အေက်ာ္ၾကားဆုံး အီဂ်စ္စစ္ဘုရင္ (သုိ႔) ဒုတိယ ရမ္ဆီးစ္ အေၾကာင္း

Posted on

ဒုတိယ ရမ္ဆီးစ္ ကို ဘီစီ ၁၃၀၁ ၀န္းက်င္က အီဂ်စ္မွာေမြးဖြားခဲ့ပါတယ္။ သူ႔ရဲ႕ဖခင္ကေတာ့ ဖာရုိဘုရင္ Sethi I ျဖစ္ၿပီး မိခင္ကေတာ့ မိဖုရား Tuya ျဖစ္ပါတယ္။ သူ႔ရဲ႕နာမည္ကုိ သူ႔အဘုိးျဖစ္သူ ပထမရမ္ဆီးစ္ ဆီကေန ဆက္ခံရရွိခဲ့တာပဲျဖစ္ပါတယ္။ သူ ၅ႏွစ္သားအရြယ္မွာ ဖခင္ျဖစ္သူဟာ အီဂ်စ္ရဲ႕ဖာရုိဘုရင္ျဖစ္လာခဲ့ပါတယ္။ သူ႔ဖခင္ Sethi I ဟာ အင္အားေလ်ာ့လာတဲ့ အီဂ်စ္ျပည္ကုိ ျပန္လည္တုိးတက္ေအာင္ စြမ္းေဆာင္ႏုိင္ခဲ့သူျဖစ္ပါတယ္။ ရမ္ဆီးစ္ ဟာ သူ႔ရဲ႕ငယ္စဥ္ဘ၀ကို ေတာ္၀င္တရားရုံးထဲမွာပဲ ကုန္ဆုံးခဲ့ပါတယ္။ မင္းသားတစ္ေယာက္ သိသင့္တတ္သင့္တဲ့ ပညာရပ္ေတြကို သင္ၾကားခဲ့ပါတယ္။

တကယ္ေတာ့ ရမ္ဆီးစ္ဟာ ဖခင္ၿပီးတဲ့ေနာက္ ဘုရင္ျဖစ္ဖုိ႔ေ၀းပါေသးတယ္။ အေၾကာင္းကေတာ့ သူ႔မွာ အစ္ကုိတစ္ေယာက္ရွိၿပီး အိမ္ေရွ႕မင္းသားရာထူးကို အစ္ကိုျဖစ္သူက ဆက္ခံခဲ့လုိ႔ျဖစ္ပါတယ္။ ဒါေပမယ့္ ရမ္ဆီးစ္၁၄ႏွစ္သား အရြယ္မွာ သူ႔အစ္ကိုဟာ ေသဆုံးခဲ့တဲ့အတြက္ ရမ့္ေဆးဟာ အီဂ်စ္ထီးနန္းဆက္ခံမယ့္ မင္းသားျဖစ္လာခဲ့ပါတယ္။

အသက္ ၁၅ႏွစ္အရြယ္မွာ မင္းသားျဖစ္လာတဲ့ရမ္ဆီးစ္ဟာ မိဖုရားႏွစ္ေယာက္ယူခဲ့ပါတယ္။ သူတုိ႔ကေတာ့ နာဖာတာရီ နဲ႔ Isetnofret တုိ႔ျဖစ္ပါတယ္။ နာဖာတာရီကေတာ့ အီဂ်စ္သမုိင္းမွာ ထင္ရွားခဲ့တဲ့မိဖုရားတစ္ပါးျဖစ္ပါတယ္။ နာဖာတာရီဟာ ရမ္ဆီးစ္ ဘုရင္ျဖစ္တဲ့ကာလအတြင္းမွာ အာဏာအရွိဆုံးမိဖုရားျဖစ္လာခဲ့ပါတယ္။ မင္းသားရမ္ဆီးစ္ဟာ ဆယ္ေက်ာ္သက္အရြယ္မွာပဲ ဖခင္ျဖစ္သူရဲ႕ စစ္တပ္ေတြကို ဦးေဆာင္ကာ တုိက္ပြဲေတြကို တုိက္ခုိက္ခဲ့ပါတယ္။ အသက္ ၂၂ႏွစ္အရြယ္မွာေတာ့ တုိက္ပြဲေပါင္းမ်ားစြာကို ေအာင္ျမင္ခဲ့တဲ့ စစ္တပ္ေခါင္းေဆာင္တစ္ေယာက္ျဖစ္လာခဲ့ပါတယ္။

အသက္ ၂၅ႏွစ္အရြယ္မွာေတာ့ ဖခင္ျဖစ္သူေသဆုံးသြားတဲ့အတြက္ ရမ္ဆီးစ္ဟာ အီဂ်စ္ထီးနန္းကိုရယူကာ ဖာရုိဘုရင္ျဖစ္လာခဲ့ပါတယ္။ အဲဒီအခ်ိန္က ဘီစီ ၁၂၇၉ျဖစ္ၿပီး သူဟာ ၁၉ဆက္ မင္းဆက္ ရဲ႕တတိယေျမာက္ ဖာရုိဘုရင္ျဖစ္လာခဲ့ပါတယ္။

သူဘုရင္ျဖစ္လာခဲ့ၿပီးတဲ့ေနာက္မွာ ဖခင္ျဖစ္သူ ႀကဳိးစားတည္ေဆာက္ထားတဲ့ အီဂ်စ္ျပည္ကုိ တုိးတက္ေအာင္ဖန္တီးခဲ့ပါတယ္။ အဲဒီအခ်ိန္က သူ႔မွာ ရန္သူလူမ်ဳိးစုေပါင္းမ်ားစြာရွိပါတယ္။ အဲဒီအထဲက အဓိက ရန္ဘက္ေတြကေတာ့ ဟစ္တုိက္စ္ ၊ ဆီးရီးယန္း ၊ လီဗ်န္ နဲ႔ ႏူဘီးယမ္းေတြ ျဖစ္ပါတယ္။ ရမ္ဆီးစ္ဟာ ရန္သူေတြကို တုိက္ခုိက္ၿပီး နယ္ပယ္မ်ားကိုရယူကာ အီဂ်စ္အင္ပါယာရဲ႕ အာဏာကို ခ်ဲ႕ထြင္ႏုိင္ခဲ့ပါတယ္။

ရမ္ဆီးစ္ရဲ႕အထင္ရွားဆုံးစစ္ပြဲကေတာ့ Kadesh စစ္ပြဲျဖစ္ပါတယ္။ ဒီစစ္ပြဲဟာ ေရွးအက်ဆုံးစစ္ပြဲေတြထဲက တစ္ပြဲျဖစ္ၿပီး အီဂ်စ္စစ္တပ္ နဲ႔ ဟစ္တုိက္စ္လူမ်ဳိးေတြ တုိက္ခုိက္ခဲ့တဲ့ တုိက္ပြဲျဖစ္ပါတယ္။ Kadesh ၿမဳိ႕အနီးမွာျဖစ္တဲ့အတြက္ Kadesh စစ္ပြဲလုိ႔ေခၚတာပဲျဖစ္ပါတယ္။ ရမ္ဆီးစ္ရဲ႕ အီဂ်စ္စစ္တပ္က အင္အား ၂၀၀၀၀ သာရွိၿပီး ဟစ္တုိက္စ္ေတြဘက္ကေတာ့ အင္အား ၅၀၀၀၀ ခန္႔ရွိပါတယ္။ အျပင္းအထန္တုိက္ခုိက္ၾကေပမယ့္ အက်အဆုံးမ်ားစြာနဲ႔ မည္သူမွ်အႏုိင္မရပဲ ႏွစ္ဖက္စလုံး ဆုတ္ခြာသြားရပါတယ္။ ဒီတုိက္ပြဲမွာ အႏုိင္မရခဲ့ေပမယ့္ အင္အားႀကီးမားတဲ့ ရန္သူေတြကို သူတင္ကုိယ္တင္ တုိက္ခုိက္ႏုိင္တဲ့အတြက္ ရမ္ဆီးစ္ဘုရင္ဟာ သူရဲေကာင္းတစ္ေယာက္ အျဖစ္ နာမည္ေက်ာ္သြားခဲ့ပါတယ္။

အဲဒီတုိက္ပြဲအၿပီးမွာေတာ့ ရမ္ဆီးစ္ဘုရင္ဟာ ဟစ္တုိက္စ္ေတြနဲ႔ ၿငိမ္းခ်မ္းေရးရခဲ့တာေၾကာင့္ ဟစ္တုိက္စ္ေတြရဲ႕ ရန္ကေအးသြားခဲ့တယ္။ ဒါေၾကာင့္ သူအုပ္စုိးစဥ္ကာလအတြင္းမွာ ေျမာက္ပုိင္းနယ္စပ္ေတြအတြက္ စိုးရိမ္စရာ မရွိေတာ့တဲ့ အေျခအေနကို ရရွိခဲ့ပါတယ္။

ဒုတိယ ရမ္ဆီးစ္ဘုရင္ဟာ တည္ေဆာက္သူ ဘုရင္တစ္ပါးအျဖစ္လည္း ထင္ရွားသူျဖစ္ပါတယ္။ သူ႔လက္ထက္မွာ ဘုရားေက်ာင္းေတြ အပါအ၀င္ အေဆာက္အဦးေပါင္းမ်ားစြာကုိ တည္ေဆာက္ခဲ့ပါတယ္။ သူ႔တည္ေဆာက္ခဲ့တဲ့ အထဲက ထင္ရွားတဲ့အေဆာက္အအုံေတြကေတာ့ ရမ္ဆီးစ္ယမ္ ၊ အဘူစင္ဘယ္ နဲ႔ ပိုင္ရမ္ဆီးစ္ တုိ႔ျဖစ္ပါတယ္။

ရမ္ဆီးစ္ယမ္ – Ramesseum ဆုိတာကေတာ့ ႏုိင္းျမစ္၀ွမ္းအေနာက္ဘက္ကမ္းမွာရွိတဲ့ အေဆာက္အအုံစု ျဖစ္ၿပီး အီဂ်စ္ၿမဳိ႕ေတာ္ Thebes အနီးမွာတည္ရွိပါတယ္။ ရမ္ဆီးစ္ဘုရင္ရဲ႕ အထိမ္းအမွတ္အေဆာက္အအုံျဖစ္ၿပီး အဓိကထင္ရွားတဲ့အေၾကာင္းကေတာ့ ရမ္ေဆးဘုရင္ရဲ႕ ႀကီးမားတဲ့ရုပ္တုႀကီးေၾကာင့္ ျဖစ္ပါတယ္။

အဘူစင္ဘယ္ – Abu Simbel ဘုရားေက်ာင္းစုကေတာ့ အီဂ်စ္ျပည္ေတာင္ပုိင္းက Nubian ေဒသ အဘူစင္ဘယ္ရြာမွာ တည္ရွိပါတယ္။ ဘုရားေက်ာင္းေတာ္ အႁမႊာ အေဆာက္အဦး ႏွစ္ခုမွာ မူလပထမက ေတာင္နံရံကို ထြင္းထု ေဆာက္လုပ္ထားခဲ့ျခင္း ျဖစ္ပါတယ္။ သဲေက်ာက္မ်ားကို ႀကီးမားေသာ အတုံးႀကီးမ်ားျဖစ္ေအာင္ ျဖတ္ေတာက္ၿပီး ျမင့္မားေသာဘုရားေက်ာင္း ႀကီးမ်ားအျဖစ္ တည္ခဲ့ျခင္းျဖစ္ပါတယ္။ ယင္းတို႔အနက္ ေက်ာင္းေဆာင္ႀကီးတခုမွာ ၁၈၀-ေပခန္႔ က်ယ္ဝန္းၿပီး အတြင္းပိုင္းတြင္ အခန္းေပါင္းမ်ားစြာ ပါဝင္ပါတယ္။ ဘုရားေက်ာင္းအ၀မွာေတာ့ ဘုရင္ရမ္ဆီးစ္ရဲ႕ ရုပ္တုႀကီးေလးခုရွိပါတယ္။ ဒီရုပ္တုႀကီးေတြဟာ ၆၆ေပစီ ျမင့္ပါတယ္။

ပိုင္ရမ္ဆီးစ္- ရမ္ဆီးစ္ဘုရင္ရဲ႕ၿမဳိ႕ေတာ္သစ္ Pi-Ramesses မွာေဆာက္လုပ္ခဲ့လုိ႔ ပုိင္ရမ္ဆီးစ္လုိ႔ အမည္တြင္တာပါ။ ပုိင္ရမ္ဆီးစ္ၿမဳိ႕ေတာ္ဟာ ရမ္ဆီးစ္လက္ထက္မွာ အလြန္စည္ကားၿပီး အာဏာရွိတဲ့ၿမဳိ႕တစ္ၿမဳိ႕ ျဖစ္ခဲ့ေပမယ့္ သူေသဆုံးၿပီးေနာက္ပုိင္းမွာေတာ့ စြန္႔ပစ္ၿမဳိ႕ျဖစ္သြားခဲ့ပါတယ္။

ရမ္ဆီးစ္ဟာ အသက္ ၉၀ အရြယ္မွ ေသဆုံးခဲ့ျခင္းျဖစ္ပါတယ္။ ေသဆုံးရတဲ့အေၾကာင္းအရင္းကေတာ့ ကပ္ေရာဂါေတြ နဲ႔ သြားေရာဂါေတြေၾကာင့္လုိ႔ ပညာရွင္ေတြက ဆုိပါတယ္။ သူေသဆုံးၿပီးတဲ့ေနာက္မွာ သူ႔ရုပ္အေလာင္းကို ဘုရင့္ေတာင္ၾကားမွာပဲ ျမဳပ္ႏွံခဲ့ပါတယ္။ ဒါေပမယ့္ သူခုိးေတြရဲ႕ရန္ကေနကာကြယ္ဖုိ႔အတြက္ ေနာက္ပုိင္းမွာေနရာေရြ႕ခဲ့ၾကတယ္။ အခုေတာ့ သူ႔ရဲ႕မံမီရုပ္အလာင္းကုိ ကုိင္ရုိက အီဂ်စ္ျပတုိက္မွာ ျပသထားပါတယ္။

ဒုတိယ ရမ္ဆီးစ္ ရဲ႕ စိတ္၀င္စားစရာ အခ်က္မ်ား

ရမ္ဆီးစ္ ရဲ႕ အျခားနာမည္ေတြကေတာ့ ရမ္မီးဆက္စ္ ၊ ရမ္ဆီးစ္သယ္ဂရိတ္ နဲ႔ Ozymandias တုိ႔ ျဖစ္ပါတယ္။

ရမ္ဆီးစ္ ဟာ Kadesh စစ္ပြဲအတြင္း ဟစ္တုိက္စ္ေတြကို တုိက္ခုိက္ရာမွာ ႏွစ္ဘီးတပ္ စစ္ရထားေပါင္း ၅၀၀၀ ခန္႔သုံးခဲ့ေၾကာင္း ေလ့လာသူေတြက ဆုိပါတယ္။

ရမ္ဆီးစ္လက္ထက္မွာ အီဂ်စ္အင္ပါယာဟာ အလြန္ေတာင့္တင္းခဲ့ၿပီး စစ္သည္ေပါင္း ၁သိန္းအထိ ရွိခဲ့တယ္လုိ႔ သိရပါတယ္။ ဒီစစ္တပ္နဲ႔အတူ ရမ္ဆီးစ္ရဲ႕ ဦးေဆာင္မႈေတြေၾကာင့္ တုိက္ပြဲတုိင္းလုိလုိမွာ အႏုိင္ရခဲ့တယ္လုိ႔ ဆုိပါတယ္။

သမုိင္းပညာရွင္အခ်ဳိ႕ကေတာ့ ရမ္ဆီးစ္ဟာ သမၼာက်မ္းစာထဲက တမန္ေတာ္မုိးဇက္ကုိ နယ္ႏွင္ဒါဏ္ေပးခဲ့တဲ့ ဖာရုိဘုရင္ဆုိးျဖစ္တယ္လုိ႔ ဆုိၾကပါတယ္။ ရမ္ဆီးစ္ကို အျခားဘာသာအခ်ဳိ႕ကလည္း ဆုိးသြမ္းသူအျဖစ္ သတ္မွတ္ထားၾကပါတယ္။

ရမ္ဆီးစ္ဘုရင္ကို အီဂ်စ္မင္းဆက္ထဲမွာ အာဏာအရွိဆုံး အထက္ျမက္ဆုံး ဘုရင္အျဖစ္သတ္မွတ္ထားၾကပါတယ္။

ရမ္ဆီးစ္ဘုရင္ဟာ အီဂ်စ္ဘုရင္ေတြထဲမွာ ကေလးအမ်ားဆုံးဘုရင္ျဖစ္ႏုိင္ပါတယ္။ ဇနီးေပါင္းမ်ားစြာယူခဲ့ၿပီး သူ႔သားသမီးတင္ ၂၀၀ နီးပါးခန္႔ရွိတယ္လုိ႔ ဆုိပါတယ္။

ရမ္ဆီးစ္ ေသဆုံးၿပီးတဲ့ေနာက္မွာေတာ့ သူ နဲ႔ မိဖုရား Isetnofret ရဲ႕သားျဖစ္သူ Merneptah က ထီးနန္းကိုဆက္ခံခဲ့ပါတယ္။ Merneptah က ၁၃ေယာက္ေျမာက္သား ျဖစ္ၿပီး သူဟာ အီဂ်စ္ထီးနန္းကို ဆက္ခံတဲ့အခ်ိန္မွာ အသက္ ၆၀နီးပါး ရွိေနခဲ့ပါၿပီ။

ရမ္ဆီးစ္ဘုရင္ အေၾကာင္း ရုိက္ကူးခဲ့တဲ့ရုပ္ရွင္ေတြကေတာ့ The Ten Commandments (1956) ၊ The Prince of Egypt (1998) နဲ႔ Exodus: Gods and Kings တုိ႔ပဲ ျဖစ္ပါတယ္။

ဒါကေတာ့ ဘုရင္ရမ္ဆီးစ္ရဲ႕ အေၾကာင္းအခ်ဳိ႕ပဲရွိပါတယ္။ မိတ္ေဆြသိထားတာမ်ားရွိရင္ ထပ္ျဖည့္ခဲ့ပါဦး။

—————————————-

အကျော်ကြားဆုံး အီဂျစ်စစ်ဘုရင် (သို့) ဒုတိယ ရမ်ဆီးစ် အကြောင်း (unicode)

ဒုတိယ ရမ်ဆီးစ် ကို ဘီစီ ၁၃၀၁ ဝန်းကျင်က အီဂျစ်မှာမွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ဖခင်ကတော့ ဖာရိုဘုရင် Sethi I ဖြစ်ပြီး မိခင်ကတော့ မိဖုရား Tuya ဖြစ်ပါတယ်။ သူ့ရဲ့နာမည်ကို သူ့အဘိုးဖြစ်သူ ပထမရမ်ဆီးစ် ဆီကနေ ဆက်ခံရရှိခဲ့တာပဲဖြစ်ပါတယ်။ သူ ၅နှစ်သားအရွယ်မှာ ဖခင်ဖြစ်သူဟာ အီဂျစ်ရဲ့ဖာရိုဘုရင်ဖြစ်လာခဲ့ပါတယ်။ သူ့ဖခင် Sethi I ဟာ အင်အားလျော့လာတဲ့ အီဂျစ်ပြည်ကို ပြန်လည်တိုးတက်အောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ ရမ်ဆီးစ် ဟာ သူ့ရဲ့ငယ်စဉ်ဘဝကို တော်ဝင်တရားရုံးထဲမှာပဲ ကုန်ဆုံးခဲ့ပါတယ်။ မင်းသားတစ်ယောက် သိသင့်တတ်သင့်တဲ့ ပညာရပ်တွေကို သင်ကြားခဲ့ပါတယ်။

တကယ်တော့ ရမ်ဆီးစ်ဟာ ဖခင်ပြီးတဲ့နောက် ဘုရင်ဖြစ်ဖို့ဝေးပါသေးတယ်။ အကြောင်းကတော့ သူ့မှာ အစ်ကိုတစ်ယောက်ရှိပြီး အိမ်ရှေ့မင်းသားရာထူးကို အစ်ကိုဖြစ်သူက ဆက်ခံခဲ့လို့ဖြစ်ပါတယ်။ ဒါပေမယ့် ရမ်ဆီးစ်၁၄နှစ်သား အရွယ်မှာ သူ့အစ်ကိုဟာ သေဆုံးခဲ့တဲ့အတွက် ရမ့်ဆေးဟာ အီဂျစ်ထီးနန်းဆက်ခံမယ့် မင်းသားဖြစ်လာခဲ့ပါတယ်။

အသက် ၁၅နှစ်အရွယ်မှာ မင်းသားဖြစ်လာတဲ့ရမ်ဆီးစ်ဟာ မိဖုရားနှစ်ယောက်ယူခဲ့ပါတယ်။ သူတို့ကတော့ နာဖာတာရီ နဲ့ Isetnofret တို့ဖြစ်ပါတယ်။ နာဖာတာရီကတော့ အီဂျစ်သမိုင်းမှာ ထင်ရှားခဲ့တဲ့မိဖုရားတစ်ပါးဖြစ်ပါတယ်။ နာဖာတာရီဟာ ရမ်ဆီးစ် ဘုရင်ဖြစ်တဲ့ကာလအတွင်းမှာ အာဏာအရှိဆုံးမိဖုရားဖြစ်လာခဲ့ပါတယ်။ မင်းသားရမ်ဆီးစ်ဟာ ဆယ်ကျော်သက်အရွယ်မှာပဲ ဖခင်ဖြစ်သူရဲ့ စစ်တပ်တွေကို ဦးဆောင်ကာ တိုက်ပွဲတွေကို တိုက်ခိုက်ခဲ့ပါတယ်။ အသက် ၂၂နှစ်အရွယ်မှာတော့ တိုက်ပွဲပေါင်းများစွာကို အောင်မြင်ခဲ့တဲ့ စစ်တပ်ခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

အသက် ၂၅နှစ်အရွယ်မှာတော့ ဖခင်ဖြစ်သူသေဆုံးသွားတဲ့အတွက် ရမ်ဆီးစ်ဟာ အီဂျစ်ထီးနန်းကိုရယူကာ ဖာရိုဘုရင်ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်က ဘီစီ ၁၂၇၉ဖြစ်ပြီး သူဟာ ၁၉ဆက် မင်းဆက် ရဲ့တတိယမြောက် ဖာရိုဘုရင်ဖြစ်လာခဲ့ပါတယ်။

သူဘုရင်ဖြစ်လာခဲ့ပြီးတဲ့နောက်မှာ ဖခင်ဖြစ်သူ ကြိုးစားတည်ဆောက်ထားတဲ့ အီဂျစ်ပြည်ကို တိုးတက်အောင်ဖန်တီးခဲ့ပါတယ်။ အဲဒီအချိန်က သူ့မှာ ရန်သူလူမျိုးစုပေါင်းများစွာရှိပါတယ်။ အဲဒီအထဲက အဓိက ရန်ဘက်တွေကတော့ ဟစ်တိုက်စ် ၊ ဆီးရီးယန်း ၊ လီဗျန် နဲ့ နူဘီးယမ်းတွေ ဖြစ်ပါတယ်။ ရမ်ဆီးစ်ဟာ ရန်သူတွေကို တိုက်ခိုက်ပြီး နယ်ပယ်များကိုရယူကာ အီဂျစ်အင်ပါယာရဲ့ အာဏာကို ချဲ့ထွင်နိုင်ခဲ့ပါတယ်။

ရမ်ဆီးစ်ရဲ့အထင်ရှားဆုံးစစ်ပွဲကတော့ Kadesh စစ်ပွဲဖြစ်ပါတယ်။ ဒီစစ်ပွဲဟာ ရှေးအကျဆုံးစစ်ပွဲတွေထဲက တစ်ပွဲဖြစ်ပြီး အီဂျစ်စစ်တပ် နဲ့ ဟစ်တိုက်စ်လူမျိုးတွေ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲဖြစ်ပါတယ်။ Kadesh မြို့အနီးမှာဖြစ်တဲ့အတွက် Kadesh စစ်ပွဲလို့ခေါ်တာပဲဖြစ်ပါတယ်။ ရမ်ဆီးစ်ရဲ့ အီဂျစ်စစ်တပ်က အင်အား ၂၀၀၀၀ သာရှိပြီး ဟစ်တိုက်စ်တွေဘက်ကတော့ အင်အား ၅၀၀၀၀ ခန့်ရှိပါတယ်။ အပြင်းအထန်တိုက်ခိုက်ကြပေမယ့် အကျအဆုံးများစွာနဲ့ မည်သူမျှအနိုင်မရပဲ နှစ်ဖက်စလုံး ဆုတ်ခွာသွားရပါတယ်။ ဒီတိုက်ပွဲမှာ အနိုင်မရခဲ့ပေမယ့် အင်အားကြီးမားတဲ့ ရန်သူတွေကို သူတင်ကိုယ်တင် တိုက်ခိုက်နိုင်တဲ့အတွက် ရမ်ဆီးစ်ဘုရင်ဟာ သူရဲကောင်းတစ်ယောက် အဖြစ် နာမည်ကျော်သွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲအပြီးမှာတော့ ရမ်ဆီးစ်ဘုရင်ဟာ ဟစ်တိုက်စ်တွေနဲ့ ငြိမ်းချမ်းရေးရခဲ့တာကြောင့် ဟစ်တိုက်စ်တွေရဲ့ ရန်ကအေးသွားခဲ့တယ်။ ဒါကြောင့် သူအုပ်စိုးစဉ်ကာလအတွင်းမှာ မြောက်ပိုင်းနယ်စပ်တွေအတွက် စိုးရိမ်စရာ မရှိတော့တဲ့ အခြေအနေကို ရရှိခဲ့ပါတယ်။

ဒုတိယ ရမ်ဆီးစ်ဘုရင်ဟာ တည်ဆောက်သူ ဘုရင်တစ်ပါးအဖြစ်လည်း ထင်ရှားသူဖြစ်ပါတယ်။ သူ့လက်ထက်မှာ ဘုရားကျောင်းတွေ အပါအဝင် အဆောက်အဦးပေါင်းများစွာကို တည်ဆောက်ခဲ့ပါတယ်။ သူ့တည်ဆောက်ခဲ့တဲ့ အထဲက ထင်ရှားတဲ့အဆောက်အအုံတွေကတော့ ရမ်ဆီးစ်ယမ် ၊ အဘူစင်ဘယ် နဲ့ ပိုင်ရမ်ဆီးစ် တို့ဖြစ်ပါတယ်။

ရမ်ဆီးစ်ယမ် – Ramesseum ဆိုတာကတော့ နိုင်းမြစ်ဝှမ်းအနောက်ဘက်ကမ်းမှာရှိတဲ့ အဆောက်အအုံစု ဖြစ်ပြီး အီဂျစ်မြို့တော် Thebes အနီးမှာတည်ရှိပါတယ်။ ရမ်ဆီးစ်ဘုရင်ရဲ့ အထိမ်းအမှတ်အဆောက်အအုံဖြစ်ပြီး အဓိကထင်ရှားတဲ့အကြောင်းကတော့ ရမ်ဆေးဘုရင်ရဲ့ ကြီးမားတဲ့ရုပ်တုကြီးကြောင့် ဖြစ်ပါတယ်။

အဘူစင်ဘယ် – Abu Simbel ဘုရားကျောင်းစုကတော့ အီဂျစ်ပြည်တောင်ပိုင်းက Nubian ဒေသ အဘူစင်ဘယ်ရွာမှာ တည်ရှိပါတယ်။ ဘုရားကျောင်းတော် အမြွှာ အဆောက်အဦး နှစ်ခုမှာ မူလပထမက တောင်နံရံကို ထွင်းထု ဆောက်လုပ်ထားခဲ့ခြင်း ဖြစ်ပါတယ်။ သဲကျောက်များကို ကြီးမားသော အတုံးကြီးများဖြစ်အောင် ဖြတ်တောက်ပြီး မြင့်မားသောဘုရားကျောင်း ကြီးများအဖြစ် တည်ခဲ့ခြင်းဖြစ်ပါတယ်။ ယင်းတို့အနက် ကျောင်းဆောင်ကြီးတခုမှာ ၁၈၀-ပေခန့် ကျယ်ဝန်းပြီး အတွင်းပိုင်းတွင် အခန်းပေါင်းများစွာ ပါဝင်ပါတယ်။ ဘုရားကျောင်းအဝမှာတော့ ဘုရင်ရမ်ဆီးစ်ရဲ့ ရုပ်တုကြီးလေးခုရှိပါတယ်။ ဒီရုပ်တုကြီးတွေဟာ ၆၆ပေစီ မြင့်ပါတယ်။

ပိုင်ရမ်ဆီးစ်- ရမ်ဆီးစ်ဘုရင်ရဲ့မြို့တော်သစ် Pi-Ramesses မှာဆောက်လုပ်ခဲ့လို့ ပိုင်ရမ်ဆီးစ်လို့ အမည်တွင်တာပါ။ ပိုင်ရမ်ဆီးစ်မြို့တော်ဟာ ရမ်ဆီးစ်လက်ထက်မှာ အလွန်စည်ကားပြီး အာဏာရှိတဲ့မြို့တစ်မြို့ ဖြစ်ခဲ့ပေမယ့် သူသေဆုံးပြီးနောက်ပိုင်းမှာတော့ စွန့်ပစ်မြို့ဖြစ်သွားခဲ့ပါတယ်။

ရမ်ဆီးစ်ဟာ အသက် ၉၀ အရွယ်မှ သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။ သေဆုံးရတဲ့အကြောင်းအရင်းကတော့ ကပ်ရောဂါတွေ နဲ့ သွားရောဂါတွေကြောင့်လို့ ပညာရှင်တွေက ဆိုပါတယ်။ သူသေဆုံးပြီးတဲ့နောက်မှာ သူ့ရုပ်အလောင်းကို ဘုရင့်တောင်ကြားမှာပဲ မြုပ်နှံခဲ့ပါတယ်။ ဒါပေမယ့် သူခိုးတွေရဲ့ရန်ကနေကာကွယ်ဖို့အတွက် နောက်ပိုင်းမှာနေရာရွေ့ခဲ့ကြတယ်။ အခုတော့ သူ့ရဲ့မံမီရုပ်အလာင်းကို ကိုင်ရိုက အီဂျစ်ပြတိုက်မှာ ပြသထားပါတယ်။

ဒုတိယ ရမ်ဆီးစ် ရဲ့ စိတ်ဝင်စားစရာ အချက်များ

ရမ်ဆီးစ် ရဲ့ အခြားနာမည်တွေကတော့ ရမ်မီးဆက်စ် ၊ ရမ်ဆီးစ်သယ်ဂရိတ် နဲ့ Ozymandias တို့ ဖြစ်ပါတယ်။

ရမ်ဆီးစ် ဟာ Kadesh စစ်ပွဲအတွင်း ဟစ်တိုက်စ်တွေကို တိုက်ခိုက်ရာမှာ နှစ်ဘီးတပ် စစ်ရထားပေါင်း ၅၀၀၀ ခန့်သုံးခဲ့ကြောင်း လေ့လာသူတွေက ဆိုပါတယ်။

ရမ်ဆီးစ်လက်ထက်မှာ အီဂျစ်အင်ပါယာဟာ အလွန်တောင့်တင်းခဲ့ပြီး စစ်သည်ပေါင်း ၁သိန်းအထိ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီစစ်တပ်နဲ့အတူ ရမ်ဆီးစ်ရဲ့ ဦးဆောင်မှုတွေကြောင့် တိုက်ပွဲတိုင်းလိုလိုမှာ အနိုင်ရခဲ့တယ်လို့ ဆိုပါတယ်။

သမိုင်းပညာရှင်အချို့ကတော့ ရမ်ဆီးစ်ဟာ သမ္မာကျမ်းစာထဲက တမန်တော်မိုးဇက်ကို နယ်နှင်ဒါဏ်ပေးခဲ့တဲ့ ဖာရိုဘုရင်ဆိုးဖြစ်တယ်လို့ ဆိုကြပါတယ်။ ရမ်ဆီးစ်ကို အခြားဘာသာအချို့ကလည်း ဆိုးသွမ်းသူအဖြစ် သတ်မှတ်ထားကြပါတယ်။

ရမ်ဆီးစ်ဘုရင်ကို အီဂျစ်မင်းဆက်ထဲမှာ အာဏာအရှိဆုံး အထက်မြက်ဆုံး ဘုရင်အဖြစ်သတ်မှတ်ထားကြပါတယ်။

ရမ်ဆီးစ်ဘုရင်ဟာ အီဂျစ်ဘုရင်တွေထဲမှာ ကလေးအများဆုံးဘုရင်ဖြစ်နိုင်ပါတယ်။ ဇနီးပေါင်းများစွာယူခဲ့ပြီး သူ့သားသမီးတင် ၂၀၀ နီးပါးခန့်ရှိတယ်လို့ ဆိုပါတယ်။

ရမ်ဆီးစ် သေဆုံးပြီးတဲ့နောက်မှာတော့ သူ နဲ့ မိဖုရား Isetnofret ရဲ့သားဖြစ်သူ Merneptah က ထီးနန်းကိုဆက်ခံခဲ့ပါတယ်။ Merneptah က ၁၃ယောက်မြောက်သား ဖြစ်ပြီး သူဟာ အီဂျစ်ထီးနန်းကို ဆက်ခံတဲ့အချိန်မှာ အသက် ၆ဝနီးပါး ရှိနေခဲ့ပါပြီ။

ရမ်ဆီးစ်ဘုရင် အကြောင်း ရိုက်ကူးခဲ့တဲ့ရုပ်ရှင်တွေကတော့ The Ten Commandments (1956) ၊ The Prince of Egypt (1998) နဲ့ Exodus: Gods and Kings တို့ပဲ ဖြစ်ပါတယ်။

ဒါကတော့ ဘုရင်ရမ်ဆီးစ်ရဲ့ အကြောင်းအချို့ပဲရှိပါတယ်။ မိတ်ဆွေသိထားတာများရှိရင် ထပ်ဖြည့်ခဲ့ပါဦး။

Leave a Reply