ခ်စ္သူခင္သူေတြၾကား ျပသနာေတြျဖစ္တဲ့အခါ ဒီေဆးနဲ႔ကုပါ

Posted on

ေရးသားသူ – ေခ်ာ(အစိမ္းေရာင္လြင္ျပင္)

တစ္ရက္မွာ လူမႈေရးရာကိစၥမ်ားကို အတိုင္ပင္ခံ အၾကံေပးေနတဲ႔ အဖြဲ႔တစ္ခုရဲ႕ ရံုးခန္းဆီကို အိမ္ေထာင္သက္ ႏွစ္ အနည္းငယ္ရွိျပီျဖစ္တဲ႔ လင္မယားႏွစ္ေယာက္ ေရာက္လာၾကကာ သူတို႕ ႏွစ္ဦးသားရဲ႕ မေျပမလည္ ျဖစ္ေနတဲ႔ အိမ္ေထာင္ေရး၊ ေအးစက္ေနတဲ႔ ဆက္ဆံေရး အေၾကာင္းကို ေျပာျပ တိုင္ပင္ေဆြးေႏြးျပီး အၾကံဥာဏ္ေတာင္းခံဖို႔အတြက္ ေရာက္လာၾကပါတယ္။ ခပ္က်ဥ္းက်ဥ္း အခန္းတစ္ခုတြင္းက အၾကံေပးျဖစ္သူရဲ႕ စားပြဲေရွ႕က ခံုတစ္လံုးစီမွာ ထိုင္လုိက္ၾကျပီးေနာက္မွာဘဲ ႏွစ္ဦးစလံုးက သူတို႕ႏွစ္ေယာက္ အိမ္ေထာင္ေရးမွာ ျဖစ္ပ်က္ေနတဲ႔ အေျခအေနေတြကို သူ႕ထက္ငါ ဦးေအာင္ ေျပာျပၾကပါေတာ႔တယ္။ ေျပာေနသမွ် စကားေတြမွာ သူတို႕ႏွစ္ဦးစလံုးဟာ တစ္ေယာက္ရဲ႕ အျပစ္ကို တစ္ေယာက္က ပံုခ်ေျပာဆိုေနၾကတာဘဲ ျဖစ္ပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ အျပစ္ေတြ ျမင္ေနၾကတာ ဘယ္ေလာက္ေတာင္ မ်ားတယ္ဆိုရင္ အလုအယက္ေျပာေနၾကတာဟာ အသက္ေတာင္ မရွဴၾကဘူးလို႔ေတာင္ ထင္ရပါတယ္။

အခ်ိန္အေတာ္ၾကာျပီးတဲ႔ ေနာက္ဆံုးမွာမွ သူ႕ထက္ငါ ဦးေအာင္ ျပစ္တင္ ေျပာဆိုေနၾကတာကို ေမာပန္းလာဟန္နဲ႔ ရပ္လိုက္ၾကပါေတာ႔တယ္။ သူတို႕ကိုၾကည္႔ရတာ ဒီေတာ႕မွဘဲ အသက္ဝဝ ရွဴေနၾကရပံု ေပၚပါတယ္။ သူတို႕စကားသံ ရပ္သြားေတာ႔မွ အၾကံေပးသူက

“ကဲ.. ခင္ဗ်ားတို႔ ႏွစ္ေယာက္စလံုး တစ္ေယာက္ရဲ႕ အျပစ္ေတြ၊ မေကာင္းတဲ႔အခ်က္ေတြကို တစ္ေယာက္နဲ႔တစ္ေယာက္ အျပိဳင္အဆိုင္ ေျပာဆိုျပီးၾကလို႔ ကုန္ေလာက္ျပီထင္ပါတယ္။ ဒီလိုဆိုရင္ ခုခ်ိန္က စျပီး ခင္ဗ်ားတို႔ ႏွစ္ေယာက္ရဲ႕ တစ္ေယာက္စီမွာ ရွိတဲ႔ ေကာင္းကြက္ေလးေတြကို ျမင္တဲ႔အတိုင္း ေျပာၾကည္႔ၾကစို႔လားဗ်ာ”

အဲဒီစကားသံအဆံုးမွာ လင္မယား ႏွစ္ေယာက္ၾကား လံုးဝတိတ္ဆိတ္သြားခဲ႔ပါတယ္။ ဘာသံမွ ဆက္ျပီး ထြက္မလာေတာ႔ပါဘူး။ အခ်ိန္အေတာ္ၾကာတဲ႔အထိလည္း ဘယ္သူကမွ စျပီး စကားမေျပာေတာ႔ပါဘူး။ အၾကံေပးျဖစ္သူကလည္း စကားမေျပာဘဲ သူတို႔ႏွစ္ဦးကိုသာ စိုက္ၾကည္႔ျပီး အကဲခတ္ေနတဲ႔အတြက္ အခန္းတစ္ခုလံုး တိတ္ဆိတ္ျငိမ္သက္ျခင္းနဲ႔ ေအးစက္မႈန္မိႈင္းျခင္မ်ားသာ လြမ္းမိုးလို႔ေနပါတယ္။

မိနစ္အနည္းငယ္ၾကာတဲ႔အထိ ဘယ္သူကမွ စျပီးမေျပာလာတဲ႔အတြက္ အၾကံေပးသူက ထိုလင္မယားႏွစ္ေယာက္ကို ေဘာလ္ပင္ တစ္ေယာက္တစ္ေခ်ာင္းစီနဲ႔ စာရြက္တစ္ရြက္စီ ေပးလိုက္ပါတယ္။ ျပီးေတာ႔မွ “ခင္ဗ်ားတုိ႔ႏွစ္ေယာက္ၾကားက တစ္ေယာက္ရဲ႕ ေကာင္းကြက္ကို တစ္ေယာက္က ပါးစပ္နဲ႔ ထုတ္ေျပာျပဖို႔ ခက္ခဲေနတယ္ဆိုရင္လည္း ဒီစာရြက္ေပၚမွာ ခ်ေရးေပးပါ” လို႔ ေျပာလိုက္ပါတယ္။ စာရြက္နဲ႔ ေဘာလ္ပင္ကိုယ္စီ လက္ထဲေရာက္လာေပမဲ႔ ႏွစ္ဦးစလံုးဟာ ဘယ္သူကမွ ခ်မေရးၾကပါဘူး.. ငုတ္တုတ္ထိုင္ျပီး လက္ထဲက စာရြက္ကို ႏွစ္ဦးသား စိုက္ၾကည္႔လို႔သာ ေနၾကပါတယ္။

အခ်ိန္အတန္ၾကာတဲ႔အထိေတာင္ ဘယ္သူကမွ တုတ္တုတ္ မလႈပ္ပါဘူး။ အၾကံေပးျဖစ္သူကလည္း ေနာက္ထပ္ ဘာမွ မတိုက္တြန္းဘဲ သူတို႔ႏွစ္ဦးကို ဒီအတိုင္းသာ ၾကည္႔ေနခဲ႔ပါတယ္။ မၾကာခင္မွာဘဲ လင္ေယာက်္ားျဖစ္သူဟာ ေခါင္းငံု႕လိုက္ျပီး စာရြက္ေပၚကို တစ္စံုတစ္ခုကိုခ်ေရးပါေတာ႔တယ္။ ေယာက္်ားျဖစ္သူ ေဘာလ္ပင္ေကာက္ကိုင္ျပီး ေရးတာကိုျမင္လိုက္ေတာ႔မွ မယားျဖစ္သူကလည္း ေဒါသတၾကီးနဲ႔ စာရြက္ကိုဆြဲယူကာ ခပ္ၾကမ္းၾကမ္းနဲ႔ ျမန္ျမန္ဆန္ဆန္ ေရးျခစ္ပါေတာ႔တယ္။

မၾကာခင္မွာ ႏွစ္ဦးစလံုးဟာ ေရးေနတာကို ရပ္လိုက္ၾကျပီး စကားတစ္ခြန္းမွ ဆက္မေျပာဘဲ ျငိမ္သက္ေနၾကပါတယ္။ အခန္းကေလးထဲမွာေတာ႔ ဘာသံမွ မၾကားရေတာ႔ဘဲ လူသံုးဦးအၾကား ျပန္လည္တိတ္ဆိတ္ ျငိမ္သက္သြားခဲ႔႔ပါတယ္။

ခဏအၾကာမွာ မယားျဖစ္သူက သူမ ေရးျခစ္ထားတဲ႔စာရြက္ကို အၾကံေပးသူေရွ႕ကို တြန္းပို႔လိုက္ပါတယ္။ သို႕ေသာ္လည္း အၾကံေပးသူက သူမ ေဘးက လင္ေယာက်္ားျဖစ္သူထံကိုသာ ထိုစာရြက္ကို ေပးလိုက္ဖို႔ အရိပ္အကဲျပပါတယ္။ မယားျဖစ္သူက အင္တင္တင္ျဖင္႔ စာရြက္ကို သူတို႕ လင္မယားႏွစ္ေယာက္ၾကားက ကြက္လပ္ေရွ႕ကိုသာ တြန္းေပးလိုက္ပါတယ္။ ေယာက်္ားျဖစ္သူက သူ႕စာရြက္ကိုလည္း မယားေရွ႕ကို တြန္းပို႕လိုက္ျပီး မိန္းမျဖစ္သူရဲ႕ စာရြက္ကို ဆြဲယူလိုက္ကာ စာရြက္ေပၚက အေၾကာင္းအရာေတြကို စဖတ္ပါတယ္။ မိန္းမျဖစ္သူကလည္း ေယာက်္ားရဲ႕ စာရြက္ကို ကဗ်ာကယာ ဆြဲယူလိုက္ျပီး ဘာေတြေရးထားမလဲ သိလိုစိတ္ျဖင္႔ ဖတ္ပါေတာ႔တယ္။

အၾကံေပးသူကလည္း စကားတစ္ခြန္းမွ မေျပာေတာ႔ဘဲ သူတို႕ႏွစ္ဦးကို တိတ္ဆိတ္စြာ ေစာင္႔ၾကည္႔ေနခဲ႔ပါတယ္။

မၾကာခင္မွာ စာဖတ္ေနတဲ႔ အမ်ိဳးသမီးရဲ႕ ပါးျပင္ေပၚကို မ်က္ရည္ေတြ စီးက်လာပါေတာ႔တယ္။ သူမရဲ႕လက္ထဲမွာေတာ႔ သူ႕ေယာက်္ားရဲ႕လက္ေရးေတြပါတဲ႔ စာရြက္ကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္လို႕ ထားပါတယ္။ စာရြက္ေပၚမွာ သူမရဲ႕ ေကာင္းတဲ႔အခ်က္ေလးေတြကို ေယာက်္ားျဖစ္သူက ေရးထားခဲ႔မယ္ဆိုတာ မလြဲႏိုင္ပါဘူး။ အမ်ိဳးသမီးအတြက္ ေယာက်္ားျဖစ္သူက သူမရဲ႕ ေကာင္းကြက္ေလးေတြကို ခ်ီးက်ဳးထားတဲ႔ စာရြက္ေလးထဲက အေၾကာင္းအရာေတြဟာ သူမရဲ႕ႏွလံုးသားကို ႏူးညံ႕စြာ ထိခိုက္ ခံစားသြားေစခဲ႔ဟန္ တူပါတယ္။ ေယာက်္ားျဖစ္သူဟာလည္း အမ်ိဳးသမီးရဲ႕ စာရြက္ေလးကို ဖတ္ျပီး မ်က္ရည္မက်ေသာ္လည္း ေအာက္မ်က္ဝန္းမ်ား တစ္ဆတ္ဆတ္ လႈပ္ခုန္ေနတာကို ၾကည္႔ခ်င္းအားျဖင္႔ သူကိုယ္တိုင္လည္း ထိခိုက္ခံစားေနရဟန္ တူပါတယ္။

အခန္းတြင္းရဲ႕ အေျခကေနဟာ ထိုလင္မယားစံုတဲြ ဝင္လာကာစ အေျခအေနနဲ႔ မတူေတာ႔ဘဲ ေျပာင္းလဲသြားလို႔ သြားပါျပီ။ ေအးစက္စက္ မႈန္မိႈင္းမိႈင္း အခန္းေလးဟာ တေျဖးေျဖးနဲ႔ ေႏြးေထြးလို႔လာျပီး ေနခ်င္႔စဖြယ္ျဖစ္လာခဲ႔ပါတယ္။ အၾကံေပးသူဟာ ယခုအခ်ိန္မွာေတာ႔ ထိုလင္မယားႏွစ္ဦးၾကားမွာ ဘယ္လိုစကားတစ္ခြန္းကိုမွ ဆက္ေျပာဖို႔ မလိုေတာ႔ဘူးဆိုတာ သေဘာေပါက္ နားလည္လိုက္ပါတယ္။ သူတို႔ လင္မယားႏွစ္ေယာက္ဟာ တစ္ေယာက္ရဲ႕ အျပစ္ေတြကို တစ္ေယာက္က အျမဲတမ္း ျပစ္တင္ ေျပာဆိုေနျခင္းသာ ရွိခဲ႔ၾကျပီး တစ္ဦးရဲ႕ ေကာင္းကြက္ကို တစ္ဦးက ေျပာဆို ခ်ီးမြမ္းဖို႔ ေမ႔ေလ်ာ႕ေနခဲ႔ၾကဟန္ တူပါတယ္။ အဲဒီလိုနဲ႔ ႏွစ္ဦးသားရဲ႕ၾကားက ဆက္ဆံေရးဟာ ေအးခဲလာခဲ႔ၾကဟန္ ရွိပါတယ္။ ခုခ်ိန္မွာေတာ႔ ႏွစ္ဦးစလံုးရဲ႕ ေကာင္းကြက္မ်ားကို ခ်ီးမြမ္းထားတဲ႔ စာရြက္ကေလးမ်ားက သူတို႔ႏွစ္ဦးၾကားက ေအးစက္ေနတဲ႔ ခ်စ္ျခင္းေမတၱာကို ျပန္လည္ေႏြးေထြးေစခဲ႔ပါျပီ။

လင္မယား၊ ခ်စ္သူစံုတြဲေတြ တစ္ေယာက္နဲ႔တစ္ေယာက္ၾကားမွာ တစ္ေယာက္ရဲ႕ ေကာင္းကြက္မ်ားကို တစ္ေယာက္က ၾကည္႔ျမင္တတ္ကာ ခ်ီးမြမ္း ေျပာဆိုျခင္းဟာလည္း မျဖစ္မေန ျပဳလုပ္သင္႔ေၾကာင္းကို အတိုင္ပင္ခံျဖစ္သူက ေကာင္းမြန္စြာ နားလည္ေနခဲ႔ပါတယ္။ လင္မယားႏွစ္ေယာက္ဟာ စာရြက္ကေလးေတြကို လက္တစ္ဖက္က တင္းတင္းဆုပ္ကိုင္ျပီး အျခားလက္တစ္ဖက္ျဖင္႔ တစ္ေယာက္လက္ကို တစ္ေယာက္တြဲကာ အခန္းထဲမွ ၾကည္ၾကည္ႏူးႏူး ထြက္ခြာသြားၾကတာကို ပီတိအျပံဳးနဲ႔ ေငးၾကည္႔ရင္း က်န္ရစ္ခဲ႔ပါေတာ႔တယ္။

လူတစ္ဦး၏ ေကာင္းကြက္မ်ားကို ခ်ီးမြမ္းေျပာဆိုျခင္းသည္ ထိုသူ၏ ႏွလံုးသားတြင္းမွ ဒဏ္ရာမ်ားစြာတို႔ကို ကုစားေပးႏိုင္စြမ္းရွိေသာ ေဆးေကာင္းတစ္လက္ ျဖစ္ေလသည္။

To heal a thousand wounds
( Carlos Valles) ကို ဘာသာျပန္ပါသည္။

 ေခ်ာ(အစိမ္းေရာင္လြင္ျပင္)

———————-

ချစ်သူခင်သူတွေကြား ပြသနာတွေဖြစ်တဲ့အခါ ဒီဆေးနဲ့ကုပါ (unicode)

ရေးသားသူ – ချော(အစိမ်းရောင်လွင်ပြင်)

တစ်ရက်မှာ လူမှုရေးရာကိစ္စများကို အတိုင်ပင်ခံ အကြံပေးနေတဲ့ အဖွဲ့တစ်ခုရဲ့ ရုံးခန်းဆီကို အိမ်ထောင်သက် နှစ် အနည်းငယ်ရှိပြီဖြစ်တဲ့ လင်မယားနှစ်ယောက် ရောက်လာကြကာ သူတို့ နှစ်ဦးသားရဲ့ မပြေမလည် ဖြစ်နေတဲ့ အိမ်ထောင်ရေး၊ အေးစက်နေတဲ့ ဆက်ဆံရေး အကြောင်းကို ပြောပြ တိုင်ပင်ဆွေးနွေးပြီး အကြံဥာဏ်တောင်းခံဖို့အတွက် ရောက်လာကြပါတယ်။ ခပ်ကျဉ်းကျဉ်း အခန်းတစ်ခုတွင်းက အကြံပေးဖြစ်သူရဲ့ စားပွဲရှေ့က ခုံတစ်လုံးစီမှာ ထိုင်လိုက်ကြပြီးနောက်မှာဘဲ နှစ်ဦးစလုံးက သူတို့နှစ်ယောက် အိမ်ထောင်ရေးမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို သူ့ထက်ငါ ဦးအောင် ပြောပြကြပါတော့တယ်။ ပြောနေသမျှ စကားတွေမှာ သူတို့နှစ်ဦးစလုံးဟာ တစ်ယောက်ရဲ့ အပြစ်ကို တစ်ယောက်က ပုံချပြောဆိုနေကြတာဘဲ ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြစ်တွေ မြင်နေကြတာ ဘယ်လောက်တောင် များတယ်ဆိုရင် အလုအယက်ပြောနေကြတာဟာ အသက်တောင် မရှူကြဘူးလို့တောင် ထင်ရပါတယ်။

အချိန်အတော်ကြာပြီးတဲ့ နောက်ဆုံးမှာမှ သူ့ထက်ငါ ဦးအောင် ပြစ်တင် ပြောဆိုနေကြတာကို မောပန်းလာဟန်နဲ့ ရပ်လိုက်ကြပါတော့တယ်။ သူတို့ကိုကြည့်ရတာ ဒီတော့မှဘဲ အသက်ဝဝ ရှူနေကြရပုံ ပေါ်ပါတယ်။ သူတို့စကားသံ ရပ်သွားတော့မှ အကြံပေးသူက

“ကဲ.. ခင်ဗျားတို့ နှစ်ယောက်စလုံး တစ်ယောက်ရဲ့ အပြစ်တွေ၊ မကောင်းတဲ့အချက်တွေကို တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင် ပြောဆိုပြီးကြလို့ ကုန်လောက်ပြီထင်ပါတယ်။ ဒီလိုဆိုရင် ခုချိန်က စပြီး ခင်ဗျားတို့ နှစ်ယောက်ရဲ့ တစ်ယောက်စီမှာ ရှိတဲ့ ကောင်းကွက်လေးတွေကို မြင်တဲ့အတိုင်း ပြောကြည့်ကြစို့လားဗျာ”

အဲဒီစကားသံအဆုံးမှာ လင်မယား နှစ်ယောက်ကြား လုံးဝတိတ်ဆိတ်သွားခဲ့ပါတယ်။ ဘာသံမှ ဆက်ပြီး ထွက်မလာတော့ပါဘူး။ အချိန်အတော်ကြာတဲ့အထိလည်း ဘယ်သူကမှ စပြီး စကားမပြောတော့ပါဘူး။ အကြံပေးဖြစ်သူကလည်း စကားမပြောဘဲ သူတို့နှစ်ဦးကိုသာ စိုက်ကြည့်ပြီး အကဲခတ်နေတဲ့အတွက် အခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်ခြင်းနဲ့ အေးစက်မှုန်မှိုင်းခြင်များသာ လွမ်းမိုးလို့နေပါတယ်။

မိနစ်အနည်းငယ်ကြာတဲ့အထိ ဘယ်သူကမှ စပြီးမပြောလာတဲ့အတွက် အကြံပေးသူက ထိုလင်မယားနှစ်ယောက်ကို ဘောလ်ပင် တစ်ယောက်တစ်ချောင်းစီနဲ့ စာရွက်တစ်ရွက်စီ ပေးလိုက်ပါတယ်။ ပြီးတော့မှ “ခင်ဗျားတို့နှစ်ယောက်ကြားက တစ်ယောက်ရဲ့ ကောင်းကွက်ကို တစ်ယောက်က ပါးစပ်နဲ့ ထုတ်ပြောပြဖို့ ခက်ခဲနေတယ်ဆိုရင်လည်း ဒီစာရွက်ပေါ်မှာ ချရေးပေးပါ” လို့ ပြောလိုက်ပါတယ်။ စာရွက်နဲ့ ဘောလ်ပင်ကိုယ်စီ လက်ထဲရောက်လာပေမဲ့ နှစ်ဦးစလုံးဟာ ဘယ်သူကမှ ချမရေးကြပါဘူး.. ငုတ်တုတ်ထိုင်ပြီး လက်ထဲက စာရွက်ကို နှစ်ဦးသား စိုက်ကြည့်လို့သာ နေကြပါတယ်။

အချိန်အတန်ကြာတဲ့အထိတောင် ဘယ်သူကမှ တုတ်တုတ် မလှုပ်ပါဘူး။ အကြံပေးဖြစ်သူကလည်း နောက်ထပ် ဘာမှ မတိုက်တွန်းဘဲ သူတို့နှစ်ဦးကို ဒီအတိုင်းသာ ကြည့်နေခဲ့ပါတယ်။ မကြာခင်မှာဘဲ လင်ယောက်ျားဖြစ်သူဟာ ခေါင်းငုံ့လိုက်ပြီး စာရွက်ပေါ်ကို တစ်စုံတစ်ခုကိုချရေးပါတော့တယ်။ ယောက်ျားဖြစ်သူ ဘောလ်ပင်ကောက်ကိုင်ပြီး ရေးတာကိုမြင်လိုက်တော့မှ မယားဖြစ်သူကလည်း ဒေါသတကြီးနဲ့ စာရွက်ကိုဆွဲယူကာ ခပ်ကြမ်းကြမ်းနဲ့ မြန်မြန်ဆန်ဆန် ရေးခြစ်ပါတော့တယ်။

မကြာခင်မှာ နှစ်ဦးစလုံးဟာ ရေးနေတာကို ရပ်လိုက်ကြပြီး စကားတစ်ခွန်းမှ ဆက်မပြောဘဲ ငြိမ်သက်နေကြပါတယ်။ အခန်းကလေးထဲမှာတော့ ဘာသံမှ မကြားရတော့ဘဲ လူသုံးဦးအကြား ပြန်လည်တိတ်ဆိတ် ငြိမ်သက်သွားခဲ့ပါတယ်။

ခဏအကြာမှာ မယားဖြစ်သူက သူမ ရေးခြစ်ထားတဲ့စာရွက်ကို အကြံပေးသူရှေ့ကို တွန်းပို့လိုက်ပါတယ်။ သို့သော်လည်း အကြံပေးသူက သူမ ဘေးက လင်ယောက်ျားဖြစ်သူထံကိုသာ ထိုစာရွက်ကို ပေးလိုက်ဖို့ အရိပ်အကဲပြပါတယ်။ မယားဖြစ်သူက အင်တင်တင်ဖြင့် စာရွက်ကို သူတို့ လင်မယားနှစ်ယောက်ကြားက ကွက်လပ်ရှေ့ကိုသာ တွန်းပေးလိုက်ပါတယ်။ ယောက်ျားဖြစ်သူက သူ့စာရွက်ကိုလည်း မယားရှေ့ကို တွန်းပို့လိုက်ပြီး မိန်းမဖြစ်သူရဲ့ စာရွက်ကို ဆွဲယူလိုက်ကာ စာရွက်ပေါ်က အကြောင်းအရာတွေကို စဖတ်ပါတယ်။ မိန်းမဖြစ်သူကလည်း ယောက်ျားရဲ့ စာရွက်ကို ကဗျာကယာ ဆွဲယူလိုက်ပြီး ဘာတွေရေးထားမလဲ သိလိုစိတ်ဖြင့် ဖတ်ပါတော့တယ်။

အကြံပေးသူကလည်း စကားတစ်ခွန်းမှ မပြောတော့ဘဲ သူတို့နှစ်ဦးကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့ပါတယ်။

မကြာခင်မှာ စာဖတ်နေတဲ့ အမျိုးသမီးရဲ့ ပါးပြင်ပေါ်ကို မျက်ရည်တွေ စီးကျလာပါတော့တယ်။ သူမရဲ့လက်ထဲမှာတော့ သူ့ယောက်ျားရဲ့လက်ရေးတွေပါတဲ့ စာရွက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လို့ ထားပါတယ်။ စာရွက်ပေါ်မှာ သူမရဲ့ ကောင်းတဲ့အချက်လေးတွေကို ယောက်ျားဖြစ်သူက ရေးထားခဲ့မယ်ဆိုတာ မလွဲနိုင်ပါဘူး။ အမျိုးသမီးအတွက် ယောက်ျားဖြစ်သူက သူမရဲ့ ကောင်းကွက်လေးတွေကို ချီးကျုးထားတဲ့ စာရွက်လေးထဲက အကြောင်းအရာတွေဟာ သူမရဲ့နှလုံးသားကို နူးညံ့စွာ ထိခိုက် ခံစားသွားစေခဲ့ဟန် တူပါတယ်။ ယောက်ျားဖြစ်သူဟာလည်း အမျိုးသမီးရဲ့ စာရွက်လေးကို ဖတ်ပြီး မျက်ရည်မကျသော်လည်း အောက်မျက်ဝန်းများ တစ်ဆတ်ဆတ် လှုပ်ခုန်နေတာကို ကြည့်ချင်းအားဖြင့် သူကိုယ်တိုင်လည်း ထိခိုက်ခံစားနေရဟန် တူပါတယ်။

အခန်းတွင်းရဲ့ အခြေကနေဟာ ထိုလင်မယားစုံတွဲ ဝင်လာကာစ အခြေအနေနဲ့ မတူတော့ဘဲ ပြောင်းလဲသွားလို့ သွားပါပြီ။ အေးစက်စက် မှုန်မှိုင်းမှိုင်း အခန်းလေးဟာ တဖြေးဖြေးနဲ့ နွေးထွေးလို့လာပြီး နေချင့်စဖွယ်ဖြစ်လာခဲ့ပါတယ်။ အကြံပေးသူဟာ ယခုအချိန်မှာတော့ ထိုလင်မယားနှစ်ဦးကြားမှာ ဘယ်လိုစကားတစ်ခွန်းကိုမှ ဆက်ပြောဖို့ မလိုတော့ဘူးဆိုတာ သဘောပေါက် နားလည်လိုက်ပါတယ်။ သူတို့ လင်မယားနှစ်ယောက်ဟာ တစ်ယောက်ရဲ့ အပြစ်တွေကို တစ်ယောက်က အမြဲတမ်း ပြစ်တင် ပြောဆိုနေခြင်းသာ ရှိခဲ့ကြပြီး တစ်ဦးရဲ့ ကောင်းကွက်ကို တစ်ဦးက ပြောဆို ချီးမွမ်းဖို့ မေ့လျော့နေခဲ့ကြဟန် တူပါတယ်။ အဲဒီလိုနဲ့ နှစ်ဦးသားရဲ့ကြားက ဆက်ဆံရေးဟာ အေးခဲလာခဲ့ကြဟန် ရှိပါတယ်။ ခုချိန်မှာတော့ နှစ်ဦးစလုံးရဲ့ ကောင်းကွက်များကို ချီးမွမ်းထားတဲ့ စာရွက်ကလေးများက သူတို့နှစ်ဦးကြားက အေးစက်နေတဲ့ ချစ်ခြင်းမေတ္တာကို ပြန်လည်နွေးထွေးစေခဲ့ပါပြီ။

လင်မယား၊ ချစ်သူစုံတွဲတွေ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ တစ်ယောက်ရဲ့ ကောင်းကွက်များကို တစ်ယောက်က ကြည့်မြင်တတ်ကာ ချီးမွမ်း ပြောဆိုခြင်းဟာလည်း မဖြစ်မနေ ပြုလုပ်သင့်ကြောင်းကို အတိုင်ပင်ခံဖြစ်သူက ကောင်းမွန်စွာ နားလည်နေခဲ့ပါတယ်။ လင်မယားနှစ်ယောက်ဟာ စာရွက်ကလေးတွေကို လက်တစ်ဖက်က တင်းတင်းဆုပ်ကိုင်ပြီး အခြားလက်တစ်ဖက်ဖြင့် တစ်ယောက်လက်ကို တစ်ယောက်တွဲကာ အခန်းထဲမှ ကြည်ကြည်နူးနူး ထွက်ခွာသွားကြတာကို ပီတိအပြုံးနဲ့ ငေးကြည့်ရင်း ကျန်ရစ်ခဲ့ပါတော့တယ်။

လူတစ်ဦး၏ ကောင်းကွက်များကို ချီးမွမ်းပြောဆိုခြင်းသည် ထိုသူ၏ နှလုံးသားတွင်းမှ ဒဏ်ရာများစွာတို့ကို ကုစားပေးနိုင်စွမ်းရှိသော ဆေးကောင်းတစ်လက် ဖြစ်လေသည်။

To heal a thousand wounds
( Carlos Valles) ကို ဘာသာပြန်ပါသည်။

ချော(အစိမ်းရောင်လွင်ပြင်)

Leave a Reply