ကမာၻ႔ေျမာက္ပိုင္းရဲ႕ဗင္းနစ္ၿမဳိ႕ (သုိ႔) စေတာ့ဟုမ္းအေၾကာင္း သိေကာင္းစရာ

Posted on

စေတာ့ဟုမ္းျမိဳ႕ ဟာဥေရာပတိုက္က ကဆြီဒင္နိုင္ငံရဲ့ျမိဳ႕ေတာ္အျဖစ္ လူသိမ်ား ထင္ရွားျပီး နိုင္ငံရဲ႕ အေရွဘက္ ကမ္းရိုးတန္းေဒသမွာတည္ရွိပါတယ္။ ၿမိဳ႕အေနအထားမွာ ေတာ္လဆီအြန္ ပင္လယ္ေအာ္ႏွင့္ေမလာေရအိုင္ႀကီးတို႔၏ကမ္းေျခႏွင့္ ကၽြန္းငယ္ ကေလးမ်ားေပၚတြင္ က်ယ္ျပန္႔စြာ တည္ရွိေနသျဖင့္ အလြန္လွပ ေလရကား၊ စေတာ့ဟုမ္းၿမိဳ႕ကို ကမၻာ့ေျမာက္ပိုင္း၏ ဗင္းနစ္ၿမိဳ႕ လုိ႔တင္စားေခၚေ၀ၚၾကပါတယ္။ စေတာ့ဟုမ္းျမိဳ႕ ဟာ သဘာဝအလွအပေတြေၾကာင့္ အထူးထင္ရွားျပီး ဒီၿမဳိ႔မွာ ဆြီဒင္နိုင္ငံရဲ့ တတိယေျမာက္အၾကီးဆံုးေရကန္ Lake Malaren လည္းရွိပါတယ္။ စေတာ့ဟုမ္းျမိဳ႕ေတာ္ရဲ့ အဓိကအပိုင္းေတြဟာ ကၽြန္းၾကီးေလးကၽြန္းေပၚ မွာပဲ တည္ရွိေနတာျဖစ္ျပီး ဒီကၽြန္းစုေတြဟာ အစဥ္လိုက္တည္ရွိေနတာပါ။ ၂၀၁၈ ခုနွစ္ ၾသဂုတ္လအတြင္း စာရင္းေတြအရေတာ့ စေတာ့ဟုမ္းျမိဳ႕ေတာ္ရဲ့ လူဦးေရ ဟာ (၉၅၀၀၀၀) ရွိျပီးျမိဳ႔ေတာ္ရဲ့ပတ္ဝန္းက်င္ေဒသေတြမွာ ေနထိုင္သူ စုစုေပါင္းကေတာ့ ၁သန္းခြဲနီးပါးရွိပါတယ္။  စေတာ့ဟုမ္းျမိဳ႕ဟာ အက်ယ္အ၀န္းကေတာ့ ၇၃စတုရန္းမုိင္ ျဖစ္ပါတယ္။

Sodermalm ကၽြန္းစုပိုင္းမွာတည္ရွိ တဲ့ Skinnarviksberget အရပ္ဟာ ကမာၻလွည့္ခရီးသည္ေတြၾကား အထူးထင္ရွားပါတယ္။ ဒီေနရာဟာ ပင္လယ္ေရျပင္ထက္ ၁၇၄ ေပျမင့္ျပီး စေတာ့ဟုမ္းျမိဳ႕ေတာ္နဲ႔ တစ္ဆက္ တည္း တည္ရွိေနတဲ့ Riddarifjarden ေဒသက သဘာဝအလွအပေတြကို ရႈျမင္ခံစား နိုင္ပါတယ္။  ဆြီဒင္နိုင္ငံ စေတာ့ဟုမ္းျမိဳ႕ကို ေအဒီ ၁၂၅၂ ခုနွစ္ေလာက္ကတည္းက ဆြီဒင္ ေတာ္ဝင္မွဴးမတ္တစ္ဦးျဖစ္တဲ့ Birger Jarl က စတင္တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။ သူရဲ့ရည္ရြယ္ခ်က္ကေတာ Lake Malaren ကေန Baltic ပင္လယ္ထဲစီးဝင္ေနတဲ့ ေနရာ ျဖစ္တဲ့ စေတာ့ဟုမ္းျမိဳ႕ေနရာမွာေဒသခံေတြရဲ့ စိုက္ပ်ိဳးေရးလုပ္ငန္းေတြ အဆင္ေျပေစရန္ရည္ရြယ္ခ်က္နဲ႔ ဆည္တစ္ခုအေနနဲ႔ စတင္တည္ေဆာက္ဖို႔အတြက္ ျဖစ္ပါတယ္။ ဒီေဒသဟာ ေရခံေျမခံေကာင္းမြန္တာေၾကာင့္ လာေရာက္အေျခခ်သူမ်ားျပား လာခဲ့ျပီး နွစ္(၁၀၀)အတြင္းမွာ ဆြီဒင္နိုင္ငံရဲ့့ အၾကီးမားဆံုးေသာျမိဳ႕ေတာ္ ျဖစ္လာပါတယ္။

စေတာ့ဟုမ္းျမိဳ႕ေတာ္တြင္းမွာပဲ ေနာင္အခါ Helgeandsholmen ကၽြန္းစုဆိုတဲ့နာမည္နဲ႔ ေက်ာ္ၾကားလာမယ့္ ေရွးေဟာင္းအေမြအနွစ္ မ်ားစြာရွိတဲ့ ျမိဳ႕ေဟာင္းတစ္ခုကိုု (၁၃)ရာစု အလယ္ေလာက္က တည္ေဆာက္ခဲ့ၾကျဖစ္ပါတယ္။ (၁၇)ရာစုေလာက္မွာေတာ့ ဆြီဒင္နိုင္ငံဟာ အင္အားၾကီးမားတဲ့နိုင္ငံတစ္ခု ျဖစ္လာတာနဲ႔အညီ ျမိဳ႕ေတာ္ စေတာ့ဟုမ္း ဟာ လည္းဖြံျဖိဳးတိုးတက္လာပါေတာ့တယ္။ (၁၉)ရာစု အလယ္ပိုင္းေလာက္မွာေတာ့ စေတာ့ဟုမ္းဟာ ဆြီဒင္နိုင္ငံရဲ့ စီးပြားေရးေစ်းကြက္ကို ဦးေဆာင္လာနိုင္ခဲ့ပါတယ္။

ယေန႔အခ်ိန္မွာေတာ့ စေတာ့ဟုမ္းရဲ့ ျမိဳ႕ေျမဧရိယာဟာ ဥေရာပတိုက္မွာ အလ်ွင္အျမန္ ဖြံျဖိဳးတိုးတက္မႈ အရွိဆံုးေနရာ ျဖစ္ေနပါျပီ။ စေတာ့ဟုမ္းျမိဳ႕တြင္းမွာရွိတဲ့ Gamla Stan ဟာ ယခင္ကဆြီဒင္နို္င္ငံရဲ့ သမိုင္းဝင္ျမိဳ႕တစ္ျမိဳ႕ ျဖစ္ျပီးအလယ္ေခတ္ကာလက ဥေရာပမွာ အလြန္ထင္ရွားတဲ့ ျပဇာတ္ေတြကျပရာေနရာ ျဖစ္ပါတယ္။ဒီေနရာဟာ စေတာ့ဟုမ္းရဲ့ အထင္ရွားဆံုးေသာလည္ပတ္စရာေနရာလည္း ျဖစ္ျပီး ေရွးေဟာင္းျပဇာက္ေတြအပါအဝင္ ယဥ္ေက်းမႈလက္ရာ အခ်ိဳ႕ကိုယေန႔တိုင္ ထိန္းသိမ္းထားဆဲျဖစ္ပါတယ္။ Gamla Stan နဲ႔ကပ္လ်က္တည္ရွိေနတဲ့ Riddarholmen ကၽြန္းစုဟာလည္း ထင္ရွားတဲ့ေဒသတစ္ခုျဖစ္ျပီး လာေရာက္လည္ပတ္သူေတြအေနနဲ႔ ဒီေနရာေတြမွာရွိတဲ့ သမိုင္းဝင္ျပတိုက္ေတြကို ေအးေအးလူလူ လမ္းေလ်ာတ္ျပီး လည္ပတ္နို္င္ပါတယ္။

လူသားေတြရဲ့စိတ္အာရံုကို ကိုင္လႈပ္ေစတဲ့ေနရာမ်ား၊ စားေသာက္ ဆိုင္မ်ား ၊ေကာ္ဖီဆိုင္မ်ား၊ အရက္ဘားမ်ား၊ ကုန္တိုက္မ်ားစြာတည္ရွိေနတဲ့ ဒီေနရာဟာ စေတာ့ဟုမ္းျမိဳ႕ေတာ္ရဲ့ အမွတ္အသားပမာျဖစ္ေနတာပါ။ စေတာ့ဟုမ္းမွာတည္ရွိတဲ့ Royal Palace(ဘုရင့္နန္းေတာ္)ဟာ ဆြီဒင္နိုင္ငံရဲ့ ဘုရင္ ဧကရာဇ္အဆက္ဆက္ ေနထိုင္ရာေနရာျဖစ္ျပီး Gamla Stan အရပ္မွာတည္ရွိပါတယ္။ ဘုရင္မင္းျမတ္ရံုးစိုက္ရာေနရာျဖစ္ျပီး ေတာ္ဝင္မ်ိဳးႏြယ္ေတြရဲ့ အေျခခ်ေနထိုင္ရာေနရာ တရားစီရင္ေရးလုပ္ငန္းေတြ ျပဳလုပ္ရာေနရာလည္းျဖစ္ပါတယ္။ ဒီေနရာဟာ ဆြီဒင္နိုင္ငံ ရဲ့အေကာင္း၊အဆိုးမွန္သမ်ွကို ေဝဖန္သံုးသပ္ အေျဖရွာရာေနရာျဖစ္ျပီး ဘုရင္မင္းျမတ္ ရဲ့ တိုင္းက်ိဳးျပည္ျပဳလုပ္ငန္းေတြကို ထမ္းေဆာင္ရန္ ရည္ရြယ္ခ်က္နဲ႕ ေဆာက္လုပ္ခဲ့ ၾကတာျဖစ္ပါတယ္။

Skansen ဟာ ဆြီဒင္နိုင္ငံရဲ့ ပထမဆံုးေသာအမိုးဖြင့္ ျပတိုက္နဲ႔ တိရိစာၦန္ရံုျဖစ္ျပီး စေတာ့ဟွမ္းမွာရွိတဲ့ Djurgarden ကၽြန္းေပၚမွာတည္ရွိပါတယ္။ ဒီျပတိုက္ကုိေတာ့ ဆြီဒင္နိုင္ငံသား ေက်ာင္းဆရာ၊ေရွးေဟာင္းေလ့လာေရးပညာရွင္Artur Immanuel Hazelius(၁၈၃၃-၁၉၀၁)က ၁၈၉၁ ေအာက္တိုဘာ(၁၁) ရက္ေန႔မွာ စတင္တည္ေထာင္ေပးခဲ့ပါတယ္။ တည္ေထာင္သူရဲ့ ရည္ရြယ္ခ်က္ကေတာ့ ဆြီဒင္နိုင္ငံရဲ့ ယေန႔အခ်ိန္လို စက္မႈဖြံျဖိဳးျပီး နိုင္ငံအျဖစ္ေရာက္ေအာင္ ဘယ္လိုအဆင့္ဆင့္ျဖတ္သန္း လာခဲ့ရတယ္ဆိုတဲ့ အေၾကာင္းကို သိေစခ်င္တဲ့ ရည္ရြယ္ခ်က္နဲ႔ျဖစ္ပါတယ္။ ဒီျပတိုက္ဟာ ဥေရာပမွာအလြန္နာမည္ေက်ာ္ၾကားျပီး နွစ္စဥ္ လာေရာက္ေလ့လာသူ (၁.၃)သန္းေလာက္ရွိပါတယ္။

စေတာ့ဟုမ္းျမိဳ႕ဟာကမာၻေပၚမွာ ပန္းျခံနဲ႔တြဲလ်က္တည္ရွိတဲ့ ပထမဆံုးေသာ ျမိဳ႕လည္းျဖစ္ပါတယ္။ တြဲလ်က္တည္ရွိေနတဲ့ Royal National City Park ဟာအျမဲစိမ္းလန္းစိုေျပေနတာျဖစ္ျပီး ၉.၅ ကီလိုမီတာ(၆ မိုင္)ေလာက္ရွည္လ်ားပါတယ္ ဒီပန္းျခံဟာ စေတာ့ဟုမ္းျမိဳ႕ေတာ္ကို ပတ္လ်က္တည္ရွိေနတာပါ။ ဒီပန္းျခံဟာ ျမိဳ႕ပတ္ဝန္းက်င္မွာရွိတဲ့ သစ္ေတာ့ေတြနဲ ဆက္စပ္လ်က္တည္ရွိေနတာျဖစ္ျပီး ဒီသစ္ေတာေတြထဲမွာေတာ မ်ားစြာေသာ သားရဲတိရိစာၦန္ေတြရဲ့ မ်ိဳးစိတ္ေတြ တည္ရွိေနပါတယ္။ ဒီေတာေတြထဲမွာေတာ့ သမင္၊ ဒရယ္၊ ေျမးေခြး၊ ဦးခ်ိဳျပားဆပ္၊ ရွားပါး ငွက္မ်ိဳးစိတ္၊ လိပ္ျပာမ်ိဳးစိတ္၊ အျခားအင္းဆက္ မ်ိဳးစိတ္ေတြကို ျမင္ေတြ႕ရမွာျဖစ္ပါတယ္။

Djurgarden ကၽြန္းမွာရွိတဲ့ Vas Museum မွာေတာ့ ပင္လယ္သတၱဝါေတြကို သြားေရာက္ေလ့လာနိုင္ပါတယ္။ ဒါအျပင္ ဒီျပတိုက္မွာ (၁၇)ရာစုေလာက္ နစ္ျမဳပ္ခဲ့တဲ့ စစ္သေဘၤာႀကီး Vasa ကိုလည္း အေကာင္းပတိအတိုင္း(တာဝန္ရွိသူေတြကျပန္လည္ ျပဳျပင္ထား)တဲ့ အတိုင္း ယင္းယာဥ္မွာ တပ္ဆင္ထားတဲ့ပစၥည္းေတြနဲ႔အတူ ျမင္ရမွာပါ။ အေျမာတ္ (၆၄)လက္ ေလာက္တပ္ဆင္ထားတဲ့ Vasa စစ္သေဘာၤဟာ ၁၆၂၈ခုနွစ္ေလာက္ ကတည္းကေရေၾကာင္းခရီးရွည္တစ္ခုအတြင္း နစ္ျမဳပ္ခဲ့တဲ့နာမည္ေက်ာ္ဆြီဒင္ဘုရင္တပ္မေတာ္ ပိုင္ေရယာဥ္လည္းျဖစ္ပါတယ္။ တရားဝင္ေဖာ္ျပထားခ်က္ေတြအရေတာ့ Vas Museum ကို ၁၉၉၀ခုနွစ္ေလာက္ကစတင္ဖြင့္လွစ္ခဲ့ျပီးစိတ္ပါဝင္စားစြာနဲ႔လာေရာက္ေလ့လာ သူအမ်ားအျပား လည္းရွိေနတာပါ။ ဒီျပတိုက္ဟာ ေရွးေခတ္ ေျမာက္ဥေရာပေဒသရဲ့ ယဥ္ေက်းမႈနဲ႔ ဘာသာစကား၊ စာေပဆိုင္ရာ အေမြအနွစ္အေတာ္မ်ားမ်ားရွိေနပါတယ္။

စေတာ့ဟုမ္းျမိဳ႕ေတာ္မွာ ျပတိုက္ေပါင္း ၁၀၀ ခန္႔ရွိေနၿပီး ဒီျပတုိက္ေတြကို နွစ္စဥ္ လူသန္းနဲ႔ခ်ီျပီး လာေရာက္ ေလ့လာၾကပါတယ္။ ဒီျပတုိက္ေတြဟာ ကမာၻတကၠသိုလ္အသီးသီးက သုေသသန စာတမ္းျပဳစု တဲ့ ေက်ာင္းသား/သူေတြရဲ့ ပညာသိုမီးရာ ဌာေနလည္းျဖစ္ပါတယ္။ ကမာၻေပၚမွာ နယ္ပယ္အသီးသီးက အသိပညာရွင္ အတတ္ပညာကုိ နွစ္စဥ္ေပးအပ္ေလ့ရွိတဲ့ နိုဗယ္ဆုေပးတဲ့အခမ္းအနားကိုလည္း စေတာ့ဟုမ္းျမိဳ႕ေတာ္မွာ ေပးအပ္ေလ့ရွိပါတယ္။ စေတာ့ဟုမ္းျမိဳ႕ဧရိယာရဲ့ (၃၀)ရာခိုင္ႏႈန္းဟာ ေရေၾကာင္းလမ္းနဲ႔သြားလာရေအာင္ ျပဳလုပ္ထားျပီး အျခား(၃၀%)ေလာက္ကေတာ့ စိမ္းလန္းတဲ့ပန္းျခံေတြျဖစ္ေအာင္ ဖန္တီးထားတာပါ။

 

စေတာ့ဟုမ္းေျမေအာက္မီးရထားလမ္းကိုေတာ့ ၁၉၅၀ ေလာက္ကစတင္ ဖြင့္လွစ္ထားခဲ့ တာျဖစ္ျပီး မီးရထားဘူတာရံုေတြမွာ ဆင္ယင္ထားတဲ့ ေရွးအလြန္က်တဲ့ အျပင္အဆင္ ေတြေၾကာင့္ ထင္ရွားပါတယ္။ စေတာ့ဟုမ္းျမိဳ႕မွာတံတား (၅၇)စင္းရွိပါတယ္။ စေတာ့ဟုမ္းျမိဳ႕ရဲ့ အက်ဥ္းဆံုးလမ္းေတြျဖစ္တဲ့ Marten Trotzigs alley ဟာ သာမန္ လူေျခလွမ္း ၃၆ လွမ္းသာ သြားရျပီး (၃၅)လက္မသာ က်ယ္ျပန္႔ပါတယ္။လမ္းေတြရဲ့ က်ဥ္းေျမာင္းေသးသြယ္တဲ့ အေနအထားေတြက စိတ္ဝင္စားစရာ ျဖစ္ေနတာပါ။ စေတာ့ဟုမ္းျမိဳ႕ဟာ ၁၉၁၂ခုနွစ္ေႏြရာသီ အိုလံပစ္ၿပိဳင္ပြဲ ကေနစတင္ထင္ရွားလာတာပါ။

ဒါအျပင္ ၁၉၅၆ ခုနွစ္ မွာၾသစေတးလ်နိုင္ငံမွာက်င္းပတဲ့ အိုလံပစ္ျပိဳင္ပြဲမွာလည္း စေတာ့ဟုမ္းရိုးရာ တစ္ေယာက္စီး ျမင္းအလွျပိဳင္ပြဲကို ထည့္သြင္းယွဥ္ျပိဳင္ေစခဲ့ တာေၾကာင့္လည္း တစ္မ်ိဳးတစ္ဖံု ေက်ာ္ၾကားလာပါေသးတယ္။ ေဆာင္းတြင္းကာလ ေရာက္တဲ့အခါ စေတာ့ဟုမ္းျမိဳ႕မွာ ေန႔တာအလြန္တိုျပီး (၆)နာရီ ေလာက္သာ ၾကာပါတယ္။ ဇြန္လကေန ဇူလိုင္လဝက္ေရာက္တဲ့အခ်ိန္မွာေတာ့ ညတာဟာတိုသြားခဲ့ျပီး (၆)နာရီသာ ၾကာပါေတာ့တယ္။ က်န္တဲ့ (၁၈)နာရီေလာက္ဟာ ေန႕အခ်ိန္ျဖစ္ပါတယ္။

ကမာၻေပၚမွာ ရွိတဲ့ျမိဳ႕ေတာ္ေတြထဲမွာ စေတာ့ဟုမ္းျမိဳ႕ဟာ အသန္႔ရွင္းဆံုးျဖစ္တယ္ လို႔ သက္ဆိုင္ရာမွတ္တမ္းေတြ ကေဖာ္ျပေနပါတယ္။ ေဘာလံုးအားကစားနည္းနဲ႕ ေဟာ္္ကီအားကစားနည္းကေတာ့ စေတာ့ဟုမ္းရဲ့ အဓိက လူစိတ္ဝင္မႈမ်ားတဲ့ အားကစားနည္းေတြျဖစ္ပါတယ္။ ေဆာင္းရာသီေရခဲတဲ့အခ်ိန္မွာေတာ့ ေရခဲျပင္ေတြေပၚမွာ စကိတ္စီးျခင္း ၊ စကီးစီးျခင္းေတြကိုျပဳလုပ္ေလ့ရွိၾကပါတယ္။  စီးပြားေရးအေနနဲ႔ကေတာ့ အင္ဂ်င္စက္၊ တံတား၊ သေဘၤာစေသာ သံထည္ပစၥည္းမ်ား၊ စကၠဴႏွင့္ အစားအေသာက္ကုန္ပစၥည္းမ်ား ထုတ္လုပ္သျဖင့္ ထိုလုပ္ငန္း ရပ္မ်ားဆိုင္ရာ စက္႐ုံမ်ားကိုလည္း စေတာ့ဟုမ္းၿမိဳ႕မွာ ျမင္ေတြ႔ႏုိင္ပါတယ္။

ေအာက္က ၂မိနစ္စာ ဗီဒီယုိေလးကိုၾကည့္ၿပီး စေတာ့ဟုမ္းကို ခဏတျဖဳတ္သြားလည္လုိက္ပါဦး 🙂

————————-

ဆွီဒင်ရဲ့မြို့တော် စတော့ဟုမ်းအကြောင်း သိကောင်းစရာ (unicode)

စတော့ဟုမ်းမြို့ ဟာဥရောပတိုက်က ကဆွီဒင်နိုင်ငံရဲ့မြို့တော်အဖြစ် လူသိများ ထင်ရှားပြီး နိုင်ငံရဲ့ အရှေဘက် ကမ်းရိုးတန်းဒေသမှာတည်ရှိပါတယ်။ မြို့အနေအထားမှာ တော်လဆီအွန် ပင်လယ်အော်နှင့်မေလာရေအိုင်ကြီးတို့၏ကမ်းခြေနှင့် ကျွန်းငယ် ကလေးများပေါ်တွင် ကျယ်ပြန့်စွာ တည်ရှိနေသဖြင့် အလွန်လှပ လေရကား၊ စတော့ဟုမ်းမြို့ကို ကမ္ဘာ့မြောက်ပိုင်း၏ ဗင်းနစ်မြို့ လို့တင်စားခေါ်ဝေါ်ကြပါတယ်။ စတော့ဟုမ်းမြို့ ဟာ သဘာဝအလှအပတွေကြောင့် အထူးထင်ရှားပြီး ဒီမြိုကမှာ ဆွီဒင်နိုင်ငံရဲ့ တတိယမြောက်အကြီးဆုံးရေကန် Lake Malaren လည်းရှိပါတယ်။ စတော့ဟုမ်းမြို့တော်ရဲ့ အဓိကအပိုင်းတွေဟာ ကျွန်းကြီးလေးကျွန်းပေါ် မှာပဲ တည်ရှိနေတာဖြစ်ပြီး ဒီကျွန်းစုတွေဟာ အစဉ်လိုက်တည်ရှိနေတာပါ။ ၂၀၁၈ ခုနှစ် ဩဂုတ်လအတွင်း စာရင်းတွေအရတော့ စတော့ဟုမ်းမြို့တော်ရဲ့ လူဦးရေ ဟာ (၉၅၀၀၀၀) ရှိပြီးမြို့တော်ရဲ့ပတ်ဝန်းကျင်ဒေသတွေမှာ နေထိုင်သူ စုစုပေါင်းကတော့ ၁သန်းခွဲနီးပါးရှိပါတယ်။  စတော့ဟုမ်းမြို့ဟာ အကျယ်အဝန်းကတော့ ၇၃စတုရန်းမိုင် ဖြစ်ပါတယ်။

Sodermalm ကျွန်းစုပိုင်းမှာတည်ရှိ တဲ့ Skinnarviksberget အရပ်ဟာ ကမ္ဘာလှည့်ခရီးသည်တွေကြား အထူးထင်ရှားပါတယ်။ ဒီနေရာဟာ ပင်လယ်ရေပြင်ထက် ၁၇၄ ပေမြင့်ပြီး စတော့ဟုမ်းမြို့တော်နဲ့ တစ်ဆက် တည်း တည်ရှိနေတဲ့ Riddarifjarden ဒေသက သဘာဝအလှအပတွေကို ရှုမြင်ခံစား နိုင်ပါတယ်။  ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ကို အေဒီ ၁၂၅၂ ခုနှစ်လောက်ကတည်းက ဆွီဒင် တော်ဝင်မှူးမတ်တစ်ဦးဖြစ်တဲ့ Birger Jarl က စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ သူရဲ့ရည်ရွယ်ချက်ကတော Lake Malaren ကနေ Baltic ပင်လယ်ထဲစီးဝင်နေတဲ့ နေရာ ဖြစ်တဲ့ စတော့ဟုမ်းမြို့နေရာမှာဒေသခံတွေရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ အဆင်ပြေစေရန်ရည်ရွယ်ချက်နဲ့ ဆည်တစ်ခုအနေနဲ့ စတင်တည်ဆောက်ဖို့အတွက် ဖြစ်ပါတယ်။ ဒီဒေသဟာ ရေခံမြေခံကောင်းမွန်တာကြောင့် လာရောက်အခြေချသူများပြား လာခဲ့ပြီး နှစ်(၁၀၀)အတွင်းမှာ ဆွီဒင်နိုင်ငံရဲ့ အကြီးမားဆုံးသောမြို့တော် ဖြစ်လာပါတယ်။

စတော့ဟုမ်းမြို့တော်တွင်းမှာပဲ နောင်အခါ Helgeandsholmen ကျွန်းစုဆိုတဲ့နာမည်နဲ့ ကျော်ကြားလာမယ့် ရှေးဟောင်းအမွေအနှစ် များစွာရှိတဲ့ မြို့ဟောင်းတစ်ခုကို (၁၃)ရာစု အလယ်လောက်က တည်ဆောက်ခဲ့ကြဖြစ်ပါတယ်။ (၁၇)ရာစုလောက်မှာတော့ ဆွီဒင်နိုင်ငံဟာ အင်အားကြီးမားတဲ့နိုင်ငံတစ်ခု ဖြစ်လာတာနဲ့အညီ မြို့တော် စတော့ဟုမ်း ဟာ လည်းဖွံဖြိုးတိုးတက်လာပါတော့တယ်။ (၁၉)ရာစု အလယ်ပိုင်းလောက်မှာတော့ စတော့ဟုမ်းဟာ ဆွီဒင်နိုင်ငံရဲ့ စီးပွားရေးဈေးကွက်ကို ဦးဆောင်လာနိုင်ခဲ့ပါတယ်။

ယနေ့အချိန်မှာတော့ စတော့ဟုမ်းရဲ့ မြို့မြေဧရိယာဟာ ဥရောပတိုက်မှာ အလျှင်အမြန် ဖွံဖြိုးတိုးတက်မှု အရှိဆုံးနေရာ ဖြစ်နေပါပြီ။ စတော့ဟုမ်းမြို့တွင်းမှာရှိတဲ့ Gamla Stan ဟာ ယခင်ကဆွီဒင်န်ိုင်ငံရဲ့ သမိုင်းဝင်မြို့တစ်မြို့ ဖြစ်ပြီးအလယ်ခေတ်ကာလက ဥရောပမှာ အလွန်ထင်ရှားတဲ့ ပြဇာတ်တွေကပြရာနေရာ ဖြစ်ပါတယ်။ဒီနေရာဟာ စတော့ဟုမ်းရဲ့ အထင်ရှားဆုံးသောလည်ပတ်စရာနေရာလည်း ဖြစ်ပြီး ရှေးဟောင်းပြဇာက်တွေအပါအဝင် ယဉ်ကျေးမှုလက်ရာ အချို့ကိုယနေ့တိုင် ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။ Gamla Stan နဲ့ကပ်လျက်တည်ရှိနေတဲ့ Riddarholmen ကျွန်းစုဟာလည်း ထင်ရှားတဲ့ဒေသတစ်ခုဖြစ်ပြီး လာရောက်လည်ပတ်သူတွေအနေနဲ့ ဒီနေရာတွေမှာရှိတဲ့ သမိုင်းဝင်ပြတိုက်တွေကို အေးအေးလူလူ လမ်းလျောတ်ပြီး လည်ပတ်န်ိုင်ပါတယ်။

လူသားတွေရဲ့စိတ်အာရုံကို ကိုင်လှုပ်စေတဲ့နေရာများ၊ စားသောက် ဆိုင်များ ၊ကော်ဖီဆိုင်များ၊ အရက်ဘားများ၊ ကုန်တိုက်များစွာတည်ရှိနေတဲ့ ဒီနေရာဟာ စတော့ဟုမ်းမြို့တော်ရဲ့ အမှတ်အသားပမာဖြစ်နေတာပါ။ စတော့ဟုမ်းမှာတည်ရှိတဲ့ Royal Palace(ဘုရင့်နန်းတော်)ဟာ ဆွီဒင်နိုင်ငံရဲ့ ဘုရင် ဧကရာဇ်အဆက်ဆက် နေထိုင်ရာနေရာဖြစ်ပြီး Gamla Stan အရပ်မှာတည်ရှိပါတယ်။ ဘုရင်မင်းမြတ်ရုံးစိုက်ရာနေရာဖြစ်ပြီး တော်ဝင်မျိုးနွယ်တွေရဲ့ အခြေချနေထိုင်ရာနေရာ တရားစီရင်ရေးလုပ်ငန်းတွေ ပြုလုပ်ရာနေရာလည်းဖြစ်ပါတယ်။ ဒီနေရာဟာ ဆွီဒင်နိုင်ငံ ရဲ့အကောင်း၊အဆိုးမှန်သမျှကို ဝေဖန်သုံးသပ် အဖြေရှာရာနေရာဖြစ်ပြီး ဘုရင်မင်းမြတ် ရဲ့ တိုင်းကျိုးပြည်ပြုလုပ်ငန်းတွေကို ထမ်းဆောင်ရန် ရည်ရွယ်ချက်နဲ့ ဆောက်လုပ်ခဲ့ ကြတာဖြစ်ပါတယ်။

Skansen ဟာ ဆွီဒင်နိုင်ငံရဲ့ ပထမဆုံးသောအမိုးဖွင့် ပြတိုက်နဲ့ တိရိစ္ဆာန်ရုံဖြစ်ပြီး စတော့ဟှမ်းမှာရှိတဲ့ Djurgarden ကျွန်းပေါ်မှာတည်ရှိပါတယ်။ ဒီပြတိုက်ကိုတော့ ဆွီဒင်နိုင်ငံသား ကျောင်းဆရာ၊ရှေးဟောင်းလေ့လာရေးပညာရှင်Artur Immanuel Hazelius(၁၈၃၃-၁၉၀၁)က ၁၈၉၁ အောက်တိုဘာ(၁၁) ရက်နေ့မှာ စတင်တည်ထောင်ပေးခဲ့ပါတယ်။ တည်ထောင်သူရဲ့ ရည်ရွယ်ချက်ကတော့ ဆွီဒင်နိုင်ငံရဲ့ ယနေ့အချိန်လို စက်မှုဖွံဖြိုးပြီး နိုင်ငံအဖြစ်ရောက်အောင် ဘယ်လိုအဆင့်ဆင့်ဖြတ်သန်း လာခဲ့ရတယ်ဆိုတဲ့ အကြောင်းကို သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ဖြစ်ပါတယ်။ ဒီပြတိုက်ဟာ ဥရောပမှာအလွန်နာမည်ကျော်ကြားပြီး နှစ်စဉ် လာရောက်လေ့လာသူ (၁.၃)သန်းလောက်ရှိပါတယ်။

စတော့ဟုမ်းမြို့ဟာကမ္ဘာပေါ်မှာ ပန်းခြံနဲ့တွဲလျက်တည်ရှိတဲ့ ပထမဆုံးသော မြို့လည်းဖြစ်ပါတယ်။ တွဲလျက်တည်ရှိနေတဲ့ Royal National City Park ဟာအမြဲစိမ်းလန်းစိုပြေနေတာဖြစ်ပြီး ၉.၅ ကီလိုမီတာ(၆ မိုင်)လောက်ရှည်လျားပါတယ် ဒီပန်းခြံဟာ စတော့ဟုမ်းမြို့တော်ကို ပတ်လျက်တည်ရှိနေတာပါ။ ဒီပန်းခြံဟာ မြို့ပတ်ဝန်းကျင်မှာရှိတဲ့ သစ်တော့တွေနဲ ဆက်စပ်လျက်တည်ရှိနေတာဖြစ်ပြီး ဒီသစ်တောတွေထဲမှာတော များစွာသော သားရဲတိရိစ္ဆာန်တွေရဲ့ မျိုးစိတ်တွေ တည်ရှိနေပါတယ်။ ဒီတောတွေထဲမှာတော့ သမင်၊ ဒရယ်၊ မြေးခွေး၊ ဦးချိုပြားဆပ်၊ ရှားပါး ငှက်မျိုးစိတ်၊ လိပ်ပြာမျိုးစိတ်၊ အခြားအင်းဆက် မျိုးစိတ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

Djurgarden ကျွန်းမှာရှိတဲ့ Vas Museum မှာတော့ ပင်လယ်သတ္တဝါတွေကို သွားရောက်လေ့လာနိုင်ပါတယ်။ ဒါအပြင် ဒီပြတိုက်မှာ (၁၇)ရာစုလောက် နစ်မြုပ်ခဲ့တဲ့ စစ်သင်္ဘောကြီး Vasa ကိုလည်း အကောင်းပတိအတိုင်း(တာဝန်ရှိသူတွေကပြန်လည် ပြုပြင်ထား)တဲ့ အတိုင်း ယင်းယာဉ်မှာ တပ်ဆင်ထားတဲ့ပစ္စည်းတွေနဲ့အတူ မြင်ရမှာပါ။ အမြောတ် (၆၄)လက် လောက်တပ်ဆင်ထားတဲ့ Vasa စစ်သဘောၤဟာ ၁၆၂၈ခုနှစ်လောက် ကတည်းကရေကြောင်းခရီးရှည်တစ်ခုအတွင်း နစ်မြုပ်ခဲ့တဲ့နာမည်ကျော်ဆွီဒင်ဘုရင်တပ်မတော် ပိုင်ရေယာဉ်လည်းဖြစ်ပါတယ်။ တရားဝင်ဖော်ပြထားချက်တွေအရတော့ Vas Museum ကို ၁၉၉ဝခုနှစ်လောက်ကစတင်ဖွင့်လှစ်ခဲ့ပြီးစိတ်ပါဝင်စားစွာနဲ့လာရောက်လေ့လာ သူအများအပြား လည်းရှိနေတာပါ။ ဒီပြတိုက်ဟာ ရှေးခေတ် မြောက်ဥရောပဒေသရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာစကား၊ စာပေဆိုင်ရာ အမွေအနှစ်အတော်များများရှိနေပါတယ်။

စတော့ဟုမ်းမြို့တော်မှာ ပြတိုက်ပေါင်း ၁၀၀ ခန့်ရှိနေပြီး ဒီပြတိုက်တွေကို နှစ်စဉ် လူသန်းနဲ့ချီပြီး လာရောက် လေ့လာကြပါတယ်။ ဒီပြတိုက်တွေဟာ ကမ္ဘာတက္ကသိုလ်အသီးသီးက သုသေသန စာတမ်းပြုစု တဲ့ ကျောင်းသား/သူတွေရဲ့ ပညာသိုမီးရာ ဌာနေလည်းဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ နယ်ပယ်အသီးသီးက အသိပညာရှင် အတတ်ပညာကို နှစ်စဉ်ပေးအပ်လေ့ရှိတဲ့ နိုဗယ်ဆုပေးတဲ့အခမ်းအနားကိုလည်း စတော့ဟုမ်းမြို့တော်မှာ ပေးအပ်လေ့ရှိပါတယ်။ စတော့ဟုမ်းမြို့ဧရိယာရဲ့ (၃၀)ရာခိုင်နှုန်းဟာ ရေကြောင်းလမ်းနဲ့သွားလာရအောင် ပြုလုပ်ထားပြီး အခြား(၃၀%)လောက်ကတော့ စိမ်းလန်းတဲ့ပန်းခြံတွေဖြစ်အောင် ဖန်တီးထားတာပါ။

စတော့ဟုမ်းမြေအောက်မီးရထားလမ်းကိုတော့ ၁၉၅၀ လောက်ကစတင် ဖွင့်လှစ်ထားခဲ့ တာဖြစ်ပြီး မီးရထားဘူတာရုံတွေမှာ ဆင်ယင်ထားတဲ့ ရှေးအလွန်ကျတဲ့ အပြင်အဆင် တွေကြောင့် ထင်ရှားပါတယ်။ စတော့ဟုမ်းမြို့မှာတံတား (၅၇)စင်းရှိပါတယ်။ စတော့ဟုမ်းမြို့ရဲ့ အကျဉ်းဆုံးလမ်းတွေဖြစ်တဲ့ Marten Trotzigs alley ဟာ သာမန် လူခြေလှမ်း ၃၆ လှမ်းသာ သွားရပြီး (၃၅)လက်မသာ ကျယ်ပြန့်ပါတယ်။လမ်းတွေရဲ့ ကျဉ်းမြောင်းသေးသွယ်တဲ့ အနေအထားတွေက စိတ်ဝင်စားစရာ ဖြစ်နေတာပါ။ စတော့ဟုမ်းမြို့ဟာ ၁၉၁၂ခုနှစ်နွေရာသီ အိုလံပစ်ပြိုင်ပွဲ ကနေစတင်ထင်ရှားလာတာပါ။

ဒါအပြင် ၁၉၅၆ ခုနှစ် မှာဩစတေးလျနိုင်ငံမှာကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲမှာလည်း စတော့ဟုမ်းရိုးရာ တစ်ယောက်စီး မြင်းအလှပြိုင်ပွဲကို ထည့်သွင်းယှဉ်ပြိုင်စေခဲ့ တာကြောင့်လည်း တစ်မျိုးတစ်ဖုံ ကျော်ကြားလာပါသေးတယ်။ ဆောင်းတွင်းကာလ ရောက်တဲ့အခါ စတော့ဟုမ်းမြို့မှာ နေ့တာအလွန်တိုပြီး (၆)နာရီ လောက်သာ ကြာပါတယ်။ ဇွန်လကနေ ဇူလိုင်လဝက်ရောက်တဲ့အချိန်မှာတော့ ညတာဟာတိုသွားခဲ့ပြီး (၆)နာရီသာ ကြာပါတော့တယ်။ ကျန်တဲ့ (၁၈)နာရီလောက်ဟာ နေ့အချိန်ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ရှိတဲ့မြို့တော်တွေထဲမှာ စတော့ဟုမ်းမြို့ဟာ အသန့်ရှင်းဆုံးဖြစ်တယ် လို့ သက်ဆိုင်ရာမှတ်တမ်းတွေ ကဖော်ပြနေပါတယ်။ ဘောလုံးအားကစားနည်းနဲ့ ဟော်္ကီအားကစားနည်းကတော့ စတော့ဟုမ်းရဲ့ အဓိက လူစိတ်ဝင်မှုများတဲ့ အားကစားနည်းတွေဖြစ်ပါတယ်။ ဆောင်းရာသီရေခဲတဲ့အချိန်မှာတော့ ရေခဲပြင်တွေပေါ်မှာ စကိတ်စီးခြင်း ၊ စကီးစီးခြင်းတွေကိုပြုလုပ်လေ့ရှိကြပါတယ်။  စီးပွားရေးအနေနဲ့ကတော့ အင်ဂျင်စက်၊ တံတား၊ သင်္ဘောစသော သံထည်ပစ္စည်းများ၊ စက္ကူနှင့် အစားအသောက်ကုန်ပစ္စည်းများ ထုတ်လုပ်သဖြင့် ထိုလုပ်ငန်း ရပ်များဆိုင်ရာ စက်ရုံများကိုလည်း စတော့ဟုမ်းမြို့မှာ မြင်တွေ့နိုင်ပါတယ်။

Leave a Reply