ခန္ဓာကိုယ်မှာ အဆီဓာတ်ဟာ ၁၀ ရာခိုင်နှန်းပဲ ရှိပြီး ကျန်တာတွေကတော့ ကြွက်သားတွေပါ။ ဒီလိုဖြစ်အောင်လည်း သူဟာ အမြဲပလန်ချကာ ကြိုးစားခဲ့လို့ဖြစ်ပါတယ်။

၆။ ရိုနယ်ဒိုရဲ့ ဝင်ငွေဟာ တစ်ပက်မှာဒေါ်လာ ၇သိန်းကျော်ဖြစ်ပြီး လက်ရှိမှာ ဒေါ်လာ သန်း ၄၅၀ ချမ်းသာနေပြီဖြစ်တယ်။

၇။ အလှူအတန်းအလုပ်နိုင်ဆုံး အားကစားသမားလည်းဖြစ်တယ်။ ဦးနှောက်ခွဲစိတ်ဖို့လိုအပ်တဲ့ ၁၀နှစ်အရွယ် ကလေးငယ်တစ်ယောက်အတွက် ဒေါ်လာ ၈သောင်းကျော် ၊ ကင်ဆာသုတေသနအတွက် ဒေါ်လာ ၁သိန်းကျော် နဲ့ နီပေါငလျှင်အတွက် ဒေါ်လာ ၅သန်းကို ရက်ရက်ရောရော လှူဒါန်းခဲ့တယ်။ သူ့ရဲ့ကျော်ကြားမှုကို အသုံးချကာ ပရဟိတအဖွဲ့အစည်းအသီးသီးအတွက် ရန်ပုံငွေတွေကို မကြာခဏရှာပေးလေ့ရှိတယ်။

ဆရာ ဗန်းမော်သိန်းဖေ ရဲ့ သူတို့ ဘာကြောင့် ကမ္ဘာကျော်တာလဲ စာအုပ်မှ

Leave a Reply