ကုိယ္ထူးကုိယ္ခြ်န္ သူေဌးႀကီး ဦးနာေအာက္

Posted on

ဦးနာေအာက္ဟု ဆုိလုိက္လွ်င္ မ်ဳိးခ်စ္စိတ္ျပည့္၀သူ ၊ အမ်ဳိးအတြက္ အင္အားႀကီးမားလွေသာ ၿဗိတိသွ်သေဘၤာကုမၸဏီႏွင့္ ယွဥ္ၿပဳိင္၀ံ့သူအျဖစ္အားလုံး သိၾကမွာပါ။

ဦးနာေအာက္ကုိ ဖားအံၿမဳိ႕နယ္ ခရဲရြာတြင္ ၁၈၃၃ ခုႏွစ္၌ ေမြးဖြားခဲ့သည္။ ငယ္နာမည္ ေမာင္ေအာ့(က္) ျဖစ္ၿပီး မိဘမ်ားမွာ မြန္တုိင္းရင္းသားမ်ားျဖစ္သည္။ ေမာင္ေအာ့(က္) ကုိ မြန္ဘုန္းေတာ္ႀကီးေက်ာင္းတြင္ ပညာသင္ေစခဲ့သျဖင့္ မြန္စာကုိ အေတာ္အတန္နားလည္တတ္ကြ်မ္းၿပီး ျမန္မာစာကုိမႈ ထမင္းစား ေရေသာက္မွ် တတ္ကြ်မ္းသည္။ မိဘမ်ားမွာ ဆင္းရဲလြန္းသျဖင့္ စာအနည္းငယ္မွ်တတ္ကြ်မ္းၿပီးသည့္အခါ ေက်ာင္းထြက္ၿပီး ကြ်ဲ ၊ ႏြားအငွားထိန္းေက်ာင္းေသာ အလုပ္ကုိ လုပ္ၿပီး မိဘမ်ားကုိ ေထာက္ပံ့သည္။ ထုိ႔ေနာက္ လယ္ထြန္ျခင္း ၊ သစ္လုပ္ငန္းတြင္ အလုပ္ၾကမ္းသမား စသည့္အလုပ္မ်ားကုိ လုပ္ခဲ့သည္။ ထုိအခ်ိန္တြင္ အသက္ ၃၅ႏွစ္ခန္႔ရွိၿပီျဖစ္သည္။ အလုပ္လုပ္ရာတြင္ ေစတနာပါသည္ ၊ ရုိးသားေျဖာင့္မတ္ၿပီး တာ၀န္ေက်သျဖင့္ အလုပ္သမားေခါင္းရာထူးကို သူေဌးဦးေထာ္အာက ခန္႔သည္။

ကုိေအာက္သည္ ရရွိေသာေငြမ်ားကုိ အပုိတစ္ျပားမွ မသုံးစြဲပဲ စုသည္။ ၁၅ႏွစ္မွ် လုပ္၍ အသက္ ၅၀ အရြယ္ေရာက္ေသာအခါ စုထားသမွ်ေငြမ်ားကို သူေဌးထံတြင္အပ္ကာ မိမိအား သစ္ေခါင္းလုပ္ငန္းတစ္ခု ခြဲေ၀လုပ္ကုိင္ခြင့္ေပးရန္ ေတာင္းခဲ့သည္။ ယုံၾကည္သူျဖစ္သျဖင့္ သူေဌးကလည္းခြင့္ျပဳရာ ဦးနာေအာက္သည္ မယ္တဲ ႏွင့္ မယ္အဲ သစ္ေတာတြင္ သူေဌးကုိယ္စားလုပ္ကုိင္ခဲ့သည္။ ထုိအခ်ိန္တြင္ ျမန္မာျပည္ေအာက္ပုိင္းသည္ အဂၤလိပ္လက္ေအာက္ က်ေရာက္ေနၿပီး ကယားျပည္နယ္ကုိ အဂၤလိပ္ႏွင့္ ျမန္မာဘုရင္တုိ႔ သူပုိင္သည္ ၊ ငါပုိင္သည္ ဟု ျငင္းခုန္ေနၾကသည့္ အခ်ိန္ျဖစ္သည္။ ဦးနာေအာက္သည္ ကယားေစာ္ဘြားမ်ားထံမွ မယ္ဖဲ ၊ မယ္စဲ ၊ သဖန္းပင္သစ္ေတာတုိ႔ကုိ အခေၾကးေငြျဖင့္ ထုတ္ယူခြင့္ေပးရန္ ခြင့္ေတာင္းရာ ေစာ္ဘြားမ်ားကလည္း ခြင့္ျပဳခဲ့သည္။ ဦးနာေအာက္သည္ အလုပ္သမားဘ၀ကတည္းက လက္ေအာက္ငယ္သားတုိ႔ကုိ ညွာတာေလ့ရွိရာ အားလုံးက ခ်စ္ခင္ၾကၿပီး အႏုိင္ေအာက္(ဘႀကီးေအာက္) ဟု ေခၚေလ့ရွိသည္။

ဦးနာေအာက္သည္ ေကာင္းမြန္စြာပညာမသင္ၾကားခဲ့ရေသာ္လည္း အေမွ်ာ္အျမင္ရွိၿပီး စြန္႔စား၀ံသူျဖစ္သည္။ ဦးနာေအာက္လုပ္ေနေသာ သစ္ေတာမ်ားသည္ တစ္ခါတစ္ရံမွသာ ျမစ္ေၾကာင္းေကာင္းတတ္သျဖင့္ သစ္ေဖာင္ခ်ရန္ မလြယ္ကူ။ အားလုံးက လက္ေရွာက္ၾကသည့္ သစ္ေတာမ်ားကုိ ဦးနာေအာက္က စြန္႔စားလုပ္ကုိင္ခဲ့သည္။ ကံသည္ ဦးနာေအာက္ဘက္တြင္ ရွိသည္ဟု ဆုိရမည္။ ဦးနာေအာက္စတင္လုပ္ကုိင္သည္ ႏွင့္မုိးေကာင္းလာၿပီး ေရေၾကာင္းေကာင္းလာကာ သစ္မ်ားကုိ အလြယ္တကူေမွ်ာခ်ႏုိင္ခဲ့သည္။ သူ၏ သစ္တံဆိပ္မွာ ၃၃၃ ျဖစ္ၿပီး ရတနာသုံးပါ ၊ ပိဋကတ္သုံးပုံ ၊ ဘုံသုံးပါး ဟု အဓိပၸါယ္ရသည္။ ျမစ္ေၾကာင္းတေလွ်ာက္တြင္ ဦးနာေအာက္၏ သစ္မ်ားျဖင့္ ျပည့္သြားသည္။ ယခင္က ၂၅က်ပ္သာ ရွိေသာ သစ္မ်ားသည္ ဆြဲမည့္သူရွားပါးလာသျဖင့္ ဦးနာေအာက္ေရာင္းသည့္အခ်ိန္တြင္ ၇၅က်ပ္ အထိရခဲ့သည္။ ဦးနာေအာက္သည္ ေငြ ၁၀ သိန္းခန္႔ အျမတ္အစြန္းရသြားခဲ့သည္။

သူေဌးျဖစ္သြားေသာ္လည္း မိမိ၏လုပ္ေဖာ္ကုိင္ဖက္မ်ား အလုပ္အကိုင္ေကာင္း ရေစရန္ သစ္ဆြဲလုပ္ငန္းကို ဆက္လက္လုပ္ကုိင္ခဲ့သည္။ လက္ရွိလုပ္ငန္းကုိ တူမ်ားထံလႊဲကာ ကုိယ္တုိင္ကား ထုိင္းႏုိင္ငံ မယ္ေဟာင္းသြန္ သစ္ေတာႀကီးမ်ားတြင္ ယုိးဒယားအစုိးရထံမွ လုိင္စင္ယူကာလုပ္ကုိင္ခဲ့သည္။ ထုိ႔ေနာက္ ရွမ္းျပည္နယ္မွ ေမာက္မယ္သစ္ေတာ ၊ ကယားျပည္နယ္မွ ဖားေဆာင္းသစ္ေတာမ်ားကို တုိးခ်ဲ႕လုပ္ကုိင္ရာ အထူးေအာင္ျမင္ခဲ့သည္။ လုပ္ငန္းအားလုံးကုိ လူယုံမ်ားထံလႊဲခဲ့ၿပီး ေနရပ္ ေကာ့ႏွပ္သုိ႔ ျပန္လာခဲ့သည္။ လယ္သမားမ်ားအား အျမတ္ႀကီးစားဂုတ္ေသြးစုပ္ေနေသာ ခ်စ္တီးကုလား တုိ႔ႏွင့္ ယွဥ္ၿပဳိင္ကာ အတုိးႏႈန္းသက္သာစြာျဖင့္ ေငြေခ်းလုပ္ငန္းကုိ လုပ္ကုိင္ခဲ့သည္။ ေစတနာႏွင့္ စည္းကမ္းတက်လုပ္ကိုင္သျဖင့္ အထူးေအာင္ျမင္ကာ လယ္သမားမ်ားလည္း အေတာ္ပင္ သက္သာသြားခဲ့ရသည္။

ထုိ႔ေနာက္ ဆန္စပါး လုပ္ငန္းကုိ လုပ္ကုိင္ရာ ၃ႏွစ္အတြင္း လုပ္သမွ် အရႈံးေပၚခဲ့သည္။ သုိ႔ေသာ္ ဦးနာေအာက္က ေနာက္မဆုတ္ ၊ ၂ဆႀကဳိးစားကာ ၂ဆ ပုိတုိးလုပ္သျဖင့္ ျပန္လည္ေအာင္ျမင္ခဲ့သည္။ ဦးနာေအာက္ ေအာင္ျမင္ရျခင္းမွာ သူကုိယ္တုိင္၏ ႀကဳိးစားအားထုတ္မႈသာမက လက္ေအာက္ငယ္သားက သူ႔အားေလးစားခ်စ္ခင္သည့္ အေၾကာင္းတစ္ရပ္လည္းပါသည္။ ထုိသုိ႔ခ်စ္ခင္ၾကသည္မွာလည္း အလုပ္သမားမ်ားအေပၚ အထူးဂရုစုိက္ေသာေၾကာင့္ျဖစ္သည္။ လစာ ၂၀ ရေသာ အလုပ္သမားတစ္ဦးက တစ္ႏွစ္လုံးတစ္ျပားမွ မထုတ္ပဲႏွစ္ျပည့္မွ ၂၄၀ ထုတ္ယူမည္ဆုိပါက ေခြ်တာေရးကုိ နားလည္သည္ ဟုဆုိကာ ၅၀၀တန္ ၿခံႏွင့္အိမ္ကုိ ၀ယ္ယူေပးေလ့ရွိသည္။ လက္ေအာက္ငယ္သားမ်ားကုိ ဦးနာေအာက္ဆုံးမေလ့ရွိသည္မွာ-
“တရားသျဖင့္ ရတဲ့ပုိက္ဆံ တစ္ျပားကုိ မက္ပါ ၊ မတရားတဲ့ ေငြတစ္သိန္းကို မယူပါေလႏွင့္” ဟူ၍ျဖစ္သည္။ ေလာင္းကစားလုပ္တတ္ေသာ အလုပ္သမားမ်ားကုိ ထုတ္ပယ္တတ္ၿပီး ရုိးသားႀကဳိးစားသူမ်ားကုိ ပုိမုိခ်ီးျမွင့္ေလ့ရွိသည္။

သစ္လုပ္ငန္း ၊ ေငြေျခးလုပ္ငန္း ၊ ဆန္စပါးလုပ္ငန္းတုိ႔တြင္ ေအာင္ျမင္ၿပီးေနာက္ အရင္းရွင္နယ္ခ်ဲ႕တုိ႔ႏွင့္ ၿပဳိင္ရန္ႀကဳိးစားျပန္သည္။ စေကာတလန္မွ မီးသေဘၤာစက္မ်ားကို မွာယူကာ ၂ထပ္သေဘာၤ ၇စင္း ၊ ၁ထပ္ သေဘၤာတစ္စင္းေဆာက္လုပ္ကာ အဂၤလိပ္ ဧရာ၀တီကုမၸဏီႏွင့္ယွဥ္ၿပဳိင္ေျပးဆြဲခဲ့သည္။ ပုံမွန္သေဘၤာခထက္ မ်ားစြာေလွ်ာ့ယူၿပီး သံဃာ၊ သီလရွင္ ၊ ကေလးငယ္ မ်ားကုိမႈ အခမဲ့ ပုိ႔ေဆာင္ေပးသည္။ ခရီးသည္အားလုံး ဦးနာေအာက္သေဘၤာတြင္ သာစီးၾကေတာ့သျဖင့္ ဧရာ၀တီကုမၸဏီက ဦးနာေအာက္ေစ်းႏႈန္း၏ ထက္၀က္မွ်သာ ယူျပန္ရာ ခရီးသည္မ်ား ဧရာ၀တီဘက္ျပန္ပါသြားသည္။ အၿပဳိင္အဆုိင္ေလွ်ာ့ယူၿပီး ေနာက္ဆုံးတြင္ အခမဲ့ စီးခုိင္းသည့္ အေျခအေနသို႔ ေရာက္ခဲ့သည္။ ဧရာ၀တီကုမၸဏီကလည္း အခမဲ့ စီးခုိင္းသည့္အျပင္ ထမင္းေကြ်းကာ ပ၀ါတစ္ထည္စီေပးျပန္သည္။ ေနာက္ဆုံးတြင္ ဦးနာေအာက္သည္အရင္းရွင္ပုိင္ ကုမၸဏီႀကီးႏွင့္ မယွဥ္ႏုိင္ေတာ့ပဲ အေရးနိမ့္သြားခဲ့သည္။

သေဘၤာလုပ္ငန္းတြင္ အေရးနိမ့္သြားခဲ့ေသာ္လည္း က်န္သည့္လုပ္ငန္းမ်ားကာ ေအာင္ျမင္ၿမဲျဖစ္သည္။ ဗုဒၶဘာသာကို သက္၀င္ယုံၾကည္သူျဖစ္ၿပီး ဘုရားေစတီ ၊ ေက်ာင္း ၊ တန္ေဆာင္းမ်ားစြာကုိ ေဆာက္လုပ္လွဴဒါန္းေလ့ရွိသည္။ ႏွစ္စဥ္တုိင္းလည္း ဇာတိ ေကာ့ႏွပ္ကုိ ျပန္ကာ ထုိေခတ္ေငြ ၂၀၀၀၀ ေက်ာ္ကို လွဴဒါန္းေပးကမ္းခဲ့သည္မွာ သူကြယ္လြန္သည္ အထိပင္ျဖစ္သည္။ သူေဌးႀကီးျဖစ္ေသာ္လည္း ဟိတ္ႏွင့္ဟန္ႏွင့္ မေနတတ္ လယ္ေတာ့ဆင္း ၊ ပုဆုိးခါးေတာင္ႀကဳိက္လ်က္ ေပါက္ျပားတူရြင္းထမ္းကာ သြားတတ္ေသာ သူ႔ကုိ မၾကာခဏေတြ႔ၾကရသည္။

တစ္ခါေသာ္ ဘုရားသုိ႔ သြား၀တ္ျပဳေနစဥ္ လူဆုိး ၃ဦး ၀ိုင္းျခင္းကုိ ခံရသည္။ ဦးနာေအာက္ကား ၀တ္ျပဳမပ်က္ ၀တ္ျပဳၿပီးေသာအခါမွ “အေမာင္တုိ႔ ဘာကိစၥလဲ” ဟု ေမးရာ
“ကြ်န္ေတာ္တုိ႔ အလုပ္မရွိ ၊ စားစရာမရွိလုိ႔ တစ္ေယာက္ကုိ ေငြ ၅၀၀ ေပးပါ ၊ မေပးရင္ ဘႀကီးကုိ ျပန္ေပးဆြဲရပါလိမ့္မယ္” ဟု ေျဖသျဖင့္ “ဟဲ့ အေမာင္တု႔ိ စားစရာမရွိတာနဲ႔ ဒီလုိမေကာင္းမႈကုိ လုပ္စရာလား ၊ ေမာင္တုိ႔ကုိ ဘႀကီး ၅၀၀ စီေပးမယ္ ၊ ေနာက္ဒီလုိ မေကာင္းမႈကို မလုပ္ေတာ့ဘူး လုိ႔ ကတိေပးပါ”
“ဟုတ္ကဲ့ပါ” ဟု ဆုိသျဖင့္ မည္သူမွ် မသိေအာင္ အိမ္သို႔ျပန္ၿပီး ေငြကုိ ယူကာ လူဆုိမ်ားအားေပးလုိက္သည္။ အိမ္သုိ႔ျပန္လာၿပီး လူေခၚကာ လူဆုိးမ်ားကို ဖမ္းလုိ႔ရပါလ်က္ႏွင့္ ထုိသုိ႔မလုပ္ပဲ ကတိတည္ခဲ့သည္။

ဦးနာေအာက္သည္ အလွဴအတန္း အေပးအကမ္း ရက္ေရာလွသည္။ သူ႔ထံ အကူအညီေတာင္းသည့္ ႏြမ္းပါးသူမ်ားကုိဘယ္ေတာ့မွ လက္ခ်ည္းသက္သက္မျပန္ေစခဲ့ ၊ ေမာင္းမထုတ္ခဲ့ေပ ။ ဦးနာေအာက္၏ လွဴဒါန္းေငြကို တြက္ၾကည့္လွ်င္ ထုိေခတ္ေငြႏွင့္ပင္ သိန္းတစ္ရာ အထက္မွာရွိသည္။ ေပးကမ္းသျဖင့္ စည္းစိမ္ေလ်ာ့သြားသည္ မရွိ ပုိ၍တုိးတက္ေအာင္ျမင္ခဲ့သည္။ စီးပြားေရးတြင္ ေအာင္ျမင္ေသာ္လည္း အိမ္ေထာင္ေရးတြင္ အလြန္ကံဆုိးခဲ့သူျဖစ္သည္။ အိမ္ေထာင္ ၅ ဆက္ရွိခဲ့ၿပီး ေပါင္းခဲ့သမွ် မိန္းမ ၅ေယာက္တြင္ ၄ေယာက္မွာ ကြယ္လြန္ခဲ့သည္။ သူေဌးႀကီး ဦးနာေအာက္သည္ ၂၅ရက္ ဇြန္လ ၁၉၁၃ ခုႏွစ္ အသက္ ၈၂ ႏွစ္ အရြယ္တြင္ ကြယ္လြန္ခဲ့သည္။ ဦးနာေအာက္ ကြယ္လြန္ၿပီးေနာက္ သူ၏ေက်ာက္ရုပ္ကုိ ေဆြမ်ဳိးသားခ်င္းမ်ားက က်ပ္ေငြ ၅၀၀၀ အကုန္အက်ခံကာ မြန္ျပည္နယ္ ကတုိးေကာ့ႏွပ္ရြာ၌ တင့္တယ္ခံညားစြာ ထုလုပ္ထားသည္ကုိ ယေန႔တုိင္ေတြ႔ျမင္ႏုိင္ပါသည္။

Ref;
ျမန္မာပုဂၢဳိလ္ေက်ာ္ ၂၀ – မင္းယုေ၀

———————

ကိုယ်ထူးကိုယ်ချွန် သူဌေးကြီး ဦးနာအောက် (unicode)

ဦးနာအောက်ဟု ဆိုလိုက်လျှင် မျိုးချစ်စိတ်ပြည့်ဝသူ ၊ အမျိုးအတွက် အင်အားကြီးမားလှသော ဗြိတိသျှသင်္ဘောကုမ္ပဏီနှင့် ယှဉ်ပြိုင်ဝံ့သူအဖြစ်အားလုံး သိကြမှာပါ။

ဦးနာအောက်ကို ဖားအံမြို့နယ် ခရဲရွာတွင် ၁၈၃၃ ခုနှစ်၌ မွေးဖွားခဲ့သည်။ ငယ်နာမည် မောင်အော့(က်) ဖြစ်ပြီး မိဘများမှာ မွန်တိုင်းရင်းသားများဖြစ်သည်။ မောင်အော့(က်) ကို မွန်ဘုန်းတော်ကြီးကျောင်းတွင် ပညာသင်စေခဲ့သဖြင့် မွန်စာကို အတော်အတန်နားလည်တတ်ကျွမ်းပြီး မြန်မာစာကိုမှု ထမင်းစား ရေသောက်မျှ တတ်ကျွမ်းသည်။ မိဘများမှာ ဆင်းရဲလွန်းသဖြင့် စာအနည်းငယ်မျှတတ်ကျွမ်းပြီးသည့်အခါ ကျောင်းထွက်ပြီး ကျွဲ ၊ နွားအငှားထိန်းကျောင်းသော အလုပ်ကို လုပ်ပြီး မိဘများကို ထောက်ပံ့သည်။ ထို့နောက် လယ်ထွန်ခြင်း ၊ သစ်လုပ်ငန်းတွင် အလုပ်ကြမ်းသမား စသည့်အလုပ်များကို လုပ်ခဲ့သည်။ ထိုအချိန်တွင် အသက် ၃၅နှစ်ခန့်ရှိပြီဖြစ်သည်။ အလုပ်လုပ်ရာတွင် စေတနာပါသည် ၊ ရိုးသားဖြောင့်မတ်ပြီး တာဝန်ကျေသဖြင့် အလုပ်သမားခေါင်းရာထူးကို သူဌေးဦးထော်အာက ခန့်သည်။

ကိုအောက်သည် ရရှိသောငွေများကို အပိုတစ်ပြားမှ မသုံးစွဲပဲ စုသည်။ ၁၅နှစ်မျှ လုပ်၍ အသက် ၅၀ အရွယ်ရောက်သောအခါ စုထားသမျှငွေများကို သူဌေးထံတွင်အပ်ကာ မိမိအား သစ်ခေါင်းလုပ်ငန်းတစ်ခု ခွဲဝေလုပ်ကိုင်ခွင့်ပေးရန် တောင်းခဲ့သည်။ ယုံကြည်သူဖြစ်သဖြင့် သူဌေးကလည်းခွင့်ပြုရာ ဦးနာအောက်သည် မယ်တဲ နှင့် မယ်အဲ သစ်တောတွင် သူဌေးကိုယ်စားလုပ်ကိုင်ခဲ့သည်။ ထိုအချိန်တွင် မြန်မာပြည်အောက်ပိုင်းသည် အင်္ဂလိပ်လက်အောက် ကျရောက်နေပြီး ကယားပြည်နယ်ကို အင်္ဂလိပ်နှင့် မြန်မာဘုရင်တို့ သူပိုင်သည် ၊ ငါပိုင်သည် ဟု ငြင်းခုန်နေကြသည့် အချိန်ဖြစ်သည်။ ဦးနာအောက်သည် ကယားစော်ဘွားများထံမှ မယ်ဖဲ ၊ မယ်စဲ ၊ သဖန်းပင်သစ်တောတို့ကို အခကြေးငွေဖြင့် ထုတ်ယူခွင့်ပေးရန် ခွင့်တောင်းရာ စော်ဘွားများကလည်း ခွင့်ပြုခဲ့သည်။ ဦးနာအောက်သည် အလုပ်သမားဘဝကတည်းက လက်အောက်ငယ်သားတို့ကို ညှာတာလေ့ရှိရာ အားလုံးက ချစ်ခင်ကြပြီး အနိုင်အောက်(ဘကြီးအောက်) ဟု ခေါ်လေ့ရှိသည်။

ဦးနာအောက်သည် ကောင်းမွန်စွာပညာမသင်ကြားခဲ့ရသော်လည်း အမျှော်အမြင်ရှိပြီး စွန့်စားဝံသူဖြစ်သည်။ ဦးနာအောက်လုပ်နေသော သစ်တောများသည် တစ်ခါတစ်ရံမှသာ မြစ်ကြောင်းကောင်းတတ်သဖြင့် သစ်ဖောင်ချရန် မလွယ်ကူ။ အားလုံးက လက်ရှောက်ကြသည့် သစ်တောများကို ဦးနာအောက်က စွန့်စားလုပ်ကိုင်ခဲ့သည်။ ကံသည် ဦးနာအောက်ဘက်တွင် ရှိသည်ဟု ဆိုရမည်။ ဦးနာအောက်စတင်လုပ်ကိုင်သည် နှင့်မိုးကောင်းလာပြီး ရေကြောင်းကောင်းလာကာ သစ်များကို အလွယ်တကူမျှောချနိုင်ခဲ့သည်။ သူ၏ သစ်တံဆိပ်မှာ ၃၃၃ ဖြစ်ပြီး ရတနာသုံးပါ ၊ ပိဋကတ်သုံးပုံ ၊ ဘုံသုံးပါး ဟု အဓိပ္ပါယ်ရသည်။ မြစ်ကြောင်းတလျှောက်တွင် ဦးနာအောက်၏ သစ်များဖြင့် ပြည့်သွားသည်။ ယခင်က ၂၅ကျပ်သာ ရှိသော သစ်များသည် ဆွဲမည့်သူရှားပါးလာသဖြင့် ဦးနာအောက်ရောင်းသည့်အချိန်တွင် ၇၅ကျပ် အထိရခဲ့သည်။ ဦးနာအောက်သည် ငွေ ၁၀ သိန်းခန့် အမြတ်အစွန်းရသွားခဲ့သည်။

သူဌေးဖြစ်သွားသော်လည်း မိမိ၏လုပ်ဖော်ကိုင်ဖက်များ အလုပ်အကိုင်ကောင်း ရစေရန် သစ်ဆွဲလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခဲ့သည်။ လက်ရှိလုပ်ငန်းကို တူများထံလွှဲကာ ကိုယ်တိုင်ကား ထိုင်းနိုင်ငံ မယ်ဟောင်းသွန် သစ်တောကြီးများတွင် ယိုးဒယားအစိုးရထံမှ လိုင်စင်ယူကာလုပ်ကိုင်ခဲ့သည်။ ထို့နောက် ရှမ်းပြည်နယ်မှ မောက်မယ်သစ်တော ၊ ကယားပြည်နယ်မှ ဖားဆောင်းသစ်တောများကို တိုးချဲ့လုပ်ကိုင်ရာ အထူးအောင်မြင်ခဲ့သည်။ လုပ်ငန်းအားလုံးကို လူယုံများထံလွှဲခဲ့ပြီး နေရပ် ကော့နှပ်သို့ ပြန်လာခဲ့သည်။ လယ်သမားများအား အမြတ်ကြီးစားဂုတ်သွေးစုပ်နေသော ချစ်တီးကုလား တို့နှင့် ယှဉ်ပြိုင်ကာ အတိုးနှုန်းသက်သာစွာဖြင့် ငွေချေးလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ စေတနာနှင့် စည်းကမ်းတကျလုပ်ကိုင်သဖြင့် အထူးအောင်မြင်ကာ လယ်သမားများလည်း အတော်ပင် သက်သာသွားခဲ့ရသည်။

ထို့နောက် ဆန်စပါး လုပ်ငန်းကို လုပ်ကိုင်ရာ ၃နှစ်အတွင်း လုပ်သမျှ အရှုံးပေါ်ခဲ့သည်။ သို့သော် ဦးနာအောက်က နောက်မဆုတ် ၊ ၂ဆကြိုးစားကာ ၂ဆ ပိုတိုးလုပ်သဖြင့် ပြန်လည်အောင်မြင်ခဲ့သည်။ ဦးနာအောက် အောင်မြင်ရခြင်းမှာ သူကိုယ်တိုင်၏ ကြိုးစားအားထုတ်မှုသာမက လက်အောက်ငယ်သားက သူ့အားလေးစားချစ်ခင်သည့် အကြောင်းတစ်ရပ်လည်းပါသည်။ ထိုသို့ချစ်ခင်ကြသည်မှာလည်း အလုပ်သမားများအပေါ် အထူးဂရုစိုက်သောကြောင့်ဖြစ်သည်။ လစာ ၂၀ ရသော အလုပ်သမားတစ်ဦးက တစ်နှစ်လုံးတစ်ပြားမှ မထုတ်ပဲနှစ်ပြည့်မှ ၂၄၀ ထုတ်ယူမည်ဆိုပါက ချွေတာရေးကို နားလည်သည် ဟုဆိုကာ ၅၀ဝတန် ခြံနှင့်အိမ်ကို ဝယ်ယူပေးလေ့ရှိသည်။ လက်အောက်ငယ်သားများကို ဦးနာအောက်ဆုံးမလေ့ရှိသည်မှာ-
“တရားသဖြင့် ရတဲ့ပိုက်ဆံ တစ်ပြားကို မက်ပါ ၊ မတရားတဲ့ ငွေတစ်သိန်းကို မယူပါလေနှင့်” ဟူ၍ဖြစ်သည်။ လောင်းကစားလုပ်တတ်သော အလုပ်သမားများကို ထုတ်ပယ်တတ်ပြီး ရိုးသားကြိုးစားသူများကို ပိုမိုချီးမြှင့်လေ့ရှိသည်။

သစ်လုပ်ငန်း ၊ ငွေခြေးလုပ်ငန်း ၊ ဆန်စပါးလုပ်ငန်းတို့တွင် အောင်မြင်ပြီးနောက် အရင်းရှင်နယ်ချဲ့တို့နှင့် ပြိုင်ရန်ကြိုးစားပြန်သည်။ စကောတလန်မှ မီးသင်္ဘောစက်များကို မှာယူကာ ၂ထပ်သဘောၤ ၇စင်း ၊ ၁ထပ် သင်္ဘောတစ်စင်းဆောက်လုပ်ကာ အင်္ဂလိပ် ဧရာဝတီကုမ္ပဏီနှင့်ယှဉ်ပြိုင်ပြေးဆွဲခဲ့သည်။ ပုံမှန်သင်္ဘောခထက် များစွာလျှော့ယူပြီး သံဃာ၊ သီလရှင် ၊ ကလေးငယ် များကိုမှု အခမဲ့ ပို့ဆောင်ပေးသည်။ ခရီးသည်အားလုံး ဦးနာအောက်သင်္ဘောတွင် သာစီးကြတော့သဖြင့် ဧရာဝတီကုမ္ပဏီက ဦးနာအောက်ဈေးနှုန်း၏ ထက်ဝက်မျှသာ ယူပြန်ရာ ခရီးသည်များ ဧရာဝတီဘက်ပြန်ပါသွားသည်။ အပြိုင်အဆိုင်လျှော့ယူပြီး နောက်ဆုံးတွင် အခမဲ့ စီးခိုင်းသည့် အခြေအနေသို့ ရောက်ခဲ့သည်။ ဧရာဝတီကုမ္ပဏီကလည်း အခမဲ့ စီးခိုင်းသည့်အပြင် ထမင်းကျွေးကာ ပဝါတစ်ထည်စီပေးပြန်သည်။ နောက်ဆုံးတွင် ဦးနာအောက်သည်အရင်းရှင်ပိုင် ကုမ္ပဏီကြီးနှင့် မယှဉ်နိုင်တော့ပဲ အရေးနိမ့်သွားခဲ့သည်။

သင်္ဘောလုပ်ငန်းတွင် အရေးနိမ့်သွားခဲ့သော်လည်း ကျန်သည့်လုပ်ငန်းများကာ အောင်မြင်မြဲဖြစ်သည်။ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူဖြစ်ပြီး ဘုရားစေတီ ၊ ကျောင်း ၊ တန်ဆောင်းများစွာကို ဆောက်လုပ်လှူဒါန်းလေ့ရှိသည်။ နှစ်စဉ်တိုင်းလည်း ဇာတိ ကော့နှပ်ကို ပြန်ကာ ထိုခေတ်ငွေ ၂၀၀၀၀ ကျော်ကို လှူဒါန်းပေးကမ်းခဲ့သည်မှာ သူကွယ်လွန်သည် အထိပင်ဖြစ်သည်။ သူဌေးကြီးဖြစ်သော်လည်း ဟိတ်နှင့်ဟန်နှင့် မနေတတ် လယ်တော့ဆင်း ၊ ပုဆိုးခါးတောင်ကြိုက်လျက် ပေါက်ပြားတူရွင်းထမ်းကာ သွားတတ်သော သူ့ကို မကြာခဏတွေ့ကြရသည်။

တစ်ခါသော် ဘုရားသို့ သွားဝတ်ပြုနေစဉ် လူဆိုး ၃ဦး ဝိုင်းခြင်းကို ခံရသည်။ ဦးနာအောက်ကား ဝတ်ပြုမပျက် ဝတ်ပြုပြီးသောအခါမှ “အမောင်တို့ ဘာကိစ္စလဲ” ဟု မေးရာ
“ကျွန်တော်တို့ အလုပ်မရှိ ၊ စားစရာမရှိလို့ တစ်ယောက်ကို ငွေ ၅၀၀ ပေးပါ ၊ မပေးရင် ဘကြီးကို ပြန်ပေးဆွဲရပါလိမ့်မယ်” ဟု ဖြေသဖြင့် “ဟဲ့ အမောင်တို့ စားစရာမရှိတာနဲ့ ဒီလိုမကောင်းမှုကို လုပ်စရာလား ၊ မောင်တို့ကို ဘကြီး ၅၀၀ စီပေးမယ် ၊ နောက်ဒီလို မကောင်းမှုကို မလုပ်တော့ဘူး လို့ ကတိပေးပါ”
“ဟုတ်ကဲ့ပါ” ဟု ဆိုသဖြင့် မည်သူမျှ မသိအောင် အိမ်သို့ပြန်ပြီး ငွေကို ယူကာ လူဆိုများအားပေးလိုက်သည်။ အိမ်သို့ပြန်လာပြီး လူခေါ်ကာ လူဆိုးများကို ဖမ်းလို့ရပါလျက်နှင့် ထိုသို့မလုပ်ပဲ ကတိတည်ခဲ့သည်။

ဦးနာအောက်သည် အလှူအတန်း အပေးအကမ်း ရက်ရောလှသည်။ သူ့ထံ အကူအညီတောင်းသည့် နွမ်းပါးသူများကိုဘယ်တော့မှ လက်ချည်းသက်သက်မပြန်စေခဲ့ ၊ မောင်းမထုတ်ခဲ့ပေ ။ ဦးနာအောက်၏ လှူဒါန်းငွေကို တွက်ကြည့်လျှင် ထိုခေတ်ငွေနှင့်ပင် သိန်းတစ်ရာ အထက်မှာရှိသည်။ ပေးကမ်းသဖြင့် စည်းစိမ်လျော့သွားသည် မရှိ ပို၍တိုးတက်အောင်မြင်ခဲ့သည်။ စီးပွားရေးတွင် အောင်မြင်သော်လည်း အိမ်ထောင်ရေးတွင် အလွန်ကံဆိုးခဲ့သူဖြစ်သည်။ အိမ်ထောင် ၅ ဆက်ရှိခဲ့ပြီး ပေါင်းခဲ့သမျှ မိန်းမ ၅ယောက်တွင် ၄ယောက်မှာ ကွယ်လွန်ခဲ့သည်။ သူဌေးကြီး ဦးနာအောက်သည် ၂၅ရက် ဇွန်လ ၁၉၁၃ ခုနှစ် အသက် ၈၂ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။ ဦးနာအောက် ကွယ်လွန်ပြီးနောက် သူ၏ကျောက်ရုပ်ကို ဆွေမျိုးသားချင်းများက ကျပ်ငွေ ၅၀၀၀ အကုန်အကျခံကာ မွန်ပြည်နယ် ကတိုးကော့နှပ်ရွာ၌ တင့်တယ်ခံညားစွာ ထုလုပ်ထားသည်ကို ယနေ့တိုင်တွေ့မြင်နိုင်ပါသည်။

Ref;
မြန်မာပုဂ္ဂိုလ်ကျော် ၂၀ – မင်းယုဝေ

Leave a Reply