ကမာၻတလႊား အလွပဆုံးေသာ ေလဆိပ္ႀကီးမ်ား 

Posted on

ေရးသားသူ – ေကာင္းစည္သူ

ကမာၻ႔ ႏုိင္ငံအသီးသီးသို႕ ေလယာဥ္ျဖင့္ခရီးသြားေနၾကသူမ်ားသည္ ေလယာဥ္ထြက္ခြာခ်ိန္၊၀င္ေရာက္ခ်ိန္ၾကန္႕ၾကာမႈကို ေလဆိပ္တစ္ခုအတြင္း ထိုင္ေစာင့္ကာ အခ်ိန္ျဖဳန္းေနရျခင္းကို မည္သူမွ် ႏွစ္သက္မႈ မရွိၾကပါေခ်။ ထို႕အတူေလယာဥ္ဆိုက္ေရာက္ ၿပီးေနာက္ မိမိတို႕၀န္ခ်ီစလယ္မ်ားကိုေရြးယူရန္ေစာင့္ဆိုင္းေနရခ်ိန္၊ေလဆိပ္ခန္းမအတြင္းတစ္ေနရာမွတစ္ေနရာေျပာင္းေရႊ႕ရန္ေစာင့္ ေနရခ်ိန္မ်ားကိုၿငီးေငြ႕ေလ့ရွိၾကသည္။ အခ်ိဳ႕ေလဆိပ္မ်ားသည္ ခရီးသည္မ်ားႏြမ္းနယ္ၿငီးေငြ႕မႈကို အပမ္းေျဖႏိုင္ေစရန္ ဆြဲေဆာင္မႈ မ်ားပါရွိသည့္ ရႈခင္းမ်ားျဖင့္ တည္ေဆာက္ မြမ္းမံခဲ့ၾကသျဖင့္ အလြန္လွပေသာ ေလဆိပ္ႀကီးမ်ားေပၚထြက္လာခဲ့သည္။

ျပည္ပႏိုင္ငံတစ္ခုသို႕ ေလယာဥ္ျဖင့္ ပထမဆုံးအႀကိမ္ ခရီးထြက္လာသူတစ္ဦးသည္ ေလဆိပ္သို႕ ဦးစြာေရာက္ရွိ လာခ်ိန္ တြင္ ေလဆိပ္၏ သန္႕ရွင္းသပ္ယပ္မႈ၊ ခမ္းနားႀကီးႀကယ္မႈ၊ေခတ္မီလွပမႈတို႕က ခရီးသြားသူအားမ်ားစြာ ေက်နပ္မႈရေစႏိုင္သည္။ ႏိုင္ငံ တကာေလဆိပ္မ်ားသည္ေရာက္ရွိလာသည့္ ခရီးသည္မ်ားအေပၚ ဂရုစိုက္ေလ့ရွိၾကၿပီးမိမိတို႕ေလဆိပ္မ်ားအား မိမိတို႕ႏိုင္ငံ၏ ယဥ္ ေက်းမႈ ၊ ဖြံ႕ၿဖိဳးတိုးတက္မႈ ပုံရိပ္မ်ားကိုေဖာ္ညႊန္းႏိုင္ရန္ တည္ေဆာက္လာခဲ့ၾကသည္။

သန္႕ရွင္းသပ္ရပ္ ေခတ္မီ၍ ဖြဲ႕စည္းထားမႈ ေကာင္းမြန္ေသာ ေလဆိပ္မ်ားသည္ အျခားေလဆိပ္မ်ားထက္ပိုမို ေကာင္းမြန္ ေလ့ရွိရာ ကမာၻေျမေပၚတြင္ အလွပဆုံးေလယာဥ္ကြင္းႏွင့္ ေလဆိပ္ႀကီးမ်ားကို ေတြ႕ရွိလာၾကရကာ အျမဲလွပ၊ ဆန္းသစ္ ေခတ္မီ ေသာ ေလဆိပ္မ်ားကို ကမာၻ႔ ႏုိင္ငံအသီးသီးတြင္ ျမင္ေတြ႕ၾကရေပသည္။

၁၀။ ေဘဂ်င္းၿမိဳ႕ေတာ္ ႏိုင္ငံတကာ ေလဆိပ္(Beijing Capital International Airport,China)

၂၀၀၈ ခုႏွစ္ ကမာၻ႔ အိုလံပစ္ အားကစားပြဲေတာ္ကိုတရုတ္ႏိုင္ငံၿမိဳ႕ေတာ္ ေဘဂ်င္းတြင္က်င္းပခဲ့သည္။ေဘဂ်င္းအျပည္ျပည္ ဆိုင္ရာေလဆိပ္သည္ တိုးတက္မ်ားျပားေသာခရီးသြားမ်ား၀င္ထြက္သြားလာမႈကို အဆင္ေျပစြာ စီစဥ္ေပးႏိုင္ရန္ ေလဆိပ္အေဆာက္ အအုံအမွတ္ (၃)ကို ပြဲေတာ္မက်င္းပမီကပင္ တိုးခ်ဲ႔ေဆာက္လုပ္ခဲ့သည္။ထိုအခ်ိန္က ေဘဂ်င္း ေလဆိပ္အေဆာက္အုံသည္ ကမာၻ ေပၚတြင္ အႀကီးဆုံးျဖစ္ခဲ့ၿပီး ယခုအခ်ိန္တြင္ ကမာၻ႔ဒုတိယအႀကီးဆုံး ေလဆိပ္ အေဆာက္အအုံ အျဖစ္ရပ္တည္ေနသည္။ လက္ရွိတိုးခ်ဲ႕ထားေသာ ေဘဂ်င္းၿမိဳ႕ေတာ္ ႏိုင္ငံတကာေလဆိပ္ကို သုံးႏွစ္ေက်ာ္ အခ်ိန္ယူ တည္ေဆာက္ခဲ့ၿပီး ၿဗိတိသွ် ဗိသုကာပညာရွင္ ေနာ္မန္ေဖာ့စ္တာ(Norman Foster)က အေကာင္းဆုံးေလဆိပ္တစ္ခု အျဖစ္္ မြမ္းမံအလွဆင္ခဲ့သည္။

၉။ ကာရက္စ္ကိုေလဆိပ္(Carrasco International Airport, Uruguay)

ဥရုေဂြး ႏုိင္ငံတကာေလဆိပ္ ကာရက္စ္ကိုသည္ ပုဂၢလိကပိုင္ အျပည္ျပည္ဆိုင္ရာေလဆိပ္တစ္ခုျဖစ္ၿပီး ေလဆိပ္ လုပ္ ငန္းမ်ား အားလုံးကို ဥရုေဂြးႏိုင္ငံၿမိဳ႕ေတာ္ မြန္တီဗီဒီယို (the city of Montevideo) တြင္ အေျခစိုက္ေသာ ပူရာတာ ဒဲလ္ဆာ (Puertadel Sur) ေလေၾကာင္းလိုင္း ကုမၸဏီက တာ၀န္ယူ ေဆာင္ရြက္လ်က္ရွိသည္။ေခတ္မီလွပေသာေလဆိပ္ႀကီးကို ၂၀၀၇ ခုႏွစ္တြင္ ဥရုေဂြးဗိသုကာ ပညာရွင္ ရာဖယ္ဗီညိဳလီ (Rafael Viñoly) က တာ၀န္ယူ ႀကီးႀကပ္ေဆာက္လုပ္ခဲ့သည္။

၈။ ဒန္ဗာ ႏိုင္ငံတကာေလဆိပ္ (Denver International Airport, USA)

အေမရိကန္ႏိုင္ငံရွိ ဒန္ဗာႏိုင္ငံတကာေလဆိပ္၏ အမိုးမ်ားေပၚတြင္ အျဖဴေရာင္ ရြက္ဖ်င္တဲပုံစံမ်ား ျပဳလုပ္ထားသျဖင့္ အိမ္ မ်ားမရွိေသာ္လည္း ရြာငယ္ေလးတစ္ခုရွိ အိမ္အမိုးမ်ားႏွင့္တူေနသည္။ ဒန္ဗာေလဆိပ္ကို သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရးမူ မူ မ်ားအတိုင္းေဆာက္လုပ္ထားၿပီး ေလဆိပ္လုပ္ငန္းမ်ား၏ တစ္စိတ္တစ္ပိုင္းကို ေနေရာင္ျခည္သုံးစြမ္းအင္ျဖင့္လည္ပတ္ ေဆာင္ရြက္သည္။ ေလဆိပ္၏ အမိုးျပားမ်ားကို ေႏြရာသီကာလတြင္ ေနေရာင္ျခည္ ၂၁ ရာခိုင္ႏႈန္းခန္႕ေရာင္ျပန္ႏိုင္ၿပီး ေဆာင္းရာသီ ကာလတြင္ အပူဓာတ္ကိုထိန္းထားႏိုင္သည့္ ပစၥည္းမ်ားျဖင့္ျပဳလုပ္ထားသည္။ဒန္ဗာေလဆိပ္ဗိသုကာပညာရွင္မွာ ျပည့္ျဖိဳးၿမဲ စြမ္းအင္ဒီဇွိုင္းကို ကနဦး ေဖာ္ထုတ္ခဲ့သူ ကာတစ္စ္ဖန္ထရက္စ္(Curtis Fentress)ျဖစ္သည္။

၇။ အင္ခၽြန္ ႏိုင္ငံတကာေလဆိပ္(Incheon International Airport,South Korea)

ေတာင္ကိုရီးယားႏိုင္ငံ၊အင္ခၽြန္းႏိုင္ငံတကာေလဆိပ္ကို ၂၀၀၁ ခုႏွစ္တြင္ ဖြင့္လွစ္ခဲ့သည္။ အင္ခ်ြန္းေလဆိပ္သည္ ဖြင့္လွစ္ၿပီး ခ်ိန္မွစ၍ ေလဆိပ္သို ေရာက္ရွိလာၾကသူ ခရီးသြားမ်ား၏ အေတြ႕အႀကဳံမ်ားအရ ဆႏၵျပဳခဲ့ၾကသည့္အတိုင္းကမာၻေပၚရွိ အေကာင္း ဆုံး ေလဆိပ္မ်ား စာရင္းတြင္ ထိပ္ဆုံးေနရာမွ ဆက္တိုက္ ရပ္တည္ခဲ့သည္။အေမရိကန္ႏိုင္ငံမွ ဒန္ဗာေလဆိပ္ ကို တည္ေဆာက္ ခဲ့သူ ဗိသုကာပညာရွင္ ကာတစ္စ္ဖန္ ထရက္စ္ (Curtis Fentress) သည္ အင္ခၽြန္းႏိုင္ငံတကာ ေလဆိပ္ကို ကိုရီးယားယဥ္ေက်းမႈ အာရုံမ်ားထင္ဟပ္ေနေစရန္ ႀကိဳးပမ္းထားၿပီး ေလဆိပ္ အတြင္းပိုင္းတြင္ ကိုရီးယားဗိသုကာလက္ရာမ်ား ပုံေဖာ္ခဲ့သည္။

၆။ လုိင္ယြန္ စိန္႕ ေလဆိပ္ (Lyon-Saint Exupéry Airport, France)

ျပင္သစ္ႏိုင္ငံမွ လိုင္ယြန္းစိန္႕ ေလဆိပ္ကို ယခင္ကလိုင္ယြန္းစတိုလားစ္ ေလဆိပ္ဟုလူသိမ်ားခဲ့သည္။ လိုင္ယြန္းစိန္႕ ကို အလြန္ စိတ္၀င္ စားဘြယ္ေကာင္းသည့္ ဒီဇိုင္းျဖင့္ ေဆာက္လုပ္ထားသျဖင့္ ေလဆိပ္ကို ျပင္ပမွၾကည့္လွ်င္ ေကာင္းကင္တြင္ ငွက္ တစ္ေကာင္ ပ်ံသန္းေနသည့္ အသြင္ ျမင္ၾကရသည္။လိုင္ယြန္းစိန္႕ေလဆိပ္ကိုပုံစံျပဳခဲ့သူ ဗိသုကာပညာရွင္သည္ စန္တီရာ ဂီကာ လာႀထာဗာ (SantiagiCalatrava) ျဖစ္သည္။

၅။ အူရႊာရိယာမာဗီနာစ္ အျပည္ျပည္ ဆိုင္ရာေလဆိပ္ (Ushuaia – Malvinas Argentina International Airport, Argentina)

အာဂ်င္တီးနားႏိုင္ငံ အူရႊာရိယာၿမိဳ႕သည္ ေတာင္အေမရိကတိုက္ေတာင္ဘက္အစြန္းဆုံးတြင္တည္ရွိေနၿပီး အူရႊာရိယာမွ ေလးမိုင္အကြာတြင္ ေဆာက္လုပ္ထားသည့္ အျပည္ျပည္ဆိုင္ရာေလဆိပ္ႀကီးသည္ လွပေသာပထ၀ီ၀င္ အေနအထားေၾကာင့္ ထင္ရွားေက်ာ္ၾကားလွသည္။ အူရႊာရိယသို႕ ကမာၻလွည့္ခရီးသည္မ်ား အမ်ားအၿပားလာေရာက္ေလ့ရွိၾကရာ အူရႊာရိယာ မာဗီနာစ္ အျပည္ျပည္ ဆိုင္ရာေလဆိပ္သို႕ ေလေၾကာင္းလိုင္းမွ လာေရာက္ၾကသူမ်ားသည္ အင္ဒီစ္ ေတာင္တန္းမ်ား၊ လြင္ျပင္မ်ား၊ ေတာင္ ကုန္းမ်ားေပၚမွ ျဖတ္သန္းပ်ံသန္းလာၾကရသျဖင့္ ခရီးသည္တိုင္းသည္ ရင္သပ္ရႈေမာဘြယ္ လွပမႈမ်ားကိုခံစားၾက ရသည္။

၄။ မာရာကက္ရွ္္ ေလဆိပ္ (Marrakesh Menara Airport, Morocco)

ေမာ္ရိုကို ႏိုင္ငံမွ မာရာကက္ရွ္ မီနာရာေလဆိပ္သည္ ေခတ္မီဒီဇိုင္းပုံစံမ်ားႏွင့္ အစၥလာမ္မစ္ ရိုးရာဗိသုကာလက္ရာမ်ားကို ေပါင္းစပ္တည္ေဆာက္ထားသည့္ ေခတ္လြန္ ဒီဇိုင္းပုံစံေလဆိပ္တစ္ခုျဖစ္သည္။ေလဆိပ္ အတြင္းပိုင္းတစ္ခုလုံးအားမွန္မ်ား၊ေၾကြျပား မ်ား၊ေက်ာက္ျပားမ်ားျဖင့္ အလွဆင္ကာ အာရပ္ ပုံစံေပၚလြင္ေအာင္ျပဳလုပ္ထားသည္။

၃။ ခ်န္ဂီေလဆိပ္ (Singapore Changi Airport, Singapore)

စကၤာပူႏိုင္ငံခ်န္ဂီအျပည္ျပည္ဆိုင္ရာေလဆိပ္ကိုတစ္ကမာၻလုံးနီးပါးသိၾကသည္။သကၠရာဇ္ ၂၀၀၀ ျပည့္ႏွစ္တြင္ တိုးခ်ဲ႕ ရည္ မွန္းစီမံကိန္းတစ္ရပ္ခ်မွတ္ခဲ့ၿပီး တတိယေျမာက္ ေလဆိပ္ အေဆာက္အအုံသစ္ တစ္ခုကို ထပ္မံတည္ေဆာက္ခဲ့သည္။ ေလဆိပ္၏ အခ်ိဳ႕ေနရာမ်ားတြင္ ရုကၡေဗဒဥယ်ာဥ္ ပုံစံ ျပဳလုပ္ထားကာ ဥယ်ာဥ္ပုံစံ အတြင္းပိုင္းတြင္ အမ်ိဳးအစားစုံလင္လွေသာအပင္မ်ားကို စိုက္ ပ်ိဳးထားသည္။ခ်န္ဂီ ေလဆိပ္အတြင္းေရာက္ရွိလာၾကသူတို႕အား အနားယူအပမ္းေျဖစရာ ၀န္းက်င္တစ္ခုအျဖစ္ဖန္တီးေပးထားေသာ ဒီဇိုင္းျဖစ္သည္။

၂။ ဆြန္ဒီကာေလဆိပ္ (Sondika Bilbao Airport, Spain)

စပိန္ႏိုင္ငံ၊ ဆြန္ဒီကာဘယ္လ္ဘာအိုေလဆိပ္ကို ၁၉၂၈ ခုႏွစ္တြင္တည္ေဆာက္ခဲ့ၿပီး လက္ရွိ ေလဆိပ္အသစ္ႀကီးကို ၁၉၉၀ ျပည့္ုႏွစ္တြင္ စတင္ေဆာက္လုပ္ခဲ့ကာ ၂၀၀၀ ျပည့္ႏွစ္ မတိုင္မီ တည္ေဆာက္ၿပီးစီးခဲ့သည္။ ေလဆိပ္ လုပ္ငန္းမ်ားကို ၂၀၀၀ ျပည့္ႏွစ္ တြင္ အျပည့္အ၀စတင္ေဆာင္ရြက္ႏိုင္ခဲ့သည္။ ေလဆိပ္တည္ေဆာက္မႈတြင္ ရင္းႏွီးျမွဳပ္ႏွံေငြ အေမရိကန္ ေဒၚလာ ၃၉ သန္းအသုံးျပဳ ခဲ့သည္။ ေလဆိပ္အေဆာက္အဦကို ေခ်ာမြတ္ေတာက္ေျပာင္ေနသည့္ အျဖဴေရာင္အဂၤေတမ်ား၊ေက်ာက္မ်ားျဖင့္ေခါက္ခ်ိဳးညီေတာင္ပံႏွစ္ခု အသြင္ေဆာက္လုပ္ထားသည္။ ေလဆိပ္ခန္းမသည္ အထပ္ႏွစ္ထပ္ပါရွိၿပီး အေပၚထပ္ကိုျပည္ပထြက္ခြာေဆာင္ႏွင့္ ေအာက္ ထပ္ ကို ျပည္တြင္း ဆိုက္ေရာက္ေဆာင္အျဖစ္ အသုံးျပဳသည္။

၁။ ဘာလင္ တမ္ပယ္လ္ေဟာ့ဖ္ ေလဆိပ္ (Berlin Tempelhof Airport, Germany)

ဂ်ာမနီႏိုင္ငံ၊ ဘာလင္ တမ္ပယ္လ္ေဟာ့ဖ္ ေလဆိပ္ ကို ၂၀၀၈ ခုႏွစ္ကပိတ္ခဲ့ေသာ္လည္း တမ္ပယ္လ္ေဟာ့ဖ္သည္ေလဆိပ္ မပိတ္သိမ္းမီ အခ်ိန္အထိ ကမာၻေပၚတြင္ အျခားေသာေလဆိပ္မ်ားက နမူနာယူခဲ့ရသည့္ ပထမဆုံးေသာ ေလဆိပ္ႀကီးတစ္ခုအျဖစ္ ရပ္တည္ခဲ့သည္။

ယေန႕ကမာၻ၏နည္းပညာတိုးတက္မ်ားသည္ အခ်ိန္ႏွင့္အမွ် တစ္ဟုန္ထိုးဖြံ႕ၿဖိဳးလ်က္ရွိေနရာ ကမာၻ႔ႏုိင္ငံအသီးသီးမွ ခရီး သည္ မ်ားသည္ တစ္ႏိုင္ငံမွတစ္ႏိုင္ငံ၊ တစ္ေနရာမွတစ္ေနရာသို႕လ်င္ျမန္စြာေရာက္ရွိေစသည့္ ေလယာဥ္ခရီးမ်ားျဖင့္ ကူးလူး ဆက္ သြယ္ သြားလာေနၾကသည္။ေလေၾကာင္းပို႕ေဆာင္ေရး၏ အဓိက အေျခစိုက္ေနရာျဖစ္သည့္ ေလယာဥ္ကြင္းမ်ားႏွင့္ ေလဆိပ္မ်ား သည္ ခရီးသြားမ်ား သြားလာမႈ အဆင္ေျပေခ်ာေမြ႕ေစရန္ ၀န္ေဆာင္မႈလုပ္ငန္းမ်ားအထိ ေကာင္းသည္ထက္ ေကာင္းေအာင္စီမံ ေဆာင္ရြက္လ်က္ရွိေနၾကရာ ေခတ္မီလွပဆန္းျပားသည့္ေလဆိပ္ၾကီးမ်ားသည္စဥ္ဆက္မျပတ္ ထြက္ေပၚလာဦးမည္သာ ျဖစ္ေပ သည္။

ေမာင္သာ(ေရွးေဟာင္း သုေတသန)
၂၀၁၇ ခုႏွစ္ႏို၀င္ဘာလထုတ္ သုတအလင္းမဂၢဇင္းမွ

————————-

ကမ္ဘာတလွှား အလှပဆုံးသော လေဆိပ်ကြီးများ (unicode)

ရေးသားသူ – ကောင်းစည်သူ

ကမ္ဘာ့ နိုင်ငံအသီးသီးသို့ လေယာဉ်ဖြင့်ခရီးသွားနေကြသူများသည် လေယာဉ်ထွက်ခွာချိန်၊ဝင်ရောက်ချိန်ကြန့်ကြာမှုကို လေဆိပ်တစ်ခုအတွင်း ထိုင်စောင့်ကာ အချိန်ဖြုန်းနေရခြင်းကို မည်သူမျှ နှစ်သက်မှု မရှိကြပါချေ။ ထို့အတူလေယာဉ်ဆိုက်ရောက် ပြီးနောက် မိမိတို့ဝန်ချီစလယ်များကိုရွေးယူရန်စောင့်ဆိုင်းနေရချိန်၊လေဆိပ်ခန်းမအတွင်းတစ်နေရာမှတစ်နေရာပြောင်းရွှေ့ရန်စောင့် နေရချိန်များကိုငြီးငွေ့လေ့ရှိကြသည်။ အချို့လေဆိပ်များသည် ခရီးသည်များနွမ်းနယ်ငြီးငွေ့မှုကို အပမ်းဖြေနိုင်စေရန် ဆွဲဆောင်မှု များပါရှိသည့် ရှုခင်းများဖြင့် တည်ဆောက် မွမ်းမံခဲ့ကြသဖြင့် အလွန်လှပသော လေဆိပ်ကြီးများပေါ်ထွက်လာခဲ့သည်။

ပြည်ပနိုင်ငံတစ်ခုသို့ လေယာဉ်ဖြင့် ပထမဆုံးအကြိမ် ခရီးထွက်လာသူတစ်ဦးသည် လေဆိပ်သို့ ဦးစွာရောက်ရှိ လာချိန် တွင် လေဆိပ်၏ သန့်ရှင်းသပ်ယပ်မှု၊ ခမ်းနားကြီးကြယ်မှု၊ခေတ်မီလှပမှုတို့က ခရီးသွားသူအားများစွာ ကျေနပ်မှုရစေနိုင်သည်။ နိုင်ငံ တကာလေဆိပ်များသည်ရောက်ရှိလာသည့် ခရီးသည်များအပေါ် ဂရုစိုက်လေ့ရှိကြပြီးမိမိတို့လေဆိပ်များအား မိမိတို့နိုင်ငံ၏ ယဉ် ကျေးမှု ၊ ဖွံ့ဖြိုးတိုးတက်မှု ပုံရိပ်များကိုဖော်ညွှန်းနိုင်ရန် တည်ဆောက်လာခဲ့ကြသည်။

သန့်ရှင်းသပ်ရပ် ခေတ်မီ၍ ဖွဲ့စည်းထားမှု ကောင်းမွန်သော လေဆိပ်များသည် အခြားလေဆိပ်များထက်ပိုမို ကောင်းမွန် လေ့ရှိရာ ကမ္ဘာမြေပေါ်တွင် အလှပဆုံးလေယာဉ်ကွင်းနှင့် လေဆိပ်ကြီးများကို တွေ့ရှိလာကြရကာ အမြဲလှပ၊ ဆန်းသစ် ခေတ်မီ သော လေဆိပ်များကို ကမ္ဘာ့ နိုင်ငံအသီးသီးတွင် မြင်တွေ့ကြရပေသည်။

၁၀။ ဘေဂျင်းမြို့တော် နိုင်ငံတကာ လေဆိပ်(Beijing Capital International Airport,China)

၂၀၀၈ ခုနှစ် ကမ္ဘာ့ အိုလံပစ် အားကစားပွဲတော်ကိုတရုတ်နိုင်ငံမြို့တော် ဘေဂျင်းတွင်ကျင်းပခဲ့သည်။ဘေဂျင်းအပြည်ပြည် ဆိုင်ရာလေဆိပ်သည် တိုးတက်များပြားသောခရီးသွားများဝင်ထွက်သွားလာမှုကို အဆင်ပြေစွာ စီစဉ်ပေးနိုင်ရန် လေဆိပ်အဆောက် အအုံအမှတ် (၃)ကို ပွဲတော်မကျင်းပမီကပင် တိုးချဲ့ဆောက်လုပ်ခဲ့သည်။ထိုအချိန်က ဘေဂျင်း လေဆိပ်အဆောက်အုံသည် ကမ္ဘာ ပေါ်တွင် အကြီးဆုံးဖြစ်ခဲ့ပြီး ယခုအချိန်တွင် ကမ္ဘာ့ဒုတိယအကြီးဆုံး လေဆိပ် အဆောက်အအုံ အဖြစ်ရပ်တည်နေသည်။ လက်ရှိတိုးချဲ့ထားသော ဘေဂျင်းမြို့တော် နိုင်ငံတကာလေဆိပ်ကို သုံးနှစ်ကျော် အချိန်ယူ တည်ဆောက်ခဲ့ပြီး ဗြိတိသျှ ဗိသုကာပညာရှင် နော်မန်ဖော့စ်တာ(Norman Foster)က အကောင်းဆုံးလေဆိပ်တစ်ခု အဖြစ် မွမ်းမံအလှဆင်ခဲ့သည်။

၉။ ကာရက်စ်ကိုလေဆိပ်(Carrasco International Airport, Uruguay)

ဥရုဂွေး နိုင်ငံတကာလေဆိပ် ကာရက်စ်ကိုသည် ပုဂ္ဂလိကပိုင် အပြည်ပြည်ဆိုင်ရာလေဆိပ်တစ်ခုဖြစ်ပြီး လေဆိပ် လုပ် ငန်းများ အားလုံးကို ဥရုဂွေးနိုင်ငံမြို့တော် မွန်တီဗီဒီယို (the city of Montevideo) တွင် အခြေစိုက်သော ပူရာတာ ဒဲလ်ဆာ (Puertadel Sur) လေကြောင်းလိုင်း ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။ခေတ်မီလှပသောလေဆိပ်ကြီးကို ၂၀၀၇ ခုနှစ်တွင် ဥရုဂွေးဗိသုကာ ပညာရှင် ရာဖယ်ဗီညိုလီ (Rafael Viñoly) က တာဝန်ယူ ကြီးကြပ်ဆောက်လုပ်ခဲ့သည်။

၈။ ဒန်ဗာ နိုင်ငံတကာလေဆိပ် (Denver International Airport, USA)

အမေရိကန်နိုင်ငံရှိ ဒန်ဗာနိုင်ငံတကာလေဆိပ်၏ အမိုးများပေါ်တွင် အဖြူရောင် ရွက်ဖျင်တဲပုံစံများ ပြုလုပ်ထားသဖြင့် အိမ် များမရှိသော်လည်း ရွာငယ်လေးတစ်ခုရှိ အိမ်အမိုးများနှင့်တူနေသည်။ ဒန်ဗာလေဆိပ်ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမူ မူ များအတိုင်းဆောက်လုပ်ထားပြီး လေဆိပ်လုပ်ငန်းများ၏ တစ်စိတ်တစ်ပိုင်းကို နေရောင်ခြည်သုံးစွမ်းအင်ဖြင့်လည်ပတ် ဆောင်ရွက်သည်။ လေဆိပ်၏ အမိုးပြားများကို နွေရာသီကာလတွင် နေရောင်ခြည် ၂၁ ရာခိုင်နှုန်းခန့်ရောင်ပြန်နိုင်ပြီး ဆောင်းရာသီ ကာလတွင် အပူဓာတ်ကိုထိန်းထားနိုင်သည့် ပစ္စည်းများဖြင့်ပြုလုပ်ထားသည်။ဒန်ဗာလေဆိပ်ဗိသုကာပညာရှင်မှာ ပြည့်ဖြိုးမြဲ စွမ်းအင်ဒီဇှိုင်းကို ကနဦး ဖော်ထုတ်ခဲ့သူ ကာတစ်စ်ဖန်ထရက်စ်(Curtis Fentress)ဖြစ်သည်။

၇။ အင်ချွန် နိုင်ငံတကာလေဆိပ်(Incheon International Airport,South Korea)

တောင်ကိုရီးယားနိုင်ငံ၊အင်ချွန်းနိုင်ငံတကာလေဆိပ်ကို ၂၀၀၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ အင်ချွန်းလေဆိပ်သည် ဖွင့်လှစ်ပြီး ချိန်မှစ၍ လေဆိပ်သို ရောက်ရှိလာကြသူ ခရီးသွားများ၏ အတွေ့အကြုံများအရ ဆန္ဒပြုခဲ့ကြသည့်အတိုင်းကမ္ဘာပေါ်ရှိ အကောင်း ဆုံး လေဆိပ်များ စာရင်းတွင် ထိပ်ဆုံးနေရာမှ ဆက်တိုက် ရပ်တည်ခဲ့သည်။အမေရိကန်နိုင်ငံမှ ဒန်ဗာလေဆိပ် ကို တည်ဆောက် ခဲ့သူ ဗိသုကာပညာရှင် ကာတစ်စ်ဖန် ထရက်စ် (Curtis Fentress) သည် အင်ချွန်းနိုင်ငံတကာ လေဆိပ်ကို ကိုရီးယားယဉ်ကျေးမှု အာရုံများထင်ဟပ်နေစေရန် ကြိုးပမ်းထားပြီး လေဆိပ် အတွင်းပိုင်းတွင် ကိုရီးယားဗိသုကာလက်ရာများ ပုံဖော်ခဲ့သည်။

၆။ လိုင်ယွန် စိန့် လေဆိပ် (Lyon-Saint Exupéry Airport, France)

ပြင်သစ်နိုင်ငံမှ လိုင်ယွန်းစိန့် လေဆိပ်ကို ယခင်ကလိုင်ယွန်းစတိုလားစ် လေဆိပ်ဟုလူသိများခဲ့သည်။ လိုင်ယွန်းစိန့် ကို အလွန် စိတ်ဝင် စားဘွယ်ကောင်းသည့် ဒီဇိုင်းဖြင့် ဆောက်လုပ်ထားသဖြင့် လေဆိပ်ကို ပြင်ပမှကြည့်လျှင် ကောင်းကင်တွင် ငှက် တစ်ကောင် ပျံသန်းနေသည့် အသွင် မြင်ကြရသည်။လိုင်ယွန်းစိန့်လေဆိပ်ကိုပုံစံပြုခဲ့သူ ဗိသုကာပညာရှင်သည် စန်တီရာ ဂီကာ လာထြာဗာ (SantiagiCalatrava) ဖြစ်သည်။

၅။ အူရွှာရိယာမာဗီနာစ် အပြည်ပြည် ဆိုင်ရာလေဆိပ် (Ushuaia – Malvinas Argentina International Airport, Argentina)

အာဂျင်တီးနားနိုင်ငံ အူရွှာရိယာမြို့သည် တောင်အမေရိကတိုက်တောင်ဘက်အစွန်းဆုံးတွင်တည်ရှိနေပြီး အူရွှာရိယာမှ လေးမိုင်အကွာတွင် ဆောက်လုပ်ထားသည့် အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးသည် လှပသောပထဝီဝင် အနေအထားကြောင့် ထင်ရှားကျော်ကြားလှသည်။ အူရွှာရိယသို့ ကမ္ဘာလှည့်ခရီးသည်များ အများအပြားလာရောက်လေ့ရှိကြရာ အူရွှာရိယာ မာဗီနာစ် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ လေကြောင်းလိုင်းမှ လာရောက်ကြသူများသည် အင်ဒီစ် တောင်တန်းများ၊ လွင်ပြင်များ၊ တောင် ကုန်းများပေါ်မှ ဖြတ်သန်းပျံသန်းလာကြရသဖြင့် ခရီးသည်တိုင်းသည် ရင်သပ်ရှုမောဘွယ် လှပမှုများကိုခံစားကြ ရသည်။

၄။ မာရာကက်ရှ်္ လေဆိပ် (Marrakesh Menara Airport, Morocco)

မော်ရိုကို နိုင်ငံမှ မာရာကက်ရှ် မီနာရာလေဆိပ်သည် ခေတ်မီဒီဇိုင်းပုံစံများနှင့် အစ္စလာမ်မစ် ရိုးရာဗိသုကာလက်ရာများကို ပေါင်းစပ်တည်ဆောက်ထားသည့် ခေတ်လွန် ဒီဇိုင်းပုံစံလေဆိပ်တစ်ခုဖြစ်သည်။လေဆိပ် အတွင်းပိုင်းတစ်ခုလုံးအားမှန်များ၊ကြွေပြား များ၊ကျောက်ပြားများဖြင့် အလှဆင်ကာ အာရပ် ပုံစံပေါ်လွင်အောင်ပြုလုပ်ထားသည်။

၃။ ချန်ဂီလေဆိပ် (Singapore Changi Airport, Singapore)

စင်္ကာပူနိုင်ငံချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်ကိုတစ်ကမ္ဘာလုံးနီးပါးသိကြသည်။သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်တွင် တိုးချဲ့ ရည် မှန်းစီမံကိန်းတစ်ရပ်ချမှတ်ခဲ့ပြီး တတိယမြောက် လေဆိပ် အဆောက်အအုံသစ် တစ်ခုကို ထပ်မံတည်ဆောက်ခဲ့သည်။ လေဆိပ်၏ အချို့နေရာများတွင် ရုက္ခဗေဒဥယျာဉ် ပုံစံ ပြုလုပ်ထားကာ ဥယျာဉ်ပုံစံ အတွင်းပိုင်းတွင် အမျိုးအစားစုံလင်လှသောအပင်များကို စိုက် ပျိုးထားသည်။ချန်ဂီ လေဆိပ်အတွင်းရောက်ရှိလာကြသူတို့အား အနားယူအပမ်းဖြေစရာ ဝန်းကျင်တစ်ခုအဖြစ်ဖန်တီးပေးထားသော ဒီဇိုင်းဖြစ်သည်။

၂။ ဆွန်ဒီကာလေဆိပ် (Sondika Bilbao Airport, Spain)

စပိန်နိုင်ငံ၊ ဆွန်ဒီကာဘယ်လ်ဘာအိုလေဆိပ်က်ို ၁၉၂၈ ခုနှစ်တွင်တည်ဆောက်ခဲ့ပြီး လက်ရှိ လေဆိပ်အသစ်ကြီးကို ၁၉၉၀ ပြည်ု့နှစ်တွင် စတင်ဆောက်လုပ်ခဲ့ကာ ၂၀၀၀ ပြည့်နှစ် မတိုင်မီ တည်ဆောက်ပြီးစီးခဲ့သည်။ လေဆိပ် လုပ်ငန်းများကို ၂၀၀၀ ပြည့်နှစ် တွင် အပြည့်အဝစတင်ဆောင်ရွက်နိုင်ခဲ့သည်။လေဆိပ်တည်ဆောက်မှုတွင် ရင်းနှီးမြှုပ်နှံငွေ အမေရိကန် ဒေါ်လာ ၃၉ သန်းအသုံးပြု ခဲ့သည်။ လေဆိပ်အဆောက်အဦကို ချောမွတ်တောက်ပြောင်နေသည့် အဖြူရောင်အင်္ဂတေများ၊ကျောက်များဖြင့်ခေါက်ချိုးညီတောင် ပံနှစ်ခု အသွင်ဆောက်လုပ်ထားသည်။ လေဆိပ်ခန်းမသည် အထပ်နှစ်ထပ်ပါရှိပြီး အပေါ်ထပ်ကိုပြည်ပထွက်ခွာဆောင်နှင့် အောက် ထပ် ကို ပြည်တွင်း ဆိုက်ရောက်ဆောင်အဖြစ် အသုံးပြုသည်။

၁။ ဘာလင် တမ်ပယ်လ်ဟော့ဖ် လေဆိပ် (Berlin Tempelhof Airport, Germany)

ဂျာမနီနိုင်ငံ၊ ဘာလင် တမ်ပယ်လ်ဟော့ဖ် လေဆိပ် ကို ၂၀၀၈ ခုနှစ်ကပိတ်ခဲ့သော်လည်း တမ်ပယ်လ်ဟော့ဖ်သည်လေဆိပ် မပိတ်သိမ်းမီ အချိန်အထိ ကမ္ဘာပေါ်တွင် အခြားသောလေဆိပ်များက နမူနာယူခဲ့ရသည့် ပထမဆုံးသော လေဆိပ်ကြီးတစ်ခုအဖြစ် ရပ်တည်ခဲ့သည်။

ယနေ့ကမ္ဘာ၏နည်းပညာတိုးတက်များသည် အချိန်နှင့်အမျှ တစ်ဟုန်ထိုးဖွံ့ဖြိုးလျက်ရှိနေရာ ကမ္ဘာ့နိုင်ငံအသီးသီးမှ ခရီး သည် များသည် တစ်နိုင်ငံမှတစ်နိုင်ငံ၊ တစ်နေရာမှတစ်နေရာသို့လျင်မြန်စွာရောက်ရှိစေသည့် လေယာဉ်ခရီးများဖြင့် ကူးလူး ဆက် သွယ် သွားလာနေကြသည်။လေကြောင်းပို့ဆောင်ရေး၏ အဓိက အခြေစိုက်နေရာဖြစ်သည့် လေယာဉ်ကွင်းများနှင့် လေဆိပ်များ သည် ခရီးသွားများ သွားလာမှု အဆင်ပြေချောမွေ့စေရန် ဝန်ဆောင်မှုလုပ်ငန်းများအထိ ကောင်းသည်ထက် ကောင်းအောင်စီမံ ဆောင်ရွက်လျက်ရှိနေကြရာ ခေတ်မီလှပဆန်းပြားသည့်လေဆိပ်ကြီးများသည်စဉ်ဆက်မပြတ် ထွက်ပေါ်လာဦးမည်သာ ဖြစ်ပေ သည်။

မောင်သာ(ရှေးဟောင်း သုတေသန)
၂၀၁၇ ခုနှစ်နိုဝင်ဘာလထုတ် သုတအလင်းမဂ္ဂဇင်းမှ

Leave a Reply