အာရွတုိက္အလယ္ပုိင္းက ေခြးေျမေခြး (သုိ႔) ခုိဆက္ေျမေခြးတုိ႔ အေၾကာင္း

Posted on

အာရွတိုက္ အလယ္ပိုင္းက Corsac Fox လို႔ေခၚတဲ့ ေျမေခြးမ်ိဳးႏြယ္ေတြဟာ နို႕တိုက္ သတၱဝါအုပ္စုမွာပါဝင္ျပီး အသားစားတိရိစာၦန္ေတြျဖစ္ၾကပါတယ္။ Corsac ဆိုတဲ့စကား ဟာ ဒီေျမေခြးကို ရုရွားဘာသာ နဲ႔ေခၚတာျဖစ္ၿပီး ဒီေျမေခြးေတြကို ေခြးေျမေခြး(dog fox) လုိ႔လည္း ေခၚၾကပါတယ္။ Corsac Fox ေတြကို ေတာ့ Volga ျမစ္ရဲ့ အေရွဘက္ျခမ္း အာရွတိုက္အလယ္ပိုင္း ေဒသေတြျဖစ္တဲ့ကာဇက္စတန္နိုင္ငံ၊ ဥဇဘတ္ကစၥတန္၊ တာမင္နစ္စတန္၊ မြန္ဂိုလီးယား၊ အီရန္၊ တာဂ်စ္စတန္၊ ကာဂ်စ္စတန္ ၊ အာဖဂန္နစ္စၥတန္၊ တရုတ္နဲ႔ရုရွားနိုင္ငံေတြမွာ မွာက်ယ္က်ယ္ျပန္႔ျပန္႔ေတြ႕ရပါတယ္။

Corsac Foxေတြဟာ ေဖာ္ျပပါေဒသေတြမွာရွိတဲ့ ေျမညီျပီးသစ္ေတာ မရွိတဲ့ျမက္ခင္းျပင္ေတြ၊ ကႏာၱရတစ္ဝက္တစ္ပ်က္ေဒသေတြမွာ ရွင္သန္ေနထိုင္ၾကပါ တယ္။လူသူအေရာက္အေပါက္မ်ားတဲ့ စိုက္ပ်ိဳးခင္းေတြ၊ သစ္ေတာေတြ၊ ခ်ံဳပင္ေတြ၊ ခ်ံဳေတာေတြၾကားမွာေတာ့ ရံဖန္ရံခါကလြဲလို႔ အမ်ားအားျဖင့္ေတာ့ ျမင္ေတြ႔ရေလ့ မရွိၾကပါဘူး။ Corsac Foxေတြဟာ တြင္းေအာင္းသတၱဝါေတြျဖစ္ျပီး ေျမက်င္းေတြ အတြင္းမွွာ အျခားနို႔တိုက္သတၱဝါေတြရဲ့ ရွင္သန္မႈပံုစံေတြအတိုင္းပဲ ေနထိုင္ၾကီးထြား ၾကပါတယ္။ ဒီေျမေခြးေတြဟာ (၉) နွစ္ကေန (၁၂)နွစ္အတြင္း အသက္ရွင္ေနထိုင္ နိုင္ၾကပါတယ္။

Corsac Fox ေတြဟာ အလယ္အလတ္ အရြယ္အစားရွိတဲ့ ေျမေခြးမ်ိဳးႏြယ္ေတြျဖစ္ပါတယ္။ ပံုမွန္ Corsac Fox တစ္ေကာင္ရဲ့ခႏၶာကိုယ္ဟာ၁၈ လက္မကေန ၂၆ လက္မအထိ ရွည္လ်ားျပီး အျမီးအရွည္ကေတာ့ ၇.၅လက္မကေန ၁၃.၈လက္မအထိ ရွိတတ္ပါတယ္။ အရြယ္ေရာက္ျပီး ေျမေခြးတစ္ေကာင္ရဲ့ အေလးခ်ိန္ကေတာ့ ၃.၅ေပါင္ ကေန ၇.၁ ေပါင္ အေလးခ်ိန္ရွိပါတယ္။ Corsac Fox ေတြရဲ့ အေရာင္အေသြး ဟာမူလက မီးခိုေရာင္ကေန အရြယ္ေရာက္လာတဲ့အခါ အဝါေရာင္သမ္းတဲ့ဘက္ကုိ တျဖည္းျဖည္းကူးေျပာင္းလာပါတယ္။ ေနာက္ပိုင္းမ်ာေတာ့ Corsac Foxေတြရဲ့ ပါးစပ္၊ ေမးေစ့၊ လည္ပင္းတစ္ေလ်ာက္နဲ႔ ခႏၶာကိုယ္ရဲ့ အစိတ္အပိုင္းအေတာ္မ်ားမ်ားဟာ ျဖဴဖတ္ ျဖဴေရာ္ျဖစ္လာပါတယ္။

ေဆာင္းတြင္းဘက္ေရာက္ခ်ိန္မွာေတာ့ Corsac Fox ေတြရဲ့အေမႊးဟာ ပိုမိုထူထဲလာျပီး အေအးဒဏ္ကိုအကာအကြယ္ေပးတဲ့ ျခံဳထည္တစ္ခု ပမာျဖစ္သြားပါတယ္။ ဒါအျပင္ ဒီေျမေခြးေတြရဲ့ အေရာင္ဟာ ေကာက္ရိုးအေရာင္ ကဲ့သို႔ျဖစ္သြားျပီး ေျမေခြးရဲ့ ခႏၶာကိုယ္ေနာက္ေက်ာပိုင္းမွာ အနက္ေရာင္ အေမႊးနု ေလးေတြျပန္လည္ေပါက္လာတတ္ၾကပါတယ္။ သားရဲတိရစာၦန္ေလာကမွာေတာ့ Corsac Fox ေတြကို ညအခ်ိန္မွာက်က္စားတဲ့ သတၱဝါေတြအျဖစ္ သိထားၾကပါတယ္။ ဒါေပမဲ့ သူတို႔ကို ဖမ္းဆီးျပီး ေလွာင္အိမ္ထဲမွာ ထည့္ထားတဲ့အခ်ိန္မွာလည္း သူတို႔ဟာ ပံုမွန္အတိုင္းလႈပ္ရွားေနနိုင္ပါတယ္။

ေတာလိုက္မုဆိုးအပါအဝင္ အခ်ိဳ႕ေသာျဖစ္ရပ္ေတြက Corsac Fox ေတြကို ပ်က္ဆီးဆံုး ရႈံးမႈမ်ားတာေၾကာင့္ လူေတြနဲ႔ကင္းေဝးတဲ့ ညအခ်ိန္မွာသာ က်က္စားတာ ျဖစ္နိုင္တယ္လို႔ ပညာရွင္ေတြက သံုးသပ္အေျဖေပးခဲ့ၾကပါတယ္။ Corsac Fox ေတြရဲ့ အဓိကအစားအစာဟာ အင္းဆက္ပိုးမႊားေတြနဲ႔ အျခားကိုက္ျဖတ္တတ္တဲ့ တိရိစာၦန္ အငယ္ေလးေတြပဲျဖစ္တဲ့ လယ္ၾကြက္၊ gerbils(ေနာက္ေျခေထာက္ရွည္ျပီး ၾကြက္နဲ႔ တူတဲ့ ကႏၱာရ ေျမေအာင္းသတၱဝါ၊ Jerboas(ေျမေအာင္းသတၱဝါတစ္မ်ိဳး)၊ hamsters(ျမီးတိုပါးတြဲၾကြက္) နဲ႔ရွဥ့္တို႔ျဖစ္ပါတယ္။

Corsac Fox ေတြဟာ အသားစား သတၱဝါေတြျဖစ္တာနဲ႔အညီ အမဲလိုက္သူအခ်ိဳ႕စြန္႔ပစ္တဲ့ ေတာေကာင္ေတြနဲ႔ ပံုစံမ်ိဳးစံုနဲ႔ က်န္ရွိပုပ္သိုးေနတဲ့ ေတာေကာင္ၾကီးေတြရဲ့ အသားကိုလည္းစားေသာက္ၾက ပါတယ္။  အသားစားသတၱဝါေတြျဖစ္ေပမဲ့ တစ္ခါတစ္ရံမွာေတာ့ ဟင္းသီး ဟင္းရြက္၊သစ္သီးသစ္ဥ ေတြကိုစားတတ္ၾကပါေသးတယ္။ ဒါကလည္း သူတို႔ရဲ့ အစာ ျဖစ္တဲ့ သားေကာင္ေတြ ရွားပါးတဲ့အခ်ိန္မွပါ။ ဒီေျမေခြးေတြရဲ့ အၾကားအာရံု၊ အျမင္အာရံု၊ အနံ႔ခံအာရံုဟာ အလြန္ထက္ျမက္ပီး သားေကာင္အပါအဝင္ လူေတြရဲ့ သြားလာလႈပ္ရွားမႈကို ခဏခ်င္းသိျမင္နုိင္ပါတယ္။

သူတို႔ဟာ သစ္ပင္တတ္တဲ့ေနရာမွာ ခ်န္ပီယံေတြျဖစ္ေပမဲ့ သူတို႔ရဲ့ေျပးလႊႊားလႈပ္ရွားမႈကေတာ့ သာမန္ေခြးတစ္ေကာင္ရဲ့ အျမန္နႈန္းေလာက္သာ ရွိပါတယ္။ သူတုိ႔ေတြဟာ ေနရာကိုအတည္တက် မထားပဲ ေရၾကည္ရာျမတ္နုရာ ကိုလိုက္္ျပီးက်င္လည္ က်က္စားၾကပါတယ္။ ေဆာင္းရာသီေရာက္လာခ်ိန္မွာေတာ့ အာရွတိုက္ေတာင္ဘက္ပိုင္းကို အုပ္စုလိုက္ ေျပာင္းေရြေနထိုင္တတ္ၾကပါတယ္။ ဒါကလည္း သူတို႔ရဲ့ အမဲလိုက္ျပီး အစာရွာရာမွာ ပိုမိုအ ဆင္ေျပဖို႔အတြက္ ပဲျဖစ္ပါတယ္။

Corsac Foxေတြဟာ အျခားေသာ ေျမြေခြးမ်ိဳးႏြယ္ ေတြထက္ ပိုမိုစုစည္းမႈရွိျပီး တစ္ေကာင္တူးထားတဲ့ ေျမက်င္းေတြထဲမွာ အဲဒီေျမေခြးရဲ့ မိသားစုဝင္ေတြသာမက အျခားေသာ မ်ိဳးႏြယ္တူေျမေခြးေတြပါ ေပါင္းစည္းျပီး ေနထိုင္နိုင္ၾကပါတယ္။ မိတ္လိုက္ခ်ိန္ေရာက္တဲ့အခါမွာေတာ့ အထီးေတြက အမေတြကို အရင္ဆံုးတိုက္ခိုက္ၾကပါတယ္။ ဒီလိုနည္းနဲ႔ပထမဆံုးသိမ္းသြင္းျပီး ေနာက္ပိုင္းမွာေတာ့ တစ္လင္တစ္မယားစနစ္ပံုစံ အတိုင္းဆက္ဆံၾကပါတယ္။ အထီးေတြဟာ အမေတြမီးဖြားျပီး သားေပါက္ေလးေတြ အရြယ္ေရာက္တဲ့ အခ်ိန္အထိ လိုက္လံကူညီ ေပးေလ့ရွိပါတယ္။

Corsac Foxေတြဟာ နွစ္စဥ္ ဇန္နဝါရီလကေန မတ္လၾကား မွာမိတ္လိုက္ေလ့ရွိၾကျပီး အမေတြရဲ့ ကိုယ္ဝန္ေဆာင္ခ်ိန္က ရက္ေပါင္း ၅၀ ကေန ၆၀ ၾကား ၾကာေလ့ရွိပါတယ္။ အမတစ္ေကာင္ဟာ သားေပါက္ခ်ိန္မွာ အေကာင္ ၂ ေကာင္ကေန ၆ ေကာင္အထိ သားေပါက္ေလ့ရွိျပီး တစ္ခ်ိဳ႕ကေတာ့ (၁၁)ေကာင္အထိ ေပါက္ဖြားၾကပါတယ္။ ၂၀၀၄ ခုနွစ္တုန္းက အျပည္ျပည္ဆိုင္ရာ သဘာဝပတ္ဝန္းက်င္နဲ႔သားရဲတိရိစာၦန္ထိမ္းသိန္းေစာင့္ေရွာက္ ေရးအဖြဲ႔ IUCN ကေတာ့ Corsac Fox ေတြကို သတိထားေစာင့္ေရွာက္ရမဲ့ မ်ိဳးစိတ္ေတြ အျဖစ္ ေၾကျငာခဲ့ပါတယ္။ တစ္နွစ္အတြင္းမွာ မူလႏႈန္းထား ရဲ့ဆယ္ဆ အထိက်ဆင္းသြားတတ္တဲ့ အတြက္ေၾကာင့္လည္း ယခုလို ထိန္းသိမ္း ေစာင့္ၾကည့္ရမဲ့ အေနအထားမွာ ပါဝင္လာတာျဖစ္ပါလိမ့္မယ္။

ထူးထူးဆန္းဆန္းအခ်က္အလက္ကေတာ့ ဒီေျမေခြးေတြဟာ ဝံပေလြ၊ သိန္းငွက္၊ ဇီးကြက္၊ Buzzard (သိန္းငွက္ၾကီးတစ္မ်ိဳး)တို့လိုပဲ ရာသီဥတုကို ခန္႔မွန္းနိုင္ၾကပါတယ္။ ေဒသတစ္ခုမွာ ဆိုးရြားတဲ့ရာသီဥတု နဲ႔ၾကံဳေတြ႕ရမဲ့အခါ Corsac Foxေတြဟာ သူတို႔ရဲ့ ေျမတြင္းေတြကေနထြက္ကာ အျခားနယ္ပယ္အသစ္ကို ေျပာင္းေရြအေျခခ်ၾကလို႔ပါ။ Corsac Fox ေတြကို အဓိက ျခိမ္းေျခာက္ေနတာကေတာ့ ေမွာင္ခိုတိရိစာၦန္ အေရခြံ ေရာင္းခ်ေရး ေတာလိုက္မုဆိုးေတြျဖစ္ပါတယ္။ Corsac Foxေတြဟာ ေျပးလႊားရာမွာ ေႏွးေကြးတာေၾကာင့္ အမဲလိုက္သူေတြက အလြယ္တစ္ကူ ဖမ္းဆီးေနၾကျပီး စားက်က္ဧရိယာအတြင္း အေကာင္အေရအတြက္ အလြန္နည္းပါးလာေနပါတယ္။

အထူးသျဖင့္ Corsac Foxေတြရဲ့ သားေမႊးအေရခြံဟာ ေမွာင္ခိုသားရဲတိရိစာၦန္ ပစၥည္းေရာင္းခ်ေရး ေစ်းကြက္မွာအလြန္ မ်က္ႏွာပန္းလွပါတယ္။ က်န္ခဲ့တဲ့ (၁၉)ရာစုေလာက္ကေတာ့ Corsac Foxေတြရဲ့ သားေမႊးအတြက္ တစ္နွစ္အတြင္း အေကာင္ေရ ၁၀၀၀၀ ေလာက္သတ္ျဖတ္ခဲ့ၾကဖူးပါတယ္။ ဒါအျပင္ Corsac Foxေတြရဲ့ ေက်ာက္ျဖစ္ရုပ္ၾကြင္းေတြကို ဥေရာပက ဆြစ္ဇာလန္ ၊ရုရွားနိုင္ငံ ေဒသအခ်ိဳ႕လိုေနရာမ်ိဳးမွာ ေတာင္ေတြ႔ခဲ့ရတာျဖစ္လို႔ Corsac Fox ေတြဟာ ဥေရာပအထိ မ်ိဳးစိတ္ေတြရွိခဲ့တယ္လို႔ ပညာရွင္ေတြက ခန့္မွန္းထားၾကတာပါ။

VIDEO

——————–

အာရှတိုက်အလယ်ပိုင်းက ခွေးမြေခွေး (သို့) ခိုဆက်မြေခွေးတို့ အကြောင်း (unicode)

အာရှတိုက် အလယ်ပိုင်းက Corsac Fox လို့ခေါ်တဲ့ မြေခွေးမျိုးနွယ်တွေဟာ နို့တိုက် သတ္တဝါအုပ်စုမှာပါဝင်ပြီး အသားစားတိရိစ္ဆာန်တွေဖြစ်ကြပါတယ်။ Corsac ဆိုတဲ့စကား ဟာ ဒီမြေခွေးကို ရုရှားဘာသာ နဲ့ခေါ်တာဖြစ်ပြီး ဒီမြေခွေးတွေကို ခွေးမြေခွေး(dog fox) လို့လည်း ခေါ်ကြပါတယ်။ Corsac Fox တွေကို တော့ Volga မြစ်ရဲ့ အရှေဘက်ခြမ်း အာရှတိုက်အလယ်ပိုင်း ဒေသတွေဖြစ်တဲ့ကာဇက်စတန်နိုင်ငံ၊ ဥဇဘတ်ကစ္စတန်၊ တာမင်နစ်စတန်၊ မွန်ဂိုလီးယား၊ အီရန်၊ တာဂျစ်စတန်၊ ကာဂျစ်စတန် ၊ အာဖဂန်နစ်စ္စတန်၊ တရုတ်နဲ့ရုရှားနိုင်ငံတွေမှာ မှာကျယ်ကျယ်ပြန့်ပြန့်တွေ့ရပါတယ်။

Corsac Foxတွေဟာ ဖော်ပြပါဒေသတွေမှာရှိတဲ့ မြေညီပြီးသစ်တော မရှိတဲ့မြက်ခင်းပြင်တွေ၊ ကန္တာရတစ်ဝက်တစ်ပျက်ဒေသတွေမှာ ရှင်သန်နေထိုင်ကြပါ တယ်။လူသူအရောက်အပေါက်များတဲ့ စိုက်ပျိုးခင်းတွေ၊ သစ်တောတွေ၊ ချုံပင်တွေ၊ ချုံတောတွေကြားမှာတော့ ရံဖန်ရံခါကလွဲလို့ အများအားဖြင့်တော့ မြင်တွေ့ရလေ့ မရှိကြပါဘူး။ Corsac Foxတွေဟာ တွင်းအောင်းသတ္တဝါတွေဖြစ်ပြီး မြေကျင်းတွေ အတွင်းမှာ အခြားနို့တိုက်သတ္တဝါတွေရဲ့ ရှင်သန်မှုပုံစံတွေအတိုင်းပဲ နေထိုင်ကြီးထွား ကြပါတယ်။ ဒီမြေခွေးတွေဟာ (၉) နှစ်ကနေ (၁၂)နှစ်အတွင်း အသက်ရှင်နေထိုင် နိုင်ကြပါတယ်။

Corsac Fox တွေဟာ အလယ်အလတ် အရွယ်အစားရှိတဲ့ မြေခွေးမျိုးနွယ်တွေဖြစ်ပါတယ်။ ပုံမှန် Corsac Fox တစ်ကောင်ရဲ့ခန္ဓာကိုယ်ဟာ၁၈ လက်မကနေ ၂၆ လက်မအထိ ရှည်လျားပြီး အမြီးအရှည်ကတော့ ၇.၅လက်မကနေ ၁၃.၈လက်မအထိ ရှိတတ်ပါတယ်။ အရွယ်ရောက်ပြီး မြေခွေးတစ်ကောင်ရဲ့ အလေးချိန်ကတော့ ၃.၅ပေါင် ကနေ ၇.၁ ပေါင် အလေးချိန်ရှိပါတယ်။ Corsac Fox တွေရဲ့ အရောင်အသွေး ဟာမူလက မီးခိုရောင်ကနေ အရွယ်ရောက်လာတဲ့အခါ အဝါရောင်သမ်းတဲ့ဘက်ကို တဖြည်းဖြည်းကူးပြောင်းလာပါတယ်။ နောက်ပိုင်းမျာတော့ Corsac Foxတွေရဲ့ ပါးစပ်၊ မေးစေ့၊ လည်ပင်းတစ်လျောက်နဲ့ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအတော်များများဟာ ဖြူဖတ် ဖြူရော်ဖြစ်လာပါတယ်။

ဆောင်းတွင်းဘက်ရောက်ချိန်မှာတော့ Corsac Fox တွေရဲ့အမွှေးဟာ ပိုမိုထူထဲလာပြီး အအေးဒဏ်ကိုအကာအကွယ်ပေးတဲ့ ခြုံထည်တစ်ခု ပမာဖြစ်သွားပါတယ်။ ဒါအပြင် ဒီမြေခွေးတွေရဲ့ အရောင်ဟာ ကောက်ရိုးအရောင် ကဲ့သို့ဖြစ်သွားပြီး မြေခွေးရဲ့ ခန္ဓာကိုယ်နောက်ကျောပိုင်းမှာ အနက်ရောင် အမွှေးနု လေးတွေပြန်လည်ပေါက်လာတတ်ကြပါတယ်။ သားရဲတိရစ္ဆာန်လောကမှာတော့ Corsac Fox တွေကို ညအချိန်မှာကျက်စားတဲ့ သတ္တဝါတွေအဖြစ် သိထားကြပါတယ်။ ဒါပေမဲ့ သူတို့ကို ဖမ်းဆီးပြီး လှောင်အိမ်ထဲမှာ ထည့်ထားတဲ့အချိန်မှာလည်း သူတို့ဟာ ပုံမှန်အတိုင်းလှုပ်ရှားနေနိုင်ပါတယ်။

တောလိုက်မုဆိုးအပါအဝင် အချို့သောဖြစ်ရပ်တွေက Corsac Fox တွေကို ပျက်ဆီးဆုံး ရှုံးမှုများတာကြောင့် လူတွေနဲ့ကင်းဝေးတဲ့ ညအချိန်မှာသာ ကျက်စားတာ ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်အဖြေပေးခဲ့ကြပါတယ်။ Corsac Fox တွေရဲ့ အဓိကအစားအစာဟာ အင်းဆက်ပိုးမွှားတွေနဲ့ အခြားကိုက်ဖြတ်တတ်တဲ့ တိရိစ္ဆာန် အငယ်လေးတွေပဲဖြစ်တဲ့ လယ်ကြွက်၊ gerbils(နောက်ခြေထောက်ရှည်ပြီး ကြွက်နဲ့ တူတဲ့ ကန္တာရ မြေအောင်းသတ္တဝါ၊ Jerboas(မြေအောင်းသတ္တဝါတစ်မျိုး)၊ hamsters(မြီးတိုပါးတွဲကြွက်) နဲ့ရှဉ့်တို့ဖြစ်ပါတယ်။

Corsac Fox တွေဟာ အသားစား သတ္တဝါတွေဖြစ်တာနဲ့အညီ အမဲလိုက်သူအချို့စွန့်ပစ်တဲ့ တောကောင်တွေနဲ့ ပုံစံမျိုးစုံနဲ့ ကျန်ရှိပုပ်သိုးနေတဲ့ တောကောင်ကြီးတွေရဲ့ အသားကိုလည်းစားသောက်ကြ ပါတယ်။  အသားစားသတ္တဝါတွေဖြစ်ပေမဲ့ တစ်ခါတစ်ရံမှာတော့ ဟင်းသီး ဟင်းရွက်၊သစ်သီးသစ်ဥ တွေကိုစားတတ်ကြပါသေးတယ်။ ဒါကလည်း သူတို့ရဲ့ အစာ ဖြစ်တဲ့ သားကောင်တွေ ရှားပါးတဲ့အချိန်မှပါ။ ဒီမြေခွေးတွေရဲ့ အကြားအာရုံ၊ အမြင်အာရုံ၊ အနံ့ခံအာရုံဟာ အလွန်ထက်မြက်ပီး သားကောင်အပါအဝင် လူတွေရဲ့ သွားလာလှုပ်ရှားမှုကို ခဏချင်းသိမြင်နိုင်ပါတယ်။

သူတို့ဟာ သစ်ပင်တတ်တဲ့နေရာမှာ ချန်ပီယံတွေဖြစ်ပေမဲ့ သူတို့ရဲ့ပြေးလွှားလှုပ်ရှားမှုကတော့ သာမန်ခွေးတစ်ကောင်ရဲ့ အမြန်နှုန်းလောက်သာ ရှိပါတယ်။ သူတို့တွေဟာ နေရာကိုအတည်တကျ မထားပဲ ရေကြည်ရာမြတ်နုရာ ကိုလိုက်ပြီးကျင်လည် ကျက်စားကြပါတယ်။ ဆောင်းရာသီရောက်လာချိန်မှာတော့ အာရှတိုက်တောင်ဘက်ပိုင်းကို အုပ်စုလိုက် ပြောင်းရွေနေထိုင်တတ်ကြပါတယ်။ ဒါကလည်း သူတို့ရဲ့ အမဲလိုက်ပြီး အစာရှာရာမှာ ပိုမိုအ ဆင်ပြေဖို့အတွက် ပဲဖြစ်ပါတယ်။

Corsac Foxတွေဟာ အခြားသော မြွေခွေးမျိုးနွယ် တွေထက် ပိုမိုစုစည်းမှုရှိပြီး တစ်ကောင်တူးထားတဲ့ မြေကျင်းတွေထဲမှာ အဲဒီမြေခွေးရဲ့ မိသားစုဝင်တွေသာမက အခြားသော မျိုးနွယ်တူမြေခွေးတွေပါ ပေါင်းစည်းပြီး နေထိုင်နိုင်ကြပါတယ်။ မိတ်လိုက်ချိန်ရောက်တဲ့အခါမှာတော့ အထီးတွေက အမတွေကို အရင်ဆုံးတိုက်ခိုက်ကြပါတယ်။ ဒီလိုနည်းနဲ့ပထမဆုံးသိမ်းသွင်းပြီး နောက်ပိုင်းမှာတော့ တစ်လင်တစ်မယားစနစ်ပုံစံ အတိုင်းဆက်ဆံကြပါတယ်။ အထီးတွေဟာ အမတွေမီးဖွားပြီး သားပေါက်လေးတွေ အရွယ်ရောက်တဲ့ အချိန်အထိ လိုက်လံကူညီ ပေးလေ့ရှိပါတယ်။

Corsac Foxတွေဟာ နှစ်စဉ် ဇန်နဝါရီလကနေ မတ်လကြား မှာမိတ်လိုက်လေ့ရှိကြပြီး အမတွေရဲ့ ကိုယ်ဝန်ဆောင်ချိန်က ရက်ပေါင်း ၅၀ ကနေ ၆၀ ကြား ကြာလေ့ရှိပါတယ်။ အမတစ်ကောင်ဟာ သားပေါက်ချိန်မှာ အကောင် ၂ ကောင်ကနေ ၆ ကောင်အထိ သားပေါက်လေ့ရှိပြီး တစ်ချို့ကတော့ (၁၁)ကောင်အထိ ပေါက်ဖွားကြပါတယ်။ ၂၀၀၄ ခုနှစ်တုန်းက အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်နဲ့သားရဲတိရိစ္ဆာန်ထိမ်းသိန်းစောင့်ရှောက် ရေးအဖွဲ့ IUCN ကတော့ Corsac Fox တွေကို သတိထားစောင့်ရှောက်ရမဲ့ မျိုးစိတ်တွေ အဖြစ် ကြေငြာခဲ့ပါတယ်။ တစ်နှစ်အတွင်းမှာ မူလနှုန်းထား ရဲ့ဆယ်ဆ အထိကျဆင်းသွားတတ်တဲ့ အတွက်ကြောင့်လည်း ယခုလို ထိန်းသိမ်း စောင့်ကြည့်ရမဲ့ အနေအထားမှာ ပါဝင်လာတာဖြစ်ပါလိမ့်မယ်။

ထူးထူးဆန်းဆန်းအချက်အလက်ကတော့ ဒီမြေခွေးတွေဟာ ဝံပလွေ၊ သိန်းငှက်၊ ဇီးကွက်၊ Buzzard (သိန်းငှက်ကြီးတစ်မျိုး)တို့လိုပဲ ရာသီဥတုကို ခန့်မှန်းနိုင်ကြပါတယ်။ ဒေသတစ်ခုမှာ ဆိုးရွားတဲ့ရာသီဥတု နဲ့ကြုံတွေ့ရမဲ့အခါ Corsac Foxတွေဟာ သူတို့ရဲ့ မြေတွင်းတွေကနေထွက်ကာ အခြားနယ်ပယ်အသစ်ကို ပြောင်းရွေအခြေချကြလို့ပါ။ Corsac Fox တွေကို အဓိက ခြိမ်းခြောက်နေတာကတော့ မှောင်ခိုတိရိစ္ဆာန် အရေခွံ ရောင်းချရေး တောလိုက်မုဆိုးတွေဖြစ်ပါတယ်။ Corsac Foxတွေဟာ ပြေးလွှားရာမှာ နှေးကွေးတာကြောင့် အမဲလိုက်သူတွေက အလွယ်တစ်ကူ ဖမ်းဆီးနေကြပြီး စားကျက်ဧရိယာအတွင်း အကောင်အရေအတွက် အလွန်နည်းပါးလာနေပါတယ်။

အထူးသဖြင့် Corsac Foxတွေရဲ့ သားမွှေးအရေခွံဟာ မှောင်ခိုသားရဲတိရိစ္ဆာန် ပစ္စည်းရောင်းချရေး ဈေးကွက်မှာအလွန် မျက်နှာပန်းလှပါတယ်။ ကျန်ခဲ့တဲ့ (၁၉)ရာစုလောက်ကတော့ Corsac Foxတွေရဲ့ သားမွှေးအတွက် တစ်နှစ်အတွင်း အကောင်ရေ ၁၀၀၀၀ လောက်သတ်ဖြတ်ခဲ့ကြဖူးပါတယ်။ ဒါအပြင် Corsac Foxတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို ဥရောပက ဆွစ်ဇာလန် ၊ရုရှားနိုင်ငံ ဒေသအချို့လိုနေရာမျိုးမှာ တောင်တွေ့ခဲ့ရတာဖြစ်လို့ Corsac Fox တွေဟာ ဥရောပအထိ မျိုးစိတ်တွေရှိခဲ့တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြတာပါ။

Leave a Reply