ဖိလစ္ပိုင္ ရဲ႕ လြတ္လပ္ေရးဗိသုကာႀကီး (သုိ႔) ေဒါက္တာ ဟုိေဇးရီဇား

Posted on

ဖိလစ္ပိုင္လြတ္လပ္ေရး အာဇာနည္ ေဒါက္တာဟိုေဇးမာ ကားဒိုးရီဇားသည္ ေဆးပညာရွင္၊ စာဆို၊ ဝတၳဳေရးဆရာႏွင့္ ႐ုပ္လုံးထု ဆရာလည္း ျဖစ္သည္။ ဟိုေဇးရီဇားအား ၁၈၆၁ ခုႏွစ္ ဇြန္လ ၁၉ ရက္ေန႔တြင္ ဖိလစ္ပိုင္ကၽြန္းစု လားဂူနာနယ္ ကာလမ္ဗာၿမိဳ႕၌ ဖြားျမင္သည္။ ဖခင္ျဖစ္သူမွာ ပစၥည္းဥစၥာကုံလုံေသာ ဖရန္စစၥကိုရီဇား မာကားဒိုးျဖစ္၍ မိခင္မွာ မနီလာ ေကာလိပ္ေက်ာင္းထြက္ ပညာတတ္အမ်ိဳးသမီးတစ္ဦး ျဖစ္သည္။ ေမြးခ်င္း ၁၁ ဦး ရွိသည့္အနက္ ဟိုေဇးရီးဇားသည္ ခုနစ္ေယာက္ေျမာက္သား ျဖစ္သည္။

ငယ္စဥ္က ဦးေလး အယ္လဗာတိုေက်ာင္းတြင္ ပညာ သင္ၿပီးေနာက္၊ မနီလာၿမိဳ႕ နာမည္ေက်ာ္ အတီနီယိုဂ်က္ဇူးအစ္ သာသနာျပဳေက်ာင္းသို႔ ေ႐ြ႕ေျပာင္းသင္ယူသည္။ ထိုေက်ာင္း၌ ပညာရပ္မ်ားကို စပိန္ဘာသာႏွင့္ ခ်ည္း သင္ယူရေသာ္လည္း ရီဇားသည္ စပိန္အရာရွိ သားသမီးမ်ားထက္ ေအာက္က်သည္ ဟူ၍ မရွိ႐ုံမက ဆုမ်ားပင္ မၾကာခဏ ဆြတ္ခူးခဲ့သည္။ အထက္တန္းပညာရပ္မ်ားကို ဆုံးခန္းတိုင္ ထူးထူးခၽြန္ခၽြန္ တတ္ေျမာက္ ၿပီးေနာက္ ရီဇားသည္ ဆန္တိုေတာမတ္ယူနီဗာ စီတီတြင္ တကၠသိုလ္ပညာမ်ားကို ဆက္လက္သင္ယူသည္။ ထို စဥ္အတြင္း အသက္ ၁၈ႏွစ္အ႐ြယ္တြင္ လူႀကီးမ်ားအတြက္ က်င္းပေသာ စာေပၿပိဳင္ပြဲ၌ ‘ဖိလစ္ပိုင္လူငယ္မ်ား သို႔’ အမည္ ရွိ ကဗ်ာျဖင့္ ပထမဆုကို ဆြတ္ခူးခဲ့သည္။ ေနာက္ထပ္ စာေပ ၿပိဳင္ပြဲတစ္ခုတြင္ ရီဇားသည္ အမည္ဝွက္ျဖင့္ ကဗ်ာေရးသား ယွဥ္ၿပိဳင္ရာ အေကာင္းဆုံးကဗ်ာတစ္ပုဒ္ ျဖစ္ေသာ္လည္း ေရးသားသူသည္ ဥေရာပတိုက္သားမဟုတ္သည့္အတြက္ ပထမ ဆုႏွင့္ လြဲခဲ့ရသည္။

ဖိလစ္ပိုင္ရွိ စပိန္အစိုးရ၏ လူမ်ိဳးခြဲျခားေသာ စံနစ္ကို ႐ြံမုန္းေသာ ရီဇားသည္ ၁၈၈၂ ခုႏွစ္တြင္ မနီလာၿမိဳ႕မွ နာမည္ လိမ္ျဖင့္ ထြက္ခဲ့၍ စပိန္ႏိုင္ငံသို႔ ေရာက္ခဲ့သည္။ စပိန္ႏိုင္ငံ မဒရစ္ယူနီဗာစီတီတြင္ ေဆးပညာ၊ သဘာဝတၳေဗဒႏွင့္ စာေပ ပညာရပ္မ်ားကို ဆည္းပူးသည္။ ၁၈၈၃ ခုႏွစ္တြင္ ေဆးပညာ အမ္ဒီဘြဲ႕ထူးကို ဆြတ္ခူး၍၊ ၁၈၈၅ ခုႏွစ္တြင္ သဘာဝတၳေဗဒ ႏွင့္ စာေပပညာဆိုင္ရာ ပါရဂူဘြဲ႕ထူးမ်ားကို ရရွိသည္။ ထို ေနာက္ ရီဇားသည္ ဥေရာပတိုက္အႏွံ႔အျပား လွည့္လည္ သြား လာယင္း ပါရစ္၊ ဘာလင္၊ ဟိုက္ ဒယ္ဗတ္၊ လိုက္ပဆစ္ စေသာၿမိဳ႕မ်ားတြင္ ဘာသာ စာေပအမ်ိဳးမ်ိဳးကို ေလ့လာသင္ယူ သည္။ ဖိလစ္ပိုင္ကၽြန္း၌ ေနစဥ္ကပင္ တားဂါးေလာ့စာ၊ စပိန္ စာ၊ ဂရိစာႏွင့္ လက္တင္စာတို႔ကို တတ္ေျမာက္ခဲ့ေသာ ရီဇား သည္ ဥေရာပတိုက္၌ေနထိုင္စဥ္ ျပင္သစ္၊ အဂၤလိပ္၊ အီတာလ်ံ၊ ကက္တလန္၊ အာရဗီ၊ ဂ်ာမန္၊ ဟီျဗဴႏွင့္ သကၠတစာတို႔ကို သင္ၾကားတတ္ေျမာက္ျပန္သည္။ မည္သည့္ေက်ာင္း၌ျဖစ္ေစ ရီဇားအား ေက်ာင္းအာဏာပိုင္မ်ားက လူခၽြန္တစ္ေယာက္အျဖစ္ အသိအမွတ္ျပဳရသည္ခ်ည္း ျဖစ္သည္။

၁၈၈၆ ခုႏွစ္တြင္ ရီဇားသည္ သူ၏စာမ်က္ႏွာ ၅ဝဝ ခန္႔ ရွိ ‘ႏိုလီေမတန္ဂါ’ကမၻာေက်ာ္ဝတၳဳႀကီးကို ဂ်ာမနီႏိုင္ငံ ဘာလင္ ၿမိဳ႕၌ ပုံႏွိပ္ထုတ္ေဝသည္။ ယင္းဝတၳဳတြင္ ေရွးစပိန္ႏိုင္ငံ အေလ့ အထမ်ား၊ ေျမပိုင္ရွင္ ရဟန္းမ်ား၏ ဆိုး႐ြားပုံ၊ အက်ဥ္းေထာင္ မ်ားတြင္ ႏွိပ္စက္ပုံ၊ ဆင္းရဲသားမ်ားအေပၚတြင္ အစိုးရ ညွဥ္း ဆဲပုံ၊ မိန္းမသားမ်ား ခိုကိုးရာမဲ့ျဖစ္ပုံ၊ ဖိလစ္ပိုင္အမ်ိဳးသမီးတို႔ မိဘသေဘာတူသူကို ယူေလ့ရွိပုံ စသည္တို႔ ပါဝင္သည္။ ထို႔ျပင္ ဖိလစ္ပိုင္တိုင္းရင္းသားတို႔၏ စိတ္ေနစိတ္ထား အက်ိဳး အျပစ္ မွန္သမၽွကို ကြင္းကြင္းကြက္ကြက္ အခ်က္က်က် ထို ဝတၳဳတြင္ ဖြင့္ခ်ထားေလသည္။ ယင္းစာအုပ္ကို ကုန္ေသတၱာ ႀကီးကဲ့သို႔ အေယာင္ေဆာင္ထုပ္ပိုးကာ ဖိလစ္ပိုင္ကၽြန္းစုသို႔ တင္ပို႔ရာ စာအုပ္မ်ား ေရာက္ရွိသည္ႏွင့္ လူအမ်ား အလု အယက္ ဝယ္ဖတ္ၾကသည္။

ဖိလစ္ပိုင္လူထု ဇာတိမာန္တက္ ႂကြမႈကို ျဖစ္ေစ႐ုံမက အုပ္ခ်ဳပ္သူ စပိန္အစိုးရ၏ မတရား ပုံကို အကြင္းလိုက္ေပၚေစေသာ ရီဇား၏ထိုစာအုပ္မ်ားကို အစိုးရက ေတြ႕ရာတြင္ သိမ္းေစ အမိန္႔ထုတ္ရေလသည္။ ၁၈၈၇ ခုႏွစ္ ၾသဂုတ္လတြင္ ရီဇားသည္ ေနရင္းဌာနီ ဖိလစ္ပိုင္ကၽြန္းစုသို႔ ေခတၱျပန္ကာ၊ မ်က္စိအလင္း မရရွာေသာ မိခင္ႀကီး၏ မ်က္စိကို ကိုယ္တိုင္ခြဲစိတ္ကုသေပးခဲ့သည္။ ဖိလစ္ပိုင္ကၽြန္းသို႔ ရီဇားေရာက္သည္ႏွင့္ တစ္ၿပိဳင္နက္ စပိန္ အစိုးရအာဏာပိုင္မ်ားသည္ ရီဇား၏ လႈပ္ရွားမႈတို႔ကို မ်က္ေျခ ျပတ္ မခံေတာ့ေခ်။ ဖိလစ္ပိုင္ကၽြန္းတြင္ ေနသမၽွ ရီဇား၏ အသက္ကို ေစာင့္ေရွာက္ရန္ သက္ေတာ္ေစာင့္တစ္ေယာက္ ရွိသင့္သည္ဟူေသာ စကားလုံးျဖင့္ အခ်ိဳေသြးကာ ရီဇား၏ အသြားအလာအႀကံအစည္ကို သိေစရန္ အၿမဲစုံေထာက္ ထည့္ ေပးေလသည္။ ထိုအတြင္း၌ပင္ ရီဇားသည္ ဆင္းရဲသားႏွင့္ လူခ်မ္းသာတို႔ ထမ္းေဆာင္ရမည့္ အခြန္မ်ားကို ႏႈိင္းရွည့္ ေဖာ္ျပလ်က္ အခြန္ထမ္းမ်ားအား လက္မွတ္ေရးထိုး၍ အစိုးရထံ တင္ပို႔ေဆာင္႐ြက္ေပးသည္။

ဆင္းရဲသားလူထုကို ေရွ႕ေဆာင္ေရွ႕႐ြက္ျပဳကာ မ်က္စိဖြင့္ ေပးမႈေၾကာင့္ စပိန္အစိုးရ အာဏာပိုင္မ်ားသည္ ရီဇားအား ဖိလစ္ပိုင္မွ ထြက္သြားရန္ အႀကံေပးေလသည္။ ယင္းသို႔ ယဥ္ေက်းစြာ အျပစ္ေပးလိုက္ေသာအခါ အႏုနည္းျဖင့္သာ ႏိုင္ငံလြတ္လပ္ေရး ေဆာင္႐ြက္လိုေသာ ရီဇားသည္ အႀကံ ေပးခ်က္ကို မဖီဆန္ဘဲ လက္ခံကာ ၁၈၈၈ ခုႏွစ္ ေဖေဖာ္ဝါရီ ၂၈ ရက္ေန႔တြင္ ဖိလစ္ပိုင္မွ ထြက္ခြာခဲ့သည္။ ဂ်ပန္၊ အေမရိ ကန္ စေသာ ႏိုင္ငံမ်ားဘက္မွလွည့္၍ အဂၤလန္ျပည္ လန္ဒန္ၿမိဳ႕ သို႔ ေရာက္ရွိခဲ့သည္။ လန္ဒန္ၿမိဳ႕တြင္ေနစဥ္ ရီဇားသည္ ‘ေသျခင္း တရားကို အသိတရားျဖင့္ ေအာင္ျခင္း’အမည္တပ္ထားေသာ ႐ုပ္လုံးအပါအဝင္ ထင္ရွားေသာ ႐ုပ္လုံးမ်ား ထုလုပ္သည္။

ထိုေနာက္ ၁၈၈၉ ခုႏွစ္တြင္ ပါရစ္ၿမိဳ႕သို႔ ေျပာင္း၍၊ ထိုမွ တစ္ဖန္ ဗဲလဂ်ီယမ္ႏိုင္ငံ ဂင့္ၿမိဳ႕သို႔ ၁၈၉၁ ခုႏွစ္တြင္ ေျပာင္း ေ႐ြ႕သည္။ ထိုၿမိဳ႕၌ပင္ သူ၏ထင္ရွား၍ လူႀကိဳက္မ်ားေသာ ‘ေလာဘႏိုင္ငံ’အမည္ရွိ ဒုတိယဝတၳဳႀကီး ေရးသားၿပီးေျမာက္၍ ပုံႏွိပ္ထုတ္ေဝသည္။ယင္းစာအုပ္တြင္ စပိန္အစိုးရ၏ၾကမ္းၾကဳတ္ ရက္စက္ပုံကို ဝတၳဳအိမ္ဖြဲ႕ကာ ေရးသားထား၍ မ်ိဳးခ်စ္စိတ္မ်ား တဖြားဖြား ေပၚေပါက္ေစမည့္ စကားအသုံးအႏႈန္းတို႔ျဖင့္ စီကုံး ထားေလသည္။ ရီဇား၏ အျပဳအမူတို႔ေၾကာင့္ စပိန္အစိုးရသည္ ဖိလစ္ပိုင္ ႏိုင္ငံရွိ ရီဇား၏ မိဘေဆြမ်ိဳးသားခ်င္းတို႔အား ႏွိပ္စက္ကလူ ျပဳ႐ုံမက ယင္းတို႔ပိုင္အေဆာက္အအုံမွန္သမၽွကို မီးတိုက္ေလ သည္။

ထိုသတင္းကို ၾကားသိေသာ ရီဇားသည္ ဖိလစ္ပိုင္ ဘုရင္ခံခ်ဳပ္ထံ ဖိလစ္ပိုင္သို႔ သူ႕အား လြတ္လြတ္လပ္လပ္ ျပန္လာခြင့္ျပဳရန္ စာေရးအေၾကာင္းၾကားလိုက္သည္။ ဘုရင္ခံ ခ်ဳပ္ထံမွ တစ္စုံတစ္ရာ ဖမ္းဆီးျခင္း ျပဳမည္မဟုတ္၊ ျပန္လာ ပါဆိုသည့္ စာႏွင့္တကြ ႏိုင္ငံကူးလက္မွတ္ပါ ေရာက္လာသျဖင့္ ဖိလစ္ပိုင္သို႔ ၁၈၉၂ ခုႏွစ္ ဇြန္လတြင္ ျပန္လာသည္။အႏွိပ္စက္ ခံရေသာ မိဘေဆြမ်ိဳးသားခ်င္းတို႔အတြက္ ဘုရင္ခံထံ တိုင္တန္း ေျပာဆိုသျဖင့္ အားလုံး အႏွိပ္စက္ခံဘဝမွ လြတ္ကင္းခဲ့ရသည္။ သို႔ရာတြင္ ရီဇားကိုကား အျပစ္မရရေအာင္ အျပစ္ရွာလ်က္ ရွိၾကသည္။

ရီဇားသည္ ဖိလစ္ပိုင္သားတို႔ စည္းလုံးညီၫြတ္မႈကို ေရွး႐ႈကာ ဖိလစ္ပိုင္အသင္းဟူ၍ အသင္းတစ္သင္း ေထာင္ သည္။ အသင္း၏ရည္႐ြယ္ခ်က္မွာ အေလာင္းအစား၊ ေသရည္ ေသရက္ႏွင့္ ရက္စက္မႈတို႔ကို ေရွာင္ၾကဥ္ရန္၊ ဆင္းရဲသား မ်ားကို ေထာက္ပံ့ရန္ျဖစ္ေသာ္လည္း အစိုးရမူ သူပုန္အသင္းဟု ယူဆသည္။ အသင္း အင္အား ႀကီးမားလာသည့္အခါ စပိန္ ဘုရင္ခံခ်ဳပ္သည္ ရီဇားအား တစ္စုံတစ္ရာ စစ္ေဆးေမးျမန္း ျခင္းမရွိဘဲ ဖို႔ဆန္ တီယာဂိုခံတပ္တြင္ အက်ဥ္းခ်ထားလိုက္ သည္။ ထိုေနာက္ မင္ဒနာအိုကၽြန္း ဒါပီးတန္ၿမိဳ႕သို႔ အက်ယ္ ခ်ဳပ္ႏွင့္ ပို႔လိုက္သည္။ အက်ယ္ခ်ဳပ္ႏွင့္ ေနစဥ္ပင္ ရီဇားသည္ အခမဲ့ေဆးေပးခန္းႏွင့္ စာသင္ေက်ာင္း ဖြင့္လွစ္ျခင္း၊ ေရေပး လုပ္ငန္း တည္ေဆာက္ျခင္း၊ ဥေရာပရွိ မိတ္ေဆြသိပၸံပညာရွင္ မ်ားအတြက္ ရွားပါးေသာ အေကာင္ နမူနာမ်ား ေပးပို႔ျခင္း တို႔ကို ျပဳေလသည္။

ဒါပီးတန္၌ ေလးႏွစ္မၽွ အက်ယ္ခ်ဳပ္ႏွင့္ ေနရၿပီးေနာက္ က်ဴးဗားကၽြန္းတြင္ ကပ္ေရာဂါမ်ား က်ေရာက္လာေသာအခါ ဝတၱရားသိေသာ ရီဇားသည္ ဆရာဝန္တစ္ဦးအေနႏွင့္ သြား ေရာက္ အမႈထမ္းခြင့္ ေတာင္းေလသည္။ အခြင့္ရ၍ ၁၈၉၆ ခုႏွစ္တြင္ ယင္းမွတစ္ဆင့္ က်ဴးဗားသို႔သြားရန္အတြက္ ဘာစီလိုနာၿမိဳ႕သို႔ ထြက္ခြာခဲ့သည္။ ထိုအတြင္း ဗိုႏိုဗာစီယိုဆိုသူ ေခါင္းေဆာင္ေသာ ကာတိပူနန္ သူပုန္မႈႀကီး ေပၚေပါက္လာရာ အခြင့္ေကာင္း ရွာေနေသာ စပိန္အစိုးရအာဏာပိုင္တို႔သည္ ဘာစီလိုနာသို႔အသြား သေဘၤာျဖင့္ ဆူးအက္ၿမိဳ႕သို႔ ေရာက္လာ ေသာ ေဒါက္တာရီဇားအား သူပုန္လႈံ႔ေဆာ္သူဟု စြပ္စြဲကာ ေၾကးနန္းျဖင့္ ဖမ္းၿပီးလၽွင္ အမိန္႔ပို႔ လိုက္သည္။ ရီဇားအား ဆူးအက္ၿမိဳ႕တြင္ ဖမ္းၿပီးလၽွင္ မနီလာၿမိဳ႕သို႔ေခၚခဲ့ကာ ကာတိ ပူနန္ သူပုန္အသင္းဝင္ဟူေသာ စြဲခ်က္ျဖင့္ အထူးစစ္ဘက္ ဆိုင္ရာ႐ုံးတြင္ တရားစြဲဆို စစ္ေဆးသည္။ ႐ုံးေတာ္မွ တစ္ဖက္ သတ္ စီရင္ခ်က္ခ်ကာ ထိုႏွစ္ ဒီဇင္ဘာလ ၂၉ ရက္ေန႔တြင္ ၂၄ နာရီအတြင္း ေသနတ္ႏွင့္ ပစ္သတ္ရန္ အမိန္႔ခ်မွတ္ လိုက္သည္။

ရီဇားသည္ အမႈစစ္စဥ္ကပင္ ေသဒဏ္ထက္ ေလ်ာ့၍ အျပစ္ေပးရန္ အေၾကာင္းမျမင္ေၾကာင္း သိသည္ႏွင့္ ကၽြႏု္ပ္၏ ေနာက္ဆုံးႏႈတ္ဆက္ျခင္းအမည္ႏွင့္ ကဗ်ာတစ္ပုဒ္စပ္ခဲ့သည္။ ယင္းကဗ်ာမွာ အလြန္ေကာင္း၍ အမ်ိဳးသားဂႏၴဝင္စာေပစာရင္း ဝင္ ျဖစ္လာသည္။ ၁၈၉၆ ခုႏွစ္ ဒီဇင္ဘာလ ၃ဝ ရက္ေန႔ နံနက္ ၇ နာရီ တြင္ မ်ိဳးခ်စ္ေခါင္းေဆာင္ႀကီး ေဒါက္တာ ဟိုေဇးရီဇားအား ေသနတ္ျဖင့္ ပစ္၍ သတ္လိုက္ၾကသည္။ ရီဇား ကြယ္လြန္ၿပီးေနာက္ ႏွစ္ႏွစ္အၾကာတြင္ ဖိလစ္ပိုင္ႏိုင္ငံသည္ စပိန္တို႔၏ အုပ္ခ်ဳပ္မႈေအာက္မွ လြတ္ေျမာက္ခဲ့ေလသည္။


ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၁၁)

——————–

ဖိလစ်ပိုင် ရဲ့ လွတ်လပ်ရေးဗိသုကာကြီး (သို့) ဒေါက်တာ ဟိုဇေးရီဇား (unicode)

ဖိလစ်ပိုင်လွတ်လပ်ရေး အာဇာနည် ဒေါက်တာဟိုဇေးမာ ကားဒိုးရီဇားသည် ဆေးပညာရှင်၊ စာဆို၊ ဝတ္ထုရေးဆရာနှင့် ရုပ်လုံးထု ဆရာလည်း ဖြစ်သည်။ ဟိုဇေးရီဇားအား ၁၈၆၁ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ဖိလစ်ပိုင်ကျွန်းစု လားဂူနာနယ် ကာလမ်ဗာမြို့၌ ဖွားမြင်သည်။ ဖခင်ဖြစ်သူမှာ ပစ္စည်းဥစ္စာကုံလုံသော ဖရန်စစ္စကိုရီဇား မာကားဒိုးဖြစ်၍ မိခင်မှာ မနီလာ ကောလိပ်ကျောင်းထွက် ပညာတတ်အမျိုးသမီးတစ်ဦး ဖြစ်သည်။ မွေးချင်း ၁၁ ဦး ရှိသည့်အနက် ဟိုဇေးရီးဇားသည် ခုနစ်ယောက်မြောက်သား ဖြစ်သည်။

ငယ်စဉ်က ဦးလေး အယ်လဗာတိုကျောင်းတွင် ပညာ သင်ပြီးနောက်၊ မနီလာမြို့ နာမည်ကျော် အတီနီယိုဂျက်ဇူးအစ် သာသနာပြုကျောင်းသို့ ရွေ့ပြောင်းသင်ယူသည်။ ထိုကျောင်း၌ ပညာရပ်များကို စပိန်ဘာသာနှင့် ချည်း သင်ယူရသော်လည်း ရီဇားသည် စပိန်အရာရှိ သားသမီးများထက် အောက်ကျသည် ဟူ၍ မရှိရုံမက ဆုများပင် မကြာခဏ ဆွတ်ခူးခဲ့သည်။ အထက်တန်းပညာရပ်များကို ဆုံးခန်းတိုင် ထူးထူးချွန်ချွန် တတ်မြောက် ပြီးနောက် ရီဇားသည် ဆန်တိုတောမတ်ယူနီဗာ စီတီတွင် တက္ကသိုလ်ပညာများကို ဆက်လက်သင်ယူသည်။ ထို စဉ်အတွင်း အသက် ၁၈နှစ်အရွယ်တွင် လူကြီးများအတွက် ကျင်းပသော စာပေပြိုင်ပွဲ၌ ‘ဖိလစ်ပိုင်လူငယ်များ သို့’ အမည် ရှိ ကဗျာဖြင့် ပထမဆုကို ဆွတ်ခူးခဲ့သည်။ နောက်ထပ် စာပေ ပြိုင်ပွဲတစ်ခုတွင် ရီဇားသည် အမည်ဝှက်ဖြင့် ကဗျာရေးသား ယှဉ်ပြိုင်ရာ အကောင်းဆုံးကဗျာတစ်ပုဒ် ဖြစ်သော်လည်း ရေးသားသူသည် ဥရောပတိုက်သားမဟုတ်သည့်အတွက် ပထမ ဆုနှင့် လွဲခဲ့ရသည်။

ဖိလစ်ပိုင်ရှိ စပိန်အစိုးရ၏ လူမျိုးခွဲခြားသော စံနစ်ကို ရွံမုန်းသော ရီဇားသည် ၁၈၈၂ ခုနှစ်တွင် မနီလာမြို့မှ နာမည် လိမ်ဖြင့် ထွက်ခဲ့၍ စပိန်နိုင်ငံသို့ ရောက်ခဲ့သည်။ စပိန်နိုင်ငံ မဒရစ်ယူနီဗာစီတီတွင် ဆေးပညာ၊ သဘာဝတ္ထဗေဒနှင့် စာပေ ပညာရပ်များကို ဆည်းပူးသည်။ ၁၈၈၃ ခုနှစ်တွင် ဆေးပညာ အမ်ဒီဘွဲ့ထူးကို ဆွတ်ခူး၍၊ ၁၈၈၅ ခုနှစ်တွင် သဘာဝတ္ထဗေဒ နှင့် စာပေပညာဆိုင်ရာ ပါရဂူဘွဲ့ထူးများကို ရရှိသည်။ ထို နောက် ရီဇားသည် ဥရောပတိုက်အနှံ့အပြား လှည့်လည် သွား လာယင်း ပါရစ်၊ ဘာလင်၊ ဟိုက် ဒယ်ဗတ်၊ လိုက်ပဆစ် စသောမြို့များတွင် ဘာသာ စာပေအမျိုးမျိုးကို လေ့လာသင်ယူ သည်။ ဖိလစ်ပိုင်ကျွန်း၌ နေစဉ်ကပင် တားဂါးလော့စာ၊ စပိန် စာ၊ ဂရိစာနှင့် လက်တင်စာတို့ကို တတ်မြောက်ခဲ့သော ရီဇား သည် ဥရောပတိုက်၌နေထိုင်စဉ် ပြင်သစ်၊ အင်္ဂလိပ်၊ အီတာလျံ၊ ကက်တလန်၊ အာရဗီ၊ ဂျာမန်၊ ဟီဗြူနှင့် သက္ကတစာတို့ကို သင်ကြားတတ်မြောက်ပြန်သည်။ မည်သည့်ကျောင်း၌ဖြစ်စေ ရီဇားအား ကျောင်းအာဏာပိုင်များက လူချွန်တစ်ယောက်အဖြစ် အသိအမှတ်ပြုရသည်ချည်း ဖြစ်သည်။

၁၈၈၆ ခုနှစ်တွင် ရီဇားသည် သူ၏စာမျက်နှာ ၅ဝဝ ခန့် ရှိ ‘နိုလီမေတန်ဂါ’ကမ္ဘာကျော်ဝတ္ထုကြီးကို ဂျာမနီနိုင်ငံ ဘာလင် မြို့၌ ပုံနှိပ်ထုတ်ဝေသည်။ ယင်းဝတ္ထုတွင် ရှေးစပိန်နိုင်ငံ အလေ့ အထများ၊ မြေပိုင်ရှင် ရဟန်းများ၏ ဆိုးရွားပုံ၊ အကျဉ်းထောင် များတွင် နှိပ်စက်ပုံ၊ ဆင်းရဲသားများအပေါ်တွင် အစိုးရ ညှဉ်း ဆဲပုံ၊ မိန်းမသားများ ခိုကိုးရာမဲ့ဖြစ်ပုံ၊ ဖိလစ်ပိုင်အမျိုးသမီးတို့ မိဘသဘောတူသူကို ယူလေ့ရှိပုံ စသည်တို့ ပါဝင်သည်။ ထို့ပြင် ဖိလစ်ပိုင်တိုင်းရင်းသားတို့၏ စိတ်နေစိတ်ထား အကျိုး အပြစ် မှန်သမျှကို ကွင်းကွင်းကွက်ကွက် အချက်ကျကျ ထို ဝတ္ထုတွင် ဖွင့်ချထားလေသည်။ ယင်းစာအုပ်ကို ကုန်သေတ္တာ ကြီးကဲ့သို့ အယောင်ဆောင်ထုပ်ပိုးကာ ဖိလစ်ပိုင်ကျွန်းစုသို့ တင်ပို့ရာ စာအုပ်များ ရောက်ရှိသည်နှင့် လူအများ အလု အယက် ဝယ်ဖတ်ကြသည်။

ဖိလစ်ပိုင်လူထု ဇာတိမာန်တက် ကြွမှုကို ဖြစ်စေရုံမက အုပ်ချုပ်သူ စပိန်အစိုးရ၏ မတရား ပုံကို အကွင်းလိုက်ပေါ်စေသော ရီဇား၏ထိုစာအုပ်များကို အစိုးရက တွေ့ရာတွင် သိမ်းစေ အမိန့်ထုတ်ရလေသည်။ ၁၈၈၇ ခုနှစ် ဩဂုတ်လတွင် ရီဇားသည် နေရင်းဌာနီ ဖိလစ်ပိုင်ကျွန်းစုသို့ ခေတ္တပြန်ကာ၊ မျက်စိအလင်း မရရှာသော မိခင်ကြီး၏ မျက်စိကို ကိုယ်တိုင်ခွဲစိတ်ကုသပေးခဲ့သည်။ ဖိလစ်ပိုင်ကျွန်းသို့ ရီဇားရောက်သည်နှင့် တစ်ပြိုင်နက် စပိန် အစိုးရအာဏာပိုင်များသည် ရီဇား၏ လှုပ်ရှားမှုတို့ကို မျက်ခြေ ပြတ် မခံတော့ချေ။ ဖိလစ်ပိုင်ကျွန်းတွင် နေသမျှ ရီဇား၏ အသက်ကို စောင့်ရှောက်ရန် သက်တော်စောင့်တစ်ယောက် ရှိသင့်သည်ဟူသော စကားလုံးဖြင့် အချိုသွေးကာ ရီဇား၏ အသွားအလာအကြံအစည်ကို သိစေရန် အမြဲစုံထောက် ထည့် ပေးလေသည်။ ထိုအတွင်း၌ပင် ရီဇားသည် ဆင်းရဲသားနှင့် လူချမ်းသာတို့ ထမ်းဆောင်ရမည့် အခွန်များကို နှိုင်းရှည့် ဖော်ပြလျက် အခွန်ထမ်းများအား လက်မှတ်ရေးထိုး၍ အစိုးရထံ တင်ပို့ဆောင်ရွက်ပေးသည်။

ဆင်းရဲသားလူထုကို ရှေ့ဆောင်ရှေ့ရွက်ပြုကာ မျက်စိဖွင့် ပေးမှုကြောင့် စပိန်အစိုးရ အာဏာပိုင်များသည် ရီဇားအား ဖိလစ်ပိုင်မှ ထွက်သွားရန် အကြံပေးလေသည်။ ယင်းသို့ ယဉ်ကျေးစွာ အပြစ်ပေးလိုက်သောအခါ အနုနည်းဖြင့်သာ နိုင်ငံလွတ်လပ်ရေး ဆောင်ရွက်လိုသော ရီဇားသည် အကြံ ပေးချက်ကို မဖီဆန်ဘဲ လက်ခံကာ ၁၈၈၈ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ဖိလစ်ပိုင်မှ ထွက်ခွာခဲ့သည်။ ဂျပန်၊ အမေရိ ကန် စသော နိုင်ငံများဘက်မှလှည့်၍ အင်္ဂလန်ပြည် လန်ဒန်မြို့ သို့ ရောက်ရှိခဲ့သည်။ လန်ဒန်မြို့တွင်နေစဉ် ရီဇားသည် ‘သေခြင်း တရားကို အသိတရားဖြင့် အောင်ခြင်း’အမည်တပ်ထားသော ရုပ်လုံးအပါအဝင် ထင်ရှားသော ရုပ်လုံးများ ထုလုပ်သည်။

ထိုနောက် ၁၈၈၉ ခုနှစ်တွင် ပါရစ်မြို့သို့ ပြောင်း၍၊ ထိုမှ တစ်ဖန် ဗဲလဂျီယမ်နိုင်ငံ ဂင့်မြို့သို့ ၁၈၉၁ ခုနှစ်တွင် ပြောင်း ရွေ့သည်။ ထိုမြို့၌ပင် သူ၏ထင်ရှား၍ လူကြိုက်များသော ‘လောဘနိုင်ငံ’အမည်ရှိ ဒုတိယဝတ္ထုကြီး ရေးသားပြီးမြောက်၍ ပုံနှိပ်ထုတ်ဝေသည်။ယင်းစာအုပ်တွင် စပိန်အစိုးရ၏ကြမ်းကြုတ် ရက်စက်ပုံကို ဝတ္ထုအိမ်ဖွဲ့ကာ ရေးသားထား၍ မျိုးချစ်စိတ်များ တဖွားဖွား ပေါ်ပေါက်စေမည့် စကားအသုံးအနှုန်းတို့ဖြင့် စီကုံး ထားလေသည်။ ရီဇား၏ အပြုအမူတို့ကြောင့် စပိန်အစိုးရသည် ဖိလစ်ပိုင် နိုင်ငံရှိ ရီဇား၏ မိဘဆွေမျိုးသားချင်းတို့အား နှိပ်စက်ကလူ ပြုရုံမက ယင်းတို့ပိုင်အဆောက်အအုံမှန်သမျှကို မီးတိုက်လေ သည်။

ထိုသတင်းကို ကြားသိသော ရီဇားသည် ဖိလစ်ပိုင် ဘုရင်ခံချုပ်ထံ ဖိလစ်ပိုင်သို့ သူ့အား လွတ်လွတ်လပ်လပ် ပြန်လာခွင့်ပြုရန် စာရေးအကြောင်းကြားလိုက်သည်။ ဘုရင်ခံ ချုပ်ထံမှ တစ်စုံတစ်ရာ ဖမ်းဆီးခြင်း ပြုမည်မဟုတ်၊ ပြန်လာ ပါဆိုသည့် စာနှင့်တကွ နိုင်ငံကူးလက်မှတ်ပါ ရောက်လာသဖြင့် ဖိလစ်ပိုင်သို့ ၁၈၉၂ ခုနှစ် ဇွန်လတွင် ပြန်လာသည်။အနှိပ်စက် ခံရသော မိဘဆွေမျိုးသားချင်းတို့အတွက် ဘုရင်ခံထံ တိုင်တန်း ပြောဆိုသဖြင့် အားလုံး အနှိပ်စက်ခံဘဝမှ လွတ်ကင်းခဲ့ရသည်။ သို့ရာတွင် ရီဇားကိုကား အပြစ်မရရအောင် အပြစ်ရှာလျက် ရှိကြသည်။

ရီဇားသည် ဖိလစ်ပိုင်သားတို့ စည်းလုံးညီညွတ်မှုကို ရှေးရှုကာ ဖိလစ်ပိုင်အသင်းဟူ၍ အသင်းတစ်သင်း ထောင် သည်။ အသင်း၏ရည်ရွယ်ချက်မှာ အလောင်းအစား၊ သေရည် သေရက်နှင့် ရက်စက်မှုတို့ကို ရှောင်ကြဉ်ရန်၊ ဆင်းရဲသား များကို ထောက်ပံ့ရန်ဖြစ်သော်လည်း အစိုးရမူ သူပုန်အသင်းဟု ယူဆသည်။ အသင်း အင်အား ကြီးမားလာသည့်အခါ စပိန် ဘုရင်ခံချုပ်သည် ရီဇားအား တစ်စုံတစ်ရာ စစ်ဆေးမေးမြန်း ခြင်းမရှိဘဲ ဖို့ဆန် တီယာဂိုခံတပ်တွင် အကျဉ်းချထားလိုက် သည်။ ထိုနောက် မင်ဒနာအိုကျွန်း ဒါပီးတန်မြို့သို့ အကျယ် ချုပ်နှင့် ပို့လိုက်သည်။ အကျယ်ချုပ်နှင့် နေစဉ်ပင် ရီဇားသည် အခမဲ့ဆေးပေးခန်းနှင့် စာသင်ကျောင်း ဖွင့်လှစ်ခြင်း၊ ရေပေး လုပ်ငန်း တည်ဆောက်ခြင်း၊ ဥရောပရှိ မိတ်ဆွေသိပ္ပံပညာရှင် များအတွက် ရှားပါးသော အကောင် နမူနာများ ပေးပို့ခြင်း တို့ကို ပြုလေသည်။

ဒါပီးတန်၌ လေးနှစ်မျှ အကျယ်ချုပ်နှင့် နေရပြီးနောက် ကျူးဗားကျွန်းတွင် ကပ်ရောဂါများ ကျရောက်လာသောအခါ ဝတ္တရားသိသော ရီဇားသည် ဆရာဝန်တစ်ဦးအနေနှင့် သွား ရောက် အမှုထမ်းခွင့် တောင်းလေသည်။ အခွင့်ရ၍ ၁၈၉၆ ခုနှစ်တွင် ယင်းမှတစ်ဆင့် ကျူးဗားသို့သွားရန်အတွက် ဘာစီလိုနာမြို့သို့ ထွက်ခွာခဲ့သည်။ ထိုအတွင်း ဗိုနိုဗာစီယိုဆိုသူ ခေါင်းဆောင်သော ကာတိပူနန် သူပုန်မှုကြီး ပေါ်ပေါက်လာရာ အခွင့်ကောင်း ရှာနေသော စပိန်အစိုးရအာဏာပိုင်တို့သည် ဘာစီလိုနာသို့အသွား သင်္ဘောဖြင့် ဆူးအက်မြို့သို့ ရောက်လာ သော ဒေါက်တာရီဇားအား သူပုန်လှုံ့ဆော်သူဟု စွပ်စွဲကာ ကြေးနန်းဖြင့် ဖမ်းပြီးလျှင် အမိန့်ပို့ လိုက်သည်။ ရီဇားအား ဆူးအက်မြို့တွင် ဖမ်းပြီးလျှင် မနီလာမြို့သို့ခေါ်ခဲ့ကာ ကာတိ ပူနန် သူပုန်အသင်းဝင်ဟူသော စွဲချက်ဖြင့် အထူးစစ်ဘက် ဆိုင်ရာရုံးတွင် တရားစွဲဆို စစ်ဆေးသည်။ ရုံးတော်မှ တစ်ဖက် သတ် စီရင်ချက်ချကာ ထိုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ၂၄ နာရီအတွင်း သေနတ်နှင့် ပစ်သတ်ရန် အမိန့်ချမှတ် လိုက်သည်။

ရီဇားသည် အမှုစစ်စဉ်ကပင် သေဒဏ်ထက် လျော့၍ အပြစ်ပေးရန် အကြောင်းမမြင်ကြောင်း သိသည်နှင့် ကျွန်ုပ်၏ နောက်ဆုံးနှုတ်ဆက်ခြင်းအမည်နှင့် ကဗျာတစ်ပုဒ်စပ်ခဲ့သည်။ ယင်းကဗျာမှာ အလွန်ကောင်း၍ အမျိုးသားဂန္ထဝင်စာပေစာရင်း ဝင် ဖြစ်လာသည်။ ၁၈၉၆ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်နေ့ နံနက် ၇ နာရီ တွင် မျိုးချစ်ခေါင်းဆောင်ကြီး ဒေါက်တာ ဟိုဇေးရီဇားအား သေနတ်ဖြင့် ပစ်၍ သတ်လိုက်ကြသည်။ ရီဇား ကွယ်လွန်ပြီးနောက် နှစ်နှစ်အကြာတွင် ဖိလစ်ပိုင်နိုင်ငံသည် စပိန်တို့၏ အုပ်ချုပ်မှုအောက်မှ လွတ်မြောက်ခဲ့လေသည်။

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)

Leave a Reply