ကမ္ဘာပေါ်က လူအသေအပျောက်အများဆုံး သင်္ဘောနစ်မြုပ်မှုများ

Posted on

ကမ္ဘာပေါ်မှာ လူအသေအပျောက်အများဆုံးသော သင်္ဘောနစ်မြုပ်မှုဆိုရင် တိုက်တန်း နစ်သင်္ဘောကိုသာလူတွေ့ကတန်းမြင်ကြတော့တာပါပဲ။ အမှန်တကယ်လည်း တိုက်တန်းနစ်ဟာ လူအသေအပျောက်အတော်များခဲ့ပြီး သမိုင်းတွင်လောက်အောင် ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ တိကျသေချာတဲ့ မှတ်တမ်းတွေအရတော့  တိုက်တန်းနစ် ထက် ဆိုးဝါးတဲ့သဘောင်္နစ်မြုပ်မှုတွေအများကြီး ရှိနေပါသေးတယ်။

ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်ကာလတွေမှာနစ်မြုပ်ခြင်းခံရပြီးသေဆုံးခဲ့ရတဲ့လူအရေအတွက်ဟာ အရပ်ဘက်နစ်မြုပ်မှုတွေထက်စာရင်မယုံနိုင်လောက်အောင်ကိုများပြားနေခဲ့တာပါ။ ဒီတစ်ခါ မျှဝေပေးချင်တာကတော့ ကမ္ဘာသမိုင်းမှာ အဆိုးဆုံးလူသေဆုံးမှုများတဲ့ စစ္သေဘာၤ၊ပင္လယ္ကူးသေဘာၤ(၁၀) စီးရဲ့နစ်မြုပ်မှုအကြောင်းပဲဖြစ်ပါတယ်။

(၁၀) USS Indianapolis (CA-35)

၁၉၄၅ခုနှစ်၊ ဇူလိုင်(၃၀) ရက်မှာတော့အမေရိကန်ရေတပ်သမိုင်းမှာ အကြီးမားဆုံးသော ဆုံးရှုံးမှုဖြစ်ခဲ့ရတဲ့ USS Indianapolis (CA-35)ယာဉ်ဟာ ဂျပန်ရေတပ်သဘောင်္ I-58 လက်ချက်နဲ့ ဖိလစ်ပိုင်နိုင်ငံကို သွားတဲ့ လမ်းခရီးမှာနစ်မြုပ်ခြင်းခံခဲ့ရပါတယ်။ ဒီလိုနစ်မြုပ်ခြင်းမခင်လေးကပင် USS Indianapolis (CA-35)ဟာ အမေရိကန်ရဲ့ ပထမဆုံးသောအနူမြူဗုံး Little Boy ကို Tinian ကျွန်းစုမှာရှိတဲ့ အမေရိကန်လေတပ်ကို အောင်မြင်အောင်သယ်ဆောင်ပေးခဲ့ပါသေးတယ်။ ဂျပန်ရေငုပ်သင်္ဘောရဲ့ တော်ပီဒို ကြောင့် USS Indianapolis (CA-35)ဟာ (၁၂)မိနစ်အတွင်းမှာနစ်မြုပ်ခဲ့ရပြီး သင်္ဘောသား (၁၁၉၆)ဦးမှာ ၃၀၀ လောက်သေဆုံးခဲ့ရပါတယ်။

ကျန်ရှိတဲ့သဘောင်္သား (၉၀၀)နီးပါးလောက်ဟာ အနည်းငယ်သောအသက်ကယ်လှေတွေကို အသုံးပြုပြီး သမုဒ္ဒရာအတွင်းမှာ ဂျပန်ရေတပ်ရဲ့တိုက်ခိုက်မှု၊ ငါးမန်းတွေရဲ့တိုက်ခိုက်မှု၊ ရေဓာက် ခမ်းခြောက်ခြင်းစတဲ့ ဝေဒနာများစွာကို ခံစားပြီး(၄)ရက်လောက်ကြာအောင် ကယ်ဆယ်ရေးအစီစဉ်တွေကိုစောင့်ဆိုင်းနေခဲ့ရပါတယ်။နောက်ဆုံးမှာအမေရိကန်လေတပ်ရဲ့ကင်းလှည့်  နေတဲ့ PV-1 Venturaလေယာဉ်တွေရဲ့တွေ့ရှိမှုကြောင့်သာ ကံကောင်းထောက်မပြီးကယ်ဆယ်ခြင်းခံခဲ့ရတာပါ။ ပြန်လည်ကယ်တင်နိုင်ခဲ့တဲ့ အချိန်မှာတော့ စုစုပေါင်း သဘောင်္သား (၃၁၇) ဦးကိုသာပြန်လည်ကယ်တင်နိုင် ခဲ့ပါတယ်။ USS Indianapolis (CA-35)ဟာ အမေရိကန်ရေတပ်အတွက် ဒုတိယကမ္ဘာစစ်အတွင်းနောက်ဆုံးသော ရန်သူလက်ချက်နဲ့နစ်မြုခြင်းခံခဲ့ရတဲ့ သင်္ဘောအဖြစ်မှတ်တမ်းဝင်ခဲ့ပါသေးတယ်။

(၉) RMS Empress of Ireland

မြောက်အမေရိကတိုက် Saint Lawrence မြစ်အတွင်း နော်ဝေကျောက်မီးသွေးတင် သဘောင်္နဲ့မတော်တစ်ဆ တိုက်မိခဲ့မှုကြောင့် နစ်မြုပ်ခဲ့ရတဲ့ ကနေဒါပင်လယ်ကူး သဘောင်္ RMS Empress of Irelandဟာ ကနေဒါနိုင်ငံရဲ့သမိုင်းမှာ အဆိုးဝါးဆုံးသော နစ်မြုပ်မှုဖြစ်ပြီး ဒီစာရင်းမှာပါဝင်လာခဲ့ပါတယ်။၁၉၁၄ခုနှစ်၊မေ(၂၉)ရက်နေ့မှာဖြစ်ပွားတဲ့ RMS Empress of Irelandနစ်မြုပ်မှု ကြောင့် ခရီးသည် (၈၄၀)ဦး၊သဘောင်္ဝန်ထမ်း ၁၇၂ဦး စုစုပေါင်း ၁၀၁၂ ဦးသေဆုံးခဲ့ရပါတယ်။

မြူနှင်းတွေထူထပ်စွာကျရောက်တဲ့ နံနက်လင်းအားကြီးအချိန်မှာဖြစ်ပွားခဲ့တဲ့ အဲဒီမတော်တဆမှုဟာ RMS Empress of Irelandရဲ့ညာဘက်ကို ပြင်းထန်စွာတိုက်မိခဲ့ပြီး အရှိန်ကြောင့်လူများစွာသဘောင်္ကနေ လွင့်စင်ထွက်သွားခဲ့ရတာပါ။ အဲဒီသဘောင်္ရဲ့ နစ်မြုပ်မှုဖြစ်စဉ်ဟာ မြန်ဆန်ခဲ့တာကြောင့် အသက်ကယ်လှေတွေ၊အကျီတွေကို သုံးစွဲဖို့တောင် အချိန်မရခဲ့ပဲခရီးသည် ၄၆၅ ဦးရဲ့ အသက်ကိုသာ ကယ်တင်နိုင်ခဲ့ပါတယ်။

(၈) RMS Lusitania

ပထမကမ္ဘာစစ်အတွင်းကာလဖြစ်တဲ့၁၉၁၅ခုနှစ်၊မေလ(၇)ရက်နေ့မှာတော့အင်္ဂလန်ခရီးသည်တင်သဘောင်္ RMS Lusitaniaဟာ ဂျာမန်ရေငုပ်သဘောင်္က ပစ်လွတ်လိုက်တဲ့ တော်ပီဒိုထိမှန်ပြီး နစ်မြုပ်ခဲ့ရပါတယ်။ RMS Lusitania ဟာ အင်္ဂလန်နိုင်ငံ လီပါဖူးမြို့ ကနေ အမေရိကန်ပြည်ထောင်စု နယူးဟောက်အကြား ပြေးဆွဲနေတဲ့ ခရီးသည်တင်ဇိမ် ခံသဘောင်္ဖြစ်ပြီး အိုင်ယာလန်နိုင်ငံမှာရှိတဲ့ Queenstown(ယခု Cobh)မှာခေတ္တရပ်နား လေ့ရှိပါတယ်။ ခရီးသည်တင်သင်္ဘော RMS Lusitaniaဟာခရီးသည် ၁၉၅၉ ဦးသယ် ဆောင်လာခဲ့ပြီး ဂျာမန်တွေရဲ့ဒုံးကျည်ကြောင့် (၁၈)မိနစ်အတွင်း နစ်မြုပ်ခဲ့ရကာလူပေါင်း (၁၁၉၈)ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။

အဲဒီလိုစစ်ရေယာဉ်မဟုတ်တဲ့ ခရီးသည်တင် ယာဉ်ကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ ဂျာမန်တွေရဲ့လုပ်ရပ်ကို ကမ္ဘာနိုင်ငံအတော် များများက ပြစ်တင်ရှုံချခဲ့ကြပါတယ်။ အထူးသဖြင့်ဒီနစ်မြုပ်မှုမှာအမေရိကန်နိုင်ငံသား အတော်များများ သေဆုံးခဲ့ရတာကြောင့်ပထမ ကမ္ဘာစစ်အစောပိုင်းမှာစစ်ထဲပါဝင်တိုက်ခိုက်ခြင်းမရှိခဲ့တဲ့ အမေရိကန်ပြည်ထောင်စုကိုတမင်သက်သက် ရန်စသလိုဖြစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဖြစ်ပြီး မကြာခင်မှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဂျာမနီနဲ့အပေါင်းအပါ နိုင်ငံတွေကို စစ်ကြေငြာပြီး အတိအလင်းမဟာမိတ်တွေဘက်ကနေ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတော့တယ်။

(၇) RMS Titanic

၁၉၁၂ ခုနှစ်၊ ဧပြီလ(၁၄)ရက်နေ့က မြောက်အတ္တလန္တိတ်သမုဒ္ဒရာအတွင်းမှာ နစ်မြုပ်ခဲ့ရတဲ့ RMS Titanic ရဲ့ နစ်မြုပ်မှုဟာ ရေကြောင်းသမိုင်းမှာတော့ လူအသေအပျောက် အများဆုံးမဟုတ်ပေမဲ့ လူသိအများဆုံးသောဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံ ဆောက်သမ်တန်ဆိပ်ကမ်းကနေ အမေရိကန်နိုင်ငံ နယူးဟောက်ကိုလာရောက်တဲ့ ခရီးစဉ်အတွင်း တိုက်တန်းနစ်ဟာ ရေခဲမျှောတောင်တစ်ခုနဲ့တိုက်မိခဲ့ပြီး နစ်မြုပ်ခဲ့ရကာ လိုက်ပါလာတဲ့ခရီးသည် (၁၅၁၄)ဦးသေဆုံးခဲ့ရတာပါ။ အင်္ဂလန်နိုင်ငံ ကနေစတင်ထွက်လာပြီး(၄)ရက်မြောတ်နေ့၊ Newfoundlandကျွန်းစုရဲ့ ရေမိုင်၃၇၅မိုင်ကိုရောက်ရှိနေပြီဖြစ်တဲ့ တိုက်တန်းနစ်ဟာ ည ၁၁နာရီ မိနစ် ၄၀အချိန်မှာတော့ ရေခဲတောင်တစ်ခုကို မတော်တဆ ဝင်တိုက်မိခဲ့ပါတယ်။

ဒီလိုဝင်တိုက်မှုကြောင့် တိုက်တန်းနစ်ရဲ့ ရေလုံပေါက် အခန်း(၆၀)ရှိတဲ့အနက်ကအခန်း(၅)ခုပျက်ဆီးသွားခဲ့ပြီးသဘောင်္အောက်ခြေကိုရေတွေဝင်ရောက်လာခဲ့တာပါ။ ဒီလိုနဲ့နောက်ထပ် (၂)နာရီနဲ့ မိနစ်(၃၀)ကြာတဲ့အခါမှာတော့ တိုက်တန်းနစ် ဟာရေတွေနဲ့ပြည့်သွားပြီး စတင်နစ်မြုပ်ပါတော့တယ်။ သဘောင်္ဝန်ထမ်းအချို့နဲ့ အထူးတန်းကခရီးသည်အတော်များများဟာ အသက်ကယ်လှေတွေနဲ့သက်သာရာ ရခဲ့ကြပေမဲ့ အများစုကတော့ အလွန်အေးခဲနေတဲ့ အတ္တလနိတ်သမုဒ္ဒရာ ရေပြင်မှာ သေဆုံးခဲ့ရပါတယ်။ တိုက်တန်းနစ်နစ်မြုပ်ပြီးနာရီအနည်းငယ်အကြာမှာတော့ RMS Carpathiaရဲ့ ကယ်တင်မှုကြောင့် လူပေါင်း (၇၁၀) ကိုကယ်တင်နိုင်ခဲ့ပါတယ်။

(၆) MV Le Joola

MV Le Joola ကတော့  အာဖရိကတိုက် ဆီနီဂေါနိုင်ငံအစိုးရပိုင်ခရီးသည်တင်သဘောင်္ ဖြစ်ပါတယ်။ ၂၀၀၂ခုနှစ်၊ စက်တင်ဘာ(၂၆)ရက်နေ့မှာ ပြင်းထန်တဲ့မုန်တိုင်းဒဏ်ခံရပြီး ဂမ်ဘီယာကမ်းလွန်ပင်လယ်ပြင်မှာတိမ်းမှောက်ခဲ့တဲ့ MV Le Joola ရေယာဉ်ကြောင့် လိုက်ပါလာသူခရီးသည်(၁၈၆၃)ဦးသေဆုံးခဲ့ရပါတယ်။ လိုက်ပါလူသူခရီးသည်ရဲ့တစ် ဝက်လောက်ဟာ လက်မှတ်ဝယ်ခဲ့ခြင်းမရှိတဲ့အပြင် နစ်မြုပ်ရေယာဉ်ဟာလည်း သတ်မှတ်ထားတဲ့ ကုန်အလေးချိန်နဲ့ ပိုတဲ့ ကုန်များစွာကိုတင်ဆောင်လာခဲ့တာပါ။

ပြင်းထန်တဲ့မုန်တိုင်းလေပြင်းကြောင့် (၅)မိနစ် အတွင်းနစ်မြုပ်ခဲ့တဲ့ MV Le Joola ရေယာဉ်ရဲ့ ခရီးသည်(၂၀၀၀)နီးပါးမှာ (၆၄)ဦးကိုပဲ အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့ပါတယ်။အသက်ရှင်သူတွေထဲမှာMariama Diouf လို့အမည်ရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ထူးထူးခြားခြားပါဝင်လာခဲ့ပြီး အမျိုးသမီး (၆၀၀)ကျော်လောက် သေဆုံးခဲ့ရရှာပါတယ်။

(၅) SS Mont-Blanc

၁၉၁၇ ခုနှစ် ဒီဇင်ဘာ(၆)ရက်နေ့မှာတော့ ကနေဒါနိုင်ငံ၊ Nova Scotia ပြည်နယ်က Halifax ဆိပ်ကမ်းမှာဆိုက်ကပ်ထားတဲ့ ပြင်သစ်ကုန်တင်သဘောင်္ SS Mont-Blanc ရဲ့ ပေါက်ကွဲမှုကြောင့် Halifax ဆိပ်ကမ်းဝန်းကျင်က လူပေါင်း(၂၀၀၀)လောက်သေဆုံးခဲ့ရပါတယ်။ လက်နက်ခဲယမ်းမီးကျောက်တွေတင်ဆောင်ထားတဲ့ SS Mont-Blanc ဟာ Halifax ဆိပ်ကမ်းမှာကပ်ထားစဉ်မှာ နော်ဝေမီးသင်္ဘော SS Imoရဲ့ ဝင်တိုက်ခဲ့မှု ကြောင့် ဒီပေါက်ကွဲမှုဟာဖြစ်ပွားခဲ့ရတာပါ။

ဒီလိုဝင်တိုက်တဲ့အရှိန်ကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး မိနစ်(၂၀)ခန့်အကြာမှာတော့ SS Mont-Blancမှာရှိတဲ့ လက်နက်ခဲယမ်းတွေကိုသွားရောက်လောင်ကျွမ်းရာကနေ ပြင်းထန်တဲ့ပေါက်ကွဲမှုကြီးတွေဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီး Halifax ဆိပ်ကမ်းကရေယာဉ်တွေသာမက တစ်မြို့လုံးကို ဆိုးဆိုးရွားရွား ပျက်ဆီးစေခဲ့ပြီး လူထောင်နဲ့ချီသေဆုံးခဲ့ရတာပါ။

(၄) RMS Lancastria

ဗြိတိန်ပင်လယ်ကူးသင်္ဘောဖြစ်တဲ့ RMS Lancastria ဟာ ဒုတိယကမ္ဘာစစ်ကာလမှာတော့ နိုင်ငံရဲ့လိုအပ်ချက်အရ စစ်ဘက်ဆိုင်ရာ တာဝန်တွေကိုထမ်းဆောင်ခဲ့ပါတယ်။ RMS Lancastria ဟာကံဆိုးစွာနဲ့ပဲ ဂျာမန်လေယာဉ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကို ခံရပြီး၁၉၄၀ခုနှစ်၊ ဇွန်လ(၁၇)ရက်နေ့မှာ နစ်မြုပ်ခဲ့ရပါတယ်။ RMS Lancastriaနစ်မြုပ်မှု ကြောင့်အရပ်ဘက်နဲ့ စစ်ဘက်ဆိုင်ရာခရီးသည် လူပေါင်း(၄၀၀၀)ထက်မနည်း သေဆုံးခဲ့ရပြီး ဗြိတိန်နိုင်ငံရဲ့ သမိုင်းတစ်လျှောတ်အဆိုးရွားဆုံးသောသဘောင်္နစ်မြုပ်မှုဖြစ်ခဲ့ တာပါ။

ဒါအပြင် ဒုတိယကမ္ဘာစစ်အတွင်းဗြိတိန်စစ်တပ်ရဲ့ လူအသေအပျောက်အများဆုံး သောဖြစ်ရပ်အနေနဲ့ပါတည်ရှိနေတာပါ။ RMS Lancastriaနစ်မြုပ်မှုကြောင့် သေဆုံးခဲ့သူ အရေအတွက်ဟာ တိုက်တန်းနစ်သဘောင်္နဲ့ အထက်မှာဖော်ပြခဲ့တဲ့ RMS Lusitania နစ် မြုပ်မှုကြောင့်သေဆုံးသူ စုစုပေါင်းအရေအတွက်ထက် ပိုများနေခဲ့တာပါ။

(၃) MV Dona Paz

အရှေတောင်အာရှနိုင်ငံတစ်ခုဖြစ်တဲ့ဖိလစ်ပိုင်နိုင်ငံရဲ့ ခရီးသည်တင်ရေယာဉ် Dona Paz နစ်မြုပ် မှုကြောင့် သေဆုံးခဲ့ရသူအရေအတွက်ဟာလည်း နာမည်ကျော်တိုက်တန်း နစ်သင်္ဘောထက် ပိုများပါတယ်။ ၁၉၈၇ခုနှစ်၊ ဒီဇင်ဘာ (၂၀)ရက် မှာဖြစ်ပွားခဲ့တဲ့ Dona Paz ခရီးသည်တင်ရေယာဉ်နစ်မြုပ်မှုကြောင့် လူ(၄၃၇၅)ယောက် လောက်သေဆုံးခဲ့ရပြီး စစ်ပွဲကြောင့်မဟုတ်ပဲ မတော်တဆမှုကြောင့် နစ်မြုပ်ရတဲ့ ရေယာဉ်တွေထဲမှာတော့ အများဆုံး လူသေဆုံးရတဲ့ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ပါတယ်။ Dona Paz ဟာ ညအချိန်မှာ ရေနံတင်သဘောင်္ MT Vector နဲ့မထင်မှတ်ဘဲ တိုက်မိခဲ့တာ ကြောင့်နစ်မြုပ်ခဲ့ရပါတယ်။

MT Vectorဟာ ဓာက်ဆီစည်ပိုင်း အလုံးပေါင်း (၈၈၀၀) လောက်ကိုသယ်ဆောင်လာခဲ့တာကြောင့် Dona Paz နဲ့မထင်မှတ်ပဲ ပြင်းထန်စွာတိုက် မိချိန်တဲ့အရှိန်ကြောင့် မီးလောင်ကျွမ်းမှုများစွာ ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်ပွားတဲ့အချိန်ဟာ လည်းခရီးသည်အများစု အိပ်မောကျနေတဲ့ ညအချိန်မှာဖြစ်ခဲ့ရတာပါ။ လောင်စာပြင်းအား ကြောင့် အခင်းဖြစ်ပွားတဲ့ ရေပြင်တစ်ခုလုံးဟာ မီးပင်လယ်ကြီးလိုဖြစ်သွားခဲ့ရပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့တောင် အတော်ခက်ခဲတဲ့ အနေအထားဖြစ်ခဲ့ရပါတယ်။ Dona Paz ပေါ်မှာပါလာတဲ့ အသက်ကယ်ဝတ်စုံထားတဲ့ အခန်းဟာ မီးလောင်ပေါက်ကွဲမှုတွေကြောင့် Lock ကျသွားခဲ့ရတဲ့ အတွက်အခြေအနေ ဟာအလွန်ဆိုးခဲ့ရတာပါ။ Dona Paz ခရီးသည်တွေဟာ လွတ်မြောက်ဖို့အတွက် အရှိန်ဟီးဟီးတောက်လောင်နေတဲ့ မီးပင်လယ်ထဲကို ခုန်ဆင်းပြီး ဆိုးဆိုးရွားရွား သေဆုံးခဲ့ရတာပါ။

(၂) MV Goya

နစ်မြုပ်ချိန်(၇)မိနစ်လောက်သာရှိခဲ့ပြီး လူအနည်းဆုံး (၆၁၀၀)လောက်သေဆုံးခဲ့ရတဲ့ ဂျာမန်ပို့ဆောင်ရေး ရေယာဉ် MV Goyaရဲ့ နစ်မြုပ်မှုဟာလည်း အဆိုးရွားဆုံးသော ရေယာဉ်နစ်မြုပ်မှုစာရင်းဝင်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလဖြစ်တဲ့ ၁၉၄၅ ခုနှစ်၊ဧပြီ (၁၆)ရက်နေ့မှာ တော့ ဆိုဗီယက်ရေငုပ်သင်္ဘောတွေရဲ့လက်ချက်နဲ့ MV Goyaဟာ Baltic ပင်လယ်အတွင်းနစ်မြုပ်ခဲ့ရပါတယ်။ ဆိုဗီယက်ရေငုပ်သဘောင်္တွေက ပစ်လွတ် လိုက်တဲ့ တော်ပီဒိုဒုံးကျည်ထိမှန်ပြီး (၇)မိနစ်အကြာမှာပဲနစ်မြုပ်ခဲ့တဲ့ MV Goyaဟာ တင်ဆောင်လာတဲ့ခရီးသည်နဲ့သဘောင်္ဝန်ထမ်းအားလုံးနီးပါးသေဆုံးခဲ့ရတာပါ။

အများစု ဟာ အမျိုးသမီးနဲ့ကလေးတွေဖြစ်ကြပြီး သဘောင်္နစ်မြုပ်မှုကနေ လွတ်မြောတ်အောင် ကြိုးစားခဲ့သူအများစုဟာလည်း အလွန်အေးခဲနေတဲ့ ရေပြင်မှာသွေးခဲပြီးသေဆုံးခဲ့ရရှာ တာပါ။ဒီဖြစ်ရပ်ဟာ ဒုတိယကမ္ဘာစစ်ရေကြောင်းတိုက်ခိုက်မှုသမိုင်းမှာ ဒုတိယ လူအသေအပျောက်အများဆုံးသော သင်္ဘောနစ်မြုပ်မှုလည်းဖြစ်ခဲ့တာပါ။ ဂျာမန်ရေတပ်တွေရဲ့ စွမ်းစွမ်းတမံ ကယ်ဆယ်မှုကြောင့် ကလေးနှစ်ဦးအပါအဝင်ခရီးသည် (၁၈၃)ဦး ကိုတော့ ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပါတယ်။

(၁) MV Wilhelm Gustloff

ဒုတိယကမ္ဘာစစ်ကာလဖြစ်တဲ့ ၁၉၄၅ ခုနှစ်မှာ ဂျာမန်ရေတပ်သင်္ဘော MV Wilhelm Gustloffဟာ တော်ပီဒိုဒုန်းကျည်(၃)ချက်ထိမှန်ခဲ့တာကြောင့် Baltic ပင်လယ်ထဲမှာ နစ်မြူပ်ခဲ့ရပါတယ်။ အရှေ့ဘက်ပရပ်ရှားနယ်မှာ ဆိုဗီယက်တပ်နီတွေရဲ့ ဝိုင်းရံတိုက်ခိုက် မှုကြောင့်ထွက်ပြေးလာကြတဲ့ ဂျာမနီနိုင်ငံသားတွေ၊ ဂျာမန်စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေ ၊နာဇီပါတီဝင်တွေ ရေယာဉ်အမှုထမ်းတွေလိုက်ပါလာတဲ့ MV Wilhelm Gustloffဟာ သဘောင်္ရဲ့ ညာဘက်ခြမ်းကို ဒုံးကျည်ထိမှန်ခဲ့တာကြောင့် (၄၅) မိနစ်အကြာမှာ နစ်မြုပ်ခဲ့ ရပါတယ်။ လိုက်ပါလာသူခရီးသည် ၉၅၀၀ ခန့်မနည်းသေဆုံးခဲ့ရပြီး ကမ္ဘာသမိုင်းမှာ လူအသေအပျောက်အများဆုံးသော သင်္ဘောနစ်မြုပ်မှု အဖြစ် သမိုင်းဝင်ခဲ့ပါတယ်။

သုတဇုန်

Leave a Reply