စကန္ဒီေနးဗီးယန္းႏုိင္ငံမ်ား ဆိုသည္မွာ

Posted on

ပထ၀ီ၀င္သေဘာအရ စကန္ဒီေနးဗီးယား (သုိ႔) စကန္ဒီေနးဗီးယန္းႏုိင္ငံမ်ား ဆိုသည္မွာ အဓိကအားျဖင့္ ဆြီဒင္၊ ေနာ္ေ၀းႏွင့္ ဒိန္းမတ္ႏိုင္ငံမ်ားကို ဆိုလိုသည္။( ဖင္လန္ႏုိင္ငံ ၊ ဖာရုိးကြ်န္းစု ၊ အုိက္စလန္ ၊ အာလန္ကြ်န္း တုိ႔ကိုလည္း တခါတရံထည့္သြင္းေဖာ္ျပေလ့ရွိသည္)။ ေနာ္ေ၀းႏွင့္ ဆြီဒင္ႏုိင္ငံတို႔သည္ ဥေရာပေျမာက္ပိုင္းရွိ စကန္ဒီေနးဗီးယားကၽြန္းဆြယ္၌ ပါ၀င္ေသာ ႏုိင္ငံမ်ား ျဖစ္ၾကသည္။ အထက္ေဖၚျပပါ ႏုိင္ငံသံုးႏုိင္ငံသည္ ခရစ္ ၈၅၀ ျပည့္ႏွစ္ခန္႔မွ ၁၄ ရာစုႏွစ္အထိ သီးျခားႏုိင္ငံမ်ား အျဖစ္ တည္ရွိခဲ့ေလသည္။ သို႔ေသာ္လည္း ၁၃၉၇ ခုႏွစ္မွစ၍ ၁၅၂၃ ခုႏွစ္အထိ ထိုသံုးႏုိင္ငံတို႔သည္ အခ်င္းခ်င္း ပူးေပါင္း၍ အစိုးရအဖဲြ႔ကို ဖဲြ႔စည္းတည္ေထာင္ခဲ့ၾက၏။ ထိုႏုိင္ငံမ်ားအနက္ ဒိန္းမတ္ႏွင့္ ေနာ္ေ၀းႏုိင္ငံမ်ားသည္ ၁၈၁၅ ခုႏွစ္ ဗီယင္းနာ ကြန္ကရက္အထိ ပူးေပါင္းခဲ့ေလသည္။

ဤစကန္ဒီေနးဗီးယားႏုိင္ငံမ်ားက ကိုလိုနီနယ္ သစ္မ်ားဖြင့္ေသာအခါ၌၊ ယခုအခါ လြတ္လပ္ေသာ သမၼတႏိုင္ငံျဖစ္သည့္ အိုက္စလန္ကၽြန္းသည္ ဒိန္းမတ္ႏုိင္ငံ သို႔ သိမ္းသြင္းျခင္းခံရ၍၊ ဂရင္းလန္ကၽြန္းသည္ ဒိန္းမတ္ႏုိင္ငံ၏ ကိုလိုနီနယ္ျဖစ္ခဲ့ရေလသည္။ စကန္ဒီေနးဗီး ယားႏုိင္ငံမ်ားသည္ မ်ိဳး႐ိုး၊ ဘာသာစကားႏွင့္ သမိုင္းတို႔၌ တႏုိင္ငံႏွင့္ တႏုိင္ငံတူၾကသည္။ စကန္ဒီေနးဗီးယား အမည္ခံအထက္ပါေဒသအားလံုးသည္ ကမၻာ၏ ေျမာက္အစြန္ဆံုးဘက္၌ က်ေရာက္ေနေသာ အလြန္ေအးေသာ ေဆာင္းဒဏ္ကို ၾကာရွည္ခံရ၏။

ထိုေဒသမ်ား၌ ေနေရာင္ျမင္ရသည့္ ေႏြးေသာေႏြဥတုအခ်ိန္ကာလသည္ တိုေတာင္းလွ၏။ ပင္လယ္ျဖင့္ ၀န္းရံေနရေသာေၾကာင့္ ေက်ာက္ေဆာင္ေတာင္ကမ္းပါးတို႔ကို ပင္လယ္လိႈင္း ရိုက္သံမ်ား အစဥ္ၾကားေနရ၏။ စကန္ဒီေနးဗီးယားကၽြန္းဆြယ္ေဒသသည္ တခါက ေရခဲျပင္အတိ ဖံုးလႊမ္းေန သျဖင့္ လူသူတဦးတေယာက္မွ် မေနႏိုင္ျဖစ္ခဲ့သည္။ သို႔ရာတြင္ ဘီစီ ၁၀၀၀၀ မွ ၆၀၀၀ ျပည့္ႏွစ္ၾကားကာလ အတြင္း ထိုေရခဲျပင္မ်ားသည္ ေျမာက္ဖက္သို႔ ေရြ႕သြားၿပီးေနာက္ စကန္ဒီေနးဗီးယားကၽြန္းဆြယ္တြင္ လူမ်ား ေနထိုင္ႏုိင္လာၾက၏။ ထိုေဒသမ်ား၌ ဦးစြာတံငါသည္မ်ားႏွင့္ မုဆိုးမ်ားသာ စတင္ေနထုိင္ၾကသည္။ ေရခဲမ်ား ေပ်ာ္သြားေသာအခါ ထိုသူတို႔သည္ တျဖည္းျဖည္းေျမာက္ဘက္သို႔ တိုး၍တိုး၍ နယ္ခ်ဲ႔ေနထုိင္ၾက၏။

အလြန္ေရွး က်ေသာ စကန္ဒီေနးဗီးယန္းလူမ်ိဳးတို႔သည္ အမ်ားအားျဖင့္ အေရွ႕ဖက္ပင္လယ္နက္ဖက္မွ လာေရာက္ေနထုိင္ သူမ်ား ျဖစ္ၾက၏။ ယင္းတို႔သည္ လူရိုင္းမ်ားသာ ျဖစ္သည္။ လယ္ယာစိုက္ပ်ိဳးမႈကို နားမလည္။ ဓာတ္သတၱဳႏွင့္ တြင္းထြက္ပစၥည္းမ်ားကို အသံုးမခ်တတ္၊ တိရစၦာန္မ်ားကိုလည္း ခိုင္းေစႏုိင္ရန္ ယဥ္ေက်းေအာင္ မဆံုးမတတ္ ေခ်။ လက္နက္ကိရိယာမ်ားကို ေက်ာက္ျဖင့္ လုပ္၍သံုးၾက၏။ ေက်ာက္ေခတ္က လူရိုင္းမ်ားကဲ့သို႔ပင္ အသိ ပညာတိုးတက္မႈဘာမွ်မရွိေသးေခ်။

ယခုစကန္ဒီေနးဗီးယား၌ ေနထိုင္ၾကေသာ လူမ်ိဳးမ်ားမွာ စင္စစ္ထိုလူ႐ိုင္းမ်ားမွ ဆင္းသက္ေပါက္ပြား လာၾကသူမ်ား မဟုတ္ေခ်။ ယခုေနထိုင္သူမ်ားမွာ ဂ်ာမာန္လူမ်ိဳးမ်ားႏွင့္ ေသြးစပ္၍ အခ်ိဳ႕ကား အဂၤလိပ္ႏွင့္ ေသြး စပ္ၾက၏။ ႏွစ္ေပါင္းေလးေထာင္ေက်ာ္ေလာက္က ဂ်ာမာန္သို႔မဟုတ္တ်ဴတန္အမ်ိဳးအႏြယ္၀င္မ်ားသည္ စကန္ ဒီေနးဗီးယားသို႔ သြားေရာက္ေနထိုင္ၾက၏။ သူတို႔သည္ အရည္အခ်င္းသာ၍ လက္နက္စံုသျဖင့္ ရွိရင္းစဲြလူရိုင္း မ်ားကိုေမာင္းႏွင္ထုတ္ပစ္လုိုက္ၾကသည္။

သူတုိ႔ႏွင့္အတူ ကိုးကြယ္သည့္အယူ၀ါဒလည္း ပါလာ၏။ သူတုိ႔ကိုးကြယ္သည္မွာ အိုးဒင္နတ္ျဖစ္၏။ စကန္ဒီေနးဗီးယန္းလူမ်ိဳးတို႔သည္ ထႂကြ၀ီရိယရွိသည္။ သူတုိ႔၏တိုင္းျပည္ကို ပင္လယ္ကပတ္လည္၀ုိင္းထားသ ျဖင့္ သူတို႔သည္ လိႈင္းေလျပင္းထန္ေသာ ပင္လယ္ထဲသို႔ သြားေရာက္စြန္႔စားကာစီးပြားရွာလိုေသာ စိတ္ရွိသည္။ ေရွးေခတ္ ဗိုက္ကင္းလူမ်ိဳးအျဖစ္ရွိစဥ္အခါက စစ္တုိက္ခန္း၊ စြန္႔စားခန္းမ်ားႏွင့္ နတ္မ်ား၊ လူစြမ္းေကာင္းမ်ားအ ေၾကာင္းကို သီခ်င္းဆို၍လည္းေကာင္း၊ ပံုျပင္မ်ားေျပာ၍လည္းေကာင္း ခ်ီူက်ဴးေလ့ရွိၾက၏။ ေနာင္တြင္ ထိုပံုျပင္ ႏွင့္သီခ်င္းမ်ားကို စာျဖင့္ ေရးမွတ္ထားၾကသည္။

ထိုကဲ့သို႔ေရးမွတ္ထားေသာ ေရွးေဟာင္းပံုျပင္မ်ားအနက္ ကဗ်ာစာဆိုႀကီး အက္ဒါႀကီး (၁၀ ႏွင့္ ၁၁ ရာစုႏွစ္) ႏွင့္ စကားေျပစာဆို အက္ဒါငယ္ (၁၂ ရာစုႏွစ္) တို႔၏ လက္ရာမ်ားမွာ ယခုတုိင္ က်န္ရွိေသးသည္။ ယင္းပုဂၢိဳလ္ႀကီးမ်ား ေရးသားေသာ ပံုျပင္မ်ားမွ အိုးဒင္းႏွင့္ေသာ စေသာစကန္ဒီေနးဗီးယားနတ္မ်ားအေၾကာင္းမွာထင္ရွားသည္။ ေခတ္သစ္စကန္ဒီေနးဗီးယားစာေပမွာ ၁၈ ရာစုအတြင္းက စတင္ေပၚေပါက္လာ၍ ထံုးေဟာင္း ပံုျပင္မ်ား သက္ႀကီးစကား သက္ငယ္ၾကားရသည့္ ေရွးပံု၀တၳဳတိုမ်ား၊ ဒ႑ာရီပံုျပင္မ်ားျဖင့္ ျပည့္ေနေပ၏။ ယခုေခတ္၌ စကန္ဒီေနးဗီးယန္းစာေပမ်ားမွာ ထိပ္တန္းသို႔တိုးတက္ေနၿပီဟု ဆိုရေပမည္။

စကန္ဒီေနးဗီးယားမွ ကမၻာေက်ာ္ စာေရးဆရာႀကီးမ်ားအေျမာက္အျမား ထြက္ေပၚေနသည္ကို ၾကည့္ျခင္းျဖင့္ ထိုတုိင္းျပည္၏ စာေပအေျခအေနကို အကဲခတ္ႏုိင္ေလာက္ေပ၏။ ဒိန္းႏွင့္ ေနာ္ေ၀းကျပားျဖစ္ေသာ ေဟာလဗတ္ (ခရစ္ ၁၆၈၄-၁၇၅၄) မွာ ဥေရာပ ေျမာက္ပိုင္းတြင္ ထင္ရွားေသာ ျပဇာတ္ေရးဆရာႀကီးျဖစ္၍ ဆြီဒင္လူမ်ိဳးတင္းေနး (ခရစ္ ၁၇၈၂-၁၈၄၆) မွာ နာမည္ေက်ာ္ ကဗ်ာဆရာတဦးျဖစ္၏။ ဒိန္းမတ္ႏုိင္ငံမွ ဟန္႔စ္အင္ဒါဆန္ (ခရစ္ ၁၈၀၅-၁၈၇၅) သည္ ပံုေျပာ ေကာင္းသူျဖစ္၍သူ၏ဒ႑ာရီပံုျပင္မ်ားကိုတကမၻာလံုးကႏွစ္သက္ၾက၏။ ၁၉ ရာစုေနာက္ပိုင္း၌ ထင္ရွားေက်ာ္ေစာေသာ စကန္ဒီေနးဗီးယားစာေရးဆရာမ်ားမွာ ေနာ္ေ၀းလူမ်ိဳး ျဖစ္ေသာ ျပဇာတ္ဆရာ ဟင္းနရစ္အစ္ဗဆင္၊ ျပဇာတ္ႏွင့္ ၀တၳုေရးဆရာ ဗ်န္းဆန္းတို႔ျဖစ္၍ ႏုိဗဲဆုႀကီးကို ဆြတ္ခူးေသာ ဆြီဒင္အမ်ိိဳးသမီး ၀တၳဳေရးဆရာ ဆစ္ဂရစ္အြန္႔ဆက္မွာ စကန္ဒီေနးဗီးယန္း လူမ်ိဳးတို႔၏ ဘ၀ကို ေဖာ္ျပသျဖင့္ အလယ္ေခတ္တြင္ ထင္ရွားသည္။

——————————–

စကန်ဒီနေးဗီးယန်းနိုင်ငံများ ဆိုသည်မှာ (unicode)

ပထဝီဝင်သဘောအရ စကန်ဒီနေးဗီးယား (သို့) စကန်ဒီနေးဗီးယန်းနိုင်ငံများ ဆိုသည်မှာ အဓိကအားဖြင့် ဆွီဒင်၊ နော်ဝေးနှင့် ဒိန်းမတ်နိုင်ငံများကို ဆိုလိုသည်။( ဖင်လန်နိုင်ငံ ၊ ဖာရိုးကျွန်းစု ၊ အိုက်စလန် ၊ အာလန်ကျွန်း တို့ကိုလည်း တခါတရံထည့်သွင်းဖော်ပြလေ့ရှိသည်)။ နော်ဝေးနှင့် ဆွီဒင်နိုင်ငံတို့သည် ဥရောပမြောက်ပိုင်းရှိ စကန်ဒီနေးဗီးယားကျွန်းဆွယ်၌ ပါဝင်သော နိုင်ငံများ ဖြစ်ကြသည်။ အထက်ဖေါ်ပြပါ နိုင်ငံသုံးနိုင်ငံသည် ခရစ် ၈၅၀ ပြည့်နှစ်ခန့်မှ ၁၄ ရာစုနှစ်အထိ သီးခြားနိုင်ငံများ အဖြစ် တည်ရှိခဲ့လေသည်။ သို့သော်လည်း ၁၃၉၇ ခုနှစ်မှစ၍ ၁၅၂၃ ခုနှစ်အထိ ထိုသုံးနိုင်ငံတို့သည် အချင်းချင်း ပူးပေါင်း၍ အစိုးရအဖွဲ့ကို ဖွဲ့စည်းတည်ထောင်ခဲ့ကြ၏။ ထိုနိုင်ငံများအနက် ဒိန်းမတ်နှင့် နော်ဝေးနိုင်ငံများသည် ၁၈၁၅ ခုနှစ် ဗီယင်းနာ ကွန်ကရက်အထိ ပူးပေါင်းခဲ့လေသည်။

ဤစကန်ဒီနေးဗီးယားနိုင်ငံများက ကိုလိုနီနယ် သစ်များဖွင့်သောအခါ၌၊ ယခုအခါ လွတ်လပ်သော သမ္မတနိုင်ငံဖြစ်သည့် အိုက်စလန်ကျွန်းသည် ဒိန်းမတ်နိုင်ငံ သို့ သိမ်းသွင်းခြင်းခံရ၍၊ ဂရင်းလန်ကျွန်းသည် ဒိန်းမတ်နိုင်ငံ၏ ကိုလိုနီနယ်ဖြစ်ခဲ့ရလေသည်။ စကန်ဒီနေးဗီး ယားနိုင်ငံများသည် မျိုးရိုး၊ ဘာသာစကားနှင့် သမိုင်းတို့၌ တနိုင်ငံနှင့် တနိုင်ငံတူကြသည်။ စကန်ဒီနေးဗီးယား အမည်ခံအထက်ပါဒေသအားလုံးသည် ကမ္ဘာ၏ မြောက်အစွန်ဆုံးဘက်၌ ကျရောက်နေသော အလွန်အေးသော ဆောင်းဒဏ်ကို ကြာရှည်ခံရ၏။

ထိုဒေသများ၌ နေရောင်မြင်ရသည့် နွေးသောနွေဥတုအချိန်ကာလသည် တိုတောင်းလှ၏။ ပင်လယ်ဖြင့် ဝန်းရံနေရသောကြောင့် ကျောက်ဆောင်တောင်ကမ်းပါးတို့ကို ပင်လယ်လှိုင်း ရိုက်သံများ အစဉ်ကြားနေရ၏။ စကန်ဒီနေးဗီးယားကျွန်းဆွယ်ဒေသသည် တခါက ရေခဲပြင်အတိ ဖုံးလွှမ်းနေ သဖြင့် လူသူတဦးတယောက်မျှ မနေနိုင်ဖြစ်ခဲ့သည်။ သို့ရာတွင် ဘီစီ ၁၀၀၀၀ မှ ၆၀၀၀ ပြည့်နှစ်ကြားကာလ အတွင်း ထိုရေခဲပြင်များသည် မြောက်ဖက်သို့ ရွေ့သွားပြီးနောက် စကန်ဒီနေးဗီးယားကျွန်းဆွယ်တွင် လူများ နေထိုင်နိုင်လာကြ၏။ ထိုဒေသများ၌ ဦးစွာတံငါသည်များနှင့် မုဆိုးများသာ စတင်နေထိုင်ကြသည်။ ရေခဲများ ပျော်သွားသောအခါ ထိုသူတို့သည် တဖြည်းဖြည်းမြောက်ဘက်သို့ တိုး၍တိုး၍ နယ်ချဲ့နေထိုင်ကြ၏။

အလွန်ရှေး ကျသော စကန်ဒီနေးဗီးယန်းလူမျိုးတို့သည် အများအားဖြင့် အရှေ့ဖက်ပင်လယ်နက်ဖက်မှ လာရောက်နေထိုင် သူများ ဖြစ်ကြ၏။ ယင်းတို့သည် လူရိုင်းများသာ ဖြစ်သည်။ လယ်ယာစိုက်ပျိုးမှုကို နားမလည်။ ဓာတ်သတ္တုနှင့် တွင်းထွက်ပစ္စည်းများကို အသုံးမချတတ်၊ တိရစ္ဆာန်များကိုလည်း ခိုင်းစေနိုင်ရန် ယဉ်ကျေးအောင် မဆုံးမတတ် ချေ။ လက်နက်ကိရိယာများကို ကျောက်ဖြင့် လုပ်၍သုံးကြ၏။ ကျောက်ခေတ်က လူရိုင်းများကဲ့သို့ပင် အသိ ပညာတိုးတက်မှုဘာမျှမရှိသေးချေ။

ယခုစကန်ဒီနေးဗီးယား၌ နေထိုင်ကြသော လူမျိုးများမှာ စင်စစ်ထိုလူရိုင်းများမှ ဆင်းသက်ပေါက်ပွား လာကြသူများ မဟုတ်ချေ။ ယခုနေထိုင်သူများမှာ ဂျာမာန်လူမျိုးများနှင့် သွေးစပ်၍ အချို့ကား အင်္ဂလိပ်နှင့် သွေး စပ်ကြ၏။ နှစ်ပေါင်းလေးထောင်ကျော်လောက်က ဂျာမာန်သို့မဟုတ်တျူတန်အမျိုးအနွယ်ဝင်များသည် စကန် ဒီနေးဗီးယားသို့ သွားရောက်နေထိုင်ကြ၏။ သူတို့သည် အရည်အချင်းသာ၍ လက်နက်စုံသဖြင့် ရှိရင်းစွဲလူရိုင်း များကိုမောင်းနှင်ထုတ်ပစ်လိုက်ကြသည်။

သူတို့နှင့်အတူ ကိုးကွယ်သည့်အယူဝါဒလည်း ပါလာ၏။ သူတို့ကိုးကွယ်သည်မှာ အိုးဒင်နတ်ဖြစ်၏။ စကန်ဒီနေးဗီးယန်းလူမျိုးတို့သည် ထကြွဝီရိယရှိသည်။ သူတို့၏တိုင်းပြည်ကို ပင်လယ်ကပတ်လည်ဝိုင်းထားသ ဖြင့် သူတို့သည် လှိုင်းလေပြင်းထန်သော ပင်လယ်ထဲသို့ သွားရောက်စွန့်စားကာစီးပွားရှာလိုသော စိတ်ရှိသည်။ ရှေးခေတ် ဗိုက်ကင်းလူမျိုးအဖြစ်ရှိစဉ်အခါက စစ်တိုက်ခန်း၊ စွန့်စားခန်းများနှင့် နတ်များ၊ လူစွမ်းကောင်းများအ ကြောင်းကို သီချင်းဆို၍လည်းကောင်း၊ ပုံပြင်များပြော၍လည်းကောင်း ချီူကျူးလေ့ရှိကြ၏။ နောင်တွင် ထိုပုံပြင် နှင့်သီချင်းများကို စာဖြင့် ရေးမှတ်ထားကြသည်။

ထိုကဲ့သို့ရေးမှတ်ထားသော ရှေးဟောင်းပုံပြင်များအနက် ကဗျာစာဆိုကြီး အက်ဒါကြီး (၁၀ နှင့် ၁၁ ရာစုနှစ်) နှင့် စကားပြေစာဆို အက်ဒါငယ် (၁၂ ရာစုနှစ်) တို့၏ လက်ရာများမှာ ယခုတိုင် ကျန်ရှိသေးသည်။ ယင်းပုဂ္ဂိုလ်ကြီးများ ရေးသားသော ပုံပြင်များမှ အိုးဒင်းနှင့်သော စသောစကန်ဒီနေးဗီးယားနတ်များအကြောင်းမှာထင်ရှားသည်။ ခေတ်သစ်စကန်ဒီနေးဗီးယားစာပေမှာ ၁၈ ရာစုအတွင်းက စတင်ပေါ်ပေါက်လာ၍ ထုံးဟောင်း ပုံပြင်များ သက်ကြီးစကား သက်ငယ်ကြားရသည့် ရှေးပုံဝတ္ထုတိုများ၊ ဒဏ္ဍာရီပုံပြင်များဖြင့် ပြည့်နေပေ၏။ ယခုခေတ်၌ စကန်ဒီနေးဗီးယန်းစာပေများမှာ ထိပ်တန်းသို့တိုးတက်နေပြီဟု ဆိုရပေမည်။

စကန်ဒီနေးဗီးယားမှ ကမ္ဘာကျော် စာရေးဆရာကြီးများအမြောက်အမြား ထွက်ပေါ်နေသည်ကို ကြည့်ခြင်းဖြင့် ထိုတိုင်းပြည်၏ စာပေအခြေအနေကို အကဲခတ်နိုင်လောက်ပေ၏။ ဒိန်းနှင့် နော်ဝေးကပြားဖြစ်သော ဟောလဗတ် (ခရစ် ၁၆၈၄-၁၇၅၄) မှာ ဥရောပ မြောက်ပိုင်းတွင် ထင်ရှားသော ပြဇာတ်ရေးဆရာကြီးဖြစ်၍ ဆွီဒင်လူမျိုးတင်းနေး (ခရစ် ၁၇၈၂-၁၈၄၆) မှာ နာမည်ကျော် ကဗျာဆရာတဦးဖြစ်၏။ ဒိန်းမတ်နိုင်ငံမှ ဟန့်စ်အင်ဒါဆန် (ခရစ် ၁၈၀၅-၁၈၇၅) သည် ပုံပြော ကောင်းသူဖြစ်၍သူ၏ဒဏ္ဍာရီပုံပြင်များကိုတကမ္ဘာလုံးကနှစ်သက်ကြ၏။ ၁၉ ရာစုနောက်ပိုင်း၌ ထင်ရှားကျော်စောသော စကန်ဒီနေးဗီးယားစာရေးဆရာများမှာ နော်ဝေးလူမျိုး ဖြစ်သော ပြဇာတ်ဆရာ ဟင်းနရစ်အစ်ဗဆင်၊ ပြဇာတ်နှင့် ဝတ္ထုရေးဆရာ ဗျန်းဆန်းတို့ဖြစ်၍ နိုဗဲဆုကြီးကို ဆွတ်ခူးသော ဆွီဒင်အမျိုးသမီး ဝတ္ထုရေးဆရာ ဆစ်ဂရစ်အွန့်ဆက်မှာ စကန်ဒီနေးဗီးယန်း လူမျိုးတို့၏ ဘဝကို ဖော်ပြသဖြင့် အလယ်ခေတ်တွင် ထင်ရှားသည်။

မြန်မာ့စွယ်စုံကျမ်း ၊ အတွဲ (၁၃)

Leave a Reply