လမ်းမပေါ်က ကမ္ဘာကျော် ရုပ်ရှင်မင်းသား သန်းကြွယ်သူဌေးတစ်ဦးရဲ့ အတ္ထုပ္ပတ္တိ

Posted on

ရေးသားသူ – ထက်ဝန

လူရယ်လို့ဖြစ်လာရင် အများစုက ချမ်းချမ်းသာသာနေချင်ကြတယ်။ တချို့ကအောင်မြင်ကျော်ကြားချင်ကြတယ် တချို့က လူအများစုကြားထင်ပေါ်ချင်ကြတယ်။ ဒေါ်လာသန်း၁၀၀ပေးရင်ဘာ လုပ်မလဲ? သေချာပါတယ် ကိုယ်ချမ်းချမ်းသာသာ နေရဖို့အရင်တွေးကြလိမ့်မယ်။ လူရယ်လို့ဖြစ်လာတာနဲ့ တချို့ကချမ်းသာဖို့ အောင်မြင်ဖို့ လောဘဒေါသမောဟ တွေကြား နေ့စဉ်ရုန်းကန်လှုပ်ရှားကြ တယောက်နဲ့ တယောက်တိုက်ခိုက်ကြယှဉ်ပြိုင်ကြကြိုးစားကြပေမယ့် ကမ္ဘာပေါ်က လူထူးလူဆန်း တစ်ယာက်ကတော့ ဒီလိုလူ့ဘောင်အဖွဲ့အစည်းစံသတ်မှတ်ချက်တွေကနေခွဲထွက်ပြီးနေထိုင်ခဲ့ပါတယ်။

သူကသန်းရာချီရှာနိုင်ခဲ့တဲ့ အနုပညာရှင်တယောက် ရုပ်ရှင်သမိုင်းမှာ လက်ရှိအနုပညာကြေးအရဆုံး အချမ်းသာဆုံးမင်းသား၁၀ဦးမှာ ပါဝင်ထားသူ ရုပ်ရှင်မဟုတ်ပဲသူပိုင်တဲ့ပြင်ပစီးပွားရေးငွေကြေး Companyတွေ ဆိုင်ကယ် Company တွေနဲ့ တင် သန်း၄၀၀နီးပါးရရှိထားသူ သူ့ပိုင်ဆိုင် မူအားလုံးဆိုသန်း၉၀၀နီးပါးရရှိထားတဲ့ ကမ္ဘာ့အချမ်းသာဆုံးအမျိုးသား ၅၀ စာရင်းပါဝင်ထားသူ။ ဒါပေမယ့် ဒီလူသားကတော့ တရက်ကိုဒေါ်လာ ၇၀တောင်မသုံးပဲ သာမာန်အိပ်ခန်းလေးတွေမှာ အိပ် လမ်းမပေါ်မှာလျှောက်သွား ကြုံသလိုစား ၊ ရထား ဘတ်စ်ကားစီးရင်း ဒေါ်လာ၆၀တောင်မရှိတဲ့ အဝတ်အစားတွေကို အဟောင်းဆိုင်တွေကဝတ်ပြီး အအေးဗူး၅ဒေါ်လာလေးကိုအမြဲကိုင်ပြီးသာမာန် လူတွေကြားသွားလာနေထိုင်နေတဲ့ လူတယောက်အဖြစ်သာ နေနေပါတယ်။

သူကတော့ ဗုဒ္ဓရဲ့သဘောတရားကိုဘယ်လိုသိရှိသွားလဲမသိ၊ ၁၉၉၃ ခုနှစ် Little Buddha ဆိုတဲ့ကားအပြီးမှာ ဗုဒ္ဓဘာသာကိုအပြီးအပိုင်ပြောင်းလဲခဲ့ပြီး လောကကြီးထဲက လူသားတွေရဲ့ လောဘဒေါသမောဟတွေကနေ ကင်းလွတ်ပြီး နေထိုင်ခဲ့တဲ့ မီလျံနာသူဌေး Hollywood ရဲ့ ထိပ်တန်းမင်းသားကြီး Keanu Reeves ပါပဲ။

“ငွေကဒုတိယဘုရားသခင်ဆို ကျွန်တော့်မှာ ပထမဘုရားသခင်ပဲရှိတယ်။ “
Keanu Reeves

အချိန်အားဖြင့် ၁၉၆၄ခုနှစ် စက်တင်ဘာလ၂ရက်နေ့ လတ်ဘနွန်နိုင်ငံ ဘေရွတ်မှာ အင်္ဂလန်မိခင်နဲ့ အမေရိကန်ဖခင်တို့ကနေ သားတယောက်ကိုမွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူကမူးယစ်ဆေးရောင်းတဲ့သူ၊ မိခင်ဖြစ်သူကလဲယောကျာ်းအပေါ် သစ္စာမရှိပဲ တခြားယောကျာ်းနဲ့ဖောက်ပြန်တတ်တဲ့သူ ၊ သူတို့ကမွေးခဲ့တဲ့သားအဖို့ လောကကြီးထဲလူဖြစ်လာမူက ကံဆိုးမူတခုပါပဲ။ သူတစ်နှစ်ကျော်ရောက်ပြီးတဲ့အခါ ညီမလေးတယောက်ကိုရပြီးချိန်ထိ မိခင်ရဲ့စရိုက်ဟာ မပြောင်းလဲခဲ့မူကြောင့် မိသားစုဟာ ပြိုကွဲခဲ့ပါတော့တယ်။ မိဘတွေကွာရှင်းပြီး မကြာဘူး မိခင်ကနောက်ယောကျာ်းယူခါစ ဖခင်က မူးယစ်ဆေးမူနဲ့ထောင်နှစ်ကြီးကျသွားခဲ့ပါတော့တယ်။ အဲ့ဒီမှာပဲသူတို့မောင်နှမဟာပထွေးဖြစ်သူနဲ့ ဆက်လက်နေထိုင်ဖို့ ဖြစ်လာခဲ့ပါတယ်။ နယ်အစုံကို ပြောင်းရနေထိုင်ခဲ့ကြရတယ်။

မိခင်ဖြစ်သူက သားသမီးတွေအပေါ် ကောင်းပေမယ့် ယောကျာ်းတွေအပေါ်တော့ သိပ်အလေးထားပုံမရခဲ့ဘူး။ သူမနောက်ဆုံးလက်ထပ်ခဲ့တဲ့သူက ဒါရိုက်တာPaul Aaron ။Paul Aaronကခင်ပွန်းကောင်းတယောက် ဖခင်ကောင်းတယောက်ဖြစ်ခဲ့ပေမယ့် သူ့ မိခင်နဲ့တော့ကြာရှည်လက်မတွဲခဲ့ပါဘူး။ မိခင်ဖြစ်သူဟာ အိမ်ထောင်၃ ၄ဆက်အထိ သူ့ငယ်ဘဝမှာလက်ထပ်ခဲ့သလို သူဟာလည်း ကျာင်းခဏခဏပြောင်းခဲ့ရပြီး အထက်တန်းအထိပဲတက်ခဲ့ရပါ
တယ်။ ပထွေး ၃ ၄ယောက်အထိပြောင်းပြီးဟိုပြောင်းဒီပြောင်းနေရတဲ့ဒဏ်ကို မခံနိုင်တဲ့နောက်ဆုံး သူဟာသူငယ်ချင်းဖြစ်သူနေထိုင်တဲ့ မိဘမဲ့ဂေဟာမှာသွားနေခဲ့ပါတော့တယ်။ သူ့မိခင်နဲ့လက်ထပ်ခဲ့ဖူးတဲ့ Paul ဟာသူ့ပထွေးတွေထဲတော့ အကောင်းဆုံးပထွေးလို့ပြောရမယ်။ မိခင်ဖြစ်သူနဲ့ ကွဲသွားသည့်တိုင် သူနဲ့အဆက်အသွယ်ရှိခဲ့သလို သူ့အပေါ်လဲအရမ်းကောင်းခဲ့တယ်။

ရံဖန်ရံခါ Paul အိမ်ကို သွားလည်ခဲ့သလို Paul ကလည်း သူ့ကိုအနုပညာအမွေတွေပေးခဲ့ပါတယ်။ Paulကြောင့်ပဲသူဟာ သရုပ်ဆောင်တဦးဖြစ်ချင်ခဲ့သလို Paul ဟာ သူ့ကို အနုပညာသင်တန်းကျောင်းထားပေးခဲ့တဲ့အထိ ကောင်းခဲ့ပါတယ်။ Paul မှာကသားသမီးအရင်းမရှိတော့ သူဟာသားအရင်းပမာဖြစ်ခဲ့တာပေါ့။ ဒါပေမယ့် သူကဆိုးတယ် မိခင်ဖခင်တွေရဲ့ဆိုးသွမ်းမူတွေကြောင့် စိတ်ဒဏ်ရာရခဲ့သလို အနုပညာသင်တန်းကျောင်းက ဆရာမရဲ့သင်ကြားမူတွေဟာ ဘောင်ထဲကပုံသေသင်ကြားမူတွေဆိုပြီး ပြသနာဖြစ်ရာက သင်တန်းကနေအထုတ်ခံခဲ့ရတယ်။ ဖခင်အရင်းဖြစ်သူနဲ့လည်း မကြာခဏတွေ့ဖြစ်ခဲ့သလို သူ့အသက်၁၃နှစ်သားမွေးနေ့မှာ ဖခင်ဖြစ်သူနဲ့ တွေ့ခဲ့ရခြင်းက သူ့ဘဝမှာနောက်ဆုံးအကြိမ်ပါပဲ။

အထက်တန်းကျောင်းသားဘဝမှာ သူဟာအနုပညာသမားတဦးဖြစ်ချင်ခဲ့သလို အားကစားမှာလည်း ထူးချွန်ခဲ့သူပါ။ အပြေး ဟော်ကီ ဘောလုံး လက်ဝှေ့ပညာတွေကို၁၄နှစ်သားမှာ ထူးချွန်ခဲ့ပြီး ကနေဒါကို သူပြောင်းရွေ့ရောက်ရှိစဉ်ကဆို ဒီ၁၄နှစ်သားလေးက ကနေဒါနိုင်ငံဟော်ကီအသင်းက ဟာလက်ရွေးစင်အသင်းမှာပါအရွေးခံခဲ့ရသူပါ။ ဒါပေမယ့်ကား accident ကြောင့်လက်တဖက်ကျိုးခဲ့မူက သူ့ကိုနိုင်ငံလက်ရွေးစင်ဟော်ကီကစားသမားတဦးဖြစ်လာဖို့ အိမ်မက်တွေကို ဖျက်စီးသွားစေခဲ့ပါတယ်။ ဒီလိုနဲ့ တပိန်ပိန်တလိမ်လိမ်ကျရာအလုပ်လုပ်ရင်း ဘဝကိုရုန်းကန်ခဲ့ပြီး အနုပညာလောကထဲကို ဝင်ဖို့ကြိုးစားခဲ့ပါတယ်။ ပြဇာတ်တွေ ဇာတ်လမ်းတိုလေးတွေမှာ အရံအနေနဲ့စပါခဲ့တယ်။ သူကသရုပ်ဆောင်ပညာအပြင် စာရေးခြင်း ဂီတ နဲ့ ပန်းချီဆွဲခြင်းတွေကိုအရမ်းဝါသနာပါခဲ့တယ်။ ညီမဖြစ်သူကို တခါတလေတွေ့ခဲ့ပြီး သူဟာညီမကိုအရမ်းချစ်တဲ့ အကိုတယောက်ပါပဲ။

ပြဇာတ်လောကမှာ သူ့ကိုလူသိများစေခဲ့တာကတော့ Homo တွေ ဘဝကိုပြသထားတဲ့ Wolf Boy ပါပဲ။ Wolf Boy မှာသူ့ပါပြီးနောက် ဒီမင်းသားလေးဟာ Homo လို့တောင် လူပြောများခဲ့တဲ့အထိ သူ့သရုပ်ဆောင်ချက်ကပြောင်မြောက်ခဲ့ပါတယ်။ ဒီWolf Boy ကသူ့ကို အနုပညာလောကထဲ သုညကစဝင်ဖို့ လမ်းစဖြစ်ခဲ့သလို Hollywood ကားသေးလေးတွေမှာပါရဖို့ လမ်းစဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်ထိုအချိန်ထိသူဟာ ဆိုင်ကယ် Workshop တခုကအလုပ်သမားလေးအဖြစ်သာ ရှိသေးသလို အနုပညာကို နည်းစနစ်ကျကျသင်ခဲ့မူမျိုး ဘာမှမရှိခဲ့ပါဘူး။ သူဆိုတာကတော့တခြားသူမဟုတ်ပါဘူး။ နောင် တချိန်မှာ Hollywood ရုပ်ရှင်လောကရဲ့ထိပ်တန်းမင်းသား ၁၀ယောက်ထဲ ပါလာမယ့် ယနေ့ထိ စံချိန်များစွာတင်ထားတုန်းဖြစ်တဲ့ သမရိုးကျဇာတ် ကားတွေကနေခွဲထွက်လာတဲ့ အတွေးအခေါ်နဲ့ Psycho ကားတွေရဲ့ဘုရင်လို့ Timeမဂ္ဂဇင်းကြီးမှာ ကြေငြာခံရမယ့် Matrix မင်းသားကြီးတဖြစ်လဲ လက်ရှိအောင်မြင်ခဲ့တဲ့ John Wick ကားကြီးရဲ့မင်းသား၊ သိဒ္ဓတ္ထမင်းသားအဖြစ် LittleBuddha ကားမှာ ပါဝင်ခဲ့တဲ့Hollywood ရဲ့ Top.10 ဗုဒ္ဓဘာသာဝင်မင်းသားကြီး Keanu Reeves ပါပဲ။

“ဘယ်ဘာသာပဲခံယူယူ ဒီဘာသာရဲ့လေးနက်မူကို မကျင့်ကြံ မလိုက်နာရင် ဘာသာဝင်လို့ မခေါ်ထိုက်ဘူး။ ဘာသာတရားတိုင်းက နာမည်နဲ့ဖြစ်တည်တာမဟုတ်ဘူး။ ကိုးကွယ်သူရဲ့ငြိမ်းချမ်းခြင်းနဲ့ဖြစ်တည်မူပါ။ “
Keanu Reeves

Keanu ပထမဆုံး Hollywoodမှာပါ ခွင့်ရခဲ့တဲ့ကားက One Step Away။ ဒီကားမှာ အရံအဖြစ်ပါခဲ့ရခြင်းက နောက်ပိုင်းကားတွေမှာ ဇာတ်ပို့နေရာတွေပါဖို့ဖြစ်လာခဲ့ပါတယ်။ Youngblood မှာနာမည်ကြီးမင်းသား Swayzeနဲ့ ဟော်ကီကစားသမားအဖြစ်ပါရတယ် Swayze ကလဲနောင်တချိန်မှာ Keanu လိုပဲခေတ်ပြိုင်မင်းသားထဲ Ghostလိုကားတွေနဲ့နာမည်ကြီးလာမယ့်မင်းသားပေါ့။ Keanuဟာ နောက်ပိုင်း Hollywood မှာကြီးကြီးမားမားလူသိများစေခဲ့တဲ့ ကားတွေတန်းမထွက်လာပေမယ့် ဆက်တိုက်ဆိုသလို ပါခွင့်ရခဲ့တယ်။ သူမင်းသားပေါက်စစဖြစ်တော့ ပထွေးဖြစ်သူ Paul က LA ထိခေါ်ပြီး တိုက်ခန်းလေးတခန်းငှားပေးတယ်။ သူ့ကို လည်း တခြားအနုပညာဖက်က ပုဂ္ဂိုလ်တွေနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ မင်းသားပေါက်စစဖြစ်လာချိန် ငယ်ဘဝကြမ်းတမ်းမူတွေကို အရွဲ့တိုက်ချင်တာနဲ့Keanuဟာ ဆိုးသွမ်းလာခဲ့တယ်။ ဆေးချတယ်၊ ညဖက် shooting မရှိတဲ့ရက်တိုင်း အရက်ဘား တွေမှာအချိန်ကုန်တယ်၊ ဆိုင်ကယ် Crazy ပီပီ တရားမဝင်လမ်းသရဲဆိုင်ကယ်ပွဲတွေမှာပြိုင်ခဲ့တယ်။

Point Break

Keanu ကိုစသိခဲ့တဲ့ဇာတ်ကားပါပဲ။ Machine ပိုင်းနည်းပညာအမြင့်တွေနဲ့ပွဲ ထွက်လာတဲ့ဒီကားမှာ အမျိုးသမီးဒါရိုက်တာ Kathryn Bigelow က Keanuရဲ့ ဆိုးသွမ်းမူတွေကို အသုံးချခဲ့ပါတယ်။ အမြတ်ငွေ၈၄သန်းနီးပါးအထိရခဲ့သလို Gay လို့လူအများသမုတ်ကြတဲ့ Keanu ဟာဒီကားမှာယောကျာ်းအဆန်လွန်တဲ့ အထိကြမ်းခဲ့ပါတယ်။ အချစ်ဆုံးသူငယ်ချင်းဖြစ်သူနဲ့အတူ အိပ်တဲ့ပုံတွေ သွားလေရာအမြဲပုခုံးဖက်နေတဲ့ သူငယ်ချင်း၂ယောက်ကို Gay လို့ အမေရိကန် mediaတွေက ဖွတာလည်းမဆန်းပါဘူး။ အမေရိကန်media ကို မကြိုက်တာတခုရှိတယ်။ ကိုယ့်နိုင်ငံသားမဟုတ်ဘူးဆို လူမည်းဆို အရမ်းနှိမ်တတ်တယ်။ ဒီပြသနာကလဲ၂၀ရာစုထဲကဖြစ်လာတာ မိုက်ကယ်ဂျက်ဆင် ပေါလ်ဒေါ အစ Keanuအဆုံးထိပါပဲ။

နောက်ပိုင်း Keanu ဟာကားတွေတကားပြီး တကားဆိုသလို ထွက်ခဲ့သလို သူ့ဆိုးသွမ်းမူကလဲပိုဆိုးလာခဲ့ပါတယ်။ ကားအမြန်မောင်းလို့အဖမ်းခံရတာတွေ Bar တွေမှာရန်ဖြစ်လို့ရှင်းရတာတွေ အစုံပါပဲ။ ဒီလိုဆိုးသွမ်းမူတွေကနေသူ့ကို ငြိမ်းချမ်းမူဖက်ရောက်သွားစေဖို့ ဖြစ်လာတဲ့အချိန်ကတော့ Little Buddha ကားရိုက်ကူးနေစဉ်မှာပါပဲ။

“အတိတ်ကိုပြန်တွေးတိုင်းနောင်တမရအောင်နေထိုင်ပါ။ အတိတ်ဆိုတာ ကျွန်တော်တို့အတွက်ပျော်စရာတွေပေးနိုင်သလို နာကျင်စရာတွေလဲပေးနိုင်လိမ့်မယ်။ “
Keanu

Little_Buddha

၁၉၇၆ ခုနှစ်က ရိုက်ခဲ့တဲ့တမန်တော် Documentry ကားကို ကြည့်ဖူးထဲက ဘာသာရေးကားဆိုတာ ဘယ်ရုပ်ရှင်ကားနဲ့မှမတူတဲ့သဘောတရား ကမ္ဘာ့လူထုကကွဲလွဲနေတဲ့ဘာသာရေးအမြင်တွေကို များစွာလျော့ကျစေနိုင်မှန်းသိခဲ့ရတယ်။ ဒီကားနာမည်ကThe Message။ ကိုယ့်ဘာသာကိုယ်ရိုက်ပြသွားပေမယ့် ဘယ်ဘာသာကိုမှမစော်ကားမနှိမ့်ချထားဘူး။ ၉တန်းကထင်ပ မြန်မာစာတန်းထိုးကားမထွက်လာဘူး အင်္ဂလိပ်လိုစာတန်းထိုးကို အသည်းအသန်လိုက်ပြန်ကြည့်တယ်။ ကိုယ့်Reading Skill ကလည်း S+V+Oတောင်တိုင်ပတ်နေဆဲကာလဆိုတော့ အဒေါ့်ကိုဘေးနားထားပြီး သူကဘာသာပြန်ပြတာကိုကြည့်ခဲ့ရတာပေါ့။ ရှေ့က Keanuကို၂ကား၃ကားကြည့်ဖူးထဲကခိုက်နေပေမယ့် ဒီလိုဘာသာရေးကားကို ရိုက်ပြနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ရှေ့ကကားတွေမှာ Gay လို၂ကား၃ကားဖြစ်ခဲ့ My Own Private Idaho ကားထွက်လာချိန် မှာလည်း Keanu ကို Gay လို့ media တွေက ဖော်ပြလာတဲ့ထုတ်လုပ်သူတွေ မင်းသားတွေနဲ့တောင်ညားနေသူလို့သတင်းများစွာ အဖွခံရတဲ့ဒီမင်းသားက ဗုဒ္ဓဘုရားအဖြစ်သရုပ်ဆောင်မယ်ဆိုတဲ့အချိန်မှာ Little Buddha ကားကို ကမ္ဘာအနှံ့ဗုဒ္ဓဘာဘာဝင်တွေကရှုံ့ချခဲ့ပါတယ်။

Little Buddha ကိုHollywood ရဲ့ ဒါရိုက်တာကြီး အီတလီနိုင်ငံ သားဗုဒ္ဓဘာသာဝင်ကြီး BernardoBertolucci က တနှစ်ကြာအချိန်ယူပြီး ရိုက်ကူးခဲ့ပါတယ်။ သိဒ္ဓတ္ထမင်းသားအဖြစ် ပါဝင်လာတဲ့ Keanuဟာ ဒီ Little Buddha ကားမှာ ကမ္ဘာကမထင်ထား စေတဲ့ သရုပ်ဆောင်ချက်တွေပါဝင်ခဲ့သလို သူဟာဘာသာရေးကားတစ်ကားကို ကျကျနနသရုပ်ဆောင်နိုင်တဲ့ Hollywood မင်းသားတွေထဲတော့ထိပ်ဆုံးပါပဲ။ ပြသနာကအဲ့မှာစတယ်။ Keanu ဗုဒ္ဓဘာသာကိုအပြီးပြောင်းခဲ့ပါတော့တယ်။ အမေ ရိကန်သတင်းတွေက တက်လာတယ် ဒါကကော လဟာလပါ သတင်းမှားပါစသဖြင့်ပေါ့။ videoပါတင်ခဲ့တယ်။ “ကျတော်ဗုဒ္ဓဘာသာကိုမကူးပါဘူး ~~~~ဘာသာဝင်ပါပဲ။ “စသဖြင့်ဖြန့်ခဲ့ကြတယ်။ ဒါပေမယ့်တကယ်တမ်းဒီဖြန့်ခဲ့တဲ့ရှင်းတမ်းတွေ ဟာ Little Buddha ပြသခဲ့ချိန်၁၉၉၃ခုနှစ် ဒီဇင်ဘာမတိုင်ခင်ထဲက video တွေဖြစ်ခဲ့သလို wiki လို ကမ္ဘာကလူအများလေ့လာကြတဲ့နေရာတွေ အထိပါဒီသတင်းက လိမ်ခဲ့ကြတယ်။

Keanu ဟာ တကယ်တော့ ၁၉၉၃နှစ်နှစ်ဒီဇင်ဘာလထဲက ဗုဒ္ဓဘာသာကိုတရားဝင်ပြောင်းလဲခဲ့သူဖြစ်ပြီး ဒီသတင်းဟာ Inc Magazine မှာသူတရားဝင်ဖြေခဲ့တဲ့ ၁၉၉၅ခုနှစ်က အတိအကျဖြေဆိုမူတွေပါပဲ။ Little Buddha ကိုအီတလီ အိန္ဒိယနဲ့ ပြင်သစ် မှာရိုက်ကူးခဲ့ကြသလို ဒီကားအပြီးမှာတော့ Keanu ဟာလုံးဝဆိုးသွမ်းမင်းသားတဦးမှ အံ့သြစရာကောင်းလောက်အောင်ပြောင်းလဲသွားခဲ့ပါတယ်။

Little Buddha အပြီး Keanu ဟာတကားပြီးတကားဆိုသလိုအမိုက်စားကားတွေထွက်လာခဲ့ပါတယ်။ ဒီအထဲမှာမှ Action ကား လောကထဲလူသိများစေခဲ့တဲ့ Speed။ ဒီSpeedကားကို ၁၉၉၄ခုနှစ်မှာပြသခဲ့ပြီး သူနဲ့အတူကမ္ဘာေ ကျာ်ဖို့ဖြစ်လာခဲ့သူက ကျွန်တော်တို့အားလုံး ကြိုက်ခဲ့ကြတဲ့ Sandra Bullock ပါပဲ။ Speedဟာ ဒေါ်လာသန်း၃၅၀ကျော်အထိရခဲ့သလို Keanu ဟာလည်း Hollywoodမှာနာမည်ရမင်းသားတဦးဖြစ်လာခဲ့ပါတယ်။ Little Buddha ရိုက်ပြီးထဲက အသိတရားတခုခုကို ရရှိသွားဟန်တူတဲ့ Keanuဟာ ထိုအချိန်ထဲကသူပိုင်ဆိုင်တဲ့ငွေကြေးအများအပြားကို စတင်လှူတန်းလာခဲ့သလို သာမာန်လူတွေလိုပဲ နေထိုင်စပြုလာခဲ့ပါတော့တယ်။ ထိုအချိန်က Hollywood ကအမေရိကန် သားတချို့ကသူ့ကိုရုပ်ရှင်ကားကြီးတွေမှာပါဝင်ဖို့ ကမ်းလှမ်းလာခဲ့ပေမယ့်သူငြင်းခဲ့တယ်။ ဒီကာလ မှာ Keanuဟာ ဘာစိတ်ကူးပေါက်လဲမသိ။ နာမည်ကြီးစေမယ့်ကားမှန်သမျှကို ဒေါ်လာသန်းချီပေးတာတောင်ငြင်းခဲ့သလို သူ့ဇာတိကနေဒါကိုပြန်ပြီး ပြဇာတ်တွေပြန်ကတယ် ၊ လူသိပ်မသိလောက်ပေမယ့်သူကြိုက်တဲ့ဇာတ်လမ်းတွေဆိုရိုက်ဖို့လက်ခံတယ်။

ထိုအချိန်မှာ Keanu ဟာသူ့ညီမဖြစ်သူရဲ့ နေအိမ်မှာသာ အချိန်ကုန်တာများခဲ့ပြီး သူ့မိခင်သူ့ညီမနဲ့သာအချိန်ပိုပေးခဲ့ပါတယ်။ အမေရိကန်ထုတ်လုပ်သူဆို သူငြင်းတဲ့အထိ၅နှစ်လောက်ငြိမ်ချက်သားကောင်းနေခဲ့တယ်။ ဒီအချိန်မှာထူးခြား မူကတော့ သူငယ်စဉ်ကဖြစ်ချင်တဲ့ Metalသမား တဦးဘဝကိုပြန်လည်ဝင်လာခဲ့တယ်။ Dusky ဆိုတဲ့ငယ်သူငယ်ချင်းတွေဖွဲ့ထားတဲ့ Heavy Metal Band မှာ Bass Guitar နဲ့ Vocal သမားအဖြစ်ဝင်ပါခဲ့တယ်။ သူ့အချစ်ဆုံးသူငယ် ချင်း Rock Band Dog Star မှာလည်း Bassဝင် တီးခဲ့တယ်။ မင်းသားကဒီလိုဂီတအလုပ်တွေကို လုပ်လို့ပေါ်ပင်လို့မထင်နဲ့ Keanu ဟာMetal ဘုရင်ကြီး Ozzy နဲ့ တူနဲ့ဦးလေးလိုခင်မင်သူတွေဖြစ်သလို သူသာမင်းသားတဦးမဖြစ်ခဲ့ရင် Metal သမားတဦးဖြစ်နိုင်တဲ့ Bass Guitar Skillကောင်းလွန်းသူတဦးပါ။ သူကMetal/Rock Bass သမားလို့ဖတ်ရတုန်းက “ဟုတ်ပါ့မလား” Johnny Depp လိုပဲဝါသနာအရလားပေါ့။

ဘယ်ဟုတ်ပါ့မလဲ၊ သူ့Showတွေ ကြည့်မိတော့မှ တကယ့်ဂီတသမား size အပြည့်နဲ့ Skillကောင်းကောင်းကိုချတဲ့ဘဲဗျ။ Dod Star နဲ့ရော Dusky နဲ့ရော Show ကြီးတွေနွဲခဲ့သလို တကယ့်ဂီတပါရမီရှင်တဦးပါပဲ။ Dog Star အခွေမှာသူဝင်ဆိုထားတဲ့ Homeless ဆိုတော်တော်မိုက်တယ်။ သူဂီတလောကထဲပဲနေတော့မယ်လို့ဆုံးဖြတ်ပြီး ချိန်မှာ ဂျနီဖာ နဲ့ ချစ်သူဖြစ်ချိန်ပေါ့။ ဂျနီဖာကသူဌေးသမီး။ သူလုပ်ချင်တာလုပ်နေချင်သလိုနေလှူချင်သလိုလှူ ပါရမီဖြည့်ဖက်ဖြစ်စေခဲ့သူပါ။ သူကသားသမီးအရမ်းလိုချင်တယ်။ သူဂီတလောကထဲဇောက်ချမယ်ကြံပြီးချိန်မှာပဲ ဆိုင်ကယ်မှောက်မူက သူ့ကိုဂီတလောကထဲကနေ ပြန်ဆွဲထုတ်စေခဲ့တာပါပဲ။ လက်ကျိုးတယ် ခေါင်းကွဲတယ် တကိုယ်လုံးအနှံ့ဒဏ်ရာရပြီးဆေးရုံ၃လလောက်တက်ခဲ့ရတယ်။ သူစိတ်ဓာတ်အကြီးအကျယ်ကျသွားတယ်။ ဒီအချိန်မှာHollywood က ဇာတ်ညွှန်းရေးဆရာတဦးက ၅နှစ်ကြာမှ message တစောင်ပို့လာတယ်။ Matrix

Matrix ကို Keanu နဲ့ မရိုက်ချင်ကြောင်းထုတ်လုပ်သူကပြောတယ်။ သူကလည်း Matrix ကိုအရမ်းကြိုက်သွားတယ်။ သူဒါရိုက်တာကိုတခုပဲပြောတယ်။ ထုတ်လုပ်သူက Matrixကို သူနဲ့မရိုက်ရအောင်ရူးနေလို့လားဆိုပြီး။ Keanu ကို Hollywood မှာ နောက်တဖန်ပြန်လည်နာမည်ကြီးစေဖို့ Matrix ကဖြစ်စေခဲ့ပါတယ်။ ဒါရိုက်တာအဖြစ် The Wachowski တို့ညီကို၂ဦးက Matrix 1ကိုအချိန်၈လကြာပြင်ဆင်ရိုက်ကူးခဲ့ပြီး ၁၉၉၉ခုနှစ် ဒီကားကိုပြသလာချိန်မှာတော့ရုံတင်ဝင်ငွေဒေါ်လာ ၄၆၃သန်းကျော်အထိရခဲ့ပါတယ်။

Matrix = ကျတော်တို့ငယ်စဉ်ကသင်္ချာ ပညာရပ်မှာ Systemတွေကိုrepeatလုပ်ပြီး အဖြေရှာရတဲ့နည်းတခု။ Linear Analysis လုပ်တဲ့နေရာမှာ Matrix Methodတွေကအ ရမ်းရှင်းလင်းတယ်။ Matrix မှာMethodများစွာ ရှိသလို Mathsပညာရပ်တွေထဲ အထင်ကရတခုပါပဲ။ ဒီကားကဘာလို့နာမည်ကြီးလဲဆိုတာ ကြည့်ဖူးသူတိုင်းသိကြတယ်။ ဒီကားကို ရိုက်ဖို့ထုတ်လုပ်သူကို အရင်တခန်းစမ်းရိုက်ပြပီးမှတကားလုံးကိုရိုက်ခဲ့တာပါ။ Barrett က ဒီကားရဲ့Designer ပါ။ Barrettကို တော့သိကြမယ် 300 လိုAvatar လိုကားတွေမှာကူညီပေးခဲ့သူဖြစ်သလို နာမည်ကြီး Designer တဦးပါပဲ။ ဒီကားကိုမင်းသားများစွာကငြင်းခဲ့ကြသလို မဖြစ်နိုင်တဲ့ကားကြီးတကားလို့ သာမြင်ခဲ့ကြတာပါ။ Neo နေရာဆို မင်းသား၃၂ ဦးထိငြင်းခဲ့တယ် ဒီအထဲ Will Smith တောင်ပါ ခဲ့တယ်။ Necolas လဲငြင်းတယ်။ အာနိုးလဲငြင်း တယ်။ ရဟတ်ယာဉ်တွေ မတော်တဆပေါက်ကွဲ တယ်။

မတော်တဆထိခိုက်ဒဏ်ရာတွေကလည်း အများအပြားဖြစ်ခဲ့ကြတယ်။ ၈လဆိုပေမယ့်တကယ်တမ်းဒီကားကို Croma နဲ့ Computingလုပ်တာတင်၂နှစ်လောက် ကြာခဲ့တယ်။ Sydney က စစ်တပ်ကကန့်သတ်နယ်မြေထဲ လေယာဉ်မောင်းလို့ဆိုပြီးပစ်ချဖို့အထိဖြစ်ခဲ့ကြ ၊ စစ်တပ်ကရိုက်ကွင်းကိုပိတ်မလိုဖြစ်ကြ ၊ Keanuနဲ့ ရဲတွေရန်ဖြစ်ကြနဲ့ တကယ့်အာဂကားတကားပါပဲ။ ဒီကားမှာ ထူးခြားမူက တချို့ဖြတ်လျှောက်တွေနဲ့ animalတွေဟာ CGI တွေပါ။ ဒီကားရဲ့အဓိကဆွဲဆောင်မူက Civil Enginner တွေရဲ့ Column တွေကိုရုပ် ရှင်နဲ့ကိုက်အောင် Hydraulic နဲ့ဆောက်ပေးမူ Layer သမားတွေရဲ့ ပညာသားပါမူတွေများစွာကို အသုံးချခဲ့တာပါပဲ။ မျက်မှန်ကွဲလို့ Keanuလဲမျက်လုံးထိပြီး ဆေးကုသမူခံပြီးပြန်ရိုက်ရတယ်။ အများအပြားသောပြသနာတွေက ဒီကားရဲ့1မှာတင်မနည်းမနောပါပဲ။ ဒီကားထဲက A.S တို့ကိုင်တဲ့သေနတ် Desert – Eagle – 50 ။

ထူးခြားတာမှဟိုဖက်လွန်နေတယ်။ Game Programmerတွေကိုယ်တိုင်က ဒီသေနတ်အစစ်တွေကိုရုပ်ရှင်နဲ့ကိုက်အောင် Modified လုပ်ပြီး CZZ နဲ့ပေါင်းပြီးအသုံးချခဲ့တယ်။ နောက်တခုက Visual Effect ။ တကယ်တမ်း21% ပဲအသုံးချပေမယ့် ဒီ21% ကိုရုပ်ရှင်ဖက်တင်မကပဲ Con.S ဖက်က Engineerတွေကပါ ပါဝင်ကူညီပေးခဲ့တာပါ။ အဖက်ဖက်ကထောင့်စေ့တယ်။ နယ်ပယ်ပေါင်းစုံက ပညာရှင်တွေ စုစည်းလုပ်ကိုင်ထားတယ်။ နောက်တခုက music ပိုင်း။ music ပိုင်းမှာ သိပ်သတိမထားမိကြပေမယ့် တကယ်တမ်းဒီတကားလုံး sound effect ကို လူ၃၀၀ကျော်က နောက်ကွယ် ကနေပံ့ပိုးပေးထားပါတယ်။ Band ၈Band DJ သမား ၁၀ယောက် film ပိုင်းကလူတွေအများ အပြားပါပဲ။ စုစုပေါင်းဆို Keanuက ဒီကားမှာ သန်း၅၀နီးပါးလောက်ရတယ်။ ရုပ်ရှင်ရိုက်ကွင်းကေ အာက်ခြေစက်အထမ်းသမား အကူသမားမိသားစုတွေကို အကုန်ပြန်ပေးခဲ့ပြီး သူတပြားမှမယူခဲ့ဘူး။ ကဲ ဘယ်မင်းသားကလူကြမ်းကိုသူရတဲ့ပိုက်ဆံအကုန်ပြန်ပေးခဲ့ဖူးသလဲ? အဲ့ဒါ Keanuပါပဲ။

Keanu ဟာ Little Buddha , Matrix လို ကားတွေအပြီး Hollywoodမှာအထင်ကရဖြစ်စေခဲ့တဲ့ ကားတွေတကားပြီး တကားရိုက်ခွင့်ရခဲ့ပါတယ်။ ၂၀၀၀ပြည့်နှစ်နောက်ပိုင်း Keanu ဟာ ဘာ ကားတွေရဲ့မင်းသားဆိုတာထက် အက်ရှင်ကားတွေ စတန့်ကားတွေအစ Horror ကားတွေမှာပါပါဝင်လာခဲ့ပါတယ်။ တခြားမင်းသားတွေနဲ့ကွဲပြားမူကတော့ သူ့ဇာတ်ကားအများစုက ကြည့်ရူသူကို အစပိုင်းအေးတိအေးစက်နိုင်တယ် အလယ်ပိုင်းမြင့်လာတယ် တကားလုံးခြုံကြည့်ရင်အတွေးအခေါ်လေးတခုကိုပဲ ထည့်သွင်းအခြေယူရိုက်ပြသွားမူတွေများတယ်။ Matrix 1အပြီး Keanuဟာ Hollywood ရဲ့ထိပ်တန်းမင်းသားစာရင်းမှာပါလာခဲ့ပါတယ်။ ထိုအချိန်မှာသူ့ ချစ်သူဂျနီဖာနဲ့လည်းလက်ထပ်ခဲ့ပြီးချိန်ပေါ့။ Matrix 1အပြီး သူ့ဘဝကိုအေးဆေးတည်ငြိမ်စွာ မိသားစုနဲ့တော့မယ်ဆိုတဲ့အချိန်မှာပဲ ကံကြမ္မာဆိုးတခုကဝင်လာခဲ့တယ်။ ဒါကတော့သူနဲ့ရတဲ့ ကိုယ်ဝန်ပျက်ကျသွားမူနဲ့အတူ ဂျနီဖာဟာလည်းထိုစိတ်နဲ့နာမကျန်းဖြစ်ခဲ့ရတယ်။ ဒီပြသနာကြောင့်ပဲ မွေးခါနီးအလိုသမီးလေးကို ဆုံးရှုံးလိုက်ရတဲ့ဒဏ်ကြောင့် ဇနီးဖြစ်သူကိုဒေါသထွက်ရာက ၂ဦးသားခွဲနေခဲ့ကြတယ်။

ဒီဒဏ်တွေကိုမေ့ဖို့သူငယ်ချင်းဖြစ်သူတွေနဲ့ ဖွဲ့ထားတဲ့Band နဲ့Albumထုတ် ရုပ်ရှင်သရုပ်ဆောင်လောကကိုဇောက်ချလုပ်ပြီးထပ်ကြိုးစားခဲ့တယ်။ ထိုအချိန်မှာပဲ ချစ်သူဖြစ်သူက ကားAccidentဖြစ်ပြီးပွဲချင်းပြီးသေသွားခဲ့တယ်။ Keanu ဟာ သူတကယ်ချစ်တဲ့လူမဖြစ်ခဲ့ရတဲ့သမီးကိုဆုံးရှုံးလိုက်ရလို့ စိတ်ဓာတ်ကျနေချိန် Matrix – 2ရိုက်ခါစပဲရှိသေးတယ် ချစ်ရသူကိုထပ်ဆုံးရှုံးလိုက်ရတယ်။ Matrix -2 ကို ဆက်မရိုက်ခဲ့သလို ဇနီးဖြစ်သူရဲ့ဈာပနကို သူကိုယ်တိုင်အလောင်းထမ်းပြီးပို့ဆောင်ပေးခဲ့တယ်။ အချစ်ဆုံးသူငယ်ချင်းဆုံးတယ်၊ ဖခင်ဆုံးတယ် ၊ မိခင်ဆုံးတယ်၊ ဇနီးဆုံးတယ်၊ သမီးဆုံးတယ်၊ ညီမဆုံးတယ်။ တလောကလုံးမှာ သူအချစ်ဆုံးတန်ဖိုးအထားဆုံး ဆိုတဲ့လူတွေသူ့ကိုထားပြီး လောကကြီးထဲကနေ တယောက်ပြီးတယောက်ထွက်သွားခဲ့ကြတယ်။ သူတယောက်ထဲအချိန်ကာလအတန်ကြာ ကြေကွဲခဲ့တယ်။

နောက်ဆုံးသူကိုယ်တိုင်ခံယူထားတဲ့ ဗုဒ္ဓဘာသာကို အတိအကျသိရှိလိုခဲ့မူက သူ့ကိုတရုတ်ပြည်ကိုလာဖို့ဖြစ်လာစေခဲ့ပါတယ်။ အချိန် တလကျော်ကြာရုပ်ရှင်လောကကပျောက်သွားပြီး ပြန်ပေါ်လာချိန်မှာတော့ Keanu ဟာသာမာန်လူတွေလိုလောဘဒေါသ မောဟ စိတ်တွေထူးဆန်းစွာမရှိတော့ပဲ လမ်းမပေါ်ကသန်းကြွယ်သူဌေးတဦးဖြစ်လာခဲ့ပါတော့တယ်။ အစပိုင်းတိုက်ခန်းအစုတ်လေးတွေ ငှားနေတယ်။ ဟော်တယ်အစုတ်လေးတွေမှာနေတယ်။ နောက်ပိုင်းတခါတလေသူ့ကိုအိမ်ခြေယာ ခြေမဲ့တွေအိပ်တဲ့နေရာတွေမှာ တွေ့ရတယ်။ ဘူတာ Bus ကား ရထားပေါ်တွေမှာသတင်းစာဖတ်နေတဲ့ ထိပ်တန်းမင်းသားတဦး Matrix ကားတွေနဲ့အောင်မြင်လာတဲ့ Keanu နဲ့တူတဲ့လူတဦးကိုတွေ့ရတယ်ဆိုပြီး သတင်းတွေပြန့်လာတယ်။ တကယ်တမ်း ထိုလမ်းမပေါ်က ရထားပေါ်က Bus ကားပေါ်က လူဟာ Keanu အစစ်ဆိုတာကိုသိ လာကြချိန်မှာတော့ရုပ်ရှင်လောကမှာအံ့အားသင့်စရာတွေဖြစ်လာခဲ့ပါတော့တယ်။

ဒီလိုထိပ်တန်းမင်းသားက ဘယ်လိုကြောင့် လမ်းမပေါ်မှာအအေးသောက်နေ အဝတ်အစားအစုတ်လေးတွေနဲ့လျှောက်သွားနေရတာလဲပေါ့။ အမှန်ပါပဲ Keanu ဟာ သူရသမျှ ရုပ်ရှင်သရုပ်ဆောင်ခကို အကုန်ပြန်လှူတတ်သလို သူရရှိတဲ့ Companyတွေက shareတွေကို လည်း ကင်ဆာနဲ့ဆုံးခဲ့ရတဲ့ညီမဖြစ်သူကိုရည်စူးပြီး ကင်ဆာ Foundation တခုကိုထောင်ခဲ့သူပါ။ လမ်းမပေါ်မှာပဲနေတယ်၊ သူ့ကိုတွေ့လိုက်ရင်က လေးလေးတွေ ဒါမှမဟုတ်လူငယ်တွေမေးသမျှ တိုးတက်ချင်တဲ့လူငယ်တွေ အနုပညာဝါသနာပါတဲ့ လူငယ်တွေမေးသမျှကို တလေးတစားနဲ့ပြန်ဖြေနေတတ်တယ်။ သူကချမ်းသာတာမှ ဟိုဖက်ပါလွန်နေသေးတယ်။ ဒါပေမယ့်သူအဆင့်အတန်းမြင့်မြင့်မနေဘူး မစားဘူး။ အိမ်တွေရှိပေမယ့် အိမ်နဲ့ယာနဲ့ မနေတတ်တဲ့သူတစ်ယောက်။

” ငွေဆိုတာ ကျွန်တော့်အတွက် အမြဲတမ်းနောက်ဆုံးမှတွေးဖြစ်တဲ့အရာတခုပါ “
Keanu

Matrix 123 အပြီးနောက်ပိုင်း တကားပြီးတကားထွက်လာတဲ့ ဒီနာမည်ကြီးမင်းသားရဲ့ ထူးဆန်းမူက သူရိုက်တဲ့ကားတိုင်းဟာလူအများ စိတ်ဝင်စားဖို့ထက် အသိတရားတခု အတွေးတခုပါတဲ့ကားတွေကိုသာ သူရိုက်ခဲ့မူပါပဲ။ တချို့ကားတွေအေးတိအေးစက်နဲ့ သာမာန်ဇာတ်အိမ်လေးတွေပါပဲ။ ဒါပေမယ့်တကားလုံးပြီးပြီဆိုတာနဲ့ အသိအတွေးတခုကို ကြီးကြီးမားမားထည့်ထားတယ်။ ကိုယ့်ဟာကိုယ်တွေးယူပြီး အသိတရားထည့်ပေးတဲ့သဘောတွေအများကြီးပါခဲ့တယ်။ Keanu နဲ့ ပတ်သတ်တဲ့အကြောင်းကိုများစွာမြင်ဖူးတယ်။ မွေးထဲကမွေးစားခံရသူတို့ ၊မိမစစ်ဖမစစ်သူတို့၊ Gay တို့ ၊ ဘာသာပြောင်းခဲ့တဲ့သစ္စာ ဖောက်တို့အများအပြားပါပဲ။ အမေရိကန်media ဖွမူတွေ ကလည်း အောင်တယ်ပြောရမယ်။ မိုက်ကယ်ဂျက် ဆင်တောင် ကိုယ့်ထမင်းကိုယ်စားပြီး အယုတ်မာခံရ သက်ငယ်မုဒိန်းကောင်ဖြစ်ရ ခရစ်ယာန်ကနေ အစ္စလာမ်ကိုပြောင်းခဲ့တယ်တွေရေးကြနဲ့ ဒီလိုပဲဘာသာတရား လူမျိုးရေးဖွမူတွေနဲ့ မီးမွေးခဲ့မူတွေကလည်း အနုပညာသမိုင်းထဲတော်တော်ရှိခဲ့တယ်။

Keanu ကိုလည်း သူ့ဇနီးဆုံးချိန်မှာသတင်း ထောက်တချို့ရဲ့မလုပ်သင့်တဲ့အရာတွေလုပ်မူကြောင့် သူ ဘာinterview မှ Hollywood မှာမဖြေပဲ ၃နှစ်လောက်ဖြစ်ခဲ့ရတယ်။ အမေရိကန်သတင်းထောက်တွေနဲ့ Keanu ကြားပြသနာကတော့များစွာပါပဲ။ နောက်ပိုင်း Keanu ကိုယ်တိုင်ကိုက အေးချမ်းစွာနေထိုင်ခဲ့တော့ ရေးချင်တာရေးဖွချင်တာဖွ သူကသူ့တရားနဲ့သူလိုဖြစ်သွားခဲ့တယ်။ သူနောက်ပိုင်းရိုက်တဲ့ကားတွေထဲကဆို တကားချင်းစီပြောဖို့ အရမ်းပေရှည်သွားလိမ့်မယ်။ ဒီအထဲမှာလူအများစုကြည့်ဖူးတဲ့ KnockKnock နဲ့ John Wick ၂ကားပဲပြောတော့မယ်။

Knock Knock = အေးဆေးတဲ့သာယာပျော်ရွှင်နေတဲ့ မိသားစုတစု ဖခင်တယောက် ဖြစ်တဲ့အီဗန်ဟာ မိန်းမနဲ့ကလေးတွေကမ်းခြေတခုကိုအပျော်ခရီးသွားနေတဲ့၂ရက်အတွင်းမထင်ထားတဲ့ ကံကြမ္မာဆိုးတခုကိုရိုက်ပြထားတဲ့ကား။ သစ္စာရှိပါတယ်ဆိုတဲ့ မိန်းမအပေါ်တန်ဖိုးထားပါတယ်ဆိုတဲ့ အိမ်ထောင်သည်အမျိုးသားတွေကို လိုက်လံဖြားယောင်းသွေးဆောင်ပြီး အလောင်းအစားလုပ်တတ်တဲ့ကောင်မလေး၂ယောက် သူတယောက်ထဲကျန်ခဲ့တဲ့အိမ်ကို ရောက်လာခဲ့တယ်။ “ဘာကားလဲကွာ ဘာတွေပြနေမှန်းကိုမသိဘူး ၊ သောက်ပေါကားကွာ နာမည်ကြီးမင်းသားကားကလဲ “လို့ပြောကြတယ်။ Keanu ရဲ့ကားတွေ အများကြီးထဲကမှ ဒီကားကိုဘာကြောင့်ကြိုက်လဲ၊ လူတရာမှာတယောက်မကြိုက်ပေမယ့် ဘာလက်ခံလို့ရလဲဆို ပေးချင်တဲ့messageက ကိုယ့်ဟာကိုယ် တွေးယူရတဲ့သဘောမို့လို့ပါပဲ။ ဘာမှထူးခြားတဲ့ကားမဟုတ်ဘူး၊ ဘာမှလည်းမကြီးကျယ်ဘူး၊ သာမာန်ကားပါပဲ။ ဒါပေမယ့်ကြိုက်မိတယ်။

နောက်တကားက John Wick ။ လောကမှာခင်ဗျားက ခုံဖိနပ်တရံကိုတန်ဖိုးထားမယ် တခြားသူတွေကရွှေဖိနပ်မှတန်ဖိုးထားကြမယ်။ ဒါပေမယ့် ခင်ဗျားတန်ဖိုးထားတဲ့ခုံဖိနပ်က ခင်ဗျားအတွက်အမှတ်တရများစွာ တန်ဖိုးထားရမယ့်အချက်များစွာ ဥပမာ ခင်ဗျားအဖေမဆုံး ခင်ကစီးခဲ့တဲ့ဖိနပ်ပဲထား ဘယ်သူ့အတွက်မှတန် ဖိုးမရှိရင်တောင် ခင်ဗျားအတွက်တော့တန်ဖိုးမဖြတ်နိုင်ပါဘူး။ John Wick ရဲ့မူရင်းစာအုပ်ရောရုပ်ရှင်ကားကရော ဒီသဘောပါပဲ။ တချိန်ကကြမ်းပါတယ်ဆိုတဲ့လူဆိုးလူသတ်သမားတယောက်က မိန်းမရပြီး မိန်းမကိုချစ်စိတ်နဲ့သာမာန်လူတွေလို နေထိုင်ပြီးဘဝကိုဇာတ်မြုပ်နေခဲ့တယ်။ဒါကိုမှမိန်းမက ဆုံးသွားချိန် ရူးသလိုကြောင်သလိုဖြစ်နေချိန် ခွေးလေးတကောင်ကြောင့်အထီးကျန်မူတွေ နာကျင်မူတွေလျော့ပြီး နေသားကျလာချိန် သူအ ချစ်ဆုံးခွေးလေးကို အိမ်ထဲထိလာပြီးသူ့အရင်က လူဆိုးဂိုဏ်းခေါင်းဆောင်ရဲ့သားနဲ့ သူငယ်ချင်းတချို့ကလာသတ်သွားတယ်။ သူ့ကားကိုခိုးသွားတယ်။ ခွေးတကောင်သတ်ရုံနဲ့ ဒီဘဲကလူတွေကိုလိုက်သတ်စရာမှမလိုတာလိုထင်လိမ့်မယ်။

John Wick 1 ကို အစအဆုံးကြည့်ပြီးအပေါ်ယံဝေဖန်ရင်ဒီလိုမြင်လိမ့်မယ်။ ဒါပေမယ့်John Wick က ပေးထားတဲ့ message ကအံ့သြစရာတပုံတပင်ကြီးပါပဲ။ 2014 မှာဒီကားကိုပြသခဲ့ပြီး 2016 မှာ 2ထွက်ဖို့လျာထားခဲ့ပေမယ့် Replicas ကားကြောင့် John Wick 2ကို 2017 မှာမှပြသနိုင်ခဲ့ပါတယ်။ Keanu ဟာ ရုပ်ရှင်ကား၆၀နီးပါးနဲ့ဇာတ်လမ်းတွဲ ၁၄ခုမှာ ပါဝင်ခဲ့သလို Rock / Metal Album တချို့မှာရော Showတွေမှာပါပါဝင်ခဲ့သူပါ။ Keanu ရိုက်ခဲ့သမျှကားတွေထဲ အအောင်မြင်ဆုံးလို့ပြောရမယ့်နာမည်ကြီးကားတွေကတော့

*Point Break
*Speed
*The Matrix

*Dangerous Liaisons
*My Own Private Idaho
*Little Buddha (1993)

*John Constantine
*47 Ronin
*John Wick နဲ့ တခြားPsychoဆန်ဆန် message များစွာနဲ့ကားပေါင်း၅၀ကျော်ထွက် ရှိခဲ့ပါတယ်။

Keanu အခုလို ငွေအပုံလိုက်ချမ်းသာသူ ဘဝကနေ သာမာန်လူလိုဖြစ်သွားရခြင်းအကြောင်းကိုတွေးဖူးတယ်။ ကိုယ့်အချစ်ဆုံးဆိုတဲ့လူတွေသေတယ်။ ဒီအချိန်မှာဒေါ်လာသန်း ၁၀၀၀မကလို့ဘယ်လောက်ပဲရှိရှိ အသုံးမဝင်တော့ဘူး။ ငွေနဲ့ အချစ်ရဆုံးဆိုတဲ့သူတွေရဲ့အသက်ကိုပြန် ဝယ်လို့မရနိုင်ဘူး၊ ဒီတော့Keanu ဘာသာတရားရဲ့သဘောတရားနောက်ကို လိုက်သွားတာလို့ပဲ သုံးသပ်မိတယ်။ အသိတရားတခုရတယ်။ ငွေကလူသားတွေရဲ့ဦးနှောက်ကိုအနိုင်ယူပြီး နှလုံးသားကိုအသက်မဲ့သွားစေတတ်တယ်ဆိုတာပါပဲ။

” ဓမ္မဆိုတာ ဗုဒ္ဓဘုရားရဲ့ အဆုံးအမပါ၊ ဆရာဝန်က သောက်ဖို့ညွှန်းထားတဲ့ဆေးညွှန်းတခုလိုပါပဲ။ “
Keanu

Keanu ဟာ ရုပ်ရှင်မင်းသား ထုတ်လုပ်သူ Metal / Rock ဂီတသမားတင်မကပဲစီးပွားရေးလုပ်ငန်းများစွာကိုလည်း ပိုင်ဆိုင်ထားသူတဦးပါ။ ဒါပေမယ့်သူချမ်းချမ်းသာသာမနေတတ်ဘူး၊ အိမ်ခန်းလေးတွေငှားနေတယ်၊ ဟော်တယ်လေးတွေမှာနေတယ်။ လမ်းမပေါ်မှာသာမာန်တန်ဖိုးနည်းအဝတ်အစားနဲ့ပဲလျှောက်နေတယ်။ အများသုံးရထားBus ကားတွေပေါ်မှာသာသူ့ကိုတွေ့ရတဲ့အိမ်ယာမဲ့တယောက်လိုနေတတ်တယ်။ ဒါတင်မကဘူး Keanu ပိုင်ဆိုင်တဲ့အထဲ $ 78000 တန်ဆိုင်ကယ်တွေကို ထုတ်လုပ်တဲ့ သူကိုယ်တိုင်တဦးပိုင် Companyဖြစ်တဲ့ ARCH-motorcycle Brand ဟာလည်းနာမည်ကြီးပါပဲ။

Orlando Bloom လို့လူသိများတဲ့ Lord Of The Rings တို့ ဂျက်စပဲရိုးကားတို့ရဲ့မင်းသား ဗုဒ္ဓဘာသာ။ Rock & Roll Queen ကြီး Kina ဗုဒ္ဓဘာသာ။ စတီဗင်ဆေးဂဲ ဗုဒ္ဓဘာသာ ။ Jazz ဂီတရဲ့ ရုပ်ရှင်လောကရဲ့ အထင်ကရသူရဲကောင်းကြီး Hancock ဗုဒ္ဓဘာသာ ။ အားကစား အနုပညာ နည်းပညာ နယ်ပယ်အသီးသီးရဲ့ အထင်ကရလူ သားအများစုမှာ ဗုဒ္ဓဘာဝင်တွေရှိခဲ့ကြပါတယ်။ Keanu ဟာလည်းဗုဒ္ဓဘာသာဝင်ပါပဲ။ ဒါက ကမ္ဘာပေါ်ကဗုဒ္ဓဘာသာဝင်တိုင်းအတွက်ဂုဏ်ယူစရာအချက်ဖြစ်လို့ တလေးတစားနဲ့ Keanuအကြောင်းကိုရေးသားမိတာပါ။

AppleMark

Ref :Keanu Reeves: Twitter
Keanu : Choices Blogs
Keanu : Toronto Stars

[ Music Review ဖက်ပဲအရေးများတဲ့အတွက် ခုလို Movieဖက်က အထင်ကရမင်းသားတဦးကိုရေးရာမှာ လိုအပ်ချက်တွေရှိနိုင်ပါတယ်ခင်ဗျ။ ဒါကြောင့်Keanuရဲ့ အမာခံပရိတ်သတ်များနားလည်ပေးမယ်လို့မျော်လင့်ပါတယ်။]

ထက်ဝန

Leave a Reply