အက္ဒမန္ကြ်န္းစု (သုိ႔) ကပၸလီကြ်န္းစုအေၾကာင္း သိေကာင္းစရာ

Posted on

ျမန္မာႏိုင္ငံ နာဂေရအငူ၏ ေတာင္ဘက္ မိုင္ ၁၇ဝ ခန္႔အကြာ၊ အိႏၵိယႏိုင္ငံ မဒရပ္ကမ္း႐ိုးတန္း၏ မိုင္ ၈၄၀ ခန္႔အကြာ ဘဂၤလားပင္လယ္ေအာ္ အတြင္း၌ရွိေသာ ကပၸလီကၽြန္း ေခၚ အက္ဒမန္ကၽြန္းစုမွာ နာဂေရငူႏွင့္ ဆူမၾတားကၽြန္းရွိ အခ်င္အငူစပ္ၾကားတြင္ရွိေသာ ကၽြန္းစု တန္းတြင္ အႀကီးဆုံးကၽြန္းျဖစ္သည္။ ထိုကၽြန္းစုတန္းမွာ အမွန္အားျဖင့္ ဟိမဝႏၲာေတာင္ဆြယ္မွ ျဖာဆင္းလာေသာ ရခိုင္႐ိုးမေတာင္တန္း၏ ပင္လယ္တြင္းေရာက္ ကုန္းျမင့္တန္း၏ အဆက္ပင္ျဖစ္သည္။ ဒုတိယကမၻာစစ္ႀကီး မျဖစ္မီက ျမန္မာႏိုင္ငံမွ တစ္သက္တစ္ကၽြန္းပို႔ျခင္းခံရေသာ အက်ဥ္းသားမ်ားကို ထိုကၽြန္းသို႔ပို႔ေသာေၾကာင့္ ထိုကၽြန္းစုကို တစ္ကၽြန္းဟုလည္း ေခၚၾကသည္။ ကပၸလီလူပုမ်ားေနသည္ကို အေၾကာင္းျပဳ၍လည္း ကပၸလီကၽြန္းဟုလည္း တြင္သည္။

ျမန္မာလုိ ကပၸလီကြ်န္းစုဟုေခၚေသာ္လည္း တကယ့္တကယ္နာမည္မွာမူ အက္ဒမန္ နဲ႔ နီကုိဗားကြ်န္းစု(Andaman and Nicobar Islands) ျဖစ္သည္။ ကၽြန္းႀကီးကၽြန္းငယ္ အစုစုေပါင္း ၅၇၂ကၽြန္း ပါဝင္သည္။ ေတာင္ဘက္ပုိင္းကြ်န္းစုမ်ားကို နီကုိဗာကြ်န္းစုဟုေခၚၿပီး ေျမာက္ဘက္ပုိင္းကြ်န္းစုမ်ားကို အက္ဒမန္ကြ်န္းစု(ကပၸလီကြ်န္းစု) ဟုေခၚသည္။ ထိုကၽြန္းစုသည္ ေျမာက္မွ ေတာင္သို႔ မိုင္ ၂ဝဝ ခန္႔ ရွည္လ်ား၏။ ေျမာက္ဘက္ရွိ ကၽြန္းႀကီးကို ကပၸလီကၽြန္း၊ သို႔မဟုတ္ အက္ဒမန္ကၽြန္းႀကီးဟု၎၊ ေတာင္ဘက္ ရွိ ကၽြန္းႀကီးကို ကပၸလီကၽြန္းငယ္၊ သို႔မဟုတ္ အက္ဒမန္ကၽြန္းငယ္ ဟု၎ ေခၚသည္။ ကၽြန္းငယ္ကေလးတို႔တြင္ ေျမာက္ဘက္စြန္း ရွိ ကိုကိုႏွင့္ လင္ေဖာကၽြန္းမ်ား၊ ကၽြန္းႀကီး၏ အေနာက္ဘက္ရွိ အင္တာဗ်ဴးကၽြန္း၊ အေရွ႕ဘက္ကမ္း အနီးရွိ ရစ္ခ်ီကၽြန္းစု၊ ေတာင္ဘက္ဖ်ားရွိ ရတ္တလန္ႏွင့္ ေျမာက္ဆင္တီနယ္ကၽြန္းတို႔ ထင္ရွားသည္။

ကပၸလီကၽြန္းႀကီးကို ကၽြန္းႀကီးတစ္ကၽြန္းတည္ဟု ယူဆရန္ ျဖစ္ေသာ္လည္း က်ဥ္းေျမာင္းလွေသာ ဆားငန္ေရေၾကာင္း၍ ငယ္ကေလးမ်ား ျဖတ္စီးေနေသာေၾကာင့္ ကၽြန္းေလးကၽြန္း ရွိသည္ဟု ယူမွတ္ၾကသည္။ ယင္းတို႔မွာ ေျမာက္အက္ဒမန္၊ အလယ္ အက္ဒမန္၊ ဗာရာတန္းႏွင့္ ေတာင္အက္ဒမန္တို႔ ျဖစ္သည္။ ေတာင္မွေျမာက္သို႔ (ရတ္တလန္ကၽြန္း အပါအဝင္) မိုင္ ၁၆ဝ ရွည္လ်ား၍ အေရွ႕ႏွင့္အေနာက္တြင္ တစ္ဖက္ပင္လယ္မွ တျခား တစ္ဖက္သို႔ မည္သည့္ေနရာမၽွ မိုင္ ၂ဝ ထက္ပို၍ မက်ယ္ဝန္း ေပ။ ပင္လယ္ကမ္း႐ိုးတန္းမွာ မ်ားစြာ ေကြ႕ေကာက္၍ သေဘၤာ မ်ားခိုလႈံႏိုင္သည့္ အေကြ႕အေကာက္မ်ားရွိသည္။ အက္ဒမန္ကၽြန္းငယ္မွာ ရတ္တလန္ကၽြန္း၏ ေတာင္ဘက္ မိုင္ ၃ဝ အကြာတြင္ ရွိ၏။ ေတာင္မွေျမာက္သို႔ ၂၆ မိုင္ရွည္ၿပီးလၽွင္ အေရွ႕မွ အေနာက္သို႔ ၁၆ မိုင္က်ယ္သည္။

ေျမမ်က္ႏွာျပင္မွာ ေတာင္ကုန္းထူထပ္၍ တစ္သက္ တစ္ကၽြန္းတို႔ စတည္းခ်ေနထိုင္ရာေဒသမွအပ တစ္ကၽြန္းလုံး တြင္ အပူပိုင္းသစ္ေတာ္မ်ားျဖင့္ လႊမ္းမိုးလ်က္ရွိသည္။ ေတာင္ ကုန္းတို႔မွာ ေျမာက္မွေတာင္သို႔ တန္းလ်က္ရွိၾကသည္။ အေရွ႕ ဘက္တြင္ ပိုမိုျမင့္၍ အေနာက္ဘက္၌ နိမ့္သည္။ ထိုကၽြန္းစုရွိ ေတာင္ထိပ္မ်ားမွာ ေျမာက္အက္ဒမန္ရွိ ဆက္ဒဲေတာင္ထိပ္ ၂၄ဝ၂ ေပ၊ အလယ္အကဒမန္ရွိ ဒီယဗိုလိုေတာင္ထိပ္ ၁၆၇၈ ေပ၊ ေတာင္အက္ဒမန္ရွိ ဟဲရီးယက္ေတာင္ထိပ္ ၁၁၉၆ ေပတို႔ ျဖစ္သည္။

ပူေႏြး၊ စြတ္စို၊ ထိုင္းမႈိင္းေသာ အပူပိုင္းရာသီရွိ၍ ႏွစ္တိုင္း လိုပင္ အပူ၊ အေအး ျခားနားခ်က္တို႔မွာ တသမတ္တည္းကဲ့ သို႔ ျဖစ္သည္။ အေအးဆုံးအခ်ိန္မွာ ဇြန္လႏွင့္ ေဖေဖာ္ဝါရီလ တို႔ျဖစ္၍ အပူဆုံးအခ်ိန္မွာ မတ္လ၊ ဧၿပီလႏွင့္ ေမလတို႔ျဖစ္ သည္။ ပ်မ္းမၽွအားျဖင့္ အေအးဆုံးဒီဂရီမွာ ဖာရင္ဟိုက္ ၆၆.၇ မၽွရွိ၍ အပူဆုံးဒီဂရီမွာ ဖာရင္ဟိုက္ ၉၆ ျဖစ္သည္။ တစ္ႏွစ္ တြင္ ပ်မ္းမၽွျခင္းအားျဖင့္ မိုးေရခ်ိန္ ၁၃၈ လက္မ႐ြာသည္။ မိုးရာသီမွာ အေနာင္ေတာင္ မုတ္သုံရာသီေလတိုက္သည္။ ေမလလယ္ေလာက္မွ ႏိုဝင္ဘာလလယ္ေလာက္ထိျဖစ္၍ က်န္ ေျခာက္လမွာ ေသြ႕ေျခာက္ေသာရာသီျဖစ္သည္။ ဘဂၤလား ပင္လယ္ေအာ္တြင္ ျဖစ္ေပၚတတ္ေသာ ဆိုင္ကလုန္း အတြင္း ဝိုက္ေလဝဲမွာ ဤကၽြန္းစုေတာင္ဘက္ေလာက္မွ စတင္ျဖစ္ေပၚ ေလ့ရွိသည္။

ဤကၽြန္းႏွင့္စပ္လ်ဥ္း၍ အေစာဆုံးမွတ္သားခ်က္မ်ားကို ေအဒီ၈၇၁ ခုႏွစ္ေလာက္က အေရွ႕ပိုင္းသို႔ ခရီးထြက္ေသာ အာရပ္ လူမ်ိဳး ခရီးသည္ႏွစ္ဦး၏ မွတ္တမ္းတြင္ ေတြ႕ရသည္၊ ပထမ ၁ဝဝဝ စုႏွစ္မ်ားတြင္ တ႐ုတ္ႏွင့္ ဂ်ပန္လူမ်ိဳးတို႔သည္လည္း ဤကၽြန္းစုအေၾကာင္းကို ေကာင္းစြာသိၾကသည္။ တ႐ုတ္တို႔က ဤကၽြန္းစုကို ယန္ထိုမန္ဟူ၍၎၊ ဂ်ပန္တို႔က အႏၵဗန္ဟူ၍ ၎ အသီးသီး ေခၚၾကသည္။ ကမၻာေက်ာ္ခရီးသည္ မာကိုပိုလို ၏ မွတ္တမ္းတြင္လည္း ဤကၽြန္းမ်ားအေၾကာင္းကို ေဖာ္ျပထား သည္။ သို႔ရာတြင္ ေဖာ္ျပသည့္အေၾကာင္းအရာတို႔မွာ တစ္ဆင့္ ၾကားမ်ားသာျဖစ္ခဲ့ဟန္တူသည္။

၁၅၆၆ ခုႏွစ္က နကဗာရီကၽြန္းအနီးမွ ျဖတ္သြားခဲ့ေသာ ဆီဇာဖရက္ဒရစ္ဆိုသူ၏ မွတ္တမ္းတြင္ ထိုကၽြန္းစုအေၾကာင္း ကို ပိုမိုခိုင္လုံစြာ ေဖာ္ျပထားသည္။ ၁၇ ႏွင့္ ၁၈ ရာစုႏွစ္မ်ား အတြင္းက ထိုကၽြန္းစုမ်ားအေၾကာင္းကို ေဖာ္ျပေသာ မွတ္တမ္း မ်ား ရွိခဲ့ေလသည္။ ထိုမွတ္တမ္းတို႔တြင္ ဤကၽြန္းသားတို႔မွာ လူ႐ိုင္းမ်ားျဖစ္၍ ေၾကာက္႐ြံ႕ဖြယ္ရာေကာင္းေၾကာင္း၊ တတ္ႏိုင္ သမၽွ ကၽြန္းကိုေရွာင္သင့္ေၾကာင္း စသည္တို႔ ေဖာ္ျပခဲ့သည္။ သေဘၤာပ်က္၍ ထိုကၽြန္းမ်ားတြင္ ေသာင္တင္ခဲ့ေသာ သေဘၤာသားတို႔မွာ မ်ားေသာအားျဖင့္ သတ္ျဖတ္ျခင္းခံခဲ့ရသည္။ မွတ္တမ္းအမ်ားတြင္ ကၽြန္းသားမ်ားသည္ လူသားစားသူမ်ားဟု ေဖာ္ျပခဲ့ေသာ္လည္း ထိုေဖာ္ျပခ်က္တို႔မွာ အေျခအျမစ္ မရွိေပ။ သေဘၤာပ်က္တို႔ႏွင့္ သံကိုရရွိၿပီးေနာက္မွ ဤကၽြန္းသားတို႔သည္ သံ၏အသုံးကို တတ္သိခဲ့ၾကသည္။

၁၈ ရာစုႏွစ္မ်ားကုန္သည္တိုင္ေအာင္ ဤကၽြန္းစုမ်ားႏွင့္ ဆက္သြယ္မႈမ်ား ရရွိရန္ မည္သူမၽွ ႀကိဳးစားျခင္း မရွိခဲ့ေခ်။ သို႔ရာတြင္ ဤကၽြန္းတစ္ဝိုက္တြင္ ခရီးသြားေသာ သေဘၤာ သားမ်ားအတြက္ ေဘးအႏၲရာယ္မ်ားလွေသာေၾကာင့္ ေလာ့ကြန္း ေဝါလစ္ လက္ထက္ ၁၇၈၈ ခုႏွစ္တြင္ ၿဗိတိသၽွ အေရွ႕အိႏၵိယ ကုမၸဏီသည္ အာခ်ီေဗာ္ဗလဲယားဆိုသူကို ဤကၽြန္းစု၌ ကိုလိုနီ တစ္ခု ဖြင့္လွစ္ရန္ တာဝန္လႊဲအပ္ခဲ့သည္။ အလုပ္သမားမ်ား အျဖစ္ အက်ဥ္းသားမ်ားကို ပို႔ေပးခဲ့သည္။ ကိုလိုနီကို ၁၇၈၉ ခုႏွစ္ စက္တင္ဘာလတြင္ ယခု ပို႔ဗလဲယားၿမဳိ႕တြင္ စတင္ခဲ့သည္။ ၁၇၉၂ ခုႏွစ္တြင္ အေျခခံေရတပ္စခန္းတစ္ခု ဖြင့္လွစ္ရန္ ရည္ၫႊန္း၍ ေျမာက္အက္ဒမန္ကၽြန္းရွိ ယခုပို႔ကြန္းေဝါလစ္ေနရာသို႔ ေ႐ႊ႕ေျပာင္းခဲ့သည္။

သို႔ရာတြင္ က်န္းမာေရးႏွင့္ သန္႔ရွင္း စင္ၾကယ္ေရး အေျခအေန ဆိုး႐ြားေသာေၾကာင့္ အေျခခံ ေရတပ္စခန္းဖြင့္လွစ္ရန္ အႀကံကို ေခတၱ႐ုပ္သိမ္းၿပီးလၽွင္ အက်ဥ္းသားမ်ားအား အိႏၵိယျပည္သို႔ ျပန္ေခၚခဲ့သည္။ ထိုေနာက္ အႏွစ္ ၆ဝ အတြင္း ဤကၽြန္းတြင္ အျပင္လူမ်ား သြားေရာက္ေနထိုင္ျခင္း မရွိခဲ့ေခ်။ သို႔ရာတြင္ သေဘၤာပ်က္ ကိစၥမ်ား မၾကာခဏ ေတြ႕ႀကဳံေနသျဖင့္ အေရွ႕အိႏၵိယကုမၸဏီ သည္ ဤကၽြန္းစုကို ကိုလိုနီအျဖစ္ျပဳလုပ္ရန္ ျပန္လည္ ေဆာင္႐ြက္ခဲ့ေလသည္။ ၁၈၅၈ ခုႏွစ္ မတ္လတြင္ ယခင္ ေနရာေဟာင္းျဖစ္ေသာ ပို႔ဗလဲယားေနရာ၌ပင္ အက်ဥ္းသား တို႔၏ စခန္းတစ္ခုကို ျပန္လည္ဖြင့္လွစ္ခဲ့ေလသည္။ ထို အခ်ိန္မွာ အိႏၵိယ တပ္တြင္း သူပုန္ႀကီးၿပီးစျဖစ္၍ အေရွ႕အိႏၵိယ ကုမၸဏီတြင္ ေျမာက္ျမားလွေသာ တပ္တြင္း သူပုန္အက်ဥ္းသား တို႔အား ေနရာခ် ထားေပးရန္ ျပႆနာႏွင့္ ရင္ဆိုင္ေနခဲ့သျဖင့္ အက်ဥ္းသားတို႔၏စခန္းကို ပိုလိုလ်င္ျမန္စြာ ဖြင့္လွစ္ႏိုင္ခဲ့ေပသည္။

ကပၸလီလူမ်ိဳးမ်ားျဖစ္ေသာ အက္ဒမန္ကၽြန္းသားတို႔မ်ာ မိမိတို႔ ေဒသသို႔ ဝင္ေရာက္ေနထိုင္ၾကေသာ ႏိုင္ငံျခားသားတို႔အား မိမိတို႔ေဒသ၌ မေနထိုင္ေအာင္ စတင္ ဝင္ေရာက္လာၾကသည့္ အခ်ိန္မွစ၍ မၾကာခဏ တိုက္ခိုက္သတ္ျဖတ္ၾကသည္။ ႏိုင္ငံျခားသားတို႔မွာ ထိုကၽြန္းသားတို႔ႏွင့္ ခ်စ္ခင္ရင္းႏွီးမႈ ရရွိ ေစရန္ နည္းအမ်ိဳးမ်ိဳးျဖင့္ ဆက္ဆံခဲ့ေလသည္။ ယခုအခါ၌ ေတာင္အက္ဒမန္ကၽြန္းအတြင္း ေနထိုင္ၾကေသာ ဂ်ာရဝါးလူမ်ိဳး တို႔မွတစ္ပါး က်န္ကၽြန္းသားတို႔ျဖင့္ ဆက္သြယ္မႈမွာ ေကာင္းမြန္လာခဲ့သည္။ ၁၈၂၄ ခုႏွစ္တြင္ ပထမအဂၤလိပ္ျမန္မာစစ္ပြဲ ျဖစ္ပြားစဥ္က ျမန္မာႏိုင္ငံကို တိုက္ခိုက္ရန္ ေစလႊတ္ေသာ အေရွ႕အိႏၵိယ ကုမၸဏီ၏ ဘဂၤလားတပ္မႀကီးႏွင့္ မဒရပ္တပ္မႀကီးတို႔သည္ ေရွးဦးစြာ အက္ဒမန္ကၽြန္းႀကီးရွိ ပို႔ကြန္းေဝါလစ္တြင္ စုေဝးၿပီး ေနာက္မွ ပင္လယ္ခရီးျဖင့္ ရန္ကုန္ၿမိဳ႕သို႔ ခ်ီတက္တိုက္ခိုက္ခဲ့ ၾကသည္။

ကိုကိုးကၽြန္းစု ၊ အက္ဒမန္ကၽြန္းစု၊ နာကဗာရီကၽြန္းစုတို႔မ်ာ ၿဗိတိသၽွလက္ထက္က ေကာ္မရွင္နာမင္းႀကီးတစ္ဦး အုပ္ခ်ဳပ္ ေသာ ၿဗိတိသၽွအင္ပိုင္ယာ အပါအဝင္ နယ္တစ္နယ္ ျဖစ္ခဲ့ သည္။ ထိုစဥ္က အိႏၵိယျပည္ႏွင့္ ျမန္မာျပည္မွာ တစ္သက္ တစ္ကၽြန္း ပို႔ျခင္းခံရသူတို႔ကို ဤကၽြန္းသို႔ ပို႔ခဲ့ၾကသည္။ ၿဗိတိသၽွ ပါလီမန္တြင္ ျပဳလုပ္ေသာ ၁၉၃၅ ခုႏွစ္ ျမန္မာႏိုင္ငံ အက္ဥပေဒအရ အိႏၵိယႏွင့္ ျမန္မာႏိုင္ငံကို ခြဲလိုက္ရာတြင္ အက္ဒမန္ကၽြန္းစုမွာ အိႏၵိယပိုင္နက္တြင္ က် ေရာက္ခဲ့၏။ အမွန္စင္စစ္ေသာ္ကား ပထဝီဝင္ အေနအထား အရ ကပၸလီ ကၽြန္းစုသည္ ျမန္မာႏိုင္ငံပိုင္ ျဖစ္သင့္ေပသည္။

ျမန္မာႏုိင္ငံ လြတ္လပ္ေရးရၿပီးေနာက္ တစ္သက္ တစ္ကၽြန္း အျပစ္ေပးခံရသူတို႔ကို ျမန္မာႏိုင္ငံမွ ထိုကၽြန္းသို႔ မပို႔ေတာ့ပါ။ ကပၸလီကၽြန္းစု၏ တိုင္းဦးသားတို႔မွာ အရပ္ပုေသာ ကပၸလီလူမ်ိဳးမ်ားတြင္ အပါအဝင္ျဖစ္သည္။ ေထာင္ေပါင္း မ်ားစြာေသာ ႏွစ္ေပါင္းအလ်င္က အာရွတိုက္ အေရွ႕ေတာင္ပိုင္း ႏွင့္ ထိုေဒသတစ္ဝိုက္ကၽြန္းတို႔တြင္ ဤကပၸလီပုမ်ား ျပန္႔ႏွံ႔ ေနထိုင္ခဲ့ၾကသည္။ သူတို႔မွာ ထိုေဒသတြင္ ေရွးအက်ဆုံး ေနထိုင္ခဲ့သူမ်ားဟု ယူဆဖြယ္ရာရွိသည္။ ကၽြန္းသားတို႔ႏွင့္ အႏြယ္တူျဖစ္ေသာ ကပၸလီပုမ်ားကို ယခုတိုင္ အာရွတိုက္ အေရွ႕ေတာင္ပိုင္းႏွင့္ ကၽြန္းစုမ်ားတြင္ ေတြ႕ရေသးသည္။ သူတို႔မွာ ပသၽွဴးအတြင္းတြင္း လတၱီတြဒ္ ၅ ႏွင့္ ၇ စပ္ၾကား ထူထပ္ေသာေဒသရွိ ေဆမန္မ်ား၊ ဖိလစ္ပိုင္ကၽြန္းစု၏ ကၽြန္းမ ျဖစ္ေသာ လူဇုံကၽြန္းေတာတြင္းေန အအီတမ်ား၊ နယူးဂင္းနီ ကၽြန္းရွိ တပိ႐ိုမ်ားႏွင့္ တိုင္ေမာ္၊ ဆူးမၾတားစသည့္ ကၽြန္းတို႔ တြင္ ေတြ႕ရေသာ အျခားလူမ်ိဳးျဖစ္သည္။

ဤေဒသရွိ ကပၸလီ လူပုတို႔သည္ အျခားလူမ်ိဳးတို႔ႏွင့္ ေရာေႏွာေနလာခဲ့သည္မွာ ၾကာၿပီ ျဖစ္သျဖင့္ ထိုသူမ်ားသည္ အျခားလူမ်ိဳးတို႔၏ ယဥ္ေက်းမႈလႊမ္းမိုးျခင္း၊ ေရာေႏွာျခင္းကို ခံခဲ့ရသေလာက္ ကပၸလီကၽြန္းသား မ်ားမွာ မခံခဲ့ရသျဖင့္ ကပၸလီကၽြန္းသား မ်ားသည္ ကပၸလီပုလူမ်ိဳးမ်ားအနက္ အမ်ိဳးအစစ္ဆုံး၊ အသန္႔ဆုံးဟု ဆိုႏိုင္ေပသည္။ ကပၸလီကၽြန္းသားတို႔သည္ မည္သည့္ေဒသ၊ မည္သည့္ အခ်ိန္ေလာက္က ကပၸလီကၽြန္းစုသို႔ ေရာက္ခဲ့ၾကသည္ကို မခန္႔မွန္း ႏိုင္ေပ။ ကၽြန္းစုသည္ ကၽြန္းမႀကီးႏွင့္ တစ္ဆက္ တည္း ျဖစ္စဥ္က ေရာက္ခဲ့သည္။ သို႔မဟုတ္ ပင္လယ္ေရ ေၾကာင္း အဆက္ျပတ္ၿပီးမွ ေရာက္ခဲ့သည္ကိုပင္ မေျပာႏိုင္ေပ။ အလြန္႔အလြန္ ေရွးက်ေသာေခတ္က ေရာက္ခဲ့သည္ဟုသာ ယူဆရေပမည္။

မည္သည့္အခ်ိန္ကပင္ေရာက္သည္ျဖစ္ေစ သူတို႔သည္ ျမန္မာႏိုင္ငံ ရခိုင္၊ သို႔မဟုတ္ ပဲခူးေဒသဘက္ဆီမွ ေရာက္လာၾကတန္ရာသည္ဟု ပညာရွင္တို႔က ယူဆၾကသည္။ ကပၸလီကၽြန္းသား ေယာက္်ားတို႔သည္ မ်ားေသာအားျဖင့္ ၄ ေပ ၁ဝ လက္မခြဲ၊ မိန္းမတို႔မွာ ၄ ေပ ၆ လက္မခြဲမၽွ အရပ္ရွိ ၾကသည္။ ဦးေခါင္းလုံး၍ ႏွာေခါင္းျပားသည္။ ဆံပင္မွာ က်ပ္ ခိုးေရာင္ရွိ၍ တြန္႔လိမ္ေနသည့္အျပင္ ဦးေရတြင္ ျပားကပ္၍ တည္ေနသည္။ အသားေရာင္မွာ မဲေျပာင္ေန၏။ ကပၸလီကၽြန္းသားတို႔မွာ လူမ်ိဳးတစ္မ်ိဳးတည္းပင္ ျဖစ္ ေသာ္လည္း ဘာသာစကားႏွင့္ ယဥ္ေက်းမႈ အခ်က္အလက္ မ်ား၏ ကြဲျပားခ်က္ကိုလိုက္၍ ကပၸလီကၽြန္းႀကီးအစုႏွင့္ ကပၸလီကၽြန္းငယ္အစုဟု ၂ စုခြဲျခားသည္။ ပထမအစုတြင္ ေတာင္အက္ဒမန္ရွိ ဂ်ာရဝါးလူမ်ိဳးတို႔မွအပ ကပၸလီကၽြန္းႀကီးေန အျခားလူမ်ိဳးမ်ားပါဝင္၍ ဒုတိယအစုတြင္ ဂ်ာရဝါးမ်ား၊ ကပၸလီကၽြန္းေန လူမ်ိဳးမ်ားႏွင့္ ေျမာက္ဆင္တီနယ္ကၽြန္းသား မ်ား ပါဝင္၏။

ကပၸလီကၽြန္းႀကီးအစုတြင္ လူမ်ိဳးစု ၁ဝ မ်ိဳးပါဝင္ရာ ေျမာက္အက္ဒမန္ကၽြန္းတြင္ အကခ်ရီ၊ အကကိုရ၊ အကေဂ်႐ု၊ အလယ္အက္ဒမန္ႏွင့္ ဗာရာတန္းတို႔တြင္ အကေကေဒ၊ အကကို၊ အိုကိုဂ်ဴဝိုင္ႏွင့္ အပုစိကြာ၊ ရစ္ခ်ီကၽြန္းစုတြင္ အကာဘေလ၊ ေတာင္အကဒမန္ကၽြန္းစု၏ ကမ္း႐ိုးတန္းတြင္ အကဘီအတို႔ရွိၾက သည္။ ကပၸလီကၽြန္းငယ္အစုတြင္ ေတာင္အက္ဒမန္အတြင္းပိုင္း ေနဂ်ာရဝါးမ်ား၊ ေျမာက္ဆင္တီနယ္ကၽြန္းသားမ်ား၊ အကဒမန္ ကၽြန္းငယ္ေန အြန္ေဂမ်ား ပါဝင္ၾကသည္။ ထိုလူမ်ိဳးစုတို႔သည္ ေရာေႏွာေနထိုင္ျခင္းမရွိ။ မိမိတို႔ေဒသႏွင့္ မိမိတို႔ သီးသန္႔ ေနထိုင္ၾကသည္။ ေနထိုင္စားေသာက္၊ ေတြးေတာယုံၾကည္မႈတို႔တြင္ တိုးတက္ မႈ မရွိၾကေသးေပ။ ဝတ္ဆင္မႈဟူ၍ မရွိလွ။ အလွ အပအအျဖစ္ ကိုယ္တြင္ ႐ႊံ႕ေစးတို႔ျဖင့္ အဆင္ေပၚေအာင္ ေဆးေရးတတ္ၾကသည္။ ႐ႊင္ပ်စြာ ေနထိုင္တတ္ၾကေသာ္လည္း အမ်က္ထြက္ေသာ အခါတို႔တြင္ ရက္စက္ၾကမ္းၾကဳတ္သူမ်ား ျဖစ္ၾကသည္။

ေျမာက္စင္တီနယ္ကြ်န္း

အိႏၵိယႏိုင္ငံအစိုးရက သီးသန္႕ဇုန္တစ္ခုအျဖစ္သတ္မွတ္ကာ အနီး၀န္းက်င္ သုံးမိုင္ပတ္လည္သို႕ မည္သူ႕ကိုမွ် သြားေရာက္ ခြင့္မျပဳသည့္ ေျမာက္ပိုင္းကင္းေစာင့္ကၽြန္းသည္ ကၽြန္း၏ က်ဥ္းေျမာင္းေသာ ကမ္းေျခမွလြဲ၍သစ္ေတာမ်ားျဖင့္ ဖုံးအုပ္ေနသည့္ လွ်ိဳ႕ ၀ွက္ ေနရာတစ္ခုျဖစ္သည္။ကၽြန္းတြင္ လမ္းကြန္ရက္တစ္ခုရွိၿပီး သစ္ေတာအတြင္း၌ မ်ားျပားေသာေက်းရြာငယ္မ်ားရွိသည္။ ဆန္တီးနက္စ္ (Sentinelese) တို႕သည္ ကၽြန္းေပၚတြင္ ေနထိုင္ၾကသည့္ တိုင္းရင္းသားမ်ိဳးႏြယ္စုမ်ားျဖစ္ၾကကာသူတို႕သည္ ျပင္ပမွလာေရာက္သူမ်ားကို အစြန္းေရာက္သည့္ ဆက္ဆံမႈမ်ားျပဳလုပ္ၾကကာ လက္ခံေလ့မရွိၾကေခ်။ သူတို႕သည္ သမိုင္းမတင္ မီ အခ်ိန္ကာလက လူသားမ်ားကဲ့သို႕ အမဲလိုက္ကာ အသက္ေမြးၾကသည့္ အဆင့္သာရွိၿပီး စိုက္ပ်ိဳးေရးကိုလည္း မျပဳလုပ္ၾကေခ်။

ယင္းမ်ိဳးႏြယ္စုသည္ ကမၻာႀကီး၏ တိုးတက္ေျပာင္းလဲမႈမ်ားမွ လုံး၀ကင္းေ၀းေနကာ ႏွစ္ေပါင္း ၆၀၀၀၀ ေက်ာ္ ျပင္ပကမၻာႏွင့္ အဆက္ျပတ္ေနခဲ့သည္။သူတို႕သည္ ေခတ္မီ လူမႈဖြံ႕ၿဖိဳးတိုးတက္မႈမ်ား၏ အက်ိဳးသက္ေရာက္မႈ လုံး၀မရွိေသာ လူသားမ်ားျဖစ္ၾက သည္။ကမၻာလွည့္ ခရီးသြား မာကိုပိုလိုက သူတို႕သည္ အၾကမ္းတမ္းအရက္စက္ဆုံးလူသားမ်ိဳးႏြယ္တစ္ခုျဖစ္ၿပီးသူတို႕ဖမ္းမိသည့္ မည္သူ ကို မဆို စားသုံးၾကမည့္ပုံ ျဖစ္ေၾကာင္းေရးသားခဲ့ဖူးသည္။ သို႕ေသာ္ ၁၉၉၁ ခုႏွစ္တြင္ သူတို႕ႏွင့္ ေတြ႕ဆုံခဲ့သူ ပ႑ိတ္ ထရိုင္လိုကီနတ္က သူတို႕သည္ ေက်ာေပးကာ ေဆာင့္ေၾကာင့္ ထိုင္ေနၾကေၾကာင္းေျပာျပခဲ့သည္။သူတို႕သည္ ျပင္ပမွ ေရာက္ရွိလာသူမ်ားအား လွံမ်ား၊ျမားမ်ားျဖင့္ ပစ္ခတ္ တိုက္ခိုက္ေလ့ရွိၾကၿပီး ၂၀၁၂ ခုႏွစ္တြင္ ေျမာက္ပိုင္းကင္းေစာင့္ကၽြန္းသို႕ ေရာက္ရွိသြားသူတစ္ဦးသည္ ကၽြန္းေပၚတြင္ လည္ပင္းတြင္လွံထိုးခံရၿပီး ေသဆုံး ေနေၾကာင္းေတြ႕ရွိခဲ့ၾကရသည္။

အိႏၵိယႏုိင္ငံမွ ပုိင္ဆုိင္သည့္ အက္ဒမန္ ႏွင့္ နီကုိဗားကြ်န္းစု၏ ၿမဳိ႕ေတာ္မွာ  ပို႔ဗလဲယားၿမဳိ႕ျဖစ္ၿပီး လူဦးေရ ၁သိန္းခန္႔ေနထုိင္သည္။  ဟင္ဒီ ၊ ဘဂၤါလီ ၊ အဂၤလိပ္ဘာသာစကားေတြကို တရား၀င္ဘာသာစကားအျဖစ္ သုံးစြဲၿပီး အေျပာမ်ားတဲ့ဘာသာစကားမ်ားမွာ ေတလဂူ ၊ ဘဂၤါလီ ၊ မေလး ၊ ဟင္ဒီ ၊ တမီလ္ ၊ နီကုိဗာ တုိ႔ျဖစ္သည္။ ကာလကတၱားၿမဳိ႕ တရားရုံးရဲ႕အုပ္ခ်ဳပ္မႈေအာက္တြင္ထားရွိၿပီး ပို႔ဗလဲယားၿမဳိ႕တြင္လည္း တရားရုံးခြဲတစ္ခုကို ထားရွိသည္။ စစ္ေရယာဥ္ ၁၅စီးပါ၀င္ေသာ ေရတပ္ႏွစ္ခု ၊ ေလတပ္ခြဲ ၄ခု နဲ႔ က်ည္းတပ္ ၁ခုတုိ႔ကို ပုိ႔ဘလဲယားတ၀ုိက္မွာ အေျခစုိက္ထားသည္။

ျမန္မာ့စြယ္စုံက်မ္း အတြဲ ၁
10 Of The Most Top Secret Places On Earth

————————

အက်ဒမန်ကျွန်းစု (သို့) ကပ္ပလီကျွန်းစုအကြောင်း သိကောင်းစရာ (unicode)

မြန်မာနိုင်ငံ နာဂရေအငူ၏ တောင်ဘက် မိုင် ၁၇ဝ ခန့်အကွာ၊ အိန္ဒိယနိုင်ငံ မဒရပ်ကမ်းရိုးတန်း၏ မိုင် ၈၄ဝ ခန့်အကွာ ဘင်္ဂလားပင်လယ်အော် အတွင်း၌ရှိသော ကပ္ပလီကျွန်း ခေါ် အက်ဒမန်ကျွန်းစုမှာ နာဂရေငူနှင့် ဆူမတြားကျွန်းရှိ အချင်အငူစပ်ကြားတွင်ရှိသော ကျွန်းစု တန်းတွင် အကြီးဆုံးကျွန်းဖြစ်သည်။ ထိုကျွန်းစုတန်းမှာ အမှန်အားဖြင့် ဟိမဝန္တာတောင်ဆွယ်မှ ဖြာဆင်းလာသော ရခိုင်ရိုးမတောင်တန်း၏ ပင်လယ်တွင်းရောက် ကုန်းမြင့်တန်း၏ အဆက်ပင်ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီက မြန်မာနိုင်ငံမှ တစ်သက်တစ်ကျွန်းပို့ခြင်းခံရသော အကျဉ်းသားများကို ထိုကျွန်းသို့ပို့သောကြောင့် ထိုကျွန်းစုကို တစ်ကျွန်းဟုလည်း ခေါ်ကြသည်။ ကပ္ပလီလူပုများနေသည်ကို အကြောင်းပြု၍လည်း ကပ္ပလီကျွန်းဟုလည်း တွင်သည်။

မြန်မာလို ကပ္ပလီကျွန်းစုဟုခေါ်သော်လည်း တကယ့်တကယ်နာမည်မှာမူ အက်ဒမန် နဲ့ နီကိုဗားကျွန်းစု(Andaman and Nicobar Islands) ဖြစ်သည်။ ကျွန်းကြီးကျွန်းငယ် အစုစုပေါင်း ၅၇၂ကျွန်း ပါဝင်သည်။ တောင်ဘက်ပိုင်းကျွန်းစုများကို နီကိုဗာကျွန်းစုဟုခေါ်ပြီး မြောက်ဘက်ပိုင်းကျွန်းစုများကို အက်ဒမန်ကျွန်းစု(ကပ္ပလီကျွန်းစု) ဟုခေါ်သည်။ ထိုကျွန်းစုသည် မြောက်မှ တောင်သို့ မိုင် ၂ဝဝ ခန့် ရှည်လျား၏။ မြောက်ဘက်ရှိ ကျွန်းကြီးကို ကပ္ပလီကျွန်း၊ သို့မဟုတ် အက်ဒမန်ကျွန်းကြီးဟု၎င်း၊ တောင်ဘက် ရှိ ကျွန်းကြီးကို ကပ္ပလီကျွန်းငယ်၊ သို့မဟုတ် အက်ဒမန်ကျွန်းငယ် ဟု၎င်း ခေါ်သည်။ ကျွန်းငယ်ကလေးတို့တွင် မြောက်ဘက်စွန်း ရှိ ကိုကိုနှင့် လင်ဖောကျွန်းများ၊ ကျွန်းကြီး၏ အနောက်ဘက်ရှိ အင်တာဗျူးကျွန်း၊ အရှေ့ဘက်ကမ်း အနီးရှိ ရစ်ချီကျွန်းစု၊ တောင်ဘက်ဖျားရှိ ရတ်တလန်နှင့် မြောက်ဆင်တီနယ်ကျွန်းတို့ ထင်ရှားသည်။

ကပ္ပလီကျွန်းကြီးကို ကျွန်းကြီးတစ်ကျွန်းတည်ဟု ယူဆရန် ဖြစ်သော်လည်း ကျဉ်းမြောင်းလှသော ဆားငန်ရေကြောင်း၍ ငယ်ကလေးများ ဖြတ်စီးနေသောကြောင့် ကျွန်းလေးကျွန်း ရှိသည်ဟု ယူမှတ်ကြသည်။ ယင်းတို့မှာ မြောက်အက်ဒမန်၊ အလယ် အက်ဒမန်၊ ဗာရာတန်းနှင့် တောင်အက်ဒမန်တို့ ဖြစ်သည်။ တောင်မှမြောက်သို့ (ရတ်တလန်ကျွန်း အပါအဝင်) မိုင် ၁၆ဝ ရှည်လျား၍ အရှေ့နှင့်အနောက်တွင် တစ်ဖက်ပင်လယ်မှ တခြား တစ်ဖက်သို့ မည်သည့်နေရာမျှ မိုင် ၂ဝ ထက်ပို၍ မကျယ်ဝန်း ပေ။ ပင်လယ်ကမ်းရိုးတန်းမှာ များစွာ ကွေ့ကောက်၍ သင်္ဘော များခိုလှုံနိုင်သည့် အကွေ့အကောက်များရှိသည်။ အက်ဒမန်ကျွန်းငယ်မှာ ရတ်တလန်ကျွန်း၏ တောင်ဘက် မိုင် ၃ဝ အကွာတွင် ရှိ၏။ တောင်မှမြောက်သို့ ၂၆ မိုင်ရှည်ပြီးလျှင် အရှေ့မှ အနောက်သို့ ၁၆ မိုင်ကျယ်သည်။

မြေမျက်နှာပြင်မှာ တောင်ကုန်းထူထပ်၍ တစ်သက် တစ်ကျွန်းတို့ စတည်းချနေထိုင်ရာဒေသမှအပ တစ်ကျွန်းလုံး တွင် အပူပိုင်းသစ်တော်များဖြင့် လွှမ်းမိုးလျက်ရှိသည်။ တောင် ကုန်းတို့မှာ မြောက်မှတောင်သို့ တန်းလျက်ရှိကြသည်။ အရှေ့ ဘက်တွင် ပိုမိုမြင့်၍ အနောက်ဘက်၌ နိမ့်သည်။ ထိုကျွန်းစုရှိ တောင်ထိပ်များမှာ မြောက်အက်ဒမန်ရှိ ဆက်ဒဲတောင်ထိပ် ၂၄ဝ၂ ပေ၊ အလယ်အကဒမန်ရှိ ဒီယဗိုလိုတောင်ထိပ် ၁၆၇၈ ပေ၊ တောင်အက်ဒမန်ရှိ ဟဲရီးယက်တောင်ထိပ် ၁၁၉၆ ပေတို့ ဖြစ်သည်။

ပူနွေး၊ စွတ်စို၊ ထိုင်းမှိုင်းသော အပူပိုင်းရာသီရှိ၍ နှစ်တိုင်း လိုပင် အပူ၊ အအေး ခြားနားချက်တို့မှာ တသမတ်တည်းကဲ့ သို့ ဖြစ်သည်။ အအေးဆုံးအချိန်မှာ ဇွန်လနှင့် ဖေဖော်ဝါရီလ တို့ဖြစ်၍ အပူဆုံးအချိန်မှာ မတ်လ၊ ဧပြီလနှင့် မေလတို့ဖြစ် သည်။ ပျမ်းမျှအားဖြင့် အအေးဆုံးဒီဂရီမှာ ဖာရင်ဟိုက် ၆၆.၇ မျှရှိ၍ အပူဆုံးဒီဂရီမှာ ဖာရင်ဟိုက် ၉၆ ဖြစ်သည်။ တစ်နှစ် တွင် ပျမ်းမျှခြင်းအားဖြင့် မိုးရေချိန် ၁၃၈ လက်မရွာသည်။ မိုးရာသီမှာ အနောင်တောင် မုတ်သုံရာသီလေတိုက်သည်။ မေလလယ်လောက်မှ နိုဝင်ဘာလလယ်လောက်ထိဖြစ်၍ ကျန် ခြောက်လမှာ သွေ့ခြောက်သောရာသီဖြစ်သည်။ ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်တတ်သော ဆိုင်ကလုန်း အတွင်း ဝိုက်လေဝဲမှာ ဤကျွန်းစုတောင်ဘက်လောက်မှ စတင်ဖြစ်ပေါ် လေ့ရှိသည်။

ဤကျွန်းနှင့်စပ်လျဉ်း၍ အစောဆုံးမှတ်သားချက်များကို အေဒီ၈၇၁ ခုနှစ်လောက်က အရှေ့ပိုင်းသို့ ခရီးထွက်သော အာရပ် လူမျိုး ခရီးသည်နှစ်ဦး၏ မှတ်တမ်းတွင် တွေ့ရသည်၊ ပထမ ၁ဝဝဝ စုနှစ်များတွင် တရုတ်နှင့် ဂျပန်လူမျိုးတို့သည်လည်း ဤကျွန်းစုအကြောင်းကို ကောင်းစွာသိကြသည်။ တရုတ်တို့က ဤကျွန်းစုကို ယန်ထိုမန်ဟူ၍၎င်း၊ ဂျပန်တို့က အန္ဒဗန်ဟူ၍ ၎င်း အသီးသီး ခေါ်ကြသည်။ ကမ္ဘာကျော်ခရီးသည် မာကိုပိုလို ၏ မှတ်တမ်းတွင်လည်း ဤကျွန်းများအကြောင်းကို ဖော်ပြထား သည်။ သို့ရာတွင် ဖော်ပြသည့်အကြောင်းအရာတို့မှာ တစ်ဆင့် ကြားများသာဖြစ်ခဲ့ဟန်တူသည်။

၁၅၆၆ ခုနှစ်က နကဗာရီကျွန်းအနီးမှ ဖြတ်သွားခဲ့သော ဆီဇာဖရက်ဒရစ်ဆိုသူ၏ မှတ်တမ်းတွင် ထိုကျွန်းစုအကြောင်း ကို ပိုမိုခိုင်လုံစွာ ဖော်ပြထားသည်။ ၁၇ နှင့် ၁၈ ရာစုနှစ်များ အတွင်းက ထိုကျွန်းစုများအကြောင်းကို ဖော်ပြသော မှတ်တမ်း များ ရှိခဲ့လေသည်။ ထိုမှတ်တမ်းတို့တွင် ဤကျွန်းသားတို့မှာ လူရိုင်းများဖြစ်၍ ကြောက်ရွံ့ဖွယ်ရာကောင်းကြောင်း၊ တတ်နိုင် သမျှ ကျွန်းကိုရှောင်သင့်ကြောင်း စသည်တို့ ဖော်ပြခဲ့သည်။ သင်္ဘောပျက်၍ ထိုကျွန်းများတွင် သောင်တင်ခဲ့သော သင်္ဘောသားတို့မှာ များသောအားဖြင့် သတ်ဖြတ်ခြင်းခံခဲ့ရသည်။ မှတ်တမ်းအများတွင် ကျွန်းသားများသည် လူသားစားသူများဟု ဖော်ပြခဲ့သော်လည်း ထိုဖော်ပြချက်တို့မှာ အခြေအမြစ် မရှိပေ။ သင်္ဘောပျက်တို့နှင့် သံကိုရရှိပြီးနောက်မှ ဤကျွန်းသားတို့သည် သံ၏အသုံးကို တတ်သိခဲ့ကြသည်။

၁၈ ရာစုနှစ်များကုန်သည်တိုင်အောင် ဤကျွန်းစုများနှင့် ဆက်သွယ်မှုများ ရရှိရန် မည်သူမျှ ကြိုးစားခြင်း မရှိခဲ့ချေ။ သို့ရာတွင် ဤကျွန်းတစ်ဝိုက်တွင် ခရီးသွားသော သင်္ဘော သားများအတွက် ဘေးအန္တရာယ်များလှသောကြောင့် လော့ကွန်း ဝေါလစ် လက်ထက် ၁၇၈၈ ခုနှစ်တွင် ဗြိတိသျှ အရှေ့အိန္ဒိယ ကုမ္ပဏီသည် အာချီဗော်ဗလဲယားဆိုသူကို ဤကျွန်းစု၌ ကိုလိုနီ တစ်ခု ဖွင့်လှစ်ရန် တာဝန်လွှဲအပ်ခဲ့သည်။ အလုပ်သမားများ အဖြစ် အကျဉ်းသားများကို ပို့ပေးခဲ့သည်။ ကိုလိုနီကို ၁၇၈၉ ခုနှစ် စက်တင်ဘာလတွင် ယခု ပို့ဗလဲယားမြို့တွင် စတင်ခဲ့သည်။ ၁၇၉၂ ခုနှစ်တွင် အခြေခံရေတပ်စခန်းတစ်ခု ဖွင့်လှစ်ရန် ရည်ညွှန်း၍ မြောက်အက်ဒမန်ကျွန်းရှိ ယခုပို့ကွန်းဝေါလစ်နေရာသို့ ရွှေ့ပြောင်းခဲ့သည်။

သို့ရာတွင် ကျန်းမာရေးနှင့် သန့်ရှင်း စင်ကြယ်ရေး အခြေအနေ ဆိုးရွားသောကြောင့် အခြေခံ ရေတပ်စခန်းဖွင့်လှစ်ရန် အကြံကို ခေတ္တရုပ်သိမ်းပြီးလျှင် အကျဉ်းသားများအား အိန္ဒိယပြည်သို့ ပြန်ခေါ်ခဲ့သည်။ ထိုနောက် အနှစ် ၆ဝ အတွင်း ဤကျွန်းတွင် အပြင်လူများ သွားရောက်နေထိုင်ခြင်း မရှိခဲ့ချေ။ သို့ရာတွင် သင်္ဘောပျက် ကိစ္စများ မကြာခဏ တွေ့ကြုံနေသဖြင့် အရှေ့အိန္ဒိယကုမ္ပဏီ သည် ဤကျွန်းစုကို ကိုလိုနီအဖြစ်ပြုလုပ်ရန် ပြန်လည် ဆောင်ရွက်ခဲ့လေသည်။ ၁၈၅၈ ခုနှစ် မတ်လတွင် ယခင် နေရာဟောင်းဖြစ်သော ပို့ဗလဲယားနေရာ၌ပင် အကျဉ်းသား တို့၏ စခန်းတစ်ခုကို ပြန်လည်ဖွင့်လှစ်ခဲ့လေသည်။ ထို အချိန်မှာ အိန္ဒိယ တပ်တွင်း သူပုန်ကြီးပြီးစဖြစ်၍ အရှေ့အိန္ဒိယ ကုမ္ပဏီတွင် မြောက်မြားလှသော တပ်တွင်း သူပုန်အကျဉ်းသား တို့အား နေရာချ ထားပေးရန် ပြဿနာနှင့် ရင်ဆိုင်နေခဲ့သဖြင့် အကျဉ်းသားတို့၏စခန်းကို ပိုလိုလျင်မြန်စွာ ဖွင့်လှစ်နိုင်ခဲ့ပေ သည်။

ကပ္ပလီလူမျိုးများဖြစ်သော အက်ဒမန်ကျွန်းသားတို့မျာ မိမိတို့ ဒေသသို့ ဝင်ရောက်နေထိုင်ကြသော နိုင်ငံခြားသားတို့အား မိမိတို့ဒေသ၌ မနေထိုင်အောင် စတင် ဝင်ရောက်လာကြသည့် အချိန်မှစ၍ မကြာခဏ တိုက်ခိုက်သတ်ဖြတ်ကြသည်။ နိုင်ငံခြားသားတို့မှာ ထိုကျွန်းသားတို့နှင့် ချစ်ခင်ရင်းနှီးမှု ရရှိ စေရန် နည်းအမျိုးမျိုးဖြင့် ဆက်ဆံခဲ့လေသည်။ ယခုအခါ၌ တောင်အက်ဒမန်ကျွန်းအတွင်း နေထိုင်ကြသော ဂျာရဝါးလူမျိုး တို့မှတစ်ပါး ကျန်ကျွန်းသားတို့ဖြင့် ဆက်သွယ်မှုမှာ ကောင်းမွန်လာခဲ့သည်။ ၁၈၂၄ ခုနှစ်တွင် ပထမအင်္ဂလိပ်မြန်မာစစ်ပွဲ ဖြစ်ပွားစဉ်က မြန်မာနိုင်ငံကို တိုက်ခိုက်ရန် စေလွှတ်သော အရှေ့အိန္ဒိယ ကုမ္ပဏီ၏ ဘင်္ဂလားတပ်မကြီးနှင့် မဒရပ်တပ်မကြီးတို့သည် ရှေးဦးစွာ အက်ဒမန်ကျွန်းကြီးရှိ ပို့ကွန်းဝေါလစ်တွင် စုဝေးပြီး နောက်မှ ပင်လယ်ခရီးဖြင့် ရန်ကုန်မြို့သို့ ချီတက်တိုက်ခိုက်ခဲ့ ကြသည်။

ကိုကိုးကျွန်းစု ၊ အက်ဒမန်ကျွန်းစု၊ နာကဗာရီကျွန်းစုတို့မျာ ဗြိတိသျှလက်ထက်က ကော်မရှင်နာမင်းကြီးတစ်ဦး အုပ်ချုပ် သော ဗြိတိသျှအင်ပိုင်ယာ အပါအဝင် နယ်တစ်နယ် ဖြစ်ခဲ့ သည်။ ထိုစဉ်က အိန္ဒိယပြည်နှင့် မြန်မာပြည်မှာ တစ်သက် တစ်ကျွန်း ပို့ခြင်းခံရသူတို့ကို ဤကျွန်းသို့ ပို့ခဲ့ကြသည်။ ဗြိတိသျှ ပါလီမန်တွင် ပြုလုပ်သော ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ အက်ဥပဒေအရ အိန္ဒိယနှင့် မြန်မာနိုင်ငံကို ခွဲလိုက်ရာတွင် အက်ဒမန်ကျွန်းစုမှာ အိန္ဒိယပိုင်နက်တွင် ကျ ရောက်ခဲ့၏။ အမှန်စင်စစ်သော်ကား ပထဝီဝင် အနေအထား အရ ကပ္ပလီ ကျွန်းစုသည် မြန်မာနိုင်ငံပိုင် ဖြစ်သင့်ပေသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် တစ်သက် တစ်ကျွန်း အပြစ်ပေးခံရသူတို့ကို မြန်မာနိုင်ငံမှ ထိုကျွန်းသို့ မပို့တော့ပါ။ ကပ္ပလီကျွန်းစု၏ တိုင်းဦးသားတို့မှာ အရပ်ပုသော ကပ္ပလီလူမျိုးများတွင် အပါအဝင်ဖြစ်သည်။ ထောင်ပေါင်း များစွာသော နှစ်ပေါင်းအလျင်က အာရှတိုက် အရှေ့တောင်ပိုင်း နှင့် ထိုဒေသတစ်ဝိုက်ကျွန်းတို့တွင် ဤကပ္ပလီပုများ ပြန့်နှံ့ နေထိုင်ခဲ့ကြသည်။ သူတို့မှာ ထိုဒေသတွင် ရှေးအကျဆုံး နေထိုင်ခဲ့သူများဟု ယူဆဖွယ်ရာရှိသည်။ ကျွန်းသားတို့နှင့် အနွယ်တူဖြစ်သော ကပ္ပလီပုများကို ယခုတိုင် အာရှတိုက် အရှေ့တောင်ပိုင်းနှင့် ကျွန်းစုများတွင် တွေ့ရသေးသည်။ သူတို့မှာ ပသျှူးအတွင်းတွင်း လတ္တီတွဒ် ၅ နှင့် ၇ စပ်ကြား ထူထပ်သောဒေသရှိ ဆေမန်များ၊ ဖိလစ်ပိုင်ကျွန်းစု၏ ကျွန်းမ ဖြစ်သော လူဇုံကျွန်းတောတွင်းနေ အအီတများ၊ နယူးဂင်းနီ ကျွန်းရှိ တပိရိုများနှင့် တိုင်မော်၊ ဆူးမတြားစသည့် ကျွန်းတို့ တွင် တွေ့ရသော အခြားလူမျိုးဖြစ်သည်။

ဤဒေသရှိ ကပ္ပလီ လူပုတို့သည် အခြားလူမျိုးတို့နှင့် ရောနှောနေလာခဲ့သည်မှာ ကြာပြီ ဖြစ်သဖြင့် ထိုသူများသည် အခြားလူမျိုးတို့၏ ယဉ်ကျေးမှုလွှမ်းမိုးခြင်း၊ ရောနှောခြင်းကို ခံခဲ့ရသလောက် ကပ္ပလီကျွန်းသား များမှာ မခံခဲ့ရသဖြင့် ကပ္ပလီကျွန်းသား များသည် ကပ္ပလီပုလူမျိုးများအနက် အမျိုးအစစ်ဆုံး၊ အသန့်ဆုံးဟု ဆိုနိုင်ပေသည်။ ကပ္ပလီကျွန်းသားတို့သည် မည်သည့်ဒေသ၊ မည်သည့် အချိန်လောက်က ကပ္ပလီကျွန်းစုသို့ ရောက်ခဲ့ကြသည်ကို မခန့်မှန်း နိုင်ပေ။ ကျွန်းစုသည် ကျွန်းမကြီးနှင့် တစ်ဆက် တည်း ဖြစ်စဉ်က ရောက်ခဲ့သည်။ သို့မဟုတ် ပင်လယ်ရေ ကြောင်း အဆက်ပြတ်ပြီးမှ ရောက်ခဲ့သည်ကိုပင် မပြောနိုင်ပေ။ အလွန့်အလွန် ရှေးကျသောခေတ်က ရောက်ခဲ့သည်ဟုသာ ယူဆရပေမည်။

မည်သည့်အချိန်ကပင်ရောက်သည်ဖြစ်စေ သူတို့သည် မြန်မာနိုင်ငံ ရခိုင်၊ သို့မဟုတ် ပဲခူးဒေသဘက်ဆီမှ ရောက်လာကြတန်ရာသည်ဟု ပညာရှင်တို့က ယူဆကြသည်။ ကပ္ပလီကျွန်းသား ယောက်ျားတို့သည် များသောအားဖြင့် ၄ ပေ ၁ဝ လက်မခွဲ၊ မိန်းမတို့မှာ ၄ ပေ ၆ လက်မခွဲမျှ အရပ်ရှိ ကြသည်။ ဦးခေါင်းလုံး၍ နှာခေါင်းပြားသည်။ ဆံပင်မှာ ကျပ် ခိုးရောင်ရှိ၍ တွန့်လိမ်နေသည့်အပြင် ဦးရေတွင် ပြားကပ်၍ တည်နေသည်။ အသားရောင်မှာ မဲပြောင်နေ၏။ ကပ္ပလီကျွန်းသားတို့မှာ လူမျိုးတစ်မျိုးတည်းပင် ဖြစ် သော်လည်း ဘာသာစကားနှင့် ယဉ်ကျေးမှု အချက်အလက် များ၏ ကွဲပြားချက်ကိုလိုက်၍ ကပ္ပလီကျွန်းကြီးအစုနှင့် ကပ္ပလီကျွန်းငယ်အစုဟု ၂ စုခွဲခြားသည်။ ပထမအစုတွင် တောင်အက်ဒမန်ရှိ ဂျာရဝါးလူမျိုးတို့မှအပ ကပ္ပလီကျွန်းကြီးနေ အခြားလူမျိုးများပါဝင်၍ ဒုတိယအစုတွင် ဂျာရဝါးများ၊ ကပ္ပလီကျွန်းနေ လူမျိုးများနှင့် မြောက်ဆင်တီနယ်ကျွန်းသား များ ပါဝင်၏။

ကပ္ပလီကျွန်းကြီးအစုတွင် လူမျိုးစု ၁ဝ မျိုးပါဝင်ရာ မြောက်အက်ဒမန်ကျွန်းတွင် အကချရီ၊ အကကိုရ၊ အကဂျေရု၊ အလယ်အက်ဒမန်နှင့် ဗာရာတန်းတို့တွင် အကကေဒေ၊ အကကို၊ အိုကိုဂျူဝိုင်နှင့် အပုစိကွာ၊ ရစ်ချီကျွန်းစုတွင် အကာဘလေ၊ တောင်အကဒမန်ကျွန်းစု၏ ကမ်းရိုးတန်းတွင် အကဘီအတို့ရှိကြ သည်။ ကပ္ပလီကျွန်းငယ်အစုတွင် တောင်အက်ဒမန်အတွင်းပိုင်း နေဂျာရဝါးများ၊ မြောက်ဆင်တီနယ်ကျွန်းသားများ၊ အကဒမန် ကျွန်းငယ်နေ အွန်ဂေများ ပါဝင်ကြသည်။ ထိုလူမျိုးစုတို့သည် ရောနှောနေထိုင်ခြင်းမရှိ။ မိမိတို့ဒေသနှင့် မိမိတို့ သီးသန့် နေထိုင်ကြသည်။ နေထိုင်စားသောက်၊ တွေးတောယုံကြည်မှုတို့တွင် တိုးတက် မှု မရှိကြသေးပေ။ ဝတ်ဆင်မှုဟူ၍ မရှိလှ။ အလှ အပအအဖြစ် ကိုယ်တွင် ရွှံ့စေးတို့ဖြင့် အဆင်ပေါ်အောင် ဆေးရေးတတ်ကြသည်။ ရွှင်ပျစွာ နေထိုင်တတ်ကြသော်လည်း အမျက်ထွက်သော အခါတို့တွင် ရက်စက်ကြမ်းကြုတ်သူများ ဖြစ်ကြသည်။

မြောက်စင်တီနယ်ကျွန်း

အိန္ဒိယနိုင်ငံအစိုးရက သီးသန့်ဇုန်တစ်ခုအဖြစ်သတ်မှတ်ကာ အနီးဝန်းကျင် သုံးမိုင်ပတ်လည်သို့ မည်သူ့ကိုမျှ သွားရောက် ခွင့်မပြုသည့် မြောက်ပိုင်းကင်းစောင့်ကျွန်းသည် ကျွန်း၏ ကျဉ်းမြောင်းသော ကမ်းခြေမှလွဲ၍သစ်တောများဖြင့် ဖုံးအုပ်နေသည့် လျှို့ ဝှက် နေရာတစ်ခုဖြစ်သည်။ကျွန်းတွင် လမ်းကွန်ရက်တစ်ခုရှိပြီး သစ်တောအတွင်း၌ များပြားသောကျေးရွာငယ်များရှိသည်။ ဆန်တီးနက်စ် (Sentinelese) တို့သည် ကျွန်းပေါ်တွင် နေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စုများဖြစ်ကြကာသူတို့သည် ပြင်ပမှလာရောက်သူများကို အစွန်းရောက်သည့် ဆက်ဆံမှုများပြုလုပ်ကြကာ လက်ခံလေ့မရှိကြချေ။ သူတို့သည် သမိုင်းမတင် မီ အချိန်ကာလက လူသားများကဲ့သို့ အမဲလိုက်ကာ အသက်မွေးကြသည့် အဆင့်သာရှိပြီး စိုက်ပျိုးရေးကိုလည်း မပြုလုပ်ကြချေ။

ယင်းမျိုးနွယ်စုသည် ကမ္ဘာကြီး၏ တိုးတက်ပြောင်းလဲမှုများမှ လုံးဝကင်းဝေးနေကာ နှစ်ပေါင်း ၆၀၀၀၀ ကျော် ပြင်ပကမ္ဘာနှင့် အဆက်ပြတ်နေခဲ့သည်။သူတို့သည် ခေတ်မီ လူမှုဖွံ့ဖြိုးတိုးတက်မှုများ၏ အကျိုးသက်ရောက်မှု လုံးဝမရှိသော လူသားများဖြစ်ကြ သည်။ကမ္ဘာလှည့် ခရီးသွား မာကိုပိုလိုက သူတို့သည် အကြမ်းတမ်းအရက်စက်ဆုံးလူသားမျိုးနွယ်တစ်ခုဖြစ်ပြီးသူတို့ဖမ်းမိသည့် မည်သူ ကို မဆို စားသုံးကြမည့်ပုံ ဖြစ်ကြောင်းရေးသားခဲ့ဖူးသည်။ သို့သော် ၁၉၉၁ ခုနှစ်တွင် သူတို့နှင့် တွေ့ဆုံခဲ့သူ ပဏ္ဍိတ် ထရိုင်လိုကီနတ်က သူတို့သည် ကျောပေးကာ ဆောင့်ကြောင့် ထိုင်နေကြကြောင်းပြောပြခဲ့သည်။သူတို့သည် ပြင်ပမှ ရောက်ရှိလာသူများအား လှံများ၊မြားများဖြင့် ပစ်ခတ် တိုက်ခိုက်လေ့ရှိကြပြီး ၂၀၁၂ ခုနှစ်တွင် မြောက်ပိုင်းကင်းစောင့်ကျွန်းသို့ ရောက်ရှိသွားသူတစ်ဦးသည် ကျွန်းပေါ်တွင် လည်ပင်းတွင်လှံထိုးခံရပြီး သေဆုံး နေကြောင်းတွေ့ရှိခဲ့ကြရသည်။

အိန္ဒိယနိုင်ငံမှ ပိုင်ဆိုင်သည့် အက်ဒမန် နှင့် နီကိုဗားကျွန်းစု၏ မြို့တော်မှာ  ပို့ဗလဲယားမြို့ဖြစ်ပြီး လူဦးရေ ၁သိန်းခန့်နေထိုင်သည်။  ဟင်ဒီ ၊ ဘင်္ဂါလီ ၊ အင်္ဂလိပ်ဘာသာစကားတွေကို တရားဝင်ဘာသာစကားအဖြစ် သုံးစွဲပြီး အပြောများတဲ့ဘာသာစကားများမှာ တေလဂူ ၊ ဘင်္ဂါလီ ၊ မလေး ၊ ဟင်ဒီ ၊ တမီလ် ၊ နီကိုဗာ တို့ဖြစ်သည်။ ကာလကတ္တားမြို့ တရားရုံးရဲ့အုပ်ချုပ်မှုအောက်တွင်ထားရှိပြီး ပို့ဗလဲယားမြို့တွင်လည်း တရားရုံးခွဲတစ်ခုကို ထားရှိသည်။ စစ်ရေယာဉ် ၁၅စီးပါဝင်သော ရေတပ်နှစ်ခု ၊ လေတပ်ခွဲ ၄ခု နဲ့ ကျည်းတပ် ၁ခုတို့ကို ပို့ဘလဲယားတဝိုက်မှာ အခြေစိုက်ထားသည်။

မြန်မာ့စွယ်စုံကျမ်း အတွဲ ၁
10 Of The Most Top Secret Places On Earth

Leave a Reply